ပြတင်းပေါက်မှ တစ်ဆင့် တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်ခြည် ခပ်နွေးနွေး
အိပ်ယာနဲ့ ထိကပ်ချိန်များလို့ ချွေးစို့နေတဲ့ ကျောပြင်
ပင်ပန်းနှုန်းခွေနေတဲ့ ခြေတွေ လက်တွေနှင့်အတူ
တစ်ဆစ်ဆစ်ကိုက်ခဲနေခဲ့တဲ့ ဦးခေါင်းနီးကပ်လာတဲ့ အသက်ရှုသံပြင်းပြင်းတစ်ခုရယ် နဖူးပြင်ပေါ်ကျရောက်နေကျ ရင်းနှီးပြီးသား နွေးထွေးမှုရယ်ကြောင့်
ဖွင့်ကြည့်ဖို့ တွန်းအားပေးခံနေရတဲ့ မျက်လုံးတွေကပင် လေးလံလို့နေလေရဲ့" နိုးနေရင် ထတော့
ပြီးရင် ဆေးသောက်ရမယ် "နားထဲတိုးတိုးလေးပြောလာတဲ့ ထိုသူ့ရဲ့ အသံက ကြက်သီးထစရာပင်
ရွဲ့ သလို မလှုက်မယှက်နေရင်း မျက်လုံးတို့ကိုပါ အတင်းဖိပိတ်ထားမိသည်" အဲ့လို ဆက်အိပ်နေရင်
ခေါင်းကိုက်လွန်းလို့ ဦးနှောက်တွေ
အရည် ပျော်ကျလာလိမ့်မယ် ..ဘေဘီ... "ဒါက ခြောက်ပြော ပြောနေတာလား.... ?
ဒီလူကြီးက အူကြောင်ကြောင်စကားတွေ အမြဲ ပြောတတ်ပေမယ့် တစ်ခါတစ်လေတော့လည်း ရီစရာကောင်းလွန်းပြန်သည်တကယ်လည်း မနေနိုင်အောင် ခေါင်းက ထိုး ကိုက်လာသည်မို့ မထချင် ထချင်ဖြင့် သူကမ်းပေးလာသည့် ဆေးတစ်လုံးကို သောက်ချလိုက်သည်
ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ ထိုသူ့ မျက်နှာနှင့်အတူ မုန်းစရာကောင်းလွန်းသည့် မှတ်မိနေသေးသော ညက အဖြစ်အပျက်ကြောင့် စောင်ကို ပြန်ဆွဲခြုံကာ မကျေမနပ်ဖြင့် ပြန်အိပ်နေလိုက်သည်
" ကိုယ့်ကို ကျေးဇူးတင်ကြောင်းတောင်
မပြောဘဲ ဆက်အိပ်မလို့လား "" ခင်ဗျားက ဘယ်အချိန်ထိ
လိုက်ကူညီပေးနိုင်မှာမို့လို့လဲ "စောင်ကို မဖယ်ပဲပြောတော့ မျက်နှာနားကို နီးကပ်လာကာ
ခေါင်းအထိခြုံထားသည့် စောင်ကို အတင်းဆွဲဖယ်ပြန်သည်"အမြဲတမ်းပေါ့
မင်းက ကိုယ့် ဘေဘီလေး မဟုတ်လား "
YOU ARE READING
ℂℝ𝕀𝕄𝕀ℕ𝔸𝕃𝕤 ➹
FanfictionLove is like the perfect CRIME ! -Yoonmin -Kooktae [27.4.2021]