ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

347K 57.9K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း

5.7K 1.2K 96
By Hululu61


Unicode

နောက်တစ်နေ့မနက်တွင် အန်းကျီယန် နှင့် ဖူဝူထျန်းသည်သာ တိတ်ဆိတ် သန့်ရှင်းသည့် ထမင်းစား စားပွဲတွင် ရှိနေလေ၏။

အန်းမိသားစုမှာ မနက်စာ စားသောက်ရာတွင် အချိန်အခါ နောက်မကျပါပေ။ သို့သော် ဝမ်ချင်းလန်နှင့် သူတို့အတွက် မနက် ခြောက်နာရီ နိုးရန်မှာ မဖြစ်နိုင်သလို အထူးသဖြင့် ဆောင်းရာသီ၏ မနက်စောစောများတွင် ဖြစ်သည်။

သို့သော်လည်း ဝမ်ချင်းလန်နှင့် တခြားသူများမှာ အန်းချန်ဖူ သဘောကျနှစ်ခြိုက်မည့် အခွင့်အရေး ရဖို့ရာအတွက် မနက်စောစော ထကာ သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ မနက်စာ ချက်ပြုတ်ပေးကြလေ့ရှိသည်။ သို့သော်ငြား အန်းချန်ဖူ သေဆုံးပြီးကတည်းက ထိုသို့သော ကိစ္စမျိုးမှာ ထပ်မံ ဖြစ်တည်မလာတော့ချေ။ အန်းချောင်နှင့် အန်းခယ့်ရှင်းပင်လျှင် ဆင်ခြေဆင်လက်အမျိုးမျိုးသုံးကာ သူတို့၏ အခန်းဆီ အစားအသောက်များ ယူဆောင် စားသောက်ကြ၏။ အန်းကျီယန်မှာလည်း သူတို့၏ မျက်နှာများကို ထမင်းစား စားပွဲတွင် မမြင်ချင်သည်မို့ အနှီအပြုအမူများကို လျစ်လျူရှုထားလေသည်။

စားဖိုမှူးဝမ်က စားပွဲပေါ်ရှိ မနက်စာကို ပြန်လည် အပူပေး နွှေးလိုက်၏။

အန်းမိသားစု မှာ ပုံမှန်အားဖြင့် မနက်စာကို ခုနှစ်နာရီ တွင် စားသောက်လေ့ရှိသည်။ သို့သော် ယနေ့တွင် အန်းကျီယန် က နောက်ကျမှ ထလာလေ၏။ သူ ထမင်းစား စားပွဲသို့ ရောက်လာချိန်မှာတော့ မနက်စာမှာ အေးစက်စက် ဖြစ်နေလေပြီ။

အစပျိုးသည့်အနေဖြင့် သူက အန်းကျီယန်၏ နောက်တွင် ကြက်ဥပန်းကန်ကိုကိုင်ကာ တည်တည်ငြိမ်ငြိမ်ပင် အခွံနွှာနေလေ၏။ ထိုသို့ ပေါ့ပါးနေမှုကြီးက တစ်ယောက်သောသူ၏ မျက်ခုံးကို တွန့်ကွေးသွားစေသည်။

"နေဦး!"

မီးဖိုချောင်သို့  အမျိုးသမီးများအတွက် မနက်စာ ပြင်ဆင်ပေးရန် ပြန်တော့မည့် စာဖိုမှူးဝမ်ခမျာ အန်းကျီယန်၏ ရုတ်တရက် အော်သံကြောင့် ရပ်တန့်သွားရသည်။

သခင်လေးက သူ့အား ခေါ်လိုက်သည်ကို နားလည်ဖို့ရာအတွက် စားဖိုမှူးဝမ် အချိန်ခဏယူလိုက်ရ၏။ သခင်လေး၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်အမူအရာ ရှိနေသည်မို့ သူ့အနေဖြင့် တစ်ခုခု အမှားလုပ်လိုက်မိသည်ဟု ထင်လိုက်မိလေသည်။ ထို့ကြောင့် သူနှလုံးသားက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားရသည်။

"သခင်လေး...တစ်ခုခုများ ကိစ္စရှိလို့လား?"

အန်းကျီယန်က မေးလိုက်၏။

"ကျွန်တော် အဝေးရောက်နေတဲ့အချိန်အတွင်း အန်းမိသားစုရဲ့ အစားအသောက်ဖြုန်းတီးမှုက ဘာလို့များ ပိုတိုးလာရတာလဲ? စားတဲ့သူက လူဆယ်ယောက်တောင် မပြည့်တဲ့ဟာကို ဘယ်လိုများဒီလို ဖြစ်လာရတယ်ဆိုတာ ကျွန်တော် နားမလည်တော့ဘူး"

စားဖိုမှူးဝမ်မှာ သခင်လေးက သူ့အား အစားအသောက်စရိတ်များ ခိုးယူထားကြောင်း သံသယရှိနေသည်ဟု တွေးလိုက်မိသည်မို့ သူ့ခြေထောက်များမှာ ကြောက်ရွံ့မှုကြောင့် ပျော့ခွေသွားရ၏။ သူက အေးစက်စက် ကြမ်းပြင်ပေါ်လှဲချလိုက်ကာ အလျှင်စလို ရှင်းပြ၍လာချေသည်။

"သခင်လေး...အဲ့ဒါက ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်လည်း မယူရဲပါဘူး။ ကိုယ်လုပ်တော်ဖန်တို့ တတွေ ကျွန်တော့်ကို အမိန့်ပေးတာပါ။ အကြီးဆုံးသခင်မလေးနဲ့ ဒုတိယသခင်မလေးလည်း ပါပါတယ်ဗျာ"

အန်းကျီယန် က တည်ငြိမ်စွာ ပြောလိုက်သည်။

"မတ်တပ်ရပ်ပြီး ပြောပါ"

စားဖိုမှူးဝမ်မှာ သခင်လေးက တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို မြင်လိုက်ရသည်မို့ သူ အပိုဆာလာ သရုပ်ဆောင်နေမိကြောင်း ရုတ်ချည်းဆိုသလို နားလည်သွားရလေ၏။ သခင်လေးက သူ့ကို သံသယ ရှိနေခြင်း မဟုတ်ပါပေ။ အလွန်ဆုံးဆိုရလျှင် သူက ယင်းတို့ကို ကိုယ်လုပ်တော်များဆီ ယူဆောင်ပေးရရုံမျှသာ ဖြစ်ချေ၏။ ထိုသို့ တွေးလိုက်မိပြီးနောက် သူ့ရဲ့စကားလုံးများမှာ ပိုမို ချောချောမွေ့မွေ့ ထွက်လာလေတော့သည်။

"သခင်လေး...သခင်လေး ထွက်သွားပြီးနောက်နေ့မှာ ကိုယ်လုပ်တော် ကျန်း နဲ့ ကိုယ်လုပ်တော် ဖန် တို့က ဆုကျီဆီ သွားပြီး ငွေ သွားတောင်းတယ်။ ဆုကျီက ငြင်းလိုက်ပြီး သခင်လေးရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ ငွေအများကြီး ထုတ်ပေးလို့မရဘူးလို့ ပြောခဲ့တယ်။ ဒေါသထွက်ပြီးတော့ သူတို့က ဆုကျီကို ရိုက်နှက်ပစ်ကြတယ်။ ပြီးတော့ သူတို့က ပြောလိုက်သေးတာ...သူတို့က ဒီအိမ်ရဲ့ အရှင်သခင်တွေ ဖြစ်တာမိုလို့ သူတို့က ဒီအစေခံကို ကြက်သား၊ ဘဲကင်၊ ငှက်သိုက်တွေကို သူတို့အတွက် ချက်ပြုတ်ပေးရမယ်တဲ့လေ။ ဒီအစေခံက ငြင်းပယ်ခဲ့ပါသေးတယ်...ဒါပေမဲ့ အကြီးဆုံးသခင်မလေးနဲ့ ဒုတိယသခင်မလေးတို့က နေ့တိုင်းလိုလို ဒုက္ခ လာပေးနေကြတယ်ဗျ။ ဒီအစေခံမှာက ရွေးချယ်စရာမရှိတာမိုလို့ နောက်ဆုံးတော့ သူတို့အတွက် ချက်ပြုတ်ပေးလိုက်ရုံပဲ တတ်နိုင်ပါတယ်ဗျာ"

မကြာခဏဆိုသလို အန်းမိသားစုက အစေခံများအား စျေးသို့လွှတ်ကာ သူတို့သခင်များ၏ အစားအစာအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို သွားရောက် ဝယ်ယူရန် စေခိုင်းတတ်သည်။

သခင်များအတွက် အစားအသောက်မှာ ပုံမှန်အားဖြင့် အကောင်းဆုံး ဖြစ်နေရပေမည်။ စားသုံးဖို့ရာအတွက် မိသားစုထဲတွင် ကြက်နှင့်ဘဲများပင် မွေးမြူထားပြီး အရည်အသွေးမြင့်ဆန်များကိုပင် ကျွေးရ၏။ တစ်ကောင်ချင်းစီတိုင်းမှာ အသားကျစ်လျစ်ပြီး ဝဖြိုး အဆီရွှမ်းပေသည်။ အပြင်၌ရောင်းသည်များမှာ အန်းမိသားစု မွေးမြူထားသည်များ၏ အရည်အသွေး သုံးပုံနှစ်ပုံမျှပင် မရှိချေ။ သို့သော်လည်း ကိုယ်လုပ်တော်များနှင့် သူတို့၏ သမီးများမှာ ဆယ်ရက်မျှပင်မကြာသေးသည့်ကာလအတွင်း အရည်အသွေးမြင့် မွေးမြူရေး ကြက်၊ ဘဲများကို အကုန်အစင် စားသုံးပစ်ကြလေသည်။

ဆုကျီမှာ သူတို့ကို တားဆီးဖို့ရာ ကြိုးပမ်းခဲ့သော်ငြား အဆုံးတွင်တော့ သူသည် အစေခံတစ်ယောက်မျှသာ ဖြစ်နေလေ၏။

ကံကောင်းစွာပင် မိသားစုအတွင်း သုံးစွဲသမျှ ငွေကြေးအားလုံးမှာ စာရင်းစာအုပ်ထဲတွင် ထည့်မှတ်ခံထားရပြီး အန်းကျီယန် ညတိုင်း စစ်ဆေးရသည့်စာအုပ်လည်း ဖြစ်သည်။ မကြာခင် ဖြစ်စေ နောက်မှ ဖြစ်စေ သူက ဘုံငွေထဲမှ အလွန်အကျွံ သုံးထားမှုကို သတိထားမိသွားလိမ့်မည် ဖြစ်၏။

"ဆုကျီကို သွားခေါ်လာခဲ့"

အန်းကျီယန်က တည်ငြိမ်စွာ စားဖိုမှူးဝမ်ကို ပြောလိုက်သည်။

စားဖိုမှူးဝမ်မှာ သူ့နှုတ်ခမ်းကို သပ်လိုက်မိချေ၏။ သူက သခင်လေး ဒေါသထွက် မထွက်ကို သေချာ မပြောနိုင်သော်ငြား ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ကိုတော့ သိလိုက်သည်မို့ သူက အလျှင်အမြန်ပင် ထွက်သွားလိုက်လေသည်။

သူထွက်သွားသည်နှင့် အန်းကျီယန် နှင့် ဖူဝူထျန်း တို့သာ အခန်းထဲတွင် ကျန်ရစ်နေခဲ့၏။

အန်းကျီယန် အောက်သို့ ငုံ့ကြည့်လိုက်မိတော့ သူ့ပန်းကန်ထဲတွင် အခွံခွာပြီးသား ကြက်ဥပြုတ် နှစ်လုံးကို မြင်လိုက်ရလေ၏။ အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ကြက်ဥပြုတ် တစ်လုံးကို ဖူဝူထျန်း ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"အဲ့တာက ခင်ဗျားအတွက်...! ကျွန်တော်က တစ်လုံးနဲ့ လောက်ပြီ"

သူက ဝိတ်ချနေဆဲ ဖြစ်ကာ ကြက်ဥ၏ အဆီအနှစ်အများစုမှာလည်း ကြက်ဥအဝါနှစ်ထဲတွင် ပါနေလေ၏။ များများစားခြင်းမှာ ကောင်းသောအကြံမဟုတ်ပါချေ။

"ဝမ်ဖေးလေး က ဒီမင်းသားအပေါ် အရမ်းကောင်းတာပဲ "

ဖူဝူထျန်း က ပြုံးရွှင်စွာ ပြောလာလေ၏။

အန်းကျီယန်မှာ တိတ်ဆိတ်၍ သွားသည်။

ယောကျ်ားသားနှစ်ယောက် မနက်စာစားသည့်နှုန်းမှာ အမျိုးသမီးများထက် ပိုမိုမြန်ဆန်စွာ ပြီးစီးသွားချေ၏။ သူတို့ စားအပြီး ခန်းမထဲဆီသွားသည့် တစ်ချိန်တည်းမှာပင် ဆုကျီက ရောက်လာလေတော့၏။ သခင်လေးက သူ့ကို တွေ့ချင်နေပြီး ယင်းမှာလည်း အရင်သခင်၏ ကိုယ်လုပ်တော်များအကြောင်းကြောင့်ဟု သူကြားလိုက်ရသည်မို့ သူ့ရဲ့ အဖေသည်ပင် မတားမြစ်နိုင်လောက်အောင် သူက အလျှင်အမြန် ပဲ တစ်ခါတည်း ပြေးသွားလိုက်လေသည်။

"သခင်လေး...ကျွန်တော့်ကို ခေါ်ပါသလား?"

အန်းကျီယန် မှာ ဖူဝူထျန်း သူ့ပါးစပ်ထဲသို့ ထိုးသိပ်ထည့်ပေးလိုက်သည့် အစာသွပ်မုန့်ကို စားဖို့ရာ သိပ်ပြီး ဆန္ဒမရှိပါပေ။ ယင်းကို စားလိုက်ပြီးနောက် သူက ပါးစပ်ကို သုတ်ဖို့ မေ့လျော့နေသည်မို့ ဖူဝူထျန်းက သူ့လက်ချောင်းလေးများနှင့် အန်းကျီယန် နှုတ်ခမ်းထောင့်ရှိ မုန့်အစအနလေးများကို သုတ်ဖယ်ပေးလိုက်လေ၏။

[T/N - ယူတို့မှာ အဲ့လိုဘဲမျိုး ရှိကြပါသလား?🤧]

ဆုကျီ ဝင်လာသည့်အချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်မို့ တိတ်တဆိတ် ကြောင်အသွားလေ၏။

အန်းကျီယန် က တည်တည်ငြိမ်ငြိမ် နှင့် ဖူဝူထျန်း ကို တွန်းဖယ်လိုက်လေပြီး စားပွဲပေါ်ရှိ စာရင်းစာအုပ်များကို ကောက်ယူလိုက်ပြီး ဆုကျီထံ လှမ်းပေးလိုက်လေသည်။

"ကိုယ်လုပ်တော် ဖန်၊ ကိုယ်လုပ်တော် ကျန်းနဲ့ သူတို့ရဲ့ သမီးတွေ ဒီလအတွင်း အစားအသောက်အတွက် ငွေသုံးတာ အကန့်အသတ်ကို ကျော်လွန်သွားပြီ။ သူတို့ဆီကနေ လစဥ်ကြေးကို နှစ်လစာ ဖြတ်တောက်လိုက်။ မင်း သူတို့ကို လရဲ့ပထမရက်မှာ ဘာတစ်ပြားမှ ပေးစရာ မလိုဘူး။ ဒါ့အပြင် ကိုယ်လုပ်တော် ဖန် ကလည်း သူမအခန်းမှာ ပရိဘောဂပစ္စည်းတွေ ပြန်အစားထိုးရမယ်။ လစဥ်ကြေးနောက်တစ်လ ထပ်ဖြတ်လိုက်။ သူတို့က အထွန့်တက်ချင်နေရင် ငါ့ဆီကိုသာ လွှတ်လိုက်ပါ"

"ဟုတ်ကဲ့ပါ သခင်လေး!"

ဆုကျီ၏ အသံနှင့် အမူအရာမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ဖို့ရာ ခက်ခဲလှသည်။ သူ ဒီကြေညာချက်ကို ကြားသည့်အခါ ဖြစ်သွားမည့် သူတို့၏ မျက်နှာကို မြင်ဖို့ရန် မစောင့်ဆိုင်းနိုင်တော့ချေ။ သို့သော် သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်စေသည်မှာ သခင်လေးမရှိချိန်ကာလတွင် ဝမ်ချင်းလန်မှာ တိတ်ဆိတ်နေလေသည်မို့ သူမကို ဒီအချိန်၌ ထိန်းချုပ်၍မရလိုက်ခြင်း ကိုပါပင်။

အန်းကျီယန် က ဆက်ပြော၏။

"စားဖိုမှူးဝမ်ကိုလည်း ဒီလအတွင်း ကိုယ်လုပ်တော်ဖန် ၊ ကိုယ်လုပ်တော်ကျန့် နဲ့ သူတို့ရဲ့ သမီးတွေအတွက် ဘယ်လို တန်ဖိုးကြီးဟင်းလျာမျိုးမှ ချက်စရာမလိုဘူးလို့ ပြောလိုက်။ ယာဂုဆန်ပြုတ်နဲ့ ဆားစိမ်အသီးအရွက်နဲ့တင် လုံလောက်ပြီ"

ဆုကျီက ထောက်ခံကြောင်း အသံပြုလျက် ခန်းမထဲမှ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြေးထွက်သွားလေတော့သည်။

အန်းကျီယန် တစ်ဖက်ကို လှည့်လိုက်ချိန်မှာတော့ ဖူဝူထျန်း က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ အနှီ မဟူရာကျောက်မျက်သဖွယ် မျက်ဝန်းတစ်စုံက ရေဝဲတစ်ခုနှယ် သူ့ကို စုပ်ယူဖမ်းစားနေပေသည်။ သူက တောင့်ခံနိုင်ရန် ကြိုးစားလိုက်သော်ငြား အကူအညီမဲ့စွာ ပြောလိုက်မိသည်။

"ခင်ဗျား ဘာကြည့်တာလဲ?"

ဖူဝူထျန်း က သူ့လက်ကို ဆွဲကာ ခံစားချက်အပြည့်နှင့် ပြောလာလေတော့သည်။

"ဝမ်ဖေးလေး က အလေးအနက်ထားနေတဲ့ရုပ်ကလေးနဲ့ဆို အရမ်းကြည့်ကောင်းတာပဲ"

အန်းကျီယန် ချက်ချင်းပင် သူ့လက်ကို ပြန်ဆွဲယူလိုက်လေ၏။ သူကိုက မမေးလိုက်မိသင့်ပါ။

ခဏအကြာမှာတော့ ခန်းမအပြင်ဘက်မှ ကျယ်လောင်လှသော ဆူညံသံက ရုတ်ချည်း ထွက်ပေါ်လာ၏။ ဖန်ကျန်းပင် နှင့်ကျန်းပိတို့မှာ သူတို့၏ သမီးများနှင့်အတူ ရောက်လာကြသည်။ ကျန်းပိ၏ စွာကျယ်ကျယ်အသံမှာ ခန်းမထဲသို့ ရောက်မလာခင်ကပင် ကြားနေရချေ၏။

"အန်းကျီယန်...ဒါက ဘာအဓိပ္ပါယ်လဲ? နင်က ဘာများမှန်ကန်နေလို့ ငါတို့ရဲ့ လစဥ်ကြေးကို ဖြတ်တောက်ရတာလဲ?"

လေးယောက်သား မှာ ခန်းမကျယ်ကြီးထဲသို့ ရောက်လာကြလေ၏။ သူတို့မှာ ဒေါသကြောင့် လည်ပင်းများပင် ဖောင်းပွလာရသည်။ သူတို့ အန်းကျီယန် အား စိုက်ကြည့်နေပုံမှာ မျက်လုံးများဖြင့်ပင် မျိုချပစ်ချင်နေသည့်ဟန်ပါပင်။ အန်းချောင် နှင့် အန်းခယ့်ရှင်း တို့သည်လည်း ဒီနေရာတွင် ရှိနေကြပါ၏။ သူတို့မှာတော့ မည်သို့ပင်ဖြစ်စေကာမူ လစဥ်ကြေးလည်း သိပ်မရသည်မို့ အလွန်အကျွံ စိတ်ဖိစီးမနေကြချေ။ အန်းချန်ဖူ က သူအသက်ရှိစဥ်ကတည်းက ပမာဏတစ်ခု သတ်မှတ်ပေးထားပြီး ဖြစ်သည်။

မိသားစုထဲရှိ မိန်းကလေးများမှာ အပြင်သို့ ထွက်ရခဲလှပြီး အစားအစာနှင့် အဝတ်အထည်တို့အတွက် ကုန်ကျစရိတ်ကို အခြားသတ်မှတ်ထားသည့် ငွေကြေးထဲမှ သုံးရ၏။ သူတို့မှာ လစဥ်လတိုင်း ငွေများစွာ မသုံးရပါချေ။ သူတို့မှာ မမျှတသလို ခံစားမိကြသော်ငြား အန်းယွီကျီး သည်လည်း သူတို့ကဲ့သို့သာ ရရှိကြောင်း တွေ့မြင်ကြရ၏။

တကယ့်ကို သည်းမခံနိုင်သည့် အရာမှာကား ထမင်းသုံးနပ်အတွက်ပင် ဖြစ်သည်။

ဆင်းရဲခြင်းမှ ချမ်းသာခြင်းကို ကျင့်သားရဖို့ လွယ်ကူသော်ငြား ၊ ဇိမ်ခံသုံးဖြုန်းရသည်ကို ကျင့်သားရပြီးနောက် ခြိုးခြံချွေတာရမည် ဆိုသည်မှာ ခက်ခဲလှသည်။

သူတို့မှာ နေ့စဥ်နေ့တိုင်း ခမ်းနားထည်ဝါလှသည့် အသားငါး အလျှံပယ်ကို စားသောက်ရသည်အား ကျင့်သားရနေကြလေပြီ။ ကောင်းမွန်စွာ စားသောက်နေရခြင်းမှ သူတို့က ဘယ်လိုများ ယာဂုဆန်ပြုတ်နှင့် ဆားစိမ်အသီးအရွက်များကို စားသောက်နိုင်ပါလိမ့်မည်နည်း? အနှီအစားအစာကို စက်ဆုပ်ကြသည်မို့ သူတို့ ထိုးအန်လုနီးပါး ဖြစ်သွားရလိမ့်မည်။ အန်းခယ့်ရှင်းပင်လျှင် ချက်ချင်း ပန်းကန်များကို လွှတ်ချပစ်လေ၏။

"ကျွန်တော့်အတွက်အမှန်ဆိုတာ ကျွန်တော်က မိသားစုခေါင်းဆောင် တစ်ယောက်ဆိုတာပဲ"

လေးယောက်သားမှာ အန်းကျီယန်၏ ခြားနားသည့်မျက်ဝန်းများနှင့် ဆုံလိုက်မိလေပြီး သူတို့အားလုံး တုန်တက်သွားကြတော့သည်။

........

လန်ရှန်း အဆောင် (သစ်ခွမွှေး အဆောင်)

ဝမ်ချင်းလန်က ခြံဝန်းထဲ၌ မတ်တပ်ရပ်ကာ နွေဦး ဝင်စ လှသွေးကြွနေသည့် အဖူးအငုံလေးများကို ကြည်နေလေ၏။ သူမက အစေခံများဆီမှ ဖန်ကျန်းပင် တို့ လူစုသည် အန်းကျီယန် ကို သွားရှာကြကြောင်း သိထားသည်။ သူမက ကြည်ကြည်နူးနူးဖြင့် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်လေပြီး ပီတိပြုံးတစ်ပွင့်က ဖြစ်တည်လာ၏။

သူတို့သည်ကား ဦးနှောက်မရှိသည့် ထုံဖျင်းဖျင်း မိန်းမတစ်စုသာ ဖြစ်ကြပေသည်။ အန်းကျီယန် ပြန်ရောက်သည်နှင့် သူတို့ကို သေချာပေါက်ပင် ပြုပြင်လိမ့်မည်ဟု သူမ သိပေ၏။ ဒါကပင် သူမ ဘာကြောင့် သူတို့ကဲ့သို့ မပြုမူပဲ အန်းကျီယန်မရှိသည့်ကာလတွင် အစေခံများအပေါ် အနိုင်အထက်ကျင့်ခြင်းမှ အကျိုးအမြတ် မရယူခံရခြင်းပင် ဖြစ်ပေသည်။

အန်းချန်ဖူ သာ စောစောစီးစီး သေမသွားခဲ့လျှင် သူမရဲ့ လှည့်စားမှုလေးတွေကို အနည်းငယ်မျှ လုပ်လိုက်ရုံနှင့် လျှိုမေးရှန့် ကဲ့သို့သော ကျက်သရေမရှိသော လူမျိုးများကို အပြတ်ဖြတ် သုတ်သင်လိုက်နိုင်ပေသည်။

ယင်းကို စဥ်းစားမိပြီးနောက် ဝမ်ချင်းလန်၏ မျက်လုံးထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားလေ၏။

ရှက်စရာကောင်းသည်က...သူက အစောကြီး သေဆုံးသွားခဲ့ပြီ။

[T/N - ပြန်လာပြီနော် 🙆💕]

Zawgyi

အပိုင္း (၅၂) - အလုံးစုံ ထိန္းခ်ဳပ္ျခင္း

ေနာက္တစ္ေန႕မနက္တြင္ အန္းက်ီယန္ ႏွင့္ ဖူဝူထ်န္းသည္သာ တိတ္ဆိတ္ သန့္ရွင္းသည့္ ထမင္းစား စားပြဲတြင္ ရွိေနေလ၏။

အန္းမိသားစုမွာ မနက္စာ စားေသာက္ရာတြင္ အခ်ိန္အခါ ေနာက္မက်ပါေပ။ သို႔ေသာ္ ဝမ္ခ်င္းလန္ႏွင့္ သူတို႔အတြက္ မနက္ ေျခာက္နာရီ နိုးရန္မွာ မျဖစ္နိုင္သလို အထူးသျဖင့္ ေဆာင္းရာသီ၏ မနက္ေစာေစာမ်ားတြင္ ျဖစ္သည္။

သို႔ေသာ္လည္း ဝမ္ခ်င္းလန္ႏွင့္ တျခားသူမ်ားမွာ အန္းခ်န္ဖူ သေဘာက်ႏွစ္ၿခိဳက္မည့္ အခြင့္အေရး ရဖို႔ရာအတြက္ မနက္ေစာေစာ ထကာ သူ႕အတြက္ ကိုယ္တိုင္ကိုယ္က် မနက္စာ ခ်က္ျပဳတ္ေပးၾကေလ့ရွိသည္။ သို႔ေသာ္ျငား အန္းခ်န္ဖူ ေသဆုံးၿပီးကတည္းက ထိုသို႔ေသာ ကိစၥမ်ိဳးမွာ ထပ္မံ ျဖစ္တည္မလာေတာ့ေခ်။ အန္းေခ်ာင္ႏွင့္ အန္းခယ့္ရွင္းပင္လွ်င္ ဆင္ေျခဆင္လက္အမ်ိဳးမ်ိဳးသုံးကာ သူတို႔၏ အခန္းဆီ အစားအေသာက္မ်ား ယူေဆာင္ စားေသာက္ၾက၏။ အန္းက်ီယန္မွာလည္း သူတို႔၏ မ်က္ႏွာမ်ားကို ထမင္းစား စားပြဲတြင္ မျမင္ခ်င္သည္မို႔ အႏွီအျပဳအမူမ်ားကို လ်စ္လ်ဴရႈထားေလသည္။

စားဖိုမႉးဝမ္က စားပြဲေပၚရွိ မနက္စာကို ျပန္လည္ အပူေပး ႏႊေးလိုက္၏။

အန္းမိသားစု မွာ ပုံမွန္အားျဖင့္ မနက္စာကို ခုႏွစ္နာရီ တြင္ စားေသာက္ေလ့ရွိသည္။ သို႔ေသာ္ ယေန႕တြင္ အန္းက်ီယန္ က ေနာက္က်မွ ထလာေလ၏။ သူ ထမင္းစား စားပြဲသို႔ ေရာက္လာခ်ိန္မွာေတာ့ မနက္စာမွာ ေအးစက္စက္ ျဖစ္ေနေလၿပီ။

အစပ်ိဳးသည့္အေနျဖင့္ သူက အန္းက်ီယန္၏ ေနာက္တြင္ ၾကက္ဥပန္းကန္ကိုကိုင္ကာ တည္တည္ၿငိမ္ၿငိမ္ပင္ အခြံႏႊာေနေလ၏။ ထိုသို႔ ေပါ့ပါးေနမႈႀကီးက တစ္ေယာက္ေသာသူ၏ မ်က္ခုံးကို တြန့္ေကြးသြားေစသည္။

"ေနဦး!"

မီးဖိုေခ်ာင္သို႔  အမ်ိဳးသမီးမ်ားအတြက္ မနက္စာ ျပင္ဆင္ေပးရန္ ျပန္ေတာ့မည့္ စာဖိုမႉးဝမ္ခမ်ာ အန္းက်ီယန္၏ ႐ုတ္တရက္ ေအာ္သံေၾကာင့္ ရပ္တန့္သြားရသည္။

သခင္ေလးက သူ႕အား ေခၚလိုက္သည္ကို နားလည္ဖို႔ရာအတြက္ စားဖိုမႉးဝမ္ အခ်ိန္ခဏယူလိုက္ရ၏။ သခင္ေလး၏ မ်က္ႏွာထက္တြင္ ေၾကာက္မက္ဖြယ္အမူအရာ ရွိေနသည္မို႔ သူ႕အေနျဖင့္ တစ္ခုခု အမွားလုပ္လိုက္မိသည္ဟု ထင္လိုက္မိေလသည္။ ထို႔ေၾကာင့္ သူႏွလုံးသားက စိုးရိမ္ပူပန္မႈမ်ားျဖင့္ ျပည့္ႏွက္သြားရသည္။

"သခင္ေလး...တစ္ခုခုမ်ား ကိစၥရွိလို႔လား?"

အန္းက်ီယန္က ေမးလိုက္၏။

"ကြၽန္ေတာ္ အေဝးေရာက္ေနတဲ့အခ်ိန္အတြင္း အန္းမိသားစုရဲ႕ အစားအေသာက္ျဖဳန္းတီးမႈက ဘာလို႔မ်ား ပိုတိုးလာရတာလဲ? စားတဲ့သူက လူဆယ္ေယာက္ေတာင္ မျပည့္တဲ့ဟာကို ဘယ္လိုမ်ားဒီလို ျဖစ္လာရတယ္ဆိုတာ ကြၽန္ေတာ္ နားမလည္ေတာ့ဘူး"

စားဖိုမႉးဝမ္မွာ သခင္ေလးက သူ႕အား အစားအေသာက္စရိတ္မ်ား ခိုးယူထားေၾကာင္း သံသယရွိေနသည္ဟု ေတြးလိုက္မိသည္မို႔ သူ႕ေျခေထာက္မ်ားမွာ ေၾကာက္႐ြံ႕မႈေၾကာင့္ ေပ်ာ့ေခြသြားရ၏။ သူက ေအးစက္စက္ ၾကမ္းျပင္ေပၚလွဲခ်လိဳက္ကာ အလွ်င္စလို ရွင္းျပ၍လာေခ်သည္။

"သခင္ေလး...အဲ့ဒါက ကြၽန္ေတာ္ မဟုတ္ပါဘူး။ ကြၽန္ေတာ္လည္း မယူရဲပါဘူး။ ကိုယ္လုပ္ေတာ္ဖန္တို႔ တေတြ ကြၽန္ေတာ့္ကို အမိန့္ေပးတာပါ။ အႀကီးဆုံးသခင္မေလးနဲ႕ ဒုတိယသခင္မေလးလည္း ပါပါတယ္ဗ်ာ"

အန္းက်ီယန္ က တည္ၿငိမ္စြာ ေျပာလိုက္သည္။

"မတ္တပ္ရပ္ၿပီး ေျပာပါ"

စားဖိုမႉးဝမ္မွာ သခင္ေလးက တည္တည္ၿငိမ္ၿငိမ္ ရွိေနသည္ကို ျမင္လိုက္ရသည္မို႔ သူ အပိုဆာလာ သ႐ုပ္ေဆာင္ေနမိေၾကာင္း ႐ုတ္ခ်ည္းဆိုသလို နားလည္သြားရေလ၏။ သခင္ေလးက သူ႕ကို သံသယ ရွိေနျခင္း မဟုတ္ပါေပ။ အလြန္ဆုံးဆိုရလွ်င္ သူက ယင္းတို႔ကို ကိုယ္လုပ္ေတာ္မ်ားဆီ ယူေဆာင္ေပးရ႐ုံမွ်သာ ျဖစ္ေခ်၏။ ထိုသို႔ ေတြးလိုက္မိၿပီးေနာက္ သူ႕ရဲ႕စကားလုံးမ်ားမွာ ပိုမို ေခ်ာေခ်ာေမြ႕ေမြ႕ ထြက္လာေလေတာ့သည္။

"သခင္ေလး...သခင္ေလး ထြက္သြားၿပီးေနာက္ေန႕မွာ ကိုယ္လုပ္ေတာ္ က်န္း နဲ႕ ကိုယ္လုပ္ေတာ္ ဖန္ တို႔က ဆုက်ီဆီ သြားၿပီး ေငြ သြားေတာင္းတယ္။ ဆုက်ီက ျငင္းလိုက္ၿပီး သခင္ေလးရဲ႕ ခြင့္ျပဳခ်က္မရွိဘဲနဲ႕ ဘယ္သူ႕ကိုမွ ေငြအမ်ားႀကီး ထုတ္ေပးလို႔မရဘူးလို႔ ေျပာခဲ့တယ္။ ေဒါသထြက္ၿပီးေတာ့ သူတို႔က ဆုက်ီကို ရိုက္ႏွက္ပစ္ၾကတယ္။ ၿပီးေတာ့ သူတို႔က ေျပာလိုက္ေသးတာ...သူတို႔က ဒီအိမ္ရဲ႕ အရွင္သခင္ေတြ ျဖစ္တာမိုလို႔ သူတို႔က ဒီအေစခံကို ၾကက္သား၊ ဘဲကင္၊ ငွက္သိုက္ေတြကို သူတို႔အတြက္ ခ်က္ျပဳတ္ေပးရမယ္တဲ့ေလ။ ဒီအေစခံက ျငင္းပယ္ခဲ့ပါေသးတယ္...ဒါေပမဲ့ အႀကီးဆုံးသခင္မေလးနဲ႕ ဒုတိယသခင္မေလးတို႔က ေန႕တိုင္းလိုလို ဒုကၡ လာေပးေနၾကတယ္ဗ်။ ဒီအေစခံမွာက ေ႐ြးခ်ယ္စရာမရွိတာမိုလို႔ ေနာက္ဆုံးေတာ့ သူတို႔အတြက္ ခ်က္ျပဳတ္ေပးလိုက္႐ုံပဲ တတ္နိုင္ပါတယ္ဗ်ာ"

မၾကာခဏဆိုသလို အန္းမိသားစုက အေစခံမ်ားအား ေစ်းသို႔လႊတ္ကာ သူတို႔သခင္မ်ား၏ အစားအစာအတြက္ လိုအပ္သည့္ ပါဝင္ပစၥည္းမ်ားကို သြားေရာက္ ဝယ္ယူရန္ ေစခိုင္းတတ္သည္။

သခင္မ်ားအတြက္ အစားအေသာက္မွာ ပုံမွန္အားျဖင့္ အေကာင္းဆုံး ျဖစ္ေနရေပမည္။ စားသုံးဖို႔ရာအတြက္ မိသားစုထဲတြင္ ၾကက္ႏွင့္ဘဲမ်ားပင္ ေမြးျမဴထားၿပီး အရည္အေသြးျမင့္ဆန္မ်ားကိုပင္ ေကြၽးရ၏။ တစ္ေကာင္ခ်င္းစီတိုင္းမွာ အသားက်စ္လ်စ္ၿပီး ဝၿဖိဳး အဆီ႐ႊမ္းေပသည္။ အျပင္၌ေရာင္းသည္မ်ားမွာ အန္းမိသားစု ေမြးျမဴထားသည္မ်ား၏ အရည္အေသြး သုံးပုံႏွစ္ပုံမွ်ပင္ မရွိေခ်။ သို႔ေသာ္လည္း ကိုယ္လုပ္ေတာ္မ်ားႏွင့္ သူတို႔၏ သမီးမ်ားမွာ ဆယ္ရက္မွ်ပင္မၾကာေသးသည့္ကာလအတြင္း အရည္အေသြးျမင့္ ေမြးျမဴေရး ၾကက္၊ ဘဲမ်ားကို အကုန္အစင္ စားသုံးပစ္ၾကေလသည္။

ဆုက်ီမွာ သူတို႔ကို တားဆီးဖို႔ရာ ႀကိဳးပမ္းခဲ့ေသာ္ျငား အဆုံးတြင္ေတာ့ သူသည္ အေစခံတစ္ေယာက္မွ်သာ ျဖစ္ေနေလ၏။

ကံေကာင္းစြာပင္ မိသားစုအတြင္း သုံးစြဲသမွ် ေငြေၾကးအားလုံးမွာ စာရင္းစာအုပ္ထဲတြင္ ထည့္မွတ္ခံထားရၿပီး အန္းက်ီယန္ ညတိုင္း စစ္ေဆးရသည့္စာအုပ္လည္း ျဖစ္သည္။ မၾကာခင္ ျဖစ္ေစ ေနာက္မွ ျဖစ္ေစ သူက ဘုံေငြထဲမွ အလြန္အကြၽံ သုံးထားမႈကို သတိထားမိသြားလိမ့္မည္ ျဖစ္၏။

"ဆုက်ီကို သြားေခၚလာခဲ့"

အန္းက်ီယန္က တည္ၿငိမ္စြာ စားဖိုမႉးဝမ္ကို ေျပာလိုက္သည္။

စားဖိုမႉးဝမ္မွာ သူ႕ႏႈတ္ခမ္းကို သပ္လိုက္မိေခ်၏။ သူက သခင္ေလး ေဒါသထြက္ မထြက္ကို ေသခ်ာ မေျပာနိုင္ေသာ္ျငား ပြဲႀကီးပြဲေကာင္း ၾကည့္ရေတာ့မည္ကိုေတာ့ သိလိုက္သည္မို႔ သူက အလွ်င္အျမန္ပင္ ထြက္သြားလိုက္ေလသည္။

သူထြက္သြားသည္ႏွင့္ အန္းက်ီယန္ ႏွင့္ ဖူဝူထ်န္း တို႔သာ အခန္းထဲတြင္ က်န္ရစ္ေနခဲ့၏။

အန္းက်ီယန္ ေအာက္သို႔ ငုံ႕ၾကည့္လိုက္မိေတာ့ သူ႕ပန္းကန္ထဲတြင္ အခြံခြာၿပီးသား ၾကက္ဥျပဳတ္ ႏွစ္လုံးကို ျမင္လိုက္ရေလ၏။ အခ်ိန္ခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္ သူက ၾကက္ဥျပဳတ္ တစ္လုံးကို ဖူဝူထ်န္း ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။

"အဲ့တာက ခင္ဗ်ားအတြက္...! ကြၽန္ေတာ္က တစ္လုံးနဲ႕ ေလာက္ၿပီ"

သူက ဝိတ္ခ်ေနဆဲ ျဖစ္ကာ ၾကက္ဥ၏ အဆီအႏွစ္အမ်ားစုမွာလည္း ၾကက္ဥအဝါႏွစ္ထဲတြင္ ပါေနေလ၏။ မ်ားမ်ားစားျခင္းမွာ ေကာင္းေသာအႀကံမဟုတ္ပါေခ်။

"ဝမ္ေဖးေလး က ဒီမင္းသားအေပၚ အရမ္းေကာင္းတာပဲ "

ဖူဝူထ်န္း က ၿပဳံး႐ႊင္စြာ ေျပာလာေလ၏။

အန္းက်ီယန္မွာ တိတ္ဆိတ္၍ သြားသည္။

ေယာက်္ားသားႏွစ္ေယာက္ မနက္စာစားသည့္ႏႈန္းမွာ အမ်ိဳးသမီးမ်ားထက္ ပိုမိုျမန္ဆန္စြာ ၿပီးစီးသြားေခ်၏။ သူတို႔ စားအၿပီး ခန္းမထဲဆီသြားသည့္ တစ္ခ်ိန္တည္းမွာပင္ ဆုက်ီက ေရာက္လာေလေတာ့၏။ သခင္ေလးက သူ႕ကို ေတြ႕ခ်င္ေနၿပီး ယင္းမွာလည္း အရင္သခင္၏ ကိုယ္လုပ္ေတာ္မ်ားအေၾကာင္းေၾကာင့္ဟု သူၾကားလိုက္ရသည္မို႔ သူ႕ရဲ႕ အေဖသည္ပင္ မတားျမစ္နိုင္ေလာက္ေအာင္ သူက အလွ်င္အျမန္ ပဲ တစ္ခါတည္း ေျပးသြားလိုက္ေလသည္။

"သခင္ေလး...ကြၽန္ေတာ့္ကို ေခၚပါသလား?"

အန္းက်ီယန္ မွာ ဖူဝူထ်န္း သူ႕ပါးစပ္ထဲသို႔ ထိုးသိပ္ထည့္ေပးလိုက္သည့္ အစာသြပ္မုန့္ကို စားဖို႔ရာ သိပ္ၿပီး ဆႏၵမရွိပါေပ။ ယင္းကို စားလိုက္ၿပီးေနာက္ သူက ပါးစပ္ကို သုတ္ဖို႔ ေမ့ေလ်ာ့ေနသည္မို႔ ဖူဝူထ်န္းက သူ႕လက္ေခ်ာင္းေလးမ်ားႏွင့္ အန္းက်ီယန္ ႏႈတ္ခမ္းေထာင့္ရွိ မုန့္အစအနေလးမ်ားကို သုတ္ဖယ္ေပးလိုက္ေလ၏။

[T/N - ယူတို႔မွာ အဲ့လိုဘဲမ်ိဳး ရွိၾကပါသလား?]

ဆုက်ီ ဝင္လာသည့္အခ်ိန္တြင္ ထိုျမင္ကြင္းကို ျမင္လိုက္ရသည္မို႔ တိတ္တဆိတ္ ေၾကာင္အသြားေလ၏။

အန္းက်ီယန္ က တည္တည္ၿငိမ္ၿငိမ္ ႏွင့္ ဖူဝူထ်န္း ကို တြန္းဖယ္လိုက္ေလၿပီး စားပြဲေပၚရွိ စာရင္းစာအုပ္မ်ားကို ေကာက္ယူလိုက္ၿပီး ဆုက်ီထံ လွမ္းေပးလိုက္ေလသည္။

"ကိုယ္လုပ္ေတာ္ ဖန္၊ ကိုယ္လုပ္ေတာ္ က်န္းနဲ႕ သူတို႔ရဲ႕ သမီးေတြ ဒီလအတြင္း အစားအေသာက္အတြက္ ေငြသုံးတာ အကန့္အသတ္ကို ေက်ာ္လြန္သြားၿပီ။ သူတို႔ဆီကေန လစဥ္ေၾကးကို ႏွစ္လစာ ျဖတ္ေတာက္လိုက္။ မင္း သူတို႔ကို လရဲ႕ပထမရက္မွာ ဘာတစ္ျပားမွ ေပးစရာ မလိုဘူး။ ဒါ့အျပင္ ကိုယ္လုပ္ေတာ္ ဖန္ ကလည္း သူမအခန္းမွာ ပရိေဘာဂပစၥည္းေတြ ျပန္အစားထိုးရမယ္။ လစဥ္ေၾကးေနာက္တစ္လ ထပ္ျဖတ္လိုက္။ သူတို႔က အထြန့္တက္ခ်င္ေနရင္ ငါ့ဆီကိုသာ လႊတ္လိုက္ပါ"

"ဟုတ္ကဲ့ပါ သခင္ေလး!"

ဆုက်ီ၏ အသံႏွင့္ အမူအရာမွ စိတ္လႈပ္ရွားမႈမ်ားကို ဖုံးကြယ္ဖို႔ရာ ခက္ခဲလွသည္။ သူ ဒီေၾကညာခ်က္ကို ၾကားသည့္အခါ ျဖစ္သြားမည့္ သူတို႔၏ မ်က္ႏွာကို ျမင္ဖို႔ရန္ မေစာင့္ဆိုင္းနိုင္ေတာ့ေခ်။ သို႔ေသာ္ သူ႕ကို စိတ္ပ်က္လက္ပ်က္ ျဖစ္ေစသည္မွာ သခင္ေလးမရွိခ်ိန္ကာလတြင္ ဝမ္ခ်င္းလန္မွာ တိတ္ဆိတ္ေနေလသည္မို႔ သူမကို ဒီအခ်ိန္၌ ထိန္းခ်ဳပ္၍မရလိုက္ျခင္း ကိုပါပင္။

အန္းက်ီယန္ က ဆက္ေျပာ၏။

"စားဖိုမႉးဝမ္ကိုလည္း ဒီလအတြင္း ကိုယ္လုပ္ေတာ္ဖန္ ၊ ကိုယ္လုပ္ေတာ္က်န့္ နဲ႕ သူတို႔ရဲ႕ သမီးေတြအတြက္ ဘယ္လို တန္ဖိုးႀကီးဟင္းလ်ာမ်ိဳးမွ ခ်က္စရာမလိုဘူးလို႔ ေျပာလိုက္။ ယာဂုဆန္ျပဳတ္နဲ႕ ဆားစိမ္အသီးအ႐ြက္နဲ႕တင္ လုံေလာက္ၿပီ"

ဆုက်ီက ေထာက္ခံေၾကာင္း အသံျပဳလ်က္ ခန္းမထဲမွ အျမန္ဆုံးနည္းနဲ႕ ပန္းကန္လုံးစီးၿပီး ေျပးထြက္သြားေလေတာ့သည္။

အန္းက်ီယန္ တစ္ဖက္ကို လွည့္လိုက္ခ်ိန္မွာေတာ့ ဖူဝူထ်န္း က သူ႕ကို ၾကည့္ေနသည္ကို ေတြ႕လိုက္ရ၏။ အႏွီ မဟူရာေက်ာက္မ်က္သဖြယ္ မ်က္ဝန္းတစ္စုံက ေရဝဲတစ္ခုႏွယ္ သူ႕ကို စုပ္ယူဖမ္းစားေနေပသည္။ သူက ေတာင့္ခံနိုင္ရန္ ႀကိဳးစားလိုက္ေသာ္ျငား အကူအညီမဲ့စြာ ေျပာလိုက္မိသည္။

"ခင္ဗ်ား ဘာၾကည့္တာလဲ?"

ဖူဝူထ်န္း က သူ႕လက္ကို ဆြဲကာ ခံစားခ်က္အျပည့္ႏွင့္ ေျပာလာေလေတာ့သည္။

"ဝမ္ေဖးေလး က အေလးအနက္ထားေနတဲ့႐ုပ္ကေလးနဲ႕ဆို အရမ္းၾကည့္ေကာင္းတာပဲ"

အန္းက်ီယန္ ခ်က္ခ်င္းပင္ သူ႕လက္ကို ျပန္ဆြဲယူလိုက္ေလ၏။ သူကိုက မေမးလိုက္မိသင့္ပါ။

ခဏအၾကာမွာေတာ့ ခန္းမအျပင္ဘက္မွ က်ယ္ေလာင္လွေသာ ဆူညံသံက ႐ုတ္ခ်ည္း ထြက္ေပၚလာ၏။ ဖန္က်န္းပင္ ႏွင့္က်န္းပိတို႔မွာ သူတို႔၏ သမီးမ်ားႏွင့္အတူ ေရာက္လာၾကသည္။ က်န္းပိ၏ စြာက်ယ္က်ယ္အသံမွာ ခန္းမထဲသို႔ ေရာက္မလာခင္ကပင္ ၾကားေနရေခ်၏။

"အန္းက်ီယန္...ဒါက ဘာအဓိပ္ပါယ်လဲ? နင္က ဘာမ်ားမွန္ကန္ေနလို႔ ငါတို႔ရဲ႕ လစဥ္ေၾကးကို ျဖတ္ေတာက္ရတာလဲ?"

ေလးေယာက္သား မွာ ခန္းမက်ယ္ႀကီးထဲသို႔ ေရာက္လာၾကေလ၏။ သူတို႔မွာ ေဒါသေၾကာင့္ လည္ပင္းမ်ားပင္ ေဖာင္းပြလာရသည္။ သူတို႔ အန္းက်ီယန္ အား စိုက္ၾကည့္ေနပုံမွာ မ်က္လုံးမ်ားျဖင့္ပင္ မ်ိဳခ်ပစ္ခ်င္ေနသည့္ဟန္ပါပင္။ အန္းေခ်ာင္ ႏွင့္ အန္းခယ့္ရွင္း တို႔သည္လည္း ဒီေနရာတြင္ ရွိေနၾကပါ၏။ သူတို႔မွာေတာ့ မည္သို႔ပင္ျဖစ္ေစကာမူ လစဥ္ေၾကးလည္း သိပ္မရသည္မို႔ အလြန္အကြၽံ စိတ္ဖိစီးမေနၾကေခ်။ အန္းခ်န္ဖူ က သူအသက္ရွိစဥ္ကတည္းက ပမာဏတစ္ခု သတ္မွတ္ေပးထားၿပီး ျဖစ္သည္။

မိသားစုထဲရွိ မိန္းကေလးမ်ားမွာ အျပင္သို႔ ထြက္ရခဲလွၿပီး အစားအစာႏွင့္ အဝတ္အထည္တို႔အတြက္ ကုန္က်စရိတ္ကို အျခားသတ္မွတ္ထားသည့္ ေငြေၾကးထဲမွ သုံးရ၏။ သူတို႔မွာ လစဥ္လတိုင္း ေငြမ်ားစြာ မသုံးရပါေခ်။ သူတို႔မွာ မမွ်တသလို ခံစားမိၾကေသာ္ျငား အန္းယြီက်ီး သည္လည္း သူတို႔ကဲ့သို႔သာ ရရွိေၾကာင္း ေတြ႕ျမင္ၾကရ၏။

တကယ့္ကို သည္းမခံနိုင္သည့္ အရာမွာကား ထမင္းသုံးနပ္အတြက္ပင္ ျဖစ္သည္။

ဆင္းရဲျခင္းမွ ခ်မ္းသာျခင္းကို က်င့္သားရဖို႔ လြယ္ကူေသာ္ျငား ၊ ဇိမ္ခံသုံးျဖဳန္းရသည္ကို က်င့္သားရၿပီးေနာက္ ၿခိဳးၿခံေခြၽတာရမည္ ဆိုသည္မွာ ခက္ခဲလွသည္။

သူတို႔မွာ ေန႕စဥ္ေန႕တိုင္း ခမ္းနားထည္ဝါလွသည့္ အသားငါး အလွ်ံပယ္ကို စားေသာက္ရသည္အား က်င့္သားရေနၾကေလၿပီ။ ေကာင္းမြန္စြာ စားေသာက္ေနရျခင္းမွ သူတို႔က ဘယ္လိုမ်ား ယာဂုဆန္ျပဳတ္ႏွင့္ ဆားစိမ္အသီးအ႐ြက္မ်ားကို စားေသာက္နိုင္ပါလိမ့္မည္နည္း? အႏွီအစားအစာကို စက္ဆုပ္ၾကသည္မို႔ သူတို႔ ထိုးအန္လုနီးပါး ျဖစ္သြားရလိမ့္မည္။ အန္းခယ့္ရွင္းပင္လွ်င္ ခ်က္ခ်င္း ပန္းကန္မ်ားကို လႊတ္ခ်ပစ္ေလ၏။

"ကြၽန္ေတာ့္အတြက္အမွန္ဆိုတာ ကြၽန္ေတာ္က မိသားစုေခါင္းေဆာင္ တစ္ေယာက္ဆိုတာပဲ"

ေလးေယာက္သားမွာ အန္းက်ီယန္၏ ျခားနားသည့္မ်က္ဝန္းမ်ားႏွင့္ ဆုံလိုက္မိေလၿပီး သူတို႔အားလုံး တုန္တက္သြားၾကေတာ့သည္။

........

လန္ရွန္း အေဆာင္ (သစ္ခြေမႊး အေဆာင္)

ဝမ္ခ်င္းလန္က ၿခံဝန္းထဲ၌ မတ္တပ္ရပ္ကာ ႏြေဦး ဝင္စ လွေသြးႂကြေနသည့္ အဖူးအငုံေလးမ်ားကို ၾကည္ေနေလ၏။ သူမက အေစခံမ်ားဆီမွ ဖန္က်န္းပင္ တို႔ လူစုသည္ အန္းက်ီယန္ ကို သြားရွာၾကေၾကာင္း သိထားသည္။ သူမက ၾကည္ၾကည္ႏူးႏူးျဖင့္ ႏႈတ္ခမ္းေထာင့္ကို တြန့္ေကြးလိုက္ေလၿပီး ပီတိၿပဳံးတစ္ပြင့္က ျဖစ္တည္လာ၏။

သူတို႔သည္ကား ဦးႏွောက္မရွိသည့္ ထုံဖ်င္းဖ်င္း မိန္းမတစ္စုသာ ျဖစ္ၾကေပသည္။ အန္းက်ီယန္ ျပန္ေရာက္သည္ႏွင့္ သူတို႔ကို ေသခ်ာေပါက္ပင္ ျပဳျပင္လိမ့္မည္ဟု သူမ သိေပ၏။ ဒါကပင္ သူမ ဘာေၾကာင့္ သူတို႔ကဲ့သို႔ မျပဳမူပဲ အန္းက်ီယန္မရွိသည့္ကာလတြင္ အေစခံမ်ားအေပၚ အနိုင္အထက္က်င့္ျခင္းမွ အက်ိဳးအျမတ္ မရယူခံရျခင္းပင္ ျဖစ္ေပသည္။

အန္းခ်န္ဖူ သာ ေစာေစာစီးစီး ေသမသြားခဲ့လွ်င္ သူမရဲ႕ လွည့္စားမႈေလးေတြကို အနည္းငယ္မွ် လုပ္လိုက္႐ုံႏွင့္ လွ်ိုေမးရွန့္ ကဲ့သို႔ေသာ က်က္သေရမရွိေသာ လူမ်ိဳးမ်ားကို အျပတ္ျဖတ္ သုတ္သင္လိုက္နိုင္ေပသည္။

ယင္းကို စဥ္းစားမိၿပီးေနာက္ ဝမ္ခ်င္းလန္၏ မ်က္လုံးထဲတြင္ အရိပ္တစ္ခု ျဖတ္ေျပးသြားေလ၏။

ရွက္စရာေကာင္းသည္က...သူက အေစာႀကီး ေသဆုံးသြားခဲ့ၿပီ။

[T/N - ျပန္လာၿပီေနာ္ 🙆💕]

Continue Reading

You'll Also Like

71.7K 9.3K 24
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
A Secret Ambition By Laura

Historical Fiction

126K 11.4K 34
Before giving herself over the the inevitable marriage mart that is the London Season, Lily Beresford is determined to make a clandestine foray out i...
527K 33.1K 122
A girl named Drishti falls into the era of Mahabharata and everything in her life goes upside down. Read to find out about Drishti's adventures in t...
10.2M 766K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...