ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း

5.7K 1.1K 23
By Hululu61

Unicode

ဖန်ကျန်းပင်နှင့် ကျန်းပိတို့မှာလည်း အန်းကျီယန် အိမ်ပြန်လာကြောင်း ကြားသည်နှင့် သူတိို့၏ သမီးများကိုခေါ်ကာ ချက်ချင်းဆိုသလို သွားတွေ့ကြလေ၏။

သူတို့မှာ အန်းကျီယန် ဘေးမှ လူကို တွေ့လိုက်ချိန်မှာတော့ ဝမ်ချင်းလန် ကဲ့သို့ပင် အေးစက်ခဲတောင့်သွားကြလေသည်။ အန်းကျီယန် က သူနှင့်အတူ သူစိမ်းများအား ခေါ်ဆောင်လာလိမ့်မည်ဟု ထင်မထားမိပေ။

"နောက်ဆုံးတော့ အန်းမိသားစုရဲ့ သခင်လေးက ပြန်လာဖို့ ဆန္ဒရှိသွားပြီပဲ။ ကြည့်ရတာတော့ သူက အဲ့ဒီဆွေမျိုး ဆိုတဲ့သူတွေကို တွေ့ခဲ့တယ်ထင်ပါရဲ့။ အန်းမိသားစုရဲ့ ဆွေမျိုးဆိုတဲ့သူက ဘာအလုပ်များ လုပ်ကိုင်ပါသလဲ?"

ကျန်းပိ၏ စကားလုံးများမှာ ချွန်မြမြဆူးနှယ် ထက်ရှနေ၏။ သူမက ခန်းမတခွင်ကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သော်ငြား အန်းယွီကျီး၏ အရိပ်အယောင် ကို မမြင်မိသည်မို့ သူမက ထိုမိန်းကလေးမှာ သူမ၏ အဆောင်ခန်းဆီ ပြန်သွားသည်ဟု တွေးလိုက်မိသည်။ သူမက အန်းကျီယန်၏ ဘေးဘက်၊ ခန်းမ၏ အဓိက ထိုင်ခုံနှစ်ခုအနက် တစ်ခုတွင် ထိုင်နေသည့် ဖူဝူထျန်းကို မြင်သည်နှင့် သူက အန်းယွီကျီး၏ ခင်ပွန်းဖြစ်လိမ့်မည်ဟု တွေးလိုက်မိလေ၏။

ထိုအချိန်၌ အန်းယွီကျီး လက်ထပ်ပွဲမှ ထွက်ပြေးသည့် သတင်းမှာ အန်းယွမ်စီရင်စုသို့ ရောက်မလာသေးပါပေ။

ရှိနေကြသည့် လူအားလုံးသိကြသည်မှာ အဆိုပါဆွေမျိုးဆိုသူသည် ဖူဝူထျန်းနှင့် သူ့မိသားစုကို ဆိုလိုခြင်း ဖြစ်ကြောင်း ကိုပင်။ သူသည်ကား အန်းယွီကျီး နှင့် လက်ထပ်ရမည့် သူ ဖြစ်၏။ နှစ်ဦးသားမှာ လက်ထပ်ပြီး ကတိသစ္စာပြုပြီးကြပြီမို့ သဘာဝကျကျပင် သူက မိသားစုဝင်ဖြစ်သွားကာ "ဆွေမျိုး" ဖြစ်သွားချေပြီ။

ဖူဝူထျန်း ကို မြင်လိုက်ရချိန်၌ အန်းချောင်နှင့် အန်းခယ့်ရှင်း တို့၏ မနာလိုဝန်တိုမှုများမှာ ပို၍ပင် ကြီးထွားလာချေတော့သည်။

ဖူဝူထျန်းတွင် ချောမောခန့်ညားလှပါသည့် မျက်နှာရှိပြီး အထင်ကြီးလောက်ဖွယ် အရှိန်အဝါကို ပိုင်ဆိုင်ထားပေ၏။ သူက သူ့ရဲ့ နောက်လိုက် ကွမ်းဆုထက် ဆွဲဆောင်နိုင်စွမ်းရှိလှသည်။ သူ့ရဲ့ ဆွဲဆောင်နိုင်စွမ်းက အထက်စီးဆန်ဆန် နှင့် သူရဲကောင်းဆန်ဆန် ပုံစံမျိုး ဖြစ်ကာ ယောကျ်ားပီသခြင်းတို့ဖြင့် ပြည့်နှက်နေပါ၏။ သူ့ရဲ့ တောင့်တင်းသန်မာလှသည့် ခန္ဓာကိုယ် ကလည်း နွေးထွေးလုံခြုံမှုအပြည့် ပေးစွမ်းနိုင်ဟန်ရသည်။ ကွမ်းဆု၏ ကောင်ချောလေး အသွင်အပြင်နှင့် နှိုင်းယှဥ်လိုက်လျှင် သူ့ရဲ့ပုံစံက အမျိုးသမီးထုကြီးကို ပိုမို ဆွဲဆောင်နိုင်ပေသည်။ အထူးသဖြင့် အိမ်ထဲကနေ ဘယ်မှ မထွက်ဖူးသော အန်းချောင်နှင့် အန်းခယ့်ရှင်းတို့အပေါ်တွင် သူ့ရဲ့ ခန့်ညားချောမောလှပါသော အသွင်အပြင်က ပို၍ပင် အကျိုးသက်ရောက်သွားပေ၏။ ထိုသူ့၏ အကြည့်တစ်ချက်နှင့်ပင် သူတို့ ချက်ချင်း မူးမေ့သွားနိုင်သည်။

သို့သော်လည်း ဘယ်သူကမှ သူတို့ ဖူဝူထျန်းကို စွဲမက်သွားခြင်းအတွက် အပြစ်မတင်နိုင်ပါပေ။

ဖူဝူထျန်း၏ ရုပ်ဆိုးမှုအပေါင်း ကောလာဟလများ အမြဲလိုလို ပျံ့နှံ့နေပါသည့် ကျွင်းကျီမြို့၌ပင်လျှင် ယခုအခါ တာ့ယာပြည်၏ စစ်နတ်ဘုရားမှာ ခန့်ညားချောမောပြီး လွတ်လပ်စွာ နေထိုင်တတ်သူအဖြစ် သိနေကြပြီ ဖြစ်သည်။

အထူးသဖြင့် လက်ထပ်ပွဲနေ့က ဖူဝူထျန်း ကို မြင်လိုက်ကြသည့် မိန်းမပျိုလေးများပင် ဖြစ်ပြီး ယခုဆို သူတို့၏ နှလုံးသားတွင် သူ့အကြောင်းကို မြဲမြဲမြံမြံ ချည်နှောင်ထားပြီး ဖြစ်ကြ၏။ သူက လက်ထပ်ပြီးသား ဖြစ်တာတောင်မှ မရေမတွက်နိုင်သည့် သူများမှာ သူ့ရဲ့ အင်ပါယာကိုယ်လုပ်တော် ဖြစ်ချင်နေကြဆဲ ပါပင်။ သူလက်ထပ်ပြီးသည်မှာ သုံးရက်မျှသာ ရှိသေးသည်မဟုတ်ပါလျှင် ဖူနန်းတော်တံခါးရှေ့တွင် အမျိုးသမီးထုကြီးမှာ လူတန်းရှည်ကြီးအဖြစ် သေချာပေါက် တန်းစီနေလိမ့်မည် ဖြစ်သည်။

ကျန်းပိ၏ မျက်လုံးများက ဖူဝူထျန်း အပေါ် အကြည့်ရောက်သွား၏။ သူမက လက်ကိုင်ပုဝါကို မြှောက်ကာ နှုတ်ခမ်းကို ကွယ်ဝှက်လိုက်ပါရင်း အပြုံးနှင့် စကားဆိုလာသည်။

"ဒီလူက ကျွန်မတို့ အန်းမိသားစုရဲ့ ဆွေမျိုး မဖြစ်နိုင်လောက်ဘူး။ ဒီက လူကြီးမင်းရဲ့ မိသားစုမျိုးရိုးနာမည်က ဘာလဲဆိုတာကိုလည်း မသိရပါလား? ပြီးတော့ လူကြီးမင်းက ကျွန်မတို့ အန်းမိသားစုရဲ့ ဘယ်ဆွေမျိုးပါလဲ?"

သူမ၏ စကားလုံးများက သိပ်ပြီး ယဥ်ကျေးသိမ်မွေ့မနေပါပေ။

သူမက အန်းချန်တိနှင့် လက်ထပ်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးပင် ရှိနေလေပြီ။ သူမက ဘယ်လိုလုပ်ပြီး အန်းမိသားစုနှင့် တော်စပ်သမျှ ဆွေမျိုးအားလုံးကို မသိပဲနေပါမည်နည်း? ဖူဝူထျန်း နှင့် ဆွေမျိုးမတော်စပ်နေပါလေမှန်း သိသည်မို့ သူမက ဤစကားလုံးများကို ပြောလိုက်ခြင်းဖြစ်ကာ သူမအသံတွင် လှောင်ပြောင်ရိပ်များ စွန်းထင်းနေချေ၏။ အထူးသဖြင့် နောက်ဆုံးစကားဖြစ်ပြီး ယင်းမှာ "နင်က မိသားစုရဲ့ဆွေမျိုးမဟုတ်မှန်း ငါသိသားပဲ" ဆိုသည့်စကားကို မြှုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။ ယင်းမှာ လုံးဝကို ဟာသတစ်ခုကို ကြည့်နေသည့်ဟန်ဖြင့် သဘောထား ဖြစ်ချေ၏။

သို့သော်...ဖူဝူထျန်း က မည်သူမို့ပါနည်း?

မိန်းမတစ်ယောက်ကို အသာထား၍ တာ့ယာပြည်၏ ရာပေါင်း ထောင်ပေါင်းများစွာသော စစ်သည်တို့ကိုပင် သူ့ရှေ့မှောက်၌ ခစားစေနိုင်သောသူ ဖြစ်ပေသည်။

ဖူဝူထျန်း၏ နက်ရှိုင်းမည်းမှောင်နေသော မျက်ဝန်းတစ်စုံက ကျန်းပိ အပေါ်သို့ ကျရောက်လို့လာသည်။

"အန်းမိသားစုရဲ့ သားသမက်ကိုတော့ ဆွေမျိုးလို့ သတ်မှတ်လို့ရတယ်မလား?"

ကျန်းပိမှာ ထိုကဲ့သို့ နက်ရှိုင်းလှသည့် မျက်လုံးများကို တစ်ခါမှ မမြင်ခဲ့ဖူးပါပေ။ သူမမှာ ကြောက်ရွံ့မှုကြောင့် တောင့်ခဲသွားရသည်။ သူမရဲ့ လက်ကိုင်ပုဝါကိုပင် မကိုင်ထားနိုင်တော့ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရလေ၏။ သူမ၏ ဦးရေခွံမှာ ထုံထိုင်းသွားရကား လျှာမှာတော့ အေးခဲလုဖြစ်သွားရှာသည်။ မျက်နှာထက်တွင် အတင်းအကြပ် အပြုံးတစ်ခုကို တပ်ဆင်လိုက်ပြီးမှ သူမ စကားပြောလိုက်နိုင်ချေ၏။

"ဒီကိုယ်လုပ်တော်က အန်းမိသားစုမှာ လက်ထပ်ပြီးသား သမီးတစ်ယောက်ရှိတယ်လို့ မကြားဖူးပါဘူး။ လူကြီးမင်းက နောက်ပြောင်နေတာ ဖြစ်ရမယ်"

ဖူဝူထျန်း က အမှုမထားဟန် ဖြင့် ပြောလိုက်လေ၏။

"ခင်ဗျား မကြားဖူးဘူးဆိုတာနဲ့ အန်းမိသားစုမှာ သားသမက် မရှိတော့ဘူးလို့ မဆိုလိုဘူးလေ။ ခင်ဗျား မသိရင်လည်း သိဖို့ အရည်အချင်းမပြည့်မီလို့ နေမှာပေါ့"

ကျန်းပိ၏ မျက်နှာမှာ တွန့်ရှုံ့သွားလေသည်။

ဖန်ကျန်းပင်နှင့် ဝမ်ချင်းလန်တို့၏ မျက်နှာအမူအရာမှာလည်း မကောင်းလှပါပေ။ ကျန်းပိကို အရည်အချင်းမပြည့်မီ ဟု ပြောလိုက်ခြင်းမှာ အလိုအလျောက် သူတို့ကိုပါ ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။ ကိုယ်လုပ်တော်တစ်ယောက်၏ အဆင့်အတန်းမှာ နိမ့်ကျလှမှန်း သူတို့ သိထားပြီး ဖြစ်သော်ငြား ကိုယ်တိုင်ကြားရချိန်တွင်တော့ မြိုသိပ်လိုက်ဖို့ရာ ခက်ခဲလှ၏။

ဝမ်ချင်းလန် က ရုတ်တရက်ဆိုသလို ပြောလာလေသည်။

"ကျီယန်...ယွီကျီး က ဘာလို့ မင်းနဲ့အတူ ပြန်မလာတာလဲ?"

သူမက ပထမဆုံး ရောက်လာပြီး သူတို့ကို "နှုတ်ဆက်"သူ ဖြစ်သည်။ သူမက ခန်းမ၏ လှေကား ထိပ်တွင် မတ်တပ်ရပ်ကာ နေရာတစ်ခုလုံးကို ကြည့်ထားပြီး ဖြစ်သည်။ သူမက အရှေ့တံခါးရှိ အခြေအနေကို သိမထားပါသော်ငြား၊ အန်းကျီယန် အန်းယွီကျီး ကို အိပ်ဆောင်သို့ ပြန်ပို့ လိုက်လျှင်ပင် ဤမျှထိ မြန်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ဖြစ်နိုင်သည်က အန်းယွီကျီး က သူတို့နှင့်အတူ ပြန်ပါမလာခြင်း ဖြစ်မည်။ သူမက ဘာကြောင့် ပြန်မလာပါသနည်း? သူမ၏ အလိုလိုသိစိတ်က ဤနေရာတွင် ပြဿနာတစ်ခုခု ရှိနေကြောင်း ပြောနေချေ၏။

အန်းကျီယန်၏ မျက်လုံးများက သူမအပေါ် အကြည့် ရောက်သွား၏။ ဝမ်ချင်းလန် က ဉာဏ်ကောင်းသည့်သူဖြစ်သည်။ အန်းယွီကျီး သူတို့နှင့်အတူ ပါမလာသည်ကို သူမနားလည်သွားသည်က မမျှော်လင့်ထားမိသည်မျိုးတော့ မဟုတ်ပါချေ။

"သူမက လက်ထပ်ပွဲကနေ ထွက်ပြေးသွားတယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းလိုလို တုန်လှုပ်သွားကြလေသည်။

အကူအညီမဲ့စွာ မျက်လွှာချထားကြသည့် အန်းချောင်နှင့် အန်းခယ့်ရှင်း ပင်လျှင် တုန်လှုပ်နေသည့် မျက်နှာအမူအရာများဖြင့် ခေါင်းမော့ကြည့်လာကြသည်။ သူတို့မှာ ဤမျှ ကြီးမားလှသည့် သတင်းကို အချိန်ခဏမျှနှင့် လက်မခံနိုင်ဖြစ်နေကြ၏။ သူတို့မှာ ပီတိဖြစ်ဖို့ရာ အချိန်ပင် မရလိုက်ပေ။

ကျန်းပိမှာ သူမပါးစပ်ကို ကာဖို့ရာ လက်ကိုင်ပုဝါကို အလျှင်အမြန် သုံးလိုက်သော်ငြား အားရကျေနပ်နေခြင်းကိုတော့ မရပ်တန့်နိုင်လိုက်ချေ။

"ကျွန်မတို့ရဲ့ ယွီကျီးက အန်းမိသားစုရဲ့ တတိယသခင်မလေးလေ...သူမက ဘယ်လိုများ လက်ထပ်ပွဲကနေ ထွက်ပြေးနိုင်တာတဲ့လဲ?"

"ဒါအမှန်ပဲလေ။ မင်း မှားများမှားနေတာလား?ပထမဇနီးရဲ့ သမီးက ဘယ်လိုများ လက်ထပ်ပွဲကနေ ထွက်ပြေးနိုင်မှာတဲ့လဲ?"

ဝမ်ချင်းလန် ကလည်း ပဲ့တင်ထပ်မတတ် ပြောလာလေ၏။ သူမအသံတွင် တုန်လှုပ်မှုတို့ ယှက်နွယ်နေစေရန် ကြိုးစားပြောနေပါသော်ငြား စကားထဲမှ ပျော်ရွှင်နေမှုကြီးကိုတော့ ဖုံးကွယ်မထားနိုင်ဆဲပါပင်။

ဖန်ကျန်းပင်သည်သာ အပေါ်ယံရွှေမှုန်ကြဲ စကားများ မပြောသူ ဖြစ်ပြီး ၊ သို့သော်ငြား သူမ၏ မျက်ဝန်းထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်တို့ ယှက်သန်းနေပါ၏။

Zawgyi

အပိုင္း (၄၉.၁) - သတို႔သမီး မိဘအိမ္ ပထမဆုံးျပန္ခ်ိန္ အက်ပ္အတည္း

ဖန္က်န္းပင္ႏွင့္ က်န္းပိတို႔မွာလည္း အန္းက်ီယန္ အိမ္ျပန္လာေၾကာင္း ၾကားသည္ႏွင့္ သူတိို႔၏ သမီးမ်ားကိုေခၚကာ ခ်က္ခ်င္းဆိုသလို သြားေတြ႕ၾကေလ၏။

သူတို႔မွာ အန္းက်ီယန္ ေဘးမွ လူကို ေတြ႕လိုက္ခ်ိန္မွာေတာ့ ဝမ္ခ်င္းလန္ ကဲ့သို႔ပင္ ေအးစက္ခဲေတာင့္သြားၾကေလသည္။ အန္းက်ီယန္ က သူႏွင့္အတူ သူစိမ္းမ်ားအား ေခၚေဆာင္လာလိမ့္မည္ဟု ထင္မထားမိေပ။

"ေနာက္ဆုံးေတာ့ အန္းမိသားစုရဲ႕ သခင္ေလးက ျပန္လာဖို႔ ဆႏၵရွိသြားၿပီပဲ။ ၾကည့္ရတာေတာ့ သူက အဲ့ဒီေဆြမ်ိဳး ဆိုတဲ့သူေတြကို ေတြ႕ခဲ့တယ္ထင္ပါရဲ႕။ အန္းမိသားစုရဲ႕ ေဆြမ်ိဳးဆိုတဲ့သူက ဘာအလုပ္မ်ား လုပ္ကိုင္ပါသလဲ?"

က်န္းပိ၏ စကားလုံးမ်ားမွာ ခြၽန္ျမျမဆူးႏွယ္ ထက္ရွေန၏။ သူမက ခန္းမတခြင္ကို လွည့္ပတ္ၾကည့္ၿပီး ေျပာလိုက္ေသာ္ျငား အန္းယြီက်ီး၏ အရိပ္အေယာင္ ကို မျမင္မိသည္မို႔ သူမက ထိုမိန္းကေလးမွာ သူမ၏ အေဆာင္ခန္းဆီ ျပန္သြားသည္ဟု ေတြးလိုက္မိသည္။ သူမက အန္းက်ီယန္၏ ေဘးဘက္၊ ခန္းမ၏ အဓိက ထိုင္ခုံႏွစ္ခုအနက္ တစ္ခုတြင္ ထိုင္ေနသည့္ ဖူဝူထ်န္းကို ျမင္သည္ႏွင့္ သူက အန္းယြီက်ီး၏ ခင္ပြန္းျဖစ္လိမ့္မည္ဟု ေတြးလိုက္မိေလ၏။

ထိုအခ်ိန္၌ အန္းယြီက်ီး လက္ထပ္ပြဲမွ ထြက္ေျပးသည့္ သတင္းမွာ အန္းယြမ္စီရင္စုသို႔ ေရာက္မလာေသးပါေပ။

ရွိေနၾကသည့္ လူအားလုံးသိၾကသည္မွာ အဆိုပါေဆြမ်ိဳးဆိုသည္မွာ ဖူဝူထ်န္းႏွင့္ သူ႕မိသားစုကို ဆိုလိုျခင္း ျဖစ္ေၾကာင္း ကိုပင္။ သူသည္ကား အန္းယြီက်ီး ႏွင့္ လက္ထပ္ရမည့္ သူ ျဖစ္၏။ ႏွစ္ဦးသားမွာ လက္ထပ္ၿပီး ကတိသစၥာျပဳၿပီးၾကၿပီမို႔ သဘာဝက်က်ပင္ သူက မိသားစုဝင္ျဖစ္သြားကာ "ေဆြမ်ိဳး" ျဖစ္သြားေခ်ၿပီ။

ဖူဝူထ်န္း ကို ျမင္လိုက္ရခ်ိန္၌ အန္းေခ်ာင္ႏွင့္ အန္းခယ့္ရွင္း တို႔၏ မနာလိုဝန္တိုမႈမ်ားမွာ ပို၍ပင္ ႀကီးထြားလာေခ်ေတာ့သည္။

ဖူဝူထ်န္းတြင္ ေခ်ာေမာခန့္ညားလွပါသည့္ မ်က္ႏွာရွိၿပီး အထင္ႀကီးေလာက္ဖြယ္ အရွိန္အဝါကို ပိုင္ဆိုင္ထားေပ၏။ သူက သူ႕ရဲ႕ ေနာက္လိုက္ ကြမ္းဆုထက္ ဆြဲေဆာင္နိုင္စြမ္းရွိလွသည္။ သူ႕ရဲ႕ ဆြဲေဆာင္နိုင္စြမ္းက အထက္စီးဆန္ဆန္ ႏွင့္ သူရဲေကာင္းဆန္ဆန္ ပုံစံမ်ိဳး ျဖစ္ကာ ေယာက်္ားပီသျခင္းတို႔ျဖင့္ ျပည့္ႏွက္ေနပါ၏။ သူ႕ရဲ႕ ေတာင့္တင္းသန္မာလွသည့္ ခႏၶာကိုယ္ ကလည္း ႏြေးေထြးလုံၿခဳံမႈအျပည့္ ေပးစြမ္းနိုင္ဟန္ရသည္။ ကြမ္းဆု၏ ေကာင္ေခ်ာေလး အသြင္အျပင္ႏွင့္ ႏွိုင္းယွဥ္လိုက္လွ်င္ သူ႕ရဲ႕ပုံစံက အမ်ိဳးသမီးထုႀကီးကို ပိုမို ဆြဲေဆာင္နိုင္ေပသည္။ အထူးသျဖင့္ အိမ္ထဲကေန ဘယ္မွ မထြက္ဖူးေသာ အန္းေခ်ာင္ႏွင့္ အန္းခယ့္ရွင္းတို႔အေပၚတြင္ သူ႕ရဲ႕ ခန့္ညားေခ်ာေမာလွပါေသာ အသြင္အျပင္က ပို၍ပင္ အက်ိဳးသက္ေရာက္သြားေပ၏။ ထိုသူ႕၏ အၾကည့္တစ္ခ်က္ႏွင့္ပင္ သူတို႔ ခ်က္ခ်င္း မူးေမ့သြားနိုင္သည္။

သို႔ေသာ္လည္း ဘယ္သူကမွ သူတို႔ကို ဖူဝူထ်န္းကို စြဲမက္သြားျခင္းအတြက္ အျပစ္မတင္နိုင္ပါေပ။

ဖူဝူထ်န္း၏ ႐ုပ္ဆိုးမႈအေပါင္း ေကာလာဟလမ်ား အၿမဲလိုလို ပ်ံ့ႏွံ႕ေနပါသည့္ ကြၽင္းက်ီၿမိဳ႕၌ပင္လွ်င္ ယခုအခါ တာ့ယာျပည္၏ စစ္နတ္ဘုရားမွာ ခန့္ညားေခ်ာေမာၿပီး လြတ္လပ္စြာ ေနထိုင္တတ္သူအျဖစ္ သိေနၾကၿပီ ျဖစ္သည္။

အထူးသျဖင့္ လက္ထပ္ပြဲေန႕က ဖူဝူထ်န္း ကို ျမင္လိုက္ၾကသည့္ မိန္းမပ်ိဳေလးမ်ားပင္ ျဖစ္ၿပီး ယခုဆို သူတို႔၏ ႏွလုံးသားတြင္ သူ႕အေၾကာင္းကို ၿမဲၿမဲၿမံၿမံ ခ်ည္ႏွောင္ထားၿပီး ျဖစ္ၾက၏။ သူက လက္ထပ္ၿပီးသား ျဖစ္တာေတာင္မွ မေရမတြက္နိုင္သည့္ သူမ်ားမွာ သူ႕ရဲ႕ အင္ပါယာကိုယ္လုပ္ေတာ္ ျဖစ္ခ်င္ေနၾကဆဲ ပါပင္။ သူလက္ထပ္ၿပီးသည္မွာ သုံးရက္မွ်သာ ရွိေသးသည္မဟုတ္ပါလွ်င္ ဖူနန္းေတာ္တံခါးေရွ႕တြင္ အမ်ိဳးသမီးထုႀကီးမွာ လူတန္းရွည္ႀကီးအျဖစ္ ေသခ်ာေပါက္ တန္းစီေနလိမ့္မည္ ျဖစ္သည္။

က်န္းပိ၏ မ်က္လုံးမ်ားက ဖူဝူထ်န္း အေပၚ အၾကည့္ေရာက္သြား၏။ သူမက လက္ကိုင္ပုဝါကို ျမႇောက္ကာ ႏႈတ္ခမ္းကို ကြယ္ဝွက္လိုက္ပါရင္း အၿပဳံးႏွင့္ စကားဆိုလာသည္။

"ဒီလူက ကြၽန္မတို႔ အန္းမိသားစုရဲ႕ ေဆြမ်ိဳး မျဖစ္နိုင္ေလာက္ဘူး။ ဒီက လူႀကီးမင္းရဲ႕ မိသားစုမ်ိဳးရိုးနာမည္က ဘာလဲဆိုတာကိုလည္း မသိရပါလား? ၿပီးေတာ့ လူႀကီးမင္းက ကြၽန္မတို႔ အန္းမိသားစုရဲ႕ ဘယ္ေဆြမ်ိဳးပါလဲ?"

သူမ၏ စကားလုံးမ်ားက သိပ္ၿပီး ယဥ္ေက်းသိမ္ေမြ႕မေနပါေပ။

သူမက အန္းခ်န္တိႏွင့္ လက္ထပ္ခဲ့သည္မွာ ႏွစ္ႏွစ္ဆယ္နီးပါးပင္ ရွိေနေလၿပီ။ သူမက ဘယ္လိုလုပ္ၿပီး အန္းမိသားစုႏွင့္ ေတာ္စပ္သမွ် ေဆြမ်ိဳးအားလုံးကို မသိပဲေနပါမည္နည္း? ဖူဝူထ်န္း ႏွင့္ ေဆြမ်ိဳးမေတာ္စပ္ေနပါေလမွန္း သိသည္မို႔ သူမက ဤစကားလုံးမ်ားကို ေျပာလိုက္ျခင္းျဖစ္ကာ သူမအသံတြင္ ေလွာင္ေျပာင္ရိပ္မ်ား စြန္းထင္းေနေခ်၏။ အထူးသျဖင့္ ေနာက္ဆုံးစကားျဖစ္ၿပီး ယင္းမွာ "နင္က မိသားစုရဲ႕ေဆြမ်ိဳးမဟုတ္မွန္း ငါသိသားပဲ" ဆိုသည့္စကားကို ျမႇုပ္ထားသကဲ့သို႔ ျဖစ္ေနေလသည္။ ယင္းမွာ လုံးဝကို ဟာသတစ္ခုကို ၾကည့္ေနသည့္ဟန္ျဖင့္ သေဘာထား ျဖစ္ေခ်၏။

သို႔ေသာ္...ဖူဝူထ်န္း က မည္သူမို႔ပါနည္း?

မိန္းမတစ္ေယာက္ကို အသာထား၍ တာ့ယာျပည္၏ ရာေပါင္း ေထာင္ေပါင္းမ်ားစြာေသာ စစ္သည္တို႔ကိုပင္ သူ႕ေရွ႕ေမွာက္၌ ခစားေစနိုင္ေသာသူ ျဖစ္ေပသည္။

ဖူဝူထ်န္း၏ နက္ရွိုင္းမည္းေမွာင္ေနေသာ မ်က္ဝန္းတစ္စုံက က်န္းပိ အေပၚသို႔ က်ေရာက္လို႔လာသည္။

"အန္းမိသားစုရဲ႕ သားသမက္ကိုေတာ့ ေဆြမ်ိဳးလို႔ သတ္မွတ္လို႔ရတယ္မလား?"

က်န္းပိမွာ ထိုကဲ့သို႔ နက္ရွိုင္းလွသည့္ မ်က္လုံးမ်ားကို တစ္ခါမွ မျမင္ခဲ့ဖူးပါေပ။ သူမမွာ ေၾကာက္႐ြံ႕မႈေၾကာင့္ ေတာင့္ခဲသြားရသည္။ သူမရဲ႕ လက္ကိုင္ပုဝါကိုပင္ မကိုင္ထားနိုင္ေတာ့ကာ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားရေလ၏။ သူမ၏ ဦးေရခြံမွာ ထုံထိုင္းသြားရကား လွ်ာမွာေတာ့ ေအးခဲလုျဖစ္သြားရွာသည္။ မ်က္ႏွာထက္တြင္ အတင္းအၾကပ္ အၿပဳံးတစ္ခုကို တပ္ဆင္လိုက္ၿပီးမွ သူမ စကားေျပာလိုက္နိုင္ေခ်၏။

"ဒီကိုယ္လုပ္ေတာ္က အန္းမိသားစုမွာ လက္ထပ္ၿပီးသား သမီးတစ္ေယာက္ရွိတယ္လို႔ မၾကားဖူးပါဘူး။ လူႀကီးမင္းက ေနာက္ေျပာင္ေနတာ ျဖစ္ရမယ္"

ဖူဝူထ်န္း က အမႈမထားဟန္ ျဖင့္ ေျပာလိုက္ေလ၏။

"ခင္ဗ်ား မၾကားဖူးဘူးဆိုတာနဲ႕ အန္းမိသားစုမွာ သားသမက္ မရွိေတာ့ဘူးလို႔ မဆိုလိုဘူးေလ။ ခင္ဗ်ား မသိရင္လည္း သိဖို႔ အရည္အခ်င္းမျပည့္မီလို႔ ေနမွာေပါ့"

က်န္းပိ၏ မ်က္ႏွာမွာ တြန့္ရႈံ႕သြားေလသည္။

ဖန္က်န္းပင္ႏွင့္ ဝမ္ခ်င္းလန္တို႔၏ မ်က္ႏွာအမူအရာမွာလည္း မေကာင္းလွပါေပ။ က်န္းပိကို အရည္အခ်င္းမျပည့္မီ ဟု ေျပာလိုက္ျခင္းမွာ အလိုအေလ်ာက္ သူတို႔ကိုပါ ထည့္သြင္းလိုက္ျခင္းပင္ ျဖစ္သည္။ ကိုယ္လုပ္ေတာ္တစ္ေယာက္၏ အဆင့္အတန္းမွာ နိမ့္က်လွမွန္း သူတို႔ သိထားၿပီး ျဖစ္ေသာ္ျငား ကိုယ္တိုင္ၾကားရခ်ိန္တြင္ေတာ့ ၿမိဳသိပ္လိုက္ဖို႔ရာ ခက္ခဲလွ၏။

ဝမ္ခ်င္းလန္ က ႐ုတ္တရက္ဆိုသလို ေျပာလာေလသည္။

"က်ီယန္...ယြီက်ီး က ဘာလို႔ မင္းနဲ႕အတူ ျပန္မလာတာလဲ?"

သူမက ပထမဆုံး ေရာက္လာၿပီး သူတို႔ကို "ႏႈတ္ဆက္"သူ ျဖစ္သည္။ သူမက ခန္းမ၏ ေလွကား ထိပ္တြင္ မတ္တပ္ရပ္ကာ ေနရာတစ္ခုလုံးကို ၾကည့္ထားၿပီး ျဖစ္သည္။ သူမက အေရွ႕တံခါးရွိ အေျခအေနကို သိမထားပါေသာ္ျငား၊ အန္းက်ီယန္ အန္းယြီက်ီး ကို အိပ္ေဆာင္သို႔ ျပန္ပို႔ လိုက္လွ်င္ပင္ ဤမွ်ထိ ျမန္စရာအေၾကာင္းမရွိေပ။ ထို႔ေၾကာင့္ ျဖစ္နိုင္သည္က အန္းယြီက်ီး က သူတို႔ႏွင့္အတူ ျပန္ပါမလာျခင္း ျဖစ္မည္။ သူမက ဘာေၾကာင့္ ျပန္မလာပါသနည္း? သူမ၏ အလိုလိုသိစိတ္က ဤေနရာတြင္ ျပႆနာတစ္ခုခု ရွိေနေၾကာင္း ေျပာေနေခ်၏။

အန္းက်ီယန္၏ မ်က္လုံးမ်ားက သူမအေပၚ အၾကည့္ ေရာက္သြား၏။ ဝမ္ခ်င္းလန္ က ဉာဏ္ေကာင္းသည့္သူျဖစ္သည္။ အန္းယြီက်ီး သူတို႔ႏွင့္အတူ ပါမလာသည္ကို သူမနားလည္သြားသည္က မေမွ်ာ္လင့္ထားမိသည္မ်ိဳးေတာ့ မဟုတ္ပါေခ်။

"သူမက လက္ထပ္ပြဲကေန ထြက္ေျပးသြားတယ္"

ထိုစကားမ်ား ထြက္ေပၚလာသည္ႏွင့္ လူတိုင္းလိုလို တုန္လႈပ္သြားၾကေလသည္။

အကူအညီမဲ့စြာ မ်က္လႊာခ်ထားၾကသည့္ အန္းေခ်ာင္ႏွင့္ အန္းခယ့္ရွင္း ပင္လွ်င္ တုန္လႈပ္ေနသည့္ မ်က္ႏွာအမူအရာမ်ားျဖင့္ ေခါင္းေမာ့ၾကည့္လာၾကသည္။ သူတို႔မွာ ဤမွ် ႀကီးမားလွသည့္ သတင္းကို အခ်ိန္ခဏမွ်ႏွင့္ လက္မခံနိုင္ျဖစ္ေနၾက၏။ သူတို႔မွာ ပီတိျဖစ္ဖို႔ရာ အခ်ိန္ပင္ မရလိုက္ေပ။

က်န္းပိမွာ သူမပါးစပ္ကို ကာဖို႔ရာ လက္ကိုင္ပုဝါကို အလွ်င္အျမန္ သုံးလိုက္ေသာ္ျငား အားရေက်နပ္ေနျခင္းကိုေတာ့ မရပ္တန့္နိုင္လိုက္ေခ်။

"ကြၽန္မတို႔ရဲ႕ ယြီက်ီးက အန္းမိသားစုရဲ႕ တတိယသခင္မေလးေလ...သူမက ဘယ္လိုမ်ား လက္ထပ္ပြဲကေန ထြက္ေျပးနိုင္တာတဲ့လဲ?"

"ဒါအမွန္ပဲေလ။ မင္း မွားမ်ားမွားေနတာလား?ပထမဇနီးရဲ႕ သမီးက ဘယ္လိုမ်ား လက္ထပ္ပြဲကေန ထြက္ေျပးနိုင္မွာတဲ့လဲ?"

ဝမ္ခ်င္းလန္ ကလည္း ပဲ့တင္ထပ္မတတ္ ေျပာလာေလ၏။ သူမအသံတြင္ တုန္လႈပ္မႈတို႔ ယွက္ႏြယ္ေနေစရန္ ႀကိဳးစားေျပာေနပါေသာ္ျငား စကားထဲမွ ေပ်ာ္႐ႊင္ေနမႈႀကီးကိုေတာ့ ဖုံးကြယ္မထားနိုင္ဆဲပါပင္။

ဖန္က်န္းပင္သည္သာ အေပၚယံေ႐ႊမႈန္ႀကဲ စကားမ်ား မေျပာသူ ျဖစ္ၿပီး ၊ သို႔ေသာ္ျငား သူမ၏ မ်က္ဝန္းထဲ၌ ေပ်ာ္႐ႊင္မႈ အရိပ္အေယာင္တို႔ ယွက္သန္းေနပါ၏။

Continue Reading

You'll Also Like

38.3K 3K 73
Translation Author:Dreamy Coffee Chater-575 translator by NORA
5.3K 372 22
21st century girl is going to time travel to duwara yug where betrayal, humiliation, love, loyal and war were taken place. How is she going to react...
6M 470K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**