Unicode
နောက်ဆုံးတော့ နောက်တစ်နေ့တွင် အန်းယွမ်စီရင်စုသို့ သူတို့ရောက်ရှိသွားလေပြီ။
အရင်ညက သူတို့မှာ မြို့ငယ်တစ်မြို့ရှိ တည်းခိုခန်းတွင် တစ်ညတာ နားခဲ့ကြခြင်းဖြစ်သည်။ နောက်တစ်နေ့တွင် ခပ်စောစော ခရီးဆက်ထွက်လာကြသည်မို့ ခရီးလမ်းဆုံးဆီသို့ နာရီဝက်နှင့် ရောက်သွားလေတော့၏။ အန်းယွမ်စီရင်စုရှိ လယ်သမားများမှာ မနက်ဆို စောစောထပြီး ညဘက်ဆို နောက်ကျမှ အိပ်ကြရသည်။ သူတို့မှာ အန်းကျီယန်တို့ အဖွဲ့၏ အရိပ်အယောင်ကို မြင်လိုက်ရချိန်တွင် ကောင်းကင်မှာ အလင်းတစ်ပျမှ ယှက်သန်းမလာသေးပါပေ။
အန်းယွမ်စီရင်စု၏ တည်နေရာမှာ မဝေးကွာလှချေ။ တစ်ခါတစ်ရံ လှည်းတန်းများ ဖြတ်သွားတတ်ကြသည်ကို မြင်ရပေသည်။ သို့သော် ယင်းတို့မှာ ကုန်သည်လှည်းတန်းများ ဖြစ်ချေ၏။ ထို့ကြောင့်လည်း အလွန်တရာ ချမ်းသာ ကြွယ်ဝမနေကြပါပေ။ ထို့ကြောင့် လယ်သမားများမှာ ခမ်းနားထည်ဝါလှသည့် ဖူနန်းတော်မှ မြင်းလှည်းကို မြင်လိုက်ရချိန်တွင် လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်မိကာ ရပ်ကြည့်နေမိကြ၏။ သူတို့က မြင်းလှည်းကို အန်းယွမ်စီရင်စု၏ လမ်းတစ်ခုထဲသို့ ဝင်သွားသည်အထိ လိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက် စကားလုံးနည်းနည်းမျှ ပြောလိုက်ကြကာ လယ်အလုပ်ကို ဆက်လက်လုပ်ကိုင်လိုက်ကြ၏။
မြင်းလှည်းက မကြာမီမှာပင် အန်းအိမ်တော်ရဲ့ အဓိကတံခါးပေါက်များ ရှေ့တွင် ရပ်တန့်လိုက်ပေသည်။
ဂိတ်ပေါ်တွင် ထိုင်ကာ ငေးမောနေပါသော တံခါးစောင့်သည် တုန်လှုပ်သွားလေကာ ခုန်ဆင်းလိုက်လေ၏။ သူက မြင်းလှည်းကို စိတ်လှုပ်ရှား တုန်ယင်စွာဖြင့် ကြည့်နေမိသည်။ သူက ဤသို့ တန်ဖိုးကြီးမားလှသည့် မြင်းလှည်းမျိုးကို တစ်ခါမှ မမြင်ဖူးသလို အန်းမိသားစုတွင်လည်း ဤမျှ ကောင်းသည့် မြင်းလှည်းမျိုး မရှိပါပေ။ ထို့ကြောင့် သူက မိသားစု၏ သခင်လေး ပြန်လာခြင်းဟု ထင်မထားမိပါပေ။ ဖူဝူထျန်း က အန်းကျီယန် ကို မြင်းလှည်းပေါ်မှ ဆင်းဖို့ရာ ကူညီပေးလိုက်ချိန်မှာတော့ သူ့မေးစေ့မှာ အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။
"သခင်လေး...နောက်ဆုံးတော့ သခင်လေး ပြန်လာပြီ "
တံခါးစောင့်က အန်းကျီယန်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်ကာ အနားသို့ရောက်လာလေတော့သည်။
အန်းကျီယန်က မေးလိုက်၏။
"ကျွန်တော် အဝေးရောက်နေပြီး မရှိတဲ့အချိန်တုန်းက မိသားစုထဲမှာ ကိစ္စကြီးတစ်ခုခုများ ဖြစ်သွားသေးလား?"
တံခါးစောင့်က သူ့ခေါင်းကို တစ်ချက်ခါယမ်းပြလိုက်မိသော်ငြား တစ်ခုခု ကို ပြန်စဥ်းစားမိချိန်တွင် သူက ခေါင်းငြိမ့်ပြ၏။
"သခင်ကြီး နဲ့ သူ့ဇနီး တစ်ခါလာသွားသေးတယ်။ သူတို့က ရန်ပွဲအကြီးကြီး ဖြစ်သွားကြတာပဲ။ ဒါပေမဲ့ သခင်လေးကလည်း ဒီမှာမရှိသလို ကိုယ်လုပ်တော်ဖန်ကလည်း ဆုံးဖြတ်ဖို့အတွက် အာဏာမရှိဘူးလေ။ အဲ့တာနဲ့ သူတို့ ပြန်သွားကြတာပဲ"
အန်းကျီယန်က ခေါင်းငြိမ့်ကာ အထဲသို့ လျှောက်ဝင်သွားလေ၏။ သူက သူ့ဦးရီတို့ လင်မယား ဘာလို့ လာသွားသည်ကို မမေးပေ။
တံခါးစောင့်က သခင်လေးနှင့်အတူ လိုက်ပါသွားသောလူကို ကြည့်လိုက်မိ၏။ ထိုသူက ပါးစပ်ကို ဖွင့်ကာ တစ်ခုခုပြောချင်နေဟန်ရသည်။ သူ့လို အစေခံတစ်ယောက်သည်ပင် ထိုသူသည် သာမန်လူမဟုတ်ကြောင်း ပြောနိုင်ပေ၏။ သခင်လေးက ခရီးဘာလို့ထွက်ပြီး ဤကဲ့သို့သော သူမျိုးကို ခေါ်ဆောင်လာသည်ကိုတော့ သူမတွေးမိပါချေ။
ပထမတွင် ဝမ်ချင်းလန် နှင့် အခြားကိုယ်လုပ်တော်များက အန်းကျီယန်နှင့် သူ့မောင်နှမသားချင်းများ ဘာကြောင့် အန်းယွမ်စီရင်စုကနေ ခရီးထွက်သွားသည်ကို မမှန်းဆနိုင်ကြပေ။ အရင်သခင်ကြီးက ဤကဲ့သို့ ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားလိမ့်မည်ဟု သူတို့ မသိထားကြပါချေ။ ထို့အပြင် သူက လက်ထပ်ပွဲကိစ္စကို အပြင်သို့ ပေါက်ကြားခွင့်မပြုသည့်အတွက် ဤကိစ္စကို လူအများကြီး မသိထားဘူး ဖြစ်သည်။
အဲ့ဒီနောက် အန်းချန်တိက ရောက်လာကာ ပြဿနာရှာလေတော့၏။
အန်းချန်တိက အန်းကျီယန် သည် ကျွင်းကျီမြို့သို့ လက်ထပ်ပွဲဖြစ်မြောက်ရေးအတွက် သွားကြောင်း စီရင်စုအောက်တရားသူကြီး ထံမှ ကြားခဲ့ရသည်။ သူက တစ်ချိန်လုံး စိုးရိမ်ပူပန်နေရတော့၏။ နောက်ပိုင်းတွင် စီရင်စုအောက်တရားသူကြီး ကျင်း ကလည်း ဒီကိစ္စကို သိရှိသွားလေ၏။ ထူးခြားဆန်းကြယ်သည့် ထိုသူ၏ နောက်ခံကို စုံစမ်းဖို့ရာ မဖြစ်နိုင်သည်မို့ သူတို့က အန်းမိသားစုထံမှ အကျိုးအမြတ်များကို ရိတ်သိမ်းဖို့အတွက် အလျင်စလို မကြိုးစားရဲကြပေ။ ထို့ကြောင့် သူတို့၏ အစီအစဉ်များကို ယာယီရပ်တန့်ထားလိုက်ကြရသည်။ ထိုအကြောင်းကြောင့်ပင် အန်းချန်တိမှာ ခါးသီးမှုတို့ဖြင့် အမြဲလိုလို မွန်းကြပ်နေရခြင်းပါပင်။
အန်းကျီယန်သာ ကျွင်းကျီမြို့၌ နောက်ခံကြီးကြီး ရှာတွေ့သွားပါလျှင် အန်းကျီယန် ပြန်လာချိန်တွင် ပထမဆုံးအနေနဲ့ သေချာပေါက် ဖြေရှင်းပစ်မည့်သူမှာ သူ့ကို ဖြစ်သည်။
သို့သော်လည်း ဘာကိစ္စပင်ဖြစ်စေ ၊ သူက အန်းကျီယန်၏ ဦးရီး ဖြစ်နေဆဲပင် ဖြစ်သည်။ အနှီကောင်စုတ်လေးက သူ့ကို တစ်ခုခုလုပ်ရဲလိမ့်မည်ဟုတော့ သူ မထင်ထားပေ။ ဒါပေမဲ့ ဘာလို့ အဲ့ကောင်စုတ်လေးရဲ့ နှလုံးသားက ရုတ်တရက်ကြီး မာကျောသွားပြီးတော့ ရက်စက်တတ်သွားရတာလဲ?
ဤဖြစ်နိုင်ချေသေးသေးလေးကို ဆုပ်ကိုင်၍ သူက သိပ်မကြာခင်မှာပင် အန်းမိသားစုအိမ်သို့ သွားရောက် ပြဿနာရှာတော့၏။ သူက ဝမ်ချင်းလန်နှင့် အခြားသူများထံမှ တစ်ခုခုရှာတွေ့ဖို့ရန် မျှော်လင့်နေချေ၏။ သူတို့ဆီကနေ သတင်းအချက်အလက်တွေ ရဖို့အတွက် သောက်ရမ်းခက်ခဲတယ်ဆိုတာ ဘယ်သူတွေးမိမှာတဲ့လဲ?သူက သူတို့ထံမှ သတင်းအချက်အလက် တစ်ခွန်းမျှပင် မသိခဲ့ရပါချေ။
ဝမ်ချင်းလန်တို့ လူစုမှာ လက်ထပ်ပွဲအကြောင်း ကြားသည်နှင့် တုန်လှုပ်ကုန်ကြ၏။
အန်းကျီယန် သူ့မောင်နှမသားချင်းများနှင့် ထွက်ခွာသွားစဥ်က သူတို့ကို ပြောခဲ့သည်မှာ သွေးဝေးသည့် ဆွေမျိုးများနှင့် သွားရောက်တွေ့ဆုံရန် ဟူ၍...။ သို့သော်လည်း တကယ်တမ်းတွင်တော့ အန်းမိသားစုတွင် ဆွေမျိုးများစွာ မရှိလေသည်မို့ သူတို့က အန်းကျီယန် သူ့ဦးရီးနှင့် ပတ်သတ်သည့် ကိစ္စကို လုပ်ရန်သွားသည် ဆိုသည်ကို ခန့်မှန်းမိကြ၏။
တစ်ခါက အန်းချန်တိသည် လယ်သမားများကြား ဝင်မွှေပစ်ကာ အန်းမိသားစုကို ဒုက္ခပေးခဲ့သည်။ ယင်းမှာ လျှို့ဝှက်ချက် မဟုတ်လေသည်မို့ နောက်ပိုင်းတွင် လူအချို့က အမှန်တရားဘက်မှ ရပ်တည်ကြပြီး အရှုပ်အထွေး၏နောက်ကွယ်မှ အဓိကလက်သည်ကို ဖော်ထုတ်ပစ်ခဲ့ကြ၏။ဦးရီး ဖြစ်နေသူက အန်းမိသားစု၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေခြင်းပါပင်။ ထိုအချိန်က ဒီလူသည်လည်း လုယက်သူထဲမှ တစ်ယောက်ဖြစ်သည်။ သူက ပထမဆုံးဦးဆောင်ကာ ပြဿနာရှာသည့်သူလည်း ဖြစ်၏။ သူက အာရုံစိုက်ခံရအောင် လုပ်ခဲ့သည်မို့ လူအနည်းငယ်က သူ့အား မှတ်မိနေကြဆဲပင်။ သူ ပြောလာသည့်အခါတွင်တော့ လူတိုင်းက ယုံကြည်ပေးကြသည်။
ထို့နောက်တွင်တော့ အန်းချန်တိမှာ လူအထင်အမြင်သေးစရာ ဖြစ်လာလေတော့၏။
သူ လမ်းအပြင်ဘက်သို့ ထွက်မိသည့်အချိန်တိုင်း လူအများက လက်ညှိုးထိုးကာ ဆူပူအုံကြွမှုဖြစ်စေသည့်အတွက် ဆဲရေးအပြစ်တင်ကုန်ကြသည်။ သူက စာပေပညာရှင် ဘွဲ့ထူးကို ရရှိထားသော်ငြား ၊ ညီငယ်သေဆုံးပြီး မကြာခင်မှာပင် တူတော်စပ်သူ၏ ပိုင်ဆိုင်မှုများအား မျက်စိကျနေသူအဖြစ် အကြည့်ခံနေရ၏။ ထိုမျှပင်မကသေး...သူက အန်းမိသားစုကို ဒုက္ခပေးဖို့ရာအတွက် လူများကိုပင် စေခိုင်းလိုက်သေးသည်။ ဤကဲ့သို့သော သူမျိုးသည် ပညာရှိ ဂုဏ်ထူးဆောင် ဖြစ်နေလျှင်တောင်မှ လူထု၏ ခြေဖြင့် ကန်ကျောက်ခြင်းကိုသာ ခံရပေလိမ့်မည်။
အန်းချန်တိမှာ စိတ်ဆတ်သောလူပင်ဖြစ်သည်။ သူက အထင်အမြင်သေးခံရသည့် အကြည့်များကို မခံနိုင်တော့သည်မို့ စီရင်စုအောက်တရားသူကြီး ကို သွားရှာလေတော့၏။ သူက အောက်တရားသူကြီး ကို သူ့နောက်ကွယ်တွင် သူ့မကောင်းကြောင်း ပြောသည့်သူများအား ရှာဖွေဖမ်းဆီးပေးစေလိုခြင်း ဖြစ်သည်။ ရလဒ်ကတော့ သူ့ကို စီရင်စုအောက်တရားသူကြီး က လှောင်ရယ်လိုက်ခြင်းပါပင်။
သူက ပညာရှိဖြစ်သည်လေ... ဒီအချက်ကို သူဘာကြောင့် နားမလည်ရပါသနည်း?နောက်ကွယ်၌ အတင်းပြောသမျှလူတိုင်းကိုသာ ဖမ်းဆီးလိုက်ရမည်ဆိုပါက...လူအမြောက်အမြားကို ဖမ်းပစ်ရမည်ပင်။ လူအားလုံးကို ဖမ်းဆီးဖို့ရာမှာ တာ့ယာပြည်တွင် အကျဥ်းထောင်အမြောက်အမြား လုံလုံလောက်လောက် ရှိပါ၏။ သို့သော် အကျဥ်းထောင်တိုင်းရှိ လူများကိုသာ အစားအစာ ကျွေးရပါက ဧကရာဇ်၏ ဘဏ္ဍာရေးမှာ ပြိုလဲသွားပေလိမ့်မည်။ ဦးနှောက်မရှိသည့်သူသာ ဤသို့ ဦးနှောက်မရှိသည့်အတွေးမျိုးကို တွေးမိပေမည်။
အန်းချန်တိ ဘယ်လိုပင် မြှောက်ထိုးပင့်ကော်လုပ်နေပါစေ သူက တောင့်ခံနေသည်မို့...အန်းချန်တိ၏ ဂုဏ်သတင်းမှာ အညစ်အကြေးရေပမာ နံဟောင်၍ နေလေပေပြီ။
သို့သော်လည်း အန်းချန်တိတွင် စာပေမိသားစုမှ ဇနီးတစ်ယောက်ရှိပြီး ဝမ်ချင်းလန်တို့ကလည်း ယင်းကို သိကြ၏။
အန်းမိသားစုမှာ လုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားမှုများကို ချုပ်ကိုင်ထားကြသည်။ အန်းချန်ဖူ သေဆုံးသွားပြီးနောက် အချို့သူနှင့် လုပ်ငန်းဆက်နွယ်မှုများ ကျိုးပျက်သွားရ၏။ အခြားသူများမှာလည်း စီရင်စုအောက်တရားသူကြီး တစ်ယောက်နှင့် အတိုက်အခံလုပ်နိုင်သည့် အာဏာမျိုးမရှိပေ။ ထို့ကြောင့် ကိုယ်လုပ်တော်များ တွေးလိုက်မိသည်က အန်းကျီယန် သည် အနှီဒုက္ခမှ ရှောင်ဖယ်လိုခြင်း ဟူ၍။ သူတို့က အရင်သခင်ကြီး ဖုံးကွယ်ထားသည့် လွန်လေပြီးသော နှစ်များစွာကတည်းက လက်ထပ်ပွဲကိစ္စကြောင့် ဟု ဘယ်တုန်းကမှ မတွေးထားခဲ့မိပါချေ။
"ဘာလို့လဲ? ဘာလို့ အန်းယွီကျီး ဖြစ်ရတာလဲ? ငါ့သမီးလေးက အန်းယွီကျီး ထက် ဘယ်နေရာကများ ချို့ယွင်းနေလို့လဲ?"
ဒေါသတလူလူဖြင့် ဖန်ကျန်းပင်က သူမစားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို လက်နှင့် အကုန်လှဲချပစ်လေ၏။ 'ဘန်း'ခနဲ ကျကွဲသံနှင့် ကြမ်းပြင်ပေါ်၌ ပစ္စည်းများ ပြန့်ကြဲသွားသည်။ သူမ လက်အားကြောင့် ရတနာပစ္စည်းအပိုင်းအစများက အခန်း၏ ထောင့်လေးထောင့်ဆီ လွင့်စင်သွားရသည်။
လက်ထပ်ရမည့်တစ်ဖက်လူမှာ ကျွင်းကျီမြို့က အတော်အတန် ကြွယ်ဝသူ ဖြစ်ကြောင်း သူမ သိလိုက်ရချိန်မှာတော့ မကျေမနပ်မှုတို့ စုပြုံတိုးဝင်လာရ၏။ ယင်းမှာ အန်းကျီယန် မျှော်မှန်းထားသကဲ့သို့ပါပင်။ သူမသမီးသည် အသက် ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်ကာ ယခုချိန်ထိ လက်မထပ်ရသေးပေ...ဒီတော့ သူမက ဘယ်လိုများ အန်းယွီကျီး ကို အရင်ဆုံး လက်ထပ်ခွင့် ပြုနိုင်ပါ့မလဲ? အန်းယွီကျီး က လျှိုမေးရှန့် ရဲ့ သမီး ဖြစ်နေတော့ရော ဘာဖြစ်သလဲ? ထိုမိန်းမက သေဆုံးသွားပြီးချေပြီ။
အန်းချောင်က ဘာမှ မပြောဘဲ တစ်ဖက်၌ မတ်တပ်ရပ်နေပါသော်ငြား သူမမျက်နှာမှာ ထင်ထင်ရှားရှား မည်းမှောင်၍ နေသည်။
တခြားအခန်းဖြစ်သော တတိယကိုယ်လုပ်တော် ကျန်းပိ၏ အခန်းတွင်မူ မျှော်လင့်မထားစွာ တည်ငြိမ်နေလေ၏။
ကျန်းပိက ဖျက်ဆီးတတ်ပြီး အဆိပ်ပြင်းလှသည့် လျှာ ရှိပေသည်။ သူမက ဖန်ကျန်းပင်နှင့် မတူပါချေ။ ဒေါသထွက်သည်နှင့် ပစ္စည်းများကို လွှင့်ပစ်ပြီး အခန်းကို ရှုပ်ပွအောင်လည်း မပြုမူပါပေ။ အန်းကျီယန် အိမ်တော်၏ခေါင်းဆောင် ဖြစ်သွားကတည်းက ကိုယ်လုပ်တော်များ ရရှိသည့် လစဥ်ငွေမှာ တစ်ဝက်မျှ ဖြတ်တောက်ခံလိုက်ရ၏။ အခန်းထဲရှိ ပစ္စည်းများသာ ကျိုးပဲ့သွားပါက ပြန်လည်ပြင်ဆင်စရိတ်ကို လစဥ်ထောက်ပံ့ကြေးမှ ထုတ်သုံးရလိမ့်မည် ဖြစ်သည်။
"အမေ...အခွင့်အရေးကောင်းရမယ့် အချိန်ကိုသာ စောင့်နေလိုက်ပါ။ အမေ့သမီး ကျွန်မက စီရင်စုအောက်တရားသူကြီး ကျင်းထက် အဆင့်အတန်း မြင့်မားတဲ့သူကို လက်ထပ်ရလိမ့်မယ်။ အဲ့ဒီအခါကျရင် အန်းကျီယန်ဆိုတဲ့ကောင်က သမီးတို့ရှေ့မှာ မောက်မာနိုင်သေးလား ကြည့်ရသေးတာပေါ့။ သူက အန်းယွမ်စီရင်စုရဲ့ မြေပိုင်ရှင် ဖြစ်နေရင်တောင်မှ ဒူးထောက်ပြီးတော့ သမီးကို အလေးအမြတ်ပြုဖို့ပဲ တတ်နိုင်လိမ့်မယ်"
အန်းခယ့်ရှင်း အစက်ဆုပ်ဆုံးသူမှာ အန်းကျီယန် ပင် ဖြစ်သည်။ သူတို့၏ မွေးနေ့မှာ သုံးရက်သာ ကွာဟပြီး ငယ်စဥ်ကတည်းကပင် သူမတို့အဖေဆီမှ အာရုံစိုက်မှုကို ခိုးယူသွားသည်မို့ သူ့ကို မုန်းတီးနေရခြင်းပါပင်။ သူမ အမြဲတမ်း ယုံကြည်ထားမိသည်က သူမအဖေထံမှ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို မရရှိခဲ့ရခြင်းမှာ အန်းကျီယန် ကြောင့် ဟူ၍။
ကျန်းပိက ချက်ချင်းဆိုသလို သူမလက်ကို ဆွဲယူလိုက်လေ၏။
"သမီးလေး...သေချာပေါက် အမေ့အတွက် လက်စားချေပေးရမယ်နော်"
"အမေ...စိတ်မပူပါနဲ့။ အမေ့သမီးက ဒီအတိုင်း လွှတ်မပေးပါဘူး"
အန်းခယ့်ရှင်း မှာ သူမအမေ၏ အလှအပတရားကို အမွေဆက်ခံထားသည်။ ထို့ကြောင့် သူမကိုယ်သူမ ယုံကြည်မှုအပြည့် ရှိပေ၏။
ဝမ်ချင်းလန် အတွက်ကတော့ သူမမှာ ကလေးတစ်ယောက်မျှ မရှိပါချေ။ အခြား ကိုယ်လုပ်တော် နှစ်ယောက်နှင့် မတူညီလေဘဲ သူမ၏ အနာဂတ်မှာ အန်းကျီယန် အပေါ်၌သာ မှီခိုထားနိုင်ကြောင်း နားလည်ထားပေသည်။ သူမ၏ စိတ်ထဲတွင်တော့ တွက်ချက်မှုများနှင့် ပြည့်နှက်လို့နေသည်။ ထို့ကြောင့်လည်း အန်းကျီယန် ပြန်လာပြီ ဖြစ်ကြောင်း ကြားလိုက်ရချိန်၌ သူမက သူ့ကို အရင်ဆုံး ထွက်ကြိုသည့်သူ ဖြစ်ချေ။
အဝေးမှ နေ၍ သူမက အန်းကျီယန်နှင့် ပုခုံးချင်းယှဥ်လျှောက်လာသည့် ဖူဝူထျန်းကို မြင်နေရပါ၏။ ထိုသူက တစ်ချက်ကြည့်လိုက်ရုံနှင့် သူမတစ်ကိုယ်လုံးက အေးခဲတုန်ယင်သွားရတော့သည်။
[T/N - ဒီရက်အတောအတွင်း 1 day\1 Chapter နဲ့ သွားပါဦးမယ်နော် 💕 နောက်ရက်နည်းနည်း ကြာမှ surprise ကြီးကြီးလေး ပြင်ပေးပါ့မယ်။ နှစ်ပိုင်းခွဲထားတာမျိုးဆို တစ်နေ့တည်း နှစ်ပိုင်းလုံး တင်ပေးမှာပါ Don't worry နော် 🙆🖤]
Zawgyi
အပိုင္း (၄၈) - အန္းမိသားစုသို႔ အျပန္
ေနာက္ဆုံးေတာ့ ေနာက္တစ္ေန႕တြင္ အန္းယြမ္စီရင္စုသို႔ သူတို႔ေရာက္ရွိသြားေလၿပီ။
အရင္ညက သူတို႔မွာ ၿမိဳ႕ငယ္တစ္ၿမိဳ႕ရွိ တည္းခိုခန္းတြင္ တစ္ညတာ နားခဲ့ၾကျခင္းျဖစ္သည္။ ေနာက္တစ္ေန႕တြင္ ခပ္ေစာေစာ ခရီးဆက္ထြက္လာၾကသည္မို႔ ခရီးလမ္းဆုံးဆီသို႔ နာရီဝက္ႏွင့္ ေရာက္သြားေလေတာ့၏။ အန္းယြမ္စီရင္စုရွိ လယ္သမားမ်ားမွာ မနက္ဆို ေစာေစာထၿပီး ညဘက္ဆို ေနာက္က်မွ အိပ္ၾကရသည္။ သူတို႔မွာ အန္းက်ီယန္တို႔ အဖြဲ႕၏ အရိပ္အေယာင္ကို ျမင္လိုက္ရခ်ိန္တြင္ ေကာင္းကင္မွာ အလင္းတစ္ပ်မွ ယွက္သန္းမလာေသးပါေပ။
အန္းယြမ္စီရင္စု၏ တည္ေနရာမွာ မေဝးကြာလွေခ်။ တစ္ခါတစ္ရံ လွည္းတန္းမ်ား ျဖတ္သြားတတ္ၾကသည္ကို ျမင္ရေပသည္။ သို႔ေသာ္ ယင္းတို႔မွာ ကုန္သည္လွည္းတန္းမ်ား ျဖစ္ေခ်၏။ ထို႔ေၾကာင့္လည္း အလြန္တရာ ခ်မ္းသာ ႂကြယ္ဝမေနၾကပါေပ။ ထို႔ေၾကာင့္ လယ္သမားမ်ားမွာ ခမ္းနားထည္ဝါလွသည့္ ဖူနန္းေတာ္မွ ျမင္းလွည္းကို ျမင္လိုက္ရခ်ိန္တြင္ လုပ္လက္စအလုပ္မ်ားကို ရပ္တန့္လိုက္မိကာ ရပ္ၾကည့္ေနမိၾက၏။ သူတို႔က ျမင္းလွည္းကို အန္းယြမ္စီရင္စု၏ လမ္းတစ္ခုထဲသို႔ ဝင္သြားသည္အထိ လိုက္ၾကည့္ေနၾကသည္။ ထို႔ေနာက္ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ စကားလုံးနည္းနည္းမွ် ေျပာလိုက္ၾကကာ လယ္အလုပ္ကို ဆက္လက္လုပ္ကိုင္လိုက္ၾက၏။
ျမင္းလွည္းက မၾကာမီမွာပင္ အန္းအိမ္ေတာ္ရဲ႕ အဓိကတံခါးေပါက္မ်ား ေရွ႕တြင္ ရပ္တန့္လိုက္ေပသည္။
ဂိတ္ေပၚတြင္ ထိုင္ကာ ေငးေမာေနပါေသာ တံခါးေစာင့္သည္ တုန္လႈပ္သြားေလကာ ခုန္ဆင္းလိုက္ေလ၏။ သူက ျမင္းလွည္းကို စိတ္လႈပ္ရွား တုန္ယင္စြာျဖင့္ ၾကည့္ေနမိသည္။ သူက ဤသို႔ တန္ဖိုးႀကီးမားလွသည့္ ျမင္းလွည္းမ်ိဳးကို တစ္ခါမွ မျမင္ဖူးသလို အန္းမိသားစုတြင္လည္း ဤမွ် ေကာင္းသည့္ ျမင္းလွည္းမ်ိဳး မရွိပါေပ။ ထို႔ေၾကာင့္ သူက မိသားစု၏ သခင္ေလး ျပန္လာျခင္းဟု ထင္မထားမိပါေပ။ ဖူဝူထ်န္း က အန္းက်ီယန္ ကို ျမင္းလွည္းေပၚမွ ဆင္းဖို႔ရာ ကူညီေပးလိုက္ခ်ိန္မွာေတာ့ သူ႕ေမးေစ့မွာ ေအာက္သို႔ ျပဳတ္က်သြားသလို ခံစားလိုက္ရ၏။
"သခင္ေလး...ေနာက္ဆုံးေတာ့ သခင္ေလး ျပန္လာၿပီ "
တံခါးေစာင့္က အန္းက်ီယန္ကို မမွိတ္မသုန္ စိုက္ၾကည့္လိုက္ကာ အနားသို႔ေရာက္လာေလေတာ့သည္။
အန္းက်ီယန္က ေမးလိုက္၏။
"ကြၽန္ေတာ္ အေဝးေရာက္ေနၿပီး မရွိတဲ့အခ်ိန္တုန္းက မိသားစုထဲမွာ ကိစၥႀကီးတစ္ခုခုမ်ား ျဖစ္သြားေသးလား?"
တံခါးေစာင့္က သူ႕ေခါင္းကို တစ္ခ်က္ခါယမ္းျပလိုက္မိေသာ္ျငား တစ္ခုခု ကို ျပန္စဥ္းစားမိခ်ိန္တြင္ သူက ေခါင္းၿငိမ့္ျပ၏။
"သခင္ႀကီး နဲ႕ သူ႕ဇနီး တစ္ခါလာသြားေသးတယ္။ သူတို႔က ရန္ပြဲအႀကီးႀကီး ျဖစ္သြားၾကတာပဲ။ ဒါေပမဲ့ သခင္ေလးကလည္း ဒီမွာမရွိသလို ကိုယ္လုပ္ေတာ္ဖန္ကလည္း ဆုံးျဖတ္ဖို႔အတြက္ အာဏာမရွိဘူးေလ။ အဲ့တာနဲ႕ သူတို႔ ျပန္သြားၾကတာပဲ"
အန္းက်ီယန္က ေခါင္းၿငိမ့္ကာ အထဲသို႔ ေလွ်ာက္ဝင္သြားေလ၏။ သူက သူ႕ဦးရီတို႔ လင္မယား ဘာလို႔ လာသြားသည္ကို မေမးေပ။
တံခါးေစာင့္က သခင္ေလးႏွင့္အတူ လိုက္ပါသြားေသာလူကို ၾကည့္လိုက္မိ၏။ ထိုသူက ပါးစပ္ကို ဖြင့္ကာ တစ္ခုခုေျပာခ်င္ေနဟန္ရသည္။ သူ႕လို အေစခံတစ္ေယာက္သည္ပင္ ထိုသူသည္ သာမန္လူမဟုတ္ေၾကာင္း ေျပာနိုင္ေပ၏။ သခင္ေလးက ခရီးဘာလို႔ထြက္ၿပီး ဤကဲ့သို႔ေသာ သူမ်ိဳးကို ေခၚေဆာင္လာသည္ကိုေတာ့ သူမေတြးမိပါေခ်။
ပထမတြင္ ဝမ္ခ်င္းလန္ ႏွင့္ အျခားကိုယ္လုပ္ေတာ္မ်ားက အန္းက်ီယန္ႏွင့္ သူ႕ေမာင္ႏွမသားခ်င္းမ်ား ဘာေၾကာင့္ အန္းယြမ္စီရင္စုကေန ခရီးထြက္သြားသည္ကို မမွန္းဆနိုင္ၾကေပ။ အရင္သခင္ႀကီးက ဤကဲ့သို႔ ႀကီးမားလွသည့္ လွ်ို႔ဝွက္ခ်က္ႀကီးကို ဖုံးကြယ္ထားလိမ့္မည္ဟု သူတို႔ မသိထားၾကပါေခ်။ ထို႔အျပင္ သူက လက္ထပ္ပြဲကိစၥကို အျပင္သို႔ ေပါက္ၾကားခြင့္မျပဳသည့္အတြက္ ဤကိစၥကို လူအမ်ားႀကီး မသိထားဘူး ျဖစ္သည္။
အဲ့ဒီေနာက္ အန္းခ်န္တိက ေရာက္လာကာ ျပႆနာရွာေလေတာ့၏။
အန္းခ်န္တိက အန္းက်ီယန္ သာ္ ကြၽင္းက်ီၿမိဳ႕သို႔ လက္ထပ္ပြဲျဖစ္ေျမာက္ေရးအတြက္ သြားေၾကာင္း စီရင္စုေအာက္တရားသူႀကီး ထံမွ ၾကားခဲ့ရသည္။ သူက တစ္ခ်ိန္လုံး စိုးရိမ္ပူပန္ေနရေတာ့၏။ ေနာက္ပိုင္းတြင္ စီရင္စုေအာက္တရားသူႀကီး က်င္း ကလည္း ဒီကိစၥကို သိရွိသြားေလ၏။ ထူးျခားဆန္းၾကယ္သည့္ ထိုသူ၏ ေနာက္ခံကို စုံစမ္းဖို႔ရာ မျဖစ္နိုင္သည္မို႔ သူတို႔က အန္းမိသားစုထံမွ အက်ိဳးအျမတ္မ်ားကို ရိတ္သိမ္းဖို႔အတြက္ အလ်င္စလို မႀကိဳးစားရဲၾကေပ။ ထို႔ေၾကာင့္ သူတို႔၏ အစီအစဥ္မ်ားကို ယာယီရပ္တန့္ထားလိုက္ၾကရသည္။ ထိုအေၾကာင္းေၾကာင့္ပင္ အန္းခ်န္တိမွာ ခါးသီးမႈတို႔ျဖင့္ အၿမဲလိုလို မြန္းၾကပ္ေနရျခင္းပါပင္။
အန္းက်ီယန္သာ ကြၽင္းက်ီၿမိဳ႕၌ ေနာက္ခံႀကီးႀကီး ရွာေတြ႕သြားပါလွ်င္ အန္းက်ီယန္ ျပန္လာခ်ိန္တြင္ ပထမဆုံးအေနနဲ႕ ေသခ်ာေပါက္ ေျဖရွင္းပစ္မည့္သူမွာ သူ႕ကို ျဖစ္သည္။
သို႔ေသာ္လည္း ဘာကိစၥပင္ျဖစ္ေစ ၊ သူက အန္းက်ီယန္၏ ဦးရီး ျဖစ္ေနဆဲပင္ ျဖစ္သည္။ အႏွီေကာင္စုတ္ေလးက သူ႕ကို တစ္ခုခုလုပ္ရဲလိမ့္မည္ဟုေတာ့ သူ မထင္ထားေပ။ ဒါေပမဲ့ ဘာလို႔ အဲ့ေကာင္စုတ္ေလးရဲ႕ ႏွလုံးသားက ႐ုတ္တရက္ႀကီး မာေက်ာသြားၿပီးေတာ့ ရက္စက္တတ္သြားရတာလဲ?
ဤျဖစ္နိုင္ေခ်ေသးေသးေလးကို ဆုပ္ကိုင္၍ သူက သိပ္မၾကာခင္မွာပင္ အန္းမိသားစုအိမ္သို႔ သြားေရာက္ ျပႆနာရွာေတာ့၏။ သူက ဝမ္ခ်င္းလန္ႏွင့္ အျခားသူမ်ားထံမွ တစ္ခုခုရွာေတြ႕ဖို႔ရန္ ေမွ်ာ္လင့္ေနေခ်၏။ သူတို႔ဆီကေန သတင္းအခ်က္အလက္ေတြ ရဖို႔အတြက္ ေသာက္ရမ္းခက္ခဲတယ္ဆိုတာ ဘယ္သူေတြးမိမွာတဲ့လဲ?သူက သူတို႔ထံမွ သတင္းအခ်က္အလက္ တစ္ခြန္းမွ်ပင္ မသိခဲ့ရပါေခ်။
ဝမ္ခ်င္းလန္တို႔ လူစုမွာ လက္ထပ္ပြဲအေၾကာင္း ၾကားသည္ႏွင့္ တုန္လႈပ္ကုန္ၾက၏။
အန္းက်ီယန္ သူ႕ေမာင္ႏွမသားခ်င္းမ်ားႏွင့္ ထြက္ခြာသြားစဥ္က သူတို႔ကို ေျပာခဲ့သည္မွာ ေသြးေဝးသည့္ ေဆြမ်ိဳးမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံရန္ ဟူ၍...။ သို႔ေသာ္လည္း တကယ္တမ္းတြင္ေတာ့ အန္းမိသားစုတြင္ ေဆြမ်ိဳးမ်ားစြာ မရွိေလသည္မို႔ သူတို႔က အန္းက်ီယန္ သူ႕ဦးရီးႏွင့္ ပတ္သတ္သည့္ ကိစၥကို လုပ္ရန္သြားသည္ ဆိုသည္ကို ခန့္မွန္းမိၾက၏။
တစ္ခါက အန္းခ်န္တိသည္ လယ္သမားမ်ားၾကား ဝင္ေမႊပစ္ကာ အန္းမိသားစုကို ဒုကၡေပးခဲ့သည္။ ယင္းမွာ လွ်ို႔ဝွက္ခ်က္ မဟုတ္ေလသည္မို႔ ေနာက္ပိုင္းတြင္ လူအခ်ိဳ႕က အမွန္တရားဘက္မွ ရပ္တည္ၾကၿပီး အရႈပ္အေထြး၏ေနာက္ကြယ္မွ အဓိကလက္သည္ကို ေဖာ္ထုတ္ပစ္ခဲ့ၾက၏။ဦးရီး ျဖစ္ေနသူက အန္းမိသားစု၏ ပိုင္ဆိုင္မႈမ်ားကို ပစ္မွတ္ထားေနျခင္းပါပင္။ ထိုအခ်ိန္က ဒီလူသည္လည္း လုယက္သူထဲမွ တစ္ေယာက္ျဖစ္သည္။ သူက ပထမဆုံးဦးေဆာင္ကာ ျပႆနာရွာသည့္သူလည္း ျဖစ္၏။ သူက အာ႐ုံစိူက္ခံရေအာင္ လုပ္ခဲ့သည္မို႔ လူအနည္းငယ္က သူ႕အား မွတ္မိေနၾကဆဲပင္။ သူ ေျပာလာသည့္အခါတြင္ေတာ့ လူတိုင္းက ယုံၾကည္ေပးၾကသည္။
ထို႔ေနာက္တြင္ေတာ့ အန္းခ်န္တိမွာ လူအထင္အျမင္ေသးစရာ ျဖစ္လာေလေတာ့၏။
သူ လမ္းအျပင္ဘက္သို႔ ထြက္မိသည့္အခ်ိန္တိုင္း လူအမ်ားက လက္ညွိုးထိုးကာ ဆူပူအုံႂကြမႈျဖစ္ေစသည့္အတြက္ ဆဲေရးအျပစ္တင္ကုန္ၾကသည္။ သူက စာေပပညာရွင္ ဘြဲ႕ထူးကို ရရွိထားေသာ္ျငား ၊ ညီငယ္ေသဆုံးၿပီး မၾကာခင္မွာပင္ တူေတာ္စပ္သူ၏ ပိုင္ဆိုင္မႈမ်ားအား မ်က္စိက်ေနသူအျဖစ္ အၾကည့္ခံေနရ၏။ ထိုမွ်ပင္မကေသး...သူက အန္းမိသားစုကို ဒုကၡေပးဖို႔ရာအတြက္ လူမ်ားကိုပင္ ေစခိုင္းလိုက္ေသးသည္။ ဤကဲ့သို႔ေသာ သူမ်ိဳးသည္ ပညာရွိ ဂုဏ္ထူးေဆာင္ ျဖစ္ေနလွ်င္ေတာင္မွ လူထု၏ ေျချဖင့္ ကန္ေက်ာက္ျခင္းကိုသာ ခံရေပလိမ့္မည္။
အန္းခ်န္တိမွာ စိတ္ဆတ္ေသာလူပင္ျဖစ္သည္။ သူက အထင္အျမင္ေသးခံရသည့္ အၾကည့္မ်ားကို မခံနိုင္ေတာ့သည္မို႔ စီရင္စုေအာက္တရားသူႀကီး ကို သြားရွာေလေတာ့၏။ သူက ေအာက္တရားသူႀကီး ကို သူ႕ေနာက္ကြယ္တြင္ သူ႕မေကာင္းေၾကာင္း ေျပာသည့္သူမ်ားအား ရွာေဖြဖမ္းဆီးေပးေစလိုျခင္း ျဖစ္သည္။ ရလဒ္ကေတာ့ သူ႕ကို စီရင္စုေအာက္တရားသူႀကီး က ေလွာင္ရယ္လိုက္ျခင္းပါပင္။
သူက ပညာရွိျဖစ္သည္ေလ... ဒီအခ်က္ကို သူဘာေၾကာင့္ နားမလည္ရပါသနည္း?ေနာက္ကြယ္၌ အတင္းေျပာသမွ်လူတိုင္းကိုသာ ဖမ္းဆီးလိုက္ရမည္ဆိုပါက...လူအေျမာက္အျမားကို ဖမ္းပစ္ရမည္ပင္။ လူအားလုံးကို ဖမ္းဆီးဖို႔ရာမွာ တာ့ယာျပည္တြင္ အက်ဥ္းေထာင္အေျမာက္အျမား လုံလုံေလာက္ေလာက္ ရွိပါ၏။ သို႔ေသာ္ အက်ဥ္းေထာင္တိုင္းရွိ လူမ်ားကိုသာ အစားအစာ ေကြၽးရပါက ဧကရာဇ္၏ ဘ႑ာေရးမွာ ၿပိဳလဲသြားေပလိမ့္မည္။ ဦးႏွောက္မရွိသည့္သူသာ ဤသို႔ ဦးႏွောက္မရွိသည့္အေတြးမ်ိဳးကို ေတြးမိေပမည္။
အန္းခ်န္တိ ဘယ္လိုပင္ ျမႇောက္ထိုးပင့္ေကာ္လုပ္ေနပါေစ သူက ေတာင့္ခံေနသည္မို႔...အန္းခ်န္တိ၏ ဂုဏ္သတင္းမွာ အညစ္အေၾကးေရပမာ နံေဟာင္၍ ေနေလေပၿပီ။
သို႔ေသာ္လည္း အန္းခ်န္တိတြင္ စာေပမိသားစုမွ ဇနီးတစ္ေယာက္ရွိၿပီး ဝမ္ခ်င္းလန္တို႔ကလည္း ယင္းကို သိၾက၏။
အန္းမိသားစုမွာ လုပ္ငန္းမ်ားႏွင့္ ေရာင္းဝယ္ေဖာက္ကားမႈမ်ားကို ခ်ဳပ္ကိုင္ထားၾကသည္။ အန္းခ်န္ဖူ ေသဆုံးသြားၿပီးေနာက္ အခ်ိဳ႕သူႏွင့္ လုပ္ငန္းဆက္ႏြယ္မႈမ်ား က်ိဳးပ်က္သြားရ၏။ အျခားသူမ်ားမွာလည္း စီရင္စုေအာက္တရားသူႀကီး တစ္ေယာက္ႏွင့္ အတိုက္အခံလုပ္နိုင္သည့္ အာဏာမ်ိဳးမရွိေပ။ ထို႔ေၾကာင့္ ကိုယ္လုပ္ေတာ္မ်ား ေတြးလိုက္မိသည္က အန္းက်ီယန္ သည္ အႏွီဒုကၡမွ ေရွာင္ဖယ္လိုျခင္း ဟူ၍။ သူတို႔က အရင္သခင္ႀကီး ဖုံးကြယ္ထားသည့္ လြန္ေလၿပီးေသာ ႏွစ္မ်ားစြာကတည္းက လက္ထပ္ပြဲကိစၥေၾကာင့္ ဟု ဘယ္တုန္းကမွ မေတြးထားခဲ့မိပါေခ်။
"ဘာလို႔လဲ? ဘာလို႔ အန္းယြီက်ီး ျဖစ္ရတာလဲ? ငါ့သမီးေလးက အန္းယြီက်ီး ထက္ ဘယ္ေနရာကမ်ား ခ်ိဳ႕ယြင္းေနလို႔လဲ?"
ေဒါသတလူလူျဖင့္ ဖန္က်န္းပင္က သူမစားပြဲေပၚရွိ ပစၥည္းအားလုံးကို လက္ႏွင့္ အကုန္လွဲခ်ပစ္ေလ၏။ 'ဘန္း'ခနဲ က်ကြဲသံႏွင့္ ၾကမ္းျပင္ေပၚ၌ ပစၥည္းမ်ား ျပန့္ႀကဲသြားသည္။ သူမ လက္အားေၾကာင့္ ရတနာပစၥည္းအပိုင္းအစမ်ားက အခန္း၏ ေထာင့္ေလးေထာင့္ဆီ လြင့္စင္သြားရသည္။
လက္ထပ္ရမည့္တစ္ဖက္လူမွာ ကြၽင္းက်ီၿမိဳ႕က အေတာ္အတန္ ႂကြယ္ဝသူ ျဖစ္ေၾကာင္း သူမ သိလိုက္ရခ်ိန္မွာေတာ့ မေက်မနပ္မႈတို႔ စုၿပဳံတိုးဝင္လာရ၏။ ယင္းမွာ အန္းက်ီယန္ ေမွ်ာ္မွန္းထားသကဲ့သို႔ပါပင္။ သူမသမီးသည္ အသက္ ဆယ့္ရွစ္ႏွစ္ရွိၿပီ ျဖစ္ကာ ယခုခ်ိန္ထိ လက္မထပ္ရေသးေပ...ဒီေတာ့ သူမက ဘယ္လိုမ်ား အန္းယြီက်ီး ကို အရင္ဆုံး လက္ထပ္ခြင့္ ျပဳနိုင္ပါ့မလဲ? အန္းယြီက်ီး က လွ်ိုေမးရွန့္ ရဲ႕ သမီး ျဖစ္ေနေတာ့ေရာ ဘာျဖစ္သလဲ? ထိုမိန္းမက ေသဆုံးသြားၿပီးေခ်ၿပီ။
အန္းေခ်ာင္က ဘာမွ မေျပာဘဲ တစ္ဖက္၌ မတ္တပ္ရပ္ေနပါေသာ္ျငား သူမမ်က္ႏွာမွာ ထင္ထင္ရွားရွား မည္းေမွာင္၍ ေနသည္။
တျခားအခန္းျဖစ္ေသာ တတိယကိုယ္လုပ္ေတာ္ က်န္းပိ၏ အခန္းတြင္မူ ေမွ်ာ္လင့္မထားစြာ တည္ၿငိမ္ေနေလ၏။
က်န္းပိက ဖ်က္ဆီးတတ္ၿပီး အဆိပ္ျပင္းလွသည့္ လွ်ာ ရွိေပသည္။ သူမက ဖန္က်န္းပင္ႏွင့္ မတူပါေခ်။ ေဒါသထြက္သည္ႏွင့္ ပစၥည္းမ်ားကို လႊင့္ပစ္ၿပီး အခန္းကို ရႈပ္ပြေအာင္လည္း မျပဳမူပါေပ။ အန္းက်ီယန္ အိမ္ေတာ္၏ေခါင္းေဆာင္ ျဖစ္သြားကတည္းက ကိုယ္လုပ္ေတာ္မ်ား ရရွိသည့္ လစဥ္ေငြမွာ တစ္ဝက္မွ် ျဖတ္ေတာက္ခံလိုက္ရ၏။ အခန္းထဲရွိ ပစၥည္းမ်ားသာ က်ိဳးပဲ့သြားပါက ျပန္လည္ျပင္ဆင္စရိတ္ကို လစဥ္ေထာက္ပံ့ေၾကးမွ ထုတ္သုံးရလိမ့္မည္ ျဖစ္သည္။
"အေမ...အခြင့္အေရးေကာင္းရမယ့္ အခ်ိန္ကိုသာ ေစာင့္ေနလိုက္ပါ။ အေမ့သမီး ကြၽန္မက စီရင္စုေအာက္တရားသူႀကီး က်င္းထက္ အဆင့္အတန္း ျမင့္မားတဲ့သူကို လက္ထပ္ရလိမ့္မယ္။ အဲ့ဒီအခါက်ရင္ အန္းက်ီယန္ဆိုတဲ့ေကာင္က သမီးတို႔ေရွ႕မွာ ေမာက္မာနိုင္ေသးလား ၾကည့္ရေသးတာေပါ့။ သူက အန္းယြမ္စီရင္စုရဲ႕ ေျမပိုင္ရွင္ ျဖစ္ေနရင္ေတာင္မွ ဒူးေထာက္ၿပီးေတာ့ သမီးကို အေလးအျမတ္ျပဳဖို႔ပဲ တတ္နိုင္လိမ့္မယ္"
အန္းခယ့္ရွင္း အစက္ဆုပ္ဆုံးသူမွာ အန္းက်ီယန္ ပင္ ျဖစ္သည္။ သူတို႔၏ ေမြးေန႕မွာ သုံးရက္သာ ကြာဟၿပီး ငယ္စဥ္ကတည္းကပင္ သူမတို႔အေဖဆီမွ အာ႐ုံစိုက္မႈကို ခိုးယူသြားသည္မို႔ သူ႕ကို မုန္းတီးေနရျခင္းပါပင္။ သူမ အၿမဲတမ္း ယုံၾကည္ထားမိသည္က သူမအေဖထံမွ ခ်စ္ျခင္းႏွင့္ ဂ႐ုစိုက္မႈတို႔ကို မရရွိခဲ့ရျခင္းမွာ အန္းက်ီယန္ ေၾကာင့္ ဟူ၍။
က်န္းပိက ခ်က္ခ်င္းဆိုသလို သူမလက္ကို ဆြဲယူလိုက္ေလ၏။
"သမီးေလး...ေသခ်ာေပါက္ အေမ့အတြက္ လက္စားေခ်ေပးရမယ္ေနာ္"
"အေမ...စိတ္မပူပါနဲ႕။ အေမ့သမီးက ဒီအတိုင္း လႊတ္မေပးပါဘူး"
အန္းခယ့္ရွင္း မွာ သူမအေမ၏ အလွအပတရားကို အေမြဆက္ခံထားသည္။ ထို႔ေၾကာင့္ သူမကိုယ္သူမ ယုံၾကည္မႈအျပည့္ ရွိေပ၏။
ဝမ္ခ်င္းလန္ အတြက္ကေတာ့ သူမမွာ ကေလးတစ္ေယာက္မွ် မရွိပါေခ်။ အျခား ကိုယ္လုပ္ေတာ္ ႏွစ္ေယာက္ႏွင့္ မတူညီေလဘဲ သူမ၏ အနာဂတ္မွာ အန္းက်ီယန္ အေပၚ၌သာ မွီခိုထားနိုင္ေၾကာင္း နားလည္ထားေပသည္။ သူမ၏ စိတ္ထဲတြင္ေတာ့ တြက္ခ်က္မႈမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။ ထို႔ေၾကာင့္လည္း အန္းက်ီယန္ ျပန္လာၿပီ ျဖစ္ေၾကာင္း ၾကားလိုက္ရခ်ိန္၌ သူမက သူ႕ကို အရင္ဆုံး ထြက္ႀကိဳသည့္သူ ျဖစ္ေခ်။
အေဝးမွ ေန၍ သူမက အန္းက်ီယန္ႏွင့္ ပုခုံးခ်င္းယွဥ္ေလွ်ာက္လာသည့္ ဖူဝူထ်န္းကို ျမင္ေနရပါ၏။ ထိုသူက တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ သူမတစ္ကိုယ္လုံးက ေအးခဲတုန္ယင္သြားရေတာ့သည္။
[T/N - ဒီရက္အေတာအတြင္း 1 day\1 Chapter နဲ႕ သြားပါဦးမယ္ေနာ္ 💕 ေနာက္ရက္နည္းနည္း ၾကာမွ surprise ႀကီးႀကီးေလး ျပင္ေပးပါ့မယ္။ ႏွစ္ပိုင္းခြဲထားတာမ်ိဳးဆို တစ္ေန႕တည္း ႏွစ္ပိုင္းလုံး တင္ေပးမွာပါ Don't worry ေနာ္ 🙆🖤]