Unicode
လက်ဖက်ရည်ဆိုင် မှာ ကောက်ရိုးများဖြင့် မိုးကာထားပြီး ရိုးရှင်းလှသည်။ အမိုး၏ အောက်တွင် ခုံနှင့် စားပွဲပေါင်းများစွာ ခင်းကျင်းထား၏။ ဖြတ်သွားသည့်လူများမှာ ရေဆာတာ၊ ဗိုက်ဆာတာမျိုးရှိလာလျှင် ဤဆိုင်ငယ်တစ်ခုတည်း၌သာ နားခိုပြီး ဝမ်းရေးဖြည့်ကြရ၏။ ဤနေရာ၌ ခရီးသွားလာသည်များမှာလည်း အတော်လေးများပြားလှသည်။
လူတိုင်းမှာ ကျေကျေနပ်နပ်ကြီး စပ်စုပြီးကြချိန်တွင် သူတို့၏ အကြည့်များကို အန်းကျီယန်တို့ လူစုထံမှ ဖယ်ခွာသွားကြသည်။ ထို့နောက် လက်ဖက်ရည်ဆိုင် ထဲတွင် လူအများ၏ စကားပြောသံဆိုသံများဖြင့် ပြန်လည် ပြည့်နှက်သွားလေတော့၏။ အချိန်တိုင်းတွင် စားပွဲထိုး၏ ကျယ်လောင်လှသောအသံက စကားပြောနေကြသံတို့ကို ဖုံးလွှမ်းသွားတတ်သည်။ မကြာမီမှာပင် သူတို့၏ လက်ဖက်ရည်နှင့် မုန့်များ လာပို့လေ၏။ ဤအချိန်၌ စားပွဲထိုးက သူတို့ကို ခိုးကြည့်ဖို့ မကြိုးစားတော့ချေ။
နွေဦးအခါသမယပင် ဖြစ်လေသော်ငြား မွန်းတည့်နေက ပူနွေးလွန်းလှသည်။
အရပ်သားနှယ် ဝတ်ဆင်ထားကြသော လယ်သမားများမှာ သူတို့၏ ကလေးငယ်များနှင့်အတူ လက်ဖက်ရည်ဆိုင် အနားတွင် ရုတ်ချည်းဆိုသလို ပေါ်လာကြလေ၏။
အရွယ်ရောက်ပြီးသူများက ကြီးမားလှသည့်အိတ်ကြီးများကို သယ်ကာ လက်ဖက်ရည်ဆိုင် ဆီသို့ ကလေးများကို ဦးဆောင် ခေါ်လာကြ၏။ သူတို့၏ မျက်နှာအမူအရာမှာ မကောင်းလှပါပေ။ လက်ဖက်ရည်ဆိုင်ထဲရှိ လူများမှာ အကူအညီမဲ့ဟန်ဖြင့် အသစ်ရောက်လာသူများကို သိလိုစိတ်ပြင်းပြစွာ ကြည့်နေကြသည်။
"ဘေးဒုက္ခတွေကတော့ နေရာတိုင်းမှာ တွေ့ကြတာပဲ။ ဒီနှစ်ထဲမှာ ပိုပိုဆိုးရွားလာတယ်"
လျှော်ထည်အဝတ်ကြမ်းကို ဝတ်ဆင်ထားသည့် လူကြီးက သူ့ခွက်ကို စားပွဲပေါ်သို့ လေးပင်စွာ ချလိုက်ချေပြီး အသံကျယ်ကြီးနှင့် ပြောလိုက်လေ၏။
စားပွဲတစ်ခုထဲရှိ အခြားလူမှာလည်း ရုတ်တရက် မေးလိုက်မိ၏။
"သူတို့က ဘေးဒုက္ခကနေ ထွက်ပြေးလာတယ်လို့ ခင်ဗျားက ဘယ်လိုသိတုန်း?"
အနှီလူကြီးက ပြန်ပြောလေသည်။
"ဒီသုံးနှစ်တာအတွင်း မင်းက ဒီမှာမရှိဘူးဆိုတော့ မင်းမသိတာက သဘာဝကျပါတယ်။ ချန်းစီရင်စုကနေ မေပယ်မြို့တော်ကို ရောက်ဖို့အတွက် ဒီနေရာတစ်ဝိုက်ကို ဖြတ်သွားရတယ်လေ။ ချန်းစီရင်စု ဆိုတာ ဘယ်လိုနေရာမျိုးမိုလို့လဲ? သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ဖြစ်တတ်တဲ့နေရာမျိုးလေ။ ဘေးဒုက္ခတွေက ကြားကာလတွေဆို ရောက်လာတတ်တယ်။ ရေကြီးတာ မဟုတ်ရင် မိုးခေါင်ရော။ မနှစ်ကဆို ရေကြီးပြီးတော့ လယ်ယာမြေတွေ နဲ့ ရွာတွေအများကြီး ရေမြုပ်ကုန်ကြတယ်။ လူတော်တော်များများက မနေကြတော့ပဲနဲ့ တခြားနေရာတွေကို ပြောင်းသွားကြပြီ"
တစ်ဖက်လူက ခေါင်းငြိမ်လိုက်သော်ငြား တစ်ခုခုကို တွေးမိဟန်ဖြင့် ပြန်ပြောလာ၏။
"ချန်းစီရင်စု နဲ့ အနီးဆုံး က မေပယ်မြို့တော် ပဲ။လူတွေကသာ ပြောင်းရွှေ့မယ်ဆိုရင် မေပယ်မြို့တော် ကိုပဲ အမြဲတမ်း သွားကြမှာပဲ။ ဒါပေမဲ့ ဒီနှစ် ချန်းစီရင်စု မှာ ဘာ သဘာဝဘေးအန္တရာယ်တွေမှ မဖြစ်ပါဘူး။ ဒီတော့ ချန်းစီရင်စု က လူတွေက ဘာလို့ ဒီနေရာမှာ ပေါ်လာကြပါလိမ့်?"
"ဒါတော့ ငါလည်းမသိဘူး"
လူကြီးက သူ့မေးစေ့ကို ပွတ်သပ်လိုက်ရင်း ပြောလာသည်။
"ဖြစ်နိုင်တာက နောက်ပိုင်းကျရင် သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာမှာကို သူတို့ကြောက်လို့နေမှာပေါ့။ ဒီတော့ သူတို့က ဦးအောင်ပြောင်းထားတာဖြစ်မယ်။ ပြီးတော့လည်း မနှစ်တုန်းက အထိအခိုက်များတာကိုးကွ"
"ချန်းစီရင်စု ကနေ စောစောထွက်သွားတာက တကယ့်ကို ကောင်းတဲ့အကြံပဲ"
"ဒါပဲပေါ့။ ချန်းစီရင်စု က လူတွေလည်း ဒီလိုမျိုး ရုန်းကန်မနေချင်ကြဘူးလေ။ ပြီးတော့ အင်ပါယာမိသားစု ကလည်း မသိ..."
တစ်ဖက်လူက အလျှင်စလို တိတ်တိတ်နေရန် အချက်ပြလိုက်ကာ အသံကို နှိမ့်ပြောလိုက်၏။
"အင်ပါယာမိသားစု အကြောင်းကို လူရှေ့သူရှေ့ ပြောနေတယ်...မင်း သေချင်နေတာလား?"
သူတို့က ကျွင်းကျီမြို့တော်မှ လာသည့် အန်းကျီယန်တို့ အဖွဲ့ကို တမင်ရည်ရွယ်ကာကြည့်လိုက်မိကြ၏။
လူကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လယ်သမားများ ထဲမှ တစ်ယောက်က စားပွဲထိုး ကို လက်ဖက်ရည်တစ်အိုး မှာကြားလိုက်၏။ စားပွဲထိုး က လက်ဖက်ရည် ကို သယ်လာပေးပြီးနောက်တွင် လယ်သမားက သူ့၏အိတ်ထဲမှ ရိက္ခာခြောက်တစ်ချို့ကို ထုတ်ယူလိုက်လေသည်။ ရိက္ခာခြောက်မှာ စပါးနှံအရောအနှောများနှင့် လုပ်ထားခြင်း ဖြစ်၏။ သူတို့ ထွက်ခွာလာသည်မှာ အတော်ကြာပြီမို့ အသားတို့မှာ ကြမ်းတမ်းနေလေပြီ။ သူက သူ့ဇနီးနှင့်သားတို့ကို မုန့်ကြမ်းတစ်ပိုင်းစီ ပေးလိုက်ပြီး သူ့အတွက်ဝေစုကို လက်ဖက်ရည်နှင့် မျှောချလိုက်ရချေ၏။ မုန့်ကြမ်းမှာ လုံးဝအရသာမရှိပါပေ။ လူကြီးနှစ်ယောက်မှာ သူတို့စားလိုက်ချိန်တိုင်း မျက်မှောင်ကြုတ်သွားရသည်။ ကလေးမှာမူ ဝါးပင် မဝါးနိုင်ပါချေ။ လယ်သမား၏ဇနီးက စားပွဲထိုး ထံ ပန်းကန်လုံးတစ်ခု တောင်းခံလိုက်၏။ ထို့နောက် သူမက မုန့်ကြမ်းမာမာကို ချိုးဖဲ့လိုက်လေကာ ခွက်ထဲ၌ လက်ဖက်ရည်နှင့် ရောချေလိုက်သည်။ မုန့်ကြမ်းက ပျော့သွားသည်နှင့် သူမက ယင်းကို ကလေးငယ်ထံပေးလိုက်လေ၏။
ကလေးငယ်မှာ ထိုအရာကို မစားနိုင်လေဘဲ သူ့မျက်လုံးက အိမ်တော်ထိန်းဆု စားပွဲပေါ်ရှိ အစာသွပ်ပေါက်စီပူပူများထံ၌သာ ကော်ကပ်သည့်နှယ် ကြည့်နေချေသည်။
အိမ်တော်ထိန်းဆုမှာ အာဟာရချို့တဲ့နေပါသော ကလေးငယ်ကို သနားသွားမိလေ၏။ သူက ကလေးငယ်၏ အကြည့်ကို သတိထားမိချိန်တွင်တော့ သူ့နှလုံးသားက ပျော့ပျောင်းသွားရသည်။ သူက ကလေးကို ခေါ်လိုက်လေကာ စားပွဲပေါ်၌ ကျန်ရှိနေသော ပေါက်စီသုံးလုံးကို ပေးလိုက်လေ၏။
ကလေးငယ်မှာ ပထမတွင် တွေဝေတုန့်ဆိုင်းနေလေပြီး နောက်ဆုံးတွင်တော့ သူက ပေါက်စီများ၏ ဆွဲဆောင်မှုဒဏ်ကို တောင့်မခံနိုင်ရှာပေ။ သူ့မိဘများက အံ့သြနေစေကာမူ သူကတော့ ပြေးယူလေ၏။ စိတ်လှုပ်ရှားမှုနှင့်အတူ သူက အငွေ့တထောင်းထောင်းထနေသည့် ပေါက်စီများကို စားပွဲဆီသို့ ပြန်ယူလာသည်။ အလွန်ပင် သိတတ်လှသည့်သူက သူ့မိဘများဆီ ပေါက်စီများကို စားရန်ပေးလိုက်လေ၏။
လယ်သမားနှင့် သူ့ဇနီးတို့မှာ မျက်လုံးထဲတွင် မျက်ရည်များဝေ့သီလာတော့သည်။
တခြားမိသားစုမှ ကလေးကလည်း မနာလိုအားကျစွာ ကြည့်နေလေ၏။ သူတို့က တူညီသည့်ရွာမှ လာခဲ့ကြခြင်းဖြစ်သည်။ ထိုမိသားစုမှာ မုန့်ကြမ်းများကိုသာ စားသောက်ရပြီး ငွေကြေးမှာလည်း များများစားစား ပါမလာပါပေ။ ချွေချွေတာတာဖြင့် မေပယ်မြို့တော်သို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ဖို့ရာအတွက် သူတို့သယ်လာသည့် ရိက္ခာခြောက်များကိုသာ စားသောက်နိုင်ပေသည်။
အိမ်တော်ထိန်းဆုမှာ သနားဂရုဏာပိုသွားရပြီး အန်းကျီယန်ဘက်သို့ တောင်းပန်တိုးလျှိုးဟန်ဖြင့် ကြည့်လိုက်မိလေ၏။
အန်းကျီယန်က တုံ့ဆိုင်းမနေပါချေ။ သူက အိမ်တော်ထိန်းဆုကို ခေါ်လိုက်ပြီး နားနားကပ်ကာ တစ်ခုခုပြောလိုက်၏။ အိမ်တော်ထိန်းဆုမှာ ချက်ချင်းပင် လိုက်နာလိုက်လေသည်။ သူက စားပွဲထိုးကို ပေါက်စီများ ယူလာစေလိုက်ပြီး အခြားမိသားစုရှိ လယ်သမားများကို ကိုယ်တိုင်ကိုယ်ကျ ပေါက်စီများ လိုက်ပေးလေ၏။
"ဇနီး... ကျီယန်...ချန်းစီရင်စု က လူတွေကို ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားသွားရတာလဲ?"
အန်းကျီယန် ၏ တိတ်တဆိတ် စူးရှရှအကြည့်အောက်တွင် ဖူဝူထျန်းမှာ နာနာခံခံလေးနှင့် "ဇနီးလေး" ဆိုသည့် စကားလုံးကို ပြန်မျိုချလိုက်ရရှာပြီး တခြားစကားလမ်းကြောင်းကို လှီးလွှဲပြောလိုက်ရသည်။ ဖူဝူထျန်း က အန်းကျီယန်၏ တီးတိုးစကားလုံးများကို ကြားလိုက်သည်မို့ သူ့ရဲ့ ဝမ်ဖေးလေးက အိမ်တော်ထိန်းဆု ကို ချန်းစီရင်စု၏ အဖြစ်အပျက်များအား သွားရောက်စုံစမ်းစေသည်ကို သိလိုက်ရ၏။ ထို့ကြောင့်လည်း သူက ပိုမို သိလိုစိတ် ပြင်းပြလာရခြင်းပါပင်။
အန်းကျီယန် က ပြောလိုက်၏။
"ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးမေးခိုင်းလိုက်ရုံပဲ"
သူက ပြောရန် ငြင်းဆန်သည်ကို တွေ့လိုက်ရသဖြင့် ဖူဝူထျန်း က ထပ်မမေးတော့ပါပေ။
ခဏအကြာ၌ အိမ်တော်ထိန်းဆု ပြန်ရောက်လာလေ၏။ သူက မိသားစုနှစ်စုထံ ပေါက်စီတစ်ဒါဇင်ကျော် ပေးဝေလိုက်ပြီးနောက် သူတို့၏ အခြေအနေများကို သိခဲ့ရသည်။ ထို့အပြင် သူတိုက သူမေးသမျှအားလုံးကို ဖြေကြလေ၏။
တစ်နာရီမျှအကြာတွင် လူစုမှာ လမ်းပေါ်သို့ ပြန်ရောက်သွားတော့၏။
[T/N - သဝါး...ဂျင်းကောင်က ဂျင်းမထည့်ရဲတော့ဘူး🤧ရေးပြီးပြီးချင်း တင်ပေးလိုက်ပါတယ်နော်😙]
Zawgyi
အပိုင္း (၄၇) - လယ္သမားမ်ား
လက္ဖက္ရည္ဆိုင္ မွာ ေကာက္ရိုးမ်ားျဖင့္ မိုးကာထားၿပီး ရိုးရွင္းလွသည္။ အမိုး၏ ေအာက္တြင္ ခုံႏွင့္ စားပြဲေပါင္းမ်ားစြာ ခင္းက်င္းထား၏။ ျဖတ္သြားသည့္လူမ်ားမွာ ေရဆာတာ၊ ဗိုက္ဆာတာမ်ိဳးရွိလာလွ်င္ ဤဆိုင္ငယ္တစ္ခုတည္း၌သာ နားခိုၿပီး ဝမ္းေရးျဖည့္ၾကရ၏။ ဤေနရာ၌ ခရီးသြားလာသည္မ်ားမွာလည္း အေတာ္ေလးမ်ားျပားလွသည္။
လူတိုင္းမွာ ေက်ေက်နပ္နပ္ႀကီး စပ္စုၿပီးၾကခ်ိန္တြင္ သူတို႔၏ အၾကည့္မ်ားကို အန္းက်ီယန္တို႔ လူစုထံမွ ဖယ္ခြာသြားၾကသည္။ ထို႔ေနာက္ လက္ဖက္ရည္ဆိုင္ ထဲတြင္ လူအမ်ား၏ စကားေျပာသံဆိုသံမ်ားျဖင့္ ျပန္လည္ ျပည့္ႏွက္သြားေလေတာ့၏။ အခ်ိန္တိုင္းတြင္ စားပြဲထိုး၏ က်ယ္ေလာင္လွေသာအသံက စကားေျပာေနၾကသံတို႔ကို ဖုံးလႊမ္းသြားတတ္သည္။ မၾကာမီမွာပင္ သူတို႔၏ လက္ဖက္ရည္ႏွင့္ မုန့္မ်ား လာပို႔ေလ၏။ ဤအခ်ိန္၌ စားပြဲထိုးက သူတို႔ကို ခိုးၾကည့္ဖို႔ မႀကိဳးစားေတာ့ေခ်။
ႏြေဦးအခါသမယပင္ ျဖစ္ေလေသာ္ျငား မြန္းတည့္ေနက ပူႏြေးလြန္းလွသည္။
အရပ္သားႏွယ္ ဝတ္ဆင္ထားၾကေသာ လယ္သမားမ်ားမွာ သူတို႔၏ ကေလးငယ္မ်ားႏွင့္အတူ လက္ဖက္ရည္ဆိုင္ အနားတြင္ ႐ုတ္ခ်ည္းဆိုသလို ေပၚလာၾကေလ၏။
အ႐ြယ္ေရာက္ၿပီးသူမ်ားက ႀကီးမားလွသည့္အိတ္ႀကီးမ်ားကို သယ္ကာ လက္ဖက္ရည္ဆိုင္ ဆီသို႔ ကေလးမ်ားကို ဦးေဆာင္ ေခၚလာၾက၏။ သူတို႔၏ မ်က္ႏွာအမူအရာမွာ မေကာင္းလွပါေပ။ လက္ဖက္ရည္ဆိုင္ထဲရွိ လူမ်ားမွာ အကူအညီမဲ့ဟန္ျဖင့္ အသစ္ေရာက္လာသူမ်ားကို သိလိုစိတ္ျပင္းျပစြာ ၾကည့္ေနၾကသည္။
"ေဘးဒုကၡေတြကေတာ့ ေနရာတိုင္းမွာ ေတြ႕ေတၾကတာပဲ။ ဒီႏွစ္ထဲမွာ ပိုပိုဆိုး႐ြားလာတယ္"
ေလွ်ာ္ထည္အဝတ္ၾကမ္းကို ဝတ္ဆင္ထားသည့္ လူႀကီးက သူ႕ခြက္ကို စားပြဲေပၚသို႔ ေလးပင္စြာ ခ်လိဳက္ေခ်ၿပီး အသံက်ယ္ႀကီးႏွင့္ ေျပာလိုက္ေလ၏။
စားပြဲတစ္ခုထဲရွိ အျခားလူမွာလည္း ႐ုတ္တရက္ ေမးလိုက္မိ၏။
"သူတို႔က ေဘးဒုကၡကေန ထြက္ေျပးလာတယ္လို႔ ခင္ဗ်ားက ဘယ္လိုသိတုန္း?"
အႏွီလူႀကီးက ျပန္ေျပာေလသည္။
"ဒီသုံးႏွစ္တာအတြင္း မင္းက ဒီမွာမရွိဘူးဆိုေတာ့ မင္းမသိတာက သဘာဝက်ပါတယ္။ ခ်န္းစီရင္စုကေန ေမပယ္ၿမိဳ႕ေတာ္ကို ေရာက္ဖို႔အတြက္ ဒီေနရာတစ္ဝိုက္ကို ျဖတ္သြားရတယ္ေလ။ ခ်န္းစီရင္စု ဆိုတာ ဘယ္လိုေနရာမ်ိဳးမိုလို႔လဲ? သဘာဝေဘးအႏၱရာယ္ေတြ မၾကာခဏ ျဖစ္တတ္တဲ့ေနရာမ်ိဳးေလ။ ေဘးဒုကၡေတြက ၾကားကာလေတြဆို ေရာက္လာတတ္တယ္။ ေရႀကီးတာ မဟုတ္ရင္ မိုးေခါင္ေရာ။ မႏွစ္ကဆို ေရႀကီးၿပီးေတာ့ လယ္ယာေျမေတြ နဲ႕ ႐ြာေတြအမ်ားႀကီး ေရျမဳပ္ကုန္ၾကတယ္။ လူေတာ္ေတာ္မ်ားမ်ားက မေနၾကေတာ့ပဲနဲ႕ တျခားေနရာေတြကို ေျပာင္းသြားၾကၿပီ"
တစ္ဖက္လူက ေခါင္းၿငိမ္လိုက္ေသာ္ျငား တစ္ခုခုကို ေတြးမိဟန္ျဖင့္ ျပန္ေျပာလာ၏။
"ခ်န္းစီရင္စု နဲ႕ အနီးဆုံး က ေမပယ္ၿမိဳ႕ေတာ္ ပဲ။လူေတြကသာ ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ေမပယ္ၿမိဳ႕ေတာ္ ကိုပဲ အၿမဲတမ္း သြားၾကမွာပဲ။ ဒါေပမဲ့ ဒီႏွစ္ ခ်န္းစီရင္စု မွာ ဘာ သဘာဝေဘးအႏၱရာယ္ေတြမွ မျဖစ္ပါဘူး။ ဒီေတာ့ ခ်န္းစီရင္စု က လူေတြက ဘာလို႔ ဒီေနရာမွာ ေပၚလာၾကပါလိမ့္?"
"ဒါေတာ့ ငါလည္းမသိဘူး"
လူႀကီးက သူ႕ေမးေစ့ကို ပြတ္သပ္လိုက္ရင္း ေျပာလာသည္။
"ျဖစ္နိုင္တာက ေနာက္ပိုင္းက်ရင္ သဘာဝေဘးအႏၱရာယ္ေတြ ျဖစ္လာမွာကို သူတို႔ေၾကာက္လို႔ေနမွာေပါ့။ ဒီေတာ့ သူတို႔က ဦးေအာင္ေျပာင္းထားတာျဖစ္မယ္။ ၿပီးေတာ့လည္း မႏွစ္တုန္းက အထိအခိုက္မ်ားတာကိုးကြ"
"ခ်န္းစီရင္စု ကေန ေစာေစာထြက္သြားတာက တကယ့္ကို ေကာင္းတဲ့အႀကံပဲ"
"ဒါပဲေပါ့။ ခ်န္းစီရင္စု က လူေတြလည္း ဒီလိုမ်ိဳး ႐ုန္းကန္မေနခ်င္ၾကဘူးေလ။ ၿပီးေတာ့ အင္ပါယာမိသားစု ကလည္း မသိ..."
တစ္ဖက္လူက အလွ်င္စလို တိတ္တိတ္ေနရန္ အခ်က္ျပလိုက္ကာ အသံကို ႏွိမ့္ေျပာလိုက္၏။
"အင္ပါယာမိသားစု အေၾကာင္းကို လူေရွ႕သူေရွ႕ ေျပာေနတယ္...မင္း ေသခ်င္ေနတာလား?"
သူတို႔က ကြၽင္းက်ီၿမိဳ႕ေတာ္မွ လာသည့္ အန္းက်ီယန္တို႔ အဖြဲ႕ကို တမင္ရည္႐ြယ္ကာၾကည့္လိုက္မိၾက၏။
လူႀကီးက ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားေတာ့သည္။
လယ္သမားမ်ား ထဲမွ တစ္ေယာက္က စားပြဲထိုး ကို လက္ဖက္ရည္တစ္အိုး မွာၾကားလိုက္၏။ စားပြဲထိုး က လက္ဖက္ရည္ ကို သယ္လာေပးၿပီးေနာက္တြင္ လယ္သမားက သူ႕၏အိတ္ထဲမွ ရိကၡာေျခာက္တစ္ခ်ိဳ႕ကို ထုတ္ယူလိုက္ေလသည္။ ရိကၡာေျခာက္မွာ စပါးႏွံအေရာအႏွောမ်ားႏွင့္ လုပ္ထားျခင္း ျဖစ္၏။ သူတို႔ ထြက္ခြာလာသည္မွာ အေတာ္ၾကာၿပီမို႔ အသားတို႔မွာ ၾကမ္းတမ္းေနေလၿပီ။ သူက သူ႕ဇနီးႏွင့္သားတို႔ကို မုန့္ၾကမ္းတစ္ပိုင္းစီ ေပးလိုက္ၿပီး သူ႕အတြက္ေဝစုကို လက္ဖက္ရည္ႏွင့္ ေမွ်ာခ်လိဳက္ရေခ်၏။ မုန့္ၾကမ္းမွာ လုံးဝအရသာမရွိပါေပ။ လူႀကီးႏွစ္ေယာက္မွာ သူတို႔စားလိုက္ခ်ိန္တိုင္း မ်က္ေမွာင္ၾကဳတ္သြားရသည္။ ကေလးမွာမူ ဝါးပင္ မဝါးနိုင္ပါေခ်။ လယ္သမား၏ဇနီးက စားပြဲထိုး ထံ ပန္းကန္လုံးတစ္ခု ေတာင္းခံလိုက္၏။ ထို႔ေနာက္ သူမက မုန့္ၾကမ္းမာမာကို ခ်ိဳးဖဲ့လိုက္ေလကာ ခြက္ထဲ၌ လက္ဖက္ရည္ႏွင့္ ေရာေခ်လိဳက္သည္။ မုန့္ၾကမ္းက ေပ်ာ့သြားသည္ႏွင့္ သူမက ယင္းကို ကေလးငယ္ထံေပးလိုက္ေလ၏။
ကေလးငယ္မွာ ထိုအရာကို မစားနိုင္ေလဘဲ သူ႕မ်က္လုံးက အိမ္ေတာ္ထိန္းဆု စားပြဲေပၚရွိ အစာသြပ္ေပါက္စီပူပူမ်ားထံ၌သာ ေကာ္ကပ္သည့္ႏွယ္ ၾကည့္ေနေခ်သည္။
အိမ္ေတာ္ထိန္းဆုမွာ အာဟာရခ်ိဳ႕တဲ့ေနပါေသာ ကေလးငယ္ကို သနားသြားမိေလ၏။ သူက ကေလးငယ္၏ အၾကည့္ကို သတိထားမိခ်ိန္တြင္ေတာ့ သူ႕ႏွလုံးသားက ေပ်ာ့ေပ်ာင္းသြားရသည္။ သူက ကေလးကို ေခၚလိုက္ေလကာ စားပြဲေပၚ၌ က်န္ရွိေနေသာ ေပါက္စီသုံးလုံးကို ေပးလိုက္ေလ၏။
ကေလးငယ္မွာ ပထမတြင္ ေတြေဝတုန့္ဆိုင္းေနေလၿပီး ေနာက္ဆုံးတြင္ေတာ့ သူက ေပါက္စီမ်ား၏ ဆြဲေဆာင္မႈဒဏ္ကို ေတာင့္မခံနိုင္ရွာေပ။ သူ႕မိဘမ်ားက အံ့ၾသေနေစကာမူ သူကေတာ့ ေျပးယူေလ၏။ စိတ္လႈပ္ရွားမႈႏွင့္အတူ သူက အေငြ႕တေထာင္းေထာင္းထေနသည့္ ေပါက္စီမ်ားကို စားပြဲဆီသို႔ ျပန္ယူလာသည္။ အလြန္ပင္ သိတတ္လွသည့္သူက သူ႕မိဘမ်ားဆီ ေပါက္စီမ်ားကို စားရန္ေပးလိုက္ေလ၏။
လယ္သမားႏွင့္ သူ႕ဇနီးတို႔မွာ မ်က္လုံးထဲတြင္ မ်က္ရည္မ်ားေဝ့သီလာေတာ့သည္။
တျခားမိသားစုမွ ကေလးကလည္း မနာလိုအားက်စြာ ၾကည့္ေနေလ၏။ သူတို႔က တူညီသည့္႐ြာမွ လာခဲ့ၾကျခင္းျဖစ္သည္။ ထိုမိသားစုမွာ မုန့္ၾကမ္းမ်ားကိုသာ စားေသာက္ရၿပီး ေငြေၾကးမွာလည္း မ်ားမ်ားစားစား ပါမလာပါေပ။ ေခြၽေခြၽတာတာျဖင့္ ေမပယ္ၿမိဳ႕ေတာ္သို႔ တတ္နိုင္သမွ် အျမန္ဆုံးေရာက္ဖို႔ရာအတြက္ သူတို႔သယ္လာသည့္ ရိကၡာေျခာက္မ်ားကိုသာ စားေသာက္နိုင္ေပသည္။
အိမ္ေတာ္ထိန္းဆုမွာ သနားဂ႐ုဏာပိုသြားရၿပီး အန္းက်ီယန္ဘက္သို႔ ေတာင္းပန္တိုးလွ်ိုးဟန္ျဖင့္ ၾကည့္လိုက္မိေလ၏။
အန္းက်ီယန္က တုံ႕ဆိုင္းမေနပါေခ်။ သူက အိမ္ေတာ္ထိန္းဆုကို ေခၚလိုက္ၿပီး နားနားကပ္ကာ တစ္ခုခုေျပာလိုက္၏။ အိမ္ေတာ္ထိန္းဆုမွာ ခ်က္ခ်င္းပင္ လိုက္နာလိုက္ေလသည္။ သူက စားပြဲထိုးကို ေပါက္စီမ်ား ယူလာေစလိုက္ၿပီး အျခားမိသားစုရွိ လယ္သမားမ်ားကို ကိုယ္တိုင္ကိုယ္က် ေပါက္စီမ်ား လိုက္ေပးေလ၏။
"ဇနီး... က်ီယန္...ခ်န္းစီရင္စု က လူေတြကို ဘာလို႔ ႐ုတ္တရက္ႀကီး စိတ္ဝင္စားသြားရတာလဲ?"
အန္းက်ီယန္ ၏ တိတ္တဆိတ္ စူးရွရွအၾကည့္ေအာက္တြင္ ဖူဝူထ်န္းမွာ နာနာခံခံေလးႏွင့္ "ဇနီးေလး" ဆိုသည့္ စကားလုံးကို ျပန္မ်ိဳခ်လိဳက္ရရွာၿပီး တျခားစကားလမ္းေၾကာင္းကို လွီးလႊဲေျပာလိုက္ရသည္။ ဖူဝူထ်န္း က အန္းက်ီယန္၏ တီးတိုးစကားလုံးမ်ားကို ၾကားလိုက္သည္မို႔ သူ႕ရဲ႕ ဝမ္ေဖးေလးက အိမ္ေတာ္ထိန္းဆု ကို ခ်န္းစီရင္စု၏ အျဖစ္အပ်က္မ်ားအား သြားေရာက္စုံစမ္းေစသည္ကို သိလိုက္ရ၏။ ထို႔ေၾကာင့္လည္း သူက ပိုမို သိလိုစိတ္ ျပင္းျပလာရျခင္းပါပင္။
အန္းက်ီယန္ က ေျပာလိုက္၏။
"ဘာမွ မဟုတ္ပါဘူး။ ရိုးရိုးေမးခိုင္းလိုက္႐ုံပဲ"
သူက ေျပာရန္ ျငင္းဆန္သည္ကို ေတြ႕လိုက္ရသျဖင့္ ဖူဝူထ်န္း က ထပ္မေမးေတာ့ပါေပ။
ခဏအၾကာ၌ အိမ္ေတာ္ထိန္းဆု ျပန္ေရာက္လာေလ၏။ သူက မိသားစုႏွစ္စုထံ ေပါက္စီတစ္ဒါဇင္ေက်ာ္ ေပးေဝလိုက္ၿပီးေနာက္ သူတို႔၏ အေျခအေနမ်ားကို သိခဲ့ရသည္။ ထို႔အျပင္ သူတိုက သူေမးသမွ်အားလုံးကို ေျဖၾကေလ၏။
တစ္နာရီမွ်အၾကာတြင္ လူစုမွာ လမ္းေပၚသို႔ ျပန္ေရာက္သြားေတာ့၏။
[T/N - သဝါး...ဂ်င္းေကာင္က ဂ်င္းမထည့္ရဲေတာ့ဘူး🤧 ေရးၿပီးၿပီးခ်င္း တင္ေပးလိုက္ပါတယ္ေနာ္😙]