Unicode
အန်းမိသားစုမှ ဖူနန်းတော်သို့ အပြန်တွင် ပေါက်စီလုံးလေး ကိုပါ အန်းကျီယန် ခေါ်ဆောင်သွားခဲ့သည်။ ဖူဝူထျန်း ကတော့ ဝမ်ဖေး၏ အိမ်အပြန်လမ်းအတွက် စီစဥ်စရာရှိသည်များကို စတင်ပြင်ဆင်နေလေ၏။ အန်းမိသားစုဆီသို့ ပြန်ရာတွင် အချိန်နှောင့်နှေးမည်စိုးသည်မို့ သူတို့က ဒီနေ့ပင် ထွက်ခွာမည်ဖြစ်ကာ အန်းယွမ်စီရင်စုသို့ မနက်ဖြန် ရောက်လိမ့်မည် ဖြစ်သည်။ သို့သော် လမ်းတွင်တော့ တစ်ညနားရပေလိမ့်မည်။
အန်းကျီယန်က မနက်ဖြန် မနက်စောစောထိ ခရီးသွားဖို့ရာ ဆုံးဖြတ်ထားပေသည်။
သူတို့ ပြင်ဆင်ထားဖို့ရာအတွက် ပစ္စည်းများစွာ မလိုအပ်ပါသော်ငြား အချိန်နောက်ကျနေလေပြီမို့ သူတို့ အပြင်မှာ တစ်ညတာ စတည်းရချေလိမ့်မည်ပင်။
ဖူဝူထျန်း ကလည်း သဘာဝကျကျပင် သူ့စကားများကို နားထောင်၏။ သူက လက်ထပ်ပြီး မကြာသေးမီ အပြင်မှာ နေနေရမည်ကိုတော့ သလောနကျပါပေ။ ပြီးတော့ သူ့ရဲ့ ဝမ်ဖေးလေးက တစ်ယောက်တစ်ခန်းနေချင်သတဲ့လား? သူကသာ ငြင်းလိုက်မည်ဆိုလျှင် အခြားသူများနှင့် သွားနေပေလိမ့်မည်။ သူ ဘယ်လိုပင် ဒီကိစ္စကို တွေးကြည့်ပါစေ...သူ့အတွက် အကျိုးအမြတ် သိပ်မရှိချေ။
ဖူလောင်ဝမ်ရယ် က သူတို့ မနက်စောစော ထွက်ခွာရမည်ကို သိထားပေ၏။ ထို့နောက်ချက်ချင်းဆိုသလိုပင် သူ့မြေးနှင့် မြေးချွေးမကို သူသည် သူတို့ပြန်အလာကို စောင့်နေမည်ဖြစ်ကြောင်း၊ သူတို့ပြန်လာချိန်တွင် အရာအားလုံးက အဆင်ပြေချောမွေ့စွာ ရှိနေမည်ဖြစ်ကြောင်း ကတိပေးလာချေ၏။
ဖူဝူထျန်း က သူ့စကားများကို လုံးဝ ယုံကြည်ခြင်း မရှိပါပေ။ နာမကျန်းဖြစ်ပြီးနောက်တွင် ဖူလောင်ဝမ်ရယ်သည် အချိန်တိုင်း ပေါက်ကရပြောနေရုံသာမက စိတ်ကစဥ့်ကလျားပင် ဖြစ်နေချေ၏။ နေ့တိုင်းပင် သူက နေရာအနှံ့ ပြေးလွှားနေလေပြီး ပြဿနာများကို ဖြစ်စေသည်။ သူ့ရဲ့ ဖျတ်လတ်တက်ကြွမှုကြောင့် အသက် ခြောက်ဆယ်အရွယ် လူအိုကြီးဟုပင် အပြည့်အဝ ထင်မြင်သွားကြလိမ့်မည်။ ထို့ကြောင့် နောက်တစ်နေ့မထွက်ခွာမီတွင် သူက အိမ်တော်ထိန်းခေါင်းဆောင် ဖူယိအား လောင်ဝမ်ရယ့်ကို စောင့်ရှောက်ရန် ညွှန်ကြားထားခဲ့လေ၏။
ဖူနန်းတော် တွင် အိမ်တော်ထိန်း နှစ်ယောက်ရှိပေသည်။ အိမ်တော်ထိန်းကြီးလီက လက်ထောက်မျှသာ ဖြစ်ပြီး အဓိကအိမ်တော်ထိန်း မဟုတ်ပါချေ။
အိမ်တော်ထိန်းခေါင်းဆောင် မှာ မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ်ဖြစ်သည်။ သူက အိမ်တော်ထိန်းဆု ထက် အရွယ်ငယ်သော်ငြား နူးညံ့ညင်သာသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ အိမ်တော်ထိန်းကြီးလီနှင့် ယှဥ်ကြည့်လျှင် သူက ပိုမို ချဥ်းကပ်ရလွယ်မည့်ဟန် ပေါ်သည်။ သို့သော် ဒါက အန်းကျီယန် သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။
မနေ့က လက်ထပ်ပွဲအခမ်းအနားတွင် အိမ်တော်ထိန်းဖူကို လောင်ဝမ်ရယ် နှင့် သိပ်မဝေးသည့် ဘေးတစ်နေရာတွင် ရပ်နေတုန်း သူတွေ့ခဲ့ရသည်။ ထိုအချိန်က သူ အလျှင်အမြန် တစ်ချက်မျှ ကြည့်လိုက်ရုံသာ ဖြစ်ပြီး သေချာ စေ့စေ့စပ်စပ် မကြည့်လိုက်မိပါချေ။ ဒီမနက် ထွက်သွားမည့်အချိန်မှ သူ့ကို ကြားဖူးပြီး အမှန်တကယ် သေသေချာချာ မြင်ဖူးခြင်းပင် ဖြစ်သည်။
"ဝမ်ရယ်... ကျေးဇူးပြုပြီး စိတ်ချလက်ချ နေပါ...ကျွန်တော် လောင်ဝမ်ရယ် ကို စောင့်ရှောက်ထားလိုက်ပါမယ်"
ဖူယိက ခေါင်းငြိမ့်ပြီး ပြုံးလိုက်လေ၏။ သူ့ရဲ့ အမူအရာမှာ ရိုကျိုးဟန်လည်း မရှိသလို စိတ်ကြီးဝင်နေသည့်ဟန်နှင့်လည်း မတူပါပေ။ အစေခံတစ်ယောက်နှင့် တူရမည့်အစား ဖူဝူထျန်း၏ အကြီးအကဲ ပုံစံနှင့်ပင် တူနေလေသေးသည်။ ဆိုရလျှင် သူ့ရဲ့ မျိုးရိုးနာမည် ဖူ ဆိုသော စာလုံးကို ကြည့်ရုံဖြင့် သာမန်အစေခံတစ်ယောက် မဟုတ်နိုင်ကြောင်း သိနိုင်ပေသည်။
အန်းကျီယန် သိလိုက်ရသည်က သူနှင့်ဖူဝူထျန်းတို့၏ လက်ထပ်ပွဲကြီးမှာ အိမ်တော်ထိန်းခေါင်းဆောင် ကိုယ်တိုင် တစ်ယောက်တည်း ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကိုပင်။
ထိုအချိန်၌ ဖူဝူထျန်း က ပြောလာပြန်၏။
"ထပ်ပြီးတော့ အိမ်တော်ထိန်းခေါင်းဆောင်ကို ဝမ်ဖေးလေးရဲ့ ညီငယ်ကိုပါ စောင့်ရှောက်ပေးဖို့ ဒုက္ခပေးရဦးမယ်။ ကျွန်တော့်ဇနီးလေးရဲ့ ညီငယ်သေးသေးလေးက အသက်လေးလပဲ ရှိသေးတာဆိုတော့ ပိုပြီး ဂရုစိုက်ပေးပါဦး"
ဇနီးလေးရဲ့ ညီငယ်သေးသေးလေး?
အန်းကျီယန် သူ့ရဲ့ ဖော်ညွှန်းပြောဆိုလိုက်ပုံကြောင့် အံ့သြသွားရသည်။ သူက ဒီကိစ္စကို ပြောဆိုရန် ပြင်ဆင်ထားပါသော်ငြား "ဇနီးလေးရဲ့ညီငယ်သေးသေးလေး " ဆိုသည့်စကားကြောင့် ရုတ်တရက်ဆိုသလို ရှက်ရွံ့မှုကို ခံစားလိုက်ရ၏။ ဖူဝူထျန်းသည်ကား တကယ့်ကို မျက်နှာထူလှသည်။ အန်းကျီယန် ထိုလူ၏ အရှက်မရှိမှုအဆင့်ကို ဘယ်တော့မှ တိုင်းတာနိုင်လိမ့်မည်မဟုတ်ပေ။
[T/N - ယူ နိုး ဝှက် အိုင် means🌚]
"ဝမ်ရယ် ဒီကိစ္စအပေါ် စိတ်ချထားလို့ရပါတယ်"
ဖူယိ ဒီကိစ္စကို မနေ့ကတည်းက သိထားပြီး ဖြစ်သည်။ ဝမ်ရယ်က ဝမ်ဖေးနှင့်အတူ မိဘအိမ်အပြန်သို့ လိုက်သွားချင်နေပြီး စီစဥ်စရာအားလုံးကို စီမံထားပြီးကြောင်းလည်း သူသိရှိပေ၏။
တကယ်တမ်းတွင်တော့ ဖူဝူထျန်းက အိမ်တော်ထိန်းခေါင်းဆောင်သည် အန်းကျီမင် အား ဂရုစိုက်လိမ့်မည်ဆိုသည်ကို သိနေပေသည်။ သူက သူ့ ဝမ်ဖေးလေး ကြားသွားပြီး နန်းတော်မှ စိတ်လက်ချမ်းသာစွာ ထွက်ခွာနိုင်ဖို့အတွက် ကျယ်ကျယ်ထုတ်ပြောလိုက်ခြင်းပင် ဖြစ်၏။
အဲ့ဒီနောက် သူတို့က မြင်းလှည်းနှင့် ကျွင်းကျီမြို့တော်ကနေ အန်းယွမ်စီရင်စုဆီသို့ ခရီးထွက်ခဲ့ကြသည်။
မြင်းလှည်း တွင် ဖူနန်းတော်၏ အမှတ်တံဆိပ် ပါရှိပြီး ကျွင်းကျီမြို့က လူတိုင်းလိုလို သိရှိကြလေသည်။ သို့သော်လည်း ကျွင်းကျီမြို့အပြင်ဘက်တွင်တော့ မည်သူကမှ ဤအမှတ်တံဆိပ်ကို မသိကြပါလေ။
သို့သော်လည်း မြင်းလှည်းမှာ အလွန်တရာ သက်သောင့်သက်သာ ရှိပေ၏။ လူအများက အပြင်ပန်းသဏ္ဍာန်ကို မြင်လိုက်ရုံနှင့်ပင် ပိုင်ရှင်၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း ပြောနိုင်ပေလိမ့်မည်။ အတွင်းရှိနေရာမှာ အလွန်တရာ ကျယ်ဝန်းလှ၏။ လူလေးငါးယောက်မျှ ကောင်းကောင်းထိုင်နိုင်လေပြီး သွားနှုန်းမှာလည်း အလွန်ပင် မြန်ဆန်ချေသည်။ အန်းကျီယန် အရင်က သုံးသည့် မြင်းလှည်း နှင့် နှိုင်းယှဥ်လျှင် တစ်ဆ သို့မဟုတ် နှစ်ဆထိ ပိုမို မြန်ဆန်ပေသည်။ ဤနှုန်းနှင့်သာ ဆိုလျှင် သူတို့ အန်းယွမ်စီရင်စုကို မမှောင်ခင် ရောက်သွားပေလိမ့်မည်။
အန်းကျီယန် က လိုက်ကာစကိုမပြီး ပြေးလွှားနေသော မြင်းများကို ကြည့်လိုက်လေ၏။ သူတို့က အညိုရောင်သားမွေးများနှင့် လွန်စွာ ရဲစွမ်းသတ္တိရှိပြီး ခန့်ညားလှသည့်အသွင် ရှိနေပေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ယင်းတို့မှာ အချို့ မြင်းရိုင်းများနှင့် မတူပါကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။ ဤသို့သော မြင်းများကို မြင်းလှည်း၌ ဆွဲစေခြင်းမှာ တကယ့်ကိုပင် ကောင်းမွန်သည့်အရာများအား ဖြုန်းတီးနေခြင်း ဖြစ်သည်။
ဖူဝူထျန်းက သူနှင့် နှစ်ခုံအကွာတွင် ထိုင်နေပါလေသည့် အန်းကျီယန် ကို ကြည့်လိုက်လေ၏။ သူက အန်းကျီယန် အပြင်သို့ ကြည့်နေသည်ကို မြင်လိုက်ရတော့ အမှတ်တမဲ့ မေးလိုက်သည်။
"ဝမ်ဖေးလေးက ဘာကို ကြည့်နေတာလဲ?"
အန်းကျီယန် က သူ့အကြည့်ကို ရုတ်သိမ်းလိုက်လေသည်။
"ဝမ်ရယ်က ဒီလိုမြင်းကောင်းတွေကို မြင်းလှည်းဆွဲဖို့အတွက်ပဲ သုံးဖို့ ဆန္ဒရှိနေတာလား?"
ဖူဝူထျန်း က ပြုံးရွှင်စွာ ပြောလိုက်လေ၏။
"အကောင်းဆုံးမြင်း ဖြစ်နေရင်တောင် ဝမ်ဖေးလေး မိဘအိမ်ကို ပြန်တာလောက် အရေးမကြီးပါဘူး။ အရင်မြင်းက သိပ်မမြန်ဘူးလေ...ခဏခဏ နားဖို့ ရပ်သွားတတ်ကြတယ်။ ဒါကတော့ ခရီးရှည်အတွက် ထုတ်သုံးတာပေါ့"
ယင်းမှာ သူ့အတွက် ဖြစ်ကြောင်း ကြားလိုက်ရတော့ အန်းကျီယန် အကူအညီမဲ့သလိုဖြစ်ကာ ဖူဝူထျန်းကို မျက်စောင်းထိုးလိုက်မိသည်။
ဖူဝူထျန်း ကလည်း အန်းကျီယန် အကြည့်ကို တည်တည်ငြိမ်ငြိမ် ပင် ခံယူနေပါ၏။
အန်းကျီယန် သူ့အကြည့်ကို ရုတ်သိမ်းလိုက်လေသည်။ ဒီလူသည်ကား တကယ့်ကို သူ့စိတ်ခံစားချက်များအား မတည်ငြိမ်စေဖို့ရာ ဆွပေးနိုင်သူပင်တည်း။ သူပင် သတိမထားမိလိုက်သည့်အရာကို ဖူဝူထျန်းက အမြဲပင် ဂရုစိုက်ပေးထားတတ်သည်။ သို့သော် ဖူဝူထျန်း က ပိုပြီး တွေးတောတတ်လေလေ၊ သူက ပိုပိုပြီး ထွက်သွားဖို့ ဆုံးဖြတ်ထားမိလေလေ ပါပင်။ ထိုသို့မဟုတ်ပါက အနာဂတ်တွင် သူ ရန်သူ့လက်ထဲ ကျသွားမည်ကို စိုးရိမ်ရပေသည်။ တစ်ဖက်လူတွင် သူ့ကဲ့သို့ တူညီသည့်အစိတ်အပိုင်းများ ပါရှိနေတာတောင်မှ ညင်သာနူးညံ့သော ယောကျာ်းတစ်ယောက်၏ သွေးဆောင်ဖြားယောင်းနိုင်စွမ်းမှာ အလွန်ပင် အကျိုးသက်ရောက်လှသည်။
နေ့လည်နားသို့ ရောက်လုနေလေပြီ။
မြင်းလှည်းက လက်ဖက်ရည်ဆိုင် တစ်ခုနားမှ ဖြတ်သန်းသွားမိသည်မို့ ဖူဝူထျန်းက အနားယူဖို့ရာ အမိန့်ပေးလိုက်၏။
ခရီး၌ လိုက်ပါလာသည့် လူအရေအတွက်မှာ မများလှပေ။ အန်းကျီယန်၏ ဘက်တွင် သူ၊ အိမ်တော်ထိန်းဆု နှင့် အစေခံနှစ်ယောက်သာ ပါသည်။ ဖူဝူထျန်း ကလည်း သူ့ရဲ့ လက်အောက်ငယ်သားနှစ်ယောက် ကိုသာ ခေါ်လာ၏။ သူတို့မှာ ကောချင်အန်း နှင့် ရှို့ဖေး ဖြစ်သည်။
သို့သော်လည်း ဖူဝူထျန်းက အိမ်တော်ထိန်းခေါင်းဆောင် ကို လက်ဆောင်ပစ္စည်းအများအပြား ပြင်ဆင်ခိုင်းထားဟန် ပေါ်သည်။ ယင်းတို့မှာ မြင်းလှည်းတစ်စီးလုံး ပြည့်လုနီးပါးပါပင်။ မြင်းလှည်း ရပ်တန့်လိုက်သည်နှင့် လက်ဖက်ရည်ဆိုင် ထဲမှ လူများအားလုံး စိတ်ဝင်စားသွားကြ၏။
"ဧည့်သည်တော်တို့ ဘာများ သုံးဆောင်ကြပါမလဲခင်ဗျာ? ကျွန်တော်တို့ရဲ့ ဆိုင်လေးကသေးငယ်ပြီး ကြမ်းတမ်းလှပါတယ်။ အစားအသောက်ကောင်း အများကြီး မရှိတာကိုတော့ စိတ်မရှိပါနဲ့ခင်ဗျာ"
စားပွဲထိုး တစ်ယောက်က သူတို့ဆီသို့ အပြုံးလေးနှင့် ရောက်လို့လာသည်။ ထိုသူတို့ ဝတ်ဆင်ထားသည့် တန်ဖိုးကြီး အဝတ်အစားများကို ကြည့်လိုက်ရုံနှင့်ပင် မည်သို့သော အဆင့်အတန်း ဖြစ်သည်ကိုအား ပြောနိုင်ပေလိမ့်မည်။ သူတို့ဆိုင်ရှိ ရိုးရှင်းလှသော ဟင်းလျာများကြောင့် အရေးကြီး ဧည့်သည်တော်များ စိတ်ပျက်သွားကြမည်စိုးသဖြင့် စားပွဲထိုး က အခြေအနေကို ရှင်းပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဖူဝူထျန်း က အန်းကျီယန် ကို ကြည့်လိုက်လေ၏။
"ဇနီးလေးက ဘာစားချင်လဲ?"
ထိုစကားများ ထွက်လာလေသည်နှင့် စားပွဲထိုး၏ မျက်လုံးများမှာ အန်းကျီယန်အပေါ်သို့ အံ့အားသင့်စွာ ကြည့်လာလေတော့သည်။
အန်းကျီယန်၏ အမူအရာမှာ နစ်မြုပ်သွားသကဲ့သို့ပင်။
သူက ဖြေကြားခြင်း မရှိပါချေ။ ဖူဝူထျန်းက စားပွဲထိုးကို လက်ဖက်ရည်တစ်အိုး ဦးစွာ ချခိုင်းလိုက်လေပြီး ပေါက်စီနည်းနည်းနှင့် မုန့်အချိုပွဲများကိုပါ ချစေလိုက်၏။ ထို့နောက် စားပွဲထိုးမှာ အလျှင်အမြန် လှည့်ကာ မပြေးရုံတမယ် ထွက်သွားလိုက်လေတော့သည်။
အန်းကျီယန် က အမူအရာမဲ့နေသည့်မျက်နှာဖြင့် ပြောပစ်လိုက်သည်။
"ကျွန်တော့်ကို ဇနီးလို့ မခေါ်နဲ့!"
သူက ဇနီးဟု ခေါ်ခံရသည်ကို သည်းခံနေရသော်ငြား ယခု သူတို့က ကျွမ်းကျီမြို့၌ မဟုတ်ပါချေ။ အပြင်လူများမှာ သူတို့နှစ်ယောက်ကြားရှိ အကြင်လင်မယား ဆက်ဆံရေးကို မသိကြလေသည်မို့ သူကလည်း အများသိအောင် ကြေညာမနေချင်ပါပေ။
"ဒီတော့ ကိုယ့်ဇနီးလေးက ဘယ်လိုများ ခေါ်စေချင်တာလဲ?"
ဖူဝူထျန်း က မေးလိုက်လေ၏။
အန်းကျီယန် ရပ်တန့်သွားချေသည်။ သူက ဖူဝူထျန်း ကို သူ့အား အန်းသခင်လေးဟု ခေါ်စေချင်သော်လည်း မဖြစ်နိုင်မှန်း သိထားပေသည်။
ဖူဝူထျန်း က ဟာသလုပ်လိုက်၏။
"အန်းရှောက်(အန်းငယ်လေး)လို့ ခေါ်ရင်ရော ဘယ်လိုလဲ?"
အန်းကျီယန် က သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ကြည့်ပေးလိုက်သည်။
"ဝမ်ရယ်က အဲ့ဒီလို ခေါ်ချင်နေရင်လည်း ကျွန်တော်က စိတ်မရှိပါဘူး"
ဖူဝူထျန်း မှာ ချက်ချင်းဆိုသလို အသံအနေအထားကို ပြောင်းလိုက်ရလေသည်။
"နောက်တာပါ...နောက်တစ်ခါ အပြင်ထွတ်တဲ့အခါကျရင် ကိုယ် မင်းကို ကျီယန် လို့ ခေါ်မယ်လေ"
အန်းကျီယန် ၏ မျက်နှာရှိ အကြောများမှာ ကြက်သေသေသွားလေတော့သည်။
[T/N - E tranမှာပြောတာကတော့ ဖူဝူထျန်းရဲ့ နောက်ဆုံးစာကြောင်းက "အန်းကျီယန် မျက်နှာ အကြောဆွဲသွားပြီ"နဲ့ အဓိပ္ပါယ် ဆင်ပါသတဲ့ 🤣တို့ကတော့ တရုတ်စာမတတ်တော့ မသိပါဘူးရှန်🤧]
Zawgyi
အပိုင္း (၄၆) - ဇနီးေလးရဲ႕ ညီငယ္ေသးေသးေလး
အန္းမိသားစုမွ ဖူနန္းေတာ္သို႔ အျပန္တြင္ ေပါက္စီလုံးေလး ကိုပါ အန္းက်ီယန္ ေခၚေဆာင္သြားခဲ့သည္။ ဖူဝူထ်န္း ကေတာ့ ဝမ္ေဖး၏ အိမ္အျပန္လမ္းအတြက္ စီစဥ္စရာရွိသည္မ်ားကို စတင္ျပင္ဆင္ေနေလ၏။ အန္းမိသားစုဆီသို႔ ျပန္ရာတြင္ အခ်ိန္ႏွောင့္ႏွေးမည္စိုးသည္မို႔ သူတို႔က ဒီေန႕ပင္ ထြက္ခြာမည္ျဖစ္ကာ အန္းယြမ္စီရင္စုသို႔ မနက္ျဖန္ ေရာက္လိမ့္မည္ ျဖစ္သည္။ သို႔ေသာ္ လမ္းတြင္ေတာ့ တစ္ညနားရေပလိမ့္မည္။
အန္းက်ီယန္က မနက္ျဖန္ မနက္ေစာေစာထိ ခရီးသြားဖို႔ရာ ဆုံးျဖတ္ထားေပသည္။
သူတို႔ ျပင္ဆင္ထားဖို႔ရာအတြက္ ပစၥည္းမ်ားစြာ မလိုအပ္ပါေသာ္ျငား အခ်ိန္ေနာက္က်ေနေလၿပီမို႔ သူတို႔ အျပင္မွာ တစ္ညတာ စတည္းရေခ်လိမ့္မည္ပင္။
ဖူဝူထ်န္း ကလည္း သဘာဝက်က်ပင္ သူ႕စကားမ်ားကို နားေထာင္၏။ သူက လက္ထပ္ၿပီး မၾကာေသးမီ အျပင္မွာ ေနေနရမည္ကိုေတာ့ သေလာနက်ပါေပ။ ၿပီးေတာ့ သူ႕ရဲ႕ ဝမ္ေဖးေလးက တစ္ေယာက္တစ္ခန္းေနခ်င္သတဲ့လား? သူကသာ ျငင္းလိုက္မည္ဆိုလွ်င္ အျခားသူမ်ားႏွင့္ သြားေနေပလိမ့္မည္။ သူ ဘယ္လိုပင္ ဒီကိစၥကို ေတြးၾကည့္ပါေစ...သူ႕အတြက္ အက်ိဳးအျမတ္ သိပ္မရွိေခ်။
ဖူေလာင္ဝမ္ရယ္ က သူတို႔ မနက္ေစာေစာ ထြက္ခြာရမည္ကို သိထားေပ၏။ ထို႔ေနာက္ခ်က္ခ်င္းဆိုသလိုပင္ သူ႕ေျမးႏွင့္ ေျမးေခြၽးမကို သူသည္ သူတို႔ျပန္အလာကို ေစာင့္ေနမည္ျဖစ္ေၾကာင္း၊ သူတို႔ျပန္လာခ်ိန္တြင္ အရာအားလုံးက အဆင္ေျပေခ်ာေမြ႕စြာ ရွိေနမည္ျဖစ္ေၾကာင္း ကတိေပးလာေခ်၏။
ဖူဝူထ်န္း က သူ႕စကားမ်ားကို လုံးဝ ယုံၾကည္ျခင္း မရွိပါေပ။ နာမက်န္းျဖစ္ၿပီးေနာက္တြင္ ဖူေလာင္ဝမ္ရယ္သည္ အခ်ိန္တိုင္း ေပါက္ကရေျပာေန႐ုံသာမက စိတ္ကစဥ့္ကလ်ားပင္ ျဖစ္ေနေခ်၏။ ေန႕တိုင္းပင္ သူက ေနရာအႏွံ႕ ေျပးလႊားေနေလၿပီး ျပႆနာမ်ားကို ျဖစ္ေစသည္။ သူ႕ရဲ႕ ဖ်တ္လတ္တက္ႂကြမႈေၾကာင့္ အသက္ ေျခာက္ဆယ္အ႐ြယ္ လူအိုႀကီးဟုပင္ အျပည့္အဝ ထင္ျမင္သြားၾကလိမ့္မည္။ ထို႔ေၾကာင့္ ေနာက္တစ္ေန႕မထြက္ခြာမီတြင္ သူက အိမ္ေတာ္ထိန္းေခါင္းေဆာင္ ဖူယိအား ေလာင္ဝမ္ရယ့္ကို ေစာင့္ေရွာက္ရန္ ၫႊန္ၾကားထားခဲ့ေလ၏။
ဖူနန္းေတာ္ တြင္ အိမ္ေတာ္ထိန္း ႏွစ္ေယာက္ရွိေပသည္။ အိမ္ေတာ္ထိန္းႀကီးလီက လက္ေထာက္မွ်သာ ျဖစ္ၿပီး အဓိကအိမ္ေတာ္ထိန္း မဟုတ္ပါေခ်။
အိမ္ေတာ္ထိန္းေခါင္းေဆာင္ မွာ မုတ္ဆိတ္ေမြးႏွင့္ လူလတ္ပိုင္းအ႐ြယ္ျဖစ္သည္။ သူက အိမ္ေတာ္ထိန္းဆု ထက္ အ႐ြယ္ငယ္ေသာ္ျငား ႏူးညံ့ညင္သာသည့္ အၿပဳံးတစ္ခုကို ဆင္ျမန္းထား၏။ အိမ္ေတာ္ထိန္းႀကီးလီႏွင့္ ယွဥ္ၾကည့္လွ်င္ သူက ပိုမို ခ်ဥ္းကပ္ရလြယ္မည့္ဟန္ ေပၚသည္။ သို႔ေသာ္ ဒါက အန္းက်ီယန္ သူ႕ကို ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း မဟုတ္ေပ။
မေန႕က လက္ထပ္ပြဲအခမ္းအနားတြင္ အိမ္ေတာ္ထိန္းဖူကို ေလာင္ဝမ္ရယ္ ႏွင့္ သိပ္မေဝးသည့္ ေဘးတစ္ေနရာတြင္ ရပ္ေနတုန္း သူေတြ႕ခဲ့ရသည္။ ထိုအခ်ိန္က သူ အလွ်င္အျမန္ တစ္ခ်က္မွ် ၾကည့္လိုက္႐ုံသာ ျဖစ္ၿပီး ေသခ်ာ ေစ့ေစ့စပ္စပ္ မၾကည့္လိုက္မိပါေခ်။ ဒီမနက္ ထြက္သြားမည့္အခ်ိန္မွ သူ႕ကို ၾကားဖူးၿပီး အမွန္တကယ္ ေသေသခ်ာခ်ာ ျမင္ဖူးျခင္းပင္ ျဖစ္သည္။
"ဝမ္ရယ္... ေက်းဇူးျပဳၿပီး စိတ္ခ်လက္ခ် ေနပါ...ကြၽန္ေတာ္ ေလာင္ဝမ္ရယ္ ကို ေစာင့္ေရွာက္ထားလိုက္ပါမယ္"
ဖူယိက ေခါင္းၿငိမ့္ၿပီး ၿပဳံးလိုက္ေလ၏။ သူ႕ရဲ႕ အမူအရာမွာ ရိုက်ိဳးဟန္လည္း မရွိသလို စိတ္ႀကီးဝင္ေနသည့္ဟန္ႏွင့္လည္း မတူပါေပ။ အေစခံတစ္ေယာက္ႏွင့္ တူရမည့္အစား ဖူဝူထ်န္း၏ အႀကီးအကဲ ပုံစံႏွင့္ပင္ တူေနေလေသးသည္။ ဆိုရလွ်င္ သူ႕ရဲ႕ မ်ိဳးရိုးနာမည္ ဖူ ဆိုေသာ စာလုံးကို ၾကည့္႐ုံျဖင့္ သာမန္အေစခံတစ္ေယာက္ မဟုတ္နိုင္ေၾကာင္း သိနိုင္ေပသည္။
အန္းက်ီယန္ သိလိုက္ရသည္က သူႏွင့္ဖူဝူထ်န္းတို႔၏ လက္ထပ္ပြဲႀကီးမွာ အိမ္ေတာ္ထိန္းေခါင္းေဆာင္ ကိုယ္တိုင္ တစ္ေယာက္တည္း ဦးစီးေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ကိုပင္။
ထိုအခ်ိန္၌ ဖူဝူထ်န္း က ေျပာလာျပန္၏။
"ထပ္ၿပီးေတာ့ အိမ္ေတာ္ထိန္းေခါင္းေဆာင္ကို ဝမ္ေဖးေလးရဲ႕ ညီငယ္ကိုပါ ေစာင့္ေရွာက္ေပးဖို႔ ဒုကၡေပးရဦးမယ္။ ကြၽန္ေတာ့္ဇနီးေလးရဲ႕ ညီငယ္ေသးေသးေလးက အသက္ေလးလပဲ ရွိေသးတာဆိုေတာ့ ပိုၿပီး ဂ႐ုစိုက္ေပးပါဦး"
ဇနီးေလးရဲ႕ ညီငယ္ေသးေသးေလး?
အန္းက်ီယန္ သူ႕ရဲ႕ ေဖာ္ၫႊန္းေျပာဆိုလိုက္ပုံေၾကာင့္ အံ့ၾသသြားရသည္။ သူက ဒီကိစၥကို ေျပာဆိုရန္ ျပင္ဆင္ထားပါေသာ္ျငား "ဇနီးေလးရဲ႕ညီငယ္ေသးေသးေလး " ဆိုသည့္စကားေၾကာင့္ ႐ုတ္တရက္ဆိုသလို ရွက္႐ြံ႕မႈကို ခံစားလိုက္ရ၏။ ဖူဝူထ်န္းသည္ကား တကယ့္ကို မ်က္ႏွာထူလွသည္။ အန္းက်ီယန္ ထိုလူ၏ အရွက္မရွိမႈအဆင့္ကို ဘယ္ေတာ့မွ တိုင္းတာနိုင္လိမ့္မည္မဟုတ္ေပ။
[T/N - ယူ နိုး ဝွက္ အိုင္ means🌚]
"ဝမ္ရယ္ ဒီကိစၥအေပၚ စိတ္ခ်ထားလို႔ရပါတယ္"
ဖူယိ ဒီကိစၥကို မေန႕ကတည္းက သိထားၿပီး ျဖစ္သည္။ ဝမ္ရယ္က ဝမ္ေဖးႏွင့္အတူ မိဘအိမ္အျပန္သို႔ လိုက္သြားခ်င္ေနၿပီး စီစဥ္စရာအားလုံးကို စီမံထားၿပီးေၾကာင္းလည္း သူသိရွိေပ၏။
တကယ္တမ္းတြင္ေတာ့ ဖူဝူထ်န္းက အိမ္ေတာ္ထိန္းေခါင္းေဆာင္သည္ အန္းက်ီမင္ အား ဂ႐ုစိုက္လိမ့္မည္ဆိုသည္ကို သိေနေပသည္။ သူက သူ႕ ဝမ္ေဖးေလး ၾကားသြားၿပီး နန္းေတာ္မွ စိတ္လက္ခ်မ္းသာစြာ ထြက္ခြာနိုင္ဖို႔အတြက္ က်ယ္က်ယ္ထုတ္ေျပာလိုက္ျခင္းပင္ ျဖစ္၏။
အဲ့ဒီေနာက္ သူတို႔က ျမင္းလွည္းႏွင့္ ကြၽင္းက်ီၿမိဳ႕ေတာ္ကေန အန္းယြမ္စီရင္စုဆီသို႔ ခရီးထြက္ခဲ့ၾကသည္။
ျမင္းလွည္း တြင္ ဖူနန္းေတာ္၏ အမွတ္တံဆိပ္ ပါရွိၿပီး ကြၽင္းက်ီၿမိဳ႕က လူတိုင္းလိုလို သိရွိၾကေလသည္။ သို႔ေသာ္လည္း ကြၽင္းက်ီၿမိဳ႕အျပင္ဘက္တြင္ေတာ့ မည္သူကမွ ဤအမွတ္တံဆိပ္ကို မသိၾကပါေလ။
သို႔ေသာ္လည္း ျမင္းလွည္းမွာ အလြန္တရာ သက္ေသာင့္သက္သာ ရွိေပ၏။ လူအမ်ားက အျပင္ပန္းသ႑ာန္ကို ျမင္လိုက္႐ုံႏွင့္ပင္ ပိုင္ရွင္၏ ေနာက္ခံမွာ သာမန္မဟုတ္ေၾကာင္း ေျပာနိုင္ေပလိမ့္မည္။ အတြင္းရွိေနရာမွာ အလြန္တရာ က်ယ္ဝန္းလွ၏။ လူေလးငါးေယာက္မွ် ေကာင္းေကာင္းထိုင္နိုင္ေလၿပီး သြားႏႈန္းမွာလည္း အလြန္ပင္ ျမန္ဆန္ေခ်သည္။ အန္းက်ီယန္ အရင္က သုံးသည့္ ျမင္းလွည္း ႏွင့္ ႏွိုင္းယွဥ္လွ်င္ တစ္ဆ သို႔မဟုတ္ ႏွစ္ဆထိ ပိုမို ျမန္ဆန္ေပသည္။ ဤႏႈန္းႏွင့္သာ ဆိုလွ်င္ သူတို႔ အန္းယြမ္စီရင္စုကို မေမွာင္ခင္ ေရာက္သြားေပလိမ့္မည္။
အန္းက်ီယန္ က လိုက္ကာစကိုမၿပီး ေျပးလႊားေနေသာ ျမင္းမ်ားကို ၾကည့္လိုက္ေလ၏။ သူတို႔က အညိုေရာင္သားေမြးမ်ားႏွင့္ လြန္စြာ ရဲစြမ္းသတၱိရွိၿပီး ခန့္ညားလွသည့္အသြင္ ရွိေနေပသည္။ တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ ယင္းတို႔မွာ အခ်ိဳ႕ ျမင္းရိုင္းမ်ားႏွင့္ မတူပါေၾကာင္း ရွင္းရွင္းလင္းလင္း သိနိုင္ေပသည္။ ဤသို႔ေသာ ျမင္းမ်ားကို ျမင္းလွည္း၌ ဆြဲေစျခင္းမွာ တကယ့္ကိုပင္ ေကာင္းမြန္သည့္အရာမ်ားအား ျဖဳန္းတီးေနျခင္း ျဖစ္သည္။
ဖူဝူထ်န္းက သူႏွင့္ ႏွစ္ခုံအကြာတြင္ ထိုင္ေနပါေလသည့္ အန္းက်ီယန္ ကို ၾကည့္လိုက္ေလ၏။ သူက အန္းက်ီယန္ အျပင္သို႔ ၾကည့္ေနသည္ကို ျမင္လိုက္ရေတာ့ အမွတ္တမဲ့ ေမးလိုက္သည္။
"ဝမ္ေဖးေလးက ဘာကို ၾကည့္ေနတာလဲ?"
အန္းက်ီယန္ က သူ႕အၾကည့္ကို ႐ုတ္သိမ္းလိုက္ေလသည္။
"ဝမ္ရယ္က ဒီလိုျမင္းေကာင္းေတြကို ျမင္းလွည္းဆြဲဖို႔အတြက္ပဲ သုံးဖို႔ ဆႏၵရွိေနတာလား?"
ဖူဝူထ်န္း က ၿပဳံး႐ႊင္စြာ ေျပာလိုက္ေလ၏။
"အေကာင္းဆုံးျမင္း ျဖစ္ေနရင္ေတာင္ ဝမ္ေဖးေလး မိဘအိမ္ကို ျပန္တာေလာက္ အေရးမႀကီးပါဘူး။ အရင္ျမင္းက သိပ္မျမန္ဘူးေလ...ခဏခဏ နားဖို႔ ရပ္သြားတတ္ၾကတယ္။ ဒါကေတာ့ ခရီးရွည္အတြက္ ထုတ္သုံးတာေပါ့"
ယင္းမွာ သူ႕အတြက္ ျဖစ္ေၾကာင္း ၾကားလိုက္ရေတာ့ အန္းက်ီယန္ အကူအညီမဲ့သလိုျဖစ္ကာ ဖူဝူထ်န္းကို မ်က္ေစာင္းထိုးလိုက္မိသည္။
ဖူဝူထ်န္း ကလည္း အန္းက်ီယန္ အၾကည့္ကို တည္တည္ၿငိမ္ၿငိမ္ ပင္ ခံယူေနပါ၏။
အန္းက်ီယန္ သူ႕အၾကည့္ကို ႐ုတ္သိမ္းလိုက္ေလသည္။ ဒီလူသည္ကား တကယ့္ကို သူ႕စိတ္ခံစားခ်က္မ်ားအား မတည္ၿငိမ္ေစဖို႔ရာ ဆြေပးနိုင္သူပင္တည္း။ သူပင္ သတိမထားမိလိုက္သည့္အရာကို ဖူဝူထ်န္းက အၿမဲပင္ ဂ႐ုစိုက္ေပးထားတတ္သည္။ သို႔ေသာ္ ဖူဝူထ်န္း က ပိုၿပီး ေတြးေတာတတ္ေလေလ၊ သူက ပိုပိုၿပီး ထြက္သြားဖို႔ ဆုံးျဖတ္ထားမိေလေလ ပါပင္။ ထိုသို႔မဟုတ္ပါက အနာဂတ္တြင္ သူ ရန္သူ႕လက္ထဲ က်သြားမည္ကို စိုးရိမ္ရေပသည္။ တစ္ဖက္လူတြင္ သူ႕ကဲ့သို႔ တူညီသည့္အစိတ္အပိုင္းမ်ား ပါရွိေနတာေတာင္မွ ညင္သာႏူးညံ့ေသာ ေယာက်ာ္းတစ္ေယာက္၏ ေသြးေဆာင္ျဖားေယာင္းနိုင္စြမ္းမွာ အလြန္ပင္ အက်ိဳးသက္ေရာက္လွသည္။
ေန႕လည္နားသို႔ ေရာက္လုေနေလၿပီ။
ျမင္းလွည္းက လက္ဖက္ရည္ဆိုင္ တစ္ခုနားမွ ျဖတ္သန္းသြားမိသည္မို႔ ဖူဝူထ်န္းက အနားယူဖို႔ရာ အမိန့္ေပးလိုက္၏။
ခရီး၌ လိုက္ပါလာသည့္ လူအေရအတြက္မွာ မမ်ားလွေပ။ အန္းက်ီယန္၏ ဘက္တြင္ သူ၊ အိမ္ေတာ္ထိန္းဆု ႏွင့္ အေစခံႏွစ္ေယာက္သာ ပါသည္။ ဖူဝူထ်န္း ကလည္း သူ႕ရဲ႕ လက္ေအာက္ငယ္သားႏွစ္ေယာက္ ကိုသာ ေခၚလာ၏။ သူတို႔မွာ ေကာခ်င္အန္း ႏွင့္ ရွို႔ေဖး ျဖစ္သည္။
သို႔ေသာ္လည္း ဖူဝူထ်န္းက အိမ္ေတာ္ထိန္းေခါင္းေဆာင္ ကို လက္ေဆာင္ပစၥည္းအမ်ားအျပား ျပင္ဆင္ခိုင္းထားဟန္ ေပၚသည္။ ယင္းတို႔မွာ ျမင္းလွည္းတစ္စီးလုံး ျပည့္လုနီးပါးပါပင္။ ျမင္းလွည္း ရပ္တန့္လိုက္သည္ႏွင့္ လက္ဖက္ရည္ဆိုင္ ထဲမွ လူမ်ားအားလုံး စိတ္ဝင္စားသြားၾက၏။
"ဧည့္သည္ေတာ္တို႔ ဘာမ်ား သုံးေဆာင္ၾကပါမလဲခင္ဗ်ာ? ကြၽန္ေတာ္တို႔ရဲ႕ ဆိုင္ေလးကေသးငယ္ၿပီး ၾကမ္းတမ္းလွပါတယ္။ အစားအေသာက္ေကာင္း အမ်ားႀကီး မရွိတာကိုေတာ့ စိတ္မရွိပါနဲ႕ခင္ဗ်ာ"
စားပြဲထိုး တစ္ေယာက္က သူတို႔ဆီသို႔ အၿပဳံးေလးႏွင့္ ေရာက္လို႔လာသည္။ ထိုသူတို႔ ဝတ္ဆင္ထားသည့္ တန္ဖိုးႀကီး အဝတ္အစားမ်ားကို ၾကည့္လိုက္႐ုံႏွင့္ပင္ မည္သို႔ေသာ အဆင့္အတန္း ျဖစ္သည္ကိုအား ေျပာနိုင္ေပလိမ့္မည္။ သူတို႔ဆိုင္ရွိ ရိုးရွင္းလွေသာ ဟင္းလ်ာမ်ားေၾကာင့္ အေရးႀကီး ဧည့္သည္ေတာ္မ်ား စိတ္ပ်က္သြားၾကမည္စိုးသျဖင့္ စားပြဲထိုး က အေျခအေနကို ရွင္းျပရန္ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္။
ဖူဝူထ်န္း က အန္းက်ီယန္ ကို ၾကည့္လိုက္ေလ၏။
"ဇနီးေလးက ဘာစားခ်င္လဲ?"
ထိုစကားမ်ား ထြက္လာေလသည္ႏွင့္ စားပြဲထိုး၏ မ်က္လုံးမ်ားမွာ အန္းက်ီယန္အေပၚသို႔ အံ့အားသင့္စြာ ၾကည့္လာေလေတာ့သည္။
အန္းက်ီယန္၏ အမူအရာမွာ နစ္ျမဳပ္သြားသကဲ့သို႔ပင္။
သူက ေျဖၾကားျခင္း မရွိပါေခ်။ ဖူဝူထ်န္းက စားပြဲထိုးကို လက္ဖက္ရည္တစ္အိုး ဦးစြာ ခ်ခိဳင္းလိုက္ေလၿပီး ေပါက္စီနည္းနည္းႏွင့္ မုန့္အခ်ိဳပြဲမ်ားကိုပါ ခ်ေစလိုက္၏။ ထို႔ေနာက္ စားပြဲထိုးမွာ အလွ်င္အျမန္ လွည့္ကာ မေျပး႐ုံတမယ္ ထြက္သြားလိုက္ေလေတာ့သည္။
အန္းက်ီယန္ က အမူအရာမဲ့ေနသည့္မ်က္ႏွာျဖင့္ ေျပာပစ္လိုက္သည္။
"ကြၽန္ေတာ့္ကို ဇနီးလို႔ မေခၚနဲ႕!"
သူက ဇနီးဟု ေခၚခံရသည္ကို သည္းခံေနရေသာ္ျငား ယခု သူတို႔က ကြၽမ္းက်ီၿမိဳ႕၌ မဟုတ္ပါေခ်။ အျပင္လူမ်ားမွာ သူတို႔ႏွစ္ေယာက္ၾကားရွိ အၾကင္လင္မယား ဆက္ဆံေရးကို မသိၾကေလသည္မို႔ သူကလည္း အမ်ားသိေအာင္ ေၾကညာမေနခ်င္ပါေပ။
"ဒီေတာ့ ကိုယ့္ဇနီးေလးက ဘယ္လိုမ်ား ေခၚေစခ်င္တာလဲ?"
ဖူဝူထ်န္း က ေမးလိုက္ေလ၏။
အန္းက်ီယန္ ရပ္တန့္သြားေခ်သည္။ သူက ဖူဝူထ်န္း ကို သူ႕အား အန္းသခင္ေလးဟု ေခၚေစခ်င္ေသာ္လည္း မျဖစ္နိုင္မွန္း သိထားေပသည္။
ဖူဝူထ်န္း က ဟာသလုပ္လိုက္၏။
"အန္းေရွာက္(အန္းငယ္ေလး)လို႔ ေခၚရင္ေရာ ဘယ္လိုလဲ?"
အန္းက်ီယန္ က သူ႕ကို တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ၾကည့္ေပးလိုက္သည္။
"ဝမ္ရယ္က အဲ့ဒီလို ေခၚခ်င္ေနရင္လည္း ကြၽန္ေတာ္က စိတ္မရွိပါဘူး"
ဖူဝူထ်န္း မွာ ခ်က္ခ်င္းဆိုသလို အသံအေနအထားကို ေျပာင္းလိုက္ရေလသည္။
"ေနာက္တာပါ...ေနာက္တစ္ခါ အျပင္ထြတ္တဲ့အခါက်ရင္ ကိုယ္ မင္းကို က်ီယန္ လို႔ ေခၚမယ္ေလ"
အန္းက်ီယန္ ၏ မ်က္ႏွာရွိ အေၾကာမ်ားမွာ ၾကက္ေသေသသြားေလေတာ့သည္။
[T/N - E tranမွာေျပာတာကေတာ့ ဖူဝူထ်န္းရဲ႕ ေနာက္ဆုံးစာေၾကာင္းက "အန္းက်ီယန္ မ်က္ႏွာ အေၾကာဆြဲသြားၿပီ"နဲ႕ အဓိပ္ပါယ် ဆင္ပါသတဲ့🤣 တို႔ကေတာ့ တ႐ုတ္စာမတတ္ေတာ့ မသိပါဘူးရွန္🤧]