နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၆၆

8.9K 1.9K 132
By Kay_Wine



{Zawgyi}

ေျဖေဆးရွိလားဆိုၿပီး ပိုင္ရန္ေမးလိုက္ခ်င္ေပမယ့္ ဒီအေၾကာင္းကို အရမ္းစိတ္အားထက္သန္သလိုပုံျဖစ္သြားခဲ့ရင္ သူ႔အတြက္ မလိုလားတဲ့အရာေတြျဖစ္ကုန္လိမ့္မယ္။ ဒီတိုင္း ေပါ့ေပါ့ပါးပါးသေဘာမ်ိဳးနဲ႔ စကားစဖို႔ႀကံစည္လိုက္တယ္။

"ရတာေပါ့" ေလာင္ဟိုင္း ျပန္ေျဖတယ္။

သူလည္း ေရွ႕ကိုတိုးလာတယ္။ သူတို႔ႏွစ္ေယာက္ၾကားက အကြာအေဝးကေတာ္ေတာ္ေလးက်ဳံ႕သြားၿပီး အခ်င္းခ်င္းဖိကပ္မိေတာ့မယ္။

"ျပန္လည္ေမြးဖြားျခင္းကူေကာင္က သက္ရွိေတြအတြက္ အရမ္းျပင္းထန္တဲ့အဆိပ္ျဖစ္ေပမယ့္ ေသၿပီးသားသူေတြအတြက္ ေဆးကုထုံးတစ္ခုျဖစ္ေစတယ္"

"ဘာလို႔လဲ?" ပိုင္ရန္က စိတ္ဝင္တစားျဖစ္ေနတာေၾကာင့္ ေလာင္ဟိုင္းနဲ႔ ဘယ္ေလာက္ေတာင္ နီးကပ္ေနၿပီလဲဆိုတာကို သတိမမူမိျဖစ္ေနတယ္။

"ဘာလို႔ဆို ကြၽန္ေတာ္တို႔ၿမိဳ႕ေတာ္က ေသဆုံးသူေတြက အသက္ရွင္သန္ဖို႔အတြက္ ကပ္ပါးပိုးေကာင္ေတြကို မွီခိုေနရလို႔ပဲ၊ ျပန္လည္ေမြးဖြားျခင္းကူေကာင္က စုပ္ယူထားတဲ့စြမ္းအားက ဘယ္သူ႔ကိုမဆို လႈပ္ရွားမႈလုပ္ေစႏိုင္တယ္ေလ" ေလာင္ဟိုင္းေျပာလိုက္တယ္။

သာမန္ကာလွ်ံကာေျပာရမယ္ဆိုရင္ ျပန္လည္ေမြးဖြားျခင္းကူေကာင္က မီးေတာက္ဆူးၿမိဳ႕ေတာ္က အစျပဳလာမွန္း သိသာတယ္။

"အဲ့တာဆို တကယ္လို႔ အသက္ရွင္ေနတဲ့လူတစ္ေယာက္က ကူေကာင္အကပ္ခံရၿပီဆိုရင္ အဲ့တာကို ဘယ္လိုဖယ္ထုတ္ရမလဲ?"

"ၿမိဳ႕အရွင္တစ္ေယာက္ပဲသိတယ္" ေလာင္ဟိုင္းေျပာလိုက္တယ္။

ပိုင္ရန္ သူ႔ေရွ႕က အနက္ေရာင္ဆံပင္နဲ႔ လူငယ္ေလးကိုၾကည့္လိုက္တယ္။ ထိုလူက နတ္ဆိုးဘုရင္ႀကီးကို မွီတြဲေနၿပီး ညဳတုတုၿပဳံးေနတယ္။

ပိုင္ရန္ စိတ္ထဲကေနသာ သက္ျပင္းခ်မိေတာ့တယ္။

အနက္ေရာင္ဆံပင္နဲ႔လူငယ္ေလးက ႐ုတ္တရက္သူ႔ကိုၾကည့္လာၿပီး ထူးဆန္းတဲ့အၿပဳံးတစ္ခု လွစ္ဟျပလာတယ္။

႐ုတ္တရက္ဆိုေတာ့ ပိုင္ရန္လန႔္ျဖန႔္သြားရတယ္။

ၿမိဳ႕အရွင္ငယ္ေလးက ေခါင္းျပန္လွည့္သြားတယ္။ အဲ့ေနာက္ နတ္ဆိုးဘုရင္ႀကီးကို တစ္ခုခုကပ္ေျပာလိုက္ေတာ့ သူ(နတ္ဆိုးဘုရင္ႀကီး)မ်က္ေမွာင္ၾကဳတ္သြားၿပီး ေခါင္းၿငိတ္ျပတယ္။

ႏွစ္ေယာက္သား စားပြဲဝိုင္းေလးက ထြက္သြားၾကတယ္။

ပိုင္ရန္လည္း သူတို႔ေနာက္ကလိုက္သြားခ်င္ေပမယ့္ နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုတားတယ္ "မလိုဘူး"

ပိုင္ရန္ သူ႔ေျခလွမ္းေတြကို ျပန္႐ုတ္သိမ္းလိုက္ရတယ္။ နတ္ဆိုးဘုရင္ႀကီးနဲ႔ ဆံနက္ေကာင္တို႔ေပ်ာက္ကြယ္သြားတဲ့အထိ အေဝးကေန လွမ္းၾကည့္ေနမိတယ္။

"မီးေတာက္ဆူးၿမိဳ႕ေတာ္ကို လိုက္ျပေပးမယ္ေလ" ေလာင္ဟိုင္း အႀကံျပဳလာတယ္။

နတ္ဆိုးဘုရင္ႀကီးကလည္း မီးေတာက္ဆူးၿမိဳ႕အရွင္နဲ႔ ထြက္သြားၿပီျဖစ္တာေၾကာင့္ ပိုင္ရန္လည္း ဒီေနရာမွာပဲ ထိုင္ေစာင့္မေနႏိုင္ဘူး။ တစ္ခဏေလာက္ေတြးေတာၿပီး ေလာင္ဟိုင္းရဲ႕အႀကံျပဳခ်က္ကို သေဘာတူလိုက္တယ္။

ဒ႑ာရီဆန္တဲ့မီးေတာက္ဆူးၿမိဳ႕ေတာ္ႀကီးအေၾကာင္းကို အလြန္အမင္းသိခ်င္မိတယ္။ ၀တၳဳထဲမွာ ဒီၿမိဳ႕ႀကီးက ထိေတြ႕လို႔မရ အနားကပ္လို႔မရတဲ့ တည္ရွိမႈႀကီးျဖစ္တယ္။ ၿမိဳ႕ေတာ္အတြင္းကုန္ပစၥည္းေရာင္းခ်ပုံေတြက ဆန္းျပားေနတယ္ဆိုေပမယ့္ ၿမိဳ႕သူၿမိဳ႕သားေတြအားလုံးကလည္း တရားလြန္တရားမင္းအင္အားႀကီးၿပီး စြမ္းေဆာင္ရည္ရွိသူေတြျဖစ္တယ္။

ဒီၿမိဳ႕နဲ႔ပက္သက္လို႔ ဘာကအရမ္းထူးဆန္းေနတာလဲဆိုတာကို ပိုင္ရန္အတိအက်သိခ်င္တယ္။

ေလာင္ဟိုင္းက သူ႔ကိုလွည့္ပတ္ျပၿပီး ေနာက္ဆုံးေတာ့ ၿမိဳ႕အရွင္ရဲ႕ေနထိုင္ရာေနရာဆီ ေခၚေဆာင္လာတယ္။

အိမ္ေတာ္ပတ္လည္မွာ ကင္းလွည့္ေနတဲ့ အေစာင့္တစ္ခ်ိဳ႕လည္းရွိတယ္။ ေလာင္ဟိုင္းကိုျမင္ေတာ့ အသည္းအသန္ေျပးလာၿပီး အ႐ိုအေသေပးၾကတယ္။

သူတို႔ေတြက သက္ရွိလူသားေတြဆိုတာကို ပိုင္ရန္ယုံၾကည္ခ်က္ရွိရွိနဲ႔ ေျပာႏိုင္တယ္။

လူတိုင္းမ်က္ႏွာေပၚမွာ မႏွစ္ၿမိဳ႕ဖြယ္အမွတ္အသားတခ်ိဳ႕ရွိေနတယ္။ အနားကပ္ၾကည့္မယ္ဆိုရင္ ပုံစံအကြက္ေတြက ဆြဲထားတာမဟုတ္ဘဲ အသားထဲမွာ ထြင္းထားမွန္းသိသာတယ္။ ဒါေပမယ့္ ဘာလို႔ပါလိမ့္?

အေစာင့္ေတြကို ေလာင္ဟိုင္းက ပိုင္ရန္နဲ႔မိတ္ဆက္ေပးေတာ့ သူတို႔ေတြက သူ႔ကိုပါ အ႐ိုအေသေပးၾကတယ္။

ပိုင္ရန္ကလည္း အသိအမွတ္ျပဳေၾကာင္း ေခါင္းေလးၿငိတ္ျပၿပီး ေလာင္ဟိုင္းေနာက္ကေန အိမ္ေတာ္ထဲဝင္လာခဲ့တယ္။

အိမ္ေတာ္က သာမန္နန္းေတာ္လိုပုံစံမ်ိဳးျဖစ္တယ္။

ပိုင္ရန္ အထဲကိုေျခခ်လိုက္ေတာ့မွသာ အတြင္းပိုင္းအျပင္အဆင္က သူထင္ထားတာနဲ႔ လုံး၀ကိုမတူညီဘဲ ကြဲျပားေနတာကို ေတြ႕လိုက္ရတယ္။ တံခါးကေန ျဖတ္ဝင္လာတယ္ဆိုရင္ပဲ မတူညီတဲ့ကမာၻတစ္ခုကို ေျခခ်မိသလိုပဲ။ အတြင္းမွာ ခပ္လွမ္းလွမ္းထိေတာင္ ျမင္ေနရတဲ့ စိမ္းရင့္ရင့္ျမက္ခင္းျပင္နဲ႔ ႀကီးမားတဲ့ေရကန္ႀကီးတစ္ခုရွိတယ္။ ေရကန္အလယ္မွာ ႀကီးမားျမင့္မားလွတဲ့ေစတီတစ္ဆူရွိေနတယ္။

"ဒါ ကြၽန္ေတာ္တို႔ေနတဲ့ေနရာပါ" ေလာင္ဟိုင္း အစပ်ိဳးမိတ္ဆက္ေပးလာတယ္။

ပိုင္ရန႔္ဆီက အံ့ဩသလိုအသံေလးထြက္ေပၚလာတယ္။ ေရွ႕ကိုေလွ်ာက္ေတာ့မယ့္အခ်ိန္မွာ ေလာင္ဟိုင္းက လက္ကိုဆန႔္ထုတ္ၿပီး သူ႔ကိုတားတယ္ "အဲ့လမ္းက မသြားနဲ႔"

ပိုင္ရန္ ေနာက္ျပန္လွည့္ကာ စူးစမ္းသလိုအၾကည့္နဲ႔ ေလာင္ဟိုင္းကို ၾကည့္လာတယ္ 'ငါတို႔က အဲ့ေစတီဆီကို သြားမွာမဟုတ္ဘူးလား?'

ေလာင္ဟိုင္းကလည္း ဆိုလိုရင္းကိုနားလည္တယ္။ သူခပ္ဖြဖြရယ္ကာ ရွင္းျပေပးတယ္ "ဒီလမ္းက သာမန္လူေတြ စိတ္ကူးလို႔ရတဲ့ တစ္စုံတစ္ရာမဟုတ္ဘူး၊ ဒီလမ္းအတိုင္းသာတည့္တည့္သြားရင္ အဲ့ေစတီနားကို ဘယ္ေတာ့မွ ကပ္ႏိုင္မွာမဟုတ္ဘူး"

ေျပာေနရင္းနဲ႔ ပိုင္ရန႔္နားကိုကပ္လာၿပီး ပိုင္ရန႔္လက္ေတြကို လာကိုင္တယ္။

ေလာင္ဟိုင္းက သူ႔လက္ကို လာဆြဲလိမ့္မယ္လို႔ ပိုင္ရန္ထင္မထားဘူး။ ဆြဲထားတာကို ခါရမ္းလိုက္မိတယ္။

ဒီအျပဳအမူက လုံး၀ကို သတိလက္လြတ္လုပ္မိသြားတာျဖစ္တယ္။ ေနာက္ၿပီးေတာ့ ေလာင္ဟိုင္းက သူနဲ႔ရင္းႏွီးတာမ်ိဳးမဟုတ္ဘူး။ အကယ္၍သာ ခုေလးတင္မွေတြ႕တဲ့ေကာင္မေလးႏွစ္ေယာက္က လက္ကိုင္တယ္ဆိုတာက ဆင္ေျခေပးလို႔ရေသးတယ္။ ဒါေပမယ့္ အခုမွေတြ႕ဖူးၾကတဲ့ ဒီလိုလူအိုႀကီးႏွစ္ေယာက္က်ေတာ့... ဒါႀကီးက နည္းနည္းေတာ့ ကဲ့ရဲ႕ခ်င္စရာႀကီး။

ေလာင္ဟိုင္းလည္း တြန႔္သြားၿပီးေနာက္မွာ သူ႔ရဲ႕နက္ေမွာင္ေနတဲ့မ်က္လုံးေတြထဲကေန သေဘာေခြ႕သြားတဲ့အရိပ္အေယာင္ေပၚထြက္လာတယ္။ "ကြၽန္ေတာ့္မွာ 'တျခား'ရည္႐ြယ္ခ်က္မရွိပါဘူး၊ အရွင္ရွဲ႕ ကြၽန္ေတာ့္ကို နားလည္မႈမလြဲပါနဲ႔... ကြၽန္ေတာ္က ဒီတိုင္းအဲ့ေစတီဆီကို ေခၚသြားခ်င္႐ုံသက္သက္ပါ"

"..."

"အရွင္ရွဲ႕ တျခားေလွ်ာက္ေတြးေနတာေတာ့ မဟုတ္ပါဘူးေနာ္?" ေလာင္ဟိုင္းက ဟိုမေရာက္ဒီမေရာက္ေလသံနဲ႔ေျပာလာတယ္။ သူ႔ရဲ႕ေခါင္းေလးကိုေစာင္းၿပီး ေခြလိပ္ေနတဲ့အနက္ေရာင္ဆံပင္ေတြကို ေလျပည္နဲ႔အတူ တလြင့္လြင့္ျဖစ္ေနေစၿပီး ဆံခ်ည္မွ်င္ေတြကေန ယစ္မူးဖြယ္ေတာက္ပတဲ့အလင္းေရာင္ေတြ ျပန႔္လို႔ေနတယ္။

ဒီလူက အလြန႔္အလြန္စြဲမက္ဖြယ္ေကာင္းတဲ့အမ်ိဳးသားတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရတယ္။ သူ႔ရဲ႕ဆြဲေဆာင္မႈကို ခုခံႏိုင္ဖို႔ဆိုတာ ခဲယဥ္းလွတယ္။

ဒါေပမယ့္ သူကအေျဖာင့္ဆိုတာကို သံသယေလးတစ္ခုေတာင္မရွိဘဲ ဆုံးျဖတ္ခ်က္ခ်ထားတဲ့ပိုင္ရန႔္အဖို႔ကေတာ့ သူ႔ရဲ႕ဆြဲေဆာင္မႈေတြက လုံး၀ဆိုသလို သက္ေရာက္မႈကို မရွိေလဘူး။

ဒါေတာ့ဒါေပါ့ သူ႔အေတြးေတြကေတာ့ ခုနတုန္းက ထို(ဆံပင္)အေပၚမွာသာ ရွိေနခဲ့တယ္။ အဲ့လိုထုတ္ေျပာရတာေတာ့ ရွက္ဖို႔ေကာင္းလွတယ္။

ပိုင္ရန္ ေခ်ာင္းဟန႔္ၿပီး စကားလမ္းေၾကာင္းေျပာင္းလိုက္တယ္ "အဲ့တာဆိုလည္း လူႀကီးမင္းေလာင္ အဲ့ကိုလိုက္ပို႔ေပးဖို႔ ခင္ဗ်ားကိုပဲ ဒုကၡေပးရေတာ့မွာေပါ့"

ေလာင္ဟိုင္းက သူ႔ကိုခဏေလာက္ၾကည့္ေနၿပီးေနာက္ေတာ့ အားရပါးရထရယ္ေတာ့တယ္။ "အရွင္ရွဲ႕ ခင္ဗ်ားက ေကာလဟာလေတြထဲကနဲ႔ တကယ့္ကိုကြာျခားေနတာပဲ၊ ဘယ္လိုေျပာရမလဲဆိုေတာ့... ခင္ဗ်ားေလးက အရမ္းခ်စ္စရာေကာင္းေနတယ္"

ခ်စ္ဖို႔ေကာင္းတယ္?

အၾကမ္းပတမ္းနဲ႔ ႏိုင္လိုမင္းထက္ျပဳတတ္တဲ့ ရွဲ႕ဇီတ်န္းလိုလူမ်ိဳးကို 'ခ်စ္စရာေကာင္းတယ္'ဆိုတဲ့ စကားလုံးမ်ိဳးနဲ႔ ေျပာလိုက္တယ္?

ပိုင္ရန႔္အမူအယာ ေတာင့္တင္းသြားတယ္ "လူႀကီးမင္းေလာင္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို မေလွာင္ပါနဲ႔"

ေလာင္ဟိုင္းရဲ႕အၿပဳံးက ေပ်ာက္ကြယ္သြားတယ္။ သူက ေလးနက္တဲ့ေလသံနဲ႔ "ကြၽန္ေတာ္ ေနာက္ေျပာတာမဟုတ္ပါဘူး၊ အရွင္ရွဲ႕က တကယ့္ကိုအရမ္းခ်စ္စရာေကာင္းေနတယ္လို႔ ထင္မိတာပါ... ကြၽန္ေတာ့္အႀကိဳက္လိုမ်ိဳးျဖစ္ေနတယ္၊ ကြၽန္ေတာ့္ရဲ႕တြဲဖက္ျဖစ္ေပးဖို႔ စဥ္းစားေပးႏိုင္မလား?" [ T/N : ကိုယ္ေတာ္ မ်က္ခုံးလႈပ္ေနၿပီ ]

ပိုင္ရန္ "...အာ?"

ပိုင္ရန္ လုံး၀ကိုစိတ္ပ်က္အံ့အားသင့္သြားရတယ္။ ဒါက ေလာင္ဟိုင္းနဲ႔သူေတြ႕ဖူးတဲ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီး သူတို႔စကားေတာင္ သိပ္ေျပာျဖစ္ေသးတာမဟုတ္တာကို ဘယ္ကေနဘယ္လို ဒီေလာက္ထိ ျမန္ျမန္ႀကီးေတြ ျဖစ္ကုန္ရတာလဲ?

"ခင္ဗ်ား အခုဘာေျပာလိုက္တာ?" ပိုင္ရန္ကေတာ့ သူမ်ား နားၾကားမွားတာလားဆိုၿပီး ထပ္ေမးလိုက္တယ္။

ေလာင္ဟိုင္းကေတာ့ စိတ္အေႏွာင့္အယွက္မျဖစ္တဲ့အမူအယာနဲ႔ ရွိေနတုန္းပဲ "ကြၽန္ေတာ္ အရွင္ရွဲ႕ကို ကြၽန္ေတာ့္ရဲ႕တြဲဖက္ျဖစ္ေပးဖို႔ ဖိတ္ေခၚခ်င္ပါတယ္"

"ဘာလို႔လဲ?" အေျခအေနႀကီးက ယုံခ်င္စရာမေကာင္းေလာက္ေအာင္ကို ခ်ာလပတ္လည္ေနၿပီ။

ေလာင္ဟိုင္းက ၿပဳံးလာတယ္ "မီးေတာက္ဆူးၿမိဳ႕ေတာ္မွာ ေနထိုင္တဲ့လူေတြက သိပ္မမ်ားလွဘူး၊ ၿပီးေတာ့ ပုံမွန္အားျဖင့္လည္း ကြၽန္ေတာ္တို႔ေတြ အရမ္းအၾကာႀကီးခြဲထြက္လာလို႔မရဘူး... တြဲဖက္တစ္ေယာက္ရွာႏိုင္ဖို႔ဆိုတာ မလြယ္ဘူးေလ"

ပိုင္ရန႔္မွာ ေျပာစရာစကားေတာင္မရွိေတာ့ဘူး "ရွာဖို႔က မလြယ္ဘူးဆိုရင္ေတာင္မွ ဒီတိုင္းေတြ႕ရာလူကို ေအးေအးလူလူဖြင့္ေျပာလိုက္လို႔မျဖစ္ဘူးေလ... ကြၽန္ေတာ္တို႔က ခုေလးတင္မွ ေတြ႕ျဖစ္တာကို"

သူ႔ရဲ႕မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ေလသံကိုၾကားေတာ့ ေလာင္ဟိုင္းရဲ႕အၿပဳံးက ပိုၿပီးပြင့္လင္းလာတယ္။ "အရွင္ရွဲ႕ တကယ္ပဲ ကြၽန္ေတာ္က ေနာက္ေျပာင္ေနတယ္လို႔ ထင္ေနတာလား? ကြၽန္ေတာ္ ဒီဟာကို တကယ္ေလးေလးနက္နက္ေျပာေနတာပါ၊ ကြၽန္ေတာ္တို႔ အခုေလးတင္မွ ေတြ႕ျဖစ္တယ္ဆိုေပမယ့္ ခင္ဗ်ားကသာ ကြၽန္ေတာ္နဲ႔သင့္ေတာ္တဲ့လူဆိုတာ ကြၽန္ေတာ္သိတယ္"

ပိုင္ရန္ နားမလည္ႏိုင္ေတာ့ဘူး "ဘာလိုမ်ိဳးလဲ?"

"အေၾကာင္းျပခ်က္ေတြအမ်ားႀကီးရွိတယ္" ေလာင္ဟိုင္းေျပာလာတာက အရမ္းမျမန္သလို အရမ္းလည္းမေႏွးဘူး။ "ကြၽန္ေတာ္ ခင္ဗ်ားကိုထိမိခ်ိန္မွာ ခင္ဗ်ားခႏၶာကိုယ္က ထူးျခားတယ္ဆိုတာ သိလိုက္ရတယ္၊ အဲ့အျပင္ ခင္ဗ်ားရဲ႕ခႏၶာကိုယ္ထဲမွာ ျပန္လည္ေမြးဖြားျခင္းကူေကာင္ သယ္ထားတယ္၊ ခင္ဗ်ားက အရမ္းလည္းအစြမ္းႀကီးတယ္ ၿပီးေတာ့ ခင္ဗ်ားရဲ႕က်င့္ႀကံျခင္းကလည္း ျမင့္တယ္၊ အားလုံးက ရွားရွားပါးပါးခ်ည္းပဲ... ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တစ္လမွာ အႀကိမ္အနည္းငယ္ ႏွစ္ေယာက္တြဲက်င့္ႀကံလိုက္မယ္ဆိုရင္ ခင္ဗ်ားလည္း မီးေတာက္ဆူးၿမိဳ႕ေတာ္နဲ႔ အျပင္ေလာကၾကားမွာ လြတ္လြတ္လပ္လပ္သြားလာႏိုင္ၿပီ"

သူရပ္တန႔္သြားၿပီး စကားဆက္တယ္ "ဒုတိယအေၾကာင္းျပခ်က္ကေတာ့ ရွင္းပါတယ္၊ ခင္ဗ်ားေလးက အရမ္းခ်စ္စရာေကာင္းေနေတာ့ ကြၽန္ေတာ္အမ်ားႀကီးသေဘာက်တယ္"

ပိုင္ရန္ ေလာင္ဟိုင္းရဲ႕နက္ေမွာင္တဲ့မ်က္လုံးေတြကိုၾကည့္ၿပီးေနာက္မွာ သူ႔ရဲ႕အၾကည့္ေတြက ႐ိုးသားၿပီး သံသယျဖစ္စရာအနည္းငယ္ေတာင္ မရွိတာကို ေတြ႕လိုက္ရတယ္။

ပိုင္ရန္ "..."

ေလာင္ဟိုင္းက ႏိုင္ငံျခားသားတစ္ေယာက္နဲ႔ တူ႐ုံတင္မကဘူး သူ႔ရဲ႕အမူအက်င့္ေတြကလည္း အဲ့လိုမ်ိဳးျဖစ္ေနတယ္။ စိတ္လႈပ္ရွားလြယ္ၿပီး မထိန္းႏိုင္မသိမ္းႏိုင္နဲ႔။ သူတို႔ေတြ ေတြ႕ဖူးတာ ခုမွ ပထမဆုံးအႀကိမ္ပဲရွိေသးတာကို လက္ထပ္ခြင့္ကေတာင္းေနၿပီ။ ဒုတိယအႀကိမ္ျပန္ေတြ႕ရင္ အိပ္ရာထဲကို ဒိုးရေတာ့မလားေတာင္မသိဘူး?

ပိုင္ရန္ စကားလုံးေတြ ေပ်ာက္ဆုံးလို႔ေနတယ္။ စစတုန္းက ေလာင္ဟိုင္းေနာက္ေျပာင္ေနတယ္ထင္ၿပီး နည္းနည္းေဒါသထြက္သြားေသးတယ္။ သို႔ေပမယ့္ အခု သူ႔ရဲ႕အမူအယာကို ျမင္လိုက္ေတာ့မွ ေလာင္ဟိုင္းက တကယ့္ကိုအတည္ေျပာေနမွန္း ပိုင္ရန္သိလိုက္တယ္။ သူ႔ရင္ထဲက ေဒါသကလည္း မီးခိုးေငြ႕လိုမ်ိဳး လြင့္ပ်ယ္သြားရတယ္။

သူကလည္း ေတာင္းဆိုစရာတစ္ခုရွိလို႔ ေရာက္လာတာျဖစ္တဲ့အတြက္ တစ္ဖက္လူကို မထီေလးစားလုပ္လိုက္မိရင္လည္း မေကာင္းရာက်လိမ့္မယ္။ ပိုင္ရန္ ခဏေလာက္ေတြးၿပီး ေလးေလးနက္နက္ေျပာလိုက္တယ္ "ကြၽန္ေတာ္စိတ္မေကာင္းပါဘူး ဒါေပမယ့္ ခင္ဗ်ားရဲ႕ကမ္းလွမ္းခ်က္က အရမ္းရဲတင္းလြန္းေနတယ္... အခုကြၽန္ေတာ့္မွာ တစ္စုံတစ္ေယာက္နဲ႔ တြဲဖို႔စိတ္ကူးမရွိေသးပါဘူး"

ေလာင္ဟိုင္း စိတ္ပ်က္သြားတာသိသာတယ္။ သူ႔ရဲ႕နက္ေမွာင္ေနတဲ့မ်က္လုံးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ "အရွင္ရွဲ႕မွာ သေဘာက်ေနတဲ့တစ္စုံတစ္ေယာက္ရွိၿပီးသား ျဖစ္ေနလို႔မ်ားလား?"

ဒီစကားကိုၾကားလိုက္ခ်ိန္မွာ ပိုင္ရန႔္စိတ္ထဲ _ ဘာအေၾကာင္းမွ မရွိဘဲနဲ႔ _ ႐ုတ္တရက္ဆိုသလို တစ္ေယာက္ေသာသူရဲ႕အရိပ္က ျဖတ္ခနဲေပၚလာတယ္။ သူ႔အေတြးထဲက ပုံရိပ္ကို ခါထုတ္ၿပီး တည္ၾကည္စြာေျပာလိုက္တယ္ "မရွိပါဘူး"

ေလာင္ဟိုင္းက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ျပန္တယ္ "အဲ့တာဆို အရွင္ရွဲ႕ ကြၽန္ေတာ့္ကိုစဥ္းစားေပးဖို႔ ေမွ်ာ္လင့္ပါတယ္၊ ကြၽန္ေတာ္တို႔ေတြ လိုက္ဖက္ညီမယ္လို႔ ကတိေပးႏိုင္ပါတယ္"

ပိုင္ရန္က သဘာ၀က်က်ရယ္ေမာၿပီး သူ႔ရဲ႕ 'friendzone'ကတ္ကို ဆြဲထုတ္လိုက္တယ္ "ခင္ဗ်ားက သူငယ္ခ်င္းေကာင္းပါ၊ ဒီအေၾကာင္းေနာက္မွ ေျပာၾကတာေပါ့"

ေလာင္ဟိုင္းက 'သူငယ္ခ်င္း'ဆိုတာရဲ႕သေဘာသဘာ၀ကို နားမလည္ဘူးလို႔ ဘယ္သူက ထင္မိမွာလဲ၊ သူ႔ၾကည့္ရတာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္သြားၿပီး "ေကာင္းပါၿပီ၊ ကြၽန္ေတာ့္ရဲ႕ ကမ္းလွမ္းခ်က္ကို အရွင္ရွဲ႕က ေသခ်ာစဥ္းစားေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္"

ေလာင္ဟိုင္းရဲ႕ ေနာက္ပိုးမႈကို ပိုင္ရန္မခံစားႏိုင္ေတာ့ဘူး။ ေနရခက္ေနတာေၾကာင့္ ခ်က္ခ်င္းစကားလမ္းေၾကာင္းေျပာင္းလိုက္တယ္ "အျဖဴေရာင္ေစတီဆီကိုပဲ သြားၾကတာေပါ့"

"ေကာင္းပါၿပီ" အခုတစ္ႀကိမ္ေတာ့ ေလာင္ဟိုင္းမွာလည္း ျပန္ခံေျပာစရာမရွိေတာ့ဘူး။ ေပ်ာ္ေပ်ာ္ႀကီး ပိုင္ရန႔္လက္ကိုဆြဲကာ အျဖဴေရာင္ေစတီဆီကို ဦးေဆာင္ေခၚခဲ့လိုက္တယ္။

ေလာင္ဟိုင္းလက္ကို ျဖဳတ္ခ်ပစ္ခ်င္စိတ္ကို ပိုင္ရန္ေတာ္ေတာ္ထိန္းထားရတယ္။ ေလာင္ဟိုင္းက ဖြင့္ေျပာလာတာကို ပိုင္ရန္က ပစ္ပစ္ခါခါႀကီးလုပ္ပစ္လိုက္ရင္ ႏွစ္ေယာက္လုံးအတြက္ အရွက္တကြဲအက်ိဳးနည္းျဖစ္ကုန္လိမ့္မယ္။ သဘာ၀က်က်ေလးေနလိုက္တာက ပိုေကာင္းမယ္။

ေလာင္ဟိုင္းက သူ႔ရဲ႕သေဘာထားေတြကို နားလည္ရဲ႕လားေတာ့မသိဘူး။ ပိုင္ရန႔္ကို လမ္းတစ္ေလွ်ာက္ဆြဲေခၚေနရင္းနဲ႔ သူတို႔ျဖတ္ေက်ာ္ခဲ့သမွ်အားလုံးကို ပိုင္ရန႔္ကို ေလာင္ဟိုင္းက ဆက္ၿပီးရွင္းျပေနတယ္။

ထိုေစတီက ေလာင္ဟိုင္းေျပာခဲ့တဲ့အတိုင္းပဲ။ နီးတယ္လို႔ထင္ရေပမယ့္ အလြန္ကိုေဝးလံလွတယ္။ ေလာင္ဟိုင္းက ဦးေဆာင္ၿပီး ပိုင္ရန႔္ကိုေခၚလာတာၾကာလွၿပီဆိုေပမယ့္ ေရာက္ကိုမေရာက္ႏိုင္ေသးဘူး။

တျဖည္းျဖည္းနဲ႔ ပန္းခင္းတစ္ခုကို ေရာက္လာတယ္။ အထဲမွာ မ်ိဳးစုံေသာ ပန္းေတြနဲ႔ အပင္ေတြရွိတယ္။ အလယ္မွာ ပန္းအိုးအေသးေလးတစ္လုံးရွိၿပီး တျခားေတာ့မဟုတ္ လူတစ္ေယာက္အရပ္ေလာက္ရွိတဲ့ အပင္ေလးတစ္ပင္ရွိေနတယ္။

ဘာအ႐ြက္မွမရွိတဲ့အတြက္ ပိုင္ရန္ ထိုသစ္ပင္ကို သတိထားမိသြားတာျဖစ္တယ္။ အ႐ြက္ေတြအစား ပန္းပြင့္ေတြနဲ႔ အသီးေတြသာ ျပည့္လို႔ေနတယ္။ အသီးေတြက ခ်ယ္ရီသီးလို နီရဲကာ ေက်ာက္သလင္းလို ေတာက္ပၿပီး ထူးျခားတဲ့အေမႊးနံ႔ေလးတစ္ခု ထုတ္လႊတ္ေနတယ္။

ပိုင္ရန႔္အာ႐ုံက သစ္ပင္ဆီက်ေရာက္ေနတာကို ေလာင္ဟိုင္းသတိျပဳမိသြားတယ္ "အဲ့တာ မုမုသီးေလ"

"မုမုသီး?" ပိုင္ရန္ သံေယာင္လိုက္ေျပာမိတယ္။ အံ့ဩသလိုမ်ိဳးေလးနဲ႔ "အဲ့လိုနာမည္မ်ိဳး တစ္ခါမွေတာင္မၾကားဖူးဘူး"

နတ္ဆိုးနယ္ေျမရဲ႕ မင္းသားေလး ေလးပါးထဲက တစ္ပါးျဖစ္တဲ့ ရွဲ႕ဇီထ်န္းမွာ ေလာကႀကီးအေၾကာင္း က်ယ္ျပန႔္တဲ့ဗဟုသုတေတြရွိတယ္။ သူမသိတာဆိုလို႔ အနည္းအက်ဥ္းသာရွိၿပီး ဒါေတာင္ သူ႔မွတ္ဉာဏ္ထဲမွာ မုမုသီးဆိုတာမ်ိဳး ဒါမွမဟုတ္ ဒီလိုအပင္ပုံစံမ်ိဳး လုံး၀မရွိဘူး။

"ဒီအသီးက အရမ္းထူးျခားတယ္" ေလာင္ဟိုင္းေျပာလိုက္တယ္ "မီးေတာက္ဆူးၿမိဳ႕ေတာ္ထဲမွာ ဒီတစ္ပင္တည္းရွိတယ္၊ ဒီအပင္က အသီးကိုစားလိုက္မယ္ဆိုရင္ စားလိုက္တဲ့သူရဲ႕ေသြးနဲ႔ အနံ႔က ဘယ္လိုမ်ိဳးသတၱဝါနဲ႔မဆို အံဝင္ခြင္က်ျဖစ္သြားေရာ... လူေတာ္ေတာ္မ်ားမ်ားက ဒီအသီးကို ႐ိုင္းစိုင္းတဲ့သားရဲႀကီးေတြကို ယဥ္ပါးေအာင္လုပ္တဲ့ေနရာမွာသုံးတယ္။

"သား႐ိုင္းေတြကို ယဥ္ပါးေအာင္လုပ္တာလား?"

"ဟုတ္ပါတယ္၊ အရင္ဆုံး အဆင့္ျမင့္တဲ့သား႐ိုင္းေပါက္ေလးကိုရွာ ၿပီးတာနဲ႔ အသီးကိုစားလိုက္၊ သားေပါက္ေလးက ခင္ဗ်ားကို သူ႔အေမလို႔ထင္သြားၿပီး ေနာက္က တေကာက္ေကာက္လိုက္လာလိမ့္မယ္"

ပိုင္ရန္ တအံ့တဩျဖစ္သြားတယ္။ "တကယ္ႀကီး စိတ္ဝင္စားစရာေကာင္းတာပဲ"

နတ္ဆိုးနယ္ေျမက ႀကီးမားလွတယ္။ တခ်ိဳ႕အလြန္အမင္းလူေနကင္းမဲ့တဲ့ေနရာေတြမွာ အဆင့္ျမင့္ၿပီး အင္အားႀကီးတဲ့သားရဲႀကီးေတြသာ ေနထိုင္ၾကတယ္။ တစ္စုံတစ္ေယာက္က သူတို႔ေတြကို ယဥ္ပါးလာေအာင္လုပ္ခ်င္တယ္ဆိုရင္ အဲ့လိုလုပ္ေနစဥ္မွာ မေရမတြက္ႏိုင္ေလာက္ေအာင္ အသတ္ခံရသူေတြနဲ႔ ထိခိုက္ဒဏ္ရာရသူေတြရွိလိမ့္မယ္။

သို႔ေပမယ့္ မုမုသီးရွိတဲ့လူဆိုရင္ေတာ့ အားေလးနည္းနည္းစိုက္ထုတ္႐ုံနဲ႔ သားေပါက္ေလးတစ္ေကာင္ကို ယဥ္ပါးေအာင္လုပ္ႏိုင္ၿပီ။

"လိုခ်င္လား? ကြၽန္ေတာ္ခင္ဗ်ားကို တစ္ခုေပးလို႔ရတယ္" ေလာင္ဟိုင္းေျပာလာတယ္။

ပိုင္ရန္မ်က္လုံးေတြ ျပဴးက်ယ္ကုန္တယ္ "ရလား?"

ေလာင္ဟိုင္း ၿပဳံးလိုက္တယ္ "ခင္ဗ်ားက ကြၽန္ေတာ္တို႔ရဲ႕အသိအမွတ္ျပဳခံထားရတဲ့ဧည့္သည္ပဲဟာကို တစ္ခုယူလို႔ရတာေပါ့၊ မုမုသီးက အဖိုးတန္တယ္ဆိုေပမယ့္ ဆိုးဆိုးဝါးဝါးရွားပါးတာမ်ိဳးေတာ့မဟုတ္ဘူး... ၾကည့္ေလ ဒီအပင္မွာ အသီးေတြဒီေလာက္မ်ားတဲ့ဟာကို၊ အနည္းငယ္ေလာက္ယူသြားရင္ေတာင္ ဘာမွမျဖစ္ဘူး"

ေလာင္ဟိုင္း ျမက္ခင္းကိုနင္းကာ အပင္ဆီေလွ်ာက္လာၿပီး အကိုင္းတခ်ိဳ႕ယူကာ ပိုင္ရန႔္ကိုေပးလိုက္တယ္။

ပိုင္ရန္ သူ႔လက္ထဲက ႀကီးမားတဲ့ခ်ယ္ရီသီးအခိုင္လိုမ်ိဳးျဖစ္ေနတဲ့ အသီးကိုၾကည့္လိုက္တယ္။ တစ္ကိုက္ေလာက္ ျမည္းစမ္းၾကည့္ခ်င္ေနၿပီ။

"ဒီအသီးကို လူေတြစားလို႔ရပါတယ္ေနာ္?" သူမေနႏိုင္ဘဲ ေမးမိျပန္တယ္။

ေလာင္ဟိုင္းက ၿပဳံးကာ "ရပါတယ္ ဘာမွမျဖစ္ဘူး"

ပိုင္ရန္ တစ္သီးေလာက္ယူၿပီး စူးစမ္းၾကည့္ၿပီးမွ သူ႔ရဲ႕ခ်န္းခြန္အိတ္ထဲ ထည့္လိုက္တယ္။

သူစမ္းၾကည့္လို႔ရမယ့္ သားရဲတစ္ေကာင္ေလာက္ရွာၾကည့္ဖို႔ အခြင့္အေရးရွာရမယ္ဆိုၿပီး ေတးမွတ္ထားလိုက္တယ္။ နတ္ဆိုးဘုရင္ႀကီးရဲ႕နန္းေတာ္ထဲမွာေနတဲ့ နတ္ဆိုးဝံပုေလြတစ္ေကာင္ရွိတယ္။ ဝံပုေလြက ဉာဏ္ေကာင္းၿပီး ၾကမ္းၾကဳတ္ကာ ေဒါသႀကီးတယ္။ တစ္စုံတစ္ေယာက္သာ သူ႔ေက်ာမွာ စီးလိုက္မယ္ဆိုရင္ ထူးျခားတဲ့ျမင္ကြင္းတစ္ခုျဖစ္ေနမွာ။ ပိုင္ရန္တခ်ိန္လုံး စီးခ်င္ေနခဲ့တာျဖစ္တယ္။ ၿပီးေတာ့ သူ႔ကိုယ္ပိုင္ အဆင့္ျမင့္နတ္ဆိုးတစ္ေကာင္လို ပိုင္ခ်င္ေနေသးတယ္။

ႏွစ္ေယာက္သား စကားတေျပာေျပာနဲ႔ အျဖဴေရာင္နားေနေဆာင္ဆီကို ေရာက္လာခဲ့ၾကတယ္။

[ Kay : ဒီတစ္ေခါက္လည္း ေတာ္ေတာ္ၾကာသြားတယ္ေနာ္။ သူ update ေပးထားတာက လြန္ခဲ့တဲ့သုံးရက္တည္းက အဲ့တာကို မျမင္မိတာ။ မေန႔ညက wattpadမွာတင္တဲ့ E bookကေန updateတက္လာမွပဲ သိေတာ့တယ္။ ဒီအပိုင္း နတ္ဆိုးဘုရင္ႀကီးေတာင္ မပါလိုက္ရဘူး လြမ္းေနလို႔ပါဆို ]


_______________________________________


{Unicode}

ဖြေဆေးရှိလားဆိုပြီး ပိုင်ရန်မေးလိုက်ချင်ပေမယ့် ဒီအကြောင်းကို အရမ်းစိတ်အားထက်သန်သလိုပုံဖြစ်သွားခဲ့ရင် သူ့အတွက် မလိုလားတဲ့အရာတွေဖြစ်ကုန်လိမ့်မယ်။ ဒီတိုင်း ပေါ့ပေါ့ပါးပါးသဘောမျိုးနဲ့ စကားစဖို့ကြံစည်လိုက်တယ်။

"ရတာပေါ့" လောင်ဟိုင်း ပြန်ဖြေတယ်။

သူလည်း ရှေ့ကိုတိုးလာတယ်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးကတော်တော်လေးကျုံ့သွားပြီး အချင်းချင်းဖိကပ်မိတော့မယ်။

"ပြန်လည်မွေးဖွားခြင်းကူကောင်က သက်ရှိတွေအတွက် အရမ်းပြင်းထန်တဲ့အဆိပ်ဖြစ်ပေမယ့် သေပြီးသားသူတွေအတွက် ဆေးကုထုံးတစ်ခုဖြစ်စေတယ်"

"ဘာလို့လဲ?" ပိုင်ရန်က စိတ်ဝင်တစားဖြစ်နေတာကြောင့် လောင်ဟိုင်းနဲ့ ဘယ်လောက်တောင် နီးကပ်နေပြီလဲဆိုတာကို သတိမမူမိဖြစ်နေတယ်။

"ဘာလို့ဆို ကျွန်တော်တို့မြို့တော်က သေဆုံးသူတွေက အသက်ရှင်သန်ဖို့အတွက် ကပ်ပါးပိုးကောင်တွေကို မှီခိုနေရလို့ပဲ၊ ပြန်လည်မွေးဖွားခြင်းကူကောင်က စုပ်ယူထားတဲ့စွမ်းအားက ဘယ်သူ့ကိုမဆို လှုပ်ရှားမှုလုပ်စေနိုင်တယ်လေ" လောင်ဟိုင်းပြောလိုက်တယ်။

သာမန်ကာလျှံကာပြောရမယ်ဆိုရင် ပြန်လည်မွေးဖွားခြင်းကူကောင်က မီးတောက်ဆူးမြို့တော်က အစပြုလာမှန်း သိသာတယ်။

"အဲ့တာဆို တကယ်လို့ အသက်ရှင်နေတဲ့လူတစ်ယောက်က ကူကောင်အကပ်ခံရပြီဆိုရင် အဲ့တာကို ဘယ်လိုဖယ်ထုတ်ရမလဲ?"

"မြို့အရှင်တစ်ယောက်ပဲသိတယ်" လောင်ဟိုင်းပြောလိုက်တယ်။

ပိုင်ရန် သူ့ရှေ့က အနက်ရောင်ဆံပင်နဲ့ လူငယ်လေးကိုကြည့်လိုက်တယ်။ ထိုလူက နတ်ဆိုးဘုရင်ကြီးကို မှီတွဲနေပြီး ညုတုတုပြုံးနေတယ်။

ပိုင်ရန် စိတ်ထဲကနေသာ သက်ပြင်းချမိတော့တယ်။

အနက်ရောင်ဆံပင်နဲ့လူငယ်လေးက ရုတ်တရက်သူ့ကိုကြည့်လာပြီး ထူးဆန်းတဲ့အပြုံးတစ်ခု လှစ်ဟပြလာတယ်။

ရုတ်တရက်ဆိုတော့ ပိုင်ရန်လန့်ဖြန့်သွားရတယ်။

မြို့အရှင်ငယ်လေးက ခေါင်းပြန်လှည့်သွားတယ်။ အဲ့နောက် နတ်ဆိုးဘုရင်ကြီးကို တစ်ခုခုကပ်ပြောလိုက်တော့ သူ(နတ်ဆိုးဘုရင်ကြီး)မျက်မှောင်ကြုတ်သွားပြီး ခေါင်းငြိတ်ပြတယ်။

နှစ်ယောက်သား စားပွဲဝိုင်းလေးက ထွက်သွားကြတယ်။

ပိုင်ရန်လည်း သူတို့နောက်ကလိုက်သွားချင်ပေမယ့် နတ်ဆိုးဘုရင်ကြီးက သူ့ကိုတားတယ် "မလိုဘူး"

ပိုင်ရန် သူ့ခြေလှမ်းတွေကို ပြန်ရုတ်သိမ်းလိုက်ရတယ်။ နတ်ဆိုးဘုရင်ကြီးနဲ့ ဆံနက်ကောင်တို့ပျောက်ကွယ်သွားတဲ့အထိ အဝေးကနေ လှမ်းကြည့်နေမိတယ်။

"မီးတောက်ဆူးမြို့တော်ကို လိုက်ပြပေးမယ်လေ" လောင်ဟိုင်း အကြံပြုလာတယ်။

နတ်ဆိုးဘုရင်ကြီးကလည်း မီးတောက်ဆူးမြို့အရှင်နဲ့ ထွက်သွားပြီဖြစ်တာကြောင့် ပိုင်ရန်လည်း ဒီနေရာမှာပဲ ထိုင်စောင့်မနေနိုင်ဘူး။ တစ်ခဏလောက်တွေးတောပြီး လောင်ဟိုင်းရဲ့အကြံပြုချက်ကို သဘောတူလိုက်တယ်။

ဒဏ္ဍာရီဆန်တဲ့မီးတောက်ဆူးမြို့တော်ကြီးအကြောင်းကို အလွန်အမင်းသိချင်မိတယ်။ ၀တ္ထုထဲမှာ ဒီမြို့ကြီးက ထိတွေ့လို့မရ အနားကပ်လို့မရတဲ့ တည်ရှိမှုကြီးဖြစ်တယ်။ မြို့တော်အတွင်းကုန်ပစ္စည်းရောင်းချပုံတွေက ဆန်းပြားနေတယ်ဆိုပေမယ့် မြို့သူမြို့သားတွေအားလုံးကလည်း တရားလွန်တရားမင်းအင်အားကြီးပြီး စွမ်းဆောင်ရည်ရှိသူတွေဖြစ်တယ်။

ဒီမြို့နဲ့ပက်သက်လို့ ဘာကအရမ်းထူးဆန်းနေတာလဲဆိုတာကို ပိုင်ရန်အတိအကျသိချင်တယ်။

လောင်ဟိုင်းက သူ့ကိုလှည့်ပတ်ပြပြီး နောက်ဆုံးတော့ မြို့အရှင်ရဲ့နေထိုင်ရာနေရာဆီ ခေါ်ဆောင်လာတယ်။

အိမ်တော်ပတ်လည်မှာ ကင်းလှည့်နေတဲ့ အစောင့်တစ်ချို့လည်းရှိတယ်။ လောင်ဟိုင်းကိုမြင်တော့ အသည်းအသန်ပြေးလာပြီး အရိုအသေပေးကြတယ်။

သူတို့တွေက သက်ရှိလူသားတွေဆိုတာကို ပိုင်ရန်ယုံကြည်ချက်ရှိရှိနဲ့ ပြောနိုင်တယ်။

လူတိုင်းမျက်နှာပေါ်မှာ မနှစ်မြို့ဖွယ်အမှတ်အသားတချို့ရှိနေတယ်။ အနားကပ်ကြည့်မယ်ဆိုရင် ပုံစံအကွက်တွေက ဆွဲထားတာမဟုတ်ဘဲ အသားထဲမှာ ထွင်းထားမှန်းသိသာတယ်။ ဒါပေမယ့် ဘာလို့ပါလိမ့်?

အစောင့်တွေကို လောင်ဟိုင်းက ပိုင်ရန်နဲ့မိတ်ဆက်ပေးတော့ သူတို့တွေက သူ့ကိုပါ အရိုအသေပေးကြတယ်။

ပိုင်ရန်ကလည်း အသိအမှတ်ပြုကြောင်း ခေါင်းလေးငြိတ်ပြပြီး လောင်ဟိုင်းနောက်ကနေ အိမ်တော်ထဲဝင်လာခဲ့တယ်။

အိမ်တော်က သာမန်နန်းတော်လိုပုံစံမျိုးဖြစ်တယ်။

ပိုင်ရန် အထဲကိုခြေချလိုက်တော့မှသာ အတွင်းပိုင်းအပြင်အဆင်က သူထင်ထားတာနဲ့ လုံး၀ကိုမတူညီဘဲ ကွဲပြားနေတာကို တွေ့လိုက်ရတယ်။ တံခါးကနေ ဖြတ်ဝင်လာတယ်ဆိုရင်ပဲ မတူညီတဲ့ကမ္ဘာတစ်ခုကို ခြေချမိသလိုပဲ။ အတွင်းမှာ ခပ်လှမ်းလှမ်းထိတောင် မြင်နေရတဲ့ စိမ်းရင့်ရင့်မြက်ခင်းပြင်နဲ့ ကြီးမားတဲ့ရေကန်ကြီးတစ်ခုရှိတယ်။ ရေကန်အလယ်မှာ ကြီးမားမြင့်မားလှတဲ့စေတီတစ်ဆူရှိနေတယ်။

"ဒါ ကျွန်တော်တို့နေတဲ့နေရာပါ" လောင်ဟိုင်း အစပျိုးမိတ်ဆက်ပေးလာတယ်။

ပိုင်ရန့်ဆီက အံ့ဩသလိုအသံလေးထွက်ပေါ်လာတယ်။ ရှေ့ကိုလျှောက်တော့မယ့်အချိန်မှာ လောင်ဟိုင်းက လက်ကိုဆန့်ထုတ်ပြီး သူ့ကိုတားတယ် "အဲ့လမ်းက မသွားနဲ့"

ပိုင်ရန် နောက်ပြန်လှည့်ကာ စူးစမ်းသလိုအကြည့်နဲ့ လောင်ဟိုင်းကို ကြည့်လာတယ် 'ငါတို့က အဲ့စေတီဆီကို သွားမှာမဟုတ်ဘူးလား?'

လောင်ဟိုင်းကလည်း ဆိုလိုရင်းကိုနားလည်တယ်။ သူခပ်ဖွဖွရယ်ကာ ရှင်းပြပေးတယ် "ဒီလမ်းက သာမန်လူတွေ စိတ်ကူးလို့ရတဲ့ တစ်စုံတစ်ရာမဟုတ်ဘူး၊ ဒီလမ်းအတိုင်းသာတည့်တည့်သွားရင် အဲ့စေတီနားကို ဘယ်တော့မှ ကပ်နိုင်မှာမဟုတ်ဘူး"

ပြောနေရင်းနဲ့ ပိုင်ရန့်နားကိုကပ်လာပြီး ပိုင်ရန့်လက်တွေကို လာကိုင်တယ်။

လောင်ဟိုင်းက သူ့လက်ကို လာဆွဲလိမ့်မယ်လို့ ပိုင်ရန်ထင်မထားဘူး။ ဆွဲထားတာကို ခါရမ်းလိုက်မိတယ်။

ဒီအပြုအမူက လုံး၀ကို သတိလက်လွတ်လုပ်မိသွားတာဖြစ်တယ်။ နောက်ပြီးတော့ လောင်ဟိုင်းက သူနဲ့ရင်းနှီးတာမျိုးမဟုတ်ဘူး။ အကယ်၍သာ ခုလေးတင်မှတွေ့တဲ့ကောင်မလေးနှစ်ယောက်က လက်ကိုင်တယ်ဆိုတာက ဆင်ခြေပေးလို့ရသေးတယ်။ ဒါပေမယ့် အခုမှတွေ့ဖူးကြတဲ့ ဒီလိုလူအိုကြီးနှစ်ယောက်ကျတော့... ဒါကြီးက နည်းနည်းတော့ ကဲ့ရဲ့ချင်စရာကြီး။

လောင်ဟိုင်းလည်း တွန့်သွားပြီးနောက်မှာ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေထဲကနေ သဘောခွေ့သွားတဲ့အရိပ်အယောင်ပေါ်ထွက်လာတယ်။ "ကျွန်တော့်မှာ 'တခြား'ရည်ရွယ်ချက်မရှိပါဘူး၊ အရှင်ရှဲ့ ကျွန်တော့်ကို နားလည်မှုမလွဲပါနဲ့... ကျွန်တော်က ဒီတိုင်းအဲ့စေတီဆီကို ခေါ်သွားချင်ရုံသက်သက်ပါ"

"..."

"အရှင်ရှဲ့ တခြားလျှောက်တွေးနေတာတော့ မဟုတ်ပါဘူးနော်?" လောင်ဟိုင်းက ဟိုမရောက်ဒီမရောက်လေသံနဲ့ပြောလာတယ်။ သူ့ရဲ့ခေါင်းလေးကိုစောင်းပြီး ခွေလိပ်နေတဲ့အနက်ရောင်ဆံပင်တွေကို လေပြည်နဲ့အတူ တလွင့်လွင့်ဖြစ်နေစေပြီး ဆံချည်မျှင်တွေကနေ ယစ်မူးဖွယ်တောက်ပတဲ့အလင်းရောင်တွေ ပြန့်လို့နေတယ်။

ဒီလူက အလွန့်အလွန်စွဲမက်ဖွယ်ကောင်းတဲ့အမျိုးသားတစ်ယောက်လို့တောင် ပြောလို့ရတယ်။ သူ့ရဲ့ဆွဲဆောင်မှုကို ခုခံနိုင်ဖို့ဆိုတာ ခဲယဉ်းလှတယ်။

ဒါပေမယ့် သူကအဖြောင့်ဆိုတာကို သံသယလေးတစ်ခုတောင်မရှိဘဲ ဆုံးဖြတ်ချက်ချထားတဲ့ပိုင်ရန့်အဖို့ကတော့ သူ့ရဲ့ဆွဲဆောင်မှုတွေက လုံး၀ဆိုသလို သက်ရောက်မှုကို မရှိလေဘူး။

ဒါတော့ဒါပေါ့ သူ့အတွေးတွေကတော့ ခုနတုန်းက ထို(ဆံပင်)အပေါ်မှာသာ ရှိနေခဲ့တယ်။ အဲ့လိုထုတ်ပြောရတာတော့ ရှက်ဖို့ကောင်းလှတယ်။

ပိုင်ရန် ချောင်းဟန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ် "အဲ့တာဆိုလည်း လူကြီးမင်းလောင် အဲ့ကိုလိုက်ပို့ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပေါ့"

လောင်ဟိုင်းက သူ့ကိုခဏလောက်ကြည့်နေပြီးနောက်တော့ အားရပါးရထရယ်တော့တယ်။ "အရှင်ရှဲ့ ခင်ဗျားက ကောလဟာလတွေထဲကနဲ့ တကယ့်ကိုကွာခြားနေတာပဲ၊ ဘယ်လိုပြောရမလဲဆိုတော့... ခင်ဗျားလေးက အရမ်းချစ်စရာကောင်းနေတယ်"

ချစ်ဖို့ကောင်းတယ်?

အကြမ်းပတမ်းနဲ့ နိုင်လိုမင်းထက်ပြုတတ်တဲ့ ရှဲ့ဇီတျန်းလိုလူမျိုးကို 'ချစ်စရာကောင်းတယ်'ဆိုတဲ့ စကားလုံးမျိုးနဲ့ ပြောလိုက်တယ်?

ပိုင်ရန့်အမူအယာ တောင့်တင်းသွားတယ် "လူကြီးမင်းလောင် ကျေးဇူးပြုပြီး ကျွန်တော့်ကို မလှောင်ပါနဲ့"

လောင်ဟိုင်းရဲ့အပြုံးက ပျောက်ကွယ်သွားတယ်။ သူက လေးနက်တဲ့လေသံနဲ့ "ကျွန်တော် နောက်ပြောတာမဟုတ်ပါဘူး၊ အရှင်ရှဲ့က တကယ့်ကိုအရမ်းချစ်စရာကောင်းနေတယ်လို့ ထင်မိတာပါ... ကျွန်တော့်အကြိုက်လိုမျိုးဖြစ်နေတယ်၊ ကျွန်တော့်ရဲ့တွဲဖက်ဖြစ်ပေးဖို့ စဉ်းစားပေးနိုင်မလား?" [ T/N : ကိုယ်တော် မျက်ခုံးလှုပ်နေပြီ ]

ပိုင်ရန် "...အာ?"

ပိုင်ရန် လုံး၀ကိုစိတ်ပျက်အံ့အားသင့်သွားရတယ်။ ဒါက လောင်ဟိုင်းနဲ့သူတွေ့ဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့စကားတောင် သိပ်ပြောဖြစ်သေးတာမဟုတ်တာကို ဘယ်ကနေဘယ်လို ဒီလောက်ထိ မြန်မြန်ကြီးတွေ ဖြစ်ကုန်ရတာလဲ?

"ခင်ဗျား အခုဘာပြောလိုက်တာ?" ပိုင်ရန်ကတော့ သူများ နားကြားမှားတာလားဆိုပြီး ထပ်မေးလိုက်တယ်။

လောင်ဟိုင်းကတော့ စိတ်အနှောင့်အယှက်မဖြစ်တဲ့အမူအယာနဲ့ ရှိနေတုန်းပဲ "ကျွန်တော် အရှင်ရှဲ့ကို ကျွန်တော့်ရဲ့တွဲဖက်ဖြစ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"

"ဘာလို့လဲ?" အခြေအနေကြီးက ယုံချင်စရာမကောင်းလောက်အောင်ကို ချာလပတ်လည်နေပြီ။

လောင်ဟိုင်းက ပြုံးလာတယ် "မီးတောက်ဆူးမြို့တော်မှာ နေထိုင်တဲ့လူတွေက သိပ်မများလှဘူး၊ ပြီးတော့ ပုံမှန်အားဖြင့်လည်း ကျွန်တော်တို့တွေ အရမ်းအကြာကြီးခွဲထွက်လာလို့မရဘူး... တွဲဖက်တစ်ယောက်ရှာနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ"

ပိုင်ရန့်မှာ ပြောစရာစကားတောင်မရှိတော့ဘူး "ရှာဖို့က မလွယ်ဘူးဆိုရင်တောင်မှ ဒီတိုင်းတွေ့ရာလူကို အေးအေးလူလူဖွင့်ပြောလိုက်လို့မဖြစ်ဘူးလေ... ကျွန်တော်တို့က ခုလေးတင်မှ တွေ့ဖြစ်တာကို"

သူ့ရဲ့မပျော်မရွှင်ဖြစ်နေတဲ့လေသံကိုကြားတော့ လောင်ဟိုင်းရဲ့အပြုံးက ပိုပြီးပွင့်လင်းလာတယ်။ "အရှင်ရှဲ့ တကယ်ပဲ ကျွန်တော်က နောက်ပြောင်နေတယ်လို့ ထင်နေတာလား? ကျွန်တော် ဒီဟာကို တကယ်လေးလေးနက်နက်ပြောနေတာပါ၊ ကျွန်တော်တို့ အခုလေးတင်မှ တွေ့ဖြစ်တယ်ဆိုပေမယ့် ခင်ဗျားကသာ ကျွန်တော်နဲ့သင့်တော်တဲ့လူဆိုတာ ကျွန်တော်သိတယ်"

ပိုင်ရန် နားမလည်နိုင်တော့ဘူး "ဘာလိုမျိုးလဲ?"

"အကြောင်းပြချက်တွေအများကြီးရှိတယ်" လောင်ဟိုင်းပြောလာတာက အရမ်းမမြန်သလို အရမ်းလည်းမနှေးဘူး။ "ကျွန်တော် ခင်ဗျားကိုထိမိချိန်မှာ ခင်ဗျားခန္ဓာကိုယ်က ထူးခြားတယ်ဆိုတာ သိလိုက်ရတယ်၊ အဲ့အပြင် ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားခြင်းကူကောင် သယ်ထားတယ်၊ ခင်ဗျားက အရမ်းလည်းအစွမ်းကြီးတယ် ပြီးတော့ ခင်ဗျားရဲ့ကျင့်ကြံခြင်းကလည်း မြင့်တယ်၊ အားလုံးက ရှားရှားပါးပါးချည်းပဲ... ကျွန်တော်တို့နှစ်ယောက် တစ်လမှာ အကြိမ်အနည်းငယ် နှစ်ယောက်တွဲကျင့်ကြံလိုက်မယ်ဆိုရင် ခင်ဗျားလည်း မီးတောက်ဆူးမြို့တော်နဲ့ အပြင်လောကကြားမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီ"

သူရပ်တန့်သွားပြီး စကားဆက်တယ် "ဒုတိယအကြောင်းပြချက်ကတော့ ရှင်းပါတယ်၊ ခင်ဗျားလေးက အရမ်းချစ်စရာကောင်းနေတော့ ကျွန်တော်အများကြီးသဘောကျတယ်"

ပိုင်ရန် လောင်ဟိုင်းရဲ့နက်မှောင်တဲ့မျက်လုံးတွေကိုကြည့်ပြီးနောက်မှာ သူ့ရဲ့အကြည့်တွေက ရိုးသားပြီး သံသယဖြစ်စရာအနည်းငယ်တောင် မရှိတာကို တွေ့လိုက်ရတယ်။

ပိုင်ရန် "..."

လောင်ဟိုင်းက နိုင်ငံခြားသားတစ်ယောက်နဲ့ တူရုံတင်မကဘူး သူ့ရဲ့အမူအကျင့်တွေကလည်း အဲ့လိုမျိုးဖြစ်နေတယ်။ စိတ်လှုပ်ရှားလွယ်ပြီး မထိန်းနိုင်မသိမ်းနိုင်နဲ့။ သူတို့တွေ တွေ့ဖူးတာ ခုမှ ပထမဆုံးအကြိမ်ပဲရှိသေးတာကို လက်ထပ်ခွင့်ကတောင်းနေပြီ။ ဒုတိယအကြိမ်ပြန်တွေ့ရင် အိပ်ရာထဲကို ဒိုးရတော့မလားတောင်မသိဘူး?

ပိုင်ရန် စကားလုံးတွေ ပျောက်ဆုံးလို့နေတယ်။ စစတုန်းက လောင်ဟိုင်းနောက်ပြောင်နေတယ်ထင်ပြီး နည်းနည်းဒေါသထွက်သွားသေးတယ်။ သို့ပေမယ့် အခု သူ့ရဲ့အမူအယာကို မြင်လိုက်တော့မှ လောင်ဟိုင်းက တကယ့်ကိုအတည်ပြောနေမှန်း ပိုင်ရန်သိလိုက်တယ်။ သူ့ရင်ထဲက ဒေါသကလည်း မီးခိုးငွေ့လိုမျိုး လွင့်ပျယ်သွားရတယ်။

သူကလည်း တောင်းဆိုစရာတစ်ခုရှိလို့ ရောက်လာတာဖြစ်တဲ့အတွက် တစ်ဖက်လူကို မထီလေးစားလုပ်လိုက်မိရင်လည်း မကောင်းရာကျလိမ့်မယ်။ ပိုင်ရန် ခဏလောက်တွေးပြီး လေးလေးနက်နက်ပြောလိုက်တယ် "ကျွန်တော်စိတ်မကောင်းပါဘူး ဒါပေမယ့် ခင်ဗျားရဲ့ကမ်းလှမ်းချက်က အရမ်းရဲတင်းလွန်းနေတယ်... အခုကျွန်တော့်မှာ တစ်စုံတစ်ယောက်နဲ့ တွဲဖို့စိတ်ကူးမရှိသေးပါဘူး"

လောင်ဟိုင်း စိတ်ပျက်သွားတာသိသာတယ်။ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "အရှင်ရှဲ့မှာ သဘောကျနေတဲ့တစ်စုံတစ်ယောက်ရှိပြီးသား ဖြစ်နေလို့များလား?"

ဒီစကားကိုကြားလိုက်ချိန်မှာ ပိုင်ရန့်စိတ်ထဲ _ ဘာအကြောင်းမှ မရှိဘဲနဲ့ _ ရုတ်တရက်ဆိုသလို တစ်ယောက်သောသူရဲ့အရိပ်က ဖြတ်ခနဲပေါ်လာတယ်။ သူ့အတွေးထဲက ပုံရိပ်ကို ခါထုတ်ပြီး တည်ကြည်စွာပြောလိုက်တယ် "မရှိပါဘူး"

လောင်ဟိုင်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြန်တယ် "အဲ့တာဆို အရှင်ရှဲ့ ကျွန်တော့်ကိုစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့တွေ လိုက်ဖက်ညီမယ်လို့ ကတိပေးနိုင်ပါတယ်"

ပိုင်ရန်က သဘာ၀ကျကျရယ်မောပြီး သူ့ရဲ့ 'friendzone'ကတ်ကို ဆွဲထုတ်လိုက်တယ် "ခင်ဗျားက သူငယ်ချင်းကောင်းပါ၊ ဒီအကြောင်းနောက်မှ ပြောကြတာပေါ့"

လောင်ဟိုင်းက 'သူငယ်ချင်း'ဆိုတာရဲ့သဘောသဘာ၀ကို နားမလည်ဘူးလို့ ဘယ်သူက ထင်မိမှာလဲ၊ သူ့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားပြီး "ကောင်းပါပြီ၊ ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်ကို အရှင်ရှဲ့က သေချာစဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်"

လောင်ဟိုင်းရဲ့ နောက်ပိုးမှုကို ပိုင်ရန်မခံစားနိုင်တော့ဘူး။ နေရခက်နေတာကြောင့် ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်တယ် "အဖြူရောင်စေတီဆီကိုပဲ သွားကြတာပေါ့"

"ကောင်းပါပြီ" အခုတစ်ကြိမ်တော့ လောင်ဟိုင်းမှာလည်း ပြန်ခံပြောစရာမရှိတော့ဘူး။ ပျော်ပျော်ကြီး ပိုင်ရန့်လက်ကိုဆွဲကာ အဖြူရောင်စေတီဆီကို ဦးဆောင်ခေါ်ခဲ့လိုက်တယ်။

လောင်ဟိုင်းလက်ကို ဖြုတ်ချပစ်ချင်စိတ်ကို ပိုင်ရန်တော်တော်ထိန်းထားရတယ်။ လောင်ဟိုင်းက ဖွင့်ပြောလာတာကို ပိုင်ရန်က ပစ်ပစ်ခါခါကြီးလုပ်ပစ်လိုက်ရင် နှစ်ယောက်လုံးအတွက် အရှက်တကွဲအကျိုးနည်းဖြစ်ကုန်လိမ့်မယ်။ သဘာ၀ကျကျလေးနေလိုက်တာက ပိုကောင်းမယ်။

လောင်ဟိုင်းက သူ့ရဲ့သဘောထားတွေကို နားလည်ရဲ့လားတော့မသိဘူး။ ပိုင်ရန့်ကို လမ်းတစ်လျှောက်ဆွဲခေါ်နေရင်းနဲ့ သူတို့ဖြတ်ကျော်ခဲ့သမျှအားလုံးကို ပိုင်ရန့်ကို လောင်ဟိုင်းက ဆက်ပြီးရှင်းပြနေတယ်။

ထိုစေတီက လောင်ဟိုင်းပြောခဲ့တဲ့အတိုင်းပဲ။ နီးတယ်လို့ထင်ရပေမယ့် အလွန်ကိုဝေးလံလှတယ်။ လောင်ဟိုင်းက ဦးဆောင်ပြီး ပိုင်ရန့်ကိုခေါ်လာတာကြာလှပြီဆိုပေမယ့် ရောက်ကိုမရောက်နိုင်သေးဘူး။

တဖြည်းဖြည်းနဲ့ ပန်းခင်းတစ်ခုကို ရောက်လာတယ်။ အထဲမှာ မျိုးစုံသော ပန်းတွေနဲ့ အပင်တွေရှိတယ်။ အလယ်မှာ ပန်းအိုးအသေးလေးတစ်လုံးရှိပြီး တခြားတော့မဟုတ် လူတစ်ယောက်အရပ်လောက်ရှိတဲ့ အပင်လေးတစ်ပင်ရှိနေတယ်။

ဘာအရွက်မှမရှိတဲ့အတွက် ပိုင်ရန် ထိုသစ်ပင်ကို သတိထားမိသွားတာဖြစ်တယ်။ အရွက်တွေအစား ပန်းပွင့်တွေနဲ့ အသီးတွေသာ ပြည့်လို့နေတယ်။ အသီးတွေက ချယ်ရီသီးလို နီရဲကာ ကျောက်သလင်းလို တောက်ပပြီး ထူးခြားတဲ့အမွှေးနံ့လေးတစ်ခု ထုတ်လွှတ်နေတယ်။

ပိုင်ရန့်အာရုံက သစ်ပင်ဆီကျရောက်နေတာကို လောင်ဟိုင်းသတိပြုမိသွားတယ် "အဲ့တာ မုမုသီးလေ"

"မုမုသီး?" ပိုင်ရန် သံယောင်လိုက်ပြောမိတယ်။ အံ့ဩသလိုမျိုးလေးနဲ့ "အဲ့လိုနာမည်မျိုး တစ်ခါမှတောင်မကြားဖူးဘူး"

နတ်ဆိုးနယ်မြေရဲ့ မင်းသားလေး လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရှဲ့ဇီထျန်းမှာ လောကကြီးအကြောင်း ကျယ်ပြန့်တဲ့ဗဟုသုတတွေရှိတယ်။ သူမသိတာဆိုလို့ အနည်းအကျဉ်းသာရှိပြီး ဒါတောင် သူ့မှတ်ဉာဏ်ထဲမှာ မုမုသီးဆိုတာမျိုး ဒါမှမဟုတ် ဒီလိုအပင်ပုံစံမျိုး လုံး၀မရှိဘူး။

"ဒီအသီးက အရမ်းထူးခြားတယ်" လောင်ဟိုင်းပြောလိုက်တယ် "မီးတောက်ဆူးမြို့တော်ထဲမှာ ဒီတစ်ပင်တည်းရှိတယ်၊ ဒီအပင်က အသီးကိုစားလိုက်မယ်ဆိုရင် စားလိုက်တဲ့သူရဲ့သွေးနဲ့ အနံ့က ဘယ်လိုမျိုးသတ္တဝါနဲ့မဆို အံဝင်ခွင်ကျဖြစ်သွားရော... လူတော်တော်များများက ဒီအသီးကို ရိုင်းစိုင်းတဲ့သားရဲကြီးတွေကို ယဉ်ပါးအောင်လုပ်တဲ့နေရာမှာသုံးတယ်။

"သားရိုင်းတွေကို ယဉ်ပါးအောင်လုပ်တာလား?"

"ဟုတ်ပါတယ်၊ အရင်ဆုံး အဆင့်မြင့်တဲ့သားရိုင်းပေါက်လေးကိုရှာ ပြီးတာနဲ့ အသီးကိုစားလိုက်၊ သားပေါက်လေးက ခင်ဗျားကို သူ့အမေလို့ထင်သွားပြီး နောက်က တကောက်ကောက်လိုက်လာလိမ့်မယ်"

ပိုင်ရန် တအံ့တဩဖြစ်သွားတယ်။ "တကယ်ကြီး စိတ်ဝင်စားစရာကောင်းတာပဲ"

နတ်ဆိုးနယ်မြေက ကြီးမားလှတယ်။ တချို့အလွန်အမင်းလူနေကင်းမဲ့တဲ့နေရာတွေမှာ အဆင့်မြင့်ပြီး အင်အားကြီးတဲ့သားရဲကြီးတွေသာ နေထိုင်ကြတယ်။ တစ်စုံတစ်ယောက်က သူတို့တွေကို ယဉ်ပါးလာအောင်လုပ်ချင်တယ်ဆိုရင် အဲ့လိုလုပ်နေစဉ်မှာ မရေမတွက်နိုင်လောက်အောင် အသတ်ခံရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိလိမ့်မယ်။

သို့ပေမယ့် မုမုသီးရှိတဲ့လူဆိုရင်တော့ အားလေးနည်းနည်းစိုက်ထုတ်ရုံနဲ့ သားပေါက်လေးတစ်ကောင်ကို ယဉ်ပါးအောင်လုပ်နိုင်ပြီ။

"လိုချင်လား? ကျွန်တော်ခင်ဗျားကို တစ်ခုပေးလို့ရတယ်" လောင်ဟိုင်းပြောလာတယ်။

ပိုင်ရန်မျက်လုံးတွေ ပြူးကျယ်ကုန်တယ် "ရလား?"

လောင်ဟိုင်း ပြုံးလိုက်တယ် "ခင်ဗျားက ကျွန်တော်တို့ရဲ့အသိအမှတ်ပြုခံထားရတဲ့ဧည့်သည်ပဲဟာကို တစ်ခုယူလို့ရတာပေါ့၊ မုမုသီးက အဖိုးတန်တယ်ဆိုပေမယ့် ဆိုးဆိုးဝါးဝါးရှားပါးတာမျိုးတော့မဟုတ်ဘူး... ကြည့်လေ ဒီအပင်မှာ အသီးတွေဒီလောက်များတဲ့ဟာကို၊ အနည်းငယ်လောက်ယူသွားရင်တောင် ဘာမှမဖြစ်ဘူး"

လောင်ဟိုင်း မြက်ခင်းကိုနင်းကာ အပင်ဆီလျှောက်လာပြီး အကိုင်းတချို့ယူကာ ပိုင်ရန့်ကိုပေးလိုက်တယ်။

ပိုင်ရန် သူ့လက်ထဲက ကြီးမားတဲ့ချယ်ရီသီးအခိုင်လိုမျိုးဖြစ်နေတဲ့ အသီးကိုကြည့်လိုက်တယ်။ တစ်ကိုက်လောက် မြည်းစမ်းကြည့်ချင်နေပြီ။

"ဒီအသီးကို လူတွေစားလို့ရပါတယ်နော်?" သူမနေနိုင်ဘဲ မေးမိပြန်တယ်။

လောင်ဟိုင်းက ပြုံးကာ "ရပါတယ် ဘာမှမဖြစ်ဘူး"

ပိုင်ရန် တစ်သီးလောက်ယူပြီး စူးစမ်းကြည့်ပြီးမှ သူ့ရဲ့ချန်းခွန်အိတ်ထဲ ထည့်လိုက်တယ်။

သူစမ်းကြည့်လို့ရမယ့် သားရဲတစ်ကောင်လောက်ရှာကြည့်ဖို့ အခွင့်အရေးရှာရမယ်ဆိုပြီး တေးမှတ်ထားလိုက်တယ်။ နတ်ဆိုးဘုရင်ကြီးရဲ့နန်းတော်ထဲမှာနေတဲ့ နတ်ဆိုးဝံပုလွေတစ်ကောင်ရှိတယ်။ ဝံပုလွေက ဉာဏ်ကောင်းပြီး ကြမ်းကြုတ်ကာ ဒေါသကြီးတယ်။ တစ်စုံတစ်ယောက်သာ သူ့ကျောမှာ စီးလိုက်မယ်ဆိုရင် ထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်နေမှာ။ ပိုင်ရန်တချိန်လုံး စီးချင်နေခဲ့တာဖြစ်တယ်။ ပြီးတော့ သူ့ကိုယ်ပိုင် အဆင့်မြင့်နတ်ဆိုးတစ်ကောင်လို ပိုင်ချင်နေသေးတယ်။

နှစ်ယောက်သား စကားတပြောပြောနဲ့ အဖြူရောင်နားနေဆောင်ဆီကို ရောက်လာခဲ့ကြတယ်။

[ Kay : ဒီတစ်ခေါက်လည်း တော်တော်ကြာသွားတယ်နော်။ သူ update ပေးထားတာက လွန်ခဲ့တဲ့သုံးရက်တည်းက အဲ့တာကို မမြင်မိတာ။ မနေ့ညက wattpadမှာတင်တဲ့ E bookကနေ updateတက်လာမှပဲ သိတော့တယ်။ ဒီအပိုင်း နတ်ဆိုးဘုရင်ကြီးတောင် မပါလိုက်ရဘူး လွမ်းနေလို့ပါဆို ]

_____

Thanks 😉




Continue Reading

You'll Also Like

131K 13.1K 58
ခ်စ္​တာ bae ပြစိ ပိစိရာ Anti fan ဆိုပဲ Big fan boy သာဆို ကိုကို႔ဘဝ ​ေရစုန္​​ေမ်ာၿပီ ........Kim Jongin........... လူရီးကို သိပ္​မႀကိဳက္​​ေပမယ္​့ ခ်...
37.5K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
4.8K 273 8
Chapters - 4 Volume & 1 Extra ❗ The novel contains intense violence, blood/ gore, sexual content and strong language that may be appropriate for ages...
208K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...