အပိုင်း - ၇၃

9.6K 1.8K 509
                                    

{Zawgyi}

ထာဝရအမှောင်ထုနန်းတော်ကြီးဆီကို ရောက်ဖို့အတွက် သူတို့တွေ သုံးလေးရက်လောက် ကြာသွားခဲ့တယ်။ သူတို့တွေ ပင်မဂိတ်ပေါက်ကြီးကို ဖြတ်လာရုံတင်ရှိသေးတယ် တာဝန်နဲ့ကျန်ရစ်ခဲ့တဲ့ ဟွာဖေးဟွားက အပြေးအလွှားရောက်လာတယ် “အရှင်ကြီး နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”

သူ့အသံကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ရှေ့မှာရှိနေတဲ့ နတ်ဆိုးဘုရင်ကြီးက အစစ်ဖြစ်ပြီး နောက်တစ်ယောက်က အတုဆိုတာကို ပိုင်ရန် ပြောနိုင်မှာမဟုတ်ဘူး။

နတ်ဆိုးနယ်မြေမှာဆိုရင် ဟွာဖေးဟွားက စိတ်ကိုလှည့်စားတဲ့မှော်အတတ် အကျွမ်းကျင်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့နတ်ဆိုးဘုရင်ကြီး သရုပ်ဟန်က ဘာပြစ်ချက်မှမရှိဘူး။ နတ်ဆိုးဘုရင်ကြီးက ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် သွားစရာလိုတယ်ဆိုရင် ရံဖန်ရံခါ ဟွာဖေးဟွားကို သူ့အယောင်ဆောင်ခိုင်းပြီး ထာဝရအမှောင်ထုနန်းတော်ကြီးထဲမှာ တာဝန်ချထားခဲ့တတ်တယ်။

ဟွာဖေးဟွားကတော့ နတ်ဆိုးဘုရင်ကြီးအယောင်ဆောင်ရတာကြောင့် စိတ်ဖိစီးနေတယ်ဆိုတာ မြင်သာတယ်။ ကံကောင်းချင်တော့ ခုတလော အရေးတကြီးကိစ္စတွေ ဘာမှမဖြစ်ခဲ့ဘူး။ သူပြောရင်းနဲ့ သူ့အကြည့်တွေက ပိုင်ရန့်ပေါ်ကို မသိမသာကျရောက်သွားတယ်။ သူ့မျက်လုံးတွေထဲက သိလိုစိတ်တွေက သိသာတယ်။

“မင်း ပင်ပန်းသွားပြီ” နတ်ဆိုးဘုရင်ကြီးက သူ့ပုခုံးကို ပုတ်လိုက်ပြီး ပိုင်ရန့်ကို သူ့နောက်ကနေ နန်းတော်ဆောင်ထဲလိုက်ခဲ့ဖို့ အမူအယာပြလိုက်တယ်။

ချီးကျူးခံရအပြီးမှာ ဟွာဖေးဟွားအတော်လေး ကျေနပ်သွားတယ်။ သူ့ရဲ့ပုံရိပ်ယောင်ကို ဖျောက်ပြီး အမျိုးသမီးအဝတ်အစားဝတ်တဲ့ပုံကို ပြန်ပြောင်းလိုက်တယ်။

ထို့နောက် ပိုင်ရန့်ကို စိုက်ကြည့်လာတယ်။ “အရှင်ကြီးနဲ့ အရှင်ရှဲ့က ဒီတစ်ခေါက် ဘာအတွက် သွားရတာပါလဲ?”

ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကို လှမ်းကြည့်လိုက်တယ်။ [ဘာသာပြန် - ယောကျာ်းဖြေလိုက် ]

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Tahanan ng mga kuwento. Tumuklas ngayon