အပိုင်း-၁၁ (Zawgyi + Unicode)

20.4K 2.7K 46
                                    


{Zawgyi}

သူမြင်​​နေရတဲ့အရာဆိုလို့ မြူ​နှင်း​တွေပဲရှိတယ်​။ လမ်းအနည်းငယ်​​လျှောက်​ပြီး​တော့ ဒီမြင်​ကွင်းကိုမြင်​လိုက်​ရတာဖြစ်​တယ်​။ ပိုင်​ရန်​သူ့ကိုယ်​သူ ​တောင်​တန်းတစ်​ခု​ပေါ်​ရောက်​​နေမှန်း​ ​တွေ့လိုက်​ရတယ်​။ ​ဘေးပတ်​ဝန်းကျင်​မှာလည်း မြင့်​မားတဲ့​သစ်​ပင်​​တွေနဲ့ ဝန်းရံလျက်​ရှိပြီး ခပ်​​ဝေး​ဝေးမှာလည်း ကြီးမားတဲ့​တောင်​တန်းအသွယ်​သွယ်​ရှိတယ်​။ ဒီမှာဘာမှ​တော့မရှိဘူး ဒါ​ပေမယ့်​ဆယ်​မိုင်​ဝန်းကျင်​​လောက်​မှာ မြူနှင်း​တွေပဲရှိမယ်​လို့ ပိုင်​ရန်​ခန့်​မှန်းမိတယ်​။ နတ်​ဆိုးဘုရင်​က ဖြတ်​လမ်းဝင်​​ပေါက်​ကို အင်​မတိအင်​မတန်​လုံခြုံတဲ့​နေရာမှာ ထားထားတာပဲ။

သူတို့​ရောက်​​ရောက်​ချင်းပဲ ​တောအုပ်​တွင်းက​နေ ပုံရိပ်​အချို့​ပေါ်လာတယ်​။ သူတို့အားလုံးက သူတို့်မျက်​နှာ​ပေါ်ကိုအရိပ်​ကျ​နေတဲ့ အနက်​​ရောင်​ဝတ်​ရုံ​တွေကို ဝတ်​ဆင်​ထားပြီး ဘယ်​သူဘယ်​ဝါဆိုတာကို ဖုံးကွယ်​ထားတယ်​။ ထိုလူ​တွေက ​လော့ကျန်းဖန်းနဲ့ ပိုင်​ရန်​ကို​တွေ့သွား​တော့ သူတို့လက်​သီးဆုတ်​​ပေါ်လက်ကို​ယှက်​တင်​ကာ ဒူး​ထောက်​ပြီး စိတ်​လှုပ်​ရှားစွာ တစ်​ညီတစ်​ညွတ်​တည်း​ပြောဆိုလိုက်​ကြတယ်​ "အရှင်​..."

သူတို့​လေသံထဲမှာ ရို​သေ​လေးစားမှု​တွေ​ပျော်​ဝင်​​နေတယ်​။

ပိုင်​ရန်​ထိုအုပ်​စုကို ခြုံကြည့်​လိုက်​​တော့ လူသားနှစ်​​ယောက်​ကလွဲရင်​ ကျန်​တာအကုန်​လုံးကနတ်​ဆိုး​တွေချည်းပဲဆိုတာ သတိထားမိလိုက်​တယ်​။ ​လော့ကျန်းဖန်းရဲ့ယုံကြည်​မှုကိုရဖို့အတွက်​ ဒီလူ​တွေက​ကြောက်​ရွံ့စရာ​ကောင်းတဲ့အရာ​တွေကို လုပ်​​ခဲ့ကြရမှာ။ တကယ်​​တော့​ ဝတ္ထုထဲက​လော့ကျန်းဖန်းကလည်း ဥာဏ်​နီဥာဏ်​နက်​များတဲ့ ကလိန်​ကကျစ်​​ကောင်​ပဲ​လေ။

လော့ကျန်းဖန်း​​ခေါင်းဆတ်​ပြကာ လက်​ကိုပင့်​ပြီး ထိုလူ​တွေကိုမတ်​တပ်​ရပ်​ဖို့ အချက်​​ပေးလိုက်​ရတယ်​။ အကုန်​မတ်​တပ်​ရပ်​ပြီး​နောက်​ သူတို့ပိုင်​ရန်​ကို စူးစမ်း​နေကြတယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Où les histoires vivent. Découvrez maintenant