အပိုင်း - ၁၀၄ [ Final ]

20.6K 2.3K 336
                                    


{Zawgyi}

Extra # 1

နောက်ဆုံးတော့ ပိုင်ရန်နဲ့ ကျီယွမ်တို့တွေလည်း ဖန်တီးထားတဲ့ကမ္ဘာကနေ လွတ်မြောက်လာပြီး တကယ့်ကမ္ဘာအစစ်ကို ပြန်ရောက်လာကြတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်အခြေအနေကြောင့် ဆေးရုံမှာ နှစ်ရက်လောက် နေလိုက်ရတယ်။ ဒီ့မတိုင်ခင် ပိုင်ရန်က နည်းပညာအဖွဲ့ကို ပင်မsystemထဲဝင်ပြီး ကမ္ဘာကြီးပျက်ဆီးတဲ့ ပရိုဂရမ်ကို ရပ်တန့်ဖို့တောင်းဆိုခဲ့တယ်။

ကျီယွမ်ကဒါကို သိပ်သဘောတူတာပေါ့။

ပိုင်ရန်နဲ့ ကျီယွမ်တို့နှစ်ယောက်လုံး ထိုကမ္ဘာထဲက ထွက်လာပြီဆိုကတည်းက အထဲမှာ တကယ့်လူသားအစစ်ဆိုတာ ထပ်မရှိတော့ဘူး။ ဒါကြောင့်လည်း နည်းပညာအဖွဲ့က အဟန့်အတားတွေမရှိ လုပ်ဆောင်နိုင်ပြီဆိုပေမယ့် သူတို့တွေ တအားနောက်ကျသွားခဲ့တယ်။

တတိယမြောက်နေ့မှာ နည်းပညာအဖွဲ့က ပင်မsystemထဲကို အောင်အောင်မြင်မြင်ဝင်ရောက်နိုင်ခဲ့ပြီဆိုတဲ့ သတင်းကိုကြားတဲ့အချိန် ကျီယွမ်က ပိုင်ရန်ကို သုတေသနဗဟိုရဲ့ပန်းခြံနားကို ခေါ်လာခဲ့တယ်။ သူတို့တွေ အားရကျေနပ်နေကြပေမယ့် မန်နေဂျာက ပြောလာတယ် "သူတို့တွေက ပင်မsystemထဲကို ဝင်နိုင်သွားတယ်ဆိုပေမယ့် နောက်ကျသွားတယ်၊ ပျက်ဆီးခြင်းပရိုဂရမ်က စနှင့်နေပြီ"

"ဘယ်လို?" ပိုင်ရန် ဘီးတပ်ကုလားထိုင်ကနေ မတ်တပ်ထမိသွားတယ် "ကျွန်တော် ထွက်လာတဲ့အချိန်တုန်းက ငါးရက်မြောက်ပဲရှိသေးတယ်ဆိုတာ ကျွန်တော်မှတ်မိတယ်၊ အချိန်ရေတွက်တာက သုံးဆယ့်သုံးရက်လေ အဲ့တာကြောင့် ဆယ့်ရှစ်ရက်အချိန် ရှိနေသင့်တာပဲကို ဘယ်လိုဖြစ်ပြီး..."

"ရှောင်ပိုင်" ကျီယွမ်ကလည်း ဆေးရုံဝတ်စုံကို ဝတ်ထားတာဖြစ်ပြီး လက်နှစ်ဖက်စလုံးက သူ့ပုခုံးတွေပေါ်ကို အသာအယာကျရောက်လာတယ် "မင်း မေ့သွားတာပဲ၊ အဲ့ကမ္ဘာနဲ့ တကယ့်ကမ္ဘာက အချိန်ကုန်တာ မတူဘူးလေ... ကိုယ်က အထဲမှာ နှစ်တွေအများကြီး နေခဲ့ရပေမယ့် အပြင်မှာတော့ နှစ်လပဲကုန်သေးတာ"

သူ ဒီအကြောင်းကို မေ့နေမိမှန်း ပိုင်ရန် ရုတ်ခြည်းသတိရသွားတယ်။

🎉 You've finished reading နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete} 🎉
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now