[T/N : ဘာသာပြန်သူမှ မျက်လုံးမှိတ်ပြီးရေးသားလိုက်သည်🌝]{Zawgyi}
ဘေးပတ်လည်ကမီးတောက်တွေက သူတို့ကိုမြွေကြီးတွေလို ရစ်ပတ်ထားပြီး ဘယ်ကစလို့ဘယ်မှာဆုံးမှန်း မသိနိုင်လောက်အောင် သူတို့နှစ်ယောက်ကို ယှက်နွယ်နေတယ်။
ရမ္မက်ပြင်းတဲ့အနမ်းကလည်း ခြယ်လှယ်နိုင်လွန်းတယ်။ နတ်ဆိုးဘုရင်ကြီးလက်တွေက တစ်စထက်တစ်စပိုတင်းကျပ်လာပြီး ပိုင်ရန့်နံရိုးတွေကိုတောင် ထက်ပိုင်းချိုးပစ်ချင်တဲ့အတိုင်းပဲ။ မလှုပ်ရှားနိုင်တာနဲ့ အောက်စီဂျင်ပြတ်လပ်လာတာကြောင့် သတိလစ်တော့မတတ် ပိုင်ရန်မူးဝေလာတယ်။
“ရှောင်လင်း ရှောင်လင်း၊ ငါဆက်မထိန်းထားနိုင်တော့ဘူး”
“မြန်မြန် အသက်ရှုလေ အရူးရဲ့” ရှောင်လင်း အော်ပစ်လိုက်တယ်။ [T/N : FAမှန်းသိသာလိုက်တာ ပိုင်ရန်ရယ်]
ပိုင်ရန်မျက်ဖြူစိုက်ချင်လာပေမယ့် နတ်ဆိုးဘုရင်ကြီးကတော့ သူ့ကိုလွှတ်ပေးမယ့်အစီအစဉ်ရှိပုံမပေါ်ဘူး။ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်လည်ချောင်းထဲက တစ်ခုခုကို စုပ်ယူချင်နေသလိုမျိုး ပိုလို့တောင်ပြင်းပြင်းပျပျနမ်းလာတယ်။
သူ့ရဲ့ဝိဉာဉ်က သူ့ဆီကနေခြောက်ကပ်သွားတော့မှာလားလို့တောင် ပိုင်ရန်ခံစားလိုက်ရတယ်။
သေစမ်း! သူသာနို့ထွက်မယ်ဆိုရင်လည်း ဒီအယုတ်တမာစုပ်တာနဲ့တင် ခမ်းကုန်မှာ!
သူမိန်းမောနေတုန်းအခြေအနေမှာ သူ့စိတ်ထဲမမျှော်လင့်ထားတဲ့အတွေးတစ်ခု ရုတ်ချည်းဖြတ်သွားတယ်။
ဘယ်လိုနာကျင်မှုကိုမှမခံစားနိုင်အောင် ယောင်ဝါးဝါးအခြေအနေကိုရောက်နေပြီ။ သူ့ကိုယ်နဲ့ ဝိဉာဉ်က နှစ်ပိုင်းကွဲထွက်သွားပြီလားလို့တောင်ခံစားနေရတယ်။
သူ့စိတ်တွေ ဗလာဖြစ်ပြီး သတိမလစ်သွားခင် နတ်ဆိုးဘုရင်ကြီးက သူ့ကိုလွှတ်ပေးလိုက်တယ်။
ပိုင်ရန်အသက်ပြင်းပြင်းရှုလိုက်ပေမယ့် သေမလိုရှုလိုက်မိတော့ ဆို့နင့်ပြီးချောင်းတွေဆိုးကုန်တယ်။
BINABASA MO ANG
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉