{Zawgyi}အနက်ရောင်ဆံပင်နဲ့လူငယ်လေးကက ပိုင်ရန်အကြည့်မလွှဲမချင်း သူ့ကိုပဲစိုက်ကြည့်နေတယ်။ သူက ပုခုံးလေးကိုတွန့်ကာ ပြောလာတယ် "ခင်ဗျားသူ့ကိုဘယ်လိုကူညီနိုင်မလဲဆိုတာကို ကျုပ်ပြောပြပြီးပြီပဲ၊ အစ်ကိုကြီးနတ်ဆိုးဘုရင်က ဒီအသေးစိတ်နည်းလမ်းကိုသိထားတာ နည်းနည်းတောင်ကြာပြီ... ခင်ဗျားလုပ်ပေးမလား မလုပ်ပေးဘူးလားဆိုတာကတော့ ခင်ဗျားအပေါ်ပဲမူတည်တာပေါ့"
အနက်ရောင်ဆံပင်နဲ့လူငယ်လေးက ဘေးခန်းအဆောင်လေးထဲကထွက်သွားပြီး လုံးဝကိုဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်နေတဲ့ပိုင်ရန့်ကို ထိုနေရာမှာတင် ထားခဲ့လိုက်တယ်။
တံခါးပွင့်လာတော့ အပြင်မှာစောင့်ဆိုင်းနေတဲ့ နတ်ဆိုးဘုရင်ကြီးက ရှေ့တိုးလာပြီး "ဘယ်လိုနေလဲ? သူ့ကို ကုပြီးသွားပြီလား?"
အနက်ရောင်ဆံပင်နဲ့ မြို့အရှင်ငယ်က ခေါင်းငြိတ်ပြလိုက်တယ် "အားလုံး ကုပြီးသွားပြီ၊ ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး"
နတ်ဆိုးဘုရင်ကြီးရဲ့ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေက အသာပြေလျော့သွားတယ်။
"သူအထဲမှာ" မြို့အရှင်ငယ်က ဘေးနန်းဆောင်လေးကို လက်ညှိုးထိုးပြလိုက်တယ်။
နတ်ဆိုးဘုရင်ကြီးက အထဲကိုဝင်မလို့လုပ်လိုက်တဲ့အချိန်မှာ အနက်ရောင်ဆံပင်နဲ့မြို့အရှင်လေးက သူ့ပုခုံးကို ပုတ်ပြီးပြောလိုက်တယ် "ကျွန်တော်အစားထိုးပေးမယ်လို့ ပြောခဲ့တယ်မှတ်လား၊ ဒီတိုင်းသာ စောင့်နေလိုက်"
သူ့စကားလုံးတွေကြောင့် နတ်ဆိုးဘုရင်ကြီး ဇဝေဇဝါဖြစ်သွားပေမယ့် မြို့အရှင်ကတော့ ပြုံးရုံသာပြုံးနေပြီး ဘာမှဆက်မပြောဘဲ အချက်အလက်တွေကို ထပ်ပြီးဖော်ပြချင်ပုံမရဘူး။
နတ်ဆိုးဘုရင်ကြီးလည်း ဘာမှဂရုမစိုက်နိုင်ဘဲ ဘေးနန်းဆောင်ဆီကိုသာ ခြေလှမ်းကျဲကြီးတွေနဲ့ သွားလိုက်တယ်။
လောင်ဟိုင်းက သူ့နောက်က မလိုက်သွားဘူး။ သူက တစ်ဖက်ခြမ်းမှာသာ တောင့်တောင့်ကြီးရပ်နေကာ မျက်နှာကလည်း အေးစက်လို့နေတယ်။ မျက်လုံးတွေက ခံစားချက်ကင်းမဲ့နေပြီး အရောင်အဆင်းမရှိတဲ့ဖန်သားလိုဖြစ်နေတယ် "မြို့အရှင် ဘာလို့ဒီလိုလုပ်လိုက်ရတာပါသလဲ? ရှဲ့ဇီထျန်းက ကျွန်တော်ရွေးချယ်ခဲ့တဲ့လူမှန်း သိရဲ့သားနဲ့"
BINABASA MO ANG
နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}
FantasyTitle - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanmar Translator - Kay_Wine 😉