အပိုင်း - ၄၀ (Zawgyi + Unicode)

12.8K 2.2K 192
                                    

{Zawgyi}

ပိုင်ရန်ရေပူစမ်းကိုရောက်တော့ ရေစပ်နားမှာကျောမှီကာ အဖြူရောင်ဝတ်စုံပါးပါးလေးတစ်ထည်တည်း ခြုံထားပြီး သူ့ဘက်ကိုမျက်နှာမူပြီးထိုင်နေတဲ့ နတ်ဆိုးဘုရင်ကြီးကိုတွေ့လိုက်ရတယ်။ သူ့ကိုရေနွေးငွေ့တွေ လွှမ်းခြုံနေတာတောင် သူ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်ရသေးတယ်။ သူ့ရဲ့လျော့တိလျော့ရဲအဖြူရောင်ဝတ်စုံကြောင့် လူသားနယ်မြေက မသေမျိုးတွေထက်တောင် ထူးခြားပုံပေါက်နေတယ်။ [T/N: ဆွဲဆောင်နေသောချိဖ]

နတ်ဆိုးဘုရင်ကြီးရဲ့အသွင်အပြင်က ဘယ်လိုဖြစ်ရတာလဲ? သေချာပေါက် နတ်သားတစ်ပါးလိုပဲရှိနေတာ။

ပိုင်ရန်ခဏလောက်ရပ်နေပြီး သူ့စိတ်တွေတည်ငြိမ်သွားတော့မှ အရှေ့ဆက်လျှောက်လာတယ်။ "အရှင်... အခုလေးတင်ဖြစ်သွားတာက အရှင်ထင်နေသလိုမဟုတ်ပါဘူး..."

နတ်ဆိုးဘုရင်ကြီးလက်ကိုမြှောက်ပြီး သူဆက်မပြောတော့အောင် တားလိုက်တယ်။

သူ့လက်တွေက အတော်လေးလှတယ်ဆိုတာ ပိုင်ရန်သတိထားလိုက်မိတယ်။ အဆစ်လေးတွေကလည်း ရှင်းလင်းပြီး သွယ်လျကာ ကျောက်စိမ်းလေးလို နူးညံ့လှတယ်။ ရုတ်တရက်ကြီး နတ်ဆိုးဘုရင်ကြီးလက်ကို ဘာကြောင့်သတိထားမိသွားမှန်း ပိုင်ရန်မသိတော့ဘူး။

"မင်းဆက်ပြောစရာမလိုတော့ဘူး... ကုသဖို့အတွက် ဒီကိုလာခဲ့"

နတ်ဆိုးဘုရင်ကြီးက ပေါ့ပေါ့ပါးပါးပြောရင်း ရေပူစမ်းထဲဆင်းလိုက်တယ်။

ပိုင်ရန်ကသူ့ကို ဒေါသထွက်အောင် လုပ်လိုက်မိတယ်.. အဲ့တာကြောင့် နတ်ဆိုးဘုရင်ကြီးဘယ်လိုလုပ်လိမ့်မယ်ဆိုတာ သူမသေချာဘူး။ သူဘာမှအမှားမလုပ်မိဖို့ပဲ မျှော်လင့်ရင်း နတ်ဆိုးဘုရင်ကြီးနောက်ကနေ ရေပူစမ်းထဲဆင်းလိုက်တယ်။

ပိုင်ရန်ထင်တာက နတ်ဆိုးဘုရင်ကြီးဒေါသပေါက်ကွဲမယ်ပေါ့.. ဒါပေမယ့် သူမှားသွားတယ်။ နတ်ဆိုးဘုရင်ကြီးက အပြစ်တင်စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ သူရေပူစမ်းထဲဆင်းလိုက်တော့ နတ်ဆိုးဘုရင်ကြီးက ဘာမှမပြောဘဲ စပြီးကုသပေးတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးရဲ့စွမ်းအင်တွေ ပိုင်ရန့်ဆီကိုစတင် စီးဆင်းလာတာနဲ့ အချက်ခံနေရတဲ့ ပေါက်ဆီလိုတောင်မဟုတ်ဘူး... ခေါက်ဆွဲတွေကို ပျော့ပြဲသွားတဲ့ထိ ပြုတ်နေသလိုတောင် ခံစားလိုက်ရတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now