အပိုင်း - ၇၉

6.6K 1.4K 11
                                    

{Zawgyi}

မျက်တောင်တစ်ခတ်အတွင်းမှာ ညချမ်းအချိန်ကိုရောက်ရှိလာတယ်။ နတ်ဆိုးဘုရင်ကြီးကတော့ ခြံဝင်းထဲကို တစ်ကြိမ်လေးတောင် ဆင်းမလာဘူး။ သူက ခုလေးတင် လူသားနယ်မြေကို ရောက်ရှိလာတာဖြစ်ကာ ကိစ္စတွေဖြေရှင်းပြီး တွေ့ဖို့လိုတဲ့လူတွေအများကြီးရှိတယ်။

လမင်းကြီးက ဝင်းထိန်နေပြီး ကောင်းကင်မှာ ကြယ်အနည်းငယ်ရှိနေတယ်။ ဘာမှလုပ်စရာမရှိတဲ့ ပိုင်ရန်ကတော့ ခပ်ဝေးဝေးရောက်တဲ့အထိ အလေလိုက်ကာ လျှောက်သွားနေတော့တယ်။

ရုတ်တရက် အနီးနားသစ်တောထဲကနေ ရိပ်ခနဲလှုပ်ရှားမှုကို သတိပြုမိသွားတယ်။

"ဘယ်သူလဲ?" ကောင်းကင်သို့ဆန်တက်ခြင်းအဆင့်လောက်ရှိနိုင်တဲ့ ကျင့်ကြံသူတစ်ယောက် သူ့ဆီလျင်မြန်စွာ ချဉ်းကပ်လာတာကို သူအာရုံခံမိလိုက်တယ်။

"ကယ်ပါ! ကျွန်တော့်ကို ကယ်ပါ!" ပိုင်ရန့်အသံကို ကြားသွားတဲ့ထိုလူက ချက်ချင်းဆိုသလို သူရှိရာဘက်ကို လျင်မြန်စွာအော်ဟစ်ပြီး ပြေးလာတယ်။ အရွယ်ကြီးကြီးလူရဲ့အသံမှာ ကြောက်ရွံ့မှုတွေ အပြည့်ဖြစ်နေတယ်။

အသံအရ လူအိုကြီးတစ်ယောက် ဖြစ်နိုင်တယ်။

ပိုင်ရန် သတိအနေအထားဖြစ်သွားတယ်။

ဒီနေရာက လီ100 အတွင်းမှာ လူသားတစ်ဦးမှမရှိနိုင်တဲ့ အလယ်ဗဟိုချက်လို့ပြောလို့ရတယ်။ ဒါ့အပြင် လော့ကျန်းဖန်းရဲ့လူတွေကလည်း ဒီနေရာမှာ ၀င်္ကပါစည်းတစ်ခု ချထားတယ်။ တစ်စုံတစ်ယောက်သာ တိုးဝင်လာခဲ့မယ်ဆိုရင် သူတို့အထဲမှာ ဖမ်းမိသွားမှာပဲဖြစ်တယ်။ သို့ပေမယ့် ဒီလူကတော့ ဖြတ်ပြီးဝင်လာနိုင်နေတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဒီလူကစည်းကို ဘယ်လိုဖျက်ရမလဲဆိုတာကို သိနေတာပဲဖြစ်ရမယ်။

ပိုင်ရန် အဲ့တာကို တွေးနေတုန်းခဏမှာ ဖြတ်ခနဲဆိုသလို အသံပိုင်ရှင်က သူ့ရှေ့မှာပေါ်လာတယ်။

ထိုလူက အမြင်တွေ ဝေဝါးနေတယ်။ သူ့ရှေ့မှာလူတစ်ယောက် ရှိနေတယ်ဆိုတာကို မြင်သွားချိန်မှာ ချက်ချင်းဆိုသလို ပျော်ရွှင်သွားတော့တယ်။ သူက ကျယ်လောင်စွာ အော်ပြီး "ကယ်ပါအုံး! ကျုပ်ကို မြန်မြန်ကယ်ပါ! ကျုပ်နောက်မှာ တစ်ယောက်ယောက် လိုက်လာနေတယ်!"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now