အပိုင်း-၃.၁ (Zawgyi + Unicode)

22.9K 3.5K 252
                                    


{Zawgyi}

နား​နေ​ဆောင်​​အောက်​မှာ တိမ်​​တွေလွင့်​​မြော​နေပြီး မြူ​တွေကလည်း​နေရာအနှံ့ရှိ​နေတယ်​။ ထိုလူရဲ့စိမ်းပြာ​ရောင်​ဝတ်​ရုံနဲ့ မှင်​နက်​လိုဆံပင်​​တွေက ​လေနဲ့အတူလွင့်​​မြော​နေတယ်​။

သူဒီမြင်​ကွင်းက အရမ်းလှပပြီးကျက်​သ​ရေရှိတယ်​ဆိုတာ ဝန်​ခံတယ်​။

တကယ်​လို့ မိန်းက​လေးတစ်​​ယောက်​သာမြင်​ရင်​ ဒီမြင်​ကွင်းက​​နေညှို့ယူဖမ်းစားခံ​နေရလိမ့်​မယ်​။

ဒါ​ပေမယ့်​ ပိုင်​ရန်​ကမိန်းက​လေးတစ်​​ယောက်​မဟုတ်​ဘူး။ သူခဏ​လောက်​ နစ်​​မြော​နေပြီးမှ အမြန်​သူ့စိတ်​သူထိန်းလိုက်​တယ်​။ သူ​ရှေ့ဆက်​​လျှောက်​သွားရင်​ အဲ့လူကို​နှောင့်​ယှက်​မိလိမ့်​မယ်​ဆိုတာသိ​ပေမယ့်​ ​တောင်​​အောင်​ဆင်းမယ်​ဆိုရင်​ နား​နေ​ဆောင်​​​ဘေးနားကလမ်းတစ်​ခုပဲရှိတယ်​။ ပိုင်​ရန်​ခဏတွန့်​ဆုတ်​​နေပြီးမှ ဆက်​သာလျှောက်​သွားလိုက်​တယ်​။

"Taskကိုလုပ်​ဖို့ မ​မေ့နဲ့​နော်​ သခင်​" ​ရှောင်​လင်းအသံကို သူ့စိတ်​ထဲမှာရုတ်​တရက်​ကြားလိုက်​ရတယ်​။

Systemသာ မ​ပြောရင်​ ပိုင်​ရန်​ 'အလှ​လေးနဲ့အီစီကလီရန်​'ဆိုတဲ့ taskလုပ်​ရအုံးမယ်​ဆို​တာ ​မေ့လုနီးနီးပဲ!

ပိုင်​ရန်​မျက်​လုံး​ကိုပင့်​ပြီး ​ရှေ့ကလူကိုကြည့်​လိုက်​တယ်​ _ ဟုတ်​ပီ ဒီမှာအလှ​လေးပဲ! [T/N -​သေ​တော့မယ်​ >_< ]

ဘယ်​လိုပဲဖြစ်​ဖြစ်​​လေ ရှဲ့ဇီထျန်းက အလှ​လေးဖြစ်​​နေသ​ရွေ့ ​ယောကျာ်းမိန်းမခွဲတာမဟုတ်​ဘူး။

ပိုင်​ရန်​ ဟိုကြည့်​ဒီကြည့်​လုပ်​လိုက်​တယ်​။ ဒီနားမှာတစ်​​ယောက်​မှမရှိဘူးဟ။

သူ့​ရှေ့ကလူက ​ယောကျာ်းဆန်​ပြီး ကြွက်​သားကြီး​တွေနဲ့ဖြစ်​​နေတာမဟုတ်​ဘူး။ သူက ​ကြော့ရှင်းပြီး ကိုယ်​လုံးကလည်းသွယ်​သွယ်​​လေး .... ဟဲဟဲ၊ ​​"​ကြော့ရှင်း​နေတာ"ကို ​နောက်​တစ်​မျိုး​ပြောချင်​တာက သူကလုံးဝသန်​မာတဲ့ကြွက်​သားနဲ့အရိုး​တွေရှိတဲ့သူ မဟုတ်​ဘူးဆိုတာပဲ။ တစ်​နည်း​ပြောရရင်​ သူကသိပ်​မသန်​မာနိုင်​တာ​ကြောင့်​ သွားဗရုတ်​ကျဖို့ လွယ်​ကူနိုင်​တယ်​။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Tahanan ng mga kuwento. Tumuklas ngayon