I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 2
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 16
I can only imagine 17
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 20
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
I can only imagine 31
ဒါဒါတို႔ေရ😘
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 32

1.1K 105 4
By Monepannmyau

I can only imagine 3️⃣Part 322️⃣

မေန႔က ေဒါသတႀကီး ရန္ျဖစ္ခဲ့ၾကတဲ့
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အခုခ်ိန္ထိ မ်က္ႏွာခ်င္း မဆိုင္ရေသးပါ။ ပိုေနႏိုင္သူကေတာ့ အသည္းေအးရက္စက္ေပမယ့္ ကြၽန္ေတာ္ကေတာ့ မေနႏိုင္ပါဘူး
ျပန္ေခ်ာ့ရမွာေပါ့။

"ဟဲလို ပန္းဆိုင္ကပါလား ခင္ဗ်ား ကြၽန္ေတာ့္ကို
ႏွင္းဆီပြင့္၁၅ပြင့္ လွလွေလး စည္းေပးထားပါ
ၿပီးေတာ့ ဒီိလိပ္စာအတုိင္း ပို႔ေပးပါ ေန႔လည္အမွီ
ရမလားဗ်...  ဟုတ္ကဲ့ ဒါဆို ျမန္ျမန္ေလးပို႔ေပးေနာ္...''

ျမတ္နိုးရာကို ေခ်ာ့ဖို႔ ပန္းစည္းေတာ့ လွမ္းမွာၿပီးၿပီ။ သူေလး စိတ္ေကာက္ေျပဖို႔ပဲ က်န္ေတာ့တယ္
မနက္ကတည္းက အလုပ္ကို ေစာေစာ ထြက္သြားတဲ့သူက ကြၽန္ေတာ့္ကို စိတ္ဆိုးေျပေသးပံုမေပၚေသး။ အလုပ္မွာ ႏွစ္ေယာက္သား ျဖတ္သြားေတာ့လည္း ကြၽန္ေတာ့္ကို ေယာင္လို႔မွ ေမာ့မၾကည့္လာ။ ကြၽန္ေတာ္မွာသာ သူ႔မ်က္ႏွာေလး ဝေအာင္
မၾကည့္ရေသးလို႔ အေနခက္ေနသည္။ သူပံုကလည္း ဘာမွ မျဖစ္ထားသလို ေအးတိေအးစက္ႏိုင္လွသည္။

"မနီလာ ''

"ဟင္ ဘာလဲ ေမာင္ေလး ''

"ဟို ျမတ္ႏိုးရာ ရိွလားဗ်''

"ဟင္ ျမတ္ႏိုးရာလား ခုနေတာ့ သူေဠးက ျမတ္ႏိုးရာနဲ႔ ေမကို စက္ရံုဘက္ ခဏ သြားၾကည့္ခုိင္းထားတယ္ ထင္တယ္ အခုဆို ျပန္ေရာက္ေနေလာက္ၿပီ ဘာလို႔လဲ ေမာင္ေလး ''

"ဗ်ာ အာ.. မဟုတ္ပါဘူး ဒီတိုင္း ေမးၾကည့္တာပါ ဟိုေလ မနီလာအထင္ ျမတ္ႏိုးရာနဲ႔ အာ့ဒီ ေမ
ဆိုတဲ့ ေကာင္မေလးနဲ႔ ဘယ္လို ျမင္သလဲ''

"ဟင္ ဘယ္လိုျမင္သလဲ ဆိုေတာ့ အင္း ျမတ္ႏိုးရာက ခ်စ္ဖို႔ေကာင္းတယ္..''

"ဟုတ္တယ္ သူက အရမ္းခ်စ္ဖို႔ေကာင္းတာဗ်''

မနီလာ စကားေတာင္ မဆံုးေသး ပက္ခနဲ ဝင္ေျပာလိုက္တဲ့ ကြၽန္ေတာ့္ကို မနီလာက အံျသသလို
ၾကည့္လာေတာ့ လည္ပင္းကို မယားပဲ ကုတ္ကာ ရႊီးလိုက္ရသည္။

"ဟို..ဟိုေလ ဆက္ေျပာပါအံုး ''

"အာ အင္း အမ သူတို႔ႏွစ္ေယာက္ကို ဘယ္လို
ျမင္သလဲဆိုေတာ့ ႏွစ္ေယာက္လံုးကကြာ ခ်စ္ဖို႔လည္း ေကာင္းသလို ေမဆိုတာက ႐ိုး႐ိုးေအးေအးေလးေလ အမွန္တိုင္းေျပာရရင္ သူတို႔ႏွစ္ေယာက္က လိုက္ဖက္ညီတယ္ အဲ ေျပာရအံုးမယ္ ကုမၸဏီမွာ သူတို႔ သတင္း သဲ့သဲ့ေလး ၾကားေနရတယ္
ေမာင္ေလးလည္း သူတို႔ႏွစ္ေယာက္ မူမမွန္တာ ေတြ႔လို႔ အမကို ေမးတာမလား''

"ဟင္ မဟုတ္ပါဘူး ကြၽန္ေတာ္က ဒီတိုင္း သိခ်င္ယုံ သက္သက္ပါ အင္း ဒါဆို အမ အလုပ္ဆက္လုပ္လိုက္အံုးမယ္ ေနာ္ ''

"ဟုတ္ကဲ့ ''

မနီလာ ထြက္သြားေတာ့မွ မြန္းၾကပ္ေနေသာ
ရင္ဘတ္ကို တစ္ခ်က္ထုကာ စိတ္႐ႈပ္သြားရသည္။ ျမတ္ႏိုးရာက ကြၽန္ေတာ္ ဆိုတဲ့ ေလးညိဳ႕႐ွင္နဲ႔ပဲ
ထိုက္တန္တာဗ်...

"ျမတ္နိုးရာ... ျမတ္ႏိုးရာလို႔! "

ျမတ္နိုးရာ အလုပ္စားပြဲခံု အေ႐ွ႕နားကေန
ေယာင္လည္လည္ သြားရပ္လိုက္၍ နာမည္ကို
ေခၚေနေပမဲ့ သူက မၾကားဟန္ေဆာင္ကာ
အလုပ္ကို သည္းႀကီးမဲႀကီး လုပ္ေနေလေတာ့သည္။

"ျမတ္နိုးရာ ငါ ေခၚေနတယ္ေလကြာ ''

ဘယ္ေလာက္ပဲေခၚေခၚ စိတ္ဆိုးေျပေသးမေပၚေသးသည့္ ျမတ္နိုးရာကို ၾကည့္၍ မခ်င့္မရဲ ျဖစ္လာကာ ေဘးပတ္ဝန္းက်င္ကို မ်က္လံုးတစ္ေဝ့
ၾကည့္လိုက္ၿပီး လူ႐ွင္းၿပီ ဆိုေတာ့မွ ကြၽန္ေတာ္ ခႏၶာကိုယ္ကို ကိုင္းခ်ကာ သူ႔ပါးမို႔မို႔ေလးအား
ရႊတ္ခနဲ ခိုးနမ္းလိုက္ေတာ့ သူက အံျသမင္သက္ကာ ကြၽန္ေတာ့္ကို ေမာ့ၾကည့္လာပါေတာ့သည္။

"ရႊတ္💋''

"ဟင္.. ေလးညိဳ႕႐ွင္ မင္း ဘယ္လိုလုပ္လိုက္တာလဲ အျခားသူ ျမင္သြားရင္ ဘယ္လိုလုပ္မလဲ ''

ကြၽန္ေတာ္ နမ္းခဲ့တဲ့ ပါးျပင္ေလးကို အသာအုပ္ကိုင္ကာ အသံတိုးတိုးေလးျဖင့္ ေျပာေနေလသည္။

"မင္းမွ ေမာင့္ကို မၾကည့္တာ''

ဘုဆတ္ဆတ္ အေျပာေတြေၾကာင့္ သူက
ကြၽန္ေတာ့္အား မ်က္ေစာင္းေလး ရြယ္လိုက္ကာ အလိုမက်သလို မ်က္ခံုေလးေတြ တြန္႔ေကြးေနေလသည္။

"ျမတ္နိုးရာ မင္း ေမာင့္ကို ဘယ္အခ်ိန္ထိ အခုလို
ႏိွပ္စက္ေနမွာလဲကြာ''

"ဘယ္သူ႔က ႏွိပ္စက္ေနလို႔လဲ ''

"အေသးေလးေလ ေမာင့္ကို မင္းေတြနဲ႔ ေျပာေနတာ ေမာင္က ေမာင့္ကို ေမာင္လို႔ေခၚတဲ့ အသံေလးကို လြမ္းေနတာ အေသးေလးက
တကယ္ ေနႏိုင္တယ္ေနာ္''

"ေလးညိဳ႕႐ွင္ အရမ္းေတြ အကဲပိုမေနနဲ႔ ဒါက
ကုမၸဏီေနာ္ အေျပာအဆို ဆင္ျခင္ပါအံုး ဟိုတစ္ေလာကလည္း မနီလာနဲ႔ ဖမ္းမိမလို႔ နည္းနည္းေလးပဲ လိုေတာ့တာ''

"အင္း အာ့ဒါဆုိ ေမာင့္ကို စိတ္ဆိုးေျပေတာ့ေလ''

"ဘယ္သူက စိတ္ဆိုးေနလို႔လဲ''
.
ပက္ခနဲ ျပန္ခံေျပာေနေသာ ျမတ္ႏိုးရာကို ၾကည့္၍ ရင္ခြင္ထဲ ဆြဲယူေပြ႔ဖက္ထားခ်င္သည့္ စိတ္ကို
မနည္းအားတင္းထားရသည္။

"ကဲပါ လာ ေမာင္တို႔ ေအာက္ထပ္က ေကာ္ဖီဆိုင္ေလးမွာ ခဏေလာက္ သြားရေအာင္ ''

"မအားဘူး အလုပ္႐ႈပ္ေနတယ္''

"ေအး ေမာင္ ေခၚေနတုန္း လာလိုက္ေနာ္
မဟုတ္ရင္ ဒီရံုးခန္းတစ္ခုလံုး ဟိန္းထြက္သြားေအာင္ ေအာ္ပစ္မွာ''

"ဟင္ ေျပာပါအံုး ဘယ္လို ေအာ္မွာလဲလို႔''

မယံုသလို မ်က္လုံးေလးသာ လွန္ၾကည့္လာတဲ့
ျမတ္နိုးရာကို တခ်က္ ျပံဳးၾကည့္လိုက္ၿပီး

"အင္း ဘယ္လို ေအာ္ေျပာမလဲ ဆိုေတာ့ ေဟာဒီက ျမတ္နိုးရာက ကြၽန္ေတာ့္ခ်စ္သူပါလို႔ ေအာ္ေျပာမွာေပါ့''

တကယ္လည္း အသံေလး တိုးျမင့္၍ ေျပာလိုက္ေတာ့ ခ်က္ခ်င္း ထိုင္ေနရာမွ ထလာကာ
မ်က္ေစာင္းေလး တခ်က္ ထိုးလိုက္ၿပီး

"အ႐ူး''

ကြၽန္ေတာ္ ကိုယ္လံုးႀကီးကို တိုက္ခ်၍ အေ႐ွ႕ကေန လႈပ္တုတ္လႈပ္တုတ္ သြားေနေသာ
ျမတ္ႏိုးရာကို ၾကည့္၍ သေဘာက်ကာ သြားေပၚေအာင္အထိ ႏႈတ္ခမ္းေတြ ေကြ႔ၫႊတ္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပံဳးလိုက္မိသည္။

"ကဲ ေျပာ ဘာေျပာမလို႔လဲ ''

ေကာ္ဖီဆိုင္ေလးရဲ႕ တစ္ေထာင့္တစ္ေနရာတြင္
ႏွစ္ေယာက္သား ထိုင္လိုက္ၾကၿပီး ျမတ္ႏိုးရာထံမွ စကားသံ စ၍ ထြက္လာေလသည္။

"ေမာင့္ကို စိတ္ဆိုးတုန္းလားဟင္''

"ျဖစ္ခဲ့သမွ် ကိစၥေတြက ငါ စိတ္မဆိုးသင့္ဘူးလား''

"ေမာင္ မွားခဲ့တာ ရိွရင္ ေတာင္းပန္ပါတယ္
အေသးေလးရယ္ ေမာင့္ကို ခြင့္လႊတ္ေပးပါကြာ''

ျမတ္ႏိုးရာကို ေတာင္းပန္စကား ဆိုေနစဥ္ စားပြဲထိုးေကာင္ေလးက ကြၽန္ေတာ့္အနား ေရာက္လာၿပီး ပန္းစည္းေလးကို လက္ထဲ ထည့္ေပးကာ
ျပန္သြားေလသည္။

"အင့္ မင္းေလးအတြက္ ပန္းစည္းေလး ေမာင့္ကို
ခြင့္လႊတ္ေပးလို႔ ရၿပီလားဟင္ ''

ကြၽန္ေတာ္ လက္ထဲက ႏွင္းဆီပန္းစည္းႀကီးကို
ၾကည့္လိုက္ ကြၽန္ေတာ့္ မ်က္ႏွာကို ၾကည့္လိုက္နဲ႔ တအံတျသႀကီး ျဖစ္ေနေသာ ျမတ္ႏိုးရာရဲ႕
လက္ကို အသာေလး ဆုပ္ကိုင္လိုက္၍

"ႏွင္းဆီပြင့္ ၁၅ပြင့္ရဲ႕ အဓိပၸာယ္ကို သိလား ''

"ဟင့္အင္း ''

"အရမ္းဝမ္းနည္းေနလို႔ ခြင့္လႊတ္ေပးပါေတာ့တဲ့''

"ဟင္! "

"ဟုတ္တယ္ ေမာင့္ကို ဒီထက္ပိုၿပီး မရက္စက္ပါနဲ႔ေတာ့ ေမာင္တို႔ ျပန္ၿပီး ေျပလည္ၾကရေအာင္ေနာ္''

ရႊန္းရႊန္းစားစားႀကီး ေျပာလာတဲ့ ကြၽန္ေတာ့္ကို
ၾကည့္၍ တျဖည္းျဖည္း ျပံဳးလာ၍ ေခါင္းေလးကို ညင္သာစြာ ညိမ့္ျပလာသည္။

"ဟာ ေခါင္းညိမ့္တယ္ ဒါဆို ေမာင့္ကို ခြင့္လႊတ္ၿပီေပါ့ေနာ္''

"ဟုတ္ ေမာင္ ငါ ေမာင့္ကို စိတ္မဆိုးရက္ပါဘူး
ေမာင္ရယ္ ၿပီးေတာ့ ငါ့ကို စိတ္႐ွည္႐ွည္နဲ႔
ေခ်ာ့ေပးလို႔ ေက်းဇူးတင္ပါတယ္''

ျပံဳး၍ ဆိုလာေသာ ျမတ္ႏိုးရာကို ေပြ႔ဖက္ခ်င္လာေတာ့ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနရာမွ နံေဘးသို႔
ကပ္သြားထိုင္လိုက္ေတာ့ မ်က္လံုး ဝိုင္းဝိုင္းေလးက ျပဴးက်ယ္စြာ ၾကည့္လာသည္။

"ေမာင္ အရမ္းကပ္မထိုင္နဲ႔ေလ လူေတြ ျမင္သြားပါအံုးမယ္ အခုေတာင္ ခုနက ပန္းစည္းေလး
ေပးတာေတာင္ လူေတြက ၾကည့္ေနၿပီရယ္''

"ဟင္ အာ့ဒါ ထူးဆန္းလို႔ မဟုတ္ဘူး အေသးေလးရဲ႕ လူေတြက အေသးေလးကို အားက်လို႔ ၾကည့္ေနၾကတာ သိၿပီလား ''

"အာ.. ေမာင္ကလည္း ''

မ်က္ႏွာေလး နီရဲကာ ႐ွက္ရြံလာသည့္ ျမတ္နိုးရာအား ခ်စ္လို႔မဝကာ လူေတြ အမ်ားႀကီး ရွိတယ္ဆိုတာေတာင္ သတိမျပဳႏိုင္ေတာ့ပဲ သူ႔ခႏၶာကိုယ္
ေသးေသးေလးကို အင့္ခနဲ ျဖစ္ေအာင္ ေပြ႔ဖက္လိုက္တာမို႔ သူက မေနတတ္စြာ တြန္းဖယ္႐ုန္းကန္ေနေပမယ့္ တင္းၾကပ္လြန္းလွတဲ့ လက္တစ္စုံေၾကာင့္ ေမာပန္းလာကာ ေအးျမလာတဲ့ ကြၽန္ေတာ့္ရင္ခြင္ထဲ အလိုက္သင့္ မွီႏြဲ႔ကာ နားခိုလာေလသည္။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"တံခြန္ ငါ.. ငါ ဘာဆက္လုပ္သင့္သလဲ ''

"သံသယ!''

"ဟင္ ဘာကိုလဲ တံခြန္ ငါ နားမလည္ဘူး ''

"အဟက္ အခရာ မင္းကေလ လွသေလာက္
တံုးအတယ္ ဒီမွာ လူႏွစ္ေယာက္ၾကားမွာ သံသယ ဆိုတဲ့ သက္မဲ့နာမ္ေလးတစ္ခုသာ ထည့္လိုက္၊
သိပ္မၾကာခင္ အာ့ဒီသံသယက လူႏွစ္ေယာက္ဆီမွာ ရွိတဲ့ ယံုၾကည္မႈေတြ အခ်စ္ေတြ အရာအားလုံး တျဖည္းျဖည္း ဝါးၿမိဳသြားၿပီး ႏွလုံးသားေတြ
ေဝးကြာသြားလိမ့္မယ္''

"ဟင္ ေဝးကြာသြားမယ္ ဆိုေတာ့ သူတို႔ႏွစ္ေယာက္ မေပါင္းဖက္ရဘူးလို႔ ေျပာတာေပါ့ ဟုတ္လား ''

"အင္း ဟုတ္တယ္ အာ့ဒါ မင္းရဲ႕ ရည္ရြယ္ခ်က္ပဲမလား ဒီေတာ့ သားေကာင္ ေျပာင္းမွ ျဖစ္မယ္ ''

"ဘယ္လို သားေကာင္ ေျပာင္းရမယ္!''

"အခု မင္း ခ်ိန္ရမယ့္ သားေကာင္က ေလးညိဳ႕႐ွင္ မဟုတ္ေတာ့ပဲ ျမတ္နိုးရာပဲ''

"ျမတ္နိုးရာ ဟုတ္လား တံခြန္ နင္ ႐ူးေနလား ကိုကို႔ရဲ႕ အခ်စ္ေတြ ရထားတဲ့ အာ့ဒီလူကို ငါက ဘာလို႔ အနားကပ္ရမွာလဲ''

"မင္းပဲ သူတို႔ႏွစ္ေယာက္ကို ကြဲေစခ်င္တယ္ဆို
ဒါဆို ဒီနည္းအတိုင္း လုပ္ရမွာေပါ့ ဘာလဲ မင္းက သူတို႔ႏွစ္ေယာက္ကို ၾကည္ၾကည္ျဖဴျဖဴ
တစ္သက္လုံး ေပါင္းသြားေစခ်င္တယ္ေပါ့ေလ''

"ဟင္! ဟင့္အင္း မရဘူး ကိုကိုက ငါက လြဲၿပီး
ဘယ္သူ႔ကိုမွ မခ်စ္ေစရဘူး''

"ဒါဆို ငါ ေျပာသလိုသာ လုပ္လိုက္ အဟက္ "

တံခြန္ ေျပာတဲ့အတိုင္းသာ လုပ္လို႔ ေအာင္ျမင္ခဲ့ရင္ ကိုကို႔ကို အခရာက တစ္သက္လုံး ပိုင္ဆိုင္သြားရမွာ၊ ကိုကို႔ကိုအခရာပဲ ပိုင္ေစရမယ္၊ ကိုကိုက အခရာ အပိုင္။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"ဟင္ အကို ဒီမွာ ဘာထိုင္လုပ္ေနတာလဲဟင္ ''

ကုမၸဏီသြားဖို႔ အားလုံး ျပင္ဆင္ၿပီး အိမ္ကအထြက္ ကားအျဖဴေလးေပၚ ပခံုးေလးမွီ၍ စတိုင္က်က်
ရပ္ေနေသာ လြန္းဘြဲ႔ေမာင္ကို ေတြ႔လိုက္ရတာေၾကာင့္ ေမးလိုက္သည္။

"ဒီက သခင္ေလးကို လာႀကိဳတာေလ''

"ဗ်ာ သခင္ေလး! ..''

"ဟားဟား သခင္ေလး ဆိုတာ ဒီက ခင္ဗ်ားေလးကို ေျပာတာေလဗ်ာ''

"ဗ်ာ ကြၽန္ေတာ့္..ကြၽန္ေတာ့္ကို! "

တအံတျသႀကီး ကြၽန္ေတာ့္ကို ၾကည့္လာသည့္
မိုးစက္၏ ပါးမို႔မို႔ေလးကို တခ်က္ ျဖည္းညင္းစြာ ဆြဲလိုက္ေတာ့ လက္ေပၚ ႏူးညံအိစက္တဲ့
အရာေလးက နစ္ပါလာသည္။ တစ္ခါမွ ဒီလို
အျပဳအမူမ်ိဳး မလုပ္ဖူးေတာ့ ခံစားခ်က္က
ဆန္းဆန္းျပားျပား ျဖစ္ေနသည္။ ခုန္ထြက္ေနသည့္ ရင္ခြင္တစ္စံုကိုေတာ့ မသိက်ိဳးကြၽံျပဳရင္းေပါ့။

"အင့္.. ဟုတ္တယ္ေလ ဘာလို႔ ဒီေလာက္
အံျသေနရတာလဲ တကယ္ေတာ့ ကိုယ္လည္း ညီ့ကို ေက်းဇူးတင္လို႔ပါ''

"ဟင္ ကြၽန္ေတာ့္ကို ေက်းဇူးတင္လို႔.. ဟုတ္လား ''

"ဟုတ္တယ္ေလ ကိုယ္ ဘဝမပ်က္ဖို႔ အေကာင္းဆံုး လမ္းျပခဲ့တဲ့သူေလ ကိုယ့္ကို အတိတ္ကေန
႐ုန္းထြက္ႏိုင္ေအာင္ မီးျပခဲ့တာပဲ''

"ဟို ကြၽန္ေတာ္ အကို႔ကို ဘာမွ မလုပ္ေပးရပါဘူးဗ်ာ အကိုကိုယ္တိုင္ ေျပာင္းလဲခ်င္စိတ္ ရိွမွသာ လူက ေျပာင္းလဲလာတာပါ အကိုရယ္ ''

"ဘယ္လိုပဲျဖစ္ျဖစ္ေလ ညီရဲ႕ ေက်းဇူးေတြ ပါတယ္ ဆိုတာေတာ့ ေမ့ထားလို႔ မရပါဘူး ''

ကြၽန္ေတာ္ ျပံဳးရင္း ဆိုလိုက္ေတာ့ ထိုေကာင္ေလးသည္လည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပန္၍ ျပံဳးျပလာသည္။ ထိုအခါမွ သူ႔မ်က္ႏွာကို ေစ့ေစ့ ၾကည့္မိသည္။ အညာသား ဆိုတဲ့အတိုင္း အသားေရာင္က အညိဳဆန္၍ လူငယ္အသြင္ဘက္ကို ေရာက္သည္။
ကြၽန္ေတာ္ တစ္စိမ့္စိမ့္ ၾကည့္ေနတာကို မိုးစက္က မေနတတ္သလို လည္ပင္းေလးကို ပြတ္သပ္ကာ

"အကို..အကိုရယ္ လူကို ဘယ္လိုႀကီး ၾကည့္ေနတာလဲဗ်ာ''

"ဟင္ ေအာ္ ဘာရယ္မဟုတ္ပါဘူး ဒါေပမယ့္ ညီက ေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းတယ္ေနာ္ ရြာမွာဆို
ေကာင္မေလးေတြ ဝိုင္းေနေတာ့မွာပဲ ''

"ဟာဗ်ာ မရွိပါဘူး ကြၽန္ေတာ္ ဒီလိုမ်ိဳးေတြ
စိတ္ဝင္စားဖို႔ မအားပါဘူးဗ်ာ''

"ဟားဟား ဟုတ္ပါၿပီ ကိုယ္က ဒီေလာက္ေလးပဲ
ေျပာရေသးတယ္ အ႐ွက္သည္းေနလိုက္တာ ကဲ လာ အလုပ္သြားၾကရေအာင္''

"ဟုတ္ အကို ''

ကြၽန္ေတာ္ ကိုယ္တိုင္ လိုလိုလားလား ဖြင့္ေပးလိုက္ေသာ ကားေလးအေပၚ မိုးစက္က ဝင္ထိုင္လိုက္ၿပီးမွ ေနရာကေန အ႐ွိန္မွန္မွန္ျဖင့္ ေမာင္းထြက္လာခဲ့သည္၊၊

"သူေဠး''

"ေဟး ေအာ္ လြန္းဘြဲ႔ေမာင္ပဲ လာေလ ''

"ဟုတ္ ''

ရံုးခန္း၌ သူေဠး ကြၽန္ေတာ့္ကို ေခၚတာ မခံရခင္ ကြၽန္ေတာ္ပဲ အရင္ သူေဠးကို သြားေတြ႔လိုက္သည္။

"ကြၽန္ေတာ္ သူေဠးကို ေျပာစရာ ရွိလို႔ပါ ေအာ္
ေျပာစရာ ရွိတယ္ ဆိုတာထက္ ေတာင္းပန္စရာ
ရိွလို႔ပါ ''

"အင္း ''

"ကြၽန္ေတာ္ အလုပ္အေပၚ တာဝန္ မေက်မႈေတြအတြက္ ေတာင္းပန္ပါတယ္ ကိုယ့္ဘဝ ေ႐ွ႕ေရးကို မေတြးပဲ စိတ္ခံစားခ်က္အတိုင္း မူး႐ႈးေနမိတယ္၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အလုပ္ေတာ့
မထုတ္လိုက္ပါနဲ႔ဗ်ာ ဒီထက္ပိုၿပီး အလုပ့္ကို ႀကိဳးႀကိဳးစားစား လုပ္သြားပါ့မယ္လို႔ ကတိေပးပါတယ္ ''

"အင္း အန္ကယ္လည္း အမွန္တိုင္း ေျပာရရင္
အလုပ္ကို ႀကိဳးစားတဲ့ လူငယ္ေတြဆို အင္မတန္မွ သေဘာက်ေပမယ့္ ေ႐ွ႕ေရးကို မေတြးပဲ ပစၥဳပၸန္မွာ ႐ႈး႐ႈးမိုက္မိုက္ ျဖစ္ေနတဲ့ လူငယ္ေတြဆို အန္ကယ္ သေဘာမက်ဘူး အင္း ေမာင့္ရင္ကို အရင္က
အလုပ္အင္မတန္ ႀကိဳးစားလို႔ ႐ွယ္ယာ႐ွင္ေတြနဲ႔
အန္ကယ္ကိုယ္တိုင္ ေမာင့္ရင္ကို သိပ္ကို ခ်ီးက်ဴးခဲ့တာ ဒါေပမယ့္ ဒီေနာက္ပိုင္း ေမာင္ရင္က သိသိသာသာကို အက်င့္ပ်က္လာတယ္ အန္ကယ္လည္း ျပင္မလားျပင္မလား ဆိုၿပီး ေစာင့္ၾကည့္ေနတယ္
ေမာင္ရင္က မျပင္လာဘူး ဒါေၾကာင့္ အန္ကယ္
႐ွယ္ယာ႐ွင္ေတြနဲ႔ ဒီေန႔ပဲ အစည္းအေဝးထိုင္ၿပီး
ေမာင္ရင့္ကို ရာထူးကေန ထုတ္ဖို႔ စဥ္းစားေနတာ ဒါေပမယ့္ အခု ေမာင္ရင့္ဘာသာ အသိတရားရၿပီး အရင္ကလို ျပန္ၿပီး ႀကိဳးစားမယ္ ဆိုေတာ့
အန္ကယ္ဘက္ကေတာ့ Welcomeပါပဲဗ်ာ''

"ဟာ ေက်းဇူး.. ေက်းဇူးပါပဲဗ်ာ သူေဠး ကြၽန္ေတာ့္ကို ေနာက္ထပ္ စိတ္မပ်က္ေစရဘူးလို႔
ကတိထပ္ေပးပါတယ္''

"ေကာင္းပါၿပီကြယ္ ေမာင္ရင္ ေျခလွမ္းေတြကို
အန္ကယ္ ေစာင့္ၾကည့္ေနမယ္''

"ဟုတ္ကဲ့ပါဗ်ာ ''

ကံေကာင္းတာမွ ေတာ္ေတာ္ေလး ကံေကာင္းတာလို႔ ေျပာရမည္။ မိုးစက္ ေျပာသလိုသာ အခ်ိန္မွီ
ကိုယ့္ကိုယ္ကိုယ္ မျပဳျပင္ခဲ့ဘူး ဆိုရင္ အခုခ်ိန္ေလာက္ဆို ကြၽန္ေတာ္ အလုပ္ျပဳတ္ေနေလာက္ၿပီဗ်။ မိုးစက္က ကြၽန္ေတာ့္အတြက္ ဘုရားေပးတဲ့
လက္ေဆာင္တစ္ခုလိုပါပဲ။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine 3️⃣Part 322️⃣

မနေ့က ဒေါသတကြီး ရန်ဖြစ်ခဲ့ကြတဲ့
ကျွန်တော်တို့နှစ်ယောက် အခုချိန်ထိ မျက်နှာချင်း မဆိုင်ရသေးပါ။ ပိုနေနိုင်သူကတော့ အသည်းအေးရက်စက်ပေမယ့် ကျွန်တော်ကတော့ မနေနိုင်ပါဘူး
ပြန်ချော့ရမှာပေါ့။

"ဟဲလို ပန်းဆိုင်ကပါလား ခင်ဗျား ကျွန်တော့်ကို
နှင်းဆီပွင့်၁၅ပွင့် လှလှလေး စည်းပေးထားပါ
ပြီးတော့ ဒီိလိပ်စာအတိုင်း ပို့ပေးပါ နေ့လည်အမှီ
ရမလားဗျ...  ဟုတ်ကဲ့ ဒါဆို မြန်မြန်လေးပို့ပေးနော်...''

မြတ်နိုးရာကို ချော့ဖို့ ပန်းစည်းတော့ လှမ်းမှာပြီးပြီ။ သူလေး စိတ်ကောက်ပြေဖို့ပဲ ကျန်တော့တယ်
မနက်ကတည်းက အလုပ်ကို စောစော ထွက်သွားတဲ့သူက ကျွန်တော့်ကို စိတ်ဆိုးပြေသေးပုံမပေါ်သေး။ အလုပ်မှာ နှစ်ယောက်သား ဖြတ်သွားတော့လည်း ကျွန်တော့်ကို ယောင်လို့မှ မော့မကြည့်လာ။ ကျွန်တော်မှာသာ သူ့မျက်နှာလေး ဝအောင်
မကြည့်ရသေးလို့ အနေခက်နေသည်။ သူပုံကလည်း ဘာမှ မဖြစ်ထားသလို အေးတိအေးစက်နိုင်လှသည်။

"မနီလာ ''

"ဟင် ဘာလဲ မောင်လေး ''

"ဟို မြတ်နိုးရာ ရှိလားဗျ''

"ဟင် မြတ်နိုးရာလား ခုနတော့ သူဠေးက မြတ်နိုးရာနဲ့ မေကို စက်ရုံဘက် ခဏ သွားကြည့်ခိုင်းထားတယ် ထင်တယ် အခုဆို ပြန်ရောက်နေလောက်ပြီ ဘာလို့လဲ မောင်လေး ''

"ဗျာ အာ.. မဟုတ်ပါဘူး ဒီတိုင်း မေးကြည့်တာပါ ဟိုလေ မနီလာအထင် မြတ်နိုးရာနဲ့ အာ့ဒီ မေ
ဆိုတဲ့ ကောင်မလေးနဲ့ ဘယ်လို မြင်သလဲ''

"ဟင် ဘယ်လိုမြင်သလဲ ဆိုတော့ အင်း မြတ်နိုးရာက ချစ်ဖို့ကောင်းတယ်..''

"ဟုတ်တယ် သူက အရမ်းချစ်ဖို့ကောင်းတာဗျ''

မနီလာ စကားတောင် မဆုံးသေး ပက်ခနဲ ဝင်ပြောလိုက်တဲ့ ကျွန်တော့်ကို မနီလာက အံသြသလို
ကြည့်လာတော့ လည်ပင်းကို မယားပဲ ကုတ်ကာ ရွှီးလိုက်ရသည်။

"ဟို..ဟိုလေ ဆက်ပြောပါအုံး ''

"အာ အင်း အမ သူတို့နှစ်ယောက်ကို ဘယ်လို
မြင်သလဲဆိုတော့ နှစ်ယောက်လုံးကကွာ ချစ်ဖို့လည်း ကောင်းသလို မေဆိုတာက ရိုးရိုးအေးအေးလေးလေ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်က လိုက်ဖက်ညီတယ် အဲ ပြောရအုံးမယ် ကုမ္ပဏီမှာ သူတို့ သတင်း သဲ့သဲ့လေး ကြားနေရတယ်
မောင်လေးလည်း သူတို့နှစ်ယောက် မူမမှန်တာ တွေ့လို့ အမကို မေးတာမလား''

"ဟင် မဟုတ်ပါဘူး ကျွန်တော်က ဒီတိုင်း သိချင်ယုံ သက်သက်ပါ အင်း ဒါဆို အမ အလုပ်ဆက်လုပ်လိုက်အုံးမယ် နော် ''

"ဟုတ်ကဲ့ ''

မနီလာ ထွက်သွားတော့မှ မွန်းကြပ်နေသော
ရင်ဘတ်ကို တစ်ချက်ထုကာ စိတ်ရှုပ်သွားရသည်။ မြတ်နိုးရာက ကျွန်တော် ဆိုတဲ့ လေးညို့ရှင်နဲ့ပဲ
ထိုက်တန်တာဗျ...

"မြတ်နိုးရာ... မြတ်နိုးရာလို့! "

မြတ်နိုးရာ အလုပ်စားပွဲခုံ အရှေ့နားကနေ
ယောင်လည်လည် သွားရပ်လိုက်၍ နာမည်ကို
ခေါ်နေပေမဲ့ သူက မကြားဟန်ဆောင်ကာ
အလုပ်ကို သည်းကြီးမဲကြီး လုပ်နေလေတော့သည်။

"မြတ်နိုးရာ ငါ ခေါ်နေတယ်လေကွာ ''

ဘယ်လောက်ပဲခေါ်ခေါ် စိတ်ဆိုးပြေသေးမပေါ်သေးသည့် မြတ်နိုးရာကို ကြည့်၍ မချင့်မရဲ ဖြစ်လာကာ ဘေးပတ်ဝန်းကျင်ကို မျက်လုံးတစ်ဝေ့
ကြည့်လိုက်ပြီး လူရှင်းပြီ ဆိုတော့မှ ကျွန်တော် ခန္ဓာကိုယ်ကို ကိုင်းချကာ သူ့ပါးမို့မို့လေးအား
ရွှတ်ခနဲ ခိုးနမ်းလိုက်တော့ သူက အံသြမင်သက်ကာ ကျွန်တော့်ကို မော့ကြည့်လာပါတော့သည်။

"ရွှတ်💋''

"ဟင်.. လေးညို့ရှင် မင်း ဘယ်လိုလုပ်လိုက်တာလဲ အခြားသူ မြင်သွားရင် ဘယ်လိုလုပ်မလဲ ''

ကျွန်တော် နမ်းခဲ့တဲ့ ပါးပြင်လေးကို အသာအုပ်ကိုင်ကာ အသံတိုးတိုးလေးဖြင့် ပြောနေလေသည်။

"မင်းမှ မောင့်ကို မကြည့်တာ''

ဘုဆတ်ဆတ် အပြောတွေကြောင့် သူက
ကျွန်တော့်အား မျက်စောင်းလေး ရွယ်လိုက်ကာ အလိုမကျသလို မျက်ခုံလေးတွေ တွန့်ကွေးနေလေသည်။

"မြတ်နိုးရာ မင်း မောင့်ကို ဘယ်အချိန်ထိ အခုလို
နှိပ်စက်နေမှာလဲကွာ''

"ဘယ်သူ့က နှိပ်စက်နေလို့လဲ ''

"အသေးလေးလေ မောင့်ကို မင်းတွေနဲ့ ပြောနေတာ မောင်က မောင့်ကို မောင်လို့ခေါ်တဲ့ အသံလေးကို လွမ်းနေတာ အသေးလေးက
တကယ် နေနိုင်တယ်နော်''

"လေးညို့ရှင် အရမ်းတွေ အကဲပိုမနေနဲ့ ဒါက
ကုမ္ပဏီနော် အပြောအဆို ဆင်ခြင်ပါအုံး ဟိုတစ်လောကလည်း မနီလာနဲ့ ဖမ်းမိမလို့ နည်းနည်းလေးပဲ လိုတော့တာ''

"အင်း အာ့ဒါဆို မောင့်ကို စိတ်ဆိုးပြေတော့လေ''

"ဘယ်သူက စိတ်ဆိုးနေလို့လဲ''
.
ပက်ခနဲ ပြန်ခံပြောနေသော မြတ်နိုးရာကို ကြည့်၍ ရင်ခွင်ထဲ ဆွဲယူပွေ့ဖက်ထားချင်သည့် စိတ်ကို
မနည်းအားတင်းထားရသည်။

"ကဲပါ လာ မောင်တို့ အောက်ထပ်က ကော်ဖီဆိုင်လေးမှာ ခဏလောက် သွားရအောင် ''

"မအားဘူး အလုပ်ရှုပ်နေတယ်''

"အေး မောင် ခေါ်နေတုန်း လာလိုက်နော်
မဟုတ်ရင် ဒီရုံးခန်းတစ်ခုလုံး ဟိန်းထွက်သွားအောင် အော်ပစ်မှာ''

"ဟင် ပြောပါအုံး ဘယ်လို အော်မှာလဲလို့''

မယုံသလို မျက်လုံးလေးသာ လှန်ကြည့်လာတဲ့
မြတ်နိုးရာကို တချက် ပြုံးကြည့်လိုက်ပြီး

"အင်း ဘယ်လို အော်ပြောမလဲ ဆိုတော့ ဟောဒီက မြတ်နိုးရာက ကျွန်တော့်ချစ်သူပါလို့ အော်ပြောမှာပေါ့''

တကယ်လည်း အသံလေး တိုးမြင့်၍ ပြောလိုက်တော့ ချက်ချင်း ထိုင်နေရာမှ ထလာကာ
မျက်စောင်းလေး တချက် ထိုးလိုက်ပြီး

"အရူး''

ကျွန်တော် ကိုယ်လုံးကြီးကို တိုက်ချ၍ အရှေ့ကနေ လှုပ်တုတ်လှုပ်တုတ် သွားနေသော
မြတ်နိုးရာကို ကြည့်၍ သဘောကျကာ သွားပေါ်အောင်အထိ နှုတ်ခမ်းတွေ ကွေ့ညွှတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။

"ကဲ ပြော ဘာပြောမလို့လဲ ''

ကော်ဖီဆိုင်လေးရဲ့ တစ်ထောင့်တစ်နေရာတွင်
နှစ်ယောက်သား ထိုင်လိုက်ကြပြီး မြတ်နိုးရာထံမှ စကားသံ စ၍ ထွက်လာလေသည်။

"မောင့်ကို စိတ်ဆိုးတုန်းလားဟင်''

"ဖြစ်ခဲ့သမျှ ကိစ္စတွေက ငါ စိတ်မဆိုးသင့်ဘူးလား''

"မောင် မှားခဲ့တာ ရှိရင် တောင်းပန်ပါတယ်
အသေးလေးရယ် မောင့်ကို ခွင့်လွှတ်ပေးပါကွာ''

မြတ်နိုးရာကို တောင်းပန်စကား ဆိုနေစဉ် စားပွဲထိုးကောင်လေးက ကျွန်တော့်အနား ရောက်လာပြီး ပန်းစည်းလေးကို လက်ထဲ ထည့်ပေးကာ
ပြန်သွားလေသည်။

"အင့် မင်းလေးအတွက် ပန်းစည်းလေး မောင့်ကို
ခွင့်လွှတ်ပေးလို့ ရပြီလားဟင် ''

ကျွန်တော် လက်ထဲက နှင်းဆီပန်းစည်းကြီးကို
ကြည့်လိုက် ကျွန်တော့် မျက်နှာကို ကြည့်လိုက်နဲ့ တအံတသြကြီး ဖြစ်နေသော မြတ်နိုးရာရဲ့
လက်ကို အသာလေး ဆုပ်ကိုင်လိုက်၍

"နှင်းဆီပွင့် ၁၅ပွင့်ရဲ့ အဓိပ္ပာယ်ကို သိလား ''

"ဟင့်အင်း ''

"အရမ်းဝမ်းနည်းနေလို့ ခွင့်လွှတ်ပေးပါတော့တဲ့''

"ဟင်! "

"ဟုတ်တယ် မောင့်ကို ဒီထက်ပိုပြီး မရက်စက်ပါနဲ့တော့ မောင်တို့ ပြန်ပြီး ပြေလည်ကြရအောင်နော်''

ရွှန်းရွှန်းစားစားကြီး ပြောလာတဲ့ ကျွန်တော့်ကို
ကြည့်၍ တဖြည်းဖြည်း ပြုံးလာ၍ ခေါင်းလေးကို ညင်သာစွာ ညိမ့်ပြလာသည်။

"ဟာ ခေါင်းညိမ့်တယ် ဒါဆို မောင့်ကို ခွင့်လွှတ်ပြီပေါ့နော်''

"ဟုတ် မောင် ငါ မောင့်ကို စိတ်မဆိုးရက်ပါဘူး
မောင်ရယ် ပြီးတော့ ငါ့ကို စိတ်ရှည်ရှည်နဲ့
ချော့ပေးလို့ ကျေးဇူးတင်ပါတယ်''

ပြုံး၍ ဆိုလာသော မြတ်နိုးရာကို ပွေ့ဖက်ချင်လာတော့ မျက်နှာချင်းဆိုင် ထိုင်နေရာမှ နံဘေးသို့
ကပ်သွားထိုင်လိုက်တော့ မျက်လုံး ဝိုင်းဝိုင်းလေးက ပြူးကျယ်စွာ ကြည့်လာသည်။

"မောင် အရမ်းကပ်မထိုင်နဲ့လေ လူတွေ မြင်သွားပါအုံးမယ် အခုတောင် ခုနက ပန်းစည်းလေး
ပေးတာတောင် လူတွေက ကြည့်နေပြီရယ်''

"ဟင် အာ့ဒါ ထူးဆန်းလို့ မဟုတ်ဘူး အသေးလေးရဲ့ လူတွေက အသေးလေးကို အားကျလို့ ကြည့်နေကြတာ သိပြီလား ''

"အာ.. မောင်ကလည်း ''

မျက်နှာလေး နီရဲကာ ရှက်ရွံလာသည့် မြတ်နိုးရာအား ချစ်လို့မဝကာ လူတွေ အများကြီး ရှိတယ်ဆိုတာတောင် သတိမပြုနိုင်တော့ပဲ သူ့ခန္ဓာကိုယ်
သေးသေးလေးကို အင့်ခနဲ ဖြစ်အောင် ပွေ့ဖက်လိုက်တာမို့ သူက မနေတတ်စွာ တွန်းဖယ်ရုန်းကန်နေပေမယ့် တင်းကြပ်လွန်းလှတဲ့ လက်တစ်စုံကြောင့် မောပန်းလာကာ အေးမြလာတဲ့ ကျွန်တော့်ရင်ခွင်ထဲ အလိုက်သင့် မှီနွဲ့ကာ နားခိုလာလေသည်။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"တံခွန် ငါ.. ငါ ဘာဆက်လုပ်သင့်သလဲ ''

"သံသယ!''

"ဟင် ဘာကိုလဲ တံခွန် ငါ နားမလည်ဘူး ''

"အဟက် အခရာ မင်းကလေ လှသလောက်
တုံးအတယ် ဒီမှာ လူနှစ်ယောက်ကြားမှာ သံသယ ဆိုတဲ့ သက်မဲ့နာမ်လေးတစ်ခုသာ ထည့်လိုက်၊
သိပ်မကြာခင် အာ့ဒီသံသယက လူနှစ်ယောက်ဆီမှာ ရှိတဲ့ ယုံကြည်မှုတွေ အချစ်တွေ အရာအားလုံး တဖြည်းဖြည်း ဝါးမြိုသွားပြီး နှလုံးသားတွေ
ဝေးကွာသွားလိမ့်မယ်''

"ဟင် ဝေးကွာသွားမယ် ဆိုတော့ သူတို့နှစ်ယောက် မပေါင်းဖက်ရဘူးလို့ ပြောတာပေါ့ ဟုတ်လား ''

"အင်း ဟုတ်တယ် အာ့ဒါ မင်းရဲ့ ရည်ရွယ်ချက်ပဲမလား ဒီတော့ သားကောင် ပြောင်းမှ ဖြစ်မယ် ''

"ဘယ်လို သားကောင် ပြောင်းရမယ်!''

"အခု မင်း ချိန်ရမယ့် သားကောင်က လေးညို့ရှင် မဟုတ်တော့ပဲ မြတ်နိုးရာပဲ''

"မြတ်နိုးရာ ဟုတ်လား တံခွန် နင် ရူးနေလား ကိုကို့ရဲ့ အချစ်တွေ ရထားတဲ့ အာ့ဒီလူကို ငါက ဘာလို့ အနားကပ်ရမှာလဲ''

"မင်းပဲ သူတို့နှစ်ယောက်ကို ကွဲစေချင်တယ်ဆို
ဒါဆို ဒီနည်းအတိုင်း လုပ်ရမှာပေါ့ ဘာလဲ မင်းက သူတို့နှစ်ယောက်ကို ကြည်ကြည်ဖြူဖြူ
တစ်သက်လုံး ပေါင်းသွားစေချင်တယ်ပေါ့လေ''

"ဟင်! ဟင့်အင်း မရဘူး ကိုကိုက ငါက လွဲပြီး
ဘယ်သူ့ကိုမှ မချစ်စေရဘူး''

"ဒါဆို ငါ ပြောသလိုသာ လုပ်လိုက် အဟက် "

တံခွန် ပြောတဲ့အတိုင်းသာ လုပ်လို့ အောင်မြင်ခဲ့ရင် ကိုကို့ကို အခရာက တစ်သက်လုံး ပိုင်ဆိုင်သွားရမှာ၊ ကိုကို့ကိုအခရာပဲ ပိုင်စေရမယ်၊ ကိုကိုက အခရာ အပိုင်။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"ဟင် အကို ဒီမှာ ဘာထိုင်လုပ်နေတာလဲဟင် ''

ကုမ္ပဏီသွားဖို့ အားလုံး ပြင်ဆင်ပြီး အိမ်ကအထွက် ကားအဖြူလေးပေါ် ပခုံးလေးမှီ၍ စတိုင်ကျကျ
ရပ်နေသော လွန်းဘွဲ့မောင်ကို တွေ့လိုက်ရတာကြောင့် မေးလိုက်သည်။

"ဒီက သခင်လေးကို လာကြိုတာလေ''

"ဗျာ သခင်လေး! ..''

"ဟားဟား သခင်လေး ဆိုတာ ဒီက ခင်ဗျားလေးကို ပြောတာလေဗျာ''

"ဗျာ ကျွန်တော့်..ကျွန်တော့်ကို! "

တအံတသြကြီး ကျွန်တော့်ကို ကြည့်လာသည့်
မိုးစက်၏ ပါးမို့မို့လေးကို တချက် ဖြည်းညင်းစွာ ဆွဲလိုက်တော့ လက်ပေါ် နူးညံအိစက်တဲ့
အရာလေးက နစ်ပါလာသည်။ တစ်ခါမှ ဒီလို
အပြုအမူမျိုး မလုပ်ဖူးတော့ ခံစားချက်က
ဆန်းဆန်းပြားပြား ဖြစ်နေသည်။ ခုန်ထွက်နေသည့် ရင်ခွင်တစ်စုံကိုတော့ မသိကျိုးကျွံပြုရင်းပေါ့။

"အင့်.. ဟုတ်တယ်လေ ဘာလို့ ဒီလောက်
အံသြနေရတာလဲ တကယ်တော့ ကိုယ်လည်း ညီ့ကို ကျေးဇူးတင်လို့ပါ''

"ဟင် ကျွန်တော့်ကို ကျေးဇူးတင်လို့.. ဟုတ်လား ''

"ဟုတ်တယ်လေ ကိုယ် ဘဝမပျက်ဖို့ အကောင်းဆုံး လမ်းပြခဲ့တဲ့သူလေ ကိုယ့်ကို အတိတ်ကနေ
ရုန်းထွက်နိုင်အောင် မီးပြခဲ့တာပဲ''

"ဟို ကျွန်တော် အကို့ကို ဘာမှ မလုပ်ပေးရပါဘူးဗျာ အကိုကိုယ်တိုင် ပြောင်းလဲချင်စိတ် ရှိမှသာ လူက ပြောင်းလဲလာတာပါ အကိုရယ် ''

"ဘယ်လိုပဲဖြစ်ဖြစ်လေ ညီရဲ့ ကျေးဇူးတွေ ပါတယ် ဆိုတာတော့ မေ့ထားလို့ မရပါဘူး ''

ကျွန်တော် ပြုံးရင်း ဆိုလိုက်တော့ ထိုကောင်လေးသည်လည်း နှစ်နှစ်ခြိုက်ခြိုက် ပြန်၍ ပြုံးပြလာသည်။ ထိုအခါမှ သူ့မျက်နှာကို စေ့စေ့ ကြည့်မိသည်။ အညာသား ဆိုတဲ့အတိုင်း အသားရောင်က အညိုဆန်၍ လူငယ်အသွင်ဘက်ကို ရောက်သည်။
ကျွန်တော် တစ်စိမ့်စိမ့် ကြည့်နေတာကို မိုးစက်က မနေတတ်သလို လည်ပင်းလေးကို ပွတ်သပ်ကာ

"အကို..အကိုရယ် လူကို ဘယ်လိုကြီး ကြည့်နေတာလဲဗျာ''

"ဟင် အော် ဘာရယ်မဟုတ်ပါဘူး ဒါပေမယ့် ညီက တော်တော် ချစ်ဖို့ကောင်းတယ်နော် ရွာမှာဆို
ကောင်မလေးတွေ ဝိုင်းနေတော့မှာပဲ ''

"ဟာဗျာ မရှိပါဘူး ကျွန်တော် ဒီလိုမျိုးတွေ
စိတ်ဝင်စားဖို့ မအားပါဘူးဗျာ''

"ဟားဟား ဟုတ်ပါပြီ ကိုယ်က ဒီလောက်လေးပဲ
ပြောရသေးတယ် အရှက်သည်းနေလိုက်တာ ကဲ လာ အလုပ်သွားကြရအောင်''

"ဟုတ် အကို ''

ကျွန်တော် ကိုယ်တိုင် လိုလိုလားလား ဖွင့်ပေးလိုက်သော ကားလေးအပေါ် မိုးစက်က ဝင်ထိုင်လိုက်ပြီးမှ နေရာကနေ အရှိန်မှန်မှန်ဖြင့် မောင်းထွက်လာခဲ့သည်၊၊

"သူဠေး''

"ဟေး အော် လွန်းဘွဲ့မောင်ပဲ လာလေ ''

"ဟုတ် ''

ရုံးခန်း၌ သူဠေး ကျွန်တော့်ကို ခေါ်တာ မခံရခင် ကျွန်တော်ပဲ အရင် သူဠေးကို သွားတွေ့လိုက်သည်။

"ကျွန်တော် သူဠေးကို ပြောစရာ ရှိလို့ပါ အော်
ပြောစရာ ရှိတယ် ဆိုတာထက် တောင်းပန်စရာ
ရှိလို့ပါ ''

"အင်း ''

"ကျွန်တော် အလုပ်အပေါ် တာဝန် မကျေမှုတွေအတွက် တောင်းပန်ပါတယ် ကိုယ့်ဘဝ ရှေ့ရေးကို မတွေးပဲ စိတ်ခံစားချက်အတိုင်း မူးရှုးနေမိတယ်၊ ကျွန်တော် တောင်းပန်ပါတယ် အလုပ်တော့
မထုတ်လိုက်ပါနဲ့ဗျာ ဒီထက်ပိုပြီး အလုပ့်ကို ကြိုးကြိုးစားစား လုပ်သွားပါ့မယ်လို့ ကတိပေးပါတယ် ''

"အင်း အန်ကယ်လည်း အမှန်တိုင်း ပြောရရင်
အလုပ်ကို ကြိုးစားတဲ့ လူငယ်တွေဆို အင်မတန်မှ သဘောကျပေမယ့် ရှေ့ရေးကို မတွေးပဲ ပစ္စုပ္ပန်မှာ ရှုးရှုးမိုက်မိုက် ဖြစ်နေတဲ့ လူငယ်တွေဆို အန်ကယ် သဘောမကျဘူး အင်း မောင့်ရင်ကို အရင်က
အလုပ်အင်မတန် ကြိုးစားလို့ ရှယ်ယာရှင်တွေနဲ့
အန်ကယ်ကိုယ်တိုင် မောင့်ရင်ကို သိပ်ကို ချီးကျူးခဲ့တာ ဒါပေမယ့် ဒီနောက်ပိုင်း မောင်ရင်က သိသိသာသာကို အကျင့်ပျက်လာတယ် အန်ကယ်လည်း ပြင်မလားပြင်မလား ဆိုပြီး စောင့်ကြည့်နေတယ်
မောင်ရင်က မပြင်လာဘူး ဒါကြောင့် အန်ကယ်
ရှယ်ယာရှင်တွေနဲ့ ဒီနေ့ပဲ အစည်းအဝေးထိုင်ပြီး
မောင်ရင့်ကို ရာထူးကနေ ထုတ်ဖို့ စဉ်းစားနေတာ ဒါပေမယ့် အခု မောင်ရင့်ဘာသာ အသိတရားရပြီး အရင်ကလို ပြန်ပြီး ကြိုးစားမယ် ဆိုတော့
အန်ကယ်ဘက်ကတော့ Welcomeပါပဲဗျာ''

"ဟာ ကျေးဇူး.. ကျေးဇူးပါပဲဗျာ သူဠေး ကျွန်တော့်ကို နောက်ထပ် စိတ်မပျက်စေရဘူးလို့
ကတိထပ်ပေးပါတယ်''

"ကောင်းပါပြီကွယ် မောင်ရင် ခြေလှမ်းတွေကို
အန်ကယ် စောင့်ကြည့်နေမယ်''

"ဟုတ်ကဲ့ပါဗျာ ''

ကံကောင်းတာမှ တော်တော်လေး ကံကောင်းတာလို့ ပြောရမည်။ မိုးစက် ပြောသလိုသာ အချိန်မှီ
ကိုယ့်ကိုယ်ကိုယ် မပြုပြင်ခဲ့ဘူး ဆိုရင် အခုချိန်လောက်ဆို ကျွန်တော် အလုပ်ပြုတ်နေလောက်ပြီဗျ။ မိုးစက်က ကျွန်တော့်အတွက် ဘုရားပေးတဲ့
လက်ဆောင်တစ်ခုလိုပါပဲ။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

498K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
257K 27.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 303K 63
Oh my god!!!!