I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 2
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 16
I can only imagine 17
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 20
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
ဒါဒါတို႔ေရ😘
I can only imagine 32
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 31

1K 112 6
By Monepannmyau

I can only imagine 🍩Part 31🍩

"အကို ''

"ဟင္ ေမ! "

ဘုရားဖူး ၿပီးကတည္းက ေမနဲ႔ မေတြ႔ရေတာ့တာ အေတာ္ၾကာၿပီမလား။ အခုမွ ကုမၸဏီမွာ ႐ုတ္တရက္ ျမင္လိုက္ရတာေၾကာင့္ အံျသဝမ္းသာမိသည္။

"ေမ ဟို မေတြ႔ရတာ ၾကာေနၿပီေနာ္
ဘယ္ေပ်ာက္သြားတာလဲ ''

"အင္း ဟုတ္တယ္ အကို အလုပ္စဝင္ၿပီး
ဘယ္ေလာက္မွ မၾကာဘူး ရြာက အေမ ဆံုးလို႔ နာေရးသြားလိုက္ရတယ္ အေမဆံုးသြားေတာ့
က်န္ခဲ့တဲ့ ညီမေလးေတြကို စိတ္သက္သာရာရေအာင္ ရက္နည္းနည္းေလး ဆက္ေနလိုက္ရေသးတယ္ေလ ေမ့အထင္ အလုပ္ရတာမွ မၾကာေသးဘူး ခြင့္ရက္ အမ်ားႀကီးယူလို႔ အလုပ္ျပဳတ္ၿပီ
ထင္တာ သူေဠးက အလုပ္မျဖဳတ္တဲ့အျပင္
အေမ့အတြက္ နာေရးစရိတ္ပါ လွဴေပးေသးတာ အကိုရယ္ ''

"ေအာ္ ေမရဲ႕ မိခင္အေၾကာင္း သိရတာ အကို
တကယ္ စိတ္မေကာင္းလိုက္တာ''

"ဒီလိုပဲေပါ့ အကိုရယ္ ေတြ႔ဆံုျခင္း ရိွသလို
ခြဲခြာျခင္းလည္း ရွိတာပဲေလ ေမလည္း ညီမေလးတို႔ မ်က္ႏွာနဲ႔သာ အားတင္းထားရတာ တကယ္တမ္း အရမ္းပင္ပန္းေနၿပီ တကယ္ ၿပိဳလဲခ်င္ေနပါၿပီ အကိုရယ္''

"စိတ္မေကာင္း မျဖစ္ပါနဲ႔ ကံဆိုးျခင္းေတြ ၾကံဳၿပီးရင္ ကံေကာင္းျခင္းေတြ လာေတာ့မွာပါ ဒါနဲ႔ ညီမေလးေတြေရာ ဘယ္သူနဲ႔ ထားခဲ့တာလဲ''

"အမ်ိဳးေတြနဲ႔ပါ အမ်ိဳးေတြ ဆိုတာကလည္း သူတို႔ စားဝတ္ေနေရးနဲ႔ မိသားစု အႏိုင္ႏိုင္ပါ ညီမေလးေတြကို ခဏေတာ့ ထားၿပီး ဒီမွာ နည္းနည္း
ေျပလည္မွ ရန္ကုန္ကို ေခၚထားမယ္လို႔
စဥ္းစားထားတယ္''

"အင္း ေကာင္းတယ္ မိန္းကေလးေတြ ဆိုေတာ့
ဘယ္လိုပဲျဖစ္ျဖစ္ အစ္မလက္ေအာက္မွာ
ေနရတာက ပိုၿပီး လံုျခံဳပါတယ္ ဟို အကူအညီ
တစ္ခုခု လိုရင္လည္း အခ်ိန္မေရြး ေျပာေနာ္ အကို တတ္ႏိုင္ရင္ အားလုံး ကူညီေပးမယ္''

"ေက်းဇူးပါ အကို ေမကို ရင္ဖြင့္ခြင့္ ေျပာတဲ့အတြက္ ေက်းဇူးတင္ပါတယ္''

"ဟာ မဟုတ္တာ စိတ္ညစ္စရာေတြ ရွိရင္ ရင္ဖြင့္တိုင္ပင္မယ့္ သူငယ္ခ်င္းတစ္ေယာက္ေတာ့
လိုတာပဲေလ ေက်းဇူးတင္စရာ မလိုပါဘူး ''

"ဟုတ္ကဲ့ အကို အာ့ဆို ေမ အလုပ္ဆက္လုပ္လိုက္အံုးမယ္''

"အင္း ေကာင္းၿပီ ေမ''

ေမက ကြၽန္ေတာ့္ကို အေလးတစား ေခါင္းငံုအ႐ိုအေသေပး၍ အေ႐ွ႕က ျဖတ္ေလ်ွာက္သြားေလသည္။ မိသားစုတိုင္းမွာ သူ႔အပူနဲ႔သူ ရွိၾကတာပါပဲလား။ အပူမကင္းတဲ့ လူရယ္လို႔ ဘယ္ရိွပါ့မလဲ
အားလံုးက ပုထုဇဥ္လူသားေတြကိုး..။

"အဟမ္းဟမ္း ငါ အနံေတြ ရေနတယ္''

"ဟဲ့ ဘာအနံလဲ ငါေတာ့ ဘာအနံမွ မရပါဘူး
ဂ်ပုမရယ္''

"ေအာ္ ငတံုးမ ငါက ဒီအနံကို ေျပာတာ မဟုတ္ဘူး နင္တို႔ သတိထားမမိၾကဘူးလား ကုမၸဏီမွာ စံုတြဲတစ္တြဲ ေပၚလာေတာ့မယ္''

"ဟင္ ဘယ္က စံုတြဲလဲ''

ေလးညိဳ႕႐ွင္ ကုမၸဏီနဲ႔ ပတ္သက္တဲ့ အလုပ္ကိစၥတစ္ခ်ိဳ႕ မနားလည္တာမို႔ မနီလာအား ေမးရန္ ေလ်ွာက္အလာ စာေရးမတခ်ိဳ႕ တီးတိုးအတင္းေျပာေနတာ ၾကားေတာ့ ဘာရယ္မဟုတ္ နားေထာင္ေနမိသည္။

"အခု ကုမၸဏီကို အသစ္ေရာက္ေနတဲ့ ေမ ဆိုတဲ့
ေကာင္မေလးေလ''

"ေအးေလ သိတယ္ေလ အာ့ဒါ ဘာျဖစ္တာလဲ
အလုပ္ဝင္ၿပီး သိပ္မၾကာဘူး သူ႔အေမ ဆံုးလို႔
သူေဠးကေတာင္ ေငြလွဴထားေသးတယ္ ''

"ေအး ဟုတ္တယ္ အာ့ဒါေတာ့ ငါတို႔လည္း
သိတာေပါ့ ဒီထက္ ထူးဆန္းတဲ့ သတင္းက
သူေဠးရဲ႕သား ျမတ္ႏိုးရာနဲ႔ ဘာလိုလို
ၾကားတယ္ေနာ္ ''

"ဟယ္ ဘယ္က ေပါက္တတ္ကရေတြ ၾကားလာတာလဲ ဂ်ပုမရယ္ ဟုတ္မွလည္း လုပ္စမ္းပါ''

"မနီလာရယ္ ကြၽန္မလည္း မဟုတ္ပဲ ေျပာမလား
မနက္ကေတာင္ ေမက မ်က္ရည္ေလးဝဲၿပီး
အကိုျမတ္ႏိုးရာနဲ႔ စကား အၾကာႀကီး ရပ္ေျပာေနတာ ကြၽန္မ ကိုယ္တိုင္ ျမင္တာ အကိုျမတ္ႏိုးရာ
မ်က္ႏွာ ၾကည့္ရတာ ေမ့ကို သနားၿပီး မေပြ႔ဖက္ထားယံုတမယ္ပဲ ၾကည့္ေန မၾကာခင္ သူတို႔ စံုတြဲ ျဖစ္ေတာ့မွာ အင္း အခုေတာင္ ေနပံုထိုင္ပံုအရ Silentေတာင္ တြဲေနမလား မသိဘူး ''

"အို ဘုရားေရ! "

ကိုယ့္အလုပ္ မဟုတ္တာေၾကာင့္ ဒီတိုင္း
ေက်ာ္သြားမလို႔ ေျခလွမ္း ျပင္လိုက္ေပမဲ့ ျမတ္ႏိုးရာ ဆိုတဲ့ ကြၽန္ေတာ္ အရမ္းျမတ္ႏိုးရေသာ
အေသးေလး နာမည္ ၾကားလိုက္ရတာေၾကာင့္
တက္ႂကြေနေသာ ေျခလွမ္းတစ္စံုဟာ တံု႔ခနဲ
ရပ္သြားရေလသည္။ သူတို႔ ေျပာသလို မျဖစ္ႏိုင္ပါဘူး ကြၽန္ေတာ္က အေသးေလးရဲ႕ အခ်စ္ေတြ အားလုံး ရထားၿပီးတဲ့သူပဲ ဘာလို႔ ဒီလို ေကာလဟာသ သတင္းစကားေတြေၾကာင့္ တုန္လႈပ္ရမွာလဲ။ အခုတေလာ ကြၽန္ေတာ္နဲ႔ ကေတာက္ကဆ
ျဖစ္လို႔ ကြၽန္ေတာ့္အေပၚ စိတ္ကုန္ၿပီး ေမ့ကို အစားထိုးလိုက္တာလား။ သူတို႔ႏွစ္ေယာက္ရဲ႕
ဆက္ဆံေရးက အရမ္းကို ဆိုးဝါးလို႔ ကုမၸဏီက လူေတြ အထင္လြဲသြားရေအာင္ထိ ရင္းႏွီးေနၾကတာလား။ ရတက္မေအးေသာ အပူမီးေတြကို
ေအးၿငိမ္းေအာင္ မွန္ကန္ေသာ အေျဖတစ္ခုကို
ျမတ္ႏိုးရာအား ေမးရမည္။ ကြၽန္ေတာ့္အေပၚ
သစၥာမေဖာက္မိဖို႔ေတာ့ ဆုေတာင္းသည္။
တကယ္လို႔ သူသာ တကယ္ ေဖာက္ျပန္႐ိုးမွန္ရင္ေတာ့...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဘယ္ေနရာမွာ ဘာေတြလုပ္ေနလို႔ ဒီေလာက္
ေနာက္က်ေနရတာလဲ''

ဒီေန႔မွ အလုပ္ကေန ထူးထူးဆန္းဆန္း ေနာက္က်မွ ျပန္လာတဲ့ ျမတ္နိုးရာကို ေမးလိုက္ေပမယ့္
သူကေတာ့ ေအးေဆးစြာ ဖိနပ္ကို ခြၽတ္ေနၿပီး
စဥ္ေပၚတြင္ တင္ၿပီးမွ အိမ္ထဲ ဝင္လာကာ
ကြၽန္ေတာ့္နံေဘး၌ လာထိုင္လိုက္သည္။

"ေျဖေလ ျမတ္ႏိုးရာ ဘာလို႔ ေနာက္က်ေနရတာလဲ''

"မနက္ျဖန္ ကုမၸဏီမွာ အၿပီးေပးရမယ့္ စာရင္း
ရွိတယ္ေလကြာ ''

"ေအး သိတယ္ေလ ဒါေပမယ့္ ငါ့ကို အေဖ
အျပင္မွာ Customerနဲ႔ သြားေတြ႔ခိုင္းၿပီး ျပန္လာတာေတာင္ မင္း လုပ္တဲ့ စာရင္းက မၿပီးေသးဘူးလား မင္း မညာနဲ႔ေနာ္ ျမတ္နိုးရာ ငါ မနီလာကို
ဖုန္းဆက္ေမးထားၿပီးသား ေျပာစမ္း ၉နာရီတိတိကမွ အလုပ္က အားလံုး ၿပီးသြားတာတဲ့ မင္းက အခု ၁၁နာရီမွ အိမ္ျပန္ေရာက္တယ္ ေျပာစမ္း ၂နာရီ မင္း ဘယ္သြားေနတာလဲ''

ဖုန္းဆက္ေတာ့လည္း ဖုန္းက မအားရတာနဲ႔
ဆက္သြယ္မႈဧရိယာ ျဖစ္ရတာနဲ႔ ဘယ္သြားလို႔
ဘယ္ေနရာ လုိက္႐ွာရမွန္းမသိတဲ့ ကြၽန္ေတာ္က အ႐ူးတစ္ေယာက္လို ျဖစ္ေနခဲ့တာ သူ မသိဘူး။

"ငါ...ငါ ေမ့ကို လိုက္ပို႔ေနတာ ''

"ဘာ!..''

ျမတ္နိုးရာ ပါးစပ္ကေန မိန္းကေလးတစ္ေယာက္ရဲ႕ နာမည္ ထြက္က်လာတာေၾကာင့္ ဆတ္ခနဲ
ၾကည့္လိုက္မိသည္။ ရင္ထဲမွာေတာ့ ဗေလာင္ဆူေနတာက လြဲလို႔ေပါ့။

"မိန္းကေလးတစ္ေယာက္တည္း ညႀကီးအခ်ိန္မေတာ္ အိမ္ျပန္ရမွာ မသင့္ေတာ္လို႔ ငါ လိုက္ပို႔ေပးတာပါ ေမာင္ရယ္ ''

"က်စ္ ျမတ္နိုးရာ မင္း အခုတေလာ ဘယ္လိုျဖစ္ေနတာလဲကြာ ငါ့ကို ဘာေတြ မေက်နပ္တာ ရိွလို႔လဲ ဟမ္း''

ကြၽန္ေတာ့္စကားကို နားမလည္သည့္ လူတစ္ေယာက္လို ေငးၾကည့္လာ႐ွာေတာ့ ထြက္က်လုနီးဆဲဆဲ သဝန္တိုေဒါသစိတ္ကို ၿမိဳသိပ့္ထားလိုက္သည္။

"ဘာကိုလဲ ေလးညိဳ႕႐ွင္ရာ ငါ ပင္ပန္းေနလို႔
ဘာမွ မေျပာပဲ ေနလို႔ မရဘူးလားကြာ ''

"ဟင့္ ဟိုေကာင္မေလးနဲ႔ ဘာေတြမ်ား လုပ္ခဲ့လို႔ ဘာမွ မေျပာခ်င္ေလာက္ေအာင္ ပင္ပန္းေနတာလဲ''

"ေလးညိဳ႕႐ွင္ ငါ မင္းနဲ႔ ရန္မျဖစ္ခ်င္ဘူးေနာ္
ငါ သူ႔ကို ညီမေလးတစ္ေယာက္လိုပဲ သေဘာထားတယ္ ဒီတိုင္း မိန္းကေလးတစ္ေယာက္လို ျမင္မိလို႔ တစ္ခုခု အႏၲရာယ္ျဖစ္မွာ စိုးလို႔ အိမ္ျပန္လိုက္ပို႔တာေနာ္ အာ့ဒါ ငါ အရမ္းမွားသြားလား ''

"အဟင့္ ေသခ်ာလို႔လား ကုမၸဏီရဲ႕ လူျမင္ကြင္းမွာေတာင္ အေနအထိုင္ မေ႐ွာင္ၾကပဲ ပလူးခ်င္တိုင္း ပလူးလို႔ ျမင္တဲ့သူေတြက ျမင္ၿပီး ေတာင္ေျပာေျမာက္ေျပာ ေျပာေနၾကတာကိုေရာ မင္း သိလား ''

"ေလးညိဳ႕႐ွင္ မင္း ငါ့သိကၡာကို မေစာ္ကားနဲ႔
ျပီးေတာ့ ေမက မင္း ထင္သလို မိန္းကေလးမ်ိဳး
မဟုတ္ဘူးကြ ''

"နာတတ္လိုက္တာေနာ္ မင္း စိတ္ႀကိဳက္ အားလံုး ေနေပးခဲ့တာပဲ မင္းကိစၥေတြမွာ ဝင္မပါနဲ႔ ေျပာလို႔ ငါ ဘာတစ္ခုမွ ဝင္မပါခဲ့ဘူး အာ့ဒါကိုေတာင္
ဘာလို႔ ငါ့ရင္ကို ကြဲေအာင္ ခြဲခ်င္ေနေသးတာလဲ''

"မင္း ဒီလို ငါ့အေပၚ စိမ္းစိမ္းကားကား ျဖစ္သြားတာ ငါ ေျပာလိုက္တဲ့ စကားေတြေၾကာင့္ေပါ့ေလ ဟုတ္လား ''

ျမတ္ႏိုးရာ ေမးတဲ့ ေမးခြန္းကို မေျဖပဲ လက္သီးဆုတ္ထားကာ မခံရပ္ႏိုင္ စိတ္ေၾကာင့္ ေမး႐ိုးမ်ားေထာင္ကာ အံႀတိတ္ထားမိသည္။

"ေလးညိဳ႕႐ွင္ ငါ့တို႔ ဒီပံုအတိုင္း ဆက္သြားေနရင္ ဘယ္လိုမွ မျဖစ္ေတာ့ဘူး ဆိုတာ မင္းလည္း
သိမွာပါ ''

"ဟင္ ဘာလဲ ငါ့ကို လမ္းခြဲစကား ေျပာမလို႔လား
မရဘူး ငါ မင္းကို လံုးဝ လမ္းခြဲမေပးႏိုင္ဘူး
ျမတ္နိုးရာ မင္း ငါ့ကို ခြဲသြားလို႔ မရဘူး ''

"အင္း ငါလည္း ငါ ခ်စ္တဲ့သူကို ပစ္သြားဖို႔ တစ္ခါမွ မေတြးဖူးပါဘူး ဒါေပမယ့္ အခု မင္းလုပ္ရပ္က
ငါတို႔ ေဝးသြားေအာင္ စိတ္ပ်က္သြားေအာင္
ႏိုးဆြေပးေနသလိုပဲ မင္း အာ့လိုသာ ထင္ရာျမင္ရာေတြ စြပ္စြဲ အထင္လြဲေနအံုးမယ္ ဆိုရင္ ငါတို႔ အခ်စ္လမ္းက ဘယ္ေတာ့မွ ေျဖာင့္ျဖဴးမွာ
မဟုတ္ဘူး ေလးညိဳ႕႐ွင္ ''

ေျပာခ်င္တာ ေျပာ၍ ဆတ္ခနဲ ေရခ်ိဳးခန္းထဲ
ဝင္သြားေသာ ျမတ္ႏိုးရာအား ၾကည့္၍ အသက္မဲ့ေနတဲ့ လူတစ္ေယာက္လို ရပ္က်န္ေနခဲ့ေတာ့သည္။ ကြၽန္ေတာ္ အေသးေလးကိုမွ မခြဲႏိုင္တာ ျဖစ္ခဲ့သမၽွ ေမ့ပစ္ၿပီး အေသးေလး ကြၽန္ေတာ့္ဆီက
ထြက္မသြားဖို႔ကိုပဲ ဆြဲထားရမွာ။ ခုနက အေသးေလး ေျပာသြားတဲ့အထဲမွာ ကြၽန္ေတာ့္ကို စိတ္ပ်က္ေနတဲ့ အရိပ္အေယာင္ေတြ ပါေနတာမို႔ ကြၽန္ေတာ့္ဆီက ထြက္သြားမွာ ေၾကာက္ရြံေနမိသည္။
အခ်စ္တစ္ခုသာ လိုအပ္တာမို႔ က်န္တာေတြကို အေရးစိုက္ေနမိရင္ ကိုယ္ တကယ္ အလိုအပ္ဆံုးအရာ ဆံုး႐ႈံးသြားႏိုင္တာကို သတိျပဳမိတာေၾကာင့္ ပိုခ်စ္တဲ့ ကြၽန္ေတာ္ဘက္ကပဲ ျပန္ေခ်ာ့ရမွာေပါ့။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"အကို အလုပ္ၿပီးရင္ ဘယ္သြားစရာ ရိွေသးလဲဗ်''

"ဟင္ ဟို ကိုယ္ သြားမယ့္ေနရာတစ္ခုေတာ့ ရိွေသးတယ္ ဘာလို႔လဲ ''

"ဟိုေလ ကြၽန္ေတာ့္ကို အပန္းမႀကီးရင္
တစ္ခုေလာက္ ကူညီပါလားဟင္ ''

လြန္းဘြဲ႔ေမာင္ ဆိုတဲ့ ကြၽန္ေတာ္ ေလးစားအားက်ရတဲ့ လူက အရင္လို မဟုတ္ေတာ့ပဲ အလုပ္ၿပီးတာနဲ႔ အရက္ဆိုင္သို႔ သြားေနေတာ့သည္။ အလုပ္မွာလည္း အရင္ကလို အလုပ္မႀကိဳးစားေတာ့ပဲ မူး႐ႈးေနခ်ိန္က ပိုမ်ားလာသည္။ မေန႔ကလည္း သူေဠးနဲ႔
အတြင္းေရးမႈး ေျပာတာ အမွတ္တမဲ့ ၾကားလိုက္ရတဲ့ စကားတစ္ခြန္းေၾကာင့္ အကို႔အတြက္ စိတ္ပူေနမိသည္။ ကုမၸဏီအတြက္ အကို႔လို မူး႐ႈးေနတဲ့
လူတစ္ေယာက္ကို ဆက္ၿပီး မခန္႔ထားႏိုင္ေတာ့ဘူးလို႔ ေျပာသံ ၾကားလိုက္သည္။ အကို႔ ပုံစံကလည္း အရင္ကနဲ႔ လားလားမွမတူ လံုးဝ အျခားတစ္ေယာက္လို ျဖစ္ေန႐ွာသည္။

"ဟင္ ဘာကူညီေပးရမလဲ မိုးစက္ ''

"အာ ဟိုေလ အိမ္မွာ မီးေခ်ာင္းေတြ ပ်က္ေနလို႔
ကြၽန္ေတာ္က အရပ္နည္းနည္းပုေတာ့ ခံုခုၿပီးလည္း မီးတက္ျပင္လို႔ အဆင္မေျပဘူး အာ့ဒါ အကို
လိုက္ၾကည့္ေပးပါလားဟင္''

"အိမ္မွာ ကေလး.. အဲ ျမတ္နိုးရာ ရွိတယ္
မဟုတ္ဘူးလား ''

"မရွိဘူး အကို သူ အခုဆို ေလးညိဳ႕႐ွင္နဲ႔ အတူတူ ေနေနၿပီ အကို ''

မျပတ္သားေသးတဲ့ အကို႔ရဲ႕ စိတ္ေတြကို
ျပတ္သားႏိုင္ေအာင္ ျမတ္ႏိုးရာနဲ႔ ပတ္သက္သမၽွ အားလုံး အမွန္တိုင္း ေျပာရန္ ဆံုးျဖတ္ထားသည္။ အခုလည္း အိမ္မွာ မီးေခ်ာင္း ပ်က္တာေတာ့
မွန္ေပမယ့္ မျပင္တတ္ေလာက္ေအာင္ ခက္ခဲတဲ့အရာမွ မဟုတ္တာ။ အလုပ္ၿပီးရင္ အရင္ဆိုင္
သြားမယ္ ဆိုတာ ႀကိဳသိလို႔ တမင္သက္သက္
လိမ္လိုက္ျခင္းသာ။

အကိုက အနည္းငယ္ စဥ္းစားေနသလို လုပ္ၿပီးမွ
ေခါင္းေလးသာ ညိမ့္ျပလိုက္တာမို႔ ကြၽန္ေတာ္
လစ္ခနဲ ခိုးျပံဳးလိုက္မိသည္။ အကို မျမင္ေအာင္
ျပံဳးလိုက္ၿပီးမွ မ်က္ႏွာေလး ျပန္တည္ကာ

"ဟုတ္ ေက်းဇူးပါ အကို ''

"ရပါတယ္ ဒါဆို အခုပဲ သြားၾကစို႔ေလ ''

"အင္း ''

အကိုနဲ႔ အတူတူ အိမ္ျပန္လာၿပီး ေရာက္ေတာ့
မီးပ်က္ေနတာမို႔ အရာအားလုံးဟာ ေမွာင္မဲေနေလသည္။ အကိုကေတာ့ ကြၽန္ေတာ့္နံေဘးမွာ
ရပ္လ်က္ေပါ့။ ကြၽန္ေတာ္ ဖုန္းေလး ထုတ္ကာ
မီးဖြင့္လိုက္ၿပီး

"အကို ခဏေလးေနာ္ ကြၽန္ေတာ္ ဖေယာင္းတိုင္ မီးေလး သြားထြန္းလိုက္အံုးမယ္ ''

"အင္း ''

အလုပ္အိတ္ေလးကို စားပြဲေပၚတြင္ ခ်၍ ဖေယာင္းတိုင္ ထားရာ ေနရာ၌ သြား႐ွာ၍ အရင္ထြန္းထားလိုက္သည္။ အိမ္ေလးထဲက တစ္ေယာက္ကိုတစ္ေယာက္ ျမင္လာရေတာ့မွ ကြၽန္ေတာ္ အကို႔နား
ျပန္လာၿပီး

"အကို ''

"အင္း ပ်က္တဲ့ မီးေခ်ာင္းက ဒီဟာမလား''

"ဟုတ္ အကို ''

ကြၽန္ေတာ္တို႔ ဦးေခါင္းအေပၚတည့္တည့္ကို
ေမာ့ၾကည့္ကာ ေျပာေနတာမို႔ ေခါင္းေလး
ညိမ့္ျပလိုက္သည္။

"ၾကည့္ရတာ မီးသီးက ကြၽမ္းေနၿပီ ထင္တယ္
အသစ္ဝယ္ထားတာ ရိွလား ''

"ဟုတ္ ရွိတယ္ အကို ကြၽန္ေတာ္ သြားယူလိုက္အံုးမယ္''

မေန႔က အသင့္ဝယ္ထားတဲ့ မီးေခ်ာင္းကို ယူ၍ အကို႔အား လာေပးလိုက္ေတာ့ အကိုက ယူကာ
ခံုခုစရာ မလိုပဲ မီးေခ်ာင္း လွဲေပးေနေလသည္။
တစ္ခဏၾကာေတာ့

"မိုးစက္ မီးခလုတ္ သြားႏိွပ္ၾကည့္ ရၿပီလား
ဆိုတာ ''

"ဟုတ္ကဲ့ အကို ''

မီးခလုတ္ကို ႏိွပ္ၾကည့္လိုက္ေတာ့ အကို လွဲေပးတဲ့ မီးေခ်ာင္းအသစ္က ျဖတ္ခနဲ လင္းလာသည္။

"ဟီးး ရၿပီ အကို .. ရသြားၿပီ အကိုက
အရမ္းေတာ္တာပဲ ''

"အဟက္ ေျမႇာက္ေျပာစရာမရိွ ၾကံဖန္ ေျပာေနျပန္ၿပီ ကဲ မီးလည္း လာၿပီ ဆိုေတာ့ ကိုယ္
ျပန္ေတာ့မယ္ ''

"ဟင္ ျပန္ေတာ့မို႔လား ခဏ ေနပါအံုး အကို အခု ကြၽန္ေတာ္ အိမ္က ျပန္ရင္ ဘယ္သြားမယ္ ဆိုတာ ကြၽန္ေတာ္ သိတယ္ေနာ္ ''

"ဟင္!''

"အကို အရက္ဆိုင္ သြားမလို႔မလား ''

ကြၽန္ေတာ္ ေျပာတာ မွန္ေတာ့ အကိုက ဘာမွ
ျပန္မေျပာပဲ ကြၽန္ေတာ့္ကို ၾကည့္ေနသည္။

"အကိုရယ္ ဒီလိုပဲ အကို႔ဘဝကို အဆံုး႐ႈံးခံေတာ့မလို႔လား အခုဆို အလုပ္႐ွင္ေတြကပါ အကို႔ကို
အလုပ္ျဖဳတ္ပစ္မလို႔ ေျပာေနၾကၿပီ အကိုလည္း
အရမ္းျပည့္စံုတဲ့ မိသားစု အသိုင္းအဝိုင္းေတြထဲက လာတာ မဟုတ္ပါဘူး ကြၽန္ေတာ့္လိုပဲ အလုပ္တစ္ခု ရဖို႔ ေသမေလာက္ ႐ွာခဲ့ရတဲ့လူေတြေလ အခုလို ဘဝက အေျခတစ္က်နဲ႔ ေအာင္ျမင္ေတာ့မယ့္ဆဲဆဲမွာ အကိုက အခုလို အပ်က္အစီး
ခံဖို႔ တန္သလား အကိုရယ္ ''

ဘာမွ ျပန္မေျဖပဲ ေခါင္းႀကီးသာ ငုပ္ထားသည့္ အကို႔အနားသို႔ သြားကပ္ရပ္၍

"အကို ကြၽန္ေတာ္ကေလ အကို႔ကို အျမဲ အားက်ေနခဲ့ရတာ ကြၽန္ေတာ္တို႔လို သာမာန္ လူလတ္တန္းစားေတြကို တစ္ေနရာမွာ ထူးခြၽန္ဖို႔ ေနရာရဖို႔
ဆိုတာ အင္မတန္မွ ခက္ခဲပါတယ္ အကိုရယ္
ဒါေၾကာင့္ ျဖစ္ခဲ့သမၽွကို ေမ့ပစ္ၿပီး ပစၥဳပၸန္မွာ
ေကာင္းေအာင္ ေနပါ အကိုရာ''

ရိွန္တာေတြ ဘာေတြကို သတိမထားေတာ့ပဲ အကို႔ကိုယ္လံုးႀကီးကို ေပြ႔ဖက္၍ ေက်ာျပင္ကို
ႏွစ္သိမ့္သလို ပုတ္သပ္ေပးေလေတာ့ အကို႔ကလည္း ကြၽန္ေတာ့္ကို ျပန္လည္ ေပြ႔ဖက္လာကာ
ပခံုးေပၚ မ်က္ႏွာအပ္ထားေလသည္။ တစ္ခဏၾကာေတာ့ ကြၽန္ေတာ္ ပခံုးသားတစ္ဝိုက္က စိုရႊဲလာတာ သိရေတာ့ အကို ငိုေနၿပီ ဆိုတာပါ ဆတ္ခနဲ သိလိုက္ရသည္။

"ကိုယ္မွ သူ႔ကို သတိရတာ မရပ္ႏိုင္တာ ''

"အကိုရယ္! "

ေယာက်ာ္းတန္မဲ့ တ႐ႈိက္႐ႈိက္တုန္ေအာင္ ငိုေႂကြးေနတဲ့ အကို႔ကို သနားၾကင္နာစြာ ေပြ႔ဖက္ထားလိုက္သည္။ တကယ္ပါ အကို နာက်င္ေနရင္
ကြၽန္ေတာ္ပါ နာက်င္သလို ခံစားေနရသည္။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine 🍩Part 31🍩

"အကို ''

"ဟင် မေ! "

ဘုရားဖူး ပြီးကတည်းက မေနဲ့ မတွေ့ရတော့တာ အတော်ကြာပြီမလား။ အခုမှ ကုမ္ပဏီမှာ ရုတ်တရက် မြင်လိုက်ရတာကြောင့် အံသြဝမ်းသာမိသည်။

"မေ ဟို မတွေ့ရတာ ကြာနေပြီနော်
ဘယ်ပျောက်သွားတာလဲ ''

"အင်း ဟုတ်တယ် အကို အလုပ်စဝင်ပြီး
ဘယ်လောက်မှ မကြာဘူး ရွာက အမေ ဆုံးလို့ နာရေးသွားလိုက်ရတယ် အမေဆုံးသွားတော့
ကျန်ခဲ့တဲ့ ညီမလေးတွေကို စိတ်သက်သာရာရအောင် ရက်နည်းနည်းလေး ဆက်နေလိုက်ရသေးတယ်လေ မေ့အထင် အလုပ်ရတာမှ မကြာသေးဘူး ခွင့်ရက် အများကြီးယူလို့ အလုပ်ပြုတ်ပြီ
ထင်တာ သူဠေးက အလုပ်မဖြုတ်တဲ့အပြင်
အမေ့အတွက် နာရေးစရိတ်ပါ လှူပေးသေးတာ အကိုရယ် ''

"အော် မေရဲ့ မိခင်အကြောင်း သိရတာ အကို
တကယ် စိတ်မကောင်းလိုက်တာ''

"ဒီလိုပဲပေါ့ အကိုရယ် တွေ့ဆုံခြင်း ရှိသလို
ခွဲခွာခြင်းလည်း ရှိတာပဲလေ မေလည်း ညီမလေးတို့ မျက်နှာနဲ့သာ အားတင်းထားရတာ တကယ်တမ်း အရမ်းပင်ပန်းနေပြီ တကယ် ပြိုလဲချင်နေပါပြီ အကိုရယ်''

"စိတ်မကောင်း မဖြစ်ပါနဲ့ ကံဆိုးခြင်းတွေ ကြုံပြီးရင် ကံကောင်းခြင်းတွေ လာတော့မှာပါ ဒါနဲ့ ညီမလေးတွေရော ဘယ်သူနဲ့ ထားခဲ့တာလဲ''

"အမျိုးတွေနဲ့ပါ အမျိုးတွေ ဆိုတာကလည်း သူတို့ စားဝတ်နေရေးနဲ့ မိသားစု အနိုင်နိုင်ပါ ညီမလေးတွေကို ခဏတော့ ထားပြီး ဒီမှာ နည်းနည်း
ပြေလည်မှ ရန်ကုန်ကို ခေါ်ထားမယ်လို့
စဉ်းစားထားတယ်''

"အင်း ကောင်းတယ် မိန်းကလေးတွေ ဆိုတော့
ဘယ်လိုပဲဖြစ်ဖြစ် အစ်မလက်အောက်မှာ
နေရတာက ပိုပြီး လုံခြုံပါတယ် ဟို အကူအညီ
တစ်ခုခု လိုရင်လည်း အချိန်မရွေး ပြောနော် အကို တတ်နိုင်ရင် အားလုံး ကူညီပေးမယ်''

"ကျေးဇူးပါ အကို မေကို ရင်ဖွင့်ခွင့် ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်''

"ဟာ မဟုတ်တာ စိတ်ညစ်စရာတွေ ရှိရင် ရင်ဖွင့်တိုင်ပင်မယ့် သူငယ်ချင်းတစ်ယောက်တော့
လိုတာပဲလေ ကျေးဇူးတင်စရာ မလိုပါဘူး ''

"ဟုတ်ကဲ့ အကို အာ့ဆို မေ အလုပ်ဆက်လုပ်လိုက်အုံးမယ်''

"အင်း ကောင်းပြီ မေ''

မေက ကျွန်တော့်ကို အလေးတစား ခေါင်းငုံအရိုအသေပေး၍ အရှေ့က ဖြတ်လျှောက်သွားလေသည်။ မိသားစုတိုင်းမှာ သူ့အပူနဲ့သူ ရှိကြတာပါပဲလား။ အပူမကင်းတဲ့ လူရယ်လို့ ဘယ်ရှိပါ့မလဲ
အားလုံးက ပုထုဇဉ်လူသားတွေကိုး..။

"အဟမ်းဟမ်း ငါ အနံတွေ ရနေတယ်''

"ဟဲ့ ဘာအနံလဲ ငါတော့ ဘာအနံမှ မရပါဘူး
ဂျပုမရယ်''

"အော် ငတုံးမ ငါက ဒီအနံကို ပြောတာ မဟုတ်ဘူး နင်တို့ သတိထားမမိကြဘူးလား ကုမ္ပဏီမှာ စုံတွဲတစ်တွဲ ပေါ်လာတော့မယ်''

"ဟင် ဘယ်က စုံတွဲလဲ''

လေးညို့ရှင် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အလုပ်ကိစ္စတစ်ချို့ မနားလည်တာမို့ မနီလာအား မေးရန် လျှောက်အလာ စာရေးမတချို့ တီးတိုးအတင်းပြောနေတာ ကြားတော့ ဘာရယ်မဟုတ် နားထောင်နေမိသည်။

"အခု ကုမ္ပဏီကို အသစ်ရောက်နေတဲ့ မေ ဆိုတဲ့
ကောင်မလေးလေ''

"အေးလေ သိတယ်လေ အာ့ဒါ ဘာဖြစ်တာလဲ
အလုပ်ဝင်ပြီး သိပ်မကြာဘူး သူ့အမေ ဆုံးလို့
သူဠေးကတောင် ငွေလှူထားသေးတယ် ''

"အေး ဟုတ်တယ် အာ့ဒါတော့ ငါတို့လည်း
သိတာပေါ့ ဒီထက် ထူးဆန်းတဲ့ သတင်းက
သူဠေးရဲ့သား မြတ်နိုးရာနဲ့ ဘာလိုလို
ကြားတယ်နော် ''

"ဟယ် ဘယ်က ပေါက်တတ်ကရတွေ ကြားလာတာလဲ ဂျပုမရယ် ဟုတ်မှလည်း လုပ်စမ်းပါ''

"မနီလာရယ် ကျွန်မလည်း မဟုတ်ပဲ ပြောမလား
မနက်ကတောင် မေက မျက်ရည်လေးဝဲပြီး
အကိုမြတ်နိုးရာနဲ့ စကား အကြာကြီး ရပ်ပြောနေတာ ကျွန်မ ကိုယ်တိုင် မြင်တာ အကိုမြတ်နိုးရာ
မျက်နှာ ကြည့်ရတာ မေ့ကို သနားပြီး မပွေ့ဖက်ထားယုံတမယ်ပဲ ကြည့်နေ မကြာခင် သူတို့ စုံတွဲ ဖြစ်တော့မှာ အင်း အခုတောင် နေပုံထိုင်ပုံအရ Silentတောင် တွဲနေမလား မသိဘူး ''

"အို ဘုရားရေ! "

ကိုယ့်အလုပ် မဟုတ်တာကြောင့် ဒီတိုင်း
ကျော်သွားမလို့ ခြေလှမ်း ပြင်လိုက်ပေမဲ့ မြတ်နိုးရာ ဆိုတဲ့ ကျွန်တော် အရမ်းမြတ်နိုးရသော
အသေးလေး နာမည် ကြားလိုက်ရတာကြောင့်
တက်ကြွနေသော ခြေလှမ်းတစ်စုံဟာ တုံ့ခနဲ
ရပ်သွားရလေသည်။ သူတို့ ပြောသလို မဖြစ်နိုင်ပါဘူး ကျွန်တော်က အသေးလေးရဲ့ အချစ်တွေ အားလုံး ရထားပြီးတဲ့သူပဲ ဘာလို့ ဒီလို ကောလဟာသ သတင်းစကားတွေကြောင့် တုန်လှုပ်ရမှာလဲ။ အခုတလော ကျွန်တော်နဲ့ ကတောက်ကဆ
ဖြစ်လို့ ကျွန်တော့်အပေါ် စိတ်ကုန်ပြီး မေ့ကို အစားထိုးလိုက်တာလား။ သူတို့နှစ်ယောက်ရဲ့
ဆက်ဆံရေးက အရမ်းကို ဆိုးဝါးလို့ ကုမ္ပဏီက လူတွေ အထင်လွဲသွားရအောင်ထိ ရင်းနှီးနေကြတာလား။ ရတက်မအေးသော အပူမီးတွေကို
အေးငြိမ်းအောင် မှန်ကန်သော အဖြေတစ်ခုကို
မြတ်နိုးရာအား မေးရမည်။ ကျွန်တော့်အပေါ်
သစ္စာမဖောက်မိဖို့တော့ ဆုတောင်းသည်။
တကယ်လို့ သူသာ တကယ် ဖောက်ပြန်ရိုးမှန်ရင်တော့...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဘယ်နေရာမှာ ဘာတွေလုပ်နေလို့ ဒီလောက်
နောက်ကျနေရတာလဲ''

ဒီနေ့မှ အလုပ်ကနေ ထူးထူးဆန်းဆန်း နောက်ကျမှ ပြန်လာတဲ့ မြတ်နိုးရာကို မေးလိုက်ပေမယ့်
သူကတော့ အေးဆေးစွာ ဖိနပ်ကို ချွတ်နေပြီး
စဉ်ပေါ်တွင် တင်ပြီးမှ အိမ်ထဲ ဝင်လာကာ
ကျွန်တော့်နံဘေး၌ လာထိုင်လိုက်သည်။

"ဖြေလေ မြတ်နိုးရာ ဘာလို့ နောက်ကျနေရတာလဲ''

"မနက်ဖြန် ကုမ္ပဏီမှာ အပြီးပေးရမယ့် စာရင်း
ရှိတယ်လေကွာ ''

"အေး သိတယ်လေ ဒါပေမယ့် ငါ့ကို အဖေ
အပြင်မှာ Customerနဲ့ သွားတွေ့ခိုင်းပြီး ပြန်လာတာတောင် မင်း လုပ်တဲ့ စာရင်းက မပြီးသေးဘူးလား မင်း မညာနဲ့နော် မြတ်နိုးရာ ငါ မနီလာကို
ဖုန်းဆက်မေးထားပြီးသား ပြောစမ်း ၉နာရီတိတိကမှ အလုပ်က အားလုံး ပြီးသွားတာတဲ့ မင်းက အခု ၁၁နာရီမှ အိမ်ပြန်ရောက်တယ် ပြောစမ်း ၂နာရီ မင်း ဘယ်သွားနေတာလဲ''

ဖုန်းဆက်တော့လည်း ဖုန်းက မအားရတာနဲ့
ဆက်သွယ်မှုဧရိယာ ဖြစ်ရတာနဲ့ ဘယ်သွားလို့
ဘယ်နေရာ လိုက်ရှာရမှန်းမသိတဲ့ ကျွန်တော်က အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ သူ မသိဘူး။

"ငါ...ငါ မေ့ကို လိုက်ပို့နေတာ ''

"ဘာ!..''

မြတ်နိုးရာ ပါးစပ်ကနေ မိန်းကလေးတစ်ယောက်ရဲ့ နာမည် ထွက်ကျလာတာကြောင့် ဆတ်ခနဲ
ကြည့်လိုက်မိသည်။ ရင်ထဲမှာတော့ ဗလောင်ဆူနေတာက လွဲလို့ပေါ့။

"မိန်းကလေးတစ်ယောက်တည်း ညကြီးအချိန်မတော် အိမ်ပြန်ရမှာ မသင့်တော်လို့ ငါ လိုက်ပို့ပေးတာပါ မောင်ရယ် ''

"ကျစ် မြတ်နိုးရာ မင်း အခုတလော ဘယ်လိုဖြစ်နေတာလဲကွာ ငါ့ကို ဘာတွေ မကျေနပ်တာ ရှိလို့လဲ ဟမ်း''

ကျွန်တော့်စကားကို နားမလည်သည့် လူတစ်ယောက်လို ငေးကြည့်လာရှာတော့ ထွက်ကျလုနီးဆဲဆဲ သဝန်တိုဒေါသစိတ်ကို မြိုသိပ့်ထားလိုက်သည်။

"ဘာကိုလဲ လေးညို့ရှင်ရာ ငါ ပင်ပန်းနေလို့
ဘာမှ မပြောပဲ နေလို့ မရဘူးလားကွာ ''

"ဟင့် ဟိုကောင်မလေးနဲ့ ဘာတွေများ လုပ်ခဲ့လို့ ဘာမှ မပြောချင်လောက်အောင် ပင်ပန်းနေတာလဲ''

"လေးညို့ရှင် ငါ မင်းနဲ့ ရန်မဖြစ်ချင်ဘူးနော်
ငါ သူ့ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတယ် ဒီတိုင်း မိန်းကလေးတစ်ယောက်လို မြင်မိလို့ တစ်ခုခု အန္တရာယ်ဖြစ်မှာ စိုးလို့ အိမ်ပြန်လိုက်ပို့တာနော် အာ့ဒါ ငါ အရမ်းမှားသွားလား ''

"အဟင့် သေချာလို့လား ကုမ္ပဏီရဲ့ လူမြင်ကွင်းမှာတောင် အနေအထိုင် မရှောင်ကြပဲ ပလူးချင်တိုင်း ပလူးလို့ မြင်တဲ့သူတွေက မြင်ပြီး တောင်ပြောမြောက်ပြော ပြောနေကြတာကိုရော မင်း သိလား ''

"လေးညို့ရှင် မင်း ငါ့သိက္ခာကို မစော်ကားနဲ့
ပြီးတော့ မေက မင်း ထင်သလို မိန်းကလေးမျိုး
မဟုတ်ဘူးကွ ''

"နာတတ်လိုက်တာနော် မင်း စိတ်ကြိုက် အားလုံး နေပေးခဲ့တာပဲ မင်းကိစ္စတွေမှာ ဝင်မပါနဲ့ ပြောလို့ ငါ ဘာတစ်ခုမှ ဝင်မပါခဲ့ဘူး အာ့ဒါကိုတောင်
ဘာလို့ ငါ့ရင်ကို ကွဲအောင် ခွဲချင်နေသေးတာလဲ''

"မင်း ဒီလို ငါ့အပေါ် စိမ်းစိမ်းကားကား ဖြစ်သွားတာ ငါ ပြောလိုက်တဲ့ စကားတွေကြောင့်ပေါ့လေ ဟုတ်လား ''

မြတ်နိုးရာ မေးတဲ့ မေးခွန်းကို မဖြေပဲ လက်သီးဆုတ်ထားကာ မခံရပ်နိုင် စိတ်ကြောင့် မေးရိုးများထောင်ကာ အံတြိတ်ထားမိသည်။

"လေးညို့ရှင် ငါ့တို့ ဒီပုံအတိုင်း ဆက်သွားနေရင် ဘယ်လိုမှ မဖြစ်တော့ဘူး ဆိုတာ မင်းလည်း
သိမှာပါ ''

"ဟင် ဘာလဲ ငါ့ကို လမ်းခွဲစကား ပြောမလို့လား
မရဘူး ငါ မင်းကို လုံးဝ လမ်းခွဲမပေးနိုင်ဘူး
မြတ်နိုးရာ မင်း ငါ့ကို ခွဲသွားလို့ မရဘူး ''

"အင်း ငါလည်း ငါ ချစ်တဲ့သူကို ပစ်သွားဖို့ တစ်ခါမှ မတွေးဖူးပါဘူး ဒါပေမယ့် အခု မင်းလုပ်ရပ်က
ငါတို့ ဝေးသွားအောင် စိတ်ပျက်သွားအောင်
နိုးဆွပေးနေသလိုပဲ မင်း အာ့လိုသာ ထင်ရာမြင်ရာတွေ စွပ်စွဲ အထင်လွဲနေအုံးမယ် ဆိုရင် ငါတို့ အချစ်လမ်းက ဘယ်တော့မှ ဖြောင့်ဖြူးမှာ
မဟုတ်ဘူး လေးညို့ရှင် ''

ပြောချင်တာ ပြော၍ ဆတ်ခနဲ ရေချိုးခန်းထဲ
ဝင်သွားသော မြတ်နိုးရာအား ကြည့်၍ အသက်မဲ့နေတဲ့ လူတစ်ယောက်လို ရပ်ကျန်နေခဲ့တော့သည်။ ကျွန်တော် အသေးလေးကိုမှ မခွဲနိုင်တာ ဖြစ်ခဲ့သမျှ မေ့ပစ်ပြီး အသေးလေး ကျွန်တော့်ဆီက
ထွက်မသွားဖို့ကိုပဲ ဆွဲထားရမှာ။ ခုနက အသေးလေး ပြောသွားတဲ့အထဲမှာ ကျွန်တော့်ကို စိတ်ပျက်နေတဲ့ အရိပ်အယောင်တွေ ပါနေတာမို့ ကျွန်တော့်ဆီက ထွက်သွားမှာ ကြောက်ရွံနေမိသည်။
အချစ်တစ်ခုသာ လိုအပ်တာမို့ ကျန်တာတွေကို အရေးစိုက်နေမိရင် ကိုယ် တကယ် အလိုအပ်ဆုံးအရာ ဆုံးရှုံးသွားနိုင်တာကို သတိပြုမိတာကြောင့် ပိုချစ်တဲ့ ကျွန်တော်ဘက်ကပဲ ပြန်ချော့ရမှာပေါ့။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"အကို အလုပ်ပြီးရင် ဘယ်သွားစရာ ရှိသေးလဲဗျ''

"ဟင် ဟို ကိုယ် သွားမယ့်နေရာတစ်ခုတော့ ရှိသေးတယ် ဘာလို့လဲ ''

"ဟိုလေ ကျွန်တော့်ကို အပန်းမကြီးရင်
တစ်ခုလောက် ကူညီပါလားဟင် ''

လွန်းဘွဲ့မောင် ဆိုတဲ့ ကျွန်တော် လေးစားအားကျရတဲ့ လူက အရင်လို မဟုတ်တော့ပဲ အလုပ်ပြီးတာနဲ့ အရက်ဆိုင်သို့ သွားနေတော့သည်။ အလုပ်မှာလည်း အရင်ကလို အလုပ်မကြိုးစားတော့ပဲ မူးရှုးနေချိန်က ပိုများလာသည်။ မနေ့ကလည်း သူဠေးနဲ့
အတွင်းရေးမှုး ပြောတာ အမှတ်တမဲ့ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် အကို့အတွက် စိတ်ပူနေမိသည်။ ကုမ္ပဏီအတွက် အကို့လို မူးရှုးနေတဲ့
လူတစ်ယောက်ကို ဆက်ပြီး မခန့်ထားနိုင်တော့ဘူးလို့ ပြောသံ ကြားလိုက်သည်။ အကို့ ပုံစံကလည်း အရင်ကနဲ့ လားလားမှမတူ လုံးဝ အခြားတစ်ယောက်လို ဖြစ်နေရှာသည်။

"ဟင် ဘာကူညီပေးရမလဲ မိုးစက် ''

"အာ ဟိုလေ အိမ်မှာ မီးချောင်းတွေ ပျက်နေလို့
ကျွန်တော်က အရပ်နည်းနည်းပုတော့ ခုံခုပြီးလည်း မီးတက်ပြင်လို့ အဆင်မပြေဘူး အာ့ဒါ အကို
လိုက်ကြည့်ပေးပါလားဟင်''

"အိမ်မှာ ကလေး.. အဲ မြတ်နိုးရာ ရှိတယ်
မဟုတ်ဘူးလား ''

"မရှိဘူး အကို သူ အခုဆို လေးညို့ရှင်နဲ့ အတူတူ နေနေပြီ အကို ''

မပြတ်သားသေးတဲ့ အကို့ရဲ့ စိတ်တွေကို
ပြတ်သားနိုင်အောင် မြတ်နိုးရာနဲ့ ပတ်သက်သမျှ အားလုံး အမှန်တိုင်း ပြောရန် ဆုံးဖြတ်ထားသည်။ အခုလည်း အိမ်မှာ မီးချောင်း ပျက်တာတော့
မှန်ပေမယ့် မပြင်တတ်လောက်အောင် ခက်ခဲတဲ့အရာမှ မဟုတ်တာ။ အလုပ်ပြီးရင် အရင်ဆိုင်
သွားမယ် ဆိုတာ ကြိုသိလို့ တမင်သက်သက်
လိမ်လိုက်ခြင်းသာ။

အကိုက အနည်းငယ် စဉ်းစားနေသလို လုပ်ပြီးမှ
ခေါင်းလေးသာ ညိမ့်ပြလိုက်တာမို့ ကျွန်တော်
လစ်ခနဲ ခိုးပြုံးလိုက်မိသည်။ အကို မမြင်အောင်
ပြုံးလိုက်ပြီးမှ မျက်နှာလေး ပြန်တည်ကာ

"ဟုတ် ကျေးဇူးပါ အကို ''

"ရပါတယ် ဒါဆို အခုပဲ သွားကြစို့လေ ''

"အင်း ''

အကိုနဲ့ အတူတူ အိမ်ပြန်လာပြီး ရောက်တော့
မီးပျက်နေတာမို့ အရာအားလုံးဟာ မှောင်မဲနေလေသည်။ အကိုကတော့ ကျွန်တော့်နံဘေးမှာ
ရပ်လျက်ပေါ့။ ကျွန်တော် ဖုန်းလေး ထုတ်ကာ
မီးဖွင့်လိုက်ပြီး

"အကို ခဏလေးနော် ကျွန်တော် ဖယောင်းတိုင် မီးလေး သွားထွန်းလိုက်အုံးမယ် ''

"အင်း ''

အလုပ်အိတ်လေးကို စားပွဲပေါ်တွင် ချ၍ ဖယောင်းတိုင် ထားရာ နေရာ၌ သွားရှာ၍ အရင်ထွန်းထားလိုက်သည်။ အိမ်လေးထဲက တစ်ယောက်ကိုတစ်ယောက် မြင်လာရတော့မှ ကျွန်တော် အကို့နား
ပြန်လာပြီး

"အကို ''

"အင်း ပျက်တဲ့ မီးချောင်းက ဒီဟာမလား''

"ဟုတ် အကို ''

ကျွန်တော်တို့ ဦးခေါင်းအပေါ်တည့်တည့်ကို
မော့ကြည့်ကာ ပြောနေတာမို့ ခေါင်းလေး
ညိမ့်ပြလိုက်သည်။

"ကြည့်ရတာ မီးသီးက ကျွမ်းနေပြီ ထင်တယ်
အသစ်ဝယ်ထားတာ ရှိလား ''

"ဟုတ် ရှိတယ် အကို ကျွန်တော် သွားယူလိုက်အုံးမယ်''

မနေ့က အသင့်ဝယ်ထားတဲ့ မီးချောင်းကို ယူ၍ အကို့အား လာပေးလိုက်တော့ အကိုက ယူကာ
ခုံခုစရာ မလိုပဲ မီးချောင်း လှဲပေးနေလေသည်။
တစ်ခဏကြာတော့

"မိုးစက် မီးခလုတ် သွားနှိပ်ကြည့် ရပြီလား
ဆိုတာ ''

"ဟုတ်ကဲ့ အကို ''

မီးခလုတ်ကို နှိပ်ကြည့်လိုက်တော့ အကို လှဲပေးတဲ့ မီးချောင်းအသစ်က ဖြတ်ခနဲ လင်းလာသည်။

"ဟီးး ရပြီ အကို .. ရသွားပြီ အကိုက
အရမ်းတော်တာပဲ ''

"အဟက် မြှောက်ပြောစရာမရှိ ကြံဖန် ပြောနေပြန်ပြီ ကဲ မီးလည်း လာပြီ ဆိုတော့ ကိုယ်
ပြန်တော့မယ် ''

"ဟင် ပြန်တော့မို့လား ခဏ နေပါအုံး အကို အခု ကျွန်တော် အိမ်က ပြန်ရင် ဘယ်သွားမယ် ဆိုတာ ကျွန်တော် သိတယ်နော် ''

"ဟင်!''

"အကို အရက်ဆိုင် သွားမလို့မလား ''

ကျွန်တော် ပြောတာ မှန်တော့ အကိုက ဘာမှ
ပြန်မပြောပဲ ကျွန်တော့်ကို ကြည့်နေသည်။

"အကိုရယ် ဒီလိုပဲ အကို့ဘဝကို အဆုံးရှုံးခံတော့မလို့လား အခုဆို အလုပ်ရှင်တွေကပါ အကို့ကို
အလုပ်ဖြုတ်ပစ်မလို့ ပြောနေကြပြီ အကိုလည်း
အရမ်းပြည့်စုံတဲ့ မိသားစု အသိုင်းအဝိုင်းတွေထဲက လာတာ မဟုတ်ပါဘူး ကျွန်တော့်လိုပဲ အလုပ်တစ်ခု ရဖို့ သေမလောက် ရှာခဲ့ရတဲ့လူတွေလေ အခုလို ဘဝက အခြေတစ်ကျနဲ့ အောင်မြင်တော့မယ့်ဆဲဆဲမှာ အကိုက အခုလို အပျက်အစီး
ခံဖို့ တန်သလား အကိုရယ် ''

ဘာမှ ပြန်မဖြေပဲ ခေါင်းကြီးသာ ငုပ်ထားသည့် အကို့အနားသို့ သွားကပ်ရပ်၍

"အကို ကျွန်တော်ကလေ အကို့ကို အမြဲ အားကျနေခဲ့ရတာ ကျွန်တော်တို့လို သာမာန် လူလတ်တန်းစားတွေကို တစ်နေရာမှာ ထူးချွန်ဖို့ နေရာရဖို့
ဆိုတာ အင်မတန်မှ ခက်ခဲပါတယ် အကိုရယ်
ဒါကြောင့် ဖြစ်ခဲ့သမျှကို မေ့ပစ်ပြီး ပစ္စုပ္ပန်မှာ
ကောင်းအောင် နေပါ အကိုရာ''

ရှိန်တာတွေ ဘာတွေကို သတိမထားတော့ပဲ အကို့ကိုယ်လုံးကြီးကို ပွေ့ဖက်၍ ကျောပြင်ကို
နှစ်သိမ့်သလို ပုတ်သပ်ပေးလေတော့ အကို့ကလည်း ကျွန်တော့်ကို ပြန်လည် ပွေ့ဖက်လာကာ
ပခုံးပေါ် မျက်နှာအပ်ထားလေသည်။ တစ်ခဏကြာတော့ ကျွန်တော် ပခုံးသားတစ်ဝိုက်က စိုရွှဲလာတာ သိရတော့ အကို ငိုနေပြီ ဆိုတာပါ ဆတ်ခနဲ သိလိုက်ရသည်။

"ကိုယ်မှ သူ့ကို သတိရတာ မရပ်နိုင်တာ ''

"အကိုရယ်! "

ယောကျာ်းတန်မဲ့ တရှိုက်ရှိုက်တုန်အောင် ငိုကြွေးနေတဲ့ အကို့ကို သနားကြင်နာစွာ ပွေ့ဖက်ထားလိုက်သည်။ တကယ်ပါ အကို နာကျင်နေရင်
ကျွန်တော်ပါ နာကျင်သလို ခံစားနေရသည်။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
276K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.6M 67.2K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...