{Zawgyi}
•တျခားအရာေတြ ဘာမွမေတြးေတာ့လဲ သာယာမႈမွာေမြ႕ေလ်ာ္•
အဲ့ေတာ့ေရာ ဘာျဖစ္လဲ? သူက ေက်းဇူးေတြတင္ျပၿပီး မ်က္ရည္အဝိုင္းသားနဲ႔ ဒူးေထာက္ၿပီး အ႐ိုအေသေပးရမွာလား?
ဟဲ့ခ်န္းမင္က မ်က္ႏွာေသနဲ႔ မ်က္လႊာခ်ၿပီး ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားကာ သေရာ္လိုက္တယ္။
ဟဲ့ယြဲ႕က်င္းက စီးပြားေရးသမားေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုေပမယ့္ ခင္ပြန္းေကာင္းတစ္ေယာက္ေတာ့မဟုတ္ဘူး။ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆို ထည့္ေတာင္မေျပာနဲ႔ေတာ့...
သူက ေက်ာင္ေမးလန္အတြက္ တာဝန္ယူမႈေတြမရွိခဲ့သလို ဟဲ့ခ်န္းမင္ကိုလည္း ဖခင္ေမတၱာဆိုသလိုမ်ိဳးေတြ မေပးခဲ့ဘူး။
ေက်ာင္ေမးလန္က သူနဲ႔ညႇိႏႈိင္းခ်င္ေပမယ့္ သူကလက္မခံဘူး။
"ကြၽန္ေတာ္ဘာတစ္ခုမွမလိုခ်င္ဘူး၊ ထြက္သြားလို႔ရၿပီ"
သူနဲ႔ဟဲ့ယြဲ႕က်င္းၾကားမွာရွိတဲ့ဆက္ဆံေရးက ၿပိဳကြဲလာခဲ့တာတစ္ရက္ႏွစ္ရက္လည္းမဟုတ္ဘူး၊ အခုခ်ိန္မွာ သူျပန္ျပန္မျပန္ျပန္ အေရးမပါေတာ့ဘူး။ တ႐ုတ္ႏွစ္သစ္ကူးအတြက္ကေတာ့ အခ်ိန္ရတယ္ဆို ေတြးၾကည့္လိုက္မယ္။
ေက်ာင္ေမးလန္ရဲ႕ "ေယာက်ာ္းကအရာအားလုံးပဲ"ဆိုတဲ့ အေတြးအေခၚက နက္ရႈိင္းစြာအျမစ္တြယ္ေနၿပီ။ သူ႔ရဲ႕ဝတ္ေက်တမ္းေက်စကားေတြကိုၾကားေတာ့ ေဒါသတႀကီးေျခကိုေဆာင့္ကာ က်ီေလ်ာင့္ဘက္လွည့္ၿပီး စိတ္ဓာတ္က်စြာေျပာလိုက္တယ္ "က်ီေလ်ာင္ သူအခုလိုလုပ္ေနတာေတြက မွန္တယ္လို႔ထင္ေနတာလား? အန္တီ့ကိုကူၿပီး ေရွာင္းမင္ကို ေျဖာင္းျဖေပးပါလား?"
သူ႔နာမည္ကိုၾကားလိုက္ရေတာ့ က်ီေလ်ာင္တြန႔္သြားတယ္။ အရင္တုန္းက ေက်ာင္ေမးလန္သူ႔ကို ခ်က္လက္မွတ္တစ္ေစာင္နဲ႔ အရွက္ခြဲခဲ့တာကို သူမေမ့ေသးဘူး။ ဒါေပမယ့္ အခုေတာ့ သူမရဲ႕ခပ္တိုးတိုးအသံနဲ႔ ေထာင္လႊားမႈမရွိတဲ့ပုံေၾကာင့္ နည္းနည္းစိတ္ေပ်ာ့သြားတယ္။ သူမက ဘယ္လိုႀကီးပဲျဖစ္ေနေန ဟဲ့ခ်န္းမင္ရဲ႕အေမပဲေလ။
သူ႔ေဘးနားကေကာင္ေလးကို ေမာ့ၾကည့္လိုက္တယ္။
သူကလုပ္ေပးပါဆိုၿပီး ေျခဟန္လက္ဟန္နဲ႔လုပ္ျပလိုက္ေတာ့ ဟဲ့ခ်န္းမင္က မ်က္ေမွာင္ၾကဳတ္ၿပီး ကတိေပးလာတယ္ "ႏွစ္ရက္ေနရင္ ျပန္လာမယ္"
အဲ့ေတာ့မွ ေက်ာင္ေမးလန္ၿပဳံးသြားၿပီး အျမန္ေျပာလာတယ္ "ေကာင္းတယ္ ေကာင္းတယ္၊ ခုတေလာ အေမက စြပ္ျပဳတ္ခ်က္နည္းကို ေလ့လာထားေသးတယ္... မင္းျပန္လာရင္ အေမနည္းနည္းေသာက္ခိုင္းမယ္" ဟဲ့ခ်န္းမင္က သူမကို အထူးတဆန္းၾကည့္ကာ ဘာမွျပန္မေျဖလာဘူး။
တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္မွာ ဟဲ့ခ်န္းမင္အိမ္ျပန္လာတယ္။
ဧည့္ခန္းထဲမွာ ဟဲ့မုရွန္းက က်န္းခ်ီနဲ႔ တီဗြီထိုင္ၾကည့္ေနတယ္။ သူျပန္လာတာျမင္ေတာ့ က်န္းခ်ီက ခ်က္ခ်င္းထေမးတယ္ "က်ီေလ်ာင္ေရာ? က်ီေလ်ာင္မလာဘူးလား?" ဟဲ့ခ်န္းမင္ျပန္ေျဖလိုက္တယ္ "မလာဘူး၊ သူ႔အိမ္မွာသူေနေနတာ" က်န္းခ်ီခ်က္ခ်င္းဆိုသလို စိတ္ပ်က္သြားတယ္ "အေဖခြင့္ျပဳေပးဖို႔က လြယ္တာလည္းမဟုတ္ဘဲနဲ႔" ဒီေကာင္ေလးက က်ီေလ်ာင့္ကိုေတာ့ ေသခ်ာေပါက္ေခၚလာမွာပဲဆိုၿပီးထင္ထားခဲ့တာ။ ေပ်ာ္ခဲ့မိတာ အလကားပဲ!
ဟဲ့ခ်န္းမင္ ဒီအေၾကာင္းအမ်ားႀကီးသိပ္မေတြးဘူး။ သူ႔အထက္မွာ တစ္ေယာက္မွမရွိဘူး။ ဟဲ့ယြဲ႕က်င္းက ခြင့္ျပဳေပးလိုက္တယ္ဆိုတာ သူ႔ကိစၥ။ က်ီေလ်ာင္ လာကိုလာရမယ္လို႔ မဆိုလိုဘူး။ သူ႔မွာ ျငင္းပိုင္ခြင့္ရွိတယ္။
ေကာ္ဖီစားပြဲေပၚမွာ အသီးအႏွံေတြရွိေတာ့ ဟဲ့ခ်န္းမင္က ငွက္ေပ်ာသီးတစ္ခုအခြံႏႊာၿပီး ဟဲ့မုရွန္းနဲ႔ စေတာ့ေဈးကြက္အေၾကာင္းေျပာကာ စားေနလိုက္တယ္။
ဒီမနက္ ေက်ာင္ေမးလန္အေစာႀကီးထၿပီး ၾကက္စြပ္ျပဳတ္လုပ္ထားတယ္။ သူမက ေယာက္ခ်ိဳဇြန္းနဲ႔ အေပၚမွာေဝ့ေနတဲ့ဆီေတြကို ဖယ္ကာ က်န္းခ်ီအတြက္ ပန္းကန္လုံးအေသးေလးနဲ႔အျပည့္ထည့္ေပးလိုက္တယ္။ သူမထြက္လာခ်ိန္မွာ သူမသားျပန္ေရာက္ေနတာကိုျမင္ေတာ့ အေပ်ာ္ေတြ မဖုံးမဖိႏိုင္ေအာင္ျဖစ္ေနတယ္။
"ေက်းဇူးတင္ပါတယ္ အန္တီေက်ာင္"
က်န္းခ်ီက အေျပာေကာင္းသူတစ္ေယာက္ျဖစ္တဲ့အေလ်ာက္ လတ္တေလာ ေက်ာင္ေမးလန္နဲ႔ အဆင္ေျပေနတယ္။
ေက်ာင္ေမးလန္က ေခါင္းၿငိတ္ျပၿပီး သတိေပးလိုက္တယ္ "ပူတုန္းေလးေသာက္လိုက္" က်န္းခ်ီကလည္း ျပန္ေျဖတယ္ "ဟုတ္ကဲ့"
သူတို႔ေဘးမွာ ဟဲ့ခ်န္းမင္က စိုက္ၾကည့္ေနတယ္။ သူ႔အေမကို သရဲဝင္ပူးေနတာမ်ားလား? ႐ုတ္တရက္ႀကီး ခ်စ္တတ္တဲ့အေမတစ္ေယာက္အျဖစ္ေျပာင္းသြားတာ?
"မင္းရဲ႕ေဇာင္က်ီက အသားမစားဘူး၊ မင္းနဲ႔မင္းအစ္ကိုစားဖို႔အတြက္ အသားတစ္ပန္းကန္စီျပင္ေပးမယ္"
ေက်ာင္ေမးလန္က ေမြးကတည္းက ႏူးညံ့လာတာျဖစ္တယ္။ အခု ဒီလိုဇနီးေကာင္း၊ ခ်စ္တတ္တဲ့အေမတစ္ေယာက္လိုပုံေပၚေနေတာ့ ဟဲ့ယြဲ႕က်င္းအရမ္းေက်နပ္ေနတယ္။
ေနာက္ဆုံးေတာ့ သူေအာက္ဆင္းလာခ်ိန္မွာ အိမ္ကလႈပ္ရွားသက္ဝင္ေနတာျမင္ေတာ့ စိတ္႐ႊင္သြားၿပီး အိမ္ေတာ္ထိန္းကို အေစခံေတြ ဆင့္ေခၚခိုင္းလိုက္တယ္။ သူတို႔ကို ဒီႏွစ္အတြက္ စာအိတ္နီေတြႀကိဳေပးထားမယ္!
ေက်ာင္ေမးလန္ မီးဖိုေခ်ာင္ထဲဝင္သြားေတာ့ ဟဲ့ခ်န္းမင္က ဟဲ့မုရွန္းကို တိုးတိုးေလးကပ္ေမးလိုက္တယ္ "ကြၽန္ေတာ့္အေမက ခုတေလာဒီလိုပဲလား?" အရင္တုန္းကဆို သူမအိပ္ရာထလာရင္ေတာင္မွ ေစာင္ေခါက္ေပးဖို႔ အေစခံတစ္ေယာက္ေလာက္လိုတယ္။ အခုက်ေတာ့ ဟင္းခ်က္တယ္?
ဟဲ့မုရွန္းက က်န္းခ်ီရဲ႕ဗိုက္ကိုကိုင္ၿပီး အဓိက,က ဒီကေလးေလးေၾကာင့္ သူတို႔မိသားစုထဲက လူတိုင္းေျပာင္းလဲကုန္တာလို႔ ခံစားမိတယ္။
"မင္းလည္း တခါတေလလာၿပီး ႏွစ္ရက္ေလာက္ျဖစ္ျဖစ္ေနေပးေပါ့... တခ်ိန္လုံးအျပင္မွာခ်ည္းပဲ ေလွ်ာက္သြားမေနနဲ႔၊ အဖိုးႀကီးကလည္းအခု မင္းကို မတားေတာ့ဘူးေလ ဘာေတြအလိုမက်ျဖစ္ေနတာလဲ?" ဟဲ့မုရွန္းက မ်က္ႏွာထားတင္းတင္းနဲ႔ အစ္ကိုႀကီးတစ္ေယာက္လိုပုံမ်ိဳးေနကာ ဆူလိုက္တယ္။
ဟဲ့ခ်န္းမင္မ်က္လုံးေတြက တျခားေနရာကိုေ႐ႊ႕သြားတယ္ "ဘယ္သူကအလိုမက်လုပ္ေနလို႔လဲ? ကြၽန္ေတာ္အျပင္မွာ ဘယ္ေလာက္ေတာင္ဇိမ္က်ေနလဲဆိုတာ အစ္ကိုမသိပါဘူး" သူဆိုဖာေပၚမွီခ်ၿပီး ျပန္မလာခ်င္တဲ့အေၾကာင္းအရာေတြကို စဥ္းစားေနလိုက္တယ္။
ဒီမွာက ရာထူးအလိုက္အရမ္းတင္းက်ပ္တဲ့စနစ္ေၾကာင့္ျဖစ္တယ္။ ဒါေပမယ့္ ဟဲ့ယြဲ႕က်င္းက ၿခံဝင္းထဲမွာ အေစခံေတြကို စာအိတ္နီေတြေပးေနၿပီး တစ္ေယာက္ခ်င္းစီကလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ "ေပ်ာ္႐ႊင္စရာႏွစ္သစ္ကူးေလးပါ ဥကၠဌဟဲ့" "ဥကၠဌဟဲ့... ဒီေန႔ေပ်ာ္ေနသလိုပဲေနာ္!"ဆိုၿပီး ေျပာေနၾကတယ္။ ၾကည့္ရတာ ခြဲျခားမႈက အဲ့ေလာက္လည္းမဟုတ္သလိုပဲ။
ေက်ာင္ေမးလန္ရဲ႕ ႏွလုံးသားမရွိမႈေၾကာင့္သာျဖစ္တယ္။ ဒါေပမယ္အခုေတာ့ သူမက ၾကက္သားေတြျပည့္ေနတဲ့ စြပ္ျပဳတ္တစ္ခြက္ကိုကိုင္ကာ ညင္သာစြာေျပာလာတယ္ "ေရွာင္းမင္ မ်ားမ်ားစား၊ အရင္တုန္းက အေမမင္းကိုစိတ္ပ်က္ေစခဲ့ၿပီး ခ်စ္ေၾကာင္းေသခ်ာမျပခဲ့ဘူး... ေနာက္တစ္ခါ အေမေျပာင္းလဲပါ့မယ္"
အသက္ေလးဆယ္နီးပါးရွိေနၿပီျဖစ္တဲ့အမ်ိဳးသမီးက ကြက္တိက်တဲ့ အနီေရာင္လည္ေထာင္ေဘးကြဲ တ႐ုတ္အက်ီကိုဝတ္ဆင္ထားၿပီး တ႐ုတ္ႏွစ္သစ္ကူးဆိုတာနဲ႔ အရမ္းလိုက္ဖက္ေနတယ္။ သူမအသံက က်က္သေရရွိၿပီး က်န္းနန္အမ်ိဳးသမီးတစ္ေယာက္လို ခ်ိဳသာလွေပမယ့္ ေနာင္တရသလိုအရိပ္အေယာင္ေတြလည္းပါေနတယ္။
ဒါကိုၾကားေတာ့ ဟဲ့ခ်န္းမင္မ်က္လုံးေတြ ရဲတက္လာၿပီး စြပ္ျပဳတ္ပန္းကန္ေပၚကိုသာ အၾကည့္ေတြစိုက္ခ်ၿပီး ခနေလာက္တုန႔္ဆိုင္းၿပီးမွ ေျပာလိုက္တယ္ "အေမက ဝက္တစ္ေကာင္ေမြးေနတာလား? ဒီေလာက္အမ်ားႀကီး ကြၽန္ေတာ္ကုန္ပါ့မလား?!"
ေက်ာင္ေမးလန္မ်က္ႏွာမွာ ဘာမွေပၚမေနဘူးဆိုေပမယ့္ သူမဝမ္းသာလုံးဆို႔ေနမိတယ္။ သူမသားဆီက သူမကို အေမလို႔ေခၚသံမၾကားရတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ? သူတို႔ရန္ျဖစ္ၿပီးတည္းက သူက သူမကို Ms.ေက်ာင္လို႔ပဲေခၚတာေၾကာင့္ သူမေဒါသထြက္ရလြန္းလို႔ ေသမတတ္ပဲ!
ဟဲ့မုရွန္းအတြက္ ေနာက္တစ္ခြက္ခ်ေပးၿပီးေနာက္ ေက်ာင္ေမးလန္ၿပဳံးၿပဳံးေလးေျပာလိုက္တယ္ "မင္းအစ္ကိုေတာင္ကုန္ႏိုင္တာ မင္းကဘာလို႔မကုန္ရတာလဲ?!" ဟဲ့မုရွန္းက ႐ုပ္ေသႀကီးနဲ႔ျဖတ္ေျပာတယ္ "အိုး ကြၽန္ေတာ့္ဇနီးက အတင္းတိုက္တြန္းလို႔" ဒါကိုက်န္းခ်ီၾကားေတာ့ ေျပာလာတယ္ "ဟမ္? ကြၽန္မက အတင္းလုပ္တယ္?"
ဟဲ့မုရွန္းရဲ႕အသက္ရွင္ခ်င္စိတ္က ျပင္းတယ္။ သူခ်က္ခ်င္းပဲ ေလသံေျပာင္းသြားတယ္ "မဟုတ္ပါဘူး၊ ကိုယ္အသားစားရတာ သေဘာက်လို႔"
ဟဲ့ခ်န္းမင္ သူ႔ကိုလွမ္းကန္လိုက္တယ္ "သူရဲေဘာေၾကာင္တဲ့လူ!"
သူတို႔ၾကားမွာ ကိုယ္ဝန္သည္က်န္းခ်ီရွိေနတာျဖစ္တယ္။ သူမသားရဲ႕အျပဳအမူေၾကာင့္ ေက်ာင္ေမးလန္ထိတ္လန႔္သြားၿပီး ခ်က္ခ်င္းသူ႔ကိုထ႐ိုက္ကာ ေျပာလိုက္တယ္ "ေလးစားမႈမရွိလိုက္တာ! မင္းရဲ႕ေဇာင္က်ီကို ထိမိသြားမွ!"
အ႐ိုက္ခံရၿပီးေနာက္ ဟဲ့ခ်န္းမင္ဆြံ႕အသြားေပမယ့္ ႏႈတ္ခမ္းေထာင့္က ေကာ့တက္သြားကာ အခုမွပဲ ဒီေနရာက အိမ္နဲ႔တူလာၿပီလို႔ခံစားရတယ္။
ဟဲ့ယြဲ႕က်င္းလည္း ထိုနည္းတူပဲ ခံစားရတယ္။ စာအိတ္နီေတြေဝၿပီးေနာက္ သူလည္းစိတ္ေပ်ာ္ေနတယ္။ အိမ္ထဲဝင္လိုက္ခ်ိန္မွာလည္း သူ႔ရဲ႕သင့္ျမတ္ေနတဲ့မိသားစုကိုျမင္ၿပီး မ်က္ရည္ေတြက ပါးျပင္ေပၚစီးက်လာတယ္။
သူအနားေလွ်ာက္သြားၿပီး က်န္းခ်ီကိုေမးလိုက္တယ္။ "သမီးမေန႔တုန္းက ultrasound႐ိုက္လာေသးလား?"
က်န္းခ်ီ "ဟုတ္ အခန္းထဲမွာ ပုံရွိတယ္!" "ျပပါအုံး!"
ဟဲ့ယြဲ႕က်င္းက က်န္းခ်ီ ကေလးျမန္ျမန္ေမြးေပးဖို႔ အခုတည္းက တြက္ခ်က္ေနၿပီ၊ ဒါမွသာ သူအဖိုးျဖစ္ႏိုင္မွာ။
ဟဲ့မုရွန္းက ပုံယူၿပီးျပန္ဆင္းလာေတာ့ ေက်ာင္ေမးလန္လည္း အနားကပ္လာတယ္။ ခုနစ္လရွိၿပီျဖစ္လို႔ ကေလးပုံေလးကိုလည္း ျမင္ေနရၿပီ၊ လက္ေလးေတြ ေျခေထာက္ေလးေတြကိုလည္း ရွင္းရွင္းလင္းလင္းျမင္ေနရၿပီ။
ဟဲ့ယြဲ႕က်င္း ေတြးဆဆနဲ႔ေျပာလာတယ္ "ေျမးမေလးပဲျဖစ္မယ္"
သူ႔သားႏွစ္ေယာက္ဆီက ေထာင္ဖမ္းခံလိုက္ရတာနဲ႔တင္ လုံေလာက္ေနၿပီ။ မိန္းကေလးပဲ ပိုေကာင္းတယ္လို႔ ခံစားမိတယ္။ မိန္းကေလးေတြက နာခံတတ္ၿပီး သူ႔ကိုခြန္းတုံ႔ျပန္မေျပာဘူး။ ေျမးမေသးေသးေလးဆိုရင္ အရမ္းခ်စ္ဖို႔ေကာင္းေနမွာ။ [T/N : ဟဲ့မုရွန္းနဲ႔ က်န္းခ်ီလို မိဘမ်ိဳးက ထြက္လာေတာ့မယ္ဆိုေတာ့ အေၾကာတင္းေလးေတြပဲရလာလိမ့္မယ္ထင္တယ္]
ေက်ာင္းေမးလန္ကလည္း ဝင္ေျပာတယ္ "ကြၽန္မကေတာ့ ေျမးေလးျဖစ္ႏိုင္ေလာက္မယ္လို႔ကိုထင္ေနတာ! ကိုယ္ဝန္သည္ေတြ အခ်ဥ္စားခ်င္တယ္ဆိုရင္ ေယာက်ာ္းေလး... အစပ္ဆိုရင္ေတာ့ မိန္းကေလးတဲ့၊ ခ်ီခ်ီက အခ်ဥ္ပိုစားေနတာ... အဲ့ေတာ့ ေသခ်ာေပါက္ ေျမးေလးပဲ!" ဟဲ့ယြဲ႕က်င္းမ်က္ႏွာႀကီးတည္သြားတယ္ "အဲ့တာဆိုလည္း ေနာက္တစ္ခါ ေျမးမေလးတစ္ေယာက္ယူလိုက္႐ုံေပါ့"
က်န္းခ်ီ "..."
ႏွစ္သစ္ကူးညစာစားပြဲမွာ ဟဲ့ယြဲ႕က်င္းက လူတိုင္းကို စာအိတ္နီေလးေတြေပးခဲ့တယ္။ ေက်ာင္ေမးလန္လည္း သူမရဲ႕ေဝစုကိုရၿပီး ထူထူေလးကိုစမ္းမိတာေၾကာင့္ အရမ္းေပ်ာ္သြားတယ္။
က်န္းခ်ီက ကိုယ္ဝန္ရလာတာေၾကာင့္ ဟဲ့ယြဲ႕က်င္းက ဟဲ့groupရဲ႕ရွယ္ယာ ငါးရာခိုင္ႏႈန္းကိုေပးလိုက္တာေၾကာင့္ ဟဲ့မုရွန္းရင္ထဲထိသြားတယ္။
ဒါေပမယ့္ အဲ့တာေတြက က်န္းခ်ီရဲ႕ရွယ္ယာေတြျဖစ္တယ္။ သူမဗိုက္ထဲက ကေလးကလည္း သက္ရွိေသးေသးေလးျဖစ္တာေၾကာင့္ သူ႔အတြက္လည္း စာအိတ္နီတစ္လုံးေပးဖို႔လိုတယ္။ ဟဲ့ယြဲ႕က်င္းက ကိုယ္စားသိမ္းေပးထားဖို႔က်န္းခ်ီကို ၿပဳံး႐ႊင္စြာေပးလိုက္တယ္။
ထို႔ေနာက္ ဟဲ့ခ်န္းမင္အလွည့္က်ေရာက္လာၿပီး အေဖနဲ႔သားႏွစ္ေယာက္လုံး အခ်င္းခ်င္းစိုက္ၾကည့္ေနၾကတယ္။
ဟဲ့ယြဲ႕က်င္း မေက်မနပ္ျဖစ္မိတယ္။ ဒီသားသမီးတာဝန္မေက်တဲ့သားက ေရာက္တုန္းကလည္း အေဖလို႔မေခၚသလို သူ႔ကိုခုထိ မုန္းေနေသးသလိုပဲ! ဒီလိုေတြးမိၿပီး ဟဲ့ယြဲ႕က်င္း ႏွာမႈတ္လိုက္တယ္။
ဒီလူက အသက္ႀကီးေလေလ ပိုၿပီးအင္အားဆုတ္ယုတ္လာေလလို႔ ဟဲ့ခ်န္းမင္ ခံစားမိတယ္။ သူ႔လက္ထဲက စာအိတ္နီကို တည့္တိုးလွမ္းယူၿပီး ခပ္တည္တည္ေျပာလိုက္တယ္ "ေက်းဇူးတင္ပါတယ္ အေဖ" ဟဲ့ယြဲ႕က်င္း ေခ်ာင္းဟန႔္လိုက္ကာ သူ႔မ်က္ႏွာကလည္း ႐ုတ္ျခည္းေတာက္ပသြားတယ္။
သူတို႔ရဲ႕ႏွစ္သစ္ကူးညစာစားပြဲအၿပီးမွာ ေႏြဦးပြဲေတာ္ကို ဧည့္ခန္းထဲမွာ မိသားစုေတြ မာေက်ာက္ေဆာ့ရင္း က်င္းပလိုက္ၾကတယ္။
ဟဲ့မ်ိဳး႐ိုးနဲ႔လူသုံးေယာက္က တစ္ဖက္ေနၿပီး သူတို႔အားလုံးကလည္း ဘယ္လိုအကြက္ခ်ရမလဲဆိုတာကို သိၾကတယ္။ သူတို႔ေတြ ေက်ာင္ေမးလန္အခုေလးတင္ရထားတဲ့ စာအိတ္နီထဲက ပိုက္ဆံေတြေျပာင္သြားတဲ့အထိ ခြက္ထိုးခြက္လန္ရႈံးေအာင္လုပ္လိုက္တယ္။ သူမအရမ္းေဒါသထြက္ထြက္နဲ႔ လက္ေလ်ာ့လိုက္ရတယ္ "မေဆာ့ေတာ့ဘူး"
သူမရဲ႕သား ဟဲ့ခ်န္းမင္က ေငြစကၠဴတစ္ထပ္ကို တြန္းေပးလာတယ္ "ယူလိုက္"
ေက်ာင္ေမးလန္ ေကာက္ၿပီး ေရၾကည့္လိုက္တယ္။ သူမခုေလးတင္ ရႈံးထားတာေတြထက္ေတာင္ ပိုမ်ားေသးတယ္! အဲ့တာေၾကာင့္ သူမခ်က္ခ်င္းသိမ္းလိုက္ကာ ေစာေစာစီးစီးတက္အိပ္လိုက္ေတာ့တယ္။
ညသန္းေခါင္ေရာက္ေတာ့ ဟဲ့ခ်န္းမင္ က်ီေလ်ာင့္ကို ဖုန္းေခၚလိုက္တယ္ "ေပ်ာ္စရာတ႐ုတ္ႏွစ္သစ္ကူးေလးပါ ေဘဘီ" ဒါက သူတို႔အတြက္ ႏွစ္ႀကိမ္ေျမာက္ႏွစ္ကူးျဖစ္တယ္။
ေရွ႕ေလွ်ာက္လည္း မေရမတြက္ႏိုင္ေအာင္ရွိေနအုံးမွာ။
တ႐ုတ္ႏွစ္ကူးဒုတိယေန႔မွာ ဟဲ့ခ်န္းမင္က က်န္းခ်ီသူမအေမအိမ္ျပန္တာကို အေဖာ္လိုက္ေပးရတယ္။
ေနာက္ေတာ့ ဟဲ့ခ်န္းမင္က အိမ္မွာ ေဆာ့ရေအာင္ က်ီေလ်ာင့္ကို ေခၚခ်လာတယ္။
ပထမဆုံးအႀကိမ္လာရတာျဖစ္လို႔ က်ီေလ်ာင္အလြန္အမင္းစိတ္လႈပ္ရွားေနတယ္။ ဒါေပမယ့္ ဟဲ့ခ်န္းမင္က သူ႔လက္ကိုေတာက္ေလွ်ာက္ကိုင္ထားေပးၿပီး သူတို႔ရဲ႕ေႏြးေထြးတဲ့လက္ဖဝါးေတြက အသာထိေနၾကတယ္။
ဟဲ့မိသားစုအိမ္က အေစခံေတြက သူတို႔ရဲ႕ဒုတိယသခင္ေလးမွာ ခ်စ္သူေကာင္ေလးရွိၿပီး အိမ္ကိုေတာင္ေခၚလာတယ္ၾကားေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ အေျပးအလႊားလာၾကည့္ၾကတယ္။ သူတို႔ေတြ က်ီေလ်ာင့္ကိုအလြန္တရာေဖာ္ေ႐ြၿပီး လက္ဖက္ရည္ေတြခ်ေပး ေရေတြခ်ေပးလုပ္ေတာ့တယ္။
ခဏေနေတာ့ ဟဲ့ယြဲ႕က်င္းက က်ီေလ်ာင့္ကို စာၾကည့္ခန္းကိုေခၚၿပီး တည္ၿငိမ္တဲ့အသံနဲ႔ ေမးလိုက္တယ္ "လက္ဖက္ရည္ဘယ္လိုလုပ္ရလဲဆိုတာ သိလား?"
က်ီေလ်ာင္ ေခါင္းၿငိတ္ျပတယ္ "သိပါတယ္"
ဟဲ့ယြဲ႕က်င္း သူ႔ကိုထိုင္ခိုင္းၿပီး လက္ဖက္႐ြက္ေတြနဲ႔ ေရပူပူကိုေပးလိုက္တယ္။
က်ီေလ်ာင့္လႈပ္ရွားမႈေတြက အကြၽမ္းတဝင္ျဖစ္ေနတယ္။ က်ီခ်င္းဝမ္က လက္ဖက္ရည္ေသာက္ရတာႀကိဳက္တဲ့အတြက္ေၾကာင့္ ေကာင္းေကာင္းလည္းေဖ်ာ္တတ္သလို သူ႔ကိုလည္းသင္ေပးထားတယ္။ ေရစစ္ၿပီးေနာက္ ဟဲ့ယြဲ႕က်င္းအတြက္ တစ္ခြက္ထည့္ေပးလိုက္တယ္။
ဟဲ့ယြဲ႕က်င္း တစ္ငုံေသာက္ၿပီး ေပါ့ေပါ့ပါးပါးေျပာလိုက္တယ္ "မင္းအေဖေဖ်ာ္တာေလာက္ေတာ့ မေကာင္းဘူး" "ကြၽန္ေတာ့္အေဖကို သိတာလား?"
ဒီလိုေျပာၿပီးေတာ့မွ က်ီခ်င္းဝမ္က ဟဲ့မိသားစုအတြက္ ဗီလာေဆာက္ေပးခဲ့တာကို က်ီေလ်ာင္သတိရသြားတယ္။ ဒါေပမယ့္ တစ္ဖက္လူရဲ႕ရာထူးက အရမ္းျမင့္တယ္။ သူ႔အေဖနဲ႔ တကယ္ပဲေျပာဆိုဖူးတာလား?
"မင္းအေဖက ဟိတ္ဟန္မရွိတဲ့လူမ်ိဳး"
ဟဲ့ယြဲ႕က်င္းက ဒီလိုေျပာေနတုန္း က်ီေလ်ာင့္မ်က္ႏွာကို စိုက္ၾကည့္ေနတယ္။ သူက ဒီလိုသြယ္ဝိုက္ၿပီးေျပာေနတာကို နားလည္ပုံမရတာေၾကာင့္ သူမ်က္ခုံးေတြပင့္သြားတယ္။ [T/N : အမထင္တာေတာ့ သူက က်ီေလ်ာင့္ကို တီတီတာတာလုပ္တတ္တဲ့လူမ်ိဳးလို႔ ဆိုလိုခ်င္တာျဖစ္မယ္]
အဲ့အခ်ိန္မွာ ဟဲ့ခ်န္းမင္ တံခါးကိုတြန္းဖြင့္ၿပီး ဝင္လာတယ္။ ေက်ာင္ေမးလန္က တစ္ခုခုျမည္းခိုင္းၾကည့္မယ္ဆိုၿပီး ေခၚထုတ္သြားၿပီး ျပန္ေရာက္လာခ်ိန္မွာ က်ီေလ်ာင္ေပ်ာက္သြားတယ္။ ဟဲ့ယြဲ႕က်င္းက သူ႔ကိုေခၚသြားတယ္လို႔ အေစခံေျပာသံၾကားတာေၾကာင့္ အရမ္းလန႔္သြားၿပီး ေခြၽးေစးေတြပါျပန္ကာ ခ်က္ခ်င္းေျပးလာလိုက္တာျဖစ္တယ္။
"ႏွစ္ေယာက္က ဘာအေၾကာင္းေျပာေနတာလဲ?"
ဟဲ့ခ်န္းမင္က သတိေပးသလိုမ်က္လုံးေတြနဲ႔ အနားေလွ်ာက္လာတယ္။ ဟဲ့ယြဲ႕က်င္းလက္ထဲက စာအိတ္နီကိုျမင္ေတာ့မွ ရပ္တန႔္သြားတယ္။
က်ီေလ်ာင့္ပုံက ရွက္သလိုလိုပုံေလးျဖစ္ေနတယ္ "တကယ္မလိုပါဘူး ဦးေလး" စာအိတ္နီက အရမ္းတန္ဖိုးႀကီးေနပုံေပၚတယ္။ သူဘယ္လိုလုပ္လက္ခံႏိုင္မွာလဲ?!
ဘာေတြျဖစ္ေနတာလဲဆိုတာကို ဟဲ့ခ်န္းမင္ျမင္လိုက္ေတာ့မွ သက္ျပင္းခ်ၿပီး အလိုက္သင့္ က်ီေလ်ာင့္ကိုယ္စားယူလိုက္တယ္ "ယူလိုက္ပါ၊ သူပိုက္ဆံေခြၽတာဖို႔ ကူညီေပးစရာမလိုဘူး... ဘာပဲျဖစ္ျဖစ္ သူအသက္ႀကီးလာရင္လည္း ကိုယ္တို႔ပဲေစာင့္ေရွာက္ရမွာ" ဟဲ့ယြဲ႕က်င္း ေဒါသထြက္ရမလား ရယ္ရမလားေတာင္မသိေတာ့ဘဲ ရင္ထဲကမီးေတာက္ကို လက္ဖက္ရည္တစ္ခြက္နဲ႔ ၿငိမ္းေအာင္လုပ္လိုက္ရတယ္။
သုံးေယာက္လုံး စာၾကည့္ခန္းထဲက ထြက္ထြက္လာခ်င္းမွာ အိမ္ေတာ္ထိန္းက ကုစုံတြဲနဲ႔ ကုမင္းယန္ကို ေခၚလာတယ္။ သူတို႔ေတြကို တ႐ုတ္ႏွစ္ကူးအတြက္ ဖိတ္ထားတာျဖစ္တယ္။
ကုမင္းယန္ က်ီေလ်ာင့္ကိုျမင္လိုက္ေတာ့ အေတာင့္လိုက္ႀကီးျဖစ္သြားတယ္။ ထို႔ေနာက္ မ်က္ႏွာကအနည္းငယ္လႈပ္လႈပ္ယြယြျဖစ္လာၿပီး လက္ႏွစ္ဖက္ကိုလည္း အိတ္ကပ္ထဲမွာ ခပ္တင္းတင္းဆုပ္ထားရတယ္။
ဟဲ့ခ်န္းမင္က တကယ္ႀကီးသူ႔ကိုအိမ္ေခၚလာတယ္။
ကုစုံတြဲနဲ႔ ဟဲ့ယြဲ႕က်င္းတို႔ ဧည့္ခန္းထဲမွာ စကားေျပာေနတုန္း ကုမင္းယန္က ေဆးလိပ္ေသာက္ဖို႔အတြက္ ဟဲ့ခ်န္းမင္နဲ႔ က်ီေလ်ာင္တို႔ေနာက္က လိုက္ထြက္လာတယ္။
အတိအက်ေျပာရရင္ေတာ့ သူတစ္ေယာက္တည္းသာ ေဆးလိပ္ေသာက္တာျဖစ္တယ္။
"မင္းက တကယ့္ကိုေလးစားစရာပဲ"
လက္ေခ်ာင္းၾကားမွာ စီးကရက္ကိုညႇပ္ထားရင္း မီးခိုးေတြမႈတ္ထုတ္ၿပီး ေျပာလိုက္တယ္။
ဟဲ့ခ်န္းမင္က ရယ္ေမာကာ ေက်နပ္မႈအျပည့္နဲ႔ က်ီေလ်ာင့္ပုခုံးေတြကို ဖက္လိုက္တယ္။
"ဂုဏ္ယူပါတယ္"
အခုသူ႔ရဲ႕စိတ္အေျခအေနက ဘယ္လိုျဖစ္ေနမွန္း ကုမင္းယန္မသိေတာ့ဘူး။ တစ္ဖက္ေကာင္ေလးရဲ႕ၿပီးျပည့္စုံတဲ့ဘ၀က သူ႔ကိုသေဘာေပါက္လာေစသလိုပဲ။ လုံး၀မျဖစ္ႏိုင္ဘူးဆိုတာေတာ့ မရွိေလာက္ဘူး။ သူတစ္ခ်က္ေဝ့ၾကည့္ၿပီး ေမးကိုေမာ့ကာ သိပ္သည္းလွတဲ့အေငြ႕ေတြကို မႈတ္ထုတ္လိုက္တယ္။
အေတာ္ၾကာမွ သူ႔ရဲ႕စီးကရက္ဖင္စီခံကို လႊင့္ပစ္ကာ နင္းေျခလိုက္တယ္။ သူထပ္ႀကိဳးစားၾကည့္မယ္။ [T/N : အေဟးေဟး]
_______________________________________
{Unicode}
•တခြားအရာတွေ ဘာမှမတွေးတော့လဲ သာယာမှုမှာမွေ့လျော်•
အဲ့တော့ရော ဘာဖြစ်လဲ? သူက ကျေးဇူးတွေတင်ပြပြီး မျက်ရည်အဝိုင်းသားနဲ့ ဒူးထောက်ပြီး အရိုအသေပေးရမှာလား?
ဟဲ့ချန်းမင်က မျက်နှာသေနဲ့ မျက်လွှာချပြီး နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ သရော်လိုက်တယ်။
ဟဲ့ယွဲ့ကျင်းက စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် ခင်ပွန်းကောင်းတစ်ယောက်တော့မဟုတ်ဘူး။ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆို ထည့်တောင်မပြောနဲ့တော့...
သူက ကျောင်မေးလန်အတွက် တာဝန်ယူမှုတွေမရှိခဲ့သလို ဟဲ့ချန်းမင်ကိုလည်း ဖခင်မေတ္တာဆိုသလိုမျိုးတွေ မပေးခဲ့ဘူး။
ကျောင်မေးလန်က သူနဲ့ညှိနှိုင်းချင်ပေမယ့် သူကလက်မခံဘူး။
"ကျွန်တော်ဘာတစ်ခုမှမလိုချင်ဘူး၊ ထွက်သွားလို့ရပြီ"
သူနဲ့ဟဲ့ယွဲ့ကျင်းကြားမှာရှိတဲ့ဆက်ဆံရေးက ပြိုကွဲလာခဲ့တာတစ်ရက်နှစ်ရက်လည်းမဟုတ်ဘူး၊ အခုချိန်မှာ သူပြန်ပြန်မပြန်ပြန် အရေးမပါတော့ဘူး။ တရုတ်နှစ်သစ်ကူးအတွက်ကတော့ အချိန်ရတယ်ဆို တွေးကြည့်လိုက်မယ်။
ကျောင်မေးလန်ရဲ့ "ယောကျာ်းကအရာအားလုံးပဲ"ဆိုတဲ့ အတွေးအခေါ်က နက်ရှိုင်းစွာအမြစ်တွယ်နေပြီ။ သူ့ရဲ့ဝတ်ကျေတမ်းကျေစကားတွေကိုကြားတော့ ဒေါသတကြီးခြေကိုဆောင့်ကာ ကျီလျောင့်ဘက်လှည့်ပြီး စိတ်ဓာတ်ကျစွာပြောလိုက်တယ် "ကျီလျောင် သူအခုလိုလုပ်နေတာတွေက မှန်တယ်လို့ထင်နေတာလား? အန်တီ့ကိုကူပြီး ရှောင်းမင်ကို ဖြောင်းဖြပေးပါလား?"
သူ့နာမည်ကိုကြားလိုက်ရတော့ ကျီလျောင်တွန့်သွားတယ်။ အရင်တုန်းက ကျောင်မေးလန်သူ့ကို ချက်လက်မှတ်တစ်စောင်နဲ့ အရှက်ခွဲခဲ့တာကို သူမမေ့သေးဘူး။ ဒါပေမယ့် အခုတော့ သူမရဲ့ခပ်တိုးတိုးအသံနဲ့ ထောင်လွှားမှုမရှိတဲ့ပုံကြောင့် နည်းနည်းစိတ်ပျော့သွားတယ်။ သူမက ဘယ်လိုကြီးပဲဖြစ်နေနေ ဟဲ့ချန်းမင်ရဲ့အမေပဲလေ။
သူ့ဘေးနားကကောင်လေးကို မော့ကြည့်လိုက်တယ်။
သူကလုပ်ပေးပါဆိုပြီး ခြေဟန်လက်ဟန်နဲ့လုပ်ပြလိုက်တော့ ဟဲ့ချန်းမင်က မျက်မှောင်ကြုတ်ပြီး ကတိပေးလာတယ် "နှစ်ရက်နေရင် ပြန်လာမယ်"
အဲ့တော့မှ ကျောင်မေးလန်ပြုံးသွားပြီး အမြန်ပြောလာတယ် "ကောင်းတယ် ကောင်းတယ်၊ ခုတလော အမေက စွပ်ပြုတ်ချက်နည်းကို လေ့လာထားသေးတယ်... မင်းပြန်လာရင် အမေနည်းနည်းသောက်ခိုင်းမယ်" ဟဲ့ချန်းမင်က သူမကို အထူးတဆန်းကြည့်ကာ ဘာမှပြန်မဖြေလာဘူး။
တရုတ်နှစ်သစ်ကူးပွဲတော်မှာ ဟဲ့ချန်းမင်အိမ်ပြန်လာတယ်။
ဧည့်ခန်းထဲမှာ ဟဲ့မုရှန်းက ကျန်းချီနဲ့ တီဗွီထိုင်ကြည့်နေတယ်။ သူပြန်လာတာမြင်တော့ ကျန်းချီက ချက်ချင်းထမေးတယ် "ကျီလျောင်ရော? ကျီလျောင်မလာဘူးလား?" ဟဲ့ချန်းမင်ပြန်ဖြေလိုက်တယ် "မလာဘူး၊ သူ့အိမ်မှာသူနေနေတာ" ကျန်းချီချက်ချင်းဆိုသလို စိတ်ပျက်သွားတယ် "အဖေခွင့်ပြုပေးဖို့က လွယ်တာလည်းမဟုတ်ဘဲနဲ့" ဒီကောင်လေးက ကျီလျောင့်ကိုတော့ သေချာပေါက်ခေါ်လာမှာပဲဆိုပြီးထင်ထားခဲ့တာ။ ပျော်ခဲ့မိတာ အလကားပဲ!
ဟဲ့ချန်းမင် ဒီအကြောင်းအများကြီးသိပ်မတွေးဘူး။ သူ့အထက်မှာ တစ်ယောက်မှမရှိဘူး။ ဟဲ့ယွဲ့ကျင်းက ခွင့်ပြုပေးလိုက်တယ်ဆိုတာ သူ့ကိစ္စ။ ကျီလျောင် လာကိုလာရမယ်လို့ မဆိုလိုဘူး။ သူ့မှာ ငြင်းပိုင်ခွင့်ရှိတယ်။
ကော်ဖီစားပွဲပေါ်မှာ အသီးအနှံတွေရှိတော့ ဟဲ့ချန်းမင်က ငှက်ပျောသီးတစ်ခုအခွံနွှာပြီး ဟဲ့မုရှန်းနဲ့ စတော့ဈေးကွက်အကြောင်းပြောကာ စားနေလိုက်တယ်။
ဒီမနက် ကျောင်မေးလန်အစောကြီးထပြီး ကြက်စွပ်ပြုတ်လုပ်ထားတယ်။ သူမက ယောက်ချိုဇွန်းနဲ့ အပေါ်မှာဝေ့နေတဲ့ဆီတွေကို ဖယ်ကာ ကျန်းချီအတွက် ပန်းကန်လုံးအသေးလေးနဲ့အပြည့်ထည့်ပေးလိုက်တယ်။ သူမထွက်လာချိန်မှာ သူမသားပြန်ရောက်နေတာကိုမြင်တော့ အပျော်တွေ မဖုံးမဖိနိုင်အောင်ဖြစ်နေတယ်။
"ကျေးဇူးတင်ပါတယ် အန်တီကျောင်"
ကျန်းချီက အပြောကောင်းသူတစ်ယောက်ဖြစ်တဲ့အလျောက် လတ်တလော ကျောင်မေးလန်နဲ့ အဆင်ပြေနေတယ်။
ကျောင်မေးလန်က ခေါင်းငြိတ်ပြပြီး သတိပေးလိုက်တယ် "ပူတုန်းလေးသောက်လိုက်" ကျန်းချီကလည်း ပြန်ဖြေတယ် "ဟုတ်ကဲ့"
သူတို့ဘေးမှာ ဟဲ့ချန်းမင်က စိုက်ကြည့်နေတယ်။ သူ့အမေကို သရဲဝင်ပူးနေတာများလား? ရုတ်တရက်ကြီး ချစ်တတ်တဲ့အမေတစ်ယောက်အဖြစ်ပြောင်းသွားတာ?
"မင်းရဲ့ဇောင်ကျီက အသားမစားဘူး၊ မင်းနဲ့မင်းအစ်ကိုစားဖို့အတွက် အသားတစ်ပန်းကန်စီပြင်ပေးမယ်"
ကျောင်မေးလန်က မွေးကတည်းက နူးညံ့လာတာဖြစ်တယ်။ အခု ဒီလိုဇနီးကောင်း၊ ချစ်တတ်တဲ့အမေတစ်ယောက်လိုပုံပေါ်နေတော့ ဟဲ့ယွဲ့ကျင်းအရမ်းကျေနပ်နေတယ်။
နောက်ဆုံးတော့ သူအောက်ဆင်းလာချိန်မှာ အိမ်ကလှုပ်ရှားသက်ဝင်နေတာမြင်တော့ စိတ်ရွှင်သွားပြီး အိမ်တော်ထိန်းကို အစေခံတွေ ဆင့်ခေါ်ခိုင်းလိုက်တယ်။ သူတို့ကို ဒီနှစ်အတွက် စာအိတ်နီတွေကြိုပေးထားမယ်!
ကျောင်မေးလန် မီးဖိုချောင်ထဲဝင်သွားတော့ ဟဲ့ချန်းမင်က ဟဲ့မုရှန်းကို တိုးတိုးလေးကပ်မေးလိုက်တယ် "ကျွန်တော့်အမေက ခုတလောဒီလိုပဲလား?" အရင်တုန်းကဆို သူမအိပ်ရာထလာရင်တောင်မှ စောင်ခေါက်ပေးဖို့ အစေခံတစ်ယောက်လောက်လိုတယ်။ အခုကျတော့ ဟင်းချက်တယ်?
ဟဲ့မုရှန်းက ကျန်းချီရဲ့ဗိုက်ကိုကိုင်ပြီး အဓိက,က ဒီကလေးလေးကြောင့် သူတို့မိသားစုထဲက လူတိုင်းပြောင်းလဲကုန်တာလို့ ခံစားမိတယ်။
"မင်းလည်း တခါတလေလာပြီး နှစ်ရက်လောက်ဖြစ်ဖြစ်နေပေးပေါ့... တချိန်လုံးအပြင်မှာချည်းပဲ လျှောက်သွားမနေနဲ့၊ အဖိုးကြီးကလည်းအခု မင်းကို မတားတော့ဘူးလေ ဘာတွေအလိုမကျဖြစ်နေတာလဲ?" ဟဲ့မုရှန်းက မျက်နှာထားတင်းတင်းနဲ့ အစ်ကိုကြီးတစ်ယောက်လိုပုံမျိုးနေကာ ဆူလိုက်တယ်။
ဟဲ့ချန်းမင်မျက်လုံးတွေက တခြားနေရာကိုရွှေ့သွားတယ် "ဘယ်သူကအလိုမကျလုပ်နေလို့လဲ? ကျွန်တော်အပြင်မှာ ဘယ်လောက်တောင်ဇိမ်ကျနေလဲဆိုတာ အစ်ကိုမသိပါဘူး" သူဆိုဖာပေါ်မှီချပြီး ပြန်မလာချင်တဲ့အကြောင်းအရာတွေကို စဉ်းစားနေလိုက်တယ်။
ဒီမှာက ရာထူးအလိုက်အရမ်းတင်းကျပ်တဲ့စနစ်ကြောင့်ဖြစ်တယ်။ ဒါပေမယ့် ဟဲ့ယွဲ့ကျင်းက ခြံဝင်းထဲမှာ အစေခံတွေကို စာအိတ်နီတွေပေးနေပြီး တစ်ယောက်ချင်းစီကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ "ပျော်ရွှင်စရာနှစ်သစ်ကူးလေးပါ ဥက္ကဌဟဲ့" "ဥက္ကဌဟဲ့... ဒီနေ့ပျော်နေသလိုပဲနော်!"ဆိုပြီး ပြောနေကြတယ်။ ကြည့်ရတာ ခွဲခြားမှုက အဲ့လောက်လည်းမဟုတ်သလိုပဲ။
ကျောင်မေးလန်ရဲ့ နှလုံးသားမရှိမှုကြောင့်သာဖြစ်တယ်။ ဒါပေမယ်အခုတော့ သူမက ကြက်သားတွေပြည့်နေတဲ့ စွပ်ပြုတ်တစ်ခွက်ကိုကိုင်ကာ ညင်သာစွာပြောလာတယ် "ရှောင်းမင် များများစား၊ အရင်တုန်းက အမေမင်းကိုစိတ်ပျက်စေခဲ့ပြီး ချစ်ကြောင်းသေချာမပြခဲ့ဘူး... နောက်တစ်ခါ အမေပြောင်းလဲပါ့မယ်"
အသက်လေးဆယ်နီးပါးရှိနေပြီဖြစ်တဲ့အမျိုးသမီးက ကွက်တိကျတဲ့ အနီရောင်လည်ထောင်ဘေးကွဲ တရုတ်အကျီကိုဝတ်ဆင်ထားပြီး တရုတ်နှစ်သစ်ကူးဆိုတာနဲ့ အရမ်းလိုက်ဖက်နေတယ်။ သူမအသံက ကျက်သရေရှိပြီး ကျန်းနန်အမျိုးသမီးတစ်ယောက်လို ချိုသာလှပေမယ့် နောင်တရသလိုအရိပ်အယောင်တွေလည်းပါနေတယ်။
ဒါကိုကြားတော့ ဟဲ့ချန်းမင်မျက်လုံးတွေ ရဲတက်လာပြီး စွပ်ပြုတ်ပန်းကန်ပေါ်ကိုသာ အကြည့်တွေစိုက်ချပြီး ခနလောက်တုန့်ဆိုင်းပြီးမှ ပြောလိုက်တယ် "အမေက ဝက်တစ်ကောင်မွေးနေတာလား? ဒီလောက်အများကြီး ကျွန်တော်ကုန်ပါ့မလား?!"
ကျောင်မေးလန်မျက်နှာမှာ ဘာမှပေါ်မနေဘူးဆိုပေမယ့် သူမဝမ်းသာလုံးဆို့နေမိတယ်။ သူမသားဆီက သူမကို အမေလို့ခေါ်သံမကြားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ? သူတို့ရန်ဖြစ်ပြီးတည်းက သူက သူမကို Ms.ကျောင်လို့ပဲခေါ်တာကြောင့် သူမဒေါသထွက်ရလွန်းလို့ သေမတတ်ပဲ!
ဟဲ့မုရှန်းအတွက် နောက်တစ်ခွက်ချပေးပြီးနောက် ကျောင်မေးလန်ပြုံးပြုံးလေးပြောလိုက်တယ် "မင်းအစ်ကိုတောင်ကုန်နိုင်တာ မင်းကဘာလို့မကုန်ရတာလဲ?!" ဟဲ့မုရှန်းက ရုပ်သေကြီးနဲ့ဖြတ်ပြောတယ် "အိုး ကျွန်တော့်ဇနီးက အတင်းတိုက်တွန်းလို့" ဒါကိုကျန်းချီကြားတော့ ပြောလာတယ် "ဟမ်? ကျွန်မက အတင်းလုပ်တယ်?"
ဟဲ့မုရှန်းရဲ့အသက်ရှင်ချင်စိတ်က ပြင်းတယ်။ သူချက်ချင်းပဲ လေသံပြောင်းသွားတယ် "မဟုတ်ပါဘူး၊ ကိုယ်အသားစားရတာ သဘောကျလို့"
ဟဲ့ချန်းမင် သူ့ကိုလှမ်းကန်လိုက်တယ် "သူရဲဘောကြောင်တဲ့လူ!"
သူတို့ကြားမှာ ကိုယ်ဝန်သည်ကျန်းချီရှိနေတာဖြစ်တယ်။ သူမသားရဲ့အပြုအမူကြောင့် ကျောင်မေးလန်ထိတ်လန့်သွားပြီး ချက်ချင်းသူ့ကိုထရိုက်ကာ ပြောလိုက်တယ် "လေးစားမှုမရှိလိုက်တာ! မင်းရဲ့ဇောင်ကျီကို ထိမိသွားမှ!"
အရိုက်ခံရပြီးနောက် ဟဲ့ချန်းမင်ဆွံ့အသွားပေမယ့် နှုတ်ခမ်းထောင့်က ကော့တက်သွားကာ အခုမှပဲ ဒီနေရာက အိမ်နဲ့တူလာပြီလို့ခံစားရတယ်။
ဟဲ့ယွဲ့ကျင်းလည်း ထိုနည်းတူပဲ ခံစားရတယ်။ စာအိတ်နီတွေဝေပြီးနောက် သူလည်းစိတ်ပျော်နေတယ်။ အိမ်ထဲဝင်လိုက်ချိန်မှာလည်း သူ့ရဲ့သင့်မြတ်နေတဲ့မိသားစုကိုမြင်ပြီး မျက်ရည်တွေက ပါးပြင်ပေါ်စီးကျလာတယ်။
သူအနားလျှောက်သွားပြီး ကျန်းချီကိုမေးလိုက်တယ်။ "သမီးမနေ့တုန်းက ultrasoundရိုက်လာသေးလား?"
ကျန်းချီ "ဟုတ် အခန်းထဲမှာ ပုံရှိတယ်!" "ပြပါအုံး!"
ဟဲ့ယွဲ့ကျင်းက ကျန်းချီ ကလေးမြန်မြန်မွေးပေးဖို့ အခုတည်းက တွက်ချက်နေပြီ၊ ဒါမှသာ သူအဖိုးဖြစ်နိုင်မှာ။
ဟဲ့မုရှန်းက ပုံယူပြီးပြန်ဆင်းလာတော့ ကျောင်မေးလန်လည်း အနားကပ်လာတယ်။ ခုနစ်လရှိပြီဖြစ်လို့ ကလေးပုံလေးကိုလည်း မြင်နေရပြီ၊ လက်လေးတွေ ခြေထောက်လေးတွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရပြီ။
ဟဲ့ယွဲ့ကျင်း တွေးဆဆနဲ့ပြောလာတယ် "မြေးမလေးပဲဖြစ်မယ်"
သူ့သားနှစ်ယောက်ဆီက ထောင်ဖမ်းခံလိုက်ရတာနဲ့တင် လုံလောက်နေပြီ။ မိန်းကလေးပဲ ပိုကောင်းတယ်လို့ ခံစားမိတယ်။ မိန်းကလေးတွေက နာခံတတ်ပြီး သူ့ကိုခွန်းတုံ့ပြန်မပြောဘူး။ မြေးမသေးသေးလေးဆိုရင် အရမ်းချစ်ဖို့ကောင်းနေမှာ။ [T/N : ဟဲ့မုရှန်းနဲ့ ကျန်းချီလို မိဘမျိုးက ထွက်လာတော့မယ်ဆိုတော့ အကြောတင်းလေးတွေပဲရလာလိမ့်မယ်ထင်တယ်]
ကျောင်းမေးလန်ကလည်း ဝင်ပြောတယ် "ကျွန်မကတော့ မြေးလေးဖြစ်နိုင်လောက်မယ်လို့ကိုထင်နေတာ! ကိုယ်ဝန်သည်တွေ အချဉ်စားချင်တယ်ဆိုရင် ယောကျာ်းလေး... အစပ်ဆိုရင်တော့ မိန်းကလေးတဲ့၊ ချီချီက အချဉ်ပိုစားနေတာ... အဲ့တော့ သေချာပေါက် မြေးလေးပဲ!" ဟဲ့ယွဲ့ကျင်းမျက်နှာကြီးတည်သွားတယ် "အဲ့တာဆိုလည်း နောက်တစ်ခါ မြေးမလေးတစ်ယောက်ယူလိုက်ရုံပေါ့"
ကျန်းချီ "..."
နှစ်သစ်ကူးညစာစားပွဲမှာ ဟဲ့ယွဲ့ကျင်းက လူတိုင်းကို စာအိတ်နီလေးတွေပေးခဲ့တယ်။ ကျောင်မေးလန်လည်း သူမရဲ့ဝေစုကိုရပြီး ထူထူလေးကိုစမ်းမိတာကြောင့် အရမ်းပျော်သွားတယ်။
ကျန်းချီက ကိုယ်ဝန်ရလာတာကြောင့် ဟဲ့ယွဲ့ကျင်းက ဟဲ့groupရဲ့ရှယ်ယာ ငါးရာခိုင်နှုန်းကိုပေးလိုက်တာကြောင့် ဟဲ့မုရှန်းရင်ထဲထိသွားတယ်။
ဒါပေမယ့် အဲ့တာတွေက ကျန်းချီရဲ့ရှယ်ယာတွေဖြစ်တယ်။ သူမဗိုက်ထဲက ကလေးကလည်း သက်ရှိသေးသေးလေးဖြစ်တာကြောင့် သူ့အတွက်လည်း စာအိတ်နီတစ်လုံးပေးဖို့လိုတယ်။ ဟဲ့ယွဲ့ကျင်းက ကိုယ်စားသိမ်းပေးထားဖို့ကျန်းချီကို ပြုံးရွှင်စွာပေးလိုက်တယ်။
ထို့နောက် ဟဲ့ချန်းမင်အလှည့်ကျရောက်လာပြီး အဖေနဲ့သားနှစ်ယောက်လုံး အချင်းချင်းစိုက်ကြည့်နေကြတယ်။
ဟဲ့ယွဲ့ကျင်း မကျေမနပ်ဖြစ်မိတယ်။ ဒီသားသမီးတာဝန်မကျေတဲ့သားက ရောက်တုန်းကလည်း အဖေလို့မခေါ်သလို သူ့ကိုခုထိ မုန်းနေသေးသလိုပဲ! ဒီလိုတွေးမိပြီး ဟဲ့ယွဲ့ကျင်း နှာမှုတ်လိုက်တယ်။
ဒီလူက အသက်ကြီးလေလေ ပိုပြီးအင်အားဆုတ်ယုတ်လာလေလို့ ဟဲ့ချန်းမင် ခံစားမိတယ်။ သူ့လက်ထဲက စာအိတ်နီကို တည့်တိုးလှမ်းယူပြီး ခပ်တည်တည်ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ် အဖေ" ဟဲ့ယွဲ့ကျင်း ချောင်းဟန့်လိုက်ကာ သူ့မျက်နှာကလည်း ရုတ်ခြည်းတောက်ပသွားတယ်။
သူတို့ရဲ့နှစ်သစ်ကူးညစာစားပွဲအပြီးမှာ နွေဦးပွဲတော်ကို ဧည့်ခန်းထဲမှာ မိသားစုတွေ မာကျောက်ဆော့ရင်း ကျင်းပလိုက်ကြတယ်။
ဟဲ့မျိုးရိုးနဲ့လူသုံးယောက်က တစ်ဖက်နေပြီး သူတို့အားလုံးကလည်း ဘယ်လိုအကွက်ချရမလဲဆိုတာကို သိကြတယ်။ သူတို့တွေ ကျောင်မေးလန်အခုလေးတင်ရထားတဲ့ စာအိတ်နီထဲက ပိုက်ဆံတွေပြောင်သွားတဲ့အထိ ခွက်ထိုးခွက်လန်ရှုံးအောင်လုပ်လိုက်တယ်။ သူမအရမ်းဒေါသထွက်ထွက်နဲ့ လက်လျော့လိုက်ရတယ် "မဆော့တော့ဘူး"
သူမရဲ့သား ဟဲ့ချန်းမင်က ငွေစက္ကူတစ်ထပ်ကို တွန်းပေးလာတယ် "ယူလိုက်"
ကျောင်မေးလန် ကောက်ပြီး ရေကြည့်လိုက်တယ်။ သူမခုလေးတင် ရှုံးထားတာတွေထက်တောင် ပိုများသေးတယ်! အဲ့တာကြောင့် သူမချက်ချင်းသိမ်းလိုက်ကာ စောစောစီးစီးတက်အိပ်လိုက်တော့တယ်။
ညသန်းခေါင်ရောက်တော့ ဟဲ့ချန်းမင် ကျီလျောင့်ကို ဖုန်းခေါ်လိုက်တယ် "ပျော်စရာတရုတ်နှစ်သစ်ကူးလေးပါ ဘေဘီ" ဒါက သူတို့အတွက် နှစ်ကြိမ်မြောက်နှစ်ကူးဖြစ်တယ်။
ရှေ့လျှောက်လည်း မရေမတွက်နိုင်အောင်ရှိနေအုံးမှာ။
တရုတ်နှစ်ကူးဒုတိယနေ့မှာ ဟဲ့ချန်းမင်က ကျန်းချီသူမအမေအိမ်ပြန်တာကို အဖော်လိုက်ပေးရတယ်။
နောက်တော့ ဟဲ့ချန်းမင်က အိမ်မှာ ဆော့ရအောင် ကျီလျောင့်ကို ခေါ်ချလာတယ်။
ပထမဆုံးအကြိမ်လာရတာဖြစ်လို့ ကျီလျောင်အလွန်အမင်းစိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် ဟဲ့ချန်းမင်က သူ့လက်ကိုတောက်လျှောက်ကိုင်ထားပေးပြီး သူတို့ရဲ့နွေးထွေးတဲ့လက်ဖဝါးတွေက အသာထိနေကြတယ်။
ဟဲ့မိသားစုအိမ်က အစေခံတွေက သူတို့ရဲ့ဒုတိယသခင်လေးမှာ ချစ်သူကောင်လေးရှိပြီး အိမ်ကိုတောင်ခေါ်လာတယ်ကြားတော့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှားလာကြည့်ကြတယ်။ သူတို့တွေ ကျီလျောင့်ကိုအလွန်တရာဖော်ရွေပြီး လက်ဖက်ရည်တွေချပေး ရေတွေချပေးလုပ်တော့တယ်။
ခဏနေတော့ ဟဲ့ယွဲ့ကျင်းက ကျီလျောင့်ကို စာကြည့်ခန်းကိုခေါ်ပြီး တည်ငြိမ်တဲ့အသံနဲ့ မေးလိုက်တယ် "လက်ဖက်ရည်ဘယ်လိုလုပ်ရလဲဆိုတာ သိလား?"
ကျီလျောင် ခေါင်းငြိတ်ပြတယ် "သိပါတယ်"
ဟဲ့ယွဲ့ကျင်း သူ့ကိုထိုင်ခိုင်းပြီး လက်ဖက်ရွက်တွေနဲ့ ရေပူပူကိုပေးလိုက်တယ်။
ကျီလျောင့်လှုပ်ရှားမှုတွေက အကျွမ်းတဝင်ဖြစ်နေတယ်။ ကျီချင်းဝမ်က လက်ဖက်ရည်သောက်ရတာကြိုက်တဲ့အတွက်ကြောင့် ကောင်းကောင်းလည်းဖျော်တတ်သလို သူ့ကိုလည်းသင်ပေးထားတယ်။ ရေစစ်ပြီးနောက် ဟဲ့ယွဲ့ကျင်းအတွက် တစ်ခွက်ထည့်ပေးလိုက်တယ်။
ဟဲ့ယွဲ့ကျင်း တစ်ငုံသောက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ် "မင်းအဖေဖျော်တာလောက်တော့ မကောင်းဘူး" "ကျွန်တော့်အဖေကို သိတာလား?"
ဒီလိုပြောပြီးတော့မှ ကျီချင်းဝမ်က ဟဲ့မိသားစုအတွက် ဗီလာဆောက်ပေးခဲ့တာကို ကျီလျောင်သတိရသွားတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ရာထူးက အရမ်းမြင့်တယ်။ သူ့အဖေနဲ့ တကယ်ပဲပြောဆိုဖူးတာလား?
"မင်းအဖေက ဟိတ်ဟန်မရှိတဲ့လူမျိုး"
ဟဲ့ယွဲ့ကျင်းက ဒီလိုပြောနေတုန်း ကျီလျောင့်မျက်နှာကို စိုက်ကြည့်နေတယ်။ သူက ဒီလိုသွယ်ဝိုက်ပြီးပြောနေတာကို နားလည်ပုံမရတာကြောင့် သူမျက်ခုံးတွေပင့်သွားတယ်။ [T/N : အမထင်တာတော့ သူက ကျီလျောင့်ကို တီတီတာတာလုပ်တတ်တဲ့လူမျိုးလို့ ဆိုလိုချင်တာဖြစ်မယ်]
အဲ့အချိန်မှာ ဟဲ့ချန်းမင် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာတယ်။ ကျောင်မေးလန်က တစ်ခုခုမြည်းခိုင်းကြည့်မယ်ဆိုပြီး ခေါ်ထုတ်သွားပြီး ပြန်ရောက်လာချိန်မှာ ကျီလျောင်ပျောက်သွားတယ်။ ဟဲ့ယွဲ့ကျင်းက သူ့ကိုခေါ်သွားတယ်လို့ အစေခံပြောသံကြားတာကြောင့် အရမ်းလန့်သွားပြီး ချွေးစေးတွေပါပြန်ကာ ချက်ချင်းပြေးလာလိုက်တာဖြစ်တယ်။
"နှစ်ယောက်က ဘာအကြောင်းပြောနေတာလဲ?"
ဟဲ့ချန်းမင်က သတိပေးသလိုမျက်လုံးတွေနဲ့ အနားလျှောက်လာတယ်။ ဟဲ့ယွဲ့ကျင်းလက်ထဲက စာအိတ်နီကိုမြင်တော့မှ ရပ်တန့်သွားတယ်။
ကျီလျောင့်ပုံက ရှက်သလိုလိုပုံလေးဖြစ်နေတယ် "တကယ်မလိုပါဘူး ဦးလေး" စာအိတ်နီက အရမ်းတန်ဖိုးကြီးနေပုံပေါ်တယ်။ သူဘယ်လိုလုပ်လက်ခံနိုင်မှာလဲ?!
ဘာတွေဖြစ်နေတာလဲဆိုတာကို ဟဲ့ချန်းမင်မြင်လိုက်တော့မှ သက်ပြင်းချပြီး အလိုက်သင့် ကျီလျောင့်ကိုယ်စားယူလိုက်တယ် "ယူလိုက်ပါ၊ သူပိုက်ဆံချွေတာဖို့ ကူညီပေးစရာမလိုဘူး... ဘာပဲဖြစ်ဖြစ် သူအသက်ကြီးလာရင်လည်း ကိုယ်တို့ပဲစောင့်ရှောက်ရမှာ" ဟဲ့ယွဲ့ကျင်း ဒေါသထွက်ရမလား ရယ်ရမလားတောင်မသိတော့ဘဲ ရင်ထဲကမီးတောက်ကို လက်ဖက်ရည်တစ်ခွက်နဲ့ ငြိမ်းအောင်လုပ်လိုက်ရတယ်။
သုံးယောက်လုံး စာကြည့်ခန်းထဲက ထွက်ထွက်လာချင်းမှာ အိမ်တော်ထိန်းက ကုစုံတွဲနဲ့ ကုမင်းယန်ကို ခေါ်လာတယ်။ သူတို့တွေကို တရုတ်နှစ်ကူးအတွက် ဖိတ်ထားတာဖြစ်တယ်။
ကုမင်းယန် ကျီလျောင့်ကိုမြင်လိုက်တော့ အတောင့်လိုက်ကြီးဖြစ်သွားတယ်။ ထို့နောက် မျက်နှာကအနည်းငယ်လှုပ်လှုပ်ယွယွဖြစ်လာပြီး လက်နှစ်ဖက်ကိုလည်း အိတ်ကပ်ထဲမှာ ခပ်တင်းတင်းဆုပ်ထားရတယ်။
ဟဲ့ချန်းမင်က တကယ်ကြီးသူ့ကိုအိမ်ခေါ်လာတယ်။
ကုစုံတွဲနဲ့ ဟဲ့ယွဲ့ကျင်းတို့ ဧည့်ခန်းထဲမှာ စကားပြောနေတုန်း ကုမင်းယန်က ဆေးလိပ်သောက်ဖို့အတွက် ဟဲ့ချန်းမင်နဲ့ ကျီလျောင်တို့နောက်က လိုက်ထွက်လာတယ်။
အတိအကျပြောရရင်တော့ သူတစ်ယောက်တည်းသာ ဆေးလိပ်သောက်တာဖြစ်တယ်။
"မင်းက တကယ့်ကိုလေးစားစရာပဲ"
လက်ချောင်းကြားမှာ စီးကရက်ကိုညှပ်ထားရင်း မီးခိုးတွေမှုတ်ထုတ်ပြီး ပြောလိုက်တယ်။
ဟဲ့ချန်းမင်က ရယ်မောကာ ကျေနပ်မှုအပြည့်နဲ့ ကျီလျောင့်ပုခုံးတွေကို ဖက်လိုက်တယ်။
"ဂုဏ်ယူပါတယ်"
အခုသူ့ရဲ့စိတ်အခြေအနေက ဘယ်လိုဖြစ်နေမှန်း ကုမင်းယန်မသိတော့ဘူး။ တစ်ဖက်ကောင်လေးရဲ့ပြီးပြည့်စုံတဲ့ဘ၀က သူ့ကိုသဘောပေါက်လာစေသလိုပဲ။ လုံး၀မဖြစ်နိုင်ဘူးဆိုတာတော့ မရှိလောက်ဘူး။ သူတစ်ချက်ဝေ့ကြည့်ပြီး မေးကိုမော့ကာ သိပ်သည်းလှတဲ့အငွေ့တွေကို မှုတ်ထုတ်လိုက်တယ်။
အတော်ကြာမှ သူ့ရဲ့စီးကရက်ဖင်စီခံကို လွှင့်ပစ်ကာ နင်းခြေလိုက်တယ်။ သူထပ်ကြိုးစားကြည့်မယ်။ [T/N : အဟေးဟေး]
_____
Thanks 😉