{Zawgyi}
•Happy Birthday ေဘဘီ•
ေႏြရာသီပိတ္ရက္ရဲ႕ပထမဆုံးရက္မွာ က်ီေလ်ာင္သူ႔ဘာသာႏိုးလာတဲ့အထိ အိပ္ပစ္လိုက္ၿပီး သက္ေသာင့္သက္သာအေၾကာဆန႔္လိုက္တယ္။
ေက်ာင္းကိုမသြားရတာ ေကာင္းလိုက္တာ!
အိပ္ရာထဲက ထြက္ၿပီး သန႔္ရွင္းေရးလုပ္လိုက္တယ္။ သြားတိုက္ေနတုန္း ဖုန္းကိုႏွိပ္ၿပီး ဟဲ့ခ်န္းမင္ကို video callေခၚလိုက္တယ္။
ထိုအခ်ိန္မွာ ဟဲ့ခ်န္းမင္က gymမွာ ေလ့က်င့္ခန္းေတာင္လုပ္ေနၿပီ။ ပထမအေၾကာင္းျပခ်က္က တစ္လေက်ာ္ေလာက္ အနားယူလိုက္ရတဲ့ ဘယ္ဘက္လက္ကို ေလ့က်င့္ေပးဖို႔ျဖစ္တယ္။ ဒုတိယအေၾကာင္းျပခ်က္ကေတာ့ က်ီေလ်ာင့္ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးခ်င္လို႔ျဖစ္တယ္။
သူ႔ေဘဘီေလးက ၾကည့္ေတာ့သာ သိမ္သိမ္ေမြ႕ေမြ႕ေလး တကယ္တမ္းမွာေတာ့ အေတာ္ေလးမညႇာမတာခိုင္းတတ္တယ္။ အဲ့တာေၾကာင့္ ပိတ္ရက္ရတာကို အခြင့္ေကာင္းယူၿပီး ထိုအေကာင္ငယ္ေလး သူ႔ကိုထိတဲ့အခ်ိန္မွာ မေပ်ာ္မ႐ႊင္မျဖစ္ရေအာင္လို႔ ဝမ္းဗိုက္ႂကြက္သားေတြကို အျမန္ေလ့က်င့္ေပးေနတာျဖစ္တယ္။
က်ီေလ်ာင္က တစ္ဖက္ေကာင္ေလးရဲ႕လက္ေမာင္းႂကြက္သားေတြကိုၾကည့္ၿပီး သြားတိုက္ေနတာ ရပ္တန႔္သြားတယ္။ ပါးစပ္ထဲမွာ သြားတိုက္ေဆးအျမႇဳပ္ေတြအျပည့္နဲ႔ ေျပာလိုက္တယ္ "ေလ့က်င့္ခန္းလုပ္ေနတာလား? အိပ္ရာထတာ အေစာႀကီးပဲ"
အိပ္ရာထဲမွာ ပ်င္းရိၿပီးေနတတ္တဲ့အေလ့အက်င့္ ဟဲ့ခ်န္းမင္မွာမရွိဘူး။ ေက်ာင္ေမးလန္က သူငယ္ငယ္ေလးတည္းက စည္းကမ္းတင္းၾကပ္တယ္။ အခ်ိန္တန္ၿပီဆို အိပ္ရာကႏိုးလာတတ္တဲ့အက်င့္က ႏွစ္ေပါင္းေတာ္ေတာ္ၾကာေနၿပီ။
သူရဲ႕အခ်ိဳးက်လွတဲ့ လက္ေမာင္းႂကြက္သားေတြကို ထင္သာျမင္သာျဖစ္ေစတဲ့ အားကစားစြပ္က်ယ္ကို ဝတ္ထားတယ္။ က်ီေလ်ာင့္ပါးစပ္ထဲမွာ သြားရည္ေတြျပည့္လာၿပီး ျပန္ေထြးထုတ္ဖို႔ေတာင္ ေမ့ေနတယ္။ တစ္ဖက္ေကာင္ေလးရဲ႕ ေတာင့္တင္းလွတဲ့ပုခုံးကေနတဆင့္ ထင္ရွားတဲ့ညႇပ္႐ိုးေပၚ အၾကည့္ေတြ အေျခက်သြားတယ္။ လည္တိုင္ကေန စီးက်လာတဲ့ေခြၽးစီးေၾကာင္းကို လိုက္ၾကည့္ရင္း သူ႔အၾကည့္ေတြက ေနာက္တစ္ေခါက္ တစ္ကိုယ္လုံးၿခဳံငုံၾကည့္မိျပန္တယ္။ က်ီေလ်ာင္ မ်က္ေတာင္မခတ္စတမ္းစိုက္ၾကည့္ေနရင္း သတိမမူမိဘဲ တံေတြးၿမိဳခ်လိုက္မိသြားတာေၾကာင့္ ပလုတ္က်င္းရမယ့္အရည္ေတြကိုပါ ၿမိဳခ်မိကုန္တယ္။
ဟဲ့ခ်န္းမင္ရဲ႕ခပ္တိုးတိုးနဲ႔ အက္ရွေနတဲ့ ရယ္သံဩဩထြက္ေပၚလာတယ္။ လွပတဲ့ခႏၶာကိုယ္နဲ႔ ေကာက္ေၾကာင္းေတြက ေသေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနတယ္။ သူ႔ရဲ႕အရာႏိုးထလာတာကို က်ီေလ်ာင္သတိထားမိတဲ့အခါ နီရဲေနတဲ့မ်က္ႏွာနဲ႔ ေျပာလိုက္တယ္ "မင္းကို ေနာက္မွျပန္ေခၚေတာ့မယ္"
ဖုန္းကို ျမန္ျမန္ပိတ္ၿပီး သူ႔ရဲ႕ႏွလုံးသားငယ္ေလးကို ဖိကာ ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ဂြၾကားကိုၾကည့္ၿပီး ရွက္ရွက္နဲ႔ ေရခ်ိဳးခန္းတံခါးပိတ္လိုက္တယ္။
ဟဲ့ခ်န္းမင္က သူ႔ရဲ႕ေနာက္ဆုံးပိတ္ေလ့က်င့္ခန္းၿပီးသြားတဲ့အခါ ဖုန္းကို ကိုင္ၿပီး က်ီေလ်ာင့္ကို ေနာက္တီးေနာက္ေတာက္ စာတစ္ေစာင္ပို႔လိုက္တယ္ : 'ေဘဘီ မာေနတာလား?'
အခု က်ီေလ်ာင့္မွာ သူ႔ကိုစာျပန္ဖို႔ အခ်ိန္မရွိဘူး။ အရမ္းအလုပ္မ်ားေနၿပီး တက္တက္ႂကြႂကြလုပ္ေနရတယ္!
ဟဲ့ခ်န္းမင္ အေတာ္ႀကီးအားတက္သြားၿပီး gymဆီပဲ ေျပးေတာ့တယ္။ လဝက္ေလာက္ၾကာေတာ့ ရလဒ္က ျမင္သာလာတယ္။
မွန္ထဲကေနတဆင့္ သူ႔ရဲ႕ရွည္သြယ္ ေျဖာင့္တန္းေနတဲ့ပုံစံနဲ႔ ထင္ရွားတဲ့ဝမ္းဗိုက္မ်က္ႏွာျပင္ကို ၾကည့္လိုက္တယ္။ အရမ္းႀကီးလည္း ဖုေဖာင္းထြက္ေနတာမဟုတ္ေပမယ့္ တခ်ိန္တည္းမွာပဲ အခ်ိဳးက်ေနတယ္။ က်စ္စုတ္ၿပီး အနည္းငယ္တြက္ခ်က္ၾကည့္လိုက္ေတာ့ မၾကာခင္ က်ီေလ်ာင့္ေမြးေန႔ေရာက္လာေတာ့မွာကို သတိျပဳမိသြားတယ္။
ဟဲ့ခ်န္းမင္က ေမြးေန႔မတိုင္ခင္တစ္ရက္ မန္မိသားစုအိမ္မွာ ညစာသြားစားကာ ရႈအိုက္ဝမ္ကို ေပ်ာ္ေအာင္လုပ္ေပးၿပီး အဲ့ညက်ီေလ်ာင့္ကို ႐ုပ္ရွင္ၾကည့္ဖို႔အတြက္ ေခၚထုတ္လာလိုက္တယ္။
႐ုပ္ရွင္႐ုံမွာ လူေတြအမ်ားႀကီးရွိေနၿပီး ဟဲ့ခ်န္းမင္ လက္မွတ္ေတြဝယ္ဖို႔ တန္းစီလိုက္ရတယ္။ ေပါက္ေပါက္ဆုပ္နဲ႔ ကိုလာတစ္set ဝယ္လိုက္ၿပီး က်ီေလ်ာင္နဲ႔အတူေသာက္ဖို႔ ပိုက္တစ္ေခ်ာင္းတည္းသာ ယူလာတယ္။
ႏွစ္ေယာက္သား လက္ခ်င္းတြဲၿပီး ႐ုံထဲဝင္လာခဲ့တယ္။ ထိုင္ၿပီးတဲ့ေနာက္ ႐ုံထဲမွာက လူေတြျပည့္လုနီးပါးျဖစ္ေနတာေတြ႕ေတာ့မွ ဒီ႐ုပ္ရွင္က အေတာ္နာမည္ႀကီးတယ္ဆိုတာ သတိျပဳမိသြားတယ္။ ကံေကာင္းခ်င္ေတာ့ သူကဉာဏ္ေကာင္းၿပီး လက္မွတ္အပိုေလးေစာင္ဝယ္ၿပီး တျခားသူဝင္မရႈပ္ႏိုင္ေအာင္ လုပ္ထားႏိုင္ခဲ့တယ္။
႐ုပ္ရွင္မစခင္ က်ီေလ်ာင္က ေပါက္ေပါက္ဘူးကို ဖက္ကာ ေပ်ာ္ေပ်ာ္ႀကီးထိုင္စားေနတယ္။ အာေျခာက္လာတာေၾကာင့္ ကိုလာေသာက္ဖို႔လုပ္လိုက္ေပမယ့္ အဲ့တာက တဖက္ေကာင္ေလးလက္ထဲမွာျဖစ္ေနတယ္။ ေကာင္ေလးဆီက အဓိပၸါယ္ပါပါအၾကည့္ေလးရလိုက္ေတာ့ ဟဲ့ခ်န္းမင္ကလည္း နာနာခံခံနဲ႔ ေရွ႕တိုးေပးလိုက္တယ္။
သတိမထားဘဲ ပိုက္ကိုစုပ္ေသာက္လိုက္ခ်ိန္မွာ အေနာက္နားကေန မိန္းကေလးတစ္ေယာက္ရဲ႕ ခပ္စူးစူးအသံေလးကို ၾကားလိုက္ရတယ္။ ဒီလိုမ်ိဳး ရင္းႏွီးလြန္းလွတဲ့ခံစားခ်က္က သူ႔ကို သတိရသြားေစတယ္...
ရႈေရွာင္က်င္းေလ...
ေနာက္ပိုင္း သူတျဖည္းျဖည္းနဲ႔ ရႈေရွာင္က်င္းက ဖူဂ်ိဳရွီဆိုတာကို သိလိုက္ရတယ္။ ဟဲ့ခ်န္းမင္ သူ႔ကိုလာရွာၿပီဆိုရင္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ သူမက သူ႔ထက္ေတာင္ေပ်ာ္ေနေသးတယ္။
က်ီေလ်ာင္ ေပါက္ေပါက္ဆုပ္ကို အသာေလးခ်လိုက္ၿပီဆိုရင္ ဟဲ့ခ်န္းမင္က အလိုက္သင့္ကိုလာဘူးကို တိုးေပးတယ္ _ ေတြးေပးတတ္တဲ့ခ်စ္သူေကာင္ေလးလို ပုံစံမ်ိဳးကို လုံး၀မတိမ္းေစာင္းေစရဘူး။
မၾကာခင္ ႐ုံထဲမွာ ေမွာင္က်သြားၿပီး ႐ုပ္ရွင္ကားစျပေတာ့တယ္။ ဟာသကားျဖစ္တာေၾကာင့္ က်ီေလ်ာင္မေရမတြက္ႏိုင္ေလာက္ေအာင္ ထရယ္မိတာ ဟဲ့ခ်န္းမင္ေတာင္ မေနႏိုင္ေတာ့ဘဲ လွည့္ၾကည့္ရတဲ့အထိျဖစ္တယ္။ သူလည္း အရမ္းေပ်ာ္ၿပီး တစ္ဖက္ေကာင္ေလးလက္ကို လွမ္းဆြဲကာ လက္ေခ်ာင္းခ်င္းယွက္ၿပီး ခပ္တင္းတင္းကိုင္ထားလိုက္တယ္။
က်ီေလ်ာင္က ေခါင္းေလးေစာင္းၿပီး ခပ္တိုးတိုးေမးတယ္ "ဘာျဖစ္လို႔လဲ?"
ေကာင္ေလးရဲ႕ရယ္သံေလးက နားေထာင္ေကာင္းလြန္းလို႔ ႐ုပ္ရွင္ၾကည့္မယ့္အစား သူ႔ကိုပဲထိုင္ၾကည့္ေနခ်င္တယ္လို႔ ဟဲ့ခ်န္းမင္ေျပာလိုက္ခ်င္တယ္!
ဒါေပမယ့္ က်ီေလ်ာင့္အာ႐ုံက သူ႔ဆီမွာမရွိဘူး။ ေမးၿပီးတာနဲ႔ ပိတ္ကားဘက္ကို ေခါင္းျပန္လွည့္ကာ ႐ိုးရွင္းလွတဲ့ပုံစံေလးနဲ႔ အ႐ူးေလးလိုမ်ိဳး ေပ်ာ္႐ႊင္ေနတယ္။
႐ုပ္ရွင္႐ုံထဲမွာ အရမ္းေမွာင္ေနၿပီး ပိတ္ကားေပၚက မွိန္ဖ်ဖ်အလင္းေရာင္က ေကာင္ေလးမ်က္ႏွာေပၚျဖာက်ေနၿပီး က်ီေလ်ာင့္ရဲ႕မ်က္လုံးေလးေတြကို အေရာင္ေတာက္ၿပီး မ်က္ေတာင္ေလးေတြကို ရွည္ရွည္ေလးျဖစ္ေနေစတယ္။
သူ႔ေဘးနားက လူငယ္ေလးကို ဘာေၾကာင့္ ႀကိဳက္မိရတာလဲဆိုတာကို ဟဲ့ခ်န္းမင္ မေရမတြက္ႏိုင္ေအာင္ ေတြးၾကည့္ဖူးတယ္။
သြယ္လ်တဲ့ ခါးေလးေၾကာင့္လား? ဒါမွမဟုတ္ ေျခတံရွည္ေတြေၾကာင့္လား? ဒါမွမဟုတ္ သူ႔ကိုပထမဆုံးစေတြ႕ခ်ိန္တုန္းက တင္ပါးေကာက္ေကာက္ေလးေၾကာင့္လား?
တစ္ဖက္လူရဲ႕ေနာက္ပိုင္းကို စြဲလမ္းခဲ့တဲ့ ထိုေႏြရာသီေန႔ရက္ေလးကို သူရွင္းရွင္းလင္းလင္းမွတ္မိေသးတယ္။ ေကာင္ေလးဆီက "အေဖ"လို႔ထြက္မလာခင္အထိ မိန္းကေလးလို႔ပဲ ထင္ထားခဲ့တာ။ ၾကည္လင္ၿပီး လူငယ္ဆန္တဲ့အသံေလးက သူ႔ရဲ႕နားစည္ကိုျဖတ္လာကာ သူ႔ခႏၶာကိုယ္တစ္ခုလုံးကို ထုံထိုင္းသြားေစခဲ့တယ္။
အဲ့အခ်ိန္မွာ က်ီေလ်ာင္ေခါင္းလွည့္လာခဲ့တယ္။ ထိုေန႔ကစူးရွတဲ့ေနေရာင္ျခည္က ေကာင္ေလးရဲ႕ေတာက္ပတဲ့အၿပဳံးေလးကို မဖုံးလႊမ္းႏိုင္ခဲ့ဘူး။ ေက်ာက္သလင္းေလးေတြလို ၾကည္လင္ေနတဲ့မ်က္လုံးေလးေတြေၾကာင့္ သူအရမ္းမိန္းေမာသြားကာ အသက္ရႈရခက္ၿပီး ေသြးေျပာင္းျပန္စီးဆင္းသြားသလိုေတာင္ ျဖစ္ခဲ့ရတယ္။ ထိုအခ်ိန္မွာ သူေတြးမိတဲ့တစ္ခုတည္းေသာစကားလုံးက "အျပစ္ကင္းလိုက္တာ"ျဖစ္ေပမယ့္ ဒီလူက မိန္းကေလးတစ္ေယာက္မဟုတ္ခဲ့ဘူး။ ေကာင္ေလးက က်ီခ်င္းဝမ္ဆီကို အျမန္ေျပးသြားကာ ေန႔ခင္းအလုပ္ကို တက္တက္ႂကြႂကြနဲ႔ကူညီၿပီး ဘိလပ္ေျမကို အားမာန္အျပည့္နဲ႔ ေမႊေပးေနခဲ့တယ္။ ပင္ပန္းလာတဲ့အခါ ေျမႀကီးေပၚေျခပစ္လက္ပစ္ထိုင္နားၿပီး ေကာက္႐ိုးဦးထုပ္ေလးနဲ႔ သူ႔ကိုသူ ယပ္ခတ္ေနတယ္။
အေကာင္းျမင္ကာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး တက္ႂကြေနတာပဲ။ ႏူးညံ့တဲ့မိန္းကေလးတစ္ေယာက္ထက္ ပိုအသုံးက်တဲ့ ဒီလိုေကာင္ေလးက သူ႔ႏွလုံးသားထဲကို ခ်က္ခ်င္းဆိုသလို အရွိန္ျပင္းျပင္းနဲ႔ဝင္ေရာက္လာတယ္။
ေနာက္ပိုင္း က်ီေလ်ာင့္မွာ သူတမ္းတေနခဲ့ရတဲ့ လြတ္လပ္မႈဆိုတာရွိၿပီး သူမရရွိႏိုင္တဲ့ ေပ်ာ္႐ႊင္မႈေတြရွိေနမွန္း သတိျပဳမိခဲ့တယ္။ သူ ထိုေကာင္ေလးကို ၾကည့္ေနသေ႐ြ႕ သူ႔ရဲ႕ညိဳ႕မႈိင္းေနတဲ့ႏွလုံးသားထဲကို ေနေရာင္ျခည္ေလးက်ေရာက္ၿပီး ေတာက္ပလာသလိုပဲ။ ေႏြးေထြးမႈေတြ လႊမ္းၿခဳံေနတဲ့ခံစားခ်က္ေလးက ဟဲ့ခ်န္းမင္ ဘယ္တုန္းကမွမသိခဲ့ရတဲ့ သက္ေသာင့္သက္သာျဖစ္မႈေလးကို ရရွိေစခဲ့တယ္။
႐ုပ္ရွင္ကားၿပီးေတာ့မွပဲ သူ႔စိတ္ေတြက လက္ရွိအခ်ိန္ကို ျပန္ေရာက္လာတယ္။
က်ီေလ်ာင့္လက္ေတြကို သူတင္းတင္းက်ပ္က်ပ္ကိုင္ထားမိေနတယ္။ လက္ဖဝါးေတြက ေခြၽးေတြစိုလာတာေၾကာင့္ က်ီေလ်ာင္က အနည္းငယ္႐ြံသလိုမ်ိဳး လက္ကို ျပန္ဆြဲထုတ္သြားတယ္။
ဟဲ့ခ်န္းမင္ ၿပဳံးသာၿပဳံးၿပီး ဘာမွမေျပာလိုက္ဘူး။ ေကာင္ေလးပုခုံးေပၚလက္တင္ကာ ထြက္လာခဲ့ၾကတယ္။
က်ီေလ်ာင္ကေတာ့ သူတို႔ခုေလးတင္ၾကည့္လာတဲ့ ဟာသကားအေၾကာင္း စိတ္လႈပ္ရွားစြာျပန္ေျပာေနတယ္။ သူ႔ေဘးနားကလူႀကီးက ဘာမွမတုန႔္ျပန္တာကိုျမင္ေတာ့ ေမးၾကည့္လိုက္တယ္ "မင္းခုနတုန္းက ၾကည့္ေနလား မၾကည့္ဘူးလား?!"
ဟဲ့ခ်န္းမင္ အမွန္တိုင္းေျပာလိုက္တယ္ "ဟင့္အင္း ကိုယ္အဲ့တာကို စိတ္မဝင္စားဘူး"
က်ီေလ်ာင္သူ႔ကို လူထူးဆန္းတစ္ေယာက္လိုမ်ိဳး လွည့္ၾကည့္လာတယ္ "အဲ့တာဆိုလည္း ဘာလို႔လက္မွတ္ေတြဝယ္လိုက္ရတာလဲ?"
ဟဲ့ခ်န္းမင္က ေကာင္ေလးမ်က္ႏွာကိုညႇစ္ကာ ျမတ္ျမတ္ႏိုးႏိုးေျပာလိုက္တယ္ "မင္းႀကိဳက္ရင္ၿပီးတာပဲ"
ဒီလိုေျပာလိုက္တာက သူမႀကိဳက္ဘူးဆိုရင္ေတာင္ တစ္ဖက္ေကာင္ေလးၾကည့္မွာကို အေဖာ္လိုက္ျပဳေပးရလို႔ ေပ်ာ္တယ္ဆိုတဲ့သေဘာျဖစ္တယ္။ အခ်ိန္ကုန္တာ အလဟသတ္မျဖစ္ဘူး တန္ေတာင္တန္ေသးတယ္ေပါ့။
ဒီေကာင္ေလးဆီက စကားလုံးခ်ိဳခ်ိဳေလးေတြ အႀကိမ္ေပါင္းမ်ားစြာ ၾကားဖူးၿပီးသားဆိုေပမယ့္ အခ်ိန္တိုင္းမွာ ရင္ခုန္တုန္းပဲ။ ရင္ထဲမွာ ခ်ိဳၿမိန္သြားၿပီး အသာေလးေမးလိုက္တယ္ "သၾကားလုံးလိုခ်င္လား?"
ဟဲ့ခ်န္းမင္ "!!!"
သူမယူဘူးဆိုရင္ ေယာက်ာ္းဘယ္ဟုတ္ေတာ့မလဲ!
ခ်က္ခ်င္းဆိုသလို ေဘးဘီကိုၾကည့္ကာ အကြယ္တစ္ခုရွာလိုက္တယ္။ ဒါေပမယ့္ ေဘးဘီကိုၾကည့္ၿပီးေနာက္ business centreမွာ လူေတြျပည့္ႏွက္ေနတာကိုပဲ ေတြ႕လိုက္ရတာေၾကာင့္ စိတ္တိုသြားတယ္။
က်ီေလ်ာင္ သူ႔ရဲ႕ေဒါသထြက္တတ္တဲ့ အက်င့္ကိုၾကည့္ၿပီး ရင္ခုန္သံေတြတျဖည္းျဖည္းတိုးလာကာ သူ႔မ်က္ႏွာေပၚက အၿပဳံးကလည္း ေနမင္းေသးေသးေလးလိုမ်ိဳး ေတာက္ပလာတယ္။
ထိုေကာင္ေလးက မနက္ျဖန္သူ႔ေမြးေန႔ဆိုတာကို မွတ္မိရဲ႕လားမသိဘူး။ သတိမထားမိဘဲ သူ႔အိတ္ကပ္ထဲက မွတ္ပုံတင္ထည့္ထားတဲ့ဆီကို လွမ္းကိုင္မိတယ္။
"ငါတို႔ အရင္ထြက္ၾကမယ္ေလ?" က်ီေလ်ာင္အႀကံေပးလိုက္တယ္။ ဒါက business centreျဖစ္တာေၾကာင့္ အိမ္သာသြားခ်င္တယ္ဆိုရင္ေတာင္ တန္းစီဖို႔လိုတယ္။
ဟဲ့ခ်န္းမင္ သူ႔လည္ေခ်ာင္းထဲမွာ မီးေတာက္ေနၿပီလို႔ေတာင္ ခံစားရတယ္။ တစ္ဖက္ေကာင္ေလးရဲ႕ေခါင္းအေနာက္ဘက္ကို ဆြဲကာ ေတြေဝျခင္းမရွိ နမ္းလိုက္တဲ့အခါ ခ်က္ခ်င္းဆိုသလို ျဖတ္သြားတဲ့လူေတြဆီက အားေပးသံေတြထြက္ေပၚလာတယ္။ သူတို႔ဖုန္းေတြကို ထုတ္ၿပီး ဓာတ္ပုံ႐ိုက္ေနတဲ့လူေတြေတာင္ရွိတယ္...
ဟဲ့ခ်န္းမင္ မ်က္ေမွာင္ၾကဳတ္သြားၿပီး က်ီေလ်ာင့္ပုခုံးကို ဖက္ကာ ထြက္လာခဲ့လိုက္တယ္။
ရင္ျပင္မွာရွိတဲ့ လ်ပ္စစ္အခ်ိန္ျပနာရီမွာ ေပက်င္းအခ်ိန္ 22:00နာရီအတိျပေနၿပီ။
ပုံမွန္ဒီအခ်ိန္ဆို က်ီေလ်ာင္အိမ္ျပန္သင့္ေနၿပီ။ သူမျပန္ေသးဘူးဆိုရင္ ရႈအိုက္ဝမ္က ျပန္လာဖို႔ ေဆာ္ဩတတ္တယ္။
သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္လုံး ဘာမွမေျပာျဖစ္ၾကဘူး။ ဟဲ့ခ်န္းမင္ တစ္ကိုယ္ေကာင္းဆန္ခ်င္တယ္။ ေကာင္ေလးရဲ႕အထူးေန႔ေလးမွာ အေဖာ္ျပဳေပးခ်င္ေနေပမယ့္ က်ီေလ်ာင္အခက္ေတြ႕မွာစိုးတာေၾကာင့္ ႏႈတ္ပိတ္ၿပီးသာေနေနလိုက္တယ္။
က်ီေလ်ာင္ အိတ္ကတ္ထဲက မွတ္ပုံတင္ကိုကိုင္ထားရင္း ရင္ေတြ မတရားခုန္လာတယ္။ မသက္မသာနဲ႔ႏႈတ္ခမ္းသပ္ၿပီး လက္ေခ်ာင္းေလးေတြနဲ႔ ေဘးနားကလူရဲ႕ လက္ဖဝါးကို ေျဖးေျဖးေလးတို႔လိုက္တယ္။
ဟဲ့ခ်န္းမင္က ျပန္ဆြဲလိုက္ၿပီး သူ႔ဘက္လွည့္ကာ နက္ေမွာင္တဲ့မ်က္လုံးႀကီးေတြနဲ႔ မဝံ့မရဲေမးလိုက္တယ္ "ဒီညအိမ္မျပန္နဲ႔ေတာ့ေလ ဟင္?"
သူ႔ေလသံက ဆြဲမက္စရာတစိုးတစိမွ်မပါသလို ေလသံကိုေပ်ာ့ေျပာင္းကာ ခ်စ္စရာေကာင္းတဲ့ပုံနဲ႔လည္း ေမးလာတာမဟုတ္ဘူး။ အဲ့အစား ထင္မွတ္မထားေလာက္ေအာင္ ေလးနက္ေနၿပီး က်ီေလ်ာင္သာ လက္ခံမယ္ဆိုရင္ ဒီတစ္ဘ၀လုံးေပါင္းစည္းေတာ့မယ့္ ပုံစံမ်ိဳးျဖစ္တယ္။
"ၿပီးေရာ ငါမွတ္ပုံတင္ေတာင္ယူလာတယ္" က်ီေလ်ာင့္မ်က္လုံးေလးေတြကလည္း ေတာက္ပေနၿပီး သူ႔ေရွ႕ကလူကိုသာ အာ႐ုံစိုက္ထားတယ္။
ဒီအၾကည့္ေၾကာင့္ ဟဲ့ခ်န္းမင္လည္ေခ်ာင္းေတြ တင္းက်ပ္လာၿပီး ေနာက္ပိုင္းတစ္ဖက္ေကာင္ေလးရဲ႕ကိုယ္ေပၚမွာ ေသရမယ္ဆိုရင္ေတာင္မွ ေသဖို႔ဆႏၵရွိေနတယ္။
ေကာင္ေလးရဲ႕လက္ေမာင္းကို ဆြဲၿပီး လမ္းျဖတ္ကူးကာ ဟိုတယ္ဆီသြားလိုက္တယ္။
က်ီေလ်ာင္ အရမ္းစိတ္လႈပ္ရွားေနၿပီး သူ႔ႏွလုံးသားကလည္း အကန႔္ထဲကေန ျပဳတ္ထြက္ေတာ့မလို ခံစားေနရတယ္။
အရင္ဆုံး ဟဲပခ်န္းမင္က လမ္းကူးၿပီး ေဘးနားကစတိုးဆိုင္ဆီသြားကာ ေခ်ာဆီနဲ႔ တျခား က်ီေလ်ာင္နားမလည္တဲ့အရာေတြအမ်ားႀကီးဝယ္ခ်လာတယ္။
ေကာင္တာမွာ စာရင္းေပးၿပီးတာနဲ႔ ဟိုတယ္ဓာတ္ေလွကားထဲကို တိုက္႐ိုက္ဝင္လိုက္တယ္။
သူတို႔ေတြ တစ္လမ္းလုံးအသံတိတ္ၿပီး စိတ္ရွည္ခဲ့ၾကတယ္။ တံခါးဖြင့္ၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕စၾက၀ဠာငယ္ေလးက ခ်က္ခ်င္းေပါက္ကြဲထြက္လာေတာ့တယ္။
က်ီေလ်ာင္က တံခါးမွာဖိကပ္ၿပီး နင့္နင့္သီးသီးအနမ္းခံေနရေတာ့ ႏႈတ္ခမ္းကို ဖြင့္ဟၿပီး တစ္ဖက္ေကာင္ေလးဆီက မုန္တိုင္းကို ႀကိဳဆိုေနရတယ္။
.
.
.
က်ီေလ်ာင္ညည္းညဴကာ မ်က္လုံးေထာင့္ကေန မ်က္ရည္ေတြက်ေနတယ္။
ဟဲ့ခ်န္းမင္က ရင္နာစြာေကာင္ေလးရဲ႕မ်က္ရည္ေတြကို လ်က္လိုက္ၿပီး အသာႏွစ္သိမ့္လိုက္တယ္ "မငိုပါနဲ႔ေတာ့ မင္းဆက္ငိုေနရင္ ကိုယ္ထပ္ၿပီး မာလာလိမ့္မယ္"
ဒီလိုသနားစရာပုံေလးနဲ႔ဆို သူတစ္ရက္လုံး မာေနႏိုင္တယ္!
ဟဲ့ခ်န္းမင္ ဖုန္းကိုေကာက္ယူၾကည့္လိုက္တယ္။ သန္းေခါင္ေက်ာ္ေနၿပီ။ သူက်ီေလ်ာင့္မ်က္ႏွာေလးကို လက္ေခ်ာင္းသြယ္သြယ္ေလးေတြနဲ႔ပြတ္ကာ တိုးတိုးေလးေျပာလိုက္တယ္ "Happy Birthday ေဘဘီ"
က်ီေလ်ာင္ တရႈံ႕ရႈံ႕နဲ႔ သူ႔ရင္ခြင္ထဲက ေခါင္းေလးထုတ္ကာ လက္ေလးျဖန႔္ၿပီးေျပာလိုက္တယ္ "အဲ့တာဆို ငါ့ရဲ႕လက္ေဆာင္ေရာ?!" သူ႔အသံက အက္ကြဲကာခပ္တိုးတိုးျဖစ္ေနၿပီး မေက်မနပ္ျဖစ္ေနသလို တရႈံ႕ရႈံ႕လည္းျဖစ္ေနေသးတယ္။
ဟဲ့ခ်န္းမင္ရဲ႕ေအာက္ပိုင္းက ျမန္ျမန္ျပန္ထႂကြလာၿပီး လက္ေဆာင္ကို ဘယ္နားထားမိမွန္းေတာင္ သတိမရေတာ့ဘူး။ ခ်က္ခ်င္းဆိုသလို ေကာင္ေလးကို ႏွစ္သိမ့္ၿပီးေျပာလိုက္တယ္ "ကိုယ္မင္းကို မနက္ျဖန္ေပးမယ္ေလ၊ ေနာက္တစ္ေခါက္ေလာက္ ရေသးလား?!"
က်ီေလ်ာင္ထြက္ေျပးေပမယ့္ ျပန္မိသြားကာ အႀကီးအက်ယ္သင္ခန္းစာ သင္လိုက္ရျပန္တယ္။
အဆုံးမရွိတဲ့ညတာကို အနာဂတ္အေၾကာင္းမေတြးဘဲ ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းလိုက္တယ္။
ေနာက္တစ္ေန႔ က်ီေလ်ာင္ႏိုးလာခ်ိန္မွာ မ်က္လုံးေတြေဖာေယာင္ကာ လည္ေခ်ာင္းေတြလည္း ေျခာက္ကပ္ေနတယ္။
ဟဲ့ခ်န္းမင္ကေတာ့ ႏိုးေနၿပီျဖစ္ကာ သူ႔ေဘးနားမွာထိုင္ေနရင္းနဲ႔ သူ႔ကိုေခါင္းေစာင္းၿပီးၾကည့္ေနတယ္။ ဆႏၵေတြျပည့္၀သြားတဲ့မ်က္ႏွာနဲ႔ ဂ႐ုတစိုက္ေမးလာတယ္ "ေရဆာေနလား? ေရေသာက္မလား?!"
က်ီေလ်ာင္ပါးစပ္ဟလိုက္ေပမယ့္ အသံမထြက္ႏိုင္တာသိလိုက္ေတာ့ ေခါင္းသာၿငိတ္ျပလိုက္တယ္။
ထလိုက္ခ်ိန္မွာ ခ်က္ခ်င္းဆိုသလို သက္ျပင္းရႈိက္လိုက္မိသြားတယ္။ သူ႔ခါးက ဘာလို႔ဒီေလာက္ေတာင္ နာေနရတာလဲ?! အေနာက္ပိုင္းကလည္း ပူေလာင္ၿပီး သူ႔ကိုေသေအာင္သတ္ေနသလိုပဲ။
"မလႈပ္နဲ႔ေလ၊ နည္းနည္းေလာက္ထပ္လွဲေနပါအုံး" ဟဲ့ခ်န္းမင္ အျပစ္မကင္းသလို ခံစားလိုက္ရတယ္။ သူလြန္တယ္ဆိုတာကို သိေတာ့ ျမန္ျမန္ဆန္ဆန္ေရေႏြးေႏြးေလး လွမ္းေပးလိုက္တယ္။
က်ီေလ်ာင့္မွာ သူ႔ကိုဆူဖို႔ အားေတာင္မရွိေတာ့ဘဲ ေရေသာက္ခ်ၿပီးေတာ့မွ နည္းနည္းအဆင္ေျပလာတယ္။
စိတ္ထဲမွာ ညတုန္းက႐ူးသြပ္ခဲ့တာေတြ အလိုလိုျပန္ေပၚလာၿပီး သူ႔ခႏၶာကိုယ္ကို အျမန္ၾကည့္လိုက္တယ္။ တခ်ိဳ႕ေနရာေတြကလြဲလို႔ အမွတ္အသားအရာတစ္ခုမွမရွိတာ ေသခ်ာေတာ့မွ သက္ျပင္းခ်မိတယ္။
အိမ္ျပန္ေရာက္လို႔ သူ႔အေမျမင္သြားရင္ ဒုကၡေရာက္လိမ့္မယ္!
ထိုအခ်ိန္က်မွ ရႈအိုက္ဝမ္အေၾကာင္းေတြးမိၿပီး က်ီေလ်ာင္ သူ႔ဖုန္းကို အျမန္စစ္ၾကည့္လိုက္တယ္။ ထင္မွတ္မထားစြာ missed callေတြ တစ္ခုမွရွိမေနဘူး!
[Kay : ကားေလးေတြက ျမန္လိုက္တာ ဝွစ္ခနဲ ဝွစ္ခနဲပဲ။ ဖင္ပိုင္းေလးေတြေတာင္ မျမင္လိုက္ရဘူး]
_______________________________________
{Unicode}
•Happy Birthday ဘေဘီ•
နွေရာသီပိတ်ရက်ရဲ့ပထမဆုံးရက်မှာ ကျီလျောင်သူ့ဘာသာနိုးလာတဲ့အထိ အိပ်ပစ်လိုက်ပြီး သက်သောင့်သက်သာအကြောဆန့်လိုက်တယ်။
ကျောင်းကိုမသွားရတာ ကောင်းလိုက်တာ!
အိပ်ရာထဲက ထွက်ပြီး သန့်ရှင်းရေးလုပ်လိုက်တယ်။ သွားတိုက်နေတုန်း ဖုန်းကိုနှိပ်ပြီး ဟဲ့ချန်းမင်ကို video callခေါ်လိုက်တယ်။
ထိုအချိန်မှာ ဟဲ့ချန်းမင်က gymမှာ လေ့ကျင့်ခန်းတောင်လုပ်နေပြီ။ ပထမအကြောင်းပြချက်က တစ်လကျော်လောက် အနားယူလိုက်ရတဲ့ ဘယ်ဘက်လက်ကို လေ့ကျင့်ပေးဖို့ဖြစ်တယ်။ ဒုတိယအကြောင်းပြချက်ကတော့ ကျီလျောင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ဖြစ်တယ်။
သူ့ဘေဘီလေးက ကြည့်တော့သာ သိမ်သိမ်မွေ့မွေ့လေး တကယ်တမ်းမှာတော့ အတော်လေးမညှာမတာခိုင်းတတ်တယ်။ အဲ့တာကြောင့် ပိတ်ရက်ရတာကို အခွင့်ကောင်းယူပြီး ထိုအကောင်ငယ်လေး သူ့ကိုထိတဲ့အချိန်မှာ မပျော်မရွှင်မဖြစ်ရအောင်လို့ ဝမ်းဗိုက်ကြွက်သားတွေကို အမြန်လေ့ကျင့်ပေးနေတာဖြစ်တယ်။
ကျီလျောင်က တစ်ဖက်ကောင်လေးရဲ့လက်မောင်းကြွက်သားတွေကိုကြည့်ပြီး သွားတိုက်နေတာ ရပ်တန့်သွားတယ်။ ပါးစပ်ထဲမှာ သွားတိုက်ဆေးအမြှုပ်တွေအပြည့်နဲ့ ပြောလိုက်တယ် "လေ့ကျင့်ခန်းလုပ်နေတာလား? အိပ်ရာထတာ အစောကြီးပဲ"
အိပ်ရာထဲမှာ ပျင်းရိပြီးနေတတ်တဲ့အလေ့အကျင့် ဟဲ့ချန်းမင်မှာမရှိဘူး။ ကျောင်မေးလန်က သူငယ်ငယ်လေးတည်းက စည်းကမ်းတင်းကြပ်တယ်။ အချိန်တန်ပြီဆို အိပ်ရာကနိုးလာတတ်တဲ့အကျင့်က နှစ်ပေါင်းတော်တော်ကြာနေပြီ။
သူရဲ့အချိုးကျလှတဲ့ လက်မောင်းကြွက်သားတွေကို ထင်သာမြင်သာဖြစ်စေတဲ့ အားကစားစွပ်ကျယ်ကို ဝတ်ထားတယ်။ ကျီလျောင့်ပါးစပ်ထဲမှာ သွားရည်တွေပြည့်လာပြီး ပြန်ထွေးထုတ်ဖို့တောင် မေ့နေတယ်။ တစ်ဖက်ကောင်လေးရဲ့ တောင့်တင်းလှတဲ့ပုခုံးကနေတဆင့် ထင်ရှားတဲ့ညှပ်ရိုးပေါ် အကြည့်တွေ အခြေကျသွားတယ်။ လည်တိုင်ကနေ စီးကျလာတဲ့ချွေးစီးကြောင်းကို လိုက်ကြည့်ရင်း သူ့အကြည့်တွေက နောက်တစ်ခေါက် တစ်ကိုယ်လုံးခြုံငုံကြည့်မိပြန်တယ်။ ကျီလျောင် မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေရင်း သတိမမူမိဘဲ တံတွေးမြိုချလိုက်မိသွားတာကြောင့် ပလုတ်ကျင်းရမယ့်အရည်တွေကိုပါ မြိုချမိကုန်တယ်။
ဟဲ့ချန်းမင်ရဲ့ခပ်တိုးတိုးနဲ့ အက်ရှနေတဲ့ ရယ်သံဩဩထွက်ပေါ်လာတယ်။ လှပတဲ့ခန္ဓာကိုယ်နဲ့ ကောက်ကြောင်းတွေက သေလောက်အောင် ဆွဲဆောင်မှုရှိနေတယ်။ သူ့ရဲ့အရာနိုးထလာတာကို ကျီလျောင်သတိထားမိတဲ့အခါ နီရဲနေတဲ့မျက်နှာနဲ့ ပြောလိုက်တယ် "မင်းကို နောက်မှပြန်ခေါ်တော့မယ်"
ဖုန်းကို မြန်မြန်ပိတ်ပြီး သူ့ရဲ့နှလုံးသားငယ်လေးကို ဖိကာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဂွကြားကိုကြည့်ပြီး ရှက်ရှက်နဲ့ ရေချိုးခန်းတံခါးပိတ်လိုက်တယ်။
ဟဲ့ချန်းမင်က သူ့ရဲ့နောက်ဆုံးပိတ်လေ့ကျင့်ခန်းပြီးသွားတဲ့အခါ ဖုန်းကို ကိုင်ပြီး ကျီလျောင့်ကို နောက်တီးနောက်တောက် စာတစ်စောင်ပို့လိုက်တယ် : 'ဘေဘီ မာနေတာလား?'
အခု ကျီလျောင့်မှာ သူ့ကိုစာပြန်ဖို့ အချိန်မရှိဘူး။ အရမ်းအလုပ်များနေပြီး တက်တက်ကြွကြွလုပ်နေရတယ်!
ဟဲ့ချန်းမင် အတော်ကြီးအားတက်သွားပြီး gymဆီပဲ ပြေးတော့တယ်။ လဝက်လောက်ကြာတော့ ရလဒ်က မြင်သာလာတယ်။
မှန်ထဲကနေတဆင့် သူ့ရဲ့ရှည်သွယ် ဖြောင့်တန်းနေတဲ့ပုံစံနဲ့ ထင်ရှားတဲ့ဝမ်းဗိုက်မျက်နှာပြင်ကို ကြည့်လိုက်တယ်။ အရမ်းကြီးလည်း ဖုဖောင်းထွက်နေတာမဟုတ်ပေမယ့် တချိန်တည်းမှာပဲ အချိုးကျနေတယ်။ ကျစ်စုတ်ပြီး အနည်းငယ်တွက်ချက်ကြည့်လိုက်တော့ မကြာခင် ကျီလျောင့်မွေးနေ့ရောက်လာတော့မှာကို သတိပြုမိသွားတယ်။
ဟဲ့ချန်းမင်က မွေးနေ့မတိုင်ခင်တစ်ရက် မန်မိသားစုအိမ်မှာ ညစာသွားစားကာ ရှုအိုက်ဝမ်ကို ပျော်အောင်လုပ်ပေးပြီး အဲ့ညကျီလျောင့်ကို ရုပ်ရှင်ကြည့်ဖို့အတွက် ခေါ်ထုတ်လာလိုက်တယ်။
ရုပ်ရှင်ရုံမှာ လူတွေအများကြီးရှိနေပြီး ဟဲ့ချန်းမင် လက်မှတ်တွေဝယ်ဖို့ တန်းစီလိုက်ရတယ်။ ပေါက်ပေါက်ဆုပ်နဲ့ ကိုလာတစ်set ဝယ်လိုက်ပြီး ကျီလျောင်နဲ့အတူသောက်ဖို့ ပိုက်တစ်ချောင်းတည်းသာ ယူလာတယ်။
နှစ်ယောက်သား လက်ချင်းတွဲပြီး ရုံထဲဝင်လာခဲ့တယ်။ ထိုင်ပြီးတဲ့နောက် ရုံထဲမှာက လူတွေပြည့်လုနီးပါးဖြစ်နေတာတွေ့တော့မှ ဒီရုပ်ရှင်က အတော်နာမည်ကြီးတယ်ဆိုတာ သတိပြုမိသွားတယ်။ ကံကောင်းချင်တော့ သူကဉာဏ်ကောင်းပြီး လက်မှတ်အပိုလေးစောင်ဝယ်ပြီး တခြားသူဝင်မရှုပ်နိုင်အောင် လုပ်ထားနိုင်ခဲ့တယ်။
ရုပ်ရှင်မစခင် ကျီလျောင်က ပေါက်ပေါက်ဘူးကို ဖက်ကာ ပျော်ပျော်ကြီးထိုင်စားနေတယ်။ အာခြောက်လာတာကြောင့် ကိုလာသောက်ဖို့လုပ်လိုက်ပေမယ့် အဲ့တာက တဖက်ကောင်လေးလက်ထဲမှာဖြစ်နေတယ်။ ကောင်လေးဆီက အဓိပ္ပါယ်ပါပါအကြည့်လေးရလိုက်တော့ ဟဲ့ချန်းမင်ကလည်း နာနာခံခံနဲ့ ရှေ့တိုးပေးလိုက်တယ်။
သတိမထားဘဲ ပိုက်ကိုစုပ်သောက်လိုက်ချိန်မှာ အနောက်နားကနေ မိန်းကလေးတစ်ယောက်ရဲ့ ခပ်စူးစူးအသံလေးကို ကြားလိုက်ရတယ်။ ဒီလိုမျိုး ရင်းနှီးလွန်းလှတဲ့ခံစားချက်က သူ့ကို သတိရသွားစေတယ်...
ရှုရှောင်ကျင်းလေ...
နောက်ပိုင်း သူတဖြည်းဖြည်းနဲ့ ရှုရှောင်ကျင်းက ဖူဂျိုရှီဆိုတာကို သိလိုက်ရတယ်။ ဟဲ့ချန်းမင် သူ့ကိုလာရှာပြီဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် သူမက သူ့ထက်တောင်ပျော်နေသေးတယ်။
ကျီလျောင် ပေါက်ပေါက်ဆုပ်ကို အသာလေးချလိုက်ပြီဆိုရင် ဟဲ့ချန်းမင်က အလိုက်သင့်ကိုလာဘူးကို တိုးပေးတယ် _ တွေးပေးတတ်တဲ့ချစ်သူကောင်လေးလို ပုံစံမျိုးကို လုံး၀မတိမ်းစောင်းစေရဘူး။
မကြာခင် ရုံထဲမှာ မှောင်ကျသွားပြီး ရုပ်ရှင်ကားစပြတော့တယ်။ ဟာသကားဖြစ်တာကြောင့် ကျီလျောင်မရေမတွက်နိုင်လောက်အောင် ထရယ်မိတာ ဟဲ့ချန်းမင်တောင် မနေနိုင်တော့ဘဲ လှည့်ကြည့်ရတဲ့အထိဖြစ်တယ်။ သူလည်း အရမ်းပျော်ပြီး တစ်ဖက်ကောင်လေးလက်ကို လှမ်းဆွဲကာ လက်ချောင်းချင်းယှက်ပြီး ခပ်တင်းတင်းကိုင်ထားလိုက်တယ်။
ကျီလျောင်က ခေါင်းလေးစောင်းပြီး ခပ်တိုးတိုးမေးတယ် "ဘာဖြစ်လို့လဲ?"
ကောင်လေးရဲ့ရယ်သံလေးက နားထောင်ကောင်းလွန်းလို့ ရုပ်ရှင်ကြည့်မယ့်အစား သူ့ကိုပဲထိုင်ကြည့်နေချင်တယ်လို့ ဟဲ့ချန်းမင်ပြောလိုက်ချင်တယ်!
ဒါပေမယ့် ကျီလျောင့်အာရုံက သူ့ဆီမှာမရှိဘူး။ မေးပြီးတာနဲ့ ပိတ်ကားဘက်ကို ခေါင်းပြန်လှည့်ကာ ရိုးရှင်းလှတဲ့ပုံစံလေးနဲ့ အရူးလေးလိုမျိုး ပျော်ရွှင်နေတယ်။
ရုပ်ရှင်ရုံထဲမှာ အရမ်းမှောင်နေပြီး ပိတ်ကားပေါ်က မှိန်ဖျဖျအလင်းရောင်က ကောင်လေးမျက်နှာပေါ်ဖြာကျနေပြီး ကျီလျောင့်ရဲ့မျက်လုံးလေးတွေကို အရောင်တောက်ပြီး မျက်တောင်လေးတွေကို ရှည်ရှည်လေးဖြစ်နေစေတယ်။
သူ့ဘေးနားက လူငယ်လေးကို ဘာကြောင့် ကြိုက်မိရတာလဲဆိုတာကို ဟဲ့ချန်းမင် မရေမတွက်နိုင်အောင် တွေးကြည့်ဖူးတယ်။
သွယ်လျတဲ့ ခါးလေးကြောင့်လား? ဒါမှမဟုတ် ခြေတံရှည်တွေကြောင့်လား? ဒါမှမဟုတ် သူ့ကိုပထမဆုံးစတွေ့ချိန်တုန်းက တင်ပါးကောက်ကောက်လေးကြောင့်လား?
တစ်ဖက်လူရဲ့နောက်ပိုင်းကို စွဲလမ်းခဲ့တဲ့ ထိုနွေရာသီနေ့ရက်လေးကို သူရှင်းရှင်းလင်းလင်းမှတ်မိသေးတယ်။ ကောင်လေးဆီက "အဖေ"လို့ထွက်မလာခင်အထိ မိန်းကလေးလို့ပဲ ထင်ထားခဲ့တာ။ ကြည်လင်ပြီး လူငယ်ဆန်တဲ့အသံလေးက သူ့ရဲ့နားစည်ကိုဖြတ်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထုံထိုင်းသွားစေခဲ့တယ်။
အဲ့အချိန်မှာ ကျီလျောင်ခေါင်းလှည့်လာခဲ့တယ်။ ထိုနေ့ကစူးရှတဲ့နေရောင်ခြည်က ကောင်လေးရဲ့တောက်ပတဲ့အပြုံးလေးကို မဖုံးလွှမ်းနိုင်ခဲ့ဘူး။ ကျောက်သလင်းလေးတွေလို ကြည်လင်နေတဲ့မျက်လုံးလေးတွေကြောင့် သူအရမ်းမိန်းမောသွားကာ အသက်ရှုရခက်ပြီး သွေးပြောင်းပြန်စီးဆင်းသွားသလိုတောင် ဖြစ်ခဲ့ရတယ်။ ထိုအချိန်မှာ သူတွေးမိတဲ့တစ်ခုတည်းသောစကားလုံးက "အပြစ်ကင်းလိုက်တာ"ဖြစ်ပေမယ့် ဒီလူက မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘူး။ ကောင်လေးက ကျီချင်းဝမ်ဆီကို အမြန်ပြေးသွားကာ နေ့ခင်းအလုပ်ကို တက်တက်ကြွကြွနဲ့ကူညီပြီး ဘိလပ်မြေကို အားမာန်အပြည့်နဲ့ မွှေပေးနေခဲ့တယ်။ ပင်ပန်းလာတဲ့အခါ မြေကြီးပေါ်ခြေပစ်လက်ပစ်ထိုင်နားပြီး ကောက်ရိုးဦးထုပ်လေးနဲ့ သူ့ကိုသူ ယပ်ခတ်နေတယ်။
အကောင်းမြင်ကာ ပျော်ပျော်နေတတ်ပြီး တက်ကြွနေတာပဲ။ နူးညံ့တဲ့မိန်းကလေးတစ်ယောက်ထက် ပိုအသုံးကျတဲ့ ဒီလိုကောင်လေးက သူ့နှလုံးသားထဲကို ချက်ချင်းဆိုသလို အရှိန်ပြင်းပြင်းနဲ့ဝင်ရောက်လာတယ်။
နောက်ပိုင်း ကျီလျောင့်မှာ သူတမ်းတနေခဲ့ရတဲ့ လွတ်လပ်မှုဆိုတာရှိပြီး သူမရရှိနိုင်တဲ့ ပျော်ရွှင်မှုတွေရှိနေမှန်း သတိပြုမိခဲ့တယ်။ သူ ထိုကောင်လေးကို ကြည့်နေသရွေ့ သူ့ရဲ့ညို့မှိုင်းနေတဲ့နှလုံးသားထဲကို နေရောင်ခြည်လေးကျရောက်ပြီး တောက်ပလာသလိုပဲ။ နွေးထွေးမှုတွေ လွှမ်းခြုံနေတဲ့ခံစားချက်လေးက ဟဲ့ချန်းမင် ဘယ်တုန်းကမှမသိခဲ့ရတဲ့ သက်သောင့်သက်သာဖြစ်မှုလေးကို ရရှိစေခဲ့တယ်။
ရုပ်ရှင်ကားပြီးတော့မှပဲ သူ့စိတ်တွေက လက်ရှိအချိန်ကို ပြန်ရောက်လာတယ်။
ကျီလျောင့်လက်တွေကို သူတင်းတင်းကျပ်ကျပ်ကိုင်ထားမိနေတယ်။ လက်ဖဝါးတွေက ချွေးတွေစိုလာတာကြောင့် ကျီလျောင်က အနည်းငယ်ရွံသလိုမျိုး လက်ကို ပြန်ဆွဲထုတ်သွားတယ်။
ဟဲ့ချန်းမင် ပြုံးသာပြုံးပြီး ဘာမှမပြောလိုက်ဘူး။ ကောင်လေးပုခုံးပေါ်လက်တင်ကာ ထွက်လာခဲ့ကြတယ်။
ကျီလျောင်ကတော့ သူတို့ခုလေးတင်ကြည့်လာတဲ့ ဟာသကားအကြောင်း စိတ်လှုပ်ရှားစွာပြန်ပြောနေတယ်။ သူ့ဘေးနားကလူကြီးက ဘာမှမတုန့်ပြန်တာကိုမြင်တော့ မေးကြည့်လိုက်တယ် "မင်းခုနတုန်းက ကြည့်နေလား မကြည့်ဘူးလား?!"
ဟဲ့ချန်းမင် အမှန်တိုင်းပြောလိုက်တယ် "ဟင့်အင်း ကိုယ်အဲ့တာကို စိတ်မဝင်စားဘူး"
ကျီလျောင်သူ့ကို လူထူးဆန်းတစ်ယောက်လိုမျိုး လှည့်ကြည့်လာတယ် "အဲ့တာဆိုလည်း ဘာလို့လက်မှတ်တွေဝယ်လိုက်ရတာလဲ?"
ဟဲ့ချန်းမင်က ကောင်လေးမျက်နှာကိုညှစ်ကာ မြတ်မြတ်နိုးနိုးပြောလိုက်တယ် "မင်းကြိုက်ရင်ပြီးတာပဲ"
ဒီလိုပြောလိုက်တာက သူမကြိုက်ဘူးဆိုရင်တောင် တစ်ဖက်ကောင်လေးကြည့်မှာကို အဖော်လိုက်ပြုပေးရလို့ ပျော်တယ်ဆိုတဲ့သဘောဖြစ်တယ်။ အချိန်ကုန်တာ အလဟသတ်မဖြစ်ဘူး တန်တောင်တန်သေးတယ်ပေါ့။
ဒီကောင်လေးဆီက စကားလုံးချိုချိုလေးတွေ အကြိမ်ပေါင်းများစွာ ကြားဖူးပြီးသားဆိုပေမယ့် အချိန်တိုင်းမှာ ရင်ခုန်တုန်းပဲ။ ရင်ထဲမှာ ချိုမြိန်သွားပြီး အသာလေးမေးလိုက်တယ် "သကြားလုံးလိုချင်လား?"
ဟဲ့ချန်းမင် "!!!"
သူမယူဘူးဆိုရင် ယောကျာ်းဘယ်ဟုတ်တော့မလဲ!
ချက်ချင်းဆိုသလို ဘေးဘီကိုကြည့်ကာ အကွယ်တစ်ခုရှာလိုက်တယ်။ ဒါပေမယ့် ဘေးဘီကိုကြည့်ပြီးနောက် business centreမှာ လူတွေပြည့်နှက်နေတာကိုပဲ တွေ့လိုက်ရတာကြောင့် စိတ်တိုသွားတယ်။
ကျီလျောင် သူ့ရဲ့ဒေါသထွက်တတ်တဲ့ အကျင့်ကိုကြည့်ပြီး ရင်ခုန်သံတွေတဖြည်းဖြည်းတိုးလာကာ သူ့မျက်နှာပေါ်က အပြုံးကလည်း နေမင်းသေးသေးလေးလိုမျိုး တောက်ပလာတယ်။
ထိုကောင်လေးက မနက်ဖြန်သူ့မွေးနေ့ဆိုတာကို မှတ်မိရဲ့လားမသိဘူး။ သတိမထားမိဘဲ သူ့အိတ်ကပ်ထဲက မှတ်ပုံတင်ထည့်ထားတဲ့ဆီကို လှမ်းကိုင်မိတယ်။
"ငါတို့ အရင်ထွက်ကြမယ်လေ?" ကျီလျောင်အကြံပေးလိုက်တယ်။ ဒါက business centreဖြစ်တာကြောင့် အိမ်သာသွားချင်တယ်ဆိုရင်တောင် တန်းစီဖို့လိုတယ်။
ဟဲ့ချန်းမင် သူ့လည်ချောင်းထဲမှာ မီးတောက်နေပြီလို့တောင် ခံစားရတယ်။ တစ်ဖက်ကောင်လေးရဲ့ခေါင်းအနောက်ဘက်ကို ဆွဲကာ တွေဝေခြင်းမရှိ နမ်းလိုက်တဲ့အခါ ချက်ချင်းဆိုသလို ဖြတ်သွားတဲ့လူတွေဆီက အားပေးသံတွေထွက်ပေါ်လာတယ်။ သူတို့ဖုန်းတွေကို ထုတ်ပြီး ဓာတ်ပုံရိုက်နေတဲ့လူတွေတောင်ရှိတယ်...
ဟဲ့ချန်းမင် မျက်မှောင်ကြုတ်သွားပြီး ကျီလျောင့်ပုခုံးကို ဖက်ကာ ထွက်လာခဲ့လိုက်တယ်။
ရင်ပြင်မှာရှိတဲ့ လျပ်စစ်အချိန်ပြနာရီမှာ ပေကျင်းအချိန် 22:00နာရီအတိပြနေပြီ။
ပုံမှန်ဒီအချိန်ဆို ကျီလျောင်အိမ်ပြန်သင့်နေပြီ။ သူမပြန်သေးဘူးဆိုရင် ရှုအိုက်ဝမ်က ပြန်လာဖို့ ဆော်ဩတတ်တယ်။
သို့ပေမယ့် သူတို့နှစ်ယောက်လုံး ဘာမှမပြောဖြစ်ကြဘူး။ ဟဲ့ချန်းမင် တစ်ကိုယ်ကောင်းဆန်ချင်တယ်။ ကောင်လေးရဲ့အထူးနေ့လေးမှာ အဖော်ပြုပေးချင်နေပေမယ့် ကျီလျောင်အခက်တွေ့မှာစိုးတာကြောင့် နှုတ်ပိတ်ပြီးသာနေနေလိုက်တယ်။
ကျီလျောင် အိတ်ကတ်ထဲက မှတ်ပုံတင်ကိုကိုင်ထားရင်း ရင်တွေ မတရားခုန်လာတယ်။ မသက်မသာနဲ့နှုတ်ခမ်းသပ်ပြီး လက်ချောင်းလေးတွေနဲ့ ဘေးနားကလူရဲ့ လက်ဖဝါးကို ဖြေးဖြေးလေးတို့လိုက်တယ်။
ဟဲ့ချန်းမင်က ပြန်ဆွဲလိုက်ပြီး သူ့ဘက်လှည့်ကာ နက်မှောင်တဲ့မျက်လုံးကြီးတွေနဲ့ မဝံ့မရဲမေးလိုက်တယ် "ဒီညအိမ်မပြန်နဲ့တော့လေ ဟင်?"
သူ့လေသံက ဆွဲမက်စရာတစိုးတစိမျှမပါသလို လေသံကိုပျော့ပြောင်းကာ ချစ်စရာကောင်းတဲ့ပုံနဲ့လည်း မေးလာတာမဟုတ်ဘူး။ အဲ့အစား ထင်မှတ်မထားလောက်အောင် လေးနက်နေပြီး ကျီလျောင်သာ လက်ခံမယ်ဆိုရင် ဒီတစ်ဘ၀လုံးပေါင်းစည်းတော့မယ့် ပုံစံမျိုးဖြစ်တယ်။
"ပြီးရော ငါမှတ်ပုံတင်တောင်ယူလာတယ်" ကျီလျောင့်မျက်လုံးလေးတွေကလည်း တောက်ပနေပြီး သူ့ရှေ့ကလူကိုသာ အာရုံစိုက်ထားတယ်။
ဒီအကြည့်ကြောင့် ဟဲ့ချန်းမင်လည်ချောင်းတွေ တင်းကျပ်လာပြီး နောက်ပိုင်းတစ်ဖက်ကောင်လေးရဲ့ကိုယ်ပေါ်မှာ သေရမယ်ဆိုရင်တောင်မှ သေဖို့ဆန္ဒရှိနေတယ်။
ကောင်လေးရဲ့လက်မောင်းကို ဆွဲပြီး လမ်းဖြတ်ကူးကာ ဟိုတယ်ဆီသွားလိုက်တယ်။
ကျီလျောင် အရမ်းစိတ်လှုပ်ရှားနေပြီး သူ့နှလုံးသားကလည်း အကန့်ထဲကနေ ပြုတ်ထွက်တော့မလို ခံစားနေရတယ်။
အရင်ဆုံး ဟဲပချန်းမင်က လမ်းကူးပြီး ဘေးနားကစတိုးဆိုင်ဆီသွားကာ ချောဆီနဲ့ တခြား ကျီလျောင်နားမလည်တဲ့အရာတွေအများကြီးဝယ်ချလာတယ်။
ကောင်တာမှာ စာရင်းပေးပြီးတာနဲ့ ဟိုတယ်ဓာတ်လှေကားထဲကို တိုက်ရိုက်ဝင်လိုက်တယ်။
သူတို့တွေ တစ်လမ်းလုံးအသံတိတ်ပြီး စိတ်ရှည်ခဲ့ကြတယ်။ တံခါးဖွင့်ပြီးနောက်မှာတော့ သူတို့ရဲ့စကြ၀ဠာငယ်လေးက ချက်ချင်းပေါက်ကွဲထွက်လာတော့တယ်။
ကျီလျောင်က တံခါးမှာဖိကပ်ပြီး နင့်နင့်သီးသီးအနမ်းခံနေရတော့ နှုတ်ခမ်းကို ဖွင့်ဟပြီး တစ်ဖက်ကောင်လေးဆီက မုန်တိုင်းကို ကြိုဆိုနေရတယ်။
.
.
.
ကျီလျောင်ညည်းညူကာ မျက်လုံးထောင့်ကနေ မျက်ရည်တွေကျနေတယ်။
ဟဲ့ချန်းမင်က ရင်နာစွာကောင်လေးရဲ့မျက်ရည်တွေကို လျက်လိုက်ပြီး အသာနှစ်သိမ့်လိုက်တယ် "မငိုပါနဲ့တော့ မင်းဆက်ငိုနေရင် ကိုယ်ထပ်ပြီး မာလာလိမ့်မယ်"
ဒီလိုသနားစရာပုံလေးနဲ့ဆို သူတစ်ရက်လုံး မာနေနိုင်တယ်!
ဟဲ့ချန်းမင် ဖုန်းကိုကောက်ယူကြည့်လိုက်တယ်။ သန်းခေါင်ကျော်နေပြီ။ သူကျီလျောင့်မျက်နှာလေးကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ပွတ်ကာ တိုးတိုးလေးပြောလိုက်တယ် "Happy Birthday ဘေဘီ"
ကျီလျောင် တရှုံ့ရှုံ့နဲ့ သူ့ရင်ခွင်ထဲက ခေါင်းလေးထုတ်ကာ လက်လေးဖြန့်ပြီးပြောလိုက်တယ် "အဲ့တာဆို ငါ့ရဲ့လက်ဆောင်ရော?!" သူ့အသံက အက်ကွဲကာခပ်တိုးတိုးဖြစ်နေပြီး မကျေမနပ်ဖြစ်နေသလို တရှုံ့ရှုံ့လည်းဖြစ်နေသေးတယ်။
ဟဲ့ချန်းမင်ရဲ့အောက်ပိုင်းက မြန်မြန်ပြန်ထကြွလာပြီး လက်ဆောင်ကို ဘယ်နားထားမိမှန်းတောင် သတိမရတော့ဘူး။ ချက်ချင်းဆိုသလို ကောင်လေးကို နှစ်သိမ့်ပြီးပြောလိုက်တယ် "ကိုယ်မင်းကို မနက်ဖြန်ပေးမယ်လေ၊ နောက်တစ်ခေါက်လောက် ရသေးလား?!"
ကျီလျောင်ထွက်ပြေးပေမယ့် ပြန်မိသွားကာ အကြီးအကျယ်သင်ခန်းစာ သင်လိုက်ရပြန်တယ်။
အဆုံးမရှိတဲ့ညတာကို အနာဂတ်အကြောင်းမတွေးဘဲ ပျော်ပျော်ကြီးဖြတ်သန်းလိုက်တယ်။
နောက်တစ်နေ့ ကျီလျောင်နိုးလာချိန်မှာ မျက်လုံးတွေဖောယောင်ကာ လည်ချောင်းတွေလည်း ခြောက်ကပ်နေတယ်။
ဟဲ့ချန်းမင်ကတော့ နိုးနေပြီဖြစ်ကာ သူ့ဘေးနားမှာထိုင်နေရင်းနဲ့ သူ့ကိုခေါင်းစောင်းပြီးကြည့်နေတယ်။ ဆန္ဒတွေပြည့်၀သွားတဲ့မျက်နှာနဲ့ ဂရုတစိုက်မေးလာတယ် "ရေဆာနေလား? ရေသောက်မလား?!"
ကျီလျောင်ပါးစပ်ဟလိုက်ပေမယ့် အသံမထွက်နိုင်တာသိလိုက်တော့ ခေါင်းသာငြိတ်ပြလိုက်တယ်။
ထလိုက်ချိန်မှာ ချက်ချင်းဆိုသလို သက်ပြင်းရှိုက်လိုက်မိသွားတယ်။ သူ့ခါးက ဘာလို့ဒီလောက်တောင် နာနေရတာလဲ?! အနောက်ပိုင်းကလည်း ပူလောင်ပြီး သူ့ကိုသေအောင်သတ်နေသလိုပဲ။
"မလှုပ်နဲ့လေ၊ နည်းနည်းလောက်ထပ်လှဲနေပါအုံး" ဟဲ့ချန်းမင် အပြစ်မကင်းသလို ခံစားလိုက်ရတယ်။ သူလွန်တယ်ဆိုတာကို သိတော့ မြန်မြန်ဆန်ဆန်ရေနွေးနွေးလေး လှမ်းပေးလိုက်တယ်။
ကျီလျောင့်မှာ သူ့ကိုဆူဖို့ အားတောင်မရှိတော့ဘဲ ရေသောက်ချပြီးတော့မှ နည်းနည်းအဆင်ပြေလာတယ်။
စိတ်ထဲမှာ ညတုန်းကရူးသွပ်ခဲ့တာတွေ အလိုလိုပြန်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အမြန်ကြည့်လိုက်တယ်။ တချို့နေရာတွေကလွဲလို့ အမှတ်အသားအရာတစ်ခုမှမရှိတာ သေချာတော့မှ သက်ပြင်းချမိတယ်။
အိမ်ပြန်ရောက်လို့ သူ့အမေမြင်သွားရင် ဒုက္ခရောက်လိမ့်မယ်!
ထိုအချိန်ကျမှ ရှုအိုက်ဝမ်အကြောင်းတွေးမိပြီး ကျီလျောင် သူ့ဖုန်းကို အမြန်စစ်ကြည့်လိုက်တယ်။ ထင်မှတ်မထားစွာ missed callတွေ တစ်ခုမှရှိမနေဘူး!
[Kay : ကားလေးတွေက မြန်လိုက်တာ ဝှစ်ခနဲ ဝှစ်ခနဲပဲ။ ဖင်ပိုင်းလေးတွေတောင် မမြင်လိုက်ရဘူး]
_____
Thanks 😉