ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.5K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၈၄

8.2K 1.5K 81
By Kay_Wine

{Zawgyi}

•သူ႔မွာ ေပါင္မုန႔္ႏွစ္လုံးပဲ က်န္ေတာ့တယ္•

က်ီေလ်ာင္ေတာက္ပစြာၿပဳံးျပၿပီး မ်က္လုံးေလးေတြက လျခမ္းေလးလိုေကြးသြားကာ တစ္ဖက္ေကာင္ေလးေရွ႕ကို ေမးခြန္းစာ႐ြက္တြန္းပို႔ၿပီး တိုက္တြန္းလိုက္တယ္ "ေရးေတာ့!" သုံးမိနစ္အတြင္း ပုစာၦအတြက္ အေျဖဘယ္လိုရွာရလဲဆိုတာ သိခ်င္တယ္!

ဟဲ့ခ်န္းမင္က "က်စ္"ခနဲအသံျပဳကာ အျပာေရာင္ေဘာပင္ကို ေကာက္ကိုင္ၿပီး ေခါင္းငုံ႔ကာ ပုစာၦကိုၾကည့္လိုက္တယ္။ စကၠန႔္ပိုင္းေလာက္ၾကည့္ၿပီးေနာက္ formulaကို စေရးေတာ့တယ္။

က်ီေလ်ာင္ သူ႔ကိုၾကည့္ေနၿပီး အထူးသျဖင့္ ဒီလိုအခ်ိန္မ်ိဳးမွာ သူကခန႔္ညားတယ္လို႔ ခံစားမိတယ္။ သူ႔ရဲ႕ေလးနက္ေနတဲ့အမူအယာကို အၾကည့္မလႊဲႏိုင္ျဖစ္ကာ သူ႔ခႏၶာကိုယ္ကေန အလင္းေရာင္ေတြျဖာထြက္ေနသလိုမ်ိဳး အရမ္းေတာက္ပလြန္းတာေၾကာင့္ ရင္ေတြခုန္လာတယ္။

"မင္းက ကိုယ့္ကိုဒီလိုၾကည့္ေနေတာ့ ကိုယ္ဘယ္လိုလုပ္စာေရးႏိုင္ေတာ့မွာလဲ?" ဟဲ့ခ်န္းမင္ ေဘာပင္ကို ေဘးနားပစ္ခ်လိုက္ကာ ထိုင္ခုံကို ေက်ာမွီၿပီး ခပ္ၿပဳံးၿပဳံးၾကည့္လိုက္တယ္။

ရွက္သြားတဲ့အရိပ္အေယာင္တခ်ိဳ႕ က်ီေလ်ာင့္မ်က္ႏွာမွာျဖတ္သြားၿပီး သူ႔ကိုယ္သူျပန္အားတင္းလိုက္တယ္ "အင္းပါ မၾကည့္ေတာ့ဘူး"

ဟဲ့ခ်န္းမင္ သူ႔ဦးေႏွာက္ကို ဆက္အလုပ္ေပးလိုက္တယ္။ ႐ုပ္ပိုင္းဆိုင္ရာလႈပ္ရွားမႈေတြကို ပိုၿပီးသေဘာက်တယ္ဆိုေပမယ့္ က်ီေလ်ာင္က ဘယ္ေလာက္ေတာင္စိတ္ဝင္တစားျဖစ္ေနလဲဆိုတာကို ျမင္ေတာ့ မေႏွာင့္ယွက္ခ်င္ေတာ့ဘဲ ဒီတိုင္းအသာလိုက္ေမ်ာေနလိုက္တယ္။

သူ႔လက္ကပတ္တီးက တစ္လေလာက္ေနတဲ့အခါ ျဖဳတ္လိုက္ရတယ္။ ဒီၾကားထဲမွာ ဟဲ့ခ်န္းမင္က မန္မိသားစုအိမ္ကို မၾကာခဏသြားၿပီး ေပ်ာ္ေပ်ာ္ႀကီး အန္တီ အန္တီနဲ႔ကို ျဖစ္ေနေတာ့တယ္။ ရႈအိုက္ဝမ္ကလည္း သူ႔ကို သူမရဲ႕သားအရင္းတစ္ေယာက္လို သေဘာထားၿပီး နံ႐ိုးႏွပ္ေတြနဲ႔ ၾကက္စြပ္ျပဳတ္ေတြပါ တိုက္တာေၾကာင့္ မထင္မွတ္ဘဲ ဟဲ့ခ်န္းမင္ေတာင္ ေနာက္ထပ္ ႏွစ္စင္တီမီတာေလာက္ အရပ္ထြက္လာတယ္။

က်ီေလ်ာင္လည္း တစ္ကီလို ႏွစ္ကီလိုေလာက္ ၀လာၿပီး မန္ေယာင္ေယာင္ေတာင္ မ်က္ႏွာဝိုင္းဝိုင္းေလးျဖစ္လာတယ္!

တစ္ေန႔ မန္ေယာင္ေယာင္မွန္ၾကည့္မိတဲ့အခ်ိန္မွာ ေမးႏွစ္ထပ္ေတာင္ျဖစ္ေတာ့မယ္ဆိုတာကို ေတြ႕ၿပီး အလန႔္တၾကားျဖစ္သြားတယ္။ ထိုည ရႈအိုက္ဝမ္ဆီက ညလယ္စာကိုေတာင္ ျငင္းၿပီး သူမဘာသာ ဝိတ္ခ်ေတာ့တယ္!

ရႈအိုက္ဝမ္မွာက အက်င့္တစ္ခုရွိတယ္။ ခ်က္ျပဳတ္စရာေတြအတြက္ ပါဝင္ပစၥည္းမ်ိဳးစုံထည့္တတ္တယ္။ မန္ေယာင္ေယာင္ ျငင္းလိုက္ေတာ့ ဟဲ့ခ်န္းမင္ကို ေတြးမိသြားတယ္။ အဲ့ကေလးက စားႏိုင္ၿပီး ဘာမွကို မျငင္းတာ။ ၿပီးေတာ့ ၀လည္းမ၀တာေၾကာင့္ သူမေကြၽးဖို႔အတြက္ အေကာင္းဆုံးပစ္မွတ္က သူပဲ!

အဲ့တာေၾကာင့္ သူမက်ီေလ်ာင့္ကို ဟဲ့ခ်န္းမင္ ဘယ္အခ်ိန္အားအား အိမ္မွာထမင္းလာစားဖို႔ ေျပာလိုက္တယ္။ မန္ယြမ္ေျပာတဲ့အတိုင္းဆို အဲ့ကေလးက သူ႔မိသားစုကေန သက္သက္ခြဲေနတာ။ ေသခ်ာေပါက္ တစ္ေယာက္တည္းေနၿပီး ေကာင္းေကာင္းစားမွာမဟုတ္ဘူး။ ေတြးၾကည့္ရင္းနဲ႔ေတာင္ တကယ္စိတ္ဖိစီးတယ္။

က်ီေလ်ာင္က တြန႔္ဆုတ္ဆုတ္နဲ႔ တစ္ခုခုေျပာခ်င္သလိုျဖစ္ေနတာေၾကာင့္ ရႈအိုက္ဝမ္ေမးလိုက္တယ္ "ဘာျဖစ္လို႔လဲ? မင္းတို႔ရန္ျဖစ္ထားတာလား?!" က်ီေလ်ာင္ မႈန္ကုတ္သြားတယ္ "အဲ့လိုမဟုတ္ပါဘူး" ဒါေပမယ့္ သူကထပ္စားရအုံးမွာလား?!

အရင္တုန္းက သူ႔ဆီမွာ ရင္အုပ္ႀကီးႏွစ္ခုနဲ႔ ေပါင္မုန႔္ေျခာက္လုံးရွိတယ္။ ခုတစ္ေလာ လက္ဒဏ္ရာေၾကာင့္ ေလ့က်င့္ခန္းမလုပ္ႏိုင္သလို တခ်ိန္တည္းမွာပဲ အစုံပလုံစားေသာက္ေနခဲ့တယ္။ ၿပီးခဲ့တဲ့တစ္ေခါက္ ဟဲ့ခ်န္းမင္နဲ႔ တရင္းတႏွီးေနတုန္းကဆို သူ၀လာတာကို သတိထားမိသြားတယ္။ အက်ီေတြဝတ္ထားလို႔သာ မျမင္ရတာ။ သူ႔အဝတ္ေတြခြၽတ္လိုက္တဲ့အခ်ိန္မွာ သူ႔ဆီမွာ ေပါင္မုန႔္ကႏွစ္လုံးပဲက်န္ေတာ့တယ္!

"ဒီေကာင္ေလးကေတာ့... မင္း ေရွာင္ဟဲ့ကို အူတိုေနတာလား?"

အခု ရႈအိုက္ဝမ္က ဟဲ့ခ်န္းမင္ကို ေရွာင္ဟဲ့လို႔ေခၚလာတာေၾကာင့္ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက တစ္စထက္တစ္စ တိုးတက္လာၿပီဆိုတာ ျပေနတယ္။

က်ီေလ်ာင္ မ်က္ႏွာမဲ့သြားတယ္။ "ဘယ္ကသာ" အဲ့ ေရွးစကားပုံက ဘာပါလိမ့္? ေယာကၡမက သားမက္ကိုဂ႐ုစိုက္ေလေလ သူအဆင္ေျပေလျဖစ္တယ္။

ရႈအိုက္ဝမ္က ဒီလိုမ်ိဳးလို႔ သူခံစားမိတယ္။ ေနာက္ၿပီးေတာ့ ဟဲ့ခ်န္းမင္ႀကီးက သူမေရွ႕မွာဆို တခ်ိန္လုံးေကာင္းခ်င္ေယာင္ေဆာင္ၿပီး အၿမဲတမ္း အသားအေရထိမ္းသိမ္းတဲ့ပစၥည္းေတြ ပို႔ေပးတတ္တယ္။ အဲ့တာေတြက အသားအေရအလိုက္လုပ္ထားတာလို႔ သူၾကားမိတယ္။ ေဈးႏႈန္းေတြဆိုလည္း ေၾကာက္ဖို႔လန႔္ဖို႔ေတာင္ေကာင္းတယ္။

အလွအပကို မႀကိဳက္တဲ့အမ်ိဳးသမီးဆိုလို႔ တစ္ေယာက္မွမရွိဘူး။ ရႈအိုက္ဝမ္က ေနာက္တစ္ေခါက္မဝယ္နဲ႔ေတာ့လို႔ ေျပာေပမယ့္ သူမတကယ္ေပ်ာ္တာျဖစ္တယ္။ အဲ့တာကိုသုံးၿပီးေနာက္ အသားအေရေကာင္းမြန္လာတဲ့အခါ ပိုၿပီးေတာ့ေတာင္ ေက်နပ္ေနေတာ့တယ္။

က်ီေလ်ာင္လည္း သူ႔အေမရဲ႕အမိန႔္ကို ေျပာၿပီးေနာက္ ဟဲ့ခ်န္းမင္ ထရယ္ကာ ျမန္ျမန္ျပန္ေျဖတယ္။ "ေကာင္းၿပီ ကိုယ္မနက္ျဖန္လာခဲ့မယ္" သူဖုန္းခ်လိုက္ခ်ိန္မွာ သူ႔အေမေက်ာင္ေမးလန္က တံခါးေရွ႕ေရာက္ခ်လာတယ္။

ေက်ာင္ေမးလန္က ဒီကိုလာတဲ့တစ္လမ္းလုံး စိတ္ဆိုးလာတာျဖစ္တယ္။ ဒီေန႔ အထူးတလည္ျပဳလုပ္ထားတဲ့ အသားအေရထိန္းသိမ္းတဲ့ပစၥည္းဝယ္ဖို႔ စတိုးဆိုင္ကိုသြားတဲ့အခါ ဟဲ့ခ်န္းမင္က ဒီကိုခုတေလာခဏခဏလာေနတယ္ဆိုတာကို ၾကားလိုက္ရတယ္။ သူမက ထိုအေၾကာင္းသိခ်င္ေယာင္ေဆာင္ၿပီး ဝယ္သူစာရင္းကိုျပဖို႔ ဆိုင္ရဲ႕ဝန္ထမ္းကိုလွည့္စားလိုက္တယ္။ အဲ့အခါမွ သူမသားဒီကို မၾကာခဏလာရေအာင္လုပ္တဲ့လူက ရႈအိုက္ဝမ္မွန္းသိလိုက္ရေတာ့တယ္!

ေက်ာင္ေမးလန္ ဒီနာမည္ကို နည္းနည္းရင္းႏွီးေနတယ္။ အေတာ္ၾကာေတာ့မွပဲ သူက က်ီခ်င္းဝမ္ရဲ႕ဇနီး က်ီေလ်ာင္ရဲ႕အေမဆိုတာကို သတိရသြားတယ္။

ေယာကၡမအတြက္ ေငြျဖဳန္းေပးေနတဲ့ ဆက္ဆံေရးပဲ!

ဒါက အေတာ္ႀကီးမတရားဘူးလို႔ ေက်ာင္ေမးလန္ခံစားရတယ္။ ဒါက သူမရဲ႕သား။ သူမအတြက္ ပိုက္ဆံမသုံးေပးတာကို စိတ္ထဲမထားဘူး။ ဒါေပမယ့္ တျခားသူေတြအတြက္ သုံးေပးတာကေတာ့ လြန္သြားၿပီ!

ခ်က္ခ်င္းဆိုသလို ဟဲ့ခ်န္းမင္ေနတဲ့ဆီကို တက္စီငွားၿပီးလာလိုက္တယ္။

ဟဲ့ခ်န္းမင္ တံခါးနားကလူကိုၾကည့္ၿပီး ေအးစက္စြာေျပာလိုက္တယ္ "ဘာလို႔ေရာက္လာတာလဲ?"

ေက်ာင္ေမးလန္သူ႔ကိုတြန္းကာ အထဲဝင္လာခဲ့တယ္။ သူမက သူ႔ရဲ႕ဘယ္ဘက္လက္ကို တြန္းလိုက္တာျဖစ္တယ္။ ပတ္တီးျဖည္လိုက္ၿပီဆိုေပမယ့္ ဒဏ္ရာကလုံး၀သက္သာေသးတာမဟုတ္ဘူး။ ဟဲ့ခ်န္းမင္ နာသြားတာကို ေအာင့္ခံၿပီး မ်က္ေမွာင္ၾကဳတ္သြားတယ္။

ေက်ာင္ေမးလန္ သူ႔ရဲ႕ထူးဆန္းတဲ့အမူအယာကိုသတိထားမိေတာ့ ခ်က္ခ်င္းေမးလိုက္တယ္ "မင္း တစ္ခုခုကို ဖုံးကြယ္ထားလား?!" ဟဲ့ခ်န္းမင္ ဘာမွမေျပာဘဲ ဧည့္ခန္းထဲကို လွည့္ဝင္လိုက္တယ္။ ဆိုဖာေပၚထိုင္ၿပီး စာအုပ္တစ္အုပ္သာ ဖြင့္ဖတ္ေနတယ္။

ေက်ာင္ေမးလန္ လ်စ္လ်ဴရႈခံရတာေၾကာင့္ မေက်မနပ္ျဖစ္သြားတယ္။ သူမ ဟဲ့ခ်န္းမင္နားေလွ်ာက္လာၿပီး အသံေပ်ာ့ေပ်ာ့ေလးနဲ႔ ေျပာလိုက္တယ္ "ေရွာင္းမင္ အေမက မင္းရဲ႕အေမပါ၊ ဘာလို႔အေမ့ကို ဒီလိုဆက္ဆံေနရတာလဲ?!"

သူမကို တကယ္ပဲ ဒီေလာက္ေတာင္မုန္းေနတာလား?

ဟဲ့ခ်န္းမင္ မ်က္ခြံအသာပင့္ၿပီး ေလသံကိုအနည္းငယ္ေလွ်ာ့ၿပီးေျပာလိုက္တယ္ "ဒီေန႔ဘာလို႔ေရာက္လာတာလဲ?" သူမေရာက္လာတိုင္း ကြယ္ဝွက္ထားတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ခ်ည္းပဲဆိုတာ သူေကာင္းေကာင္းႀကီးသိေနတယ္။

"ကိုယ့္သားအိမ္ကိုယ္လာတာေတာင္ မရဘူးလား?!" ေက်ာင္ေမးလန္ ဝန္ခံဖို႔ကို တြန႔္ဆုတ္ေနတယ္။

ဟဲ့ခ်န္းမင္က သူမကိုေမးခြန္းထုတ္သလိုၾကည့္လိုက္တဲ့အခါ သူမရဲ႕ယုံၾကည္ခ်က္ေတြ ခ်က္ခ်င္းေပ်ာက္သြားၿပီး လည္ပင္းက်ဳံ႕သြားတယ္။

"ခုတေလာ က်ီေလ်ာင္နဲ႔အဆင္ေျပေနတယ္ ဟုတ္တယ္မွတ္လား?"

သူ႔အေမအတြက္ ေဈးႀကီးတဲ့အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြကိုေတာင္ ဝယ္ေပးေနတာဆိုေတာ့ မဆိုးေလာက္ဘူး။

သူမပါးစပ္ထဲက က်ီေလ်ာင္ဆိုတဲ့နာမည္ၾကားရမွာကို ဟဲ့ခ်န္းမင္အေၾကာက္ဆုံးျဖစ္တယ္။ ခ်က္ခ်င္းဆိုသလို စာအုပ္ျပန္ခ်ၿပီး ေက်ာင္ေမးလန္ကို စိုက္ၾကည့္လိုက္တယ္ "အဲ့တာ ဘာျဖစ္လို႔ေမးတာလဲ?" သူခိုးေတြကို ကာကြယ္ေပးၿပီး သူမကိုဆန႔္က်င္ခုခံေနတဲ့ သူမသားကိုျမင္ေတာ့ ေက်ာင္ေမးလန္ရင္နာနာနဲ႔ ေျပာလိုက္တယ္ "မင္းအေမကို ဘာလို႔ အဲ့လိုမ်ိဳးၾကည့္ရတာလဲ? မင္းအေမက မင္းအေၾကာင္းေတာင္ေမးလို႔မရဘူးလား?" ဟဲ့ခ်န္းမင္ ေအးစက္စြာေျပာလိုက္တယ္ "ကိုယ္အရင္က ဘာေတြလုပ္ခဲ့လဲဆိုတာ ကိုယ္အသိဆုံးျဖစ္မွာေပါ့"

က်ီေလ်ာင္ သူ႔ဆီက ထြက္သြားလုနီးပါးေတာင္ျဖစ္သြားတာ။ အဲ့အခ်ိန္တုန္းက က်ီေလ်ာင့္ဘက္ကေန သူ႔ကိုခြင့္လႊတ္ေပးဖို႔ မေ႐ြးျခယ္ခဲ့ဘူးဆိုရင္ ေနာက္ဆက္တြဲဘာေတြျဖစ္လာမလဲဆိုတာ သူေတြးေတာင္မေတြးၾကည့္ရဲဘူး။

ၿပီးေတာ့ အဲ့တာေတြအားလုံးက ေက်ာင္ေမးလန္ေၾကာင့္ခ်ည္းပဲ။

ေက်ာင္ေမးလန္ အျပစ္မကင္းသလိုခံစားလိုက္ရတယ္။ သူမ ဟဲ့ခ်န္းမင္ မ်က္လုံးေတြကို လႊဲေရွာင္ၿပီး တြန႔္ဆုတ္ဆုတ္ေျပာလိုက္တယ္ "အဲ့မေတာ္တဆအတြက္ အေမစိတ္မေကာင္းပါဘူး၊ ဒါေပမယ့္ အေမ့ကို ေနာက္ထပ္အခြင့္အေရးတစ္ခုေပးလို႔မရဘူးလား?"

အဲ့မေတာ္တဆျဖစ္ခဲ့တာက အေတာ္ေလးေတာင္ၾကာေနၿပီ။ ေနာက္ၿပီး အခုခ်ိန္မွာ သူလည္းက်ီေလ်ာင္နဲ႔ အဆင္ေျပေနတာပဲ မဟုတ္ဘူးလား?!

ေက်ာင္ေမးလန္ေတာင္းပန္လာမယ္လို႔ မထင္ထားတာေၾကာင့္ ဟဲ့ခ်န္းမင္ရဲ႕စိတ္အေျခအေနျပန္ေကာင္းသြားတယ္။ စာအုပ္ကို ေနာက္တစ္ႀကိမ္ျပန္ယူရင္း "အဲ့တာက က်ီေလ်ာင့္ကို သြားေျပာရမွာ"

ေက်ာင္ေမးလန္ျပန္မေျပာဘူး။ အဲ့လိုနတ္ဆိုးေပါက္ေလးကို ဘယ္နည္းနဲ႔မွ မေတာင္းပန္ႏိုင္ဘူး!

ဒါေပမယ့္ သူမသားကေတာ့ တကယ္စြဲလန္းေနၿပီဆိုတာ သတိထားမိတယ္။ က်ီေလ်ာင့္အေပၚစိတ္ေကာင္းထားျပလိုက္တာနဲ႔ သူမကိုလည္း သူကျပန္ၿပီး သေဘာေကာင္းေပးတယ္။

သူမလည္း ေတာင္စဥ္ေရမရ ဟဲ့မိသားစုရဲ႕ လက္ရွိအေျခအေနကို ေျပာေနလိုက္တယ္။ အနားယူၿပီးေတာ့မွ ဟဲ့ယြဲ႕က်င္းက အလုပ္ပိုရႈပ္လာပုံရတယ္။ ဘ႑ာေရးအပတ္စဥ္ထုတ္စာနယ္ဇင္းကေန သူနဲ႔အထူးအစီအစဥ္တြဲလုပ္ဖို႔ ေျပာလာၿပီး စီးပြားေရးchannelကလည္း သူ႔ကို ပ႐ိုဂရမ္မွာပါဖို႔ ဖိတ္ၾကားတယ္။ အဲ့တာေၾကာင့္ပဲ သူေန႔တိုင္းအျပင္ထြက္ေနရတယ္။

ဒါေပမယ့္ သူက ေျမေခြးမနဲ႔ေတာ့ ျပတ္သြားတဲ့ပုံရတယ္။ အရင္တုန္းက သူမရေနက် အဲ့ေရေမႊးနံ႔ကို ခုတေလာမရဘူး။

"ဒါနဲ႔ မင္းရဲ႕မရီးက ကိုယ္ဝန္ရေနတာကို သိၿပီးၿပီလား?"

ေက်ာင္ေမးလန္မ်က္ႏွာက အတင္းအဖ်င္းေျပာဖို႔ ေတာက္ပေနတယ္။ က်န္းခ်ီရဲ႕ကိုယ္ဝန္ေၾကာင့္ ဟဲ့ယြဲ႕က်င္းက သူ႔ေျမးအေၾကာင္းပဲ ေတာက္ေလွ်ာက္ေတြးကာ အိမ္ကိုမၾကာခဏျပန္လာတယ္။

ဟဲ့ခ်န္းမင္မ်က္ခုံးပင့္သြားတယ္။ က်န္းခ်ီက ခုတေလာက်ီေလ်ာင့္ကို ထပ္မစေတာ့ဘဲ ေရာင့္ရဲတင္းတိမ္ေနတာက ဘာေၾကာင့္မ်ားလဲဆိုၿပီး သူေတြးေနတာ။ ကိုယ္ဝန္ရေနလို႔ကိုး! ဟဲ့ခ်န္းမင္ မ်က္လုံးေတြ ေမွးက်ဥ္းသြားတယ္။ သူ႔အစ္ကိုရဲ႕ကေလးထုတ္ႏိုင္ႏႈန္းက တစ္ခုခုေတာ့တစ္ခုခုပဲ။ [T/N : everyday day... every everyday~~ with you with you~~ ဘာမွမေျပာဘူးေနာ္ သီခ်င္းဆိုတာ]

"အိုး" သူဝတ္ေက်တမ္းေက်သာျပန္ေျပာလိုက္တယ္။

ေက်ာင္ေမးလန္သက္ျပင္းခ်ကာ မဝံ့မရဲေျပာလိုက္တယ္ "ဒီဘ၀မွာ အေမ့ရဲ႕ေသြးသားရင္းေျမးေလးကို ခ်ီႏိုင္ပါ့မလားေတာင္ မသိေတာ့ပါဘူး" စကားတစ္ခြန္းတည္းနဲ႔ ဟဲ့မုရွန္းရဲ႕ကေလးကို ထည့္မတြက္ထားတာျဖစ္တယ္။

ဟဲ့ခ်န္းမင္ မ်က္ႏွာေသနဲ႔ေျပာလိုက္တယ္။ "အဲ့ေမွ်ာ္လင့္ခ်က္ကို တတ္ႏိုင္သမွ်ျမန္ျမန္လက္ေလွ်ာ့လိုက္တာ ေကာင္းမယ္" ေက်ာင္ေမးလန္ တစ္ဆို႔သြားၿပီး ခ်က္ခ်င္းကို ဘာမွျပန္မေျပာႏိုင္ေတာ့ဘူး။

"ကိစၥမရွိပါဘူး၊ သားေပ်ာ္တယ္ဆိုရင္ အေမေပ်ာ္ပါတယ္" သူမရဲ႕မနာလိုဝန္တိုမႈေတြကို ေသြးသံတရဲရဲျဖစ္ေနတဲ့ ႏွလုံးသားနဲ႔ ဖုံးအုပ္ထားလိုက္တယ္။ သူမရဲ႕ေျမးအရင္းကိုလိုခ်င္တယ္ဆိုေပမယ့္ သူမသားက အ႐ြယ္ေရာက္လာၿပီ။ သူမဆီမွာလည္း သူ႔ကိုရန္စဖို႔အထိ မတတ္သာတာေၾကာင့္ ၿငိမ္ေနလိုက္ရတယ္။

ဒါကိုၾကားေတာ့ ဟဲ့ခ်န္းမင္ေလွာင္ရယ္မိတယ္။

ေက်ာင္ေမးလန္က သူ႔ရဲ႕ေလွာင္ရယ္မႈေၾကာင့္ ေတာင့္တင္းသြားေပမယ့္ ဘာမွျပန္မေျပာႏိုင္ဘူး။ သူမ အေပးအယူလုပ္ၿပီးေျပာလိုက္တယ္ "ေရွာင္းမင္ အေမ က်ီေလ်ာင္နဲ႔ မင္းကိစၥကို လိုက္ၿပီး အာ႐ုံစိုက္မေနေတာ့ဘူး၊ ဒါေပမယ့္ သားမွာ အခ်ိန္ရွိတယ္ဆိုရင္ အိမ္မွာအေမ့ကို လာေတြ႕ရမယ္ေနာ္ ဟုတ္ၿပီလား?"

က်န္းခ်ီေရာက္လာၿပီးေနာက္ပိုင္း အိမ္မွာက စည္စည္ကားကားျဖစ္လာတယ္ဆိုေပမယ့္ သူမ ဟဲ့မိသားစုထဲမွာ အထီးက်န္ေနတုန္းပဲ။

ဘယ္လိုေနေန သူမက ဟဲ့မုရွန္းရဲ႕မိန္းမေလ။ သူမေတာင္ ဟဲ့မုရွန္းနဲ႔ မရင္းႏွီးတာ၊ က်န္းခ်ီနဲ႔ဆို ဘယ္လိုလုပ္ၿပီး ရင္းႏွီးေတာ့မွာလဲ? ေနာက္ၿပီး က်န္းခ်ီကိုယ္ဝန္ရၿပီးေနာက္ပိုင္း ဟဲ့မုရွန္းက သူမကို အရမ္းတန္ဖိုးထားၿပီး အလုပ္ေတြျဖတ္ၿပီး အိမ္ကိုေန႔တိုင္းျပန္ေျပးလာေနက်ျဖစ္တယ္။ ဟဲ့မုရွန္းေၾကာင့္ ဟဲ့groupႀကီး အရင္းျပဳတ္သြားမွာကိုေတာင္ စိုးရိမ္မိတယ္။

"သိၿပီ" ဟဲ့ခ်န္းမင္က အင္းမလုပ္ အဲမလုပ္ ဒီတိုင္းပဲျပန္ေျဖလိုက္တယ္။

ဒါကိုျမင္ေတာ့ ေက်ာင္ေမးလန္ရဲ႕ႏွစ္လိုဖြယ္မ်က္ႏွာက ေျပာလို႔မရႏိုင္ေလာက္ေအာင္ စိတ္ပ်က္မႈေတြျပည့္ႏွက္သြားၿပီး တြန႔္ဆုတ္စြာထရပ္လိုက္တယ္။ သူမသားကိုၾကည့္ကာ ေျပာလိုက္တယ္ "အဲ့တာဆို အေမျပန္ႏွင့္ၿပီ?"

ဟဲ့ခ်န္းမင္က သူမကိုေတာင္ျပန္မၾကည့္ဘဲ သူ႔စာအုပ္က ေနာက္တစ္မ်က္ႏွာကို လွန္ကာ "အင္း"ဆိုၿပီးပဲ ခပ္တန္းတန္းျပန္ေျပာတယ္။

ေက်ာင္ေမးလန္ ဝမ္းပန္းတနည္းထြက္လာၿပီး ဟဲ့မိသားစုအိမ္ကို ျပန္လာလိုက္တယ္။ အဲ့အခ်ိန္မွာ အလုပ္ကအေစာႀကီးဆင္းလာတဲ့ ဟဲ့မုရွန္းနဲ႔သြားတိုးတယ္။ ဟဲ့ခ်န္းမင္ရဲ႕ဘယ္ဘက္လက္အေၾကာင္းေတြးမိၿပီး ေမးၾကည့္လိုက္တယ္ "ခုတေလာ ေရွာင္းမင္ ဒဏ္ရာရေသးလား?"

ဟဲ့မုရွန္း ရပ္သြားၿပီး သနားေသာအားျဖင့္ မေတာ္တဆအေၾကာင္းေျပာျပလိုက္တယ္။

သူ႔ကေလးရၿပီးေနာက္ပိုင္းမွာ သူ႔ႏွလုံးသားလည္း ႏူးညံ့လာတာျဖစ္မယ္။ တကယ္ေတာ့ ႏွစ္ေတြအမ်ားႀကီးၾကာလာတဲ့အခါ ေက်ာင္ေမးလန္က တစ္ကိုယ္ေကာင္းဆန္တယ္ဆိုေပမယ့္ လူဆိုးတစ္ေယာက္ေတာ့မဟုတ္ဘူးဆိုတာ သူနားလည္လာတယ္။ သူမရဲ႕ဉာဏ္ရည္ဉာဏ္ေသြးက သာမန္ပဲျဖစ္ၿပီး တစ္ခါတစ္ရံ ႐ူးေၾကာင္ေၾကာင္ေတြလုပ္တတ္တယ္ဆိုေပမယ့္ ဉာဏ္နီဉာဏ္နက္မ်ားၿပီး အက်င့္သိကၡာမရွိတဲ့မိန္းမလိုမ်ိဳး မေနဘူး။

သူမေၾကာင့္ သူရဲ႕အေမက အေဝးကို တြန္းပို႔ခံလိုက္ရတာလို႔ေျပာရမလား ဒါမွမဟုတ္ ဒီတိုင္းပဲထြက္သြားတာလို႔ေျပာရမလား။ ဟဲ့ယြဲ႕က်င္းက လူတကာနဲ႔ပလူတတ္တဲ့လူမ်ိဳးျဖစ္တယ္။ ေက်ာင္ေမးလန္မဟုတ္ခဲ့ရင္ေတာင္မွ တစ္စုံတစ္ေယာက္ျဖစ္ေနလိမ့္မယ္။ ေစာေစာစီးစီးထြက္သြားတာကလည္း ခပ္ေကာင္းေကာင္း။

အခု သူ႔မွာ က်န္းခ်ီရွိေနၿပီ။ အိမ္လို႔ေခၚလို႔ရတဲ့အရာရွိေနၿပီဆိုေတာ့ သူ႔ရဲ႕အရင္ကနာက်ည္းမႈေတြ၊ နာက်င္ခဲ့ရတာေတြနဲ႔ စိတ္ပ်က္မႈေတြက သူ႔ရင္ထဲကေန တျဖည္းျဖည္းေပ်ာက္ကြယ္လာေတာ့တယ္။

ဒီကိစၥကိုသိလိုက္ရခ်ိန္မွာ ေက်ာင္ေမးလန္မ်က္လုံးေတြက နီတက္လာၿပီး သူမသားက ဒဏ္ရာရတာကိုေတာင္ သူမကိုဖြင့္မေျပာတဲ့အထိ ဘယ္ေလာက္ေတာင္ေဝးကြာလာၿပီလဲလို႔ ေတြးမိသြားတယ္။ သူမမွားမွန္းသိေပမယ့္ ဝန္မခံရဲဘူး။

"ေနာက္တစ္ႀကိမ္ထပ္ျဖစ္ရင္ ငါ့ကိုေျပာျပေပးပါ" ေက်ာင္ေမးလန္ ဟဲ့မုရွန္းကို ႏွိမ့္ခ်စြာေျပာလိုက္တယ္။

ဟဲ့မုရွန္း အံ့ဩသြားၿပီး ေခါင္းၿငိတ္ျပကာ ဝင္လာလိုက္တယ္။ က်န္းခ်ီက ဧည့္ခန္းထဲမွာ တီဗြီထိုင္ၾကည့္ေနတယ္။ သူမက မတရားေတြရယ္ေမာေနတာေၾကာင့္ ဟဲ့မုရွန္းလန႔္ျဖန႔္သြားၿပီး အျမန္ေလွ်ာက္လာကာ တီဗြီကို ပိတ္ပစ္လိုက္တယ္။

က်န္းခ်ီသူ႔ကိုေၾကာင္ေတာင္ေတာင္ျပန္ၾကည့္ကာ "ဘာေတြလုပ္ေနတာလဲ?!" လို႔ေမးလာတယ္။

ဟဲ့မုရွန္းတည္ၿငိမ္စြာေျပာလိုက္တာက "ဆရာဝန္က ကိုယ္ဝန္ေဆာင္သည္ေတြက အရမ္းစိတ္လႈပ္ရွားလို႔မရဘူးလို႔ ေျပာထားတယ္"

က်န္းခ်ီကို စိုက္ၾကည့္ၿပီး သူ႔ရဲ႕စကားလုံးေတြကို ျပန္ၿမိဳခ်လိုက္ရတယ္။ သူတို႔ေတြ မီးမဖြားခင္ကာလ အသိပညာေပးကေနၿပီးေတာ့ ေရွ႕ေလွ်ာက္ ဘယ္လိုအဆဲစကားလုံးမွ မေျပာဘူးလို႔ သေဘာတူထားၾကတယ္။ "မဟုတ္ဘူးေလ ဆရာဝန္က ကြၽန္မရဲ႕ Happy Moodကို ထိန္းသိမ္းထားရမယ္လို႔လည္း ေျပာလိုက္ေသးတယ္ေလ၊ Happy Mood နားလည္ရဲ႕လား? အခု ရွင့္ေၾကာင့္ ကြၽန္မစိတ္တိုသြားၿပီ!" က်န္းခ်ီက သူမကိုယ္သူ ကမာၻ႔နံပါတ္တစ္လိုမ်ိဳး ေက်နပ္ေနတဲ့ပုံစံမ်ိဳးနဲ႔ လက္တစ္ကို ခါးမွာေထာက္ၿပီး ေနေနတယ္။

ဟဲ့မုရွန္းက အနားေလွ်ာက္လာၿပီး သူမဝမ္းဗိုက္နားကပ္ကာ နားေထာင္ၿပီး ဘာမွမၾကားရဘူးဆိုေပမယ့္ ေပ်ာ္႐ႊင္ေနမိတယ္။ သူ က်န္းခ်ီရဲ႕မ်က္ႏွာေလးကို နမ္းကာ ၿပဳံးၿပီးေျပာလိုက္တယ္ "ကိုယ္မသိလို႔ပါ၊ မလုပ္ရဲေတာ့ပါဘူး"

က်န္းခ်ီ ခ်ိဳၿမိန္စြာၿပဳံးၿပီး သူမလက္ညႇိဳးနဲ႔ သူ႔ႏွဖူးကိုေထာက္ကာ ဘုရင္မႀကီးတစ္ေယာက္လိုေျပာလိုက္တယ္။ "ရွင္ဘယ္လုပ္ရဲပါ့မလဲ! တီဗြီျပန္ဖြင့္ေပး!" ဟဲ့မုရွန္းက သူ႔ရဲ႕ဇနီးေလးဆီက အနမ္းတစ္ပြင့္ရလိုက္တဲ့အတြက္ နာနာခံခံနဲ႔ တီဗြီျပန္ဖြင့္ေပးလိုက္တယ္။

_______________________________________

{Unicode}

•သူ့မှာ ပေါင်မုန့်နှစ်လုံးပဲ ကျန်တော့တယ်•

ကျီလျောင်တောက်ပစွာပြုံးပြပြီး မျက်လုံးလေးတွေက လခြမ်းလေးလိုကွေးသွားကာ တစ်ဖက်ကောင်လေးရှေ့ကို မေးခွန်းစာရွက်တွန်းပို့ပြီး တိုက်တွန်းလိုက်တယ် "ရေးတော့!" သုံးမိနစ်အတွင်း ပုစ္ဆာအတွက် အဖြေဘယ်လိုရှာရလဲဆိုတာ သိချင်တယ်!

ဟဲ့ချန်းမင်က "ကျစ်"ခနဲအသံပြုကာ အပြာရောင်ဘောပင်ကို ကောက်ကိုင်ပြီး ခေါင်းငုံ့ကာ ပုစ္ဆာကိုကြည့်လိုက်တယ်။ စက္ကန့်ပိုင်းလောက်ကြည့်ပြီးနောက် formulaကို စရေးတော့တယ်။

ကျီလျောင် သူ့ကိုကြည့်နေပြီး အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ သူကခန့်ညားတယ်လို့ ခံစားမိတယ်။ သူ့ရဲ့လေးနက်နေတဲ့အမူအယာကို အကြည့်မလွှဲနိုင်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကနေ အလင်းရောင်တွေဖြာထွက်နေသလိုမျိုး အရမ်းတောက်ပလွန်းတာကြောင့် ရင်တွေခုန်လာတယ်။

"မင်းက ကိုယ့်ကိုဒီလိုကြည့်နေတော့ ကိုယ်ဘယ်လိုလုပ်စာရေးနိုင်တော့မှာလဲ?" ဟဲ့ချန်းမင် ဘောပင်ကို ဘေးနားပစ်ချလိုက်ကာ ထိုင်ခုံကို ကျောမှီပြီး ခပ်ပြုံးပြုံးကြည့်လိုက်တယ်။

ရှက်သွားတဲ့အရိပ်အယောင်တချို့ ကျီလျောင့်မျက်နှာမှာဖြတ်သွားပြီး သူ့ကိုယ်သူပြန်အားတင်းလိုက်တယ် "အင်းပါ မကြည့်တော့ဘူး"

ဟဲ့ချန်းမင် သူ့ဦးနှောက်ကို ဆက်အလုပ်ပေးလိုက်တယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို ပိုပြီးသဘောကျတယ်ဆိုပေမယ့် ကျီလျောင်က ဘယ်လောက်တောင်စိတ်ဝင်တစားဖြစ်နေလဲဆိုတာကို မြင်တော့ မနှောင့်ယှက်ချင်တော့ဘဲ ဒီတိုင်းအသာလိုက်မျောနေလိုက်တယ်။

သူ့လက်ကပတ်တီးက တစ်လလောက်နေတဲ့အခါ ဖြုတ်လိုက်ရတယ်။ ဒီကြားထဲမှာ ဟဲ့ချန်းမင်က မန်မိသားစုအိမ်ကို မကြာခဏသွားပြီး ပျော်ပျော်ကြီး အန်တီ အန်တီနဲ့ကို ဖြစ်နေတော့တယ်။ ရှုအိုက်ဝမ်ကလည်း သူ့ကို သူမရဲ့သားအရင်းတစ်ယောက်လို သဘောထားပြီး နံရိုးနှပ်တွေနဲ့ ကြက်စွပ်ပြုတ်တွေပါ တိုက်တာကြောင့် မထင်မှတ်ဘဲ ဟဲ့ချန်းမင်တောင် နောက်ထပ် နှစ်စင်တီမီတာလောက် အရပ်ထွက်လာတယ်။

ကျီလျောင်လည်း တစ်ကီလို နှစ်ကီလိုလောက် ၀လာပြီး မန်ယောင်ယောင်တောင် မျက်နှာဝိုင်းဝိုင်းလေးဖြစ်လာတယ်!

တစ်နေ့ မန်ယောင်ယောင်မှန်ကြည့်မိတဲ့အချိန်မှာ မေးနှစ်ထပ်တောင်ဖြစ်တော့မယ်ဆိုတာကို တွေ့ပြီး အလန့်တကြားဖြစ်သွားတယ်။ ထိုည ရှုအိုက်ဝမ်ဆီက ညလယ်စာကိုတောင် ငြင်းပြီး သူမဘာသာ ဝိတ်ချတော့တယ်!

ရှုအိုက်ဝမ်မှာက အကျင့်တစ်ခုရှိတယ်။ ချက်ပြုတ်စရာတွေအတွက် ပါဝင်ပစ္စည်းမျိုးစုံထည့်တတ်တယ်။ မန်ယောင်ယောင် ငြင်းလိုက်တော့ ဟဲ့ချန်းမင်ကို တွေးမိသွားတယ်။ အဲ့ကလေးက စားနိုင်ပြီး ဘာမှကို မငြင်းတာ။ ပြီးတော့ ၀လည်းမ၀တာကြောင့် သူမကျွေးဖို့အတွက် အကောင်းဆုံးပစ်မှတ်က သူပဲ!

အဲ့တာကြောင့် သူမကျီလျောင့်ကို ဟဲ့ချန်းမင် ဘယ်အချိန်အားအား အိမ်မှာထမင်းလာစားဖို့ ပြောလိုက်တယ်။ မန်ယွမ်ပြောတဲ့အတိုင်းဆို အဲ့ကလေးက သူ့မိသားစုကနေ သက်သက်ခွဲနေတာ။ သေချာပေါက် တစ်ယောက်တည်းနေပြီး ကောင်းကောင်းစားမှာမဟုတ်ဘူး။ တွေးကြည့်ရင်းနဲ့တောင် တကယ်စိတ်ဖိစီးတယ်။

ကျီလျောင်က တွန့်ဆုတ်ဆုတ်နဲ့ တစ်ခုခုပြောချင်သလိုဖြစ်နေတာကြောင့် ရှုအိုက်ဝမ်မေးလိုက်တယ် "ဘာဖြစ်လို့လဲ? မင်းတို့ရန်ဖြစ်ထားတာလား?!" ကျီလျောင် မှုန်ကုတ်သွားတယ် "အဲ့လိုမဟုတ်ပါဘူး" ဒါပေမယ့် သူကထပ်စားရအုံးမှာလား?!

အရင်တုန်းက သူ့ဆီမှာ ရင်အုပ်ကြီးနှစ်ခုနဲ့ ပေါင်မုန့်ခြောက်လုံးရှိတယ်။ ခုတစ်လော လက်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်သလို တချိန်တည်းမှာပဲ အစုံပလုံစားသောက်နေခဲ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက် ဟဲ့ချန်းမင်နဲ့ တရင်းတနှီးနေတုန်းကဆို သူ၀လာတာကို သတိထားမိသွားတယ်။ အကျီတွေဝတ်ထားလို့သာ မမြင်ရတာ။ သူ့အဝတ်တွေချွတ်လိုက်တဲ့အချိန်မှာ သူ့ဆီမှာ ပေါင်မုန့်ကနှစ်လုံးပဲကျန်တော့တယ်!

"ဒီကောင်လေးကတော့... မင်း ရှောင်ဟဲ့ကို အူတိုနေတာလား?"

အခု ရှုအိုက်ဝမ်က ဟဲ့ချန်းမင်ကို ရှောင်ဟဲ့လို့ခေါ်လာတာကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တစ်စထက်တစ်စ တိုးတက်လာပြီဆိုတာ ပြနေတယ်။

ကျီလျောင် မျက်နှာမဲ့သွားတယ်။ "ဘယ်ကသာ" အဲ့ ရှေးစကားပုံက ဘာပါလိမ့်? ယောက္ခမက သားမက်ကိုဂရုစိုက်လေလေ သူအဆင်ပြေလေဖြစ်တယ်။

ရှုအိုက်ဝမ်က ဒီလိုမျိုးလို့ သူခံစားမိတယ်။ နောက်ပြီးတော့ ဟဲ့ချန်းမင်ကြီးက သူမရှေ့မှာဆို တချိန်လုံးကောင်းချင်ယောင်ဆောင်ပြီး အမြဲတမ်း အသားအရေထိမ်းသိမ်းတဲ့ပစ္စည်းတွေ ပို့ပေးတတ်တယ်။ အဲ့တာတွေက အသားအရေအလိုက်လုပ်ထားတာလို့ သူကြားမိတယ်။ ဈေးနှုန်းတွေဆိုလည်း ကြောက်ဖို့လန့်ဖို့တောင်ကောင်းတယ်။

အလှအပကို မကြိုက်တဲ့အမျိုးသမီးဆိုလို့ တစ်ယောက်မှမရှိဘူး။ ရှုအိုက်ဝမ်က နောက်တစ်ခေါက်မဝယ်နဲ့တော့လို့ ပြောပေမယ့် သူမတကယ်ပျော်တာဖြစ်တယ်။ အဲ့တာကိုသုံးပြီးနောက် အသားအရေကောင်းမွန်လာတဲ့အခါ ပိုပြီးတော့တောင် ကျေနပ်နေတော့တယ်။

ကျီလျောင်လည်း သူ့အမေရဲ့အမိန့်ကို ပြောပြီးနောက် ဟဲ့ချန်းမင် ထရယ်ကာ မြန်မြန်ပြန်ဖြေတယ်။ "ကောင်းပြီ ကိုယ်မနက်ဖြန်လာခဲ့မယ်" သူဖုန်းချလိုက်ချိန်မှာ သူ့အမေကျောင်မေးလန်က တံခါးရှေ့ရောက်ချလာတယ်။

ကျောင်မေးလန်က ဒီကိုလာတဲ့တစ်လမ်းလုံး စိတ်ဆိုးလာတာဖြစ်တယ်။ ဒီနေ့ အထူးတလည်ပြုလုပ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းဝယ်ဖို့ စတိုးဆိုင်ကိုသွားတဲ့အခါ ဟဲ့ချန်းမင်က ဒီကိုခုတလောခဏခဏလာနေတယ်ဆိုတာကို ကြားလိုက်ရတယ်။ သူမက ထိုအကြောင်းသိချင်ယောင်ဆောင်ပြီး ဝယ်သူစာရင်းကိုပြဖို့ ဆိုင်ရဲ့ဝန်ထမ်းကိုလှည့်စားလိုက်တယ်။ အဲ့အခါမှ သူမသားဒီကို မကြာခဏလာရအောင်လုပ်တဲ့လူက ရှုအိုက်ဝမ်မှန်းသိလိုက်ရတော့တယ်!

ကျောင်မေးလန် ဒီနာမည်ကို နည်းနည်းရင်းနှီးနေတယ်။ အတော်ကြာတော့မှပဲ သူက ကျီချင်းဝမ်ရဲ့ဇနီး ကျီလျောင်ရဲ့အမေဆိုတာကို သတိရသွားတယ်။

ယောက္ခမအတွက် ငွေဖြုန်းပေးနေတဲ့ ဆက်ဆံရေးပဲ!

ဒါက အတော်ကြီးမတရားဘူးလို့ ကျောင်မေးလန်ခံစားရတယ်။ ဒါက သူမရဲ့သား။ သူမအတွက် ပိုက်ဆံမသုံးပေးတာကို စိတ်ထဲမထားဘူး။ ဒါပေမယ့် တခြားသူတွေအတွက် သုံးပေးတာကတော့ လွန်သွားပြီ!

ချက်ချင်းဆိုသလို ဟဲ့ချန်းမင်နေတဲ့ဆီကို တက်စီငှားပြီးလာလိုက်တယ်။

ဟဲ့ချန်းမင် တံခါးနားကလူကိုကြည့်ပြီး အေးစက်စွာပြောလိုက်တယ် "ဘာလို့ရောက်လာတာလဲ?"

ကျောင်မေးလန်သူ့ကိုတွန်းကာ အထဲဝင်လာခဲ့တယ်။ သူမက သူ့ရဲ့ဘယ်ဘက်လက်ကို တွန်းလိုက်တာဖြစ်တယ်။ ပတ်တီးဖြည်လိုက်ပြီဆိုပေမယ့် ဒဏ်ရာကလုံး၀သက်သာသေးတာမဟုတ်ဘူး။ ဟဲ့ချန်းမင် နာသွားတာကို အောင့်ခံပြီး မျက်မှောင်ကြုတ်သွားတယ်။

ကျောင်မေးလန် သူ့ရဲ့ထူးဆန်းတဲ့အမူအယာကိုသတိထားမိတော့ ချက်ချင်းမေးလိုက်တယ် "မင်း တစ်ခုခုကို ဖုံးကွယ်ထားလား?!" ဟဲ့ချန်းမင် ဘာမှမပြောဘဲ ဧည့်ခန်းထဲကို လှည့်ဝင်လိုက်တယ်။ ဆိုဖာပေါ်ထိုင်ပြီး စာအုပ်တစ်အုပ်သာ ဖွင့်ဖတ်နေတယ်။

ကျောင်မေးလန် လျစ်လျူရှုခံရတာကြောင့် မကျေမနပ်ဖြစ်သွားတယ်။ သူမ ဟဲ့ချန်းမင်နားလျှောက်လာပြီး အသံပျော့ပျော့လေးနဲ့ ပြောလိုက်တယ် "ရှောင်းမင် အမေက မင်းရဲ့အမေပါ၊ ဘာလို့အမေ့ကို ဒီလိုဆက်ဆံနေရတာလဲ?!"

သူမကို တကယ်ပဲ ဒီလောက်တောင်မုန်းနေတာလား?

ဟဲ့ချန်းမင် မျက်ခွံအသာပင့်ပြီး လေသံကိုအနည်းငယ်လျှော့ပြီးပြောလိုက်တယ် "ဒီနေ့ဘာလို့ရောက်လာတာလဲ?" သူမရောက်လာတိုင်း ကွယ်ဝှက်ထားတဲ့ရည်ရွယ်ချက်တွေနဲ့ချည်းပဲဆိုတာ သူကောင်းကောင်းကြီးသိနေတယ်။

"ကိုယ့်သားအိမ်ကိုယ်လာတာတောင် မရဘူးလား?!" ကျောင်မေးလန် ဝန်ခံဖို့ကို တွန့်ဆုတ်နေတယ်။

ဟဲ့ချန်းမင်က သူမကိုမေးခွန်းထုတ်သလိုကြည့်လိုက်တဲ့အခါ သူမရဲ့ယုံကြည်ချက်တွေ ချက်ချင်းပျောက်သွားပြီး လည်ပင်းကျုံ့သွားတယ်။

"ခုတလော ကျီလျောင်နဲ့အဆင်ပြေနေတယ် ဟုတ်တယ်မှတ်လား?"

သူ့အမေအတွက် ဈေးကြီးတဲ့အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုတောင် ဝယ်ပေးနေတာဆိုတော့ မဆိုးလောက်ဘူး။

သူမပါးစပ်ထဲက ကျီလျောင်ဆိုတဲ့နာမည်ကြားရမှာကို ဟဲ့ချန်းမင်အကြောက်ဆုံးဖြစ်တယ်။ ချက်ချင်းဆိုသလို စာအုပ်ပြန်ချပြီး ကျောင်မေးလန်ကို စိုက်ကြည့်လိုက်တယ် "အဲ့တာ ဘာဖြစ်လို့မေးတာလဲ?" သူခိုးတွေကို ကာကွယ်ပေးပြီး သူမကိုဆန့်ကျင်ခုခံနေတဲ့ သူမသားကိုမြင်တော့ ကျောင်မေးလန်ရင်နာနာနဲ့ ပြောလိုက်တယ် "မင်းအမေကို ဘာလို့ အဲ့လိုမျိုးကြည့်ရတာလဲ? မင်းအမေက မင်းအကြောင်းတောင်မေးလို့မရဘူးလား?" ဟဲ့ချန်းမင် အေးစက်စွာပြောလိုက်တယ် "ကိုယ်အရင်က ဘာတွေလုပ်ခဲ့လဲဆိုတာ ကိုယ်အသိဆုံးဖြစ်မှာပေါ့"

ကျီလျောင် သူ့ဆီက ထွက်သွားလုနီးပါးတောင်ဖြစ်သွားတာ။ အဲ့အချိန်တုန်းက ကျီလျောင့်ဘက်ကနေ သူ့ကိုခွင့်လွှတ်ပေးဖို့ မရွေးခြယ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာ သူတွေးတောင်မတွေးကြည့်ရဲဘူး။

ပြီးတော့ အဲ့တာတွေအားလုံးက ကျောင်မေးလန်ကြောင့်ချည်းပဲ။

ကျောင်မေးလန် အပြစ်မကင်းသလိုခံစားလိုက်ရတယ်။ သူမ ဟဲ့ချန်းမင် မျက်လုံးတွေကို လွှဲရှောင်ပြီး တွန့်ဆုတ်ဆုတ်ပြောလိုက်တယ် "အဲ့မတော်တဆအတွက် အမေစိတ်မကောင်းပါဘူး၊ ဒါပေမယ့် အမေ့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးလို့မရဘူးလား?"

အဲ့မတော်တဆဖြစ်ခဲ့တာက အတော်လေးတောင်ကြာနေပြီ။ နောက်ပြီး အခုချိန်မှာ သူလည်းကျီလျောင်နဲ့ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား?!

ကျောင်မေးလန်တောင်းပန်လာမယ်လို့ မထင်ထားတာကြောင့် ဟဲ့ချန်းမင်ရဲ့စိတ်အခြေအနေပြန်ကောင်းသွားတယ်။ စာအုပ်ကို နောက်တစ်ကြိမ်ပြန်ယူရင်း "အဲ့တာက ကျီလျောင့်ကို သွားပြောရမှာ"

ကျောင်မေးလန်ပြန်မပြောဘူး။ အဲ့လိုနတ်ဆိုးပေါက်လေးကို ဘယ်နည်းနဲ့မှ မတောင်းပန်နိုင်ဘူး!

ဒါပေမယ့် သူမသားကတော့ တကယ်စွဲလန်းနေပြီဆိုတာ သတိထားမိတယ်။ ကျီလျောင့်အပေါ်စိတ်ကောင်းထားပြလိုက်တာနဲ့ သူမကိုလည်း သူကပြန်ပြီး သဘောကောင်းပေးတယ်။

သူမလည်း တောင်စဉ်ရေမရ ဟဲ့မိသားစုရဲ့ လက်ရှိအခြေအနေကို ပြောနေလိုက်တယ်။ အနားယူပြီးတော့မှ ဟဲ့ယွဲ့ကျင်းက အလုပ်ပိုရှုပ်လာပုံရတယ်။ ဘဏ္ဍာရေးအပတ်စဉ်ထုတ်စာနယ်ဇင်းကနေ သူနဲ့အထူးအစီအစဉ်တွဲလုပ်ဖို့ ပြောလာပြီး စီးပွားရေးchannelကလည်း သူ့ကို ပရိုဂရမ်မှာပါဖို့ ဖိတ်ကြားတယ်။ အဲ့တာကြောင့်ပဲ သူနေ့တိုင်းအပြင်ထွက်နေရတယ်။

ဒါပေမယ့် သူက မြေခွေးမနဲ့တော့ ပြတ်သွားတဲ့ပုံရတယ်။ အရင်တုန်းက သူမရနေကျ အဲ့ရေမွှေးနံ့ကို ခုတလောမရဘူး။

"ဒါနဲ့ မင်းရဲ့မရီးက ကိုယ်ဝန်ရနေတာကို သိပြီးပြီလား?"

ကျောင်မေးလန်မျက်နှာက အတင်းအဖျင်းပြောဖို့ တောက်ပနေတယ်။ ကျန်းချီရဲ့ကိုယ်ဝန်ကြောင့် ဟဲ့ယွဲ့ကျင်းက သူ့မြေးအကြောင်းပဲ တောက်လျှောက်တွေးကာ အိမ်ကိုမကြာခဏပြန်လာတယ်။

ဟဲ့ချန်းမင်မျက်ခုံးပင့်သွားတယ်။ ကျန်းချီက ခုတလောကျီလျောင့်ကို ထပ်မစတော့ဘဲ ရောင့်ရဲတင်းတိမ်နေတာက ဘာကြောင့်များလဲဆိုပြီး သူတွေးနေတာ။ ကိုယ်ဝန်ရနေလို့ကိုး! ဟဲ့ချန်းမင် မျက်လုံးတွေ မှေးကျဉ်းသွားတယ်။ သူ့အစ်ကိုရဲ့ကလေးထုတ်နိုင်နှုန်းက တစ်ခုခုတော့တစ်ခုခုပဲ။ [T/N : everyday day... every everyday~~ with you with you~~ ဘာမှမပြောဘူးနော် သီချင်းဆိုတာ]

"အိုး" သူဝတ်ကျေတမ်းကျေသာပြန်ပြောလိုက်တယ်။

ကျောင်မေးလန်သက်ပြင်းချကာ မဝံ့မရဲပြောလိုက်တယ် "ဒီဘ၀မှာ အမေ့ရဲ့သွေးသားရင်းမြေးလေးကို ချီနိုင်ပါ့မလားတောင် မသိတော့ပါဘူး" စကားတစ်ခွန်းတည်းနဲ့ ဟဲ့မုရှန်းရဲ့ကလေးကို ထည့်မတွက်ထားတာဖြစ်တယ်။

ဟဲ့ချန်းမင် မျက်နှာသေနဲ့ပြောလိုက်တယ်။ "အဲ့မျှော်လင့်ချက်ကို တတ်နိုင်သမျှမြန်မြန်လက်လျှော့လိုက်တာ ကောင်းမယ်" ကျောင်မေးလန် တစ်ဆို့သွားပြီး ချက်ချင်းကို ဘာမှပြန်မပြောနိုင်တော့ဘူး။

"ကိစ္စမရှိပါဘူး၊ သားပျော်တယ်ဆိုရင် အမေပျော်ပါတယ်" သူမရဲ့မနာလိုဝန်တိုမှုတွေကို သွေးသံတရဲရဲဖြစ်နေတဲ့ နှလုံးသားနဲ့ ဖုံးအုပ်ထားလိုက်တယ်။ သူမရဲ့မြေးအရင်းကိုလိုချင်တယ်ဆိုပေမယ့် သူမသားက အရွယ်ရောက်လာပြီ။ သူမဆီမှာလည်း သူ့ကိုရန်စဖို့အထိ မတတ်သာတာကြောင့် ငြိမ်နေလိုက်ရတယ်။

ဒါကိုကြားတော့ ဟဲ့ချန်းမင်လှောင်ရယ်မိတယ်။

ကျောင်မေးလန်က သူ့ရဲ့လှောင်ရယ်မှုကြောင့် တောင့်တင်းသွားပေမယ့် ဘာမှပြန်မပြောနိုင်ဘူး။ သူမ အပေးအယူလုပ်ပြီးပြောလိုက်တယ် "ရှောင်းမင် အမေ ကျီလျောင်နဲ့ မင်းကိစ္စကို လိုက်ပြီး အာရုံစိုက်မနေတော့ဘူး၊ ဒါပေမယ့် သားမှာ အချိန်ရှိတယ်ဆိုရင် အိမ်မှာအမေ့ကို လာတွေ့ရမယ်နော် ဟုတ်ပြီလား?"

ကျန်းချီရောက်လာပြီးနောက်ပိုင်း အိမ်မှာက စည်စည်ကားကားဖြစ်လာတယ်ဆိုပေမယ့် သူမ ဟဲ့မိသားစုထဲမှာ အထီးကျန်နေတုန်းပဲ။

ဘယ်လိုနေနေ သူမက ဟဲ့မုရှန်းရဲ့မိန်းမလေ။ သူမတောင် ဟဲ့မုရှန်းနဲ့ မရင်းနှီးတာ၊ ကျန်းချီနဲ့ဆို ဘယ်လိုလုပ်ပြီး ရင်းနှီးတော့မှာလဲ? နောက်ပြီး ကျန်းချီကိုယ်ဝန်ရပြီးနောက်ပိုင်း ဟဲ့မုရှန်းက သူမကို အရမ်းတန်ဖိုးထားပြီး အလုပ်တွေဖြတ်ပြီး အိမ်ကိုနေ့တိုင်းပြန်ပြေးလာနေကျဖြစ်တယ်။ ဟဲ့မုရှန်းကြောင့် ဟဲ့groupကြီး အရင်းပြုတ်သွားမှာကိုတောင် စိုးရိမ်မိတယ်။

"သိပြီ" ဟဲ့ချန်းမင်က အင်းမလုပ် အဲမလုပ် ဒီတိုင်းပဲပြန်ဖြေလိုက်တယ်။

ဒါကိုမြင်တော့ ကျောင်မေးလန်ရဲ့နှစ်လိုဖွယ်မျက်နှာက ပြောလို့မရနိုင်လောက်အောင် စိတ်ပျက်မှုတွေပြည့်နှက်သွားပြီး တွန့်ဆုတ်စွာထရပ်လိုက်တယ်။ သူမသားကိုကြည့်ကာ ပြောလိုက်တယ် "အဲ့တာဆို အမေပြန်နှင့်ပြီ?"

ဟဲ့ချန်းမင်က သူမကိုတောင်ပြန်မကြည့်ဘဲ သူ့စာအုပ်က နောက်တစ်မျက်နှာကို လှန်ကာ "အင်း"ဆိုပြီးပဲ ခပ်တန်းတန်းပြန်ပြောတယ်။

ကျောင်မေးလန် ဝမ်းပန်းတနည်းထွက်လာပြီး ဟဲ့မိသားစုအိမ်ကို ပြန်လာလိုက်တယ်။ အဲ့အချိန်မှာ အလုပ်ကအစောကြီးဆင်းလာတဲ့ ဟဲ့မုရှန်းနဲ့သွားတိုးတယ်။ ဟဲ့ချန်းမင်ရဲ့ဘယ်ဘက်လက်အကြောင်းတွေးမိပြီး မေးကြည့်လိုက်တယ် "ခုတလော ရှောင်းမင် ဒဏ်ရာရသေးလား?"

ဟဲ့မုရှန်း ရပ်သွားပြီး သနားသောအားဖြင့် မတော်တဆအကြောင်းပြောပြလိုက်တယ်။

သူ့ကလေးရပြီးနောက်ပိုင်းမှာ သူ့နှလုံးသားလည်း နူးညံ့လာတာဖြစ်မယ်။ တကယ်တော့ နှစ်တွေအများကြီးကြာလာတဲ့အခါ ကျောင်မေးလန်က တစ်ကိုယ်ကောင်းဆန်တယ်ဆိုပေမယ့် လူဆိုးတစ်ယောက်တော့မဟုတ်ဘူးဆိုတာ သူနားလည်လာတယ်။ သူမရဲ့ဉာဏ်ရည်ဉာဏ်သွေးက သာမန်ပဲဖြစ်ပြီး တစ်ခါတစ်ရံ ရူးကြောင်ကြောင်တွေလုပ်တတ်တယ်ဆိုပေမယ့် ဉာဏ်နီဉာဏ်နက်များပြီး အကျင့်သိက္ခာမရှိတဲ့မိန်းမလိုမျိုး မနေဘူး။

သူမကြောင့် သူရဲ့အမေက အဝေးကို တွန်းပို့ခံလိုက်ရတာလို့ပြောရမလား ဒါမှမဟုတ် ဒီတိုင်းပဲထွက်သွားတာလို့ပြောရမလား။ ဟဲ့ယွဲ့ကျင်းက လူတကာနဲ့ပလူတတ်တဲ့လူမျိုးဖြစ်တယ်။ ကျောင်မေးလန်မဟုတ်ခဲ့ရင်တောင်မှ တစ်စုံတစ်ယောက်ဖြစ်နေလိမ့်မယ်။ စောစောစီးစီးထွက်သွားတာကလည်း ခပ်ကောင်းကောင်း။

အခု သူ့မှာ ကျန်းချီရှိနေပြီ။ အိမ်လို့ခေါ်လို့ရတဲ့အရာရှိနေပြီဆိုတော့ သူ့ရဲ့အရင်ကနာကျည်းမှုတွေ၊ နာကျင်ခဲ့ရတာတွေနဲ့ စိတ်ပျက်မှုတွေက သူ့ရင်ထဲကနေ တဖြည်းဖြည်းပျောက်ကွယ်လာတော့တယ်။

ဒီကိစ္စကိုသိလိုက်ရချိန်မှာ ကျောင်မေးလန်မျက်လုံးတွေက နီတက်လာပြီး သူမသားက ဒဏ်ရာရတာကိုတောင် သူမကိုဖွင့်မပြောတဲ့အထိ ဘယ်လောက်တောင်ဝေးကွာလာပြီလဲလို့ တွေးမိသွားတယ်။ သူမမှားမှန်းသိပေမယ့် ဝန်မခံရဲဘူး။

"နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ငါ့ကိုပြောပြပေးပါ" ကျောင်မေးလန် ဟဲ့မုရှန်းကို နှိမ့်ချစွာပြောလိုက်တယ်။

ဟဲ့မုရှန်း အံ့ဩသွားပြီး ခေါင်းငြိတ်ပြကာ ဝင်လာလိုက်တယ်။ ကျန်းချီက ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်။ သူမက မတရားတွေရယ်မောနေတာကြောင့် ဟဲ့မုရှန်းလန့်ဖြန့်သွားပြီး အမြန်လျှောက်လာကာ တီဗွီကို ပိတ်ပစ်လိုက်တယ်။

ကျန်းချီသူ့ကိုကြောင်တောင်တောင်ပြန်ကြည့်ကာ "ဘာတွေလုပ်နေတာလဲ?!" လို့မေးလာတယ်။

ဟဲ့မုရှန်းတည်ငြိမ်စွာပြောလိုက်တာက "ဆရာဝန်က ကိုယ်ဝန်ဆောင်သည်တွေက အရမ်းစိတ်လှုပ်ရှားလို့မရဘူးလို့ ပြောထားတယ်"

ကျန်းချီကို စိုက်ကြည့်ပြီး သူ့ရဲ့စကားလုံးတွေကို ပြန်မြိုချလိုက်ရတယ်။ သူတို့တွေ မီးမဖွားခင်ကာလ အသိပညာပေးကနေပြီးတော့ ရှေ့လျှောက် ဘယ်လိုအဆဲစကားလုံးမှ မပြောဘူးလို့ သဘောတူထားကြတယ်။ "မဟုတ်ဘူးလေ ဆရာဝန်က ကျွန်မရဲ့ Happy Moodကို ထိန်းသိမ်းထားရမယ်လို့လည်း ပြောလိုက်သေးတယ်လေ၊ Happy Mood နားလည်ရဲ့လား? အခု ရှင့်ကြောင့် ကျွန်မစိတ်တိုသွားပြီ!" ကျန်းချီက သူမကိုယ်သူ ကမ္ဘာ့နံပါတ်တစ်လိုမျိုး ကျေနပ်နေတဲ့ပုံစံမျိုးနဲ့ လက်တစ်ကို ခါးမှာထောက်ပြီး နေနေတယ်။

ဟဲ့မုရှန်းက အနားလျှောက်လာပြီး သူမဝမ်းဗိုက်နားကပ်ကာ နားထောင်ပြီး ဘာမှမကြားရဘူးဆိုပေမယ့် ပျော်ရွှင်နေမိတယ်။ သူ ကျန်းချီရဲ့မျက်နှာလေးကို နမ်းကာ ပြုံးပြီးပြောလိုက်တယ် "ကိုယ်မသိလို့ပါ၊ မလုပ်ရဲတော့ပါဘူး"

ကျန်းချီ ချိုမြိန်စွာပြုံးပြီး သူမလက်ညှိုးနဲ့ သူ့နှဖူးကိုထောက်ကာ ဘုရင်မကြီးတစ်ယောက်လိုပြောလိုက်တယ်။ "ရှင်ဘယ်လုပ်ရဲပါ့မလဲ! တီဗွီပြန်ဖွင့်ပေး!" ဟဲ့မုရှန်းက သူ့ရဲ့ဇနီးလေးဆီက အနမ်းတစ်ပွင့်ရလိုက်တဲ့အတွက် နာနာခံခံနဲ့ တီဗွီပြန်ဖွင့်ပေးလိုက်တယ်။

_____

Thanks 😉


Continue Reading

You'll Also Like

225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...
1M 75.8K 80
#Original Author-Jijing Jun & Shou "လင်ထျန်းယွီ''သည်ကျောင်းသားကောင်စီခေါင်းဆောင်ဖြစ်သည်။ ရွှီဇယ်သည် အထက်တန်းပထမနှစ်ကျောင်းသား ဖြစ်သည်။ပုံမှန်အတန်းမျာ...
1.3M 216K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...