{Zawgyi}
•မင္းတို႔ေကာင္ေတြ သူ႔ကိုေသာက္ရမ္း႐ိုက္ၾက!•
ညေနခင္းဆည္းဆာခ်ိန္ေလးက ေႏြးေထြးေပမယ့္ လူငယ္ေလးရဲ႕ခႏၶာကိုယ္ထဲက အေအးဓာတ္ကို မပယ္ဖ်က္ေပးႏိုင္ဘူး။
အက်ီအိတ္ကပ္ထဲကို လက္ႏွစ္ဖက္လုံးထည့္ၿပီး လမ္းမေပၚမွာ ဟဲ့ခ်န္းမင္မ်က္ႏွာေၾကာတင္းတင္းနဲ႔ေလွ်ာက္လာတယ္။
သီးသန႔္စုံေထာက္ဆီကရထားတဲ့ messageအရဆိုရင္ ေကာင္းရွန္က သီးသန႔္ကားျပင္ဆင္တဲ့ဆိုင္မွာ အလုပ္သင္အျဖစ္ဝင္လုပ္ေနတယ္။ ေနာက္ၿပီးသူ႔မွာမိသားစုေနာက္ခံဘာညာလည္းမရွိဘူး။ ေကာင္းရွန္ရဲ႕တစ္ဦးတည္းေသာအဖြားကလည္း လဝက္ေလာက္တုန္းက ဆုံးသြားၿပီ။
ေကာင္းရွန္ဘာေၾကာင့္ ဒီေလာက္လက္ရဲဇာတ္ရဲျဖစ္ေနရတာလဲဆိုတဲ့အေၾကာင္းျပခ်က္က သူ႔ရဲ႕အမ်ိဳးက ေသသြားၿပီျဖစ္တာေၾကာင့္ပဲ။
ဟဲ့ခ်န္းမင္မ်က္လုံးထဲမွာေတာ့ ဘာမွမကြာသြားဘူး။ အဲ့ေကာင္ရဲ႕ေျခေထာက္ေတြကို ခ်ိဳးပစ္မယ္ဆိုၿပီး ခ်ထားတဲ့ဆုံးျဖတ္ခ်က္က လုံးဝကိုမေျပာင္းလဲေသးဘူး။ သူလုပ္ရဲတယ္ဆိုမွေတာ့ ျဖစ္လာမယ့္အက်ိဳးဆက္ကိုလည္း ခံႏိုင္ရမွာေပါ့။ မဟုတ္ရင္ သူကအရမ္းအႏိုင္က်င့္လို႔လြယ္တယ္လို႔ အဓိပၸါယ္သက္ေရာက္သြားမွာမဟုတ္လား?!
မၾကာခင္လမ္းေထာင့္နားက ညစ္ပတ္ေနတဲ့ကားဂိုေဒါင္ဆီကို ေရာက္လာတယ္။
ေကာင္းရွန္က အရမ္းပိန္ၿပီး စြပ္က်ယ္ဂ်ိဳင္းျပတ္ကို ဝတ္ထားတယ္။ Chery QQ ေဘးနားမွာထိုင္ေနၿပီး ဝက္အူေတြတပ္ရင္း ဆဲေရးတိုင္းထြာေနတယ္ “ေသစမ္း ငါ့ကိုအသုံးခ်ေနတယ္၊ ေသာက္ပိုက္ဆံနည္းနည္းေလးအတြက္နဲ႔ တစ္ေန႔ကိုဆယ္နာရီေလာက္လုပ္ေနရတယ္ _ သိပ္မၾကာဘူး ငါဒီအမႈိက္ထုတ္ဆီကေန ထြက္သြားမယ္!”
ေျပာၿပီးေနာက္ လက္ကိုင္ကိုကိုင္ၿပီး ထပ္ခါထပ္ခါဖိၿပီး ေနာက္ဆုံးဝက္အူကိုတပ္လိုက္တယ္။
ပင္ပန္းလြန္းလို႔ ေျမႀကီးေပၚထိုင္ခ်ၿပီး ႏွဖူးေပၚက ေခြၽးေတြကို လက္နဲ႔သုတ္လိုက္တာေၾကာင့္ အမည္းရာႀကီးထင္သြားတယ္။
မန္ေယာင္ေယာင္ကို ကိုယ္ထိလက္ေရာက္ေစာ္ကားဖို႔ ႀကံစည္ေနရာကေန ထြက္ေျပးလာၿပီးေနာက္မွာ ဒီျပင္ဆင္တဲ့ဆိုင္မွာ အလုပ္သင္အျဖစ္ဝင္လုပ္ေနခဲ့တယ္။ တစ္ေန႔ကို ယြမ္ရွစ္ဆယ္နဲ႔ အစားအေသာက္ ေနထိုင္စရာရတာေၾကာင့္ လက္ခံႏိုင္စရာေကာင္းတယ္။ ဘာပဲျဖစ္ျဖစ္ အေျခခ်စရာေနရာမရွိမယ့္အတူတူ ဒီမွာအရင္ေနေနလိုက္တာက ပိုေကာင္းတယ္။
မန္ေယာင္ေယာင္ကို ေစာ္ကားမိေတာ့မလိုျဖစ္သြားတဲ့ အခိုက္အတန႔္ကိုျပန္ေတြးမိရင္ ေကာင္းရွန္ ေၾကာက္လည္းေၾကာက္သလို တခ်ိန္တည္းမွာပဲ ပုံရိပ္ေတြျပန္ေပၚလာတယ္။
အဲ့အခ်ိန္တုန္းက သူ႔ဦးေႏွာက္က သူ႔ခႏၶာကိုယ္ေအာက္ပိုင္းေၾကာင့္ ဖ႐ိုဖရဲေတြျဖစ္ၿပီး ဘယ္ကစလို႔စရမွန္းမသိေတာ့ဘူး။ သူမ႐ုန္းကန္ေလေလ သူပိုၿပီးစိတ္လႈပ္ရွားေလပဲ။ တဏွာ႐ူးတစ္ေယာက္လို ထူးဆန္းတဲ့သာယာမႈကိုရၿပီး သူ႔ေရွ႕ကလူကို အားကုန္သုံးၿပီး သိမ္းပိုက္ခ်င္ခဲ့တယ္။
ၾကားဝင္ရႈပ္တဲ့အမ်ိဳးသမီးေၾကာင့္သာမဟုတ္ဘူးဆိုရင္ ေသခ်ာေပါက္ မန္ေယာင္ေယာင္ကို ဖ်က္စီးၿပီးၿပီ!
အဲ့တည္းက သူအႀကံထုတ္ထားၿပီးသားျဖစ္တယ္။ သူမကို လုပ္လို႔ၿပီးသြားၿပီဆိုရင္ သူတစ္ေယာက္တည္းျဖစ္ေနၿပီျဖစ္တဲ့အတြက္ ဘတ္စ္ကားလက္မွတ္ဝယ္လိုက္မယ္။ သူဘယ္ေနရာကိုပဲသြားသြား အိမ္ရွိေနမွာျဖစ္ၿပီး ဘာမွဝန္ေလးေနစရာမလိုေတာ့ဘူး။ ဘယ္ေလာက္ေတာင္ အားရစရာေကာင္းလိုက္သလဲ…
ေကာင္းရွန္ သူ႔ေဘးနားက ေရကိုလွမ္းယူၿပီး ေသာက္ဖို႔အတြက္ ေခါင္းေမာ့လိုက္တယ္။ မ်က္လုံးေထာင့္နားကေန ကားေ႐ြးဖို႔ဝင္လာတဲ့ လွပတဲ့အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ သူမက အလန္းစားေဘာင္းဘီနဲ႔ ခါးတိုအက်ီကိုဝတ္ထားကာ သူ႔မ်က္လုံးေတြကလည္း သူမဆီပဲ က်ေရာက္ေနတယ္။
သူမကားေမာင္းထြက္သြားေတာ့မွ အသိျပန္ကပ္လာၿပီး မႏွစ္ၿမိဳ႕ဖြယ္ေျပာလိုက္တယ္ “ေသာက္ရမ္းsexyက်တယ္!”
ေကာင္းရွန္ မတ္တပ္ထရပ္ၿပီး အေၾကာဆန႔္လိုက္တယ္။ သူ႔ျမင္ကြင္းထဲကို ရင္းႏွီးေနတဲ့လူတစ္ေယာက္ ေလွ်ာက္ဝင္လာတယ္။ ႐ုတ္တရက္ဆိုသလို ေျခေထာက္ေတြေပ်ာ့ေခြသြားတာေၾကာင့္ သူ႔ေဘးနားက Chery QQကို အျမန္လွမ္းေထာက္လိုက္ရတယ္။
ဟဲ့ခ်န္းမင္မ်က္လုံးေတြက ေအးစက္လို႔ေနတယ္။ သူ႔လက္ထဲမွာက လမ္းေဘးမွာဒီတိုင္းပစ္ထားတဲ့အတြက္ ေကာက္လာခဲ့တဲ့ သံေခ်ာင္းတစ္ေခ်ာင္းကို တ႐ြတ္တိုက္ဆြဲလာတယ္။ ေျခတစ္လွမ္းခ်င္းစီေလွ်ာက္လာၿပီး သူ႔အမူအယာကေန ေျပာေနတာက ‘မင္း ေသ ၿပီ’
ေကာင္းရွန္ ရင္တုန္သြားၿပီး ေနာက္ကိုလွည့္ၾကည့္လိုက္တယ္။ နံရံႀကီးတစ္ခုသာရွိၿပီး လြတ္လမ္းမရွိဘူး။
သူ႔ႏွလုံးသားထဲမွာ ဟဲ့ခ်န္းမင္နဲ႔ပက္သက္ရင္ အရိပ္ႀကီးတစ္ခုရွိတယ္။ အ႐ိုက္ေတာင္မခံရေသးခင္မွာ သူ႔ရဲ႕အတြင္းပိုင္ကိုယ္အဂၤါေတြ နာက်င္လာၿပီး ႐ုတ္ျခည္း သူ႔(ဟဲ့ခ်န္းမင္)ကိုရပ္ဖို႔ေျပာလာတယ္။ “ခဏေလးပါ မင္ေကာ၊ မင္ေကာ ကြၽန္ေတာ္မွားသြားပါတယ္… ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ မင္ေကာ”
“ေဒါက္”ခနဲ ဒူးေထာက္ခ်ၿပီး ဟဲ့ခ်န္းမင္ေျခေထာက္ဆီကို ေခြးတစ္ေကာင္လို တြားၿပီးလာကာ ေျခေထာက္ကိုဖက္ကာ ေတာင္းပန္ေတာ့တယ္။
ဟဲ့ခ်န္းမင္က ညစ္ပတ္တယ္လို႔ ခံစားမိၿပီး ေျခေထာက္တစ္ဖက္တည္းနဲ႔ ေဝးေဝးကို ကန္ထုတ္လိုက္တယ္။
ေကာင္းရွန္ ဆဲဆိုခ်င္ေနတာကို ထိန္းခ်ဳပ္ၿပီး ခခယယထပ္လာျပန္တယ္။ အ႐ိုအေသေပးေနရင္းလည္း ငိုယိုၿပီးေျပာတယ္ “မင္ေကာ ကြၽန္ေတာ္မွားသြားမွန္ ကြၽန္ေတာ္တကယ္သိပါၿပီ… ေနာက္တစ္ႀကိမ္မလုပ္ရဲေတာ့ပါဘူး၊ ေက်းဇူးျပဳၿပီး ညႇာတာေသာအားျဖင့္ ဒီတစ္ႀကိမ္ေတာ့ ခြင့္လႊတ္ေပးပါ”
ဟဲ့ခ်န္းမင္ ႏွာေခါင္းရႈတ္ၿပီး သံေခ်ာင္းကိုေထာက္ၿပီး သူ႔ကိုၾကည့္ဖို႔ ကိုယ္ကိုကိုင္းခ်လိုက္တယ္ “ခြင့္လႊတ္ေပးရမယ္? အဲ့ေတာ့ ငါက ဒီေန႔အေပ်ာ္ကားစီးဖို႔ေရာက္လာတာေပါ့?” ေကာင္းရွန္အသည္းအသန္အ႐ိုအေသေပးၿပီး မ်က္ႏွာကိုငုံ႔ခ်ကာ ထိန္းခ်ဳပ္လို႔မရတဲ့ရန္လိုမႈေတြျပည့္ႏွက္လာေပမယ့္ အံကိုႀကိတ္ကာ ေနာက္တစ္ႀကိမ္ခြင့္လႊတ္ေပးဖို႔ပဲ ေျပာလိုက္တယ္။
“စိတ္ပူမေနနဲ႔ ငါက ေျခေထာက္တစ္ေခ်ာင္းပဲလိုခ်င္တာ”
ေျပာေနတာကိုနားေထာင္ရင္ သူ႔ေဘးနားကေျမႀကီးေပၚမွာခ်ထားတဲ့ သံေခ်ာင္းဆီကို ေကာင္းရွန္အၾကည့္ကက်ေရာက္သြားတယ္။ ႐ုတ္တရက္ အရမ္းေဒါသပုန္ထသြားတယ္။ သူ႔ကို႐ိုက္ႏိုင္ပါ့မလားဆိုတာကို ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ခြရွင္ကိုလွမ္းယူကာ သူ႔ေရွ႕မွာရွိေနတဲ့လူဆီ အားနဲ႔လႊဲပစ္လိုက္တယ္။
ဟဲ့ခ်န္းမင္ လ်င္ျမန္စြာေရွာင္ၿပီး ထိုသူ႔ေနာက္ေက်ာကို သံေခ်ာင္းနဲ႔အားျပင္းျပင္းတစ္ခ်က္႐ိုက္ေပးလိုက္တယ္။
ေကာင္းရွန္မ်က္ႏွာက နာက်င္မႈေၾကာင့္ ရႈံ႕တြသြားၿပီး ကားကိုေဆာင့္မိၿပီး လဲက်သြားတာေၾကာင့္ ကားရဲ႕သတိေပးခလုတ္က အသက္ဝင္သြားၿပီး အသံေတြထျမည္လာေတာ့တယ္။ ဟဲ့ခ်န္းမင္မ်က္ေမွာင္ၾကဳတ္ေနတာကို အခြင့္ေကာင္းယူၿပီး ခြရွင္ကို သူ႔ဆီလွမ္းပစ္ၿပီး ထြက္ေျပးေတာ့တယ္။
ဒီေနရာမွာ ကားေတြအမ်ားႀကီးရွိတယ္။ လွည့္လိုက္ပတ္လိုက္လုပ္ရင္း ခပ္ျမန္ျမန္ပဲေကာင္းရွန္သူ႔ကို မ်က္ေျခဖ်က္ကာ ကားဂိုေဒါင္လမ္းၾကားအေနာက္ဘက္က အမႈိက္ကန္မွာ ပုန္းေနလိုက္တယ္။
ရင္ေတြကလည္း မတရားခုန္ေပါက္ေနတယ္။ သူထြက္မလာရဲခင္အထိ သုံးနာရီေလာက္ပုန္းေနရတယ္။ ဟဲ့ခ်န္းမင္ထြက္သြားၿပီဆိုတာကိုျမင္မွ သူစိတ္သက္သာရာရေတာ့တယ္။ အဲ့ေနာက္ ဆဲဆိုလိုက္တယ္ “ေသစမ္း၊ အသက္ဆက္ဖို႔ နည္းလမ္းေလးေတာင္ မေပးဘူးလား? ေကာင္းၿပီေလ မင္းက ငါ့ကိုေသေစခ်င္ေနတယ္ဆိုရင္ မင္းကိုလည္း ငါနဲ႔အတူဆြဲခ်ၿပီး ေသခိုင္းမယ္!”
ကားဂိုေဒါင္ဆီျပန္မယ့္အစား ညစာထြက္စားလိုက္တယ္။
ခုနတုန္းက ဟဲ့ခ်န္းမင္ကို လွမ္းပစ္လိုက္တဲ့ခြရွင္က သူ႔ေနာက္ကကားကိုသြားထိတယ္။ အဲ့ကားကိုျပန္ျပင္ဖို႔ဆိုရင္ အနည္းဆုံးယြမ္တစ္ေသာင္းေလာက္ကုန္က်မွာ။ အခုသူျပန္သြားရင္ သူေသလိမ့္မယ္!
ညေရာက္တဲ့အခါ အေမွာင္ထုက တျဖည္းျဖည္းႀကီးထြားလာတယ္။
ေကာင္းရွန္ ခိုးေၾကာင္ခိုးဝွက္ျပန္ေရာက္လာတယ္။ ဒီတစ္ႀကိမ္မွာ ေငြေၾကးဌာနကတံခါးကို ကေလာ္ဖြင့္ၿပီး အထဲက ယြမ္ေသာင္းဂဏန္းေလာက္ကို ယူလိုက္တယ္။
သူမထြက္သြားခင္ ေထာင့္နားမွာရွိတဲ့ လုံၿခဳံေရးကင္မရာကိုၾကည့္ၿပီး ေမာက္မာစြာနဲ႔ လက္ခလယ္ေထာင္ျပလိုက္တယ္။
ဒီပိုက္ဆံေတြသုံးၿပီး ရာဇဝတ္သားတခ်ိဳ႕ရွာကာ ဟဲ့ခ်န္းမင္ကို ျပင္းျပင္းထန္ထန္႐ိုက္ဖို႔ရယ္ ၿပီးတာနဲ႔ တစ္ျခားေနရာတစ္ခုခုကို ထြက္သြားဖို႔ ရထားလက္မွတ္ဝယ္မယ္လို႔ ဆုံးျဖတ္လိုက္တယ္။
ေသစမ္း အဲ့ေကာင္ကို သူ႔ေရွ႕ဒူးေထာက္ၿပီး သနားေပးပါလို႔ ေတာင္းဆိုလာေအာင္လုပ္ပစ္မယ္!
ေကာင္းရွန္ အခိုင္အမာေတြးၿပီး မ်က္လုံးေတြကလည္း မီးေတြပစ္လႊတ္ေတာ့မတတ္ပဲ။
ရပ္ကြက္ထဲမွာ လူေတာ္ေတာ္မ်ားမ်ားကိုသိၿပီး သူတို႔အားလုံးက အသုံးမက်တဲ့လူငယ္ေလးေတြသာျဖစ္တယ္။ စကားလုံးေလးေတြနဲ႔ ေဖာ္လံဖားလုပ္ၿပီး ပိုက္ဆံနည္းနည္းေလာက္ဆိုရင္ သူတို႔ေတြက သူ႔အတြက္ အရမ္းလုပ္ေပးခ်င္ၾကတယ္။
ဘယ္လိုေနေန တစ္စုံတစ္ေယာက္ကို ႐ိုက္ႏွက္႐ုံေလးပဲကို။ အဲ့လူကို ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းေအာင္ ဒါမွမဟုတ္ ေသသြားေအာင္မ႐ိုက္သေ႐ြ႕ ရဲစခန္းမွာ အလြန္ဆုံးမွ ရက္ပိုင္းေလာက္သြားေန႐ုံပဲ ၿပီးရင္ျပန္လြတ္လာၾကမွာ။ သူတို႔အတြက္ ဘာမွမျဖစ္သြားဘူး။ အဲ့တာကလည္း သူတို႔သြားေနက်ေနရာပဲ။
ေနာက္တစ္ေန႔မနက္မွာ လူတစ္စုက ေက်ာင္းဝင္းနဲ႔မနီးမေဝးမွာရွိတဲ့ လမ္းေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ေနၾကတယ္။
ဟဲ့ခ်န္းမင္သတိျပဳမိသြားတဲ့အခါ ခ်က္ခ်င္းဆိုသလို တစ္စုံတစ္ေယာက္က ေရွ႕တက္လာၿပီး သူ႔ပုခုံးကိုတြန္းဖို႔ လက္ဆန႔္ထုတ္လိုက္ေပမယ့္ သူ႔ခႏၶာကိုယ္ကိုလွည့္ကာ ေရွာင္လိုက္တယ္။
လူငယ္ဆီက “yo”ဆိုတဲ့အသံထြက္ေပၚလာၿပီး အံ့ဩသြားတဲ့မ်က္လုံးေတြနဲ႔ သူ႔ကိုအထက္ေအာက္ဆန္ၾကည့္လိုက္တယ္ “ဒီတစ္ေယာက္က ေတာ္ေတာ္မာနႀကီးတာပဲ” ဟဲ့ခ်န္းမင္ သူ႔ကိုလ်စ္လ်ဴရႈၿပီး ထြက္သြားဖို႔ ေျခလွမ္းလွမ္းလိုက္ေပမယ့္ ထိုေကာင္ေလးက သူ႔လမ္းေၾကာင္းကို ပိတ္လိုက္ျပန္တယ္။
လူငယ္က မႏွစ္ၿမိဳ႕ဖြယ္ရယ္လိုက္တယ္ “မင္း ေကာင္းရွန္ကိုလိုက္ခ်င္ေနတာမဟုတ္ဘူးလား? သူဘယ္မွာရွိလဲ ငါသိတယ္”
ဟဲ့ခ်န္းမင္ ႏႈတ္ခမ္းေတြအသာေလးတက္သြားၿပီး သူ႔ကိုေအးစက္စြာၾကည့္လိုက္တယ္ “ထြက္သြားစမ္း”
ဒီေန႔ စိတ္အေျခအေနက ေတာ္ေတာ္ေလးဆိုးေနတာ။ မေန႔ညတုန္းက အဲ့ေခြးေကာင္းရွန္က သူ႔ဆီကေန ထြက္ေျပးသြားလို႔ အခ်ိန္ႏွစ္နာရီေလာက္ ျဖဳန္းလိုက္ရတယ္။ ဒါေပမယ့္ သူဘယ္ေလာက္ေျပးႏိုင္မွာမို႔လို႔လဲ? သူဘယ္ေလာက္ေဝးေအာင္ ေျပးေျပး သူရေအာင္ရွာႏိုင္တယ္။ စိတ္ပူေနစရာမလိုဘူး။
ဒါေပမယ့္ လူငယ္က စိတ္မရွည္ေတာ့ဘူး။ သူ႔တာဝန္က ဒီတစ္ေယာက္ကို ေခၚလာေပးဖို႔ျဖစ္တယ္။ ဒါေလးကိုေတာင္မလုပ္ႏိုင္ဘူးဆိုရင္ တကယ္ရွက္ဖြယ္ေကာင္းလွတယ္။
အဲ့တာေၾကာင့္ ဟဲ့ခ်န္းမင္ကို လက္သီးသုံးၿပီး ႏွိမ့္ခ်တတ္သြားေအာင္႐ိုက္ၿပီးေတာ့မွ ထိုေနရာကို အတင္းေခၚသြားဖို႔လုပ္လိုက္တယ္။ သူမထင္ထားတာက တစ္ဖက္ေကာင္ေလးက သူ႔ကိုအဖတ္လုပ္ၿပီးေတာ့ေတာင္ စာရင္းထဲမထည့္ဘူး။ ထိုလူကို မ႐ိုက္ႏိုင္ဘဲ သူ႔လက္ေတြသာ အခ်ဳပ္ခံလိုက္ရတယ္။
“အိုး ေဟး နာတယ္၊ အစ္ကို အစ္ကိုႀကီး ေျဖးေျဖးလုပ္ပါ” လူငယ္ေလးက ညႇာတာေပးဖို႔ ေတာင္းဆိုလိုက္တယ္။
ဟဲ့ခ်န္းမင္က ေျခေထာက္ရွည္ႀကီးကို ေျမႇာက္ကာ ဝမ္းဗိုက္ကို ခပ္ျပင္းျပင္းကန္လိုက္တယ္။ လူငယ္က ေဘးကိုလြင့္သြားၿပီး မ်က္ႏွာနဲ႔အျပားလိုက္က်သြားတယ္။ ဒီအျဖစ္အပ်က္က ေသးငယ္တဲ့အရာမဟုတ္လို႔ အနီးနားမွာရွိတဲ့ေက်ာင္းသားေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံလိုက္ရတယ္။
လူငယ္က သူ႔ခါးသူကိုင္ကာ မတ္တပ္ျပန္ရပ္လိုက္တယ္။ ရွက္လည္းရွက္သြားတာေၾကာင့္ ခ်က္ခ်င္းေရ႐ြတ္ေတာ့တယ္ “ဘာေတြလာၾကည့္ေနတာလဲ? အ႐ိုက္ခံခ်င္လို႔ ၾကည့္ေနတာလား?!” ေျပာၿပီးတာနဲ႔ လက္သီးေထာင္ကာ ေက်ာင္းသားအနည္းငယ္ကို ေျခာက္လႊတ္ေတာ့တယ္။
ဟဲ့ခ်န္းမင္ သူ႔ကိုေက်ာ္လာခ်ိန္မွာ လွမ္းေအာ္သံကိုၾကားလိုက္ရတယ္ “သြားရမွာကို ေသာက္ရမ္းေၾကာက္ေနတာလား?”
သူ႔ေျခလွမ္းေတြတုန႔္ဆိုင္းသြားတာျမင္ေတာ့ အခြင့္အေရးတစ္ခုေတာ့ရလာၿပီလို႔ ေတြးကာ ခက္ခက္ထန္ထန္ျပန္ေျပာလိုက္တယ္ “ေသရမွာေၾကာက္တယ္ဆိုလည္း ေျပာလိုက္စမ္းပါ၊ အေဖက မင္းကိုမရယ္ပါဘူး ဟားဟား…”
သူေျပာလို႔ၿပီးသြားတာနဲ႔ ဟဲ့ခ်န္းမင္က သူ႔လြယ္အိတ္ကိုပစ္ခ်ကာ သူ႔မ်က္ႏွာကို လွမ္းထိုးတယ္။
လူငယ္က အေနာက္ကိုေျခႏွစ္လွမ္းေလာက္ယိုင္သြားၿပီး ႀကိမ္းေမာင္းေတာ့မယ့္အခ်ိန္မွာ တစ္ဖက္ေကာင္ေလးက ေလွ်ာက္လာေနတာကို ေတြ႕လိုက္ရတယ္။ သူလည္း ေနာက္လွည့္ေျပးရင္း ရန္စသြားတယ္ “သတၱိေတြရွိေနတယ္ဆိုရင္လည္း လာလိုက္ေလ၊ မင္းအေဖက မင္းသြားေတြကို ေျမႀကီးေပၚကြၽတ္သြားတဲ့အထိ မ႐ိုက္ဘူးလားဆိုတာ လာၾကည့္လွည့္!”
သူ႔ေလသံက အရမ္းကို အထက္စီးဆန္ေနတယ္။
ဟဲ့ခ်န္းမင္ ေက်ာင္းလြယ္အိတ္ကို ေကာက္လိုက္တယ္။ ကိုယ္ပိုင္ကားေပၚက ခုေလးတင္ဆင္းလာတဲ့ လင္က်န္းကို ျမင္ေတာ့ လွမ္းပစ္ေပးလိုက္တယ္။ “ဒါကို အတန္းထဲယူသြားေပး” လင္က်န္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားတယ္ “မင္ေကာ ဘယ္သြားမလို႔လဲ? အတန္းကစေတာ့မွာ!” “ခြင့္တိုင္ေပးကြာ”
ဟဲ့ခ်န္းမင္ လမ္းေလွ်ာက္ေနရင္း အက်ီလက္ကို ေခါက္တင္ကာ ဇတ္ခ်ိဳးလိုက္တယ္။ ႂကြက္သားေလ့က်င့္ခန္းမလုပ္ျဖစ္တာေတာင္ ၾကာလွၿပီ။
ဒါေပါ့ အဲ့ေကာင္ေလးက သူ႔ကိုတမင္ေရာက္လာေအာင္လို႔ မွ်ားေခၚတယ္ဆိုတာကို သိတယ္။ အစကေတာ့ အလ်င္လိုစရာမလိုဘူးလို႔ေတြးၿပီး အဲ့ေခြးမသားကို ေနာက္ႏွစ္ရက္ေလာက္အလြတ္ေပးထားဖို႔ လုပ္ထားတာ။
ဒါေပမယ့္ ေသခ်င္စိတ္ျပင္းျပေနတယ္ဆိုေတာ့လည္း သူမယဥ္ေက်းမိတဲ့အတြက္ အျပစ္လာမတင္နဲ႔ေတာ့။
လမ္းကူးၿပီးေနာက္ လမ္းမွာ လူပါးလာတယ္။
သူ႔မ်က္လုံးထဲကို အတန္းလိုက္တန္းစီေနၿပီး ပါးစပ္ထဲမွာ ေဆးလိပ္ေတြခဲထားၿပီး အေငြ႕မႈတ္ထုတ္ကာ သူ႔ကိုစိုက္ၾကည့္ေနတဲ့ လူငယ္ငါးေယာက္ ေျခာက္ေယာက္ေလာက္ကို ေတြ႕လိုက္ရတယ္။
ဟဲ့ခ်န္းမင္ သူတို႔ကို စစ္ၾကည့္ခ်ိန္မွာ ေကာင္းရွန္ကိုမေတြ႕မိဘူး။
လူငယ္ေတြထဲကတစ္ေယာက္က အသံတိုးတိုးနဲ႔ေမးလာတယ္။ “အစ္ကိုႀကီး ကြၽန္ေတာ္တို႔ရွန္ေကာကို ေစာင့္အုံးမွာလား? အရင္ဆုံးဘာလို႔မစေသးတာလဲ?” ေနာက္တစ္ေယာက္က ျပန္ေျဖတယ္ “ခဏေလာက္ထပ္ေစာင့္တာေပါ့”
သူတို႔က ပိုက္ဆံတစ္ဝက္ပဲရေသးတယ္။ ေကာင္းရွန္က ကတိမတည္ဘဲ ထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ? အလကား႐ိုက္ေပးလိုက္ရသလိုျဖစ္သြားလိမ့္မယ္။
အခ်ိန္တိုအတြင္းမွာ ေကာင္းရွန္ျပန္ေရာက္လာတယ္။ လက္မွတ္သြားဝယ္တာျဖစ္ၿပီး ႐ိုက္ၿပီးတာနဲ႔ ခ်က္ခ်င္းထြက္သြားဖို႔ အသင့္ျပင္ထားတယ္!
ဟဲ့ခ်န္းမင္ကိုျမင္ေတာ့ ေကာင္းရွန္မ်က္ႏွာေပၚမွာ မုန္းတီးေနတဲ့အၿပဳံးတစ္ခုေပၚထြက္လာၿပီး ေလွာင္ေျပာင္လိုက္တယ္ “မင္ေကာ မင္းေရွ႕မွာ ငါေပၚလာရဲလိမ့္မယ္လို႔ မင္းမထင္ထားမွန္း ငါသိေနတယ္”
သူေျပာၿပီးတာနဲ႔ အဖြဲ႕ေခါင္းေဆာင္ကို အဓိပၸါယ္ပါပါတစ္ခ်က္ၾကည့္လိုက္တယ္။ လူငါးေယာက္ေျခာက္ေယာက္ေလာက္က ခ်က္ခ်င္းမတ္တပ္ထလာၿပီး ဟဲ့ခ်န္းမင္ကို ဝိုင္းလိုက္တယ္။
“အင္း ထင္မထားဘူး” ဟဲ့ခ်န္းမင္က ေၾကာက္ေနတာတစ္ခ်က္ကေလးမွမရွိဘဲ မ်က္ႏွာေသနဲ႔ေျပာလိုက္တယ္။
“ေသစမ္း” ဒီလိုမ်က္ႏွာထားကို ေကာင္းရွန္စိတ္အပ်က္ဆုံးပဲ။ လက္တစ္ဖက္ေဝ့ယမ္းလိုက္ေတာ့ လူငယ္ေပါင္းမ်ားစြာက ေျပးသြားၾကတယ္။
ဆြဲဆန႔္ႏိုင္တဲ့စတီးတုတ္ကို ထုတ္ၿပီး အရပ္ရွည္ရွည္လူငယ္ကို မယဥ္မေက်းႏႈတ္ဆက္ေပးလိုက္တယ္။ လူငယ္က သြက္လက္စြာနဲ႔ ခ်က္ခ်င္းဆိုသလို လ်င္ျမန္စြာအၾကမ္းပတမ္းကန္ထုတ္လိုက္တာေၾကာင့္ ျမင္လိုက္ရတဲ့အနီးနားက လူအနည္းငယ္ေတာင့္တင္းသြားတယ္။
ဟဲ့ခ်န္းမင္ ေဆာင့္ေၾကာင့္ထိုင္ၿပီး တဖက္လူဆီကကန္ထုတ္လိုက္တဲ့ စတီးတုတ္ကိုယူလိုက္ၿပီး မ်က္လုံးေတြက ေရခဲတမွ်ျဖစ္လာတယ္။
“မင္းတို႔ေကာင္ေတြ သူ႔ကိုေသာက္ရမ္း႐ိုက္ၾက!” ေကာင္းရွန္က ေဘးကေန စိုးရိမ္တႀကီးလိုက္ေျပာေနတယ္။
ပိုက္ဆံအတြက္ လူငယ္ေတြကလည္း တြန႔္ဆုတ္မေနဘူး။ သူတို႔အားလုံး အေကာင္းဆုံးႀကိဳးစားလိုက္ရင္ တစ္ဖက္ေကာင္ေလးက ဘယ္ေလာက္ပဲတိုက္ခိုက္ႏိုင္ပါေစ ေျခာက္ေယာက္တစ္ေယာက္ေတာ့ မလုပ္ႏိုင္ဘူး!
ဒါေပမယ့္ တျဖည္းျဖည္း တစ္စုံတစ္ရာမွားယြင္းေနၿပီဆိုတာကို သတိျပဳမိၿပီး ေၾကာက္႐ြံ႕လာၾကတယ္။
တဖက္ေကာင္ေလးလုပ္တာဆိုလို႔ တစ္ေယာက္ကို ဖမ္းၿပီး ပစ္မွတ္ကိုထိထိမိမိနဲ႔ အညႇာအတာမရွိ႐ိုက္ကာ မလႈပ္ႏိုင္တဲ့အထိလုပ္ပစ္တယ္။
ဒီလိုမ်ိဳး ဘယ္လိုလုပ္ျဖစ္ႏိုင္ရတာလဲ?!
လူငယ္ေတြက ေျမႀကီးေပၚမွာ ေသြးအန္ၿပီးလဲေနတဲ့ ညီအစ္ကိုေတြကိုၾကည့္ၿပီး တံေတြးၿမိဳခ်ကာ ေနာက္ဆုတ္လိုက္ၾကတယ္။ ေနာက္တစ္ေယာက္က သူတို႔မျဖစ္ခ်င္ဘူး။
ဟဲ့ခ်န္းမင္ မ်က္ႏွာေပၚမွာလည္း ဒဏ္ရာတစ္ခုရေနေပမယ့္ အခုခ်ိန္မွာ ထိန္းမႏိုင္သိမ္းမရျဖစ္ေနၿပီး ေရွ႕ကိုတစ္လွမ္းထပ္တိုးလိုက္တယ္။
အျပန္အလွန္စိုက္ၾကည့္ၿပီးေနာက္ လူငယ္ေတြက သူတို႔ရဲ႕စတီးတုတ္ေတြကို ပစ္ခ်ၿပီး ထြက္ေျပးေတာ့တယ္။ ေသစမ္း သူတို႔အသက္ေတြက ပိုၿပီးအေရးႀကီးတယ္!
_______________________________________
{Unicode}
•မင်းတို့ကောင်တွေ သူ့ကိုသောက်ရမ်းရိုက်ကြ!•
ညနေခင်းဆည်းဆာချိန်လေးက နွေးထွေးပေမယ့် လူငယ်လေးရဲ့ခန္ဓာကိုယ်ထဲက အအေးဓာတ်ကို မပယ်ဖျက်ပေးနိုင်ဘူး။
အကျီအိတ်ကပ်ထဲကို လက်နှစ်ဖက်လုံးထည့်ပြီး လမ်းမပေါ်မှာ ဟဲ့ချန်းမင်မျက်နှာကြောတင်းတင်းနဲ့လျှောက်လာတယ်။
သီးသန့်စုံထောက်ဆီကရထားတဲ့ messageအရဆိုရင် ကောင်းရှန်က သီးသန့်ကားပြင်ဆင်တဲ့ဆိုင်မှာ အလုပ်သင်အဖြစ်ဝင်လုပ်နေတယ်။ နောက်ပြီးသူ့မှာမိသားစုနောက်ခံဘာညာလည်းမရှိဘူး။ ကောင်းရှန်ရဲ့တစ်ဦးတည်းသောအဖွားကလည်း လဝက်လောက်တုန်းက ဆုံးသွားပြီ။
ကောင်းရှန်ဘာကြောင့် ဒီလောက်လက်ရဲဇာတ်ရဲဖြစ်နေရတာလဲဆိုတဲ့အကြောင်းပြချက်က သူ့ရဲ့အမျိုးက သေသွားပြီဖြစ်တာကြောင့်ပဲ။
ဟဲ့ချန်းမင်မျက်လုံးထဲမှာတော့ ဘာမှမကွာသွားဘူး။ အဲ့ကောင်ရဲ့ခြေထောက်တွေကို ချိုးပစ်မယ်ဆိုပြီး ချထားတဲ့ဆုံးဖြတ်ချက်က လုံးဝကိုမပြောင်းလဲသေးဘူး။ သူလုပ်ရဲတယ်ဆိုမှတော့ ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း ခံနိုင်ရမှာပေါ့။ မဟုတ်ရင် သူကအရမ်းအနိုင်ကျင့်လို့လွယ်တယ်လို့ အဓိပ္ပါယ်သက်ရောက်သွားမှာမဟုတ်လား?!
မကြာခင်လမ်းထောင့်နားက ညစ်ပတ်နေတဲ့ကားဂိုဒေါင်ဆီကို ရောက်လာတယ်။
ကောင်းရှန်က အရမ်းပိန်ပြီး စွပ်ကျယ်ဂျိုင်းပြတ်ကို ဝတ်ထားတယ်။ Chery QQ ဘေးနားမှာထိုင်နေပြီး ဝက်အူတွေတပ်ရင်း ဆဲရေးတိုင်းထွာနေတယ် “သေစမ်း ငါ့ကိုအသုံးချနေတယ်၊ သောက်ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ တစ်နေ့ကိုဆယ်နာရီလောက်လုပ်နေရတယ် _ သိပ်မကြာဘူး ငါဒီအမှိုက်ထုတ်ဆီကနေ ထွက်သွားမယ်!”
ပြောပြီးနောက် လက်ကိုင်ကိုကိုင်ပြီး ထပ်ခါထပ်ခါဖိပြီး နောက်ဆုံးဝက်အူကိုတပ်လိုက်တယ်။
ပင်ပန်းလွန်းလို့ မြေကြီးပေါ်ထိုင်ချပြီး နှဖူးပေါ်က ချွေးတွေကို လက်နဲ့သုတ်လိုက်တာကြောင့် အမည်းရာကြီးထင်သွားတယ်။
မန်ယောင်ယောင်ကို ကိုယ်ထိလက်ရောက်စော်ကားဖို့ ကြံစည်နေရာကနေ ထွက်ပြေးလာပြီးနောက်မှာ ဒီပြင်ဆင်တဲ့ဆိုင်မှာ အလုပ်သင်အဖြစ်ဝင်လုပ်နေခဲ့တယ်။ တစ်နေ့ကို ယွမ်ရှစ်ဆယ်နဲ့ အစားအသောက် နေထိုင်စရာရတာကြောင့် လက်ခံနိုင်စရာကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အခြေချစရာနေရာမရှိမယ့်အတူတူ ဒီမှာအရင်နေနေလိုက်တာက ပိုကောင်းတယ်။
မန်ယောင်ယောင်ကို စော်ကားမိတော့မလိုဖြစ်သွားတဲ့ အခိုက်အတန့်ကိုပြန်တွေးမိရင် ကောင်းရှန် ကြောက်လည်းကြောက်သလို တချိန်တည်းမှာပဲ ပုံရိပ်တွေပြန်ပေါ်လာတယ်။
အဲ့အချိန်တုန်းက သူ့ဦးနှောက်က သူ့ခန္ဓာကိုယ်အောက်ပိုင်းကြောင့် ဖရိုဖရဲတွေဖြစ်ပြီး ဘယ်ကစလို့စရမှန်းမသိတော့ဘူး။ သူမရုန်းကန်လေလေ သူပိုပြီးစိတ်လှုပ်ရှားလေပဲ။ တဏှာရူးတစ်ယောက်လို ထူးဆန်းတဲ့သာယာမှုကိုရပြီး သူ့ရှေ့ကလူကို အားကုန်သုံးပြီး သိမ်းပိုက်ချင်ခဲ့တယ်။
ကြားဝင်ရှုပ်တဲ့အမျိုးသမီးကြောင့်သာမဟုတ်ဘူးဆိုရင် သေချာပေါက် မန်ယောင်ယောင်ကို ဖျက်စီးပြီးပြီ!
အဲ့တည်းက သူအကြံထုတ်ထားပြီးသားဖြစ်တယ်။ သူမကို လုပ်လို့ပြီးသွားပြီဆိုရင် သူတစ်ယောက်တည်းဖြစ်နေပြီဖြစ်တဲ့အတွက် ဘတ်စ်ကားလက်မှတ်ဝယ်လိုက်မယ်။ သူဘယ်နေရာကိုပဲသွားသွား အိမ်ရှိနေမှာဖြစ်ပြီး ဘာမှဝန်လေးနေစရာမလိုတော့ဘူး။ ဘယ်လောက်တောင် အားရစရာကောင်းလိုက်သလဲ…
ကောင်းရှန် သူ့ဘေးနားက ရေကိုလှမ်းယူပြီး သောက်ဖို့အတွက် ခေါင်းမော့လိုက်တယ်။ မျက်လုံးထောင့်နားကနေ ကားရွေးဖို့ဝင်လာတဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမက အလန်းစားဘောင်းဘီနဲ့ ခါးတိုအကျီကိုဝတ်ထားကာ သူ့မျက်လုံးတွေကလည်း သူမဆီပဲ ကျရောက်နေတယ်။
သူမကားမောင်းထွက်သွားတော့မှ အသိပြန်ကပ်လာပြီး မနှစ်မြို့ဖွယ်ပြောလိုက်တယ် “သောက်ရမ်းsexyကျတယ်!”
ကောင်းရှန် မတ်တပ်ထရပ်ပြီး အကြောဆန့်လိုက်တယ်။ သူ့မြင်ကွင်းထဲကို ရင်းနှီးနေတဲ့လူတစ်ယောက် လျှောက်ဝင်လာတယ်။ ရုတ်တရက်ဆိုသလို ခြေထောက်တွေပျော့ခွေသွားတာကြောင့် သူ့ဘေးနားက Chery QQကို အမြန်လှမ်းထောက်လိုက်ရတယ်။
ဟဲ့ချန်းမင်မျက်လုံးတွေက အေးစက်လို့နေတယ်။ သူ့လက်ထဲမှာက လမ်းဘေးမှာဒီတိုင်းပစ်ထားတဲ့အတွက် ကောက်လာခဲ့တဲ့ သံချောင်းတစ်ချောင်းကို တရွတ်တိုက်ဆွဲလာတယ်။ ခြေတစ်လှမ်းချင်းစီလျှောက်လာပြီး သူ့အမူအယာကနေ ပြောနေတာက ‘မင်း သေ ပြီ’
ကောင်းရှန် ရင်တုန်သွားပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ နံရံကြီးတစ်ခုသာရှိပြီး လွတ်လမ်းမရှိဘူး။
သူ့နှလုံးသားထဲမှာ ဟဲ့ချန်းမင်နဲ့ပက်သက်ရင် အရိပ်ကြီးတစ်ခုရှိတယ်။ အရိုက်တောင်မခံရသေးခင်မှာ သူ့ရဲ့အတွင်းပိုင်ကိုယ်အင်္ဂါတွေ နာကျင်လာပြီး ရုတ်ခြည်း သူ့(ဟဲ့ချန်းမင်)ကိုရပ်ဖို့ပြောလာတယ်။ “ခဏလေးပါ မင်ကော၊ မင်ကော ကျွန်တော်မှားသွားပါတယ်… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မင်ကော”
“ဒေါက်”ခနဲ ဒူးထောက်ချပြီး ဟဲ့ချန်းမင်ခြေထောက်ဆီကို ခွေးတစ်ကောင်လို တွားပြီးလာကာ ခြေထောက်ကိုဖက်ကာ တောင်းပန်တော့တယ်။
ဟဲ့ချန်းမင်က ညစ်ပတ်တယ်လို့ ခံစားမိပြီး ခြေထောက်တစ်ဖက်တည်းနဲ့ ဝေးဝေးကို ကန်ထုတ်လိုက်တယ်။
ကောင်းရှန် ဆဲဆိုချင်နေတာကို ထိန်းချုပ်ပြီး ခခယယထပ်လာပြန်တယ်။ အရိုအသေပေးနေရင်းလည်း ငိုယိုပြီးပြောတယ် “မင်ကော ကျွန်တော်မှားသွားမှန် ကျွန်တော်တကယ်သိပါပြီ… နောက်တစ်ကြိမ်မလုပ်ရဲတော့ပါဘူး၊ ကျေးဇူးပြုပြီး ညှာတာသောအားဖြင့် ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”
ဟဲ့ချန်းမင် နှာခေါင်းရှုတ်ပြီး သံချောင်းကိုထောက်ပြီး သူ့ကိုကြည့်ဖို့ ကိုယ်ကိုကိုင်းချလိုက်တယ် “ခွင့်လွှတ်ပေးရမယ်? အဲ့တော့ ငါက ဒီနေ့အပျော်ကားစီးဖို့ရောက်လာတာပေါ့?” ကောင်းရှန်အသည်းအသန်အရိုအသေပေးပြီး မျက်နှာကိုငုံ့ချကာ ထိန်းချုပ်လို့မရတဲ့ရန်လိုမှုတွေပြည့်နှက်လာပေမယ့် အံကိုကြိတ်ကာ နောက်တစ်ကြိမ်ခွင့်လွှတ်ပေးဖို့ပဲ ပြောလိုက်တယ်။
“စိတ်ပူမနေနဲ့ ငါက ခြေထောက်တစ်ချောင်းပဲလိုချင်တာ”
ပြောနေတာကိုနားထောင်ရင် သူ့ဘေးနားကမြေကြီးပေါ်မှာချထားတဲ့ သံချောင်းဆီကို ကောင်းရှန်အကြည့်ကကျရောက်သွားတယ်။ ရုတ်တရက် အရမ်းဒေါသပုန်ထသွားတယ်။ သူ့ကိုရိုက်နိုင်ပါ့မလားဆိုတာကို ဂရုမစိုက်နိုင်တော့ဘဲ ခွရှင်ကိုလှမ်းယူကာ သူ့ရှေ့မှာရှိနေတဲ့လူဆီ အားနဲ့လွှဲပစ်လိုက်တယ်။
ဟဲ့ချန်းမင် လျင်မြန်စွာရှောင်ပြီး ထိုသူ့နောက်ကျောကို သံချောင်းနဲ့အားပြင်းပြင်းတစ်ချက်ရိုက်ပေးလိုက်တယ်။
ကောင်းရှန်မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွသွားပြီး ကားကိုဆောင့်မိပြီး လဲကျသွားတာကြောင့် ကားရဲ့သတိပေးခလုတ်က အသက်ဝင်သွားပြီး အသံတွေထမြည်လာတော့တယ်။ ဟဲ့ချန်းမင်မျက်မှောင်ကြုတ်နေတာကို အခွင့်ကောင်းယူပြီး ခွရှင်ကို သူ့ဆီလှမ်းပစ်ပြီး ထွက်ပြေးတော့တယ်။
ဒီနေရာမှာ ကားတွေအများကြီးရှိတယ်။ လှည့်လိုက်ပတ်လိုက်လုပ်ရင်း ခပ်မြန်မြန်ပဲကောင်းရှန်သူ့ကို မျက်ခြေဖျက်ကာ ကားဂိုဒေါင်လမ်းကြားအနောက်ဘက်က အမှိုက်ကန်မှာ ပုန်းနေလိုက်တယ်။
ရင်တွေကလည်း မတရားခုန်ပေါက်နေတယ်။ သူထွက်မလာရဲခင်အထိ သုံးနာရီလောက်ပုန်းနေရတယ်။ ဟဲ့ချန်းမင်ထွက်သွားပြီဆိုတာကိုမြင်မှ သူစိတ်သက်သာရာရတော့တယ်။ အဲ့နောက် ဆဲဆိုလိုက်တယ် “သေစမ်း၊ အသက်ဆက်ဖို့ နည်းလမ်းလေးတောင် မပေးဘူးလား? ကောင်းပြီလေ မင်းက ငါ့ကိုသေစေချင်နေတယ်ဆိုရင် မင်းကိုလည်း ငါနဲ့အတူဆွဲချပြီး သေခိုင်းမယ်!”
ကားဂိုဒေါင်ဆီပြန်မယ့်အစား ညစာထွက်စားလိုက်တယ်။
ခုနတုန်းက ဟဲ့ချန်းမင်ကို လှမ်းပစ်လိုက်တဲ့ခွရှင်က သူ့နောက်ကကားကိုသွားထိတယ်။ အဲ့ကားကိုပြန်ပြင်ဖို့ဆိုရင် အနည်းဆုံးယွမ်တစ်သောင်းလောက်ကုန်ကျမှာ။ အခုသူပြန်သွားရင် သူသေလိမ့်မယ်!
ညရောက်တဲ့အခါ အမှောင်ထုက တဖြည်းဖြည်းကြီးထွားလာတယ်။
ကောင်းရှန် ခိုးကြောင်ခိုးဝှက်ပြန်ရောက်လာတယ်။ ဒီတစ်ကြိမ်မှာ ငွေကြေးဌာနကတံခါးကို ကလော်ဖွင့်ပြီး အထဲက ယွမ်သောင်းဂဏန်းလောက်ကို ယူလိုက်တယ်။
သူမထွက်သွားခင် ထောင့်နားမှာရှိတဲ့ လုံခြုံရေးကင်မရာကိုကြည့်ပြီး မောက်မာစွာနဲ့ လက်ခလယ်ထောင်ပြလိုက်တယ်။
ဒီပိုက်ဆံတွေသုံးပြီး ရာဇဝတ်သားတချို့ရှာကာ ဟဲ့ချန်းမင်ကို ပြင်းပြင်းထန်ထန်ရိုက်ဖို့ရယ် ပြီးတာနဲ့ တစ်ခြားနေရာတစ်ခုခုကို ထွက်သွားဖို့ ရထားလက်မှတ်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သေစမ်း အဲ့ကောင်ကို သူ့ရှေ့ဒူးထောက်ပြီး သနားပေးပါလို့ တောင်းဆိုလာအောင်လုပ်ပစ်မယ်!
ကောင်းရှန် အခိုင်အမာတွေးပြီး မျက်လုံးတွေကလည်း မီးတွေပစ်လွှတ်တော့မတတ်ပဲ။
ရပ်ကွက်ထဲမှာ လူတော်တော်များများကိုသိပြီး သူတို့အားလုံးက အသုံးမကျတဲ့လူငယ်လေးတွေသာဖြစ်တယ်။ စကားလုံးလေးတွေနဲ့ ဖော်လံဖားလုပ်ပြီး ပိုက်ဆံနည်းနည်းလောက်ဆိုရင် သူတို့တွေက သူ့အတွက် အရမ်းလုပ်ပေးချင်ကြတယ်။
ဘယ်လိုနေနေ တစ်စုံတစ်ယောက်ကို ရိုက်နှက်ရုံလေးပဲကို။ အဲ့လူကို ကိုယ်လက်အင်္ဂါချို့ယွင်းအောင် ဒါမှမဟုတ် သေသွားအောင်မရိုက်သရွေ့ ရဲစခန်းမှာ အလွန်ဆုံးမှ ရက်ပိုင်းလောက်သွားနေရုံပဲ ပြီးရင်ပြန်လွတ်လာကြမှာ။ သူတို့အတွက် ဘာမှမဖြစ်သွားဘူး။ အဲ့တာကလည်း သူတို့သွားနေကျနေရာပဲ။
နောက်တစ်နေ့မနက်မှာ လူတစ်စုက ကျောင်းဝင်းနဲ့မနီးမဝေးမှာရှိတဲ့ လမ်းပေါ်မှာ ဆောင့်ကြောင့်ထိုင်နေကြတယ်။
ဟဲ့ချန်းမင်သတိပြုမိသွားတဲ့အခါ ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်က ရှေ့တက်လာပြီး သူ့ပုခုံးကိုတွန်းဖို့ လက်ဆန့်ထုတ်လိုက်ပေမယ့် သူ့ခန္ဓာကိုယ်ကိုလှည့်ကာ ရှောင်လိုက်တယ်။
လူငယ်ဆီက “yo”ဆိုတဲ့အသံထွက်ပေါ်လာပြီး အံ့ဩသွားတဲ့မျက်လုံးတွေနဲ့ သူ့ကိုအထက်အောက်ဆန်ကြည့်လိုက်တယ် “ဒီတစ်ယောက်က တော်တော်မာနကြီးတာပဲ” ဟဲ့ချန်းမင် သူ့ကိုလျစ်လျူရှုပြီး ထွက်သွားဖို့ ခြေလှမ်းလှမ်းလိုက်ပေမယ့် ထိုကောင်လေးက သူ့လမ်းကြောင်းကို ပိတ်လိုက်ပြန်တယ်။
လူငယ်က မနှစ်မြို့ဖွယ်ရယ်လိုက်တယ် “မင်း ကောင်းရှန်ကိုလိုက်ချင်နေတာမဟုတ်ဘူးလား? သူဘယ်မှာရှိလဲ ငါသိတယ်”
ဟဲ့ချန်းမင် နှုတ်ခမ်းတွေအသာလေးတက်သွားပြီး သူ့ကိုအေးစက်စွာကြည့်လိုက်တယ် “ထွက်သွားစမ်း”
ဒီနေ့ စိတ်အခြေအနေက တော်တော်လေးဆိုးနေတာ။ မနေ့ညတုန်းက အဲ့ခွေးကောင်းရှန်က သူ့ဆီကနေ ထွက်ပြေးသွားလို့ အချိန်နှစ်နာရီလောက် ဖြုန်းလိုက်ရတယ်။ ဒါပေမယ့် သူဘယ်လောက်ပြေးနိုင်မှာမို့လို့လဲ? သူဘယ်လောက်ဝေးအောင် ပြေးပြေး သူရအောင်ရှာနိုင်တယ်။ စိတ်ပူနေစရာမလိုဘူး။
ဒါပေမယ့် လူငယ်က စိတ်မရှည်တော့ဘူး။ သူ့တာဝန်က ဒီတစ်ယောက်ကို ခေါ်လာပေးဖို့ဖြစ်တယ်။ ဒါလေးကိုတောင်မလုပ်နိုင်ဘူးဆိုရင် တကယ်ရှက်ဖွယ်ကောင်းလှတယ်။
အဲ့တာကြောင့် ဟဲ့ချန်းမင်ကို လက်သီးသုံးပြီး နှိမ့်ချတတ်သွားအောင်ရိုက်ပြီးတော့မှ ထိုနေရာကို အတင်းခေါ်သွားဖို့လုပ်လိုက်တယ်။ သူမထင်ထားတာက တစ်ဖက်ကောင်လေးက သူ့ကိုအဖတ်လုပ်ပြီးတော့တောင် စာရင်းထဲမထည့်ဘူး။ ထိုလူကို မရိုက်နိုင်ဘဲ သူ့လက်တွေသာ အချုပ်ခံလိုက်ရတယ်။
“အိုး ဟေး နာတယ်၊ အစ်ကို အစ်ကိုကြီး ဖြေးဖြေးလုပ်ပါ” လူငယ်လေးက ညှာတာပေးဖို့ တောင်းဆိုလိုက်တယ်။
ဟဲ့ချန်းမင်က ခြေထောက်ရှည်ကြီးကို မြှောက်ကာ ဝမ်းဗိုက်ကို ခပ်ပြင်းပြင်းကန်လိုက်တယ်။ လူငယ်က ဘေးကိုလွင့်သွားပြီး မျက်နှာနဲ့အပြားလိုက်ကျသွားတယ်။ ဒီအဖြစ်အပျက်က သေးငယ်တဲ့အရာမဟုတ်လို့ အနီးနားမှာရှိတဲ့ကျောင်းသားတွေရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရတယ်။
လူငယ်က သူ့ခါးသူကိုင်ကာ မတ်တပ်ပြန်ရပ်လိုက်တယ်။ ရှက်လည်းရှက်သွားတာကြောင့် ချက်ချင်းရေရွတ်တော့တယ် “ဘာတွေလာကြည့်နေတာလဲ? အရိုက်ခံချင်လို့ ကြည့်နေတာလား?!” ပြောပြီးတာနဲ့ လက်သီးထောင်ကာ ကျောင်းသားအနည်းငယ်ကို ခြောက်လွှတ်တော့တယ်။
ဟဲ့ချန်းမင် သူ့ကိုကျော်လာချိန်မှာ လှမ်းအော်သံကိုကြားလိုက်ရတယ် “သွားရမှာကို သောက်ရမ်းကြောက်နေတာလား?”
သူ့ခြေလှမ်းတွေတုန့်ဆိုင်းသွားတာမြင်တော့ အခွင့်အရေးတစ်ခုတော့ရလာပြီလို့ တွေးကာ ခက်ခက်ထန်ထန်ပြန်ပြောလိုက်တယ် “သေရမှာကြောက်တယ်ဆိုလည်း ပြောလိုက်စမ်းပါ၊ အဖေက မင်းကိုမရယ်ပါဘူး ဟားဟား…”
သူပြောလို့ပြီးသွားတာနဲ့ ဟဲ့ချန်းမင်က သူ့လွယ်အိတ်ကိုပစ်ချကာ သူ့မျက်နှာကို လှမ်းထိုးတယ်။
လူငယ်က အနောက်ကိုခြေနှစ်လှမ်းလောက်ယိုင်သွားပြီး ကြိမ်းမောင်းတော့မယ့်အချိန်မှာ တစ်ဖက်ကောင်လေးက လျှောက်လာနေတာကို တွေ့လိုက်ရတယ်။ သူလည်း နောက်လှည့်ပြေးရင်း ရန်စသွားတယ် “သတ္တိတွေရှိနေတယ်ဆိုရင်လည်း လာလိုက်လေ၊ မင်းအဖေက မင်းသွားတွေကို မြေကြီးပေါ်ကျွတ်သွားတဲ့အထိ မရိုက်ဘူးလားဆိုတာ လာကြည့်လှည့်!”
သူ့လေသံက အရမ်းကို အထက်စီးဆန်နေတယ်။
ဟဲ့ချန်းမင် ကျောင်းလွယ်အိတ်ကို ကောက်လိုက်တယ်။ ကိုယ်ပိုင်ကားပေါ်က ခုလေးတင်ဆင်းလာတဲ့ လင်ကျန်းကို မြင်တော့ လှမ်းပစ်ပေးလိုက်တယ်။ “ဒါကို အတန်းထဲယူသွားပေး” လင်ကျန်း ကြောင်တောင်တောင်ဖြစ်သွားတယ် “မင်ကော ဘယ်သွားမလို့လဲ? အတန်းကစတော့မှာ!” “ခွင့်တိုင်ပေးကွာ”
ဟဲ့ချန်းမင် လမ်းလျှောက်နေရင်း အကျီလက်ကို ခေါက်တင်ကာ ဇတ်ချိုးလိုက်တယ်။ ကြွက်သားလေ့ကျင့်ခန်းမလုပ်ဖြစ်တာတောင် ကြာလှပြီ။
ဒါပေါ့ အဲ့ကောင်လေးက သူ့ကိုတမင်ရောက်လာအောင်လို့ မျှားခေါ်တယ်ဆိုတာကို သိတယ်။ အစကတော့ အလျင်လိုစရာမလိုဘူးလို့တွေးပြီး အဲ့ခွေးမသားကို နောက်နှစ်ရက်လောက်အလွတ်ပေးထားဖို့ လုပ်ထားတာ။
ဒါပေမယ့် သေချင်စိတ်ပြင်းပြနေတယ်ဆိုတော့လည်း သူမယဉ်ကျေးမိတဲ့အတွက် အပြစ်လာမတင်နဲ့တော့။
လမ်းကူးပြီးနောက် လမ်းမှာ လူပါးလာတယ်။
သူ့မျက်လုံးထဲကို အတန်းလိုက်တန်းစီနေပြီး ပါးစပ်ထဲမှာ ဆေးလိပ်တွေခဲထားပြီး အငွေ့မှုတ်ထုတ်ကာ သူ့ကိုစိုက်ကြည့်နေတဲ့ လူငယ်ငါးယောက် ခြောက်ယောက်လောက်ကို တွေ့လိုက်ရတယ်။
ဟဲ့ချန်းမင် သူတို့ကို စစ်ကြည့်ချိန်မှာ ကောင်းရှန်ကိုမတွေ့မိဘူး။
လူငယ်တွေထဲကတစ်ယောက်က အသံတိုးတိုးနဲ့မေးလာတယ်။ “အစ်ကိုကြီး ကျွန်တော်တို့ရှန်ကောကို စောင့်အုံးမှာလား? အရင်ဆုံးဘာလို့မစသေးတာလဲ?” နောက်တစ်ယောက်က ပြန်ဖြေတယ် “ခဏလောက်ထပ်စောင့်တာပေါ့”
သူတို့က ပိုက်ဆံတစ်ဝက်ပဲရသေးတယ်။ ကောင်းရှန်က ကတိမတည်ဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ? အလကားရိုက်ပေးလိုက်ရသလိုဖြစ်သွားလိမ့်မယ်။
အချိန်တိုအတွင်းမှာ ကောင်းရှန်ပြန်ရောက်လာတယ်။ လက်မှတ်သွားဝယ်တာဖြစ်ပြီး ရိုက်ပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ အသင့်ပြင်ထားတယ်!
ဟဲ့ချန်းမင်ကိုမြင်တော့ ကောင်းရှန်မျက်နှာပေါ်မှာ မုန်းတီးနေတဲ့အပြုံးတစ်ခုပေါ်ထွက်လာပြီး လှောင်ပြောင်လိုက်တယ် “မင်ကော မင်းရှေ့မှာ ငါပေါ်လာရဲလိမ့်မယ်လို့ မင်းမထင်ထားမှန်း ငါသိနေတယ်”
သူပြောပြီးတာနဲ့ အဖွဲ့ခေါင်းဆောင်ကို အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်လိုက်တယ်။ လူငါးယောက်ခြောက်ယောက်လောက်က ချက်ချင်းမတ်တပ်ထလာပြီး ဟဲ့ချန်းမင်ကို ဝိုင်းလိုက်တယ်။
“အင်း ထင်မထားဘူး” ဟဲ့ချန်းမင်က ကြောက်နေတာတစ်ချက်ကလေးမှမရှိဘဲ မျက်နှာသေနဲ့ပြောလိုက်တယ်။
“သေစမ်း” ဒီလိုမျက်နှာထားကို ကောင်းရှန်စိတ်အပျက်ဆုံးပဲ။ လက်တစ်ဖက်ဝေ့ယမ်းလိုက်တော့ လူငယ်ပေါင်းများစွာက ပြေးသွားကြတယ်။
ဆွဲဆန့်နိုင်တဲ့စတီးတုတ်ကို ထုတ်ပြီး အရပ်ရှည်ရှည်လူငယ်ကို မယဉ်မကျေးနှုတ်ဆက်ပေးလိုက်တယ်။ လူငယ်က သွက်လက်စွာနဲ့ ချက်ချင်းဆိုသလို လျင်မြန်စွာအကြမ်းပတမ်းကန်ထုတ်လိုက်တာကြောင့် မြင်လိုက်ရတဲ့အနီးနားက လူအနည်းငယ်တောင့်တင်းသွားတယ်။
ဟဲ့ချန်းမင် ဆောင့်ကြောင့်ထိုင်ပြီး တဖက်လူဆီကကန်ထုတ်လိုက်တဲ့ စတီးတုတ်ကိုယူလိုက်ပြီး မျက်လုံးတွေက ရေခဲတမျှဖြစ်လာတယ်။
“မင်းတို့ကောင်တွေ သူ့ကိုသောက်ရမ်းရိုက်ကြ!” ကောင်းရှန်က ဘေးကနေ စိုးရိမ်တကြီးလိုက်ပြောနေတယ်။
ပိုက်ဆံအတွက် လူငယ်တွေကလည်း တွန့်ဆုတ်မနေဘူး။ သူတို့အားလုံး အကောင်းဆုံးကြိုးစားလိုက်ရင် တစ်ဖက်ကောင်လေးက ဘယ်လောက်ပဲတိုက်ခိုက်နိုင်ပါစေ ခြောက်ယောက်တစ်ယောက်တော့ မလုပ်နိုင်ဘူး!
ဒါပေမယ့် တဖြည်းဖြည်း တစ်စုံတစ်ရာမှားယွင်းနေပြီဆိုတာကို သတိပြုမိပြီး ကြောက်ရွံ့လာကြတယ်။
တဖက်ကောင်လေးလုပ်တာဆိုလို့ တစ်ယောက်ကို ဖမ်းပြီး ပစ်မှတ်ကိုထိထိမိမိနဲ့ အညှာအတာမရှိရိုက်ကာ မလှုပ်နိုင်တဲ့အထိလုပ်ပစ်တယ်။
ဒီလိုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်ရတာလဲ?!
လူငယ်တွေက မြေကြီးပေါ်မှာ သွေးအန်ပြီးလဲနေတဲ့ ညီအစ်ကိုတွေကိုကြည့်ပြီး တံတွေးမြိုချကာ နောက်ဆုတ်လိုက်ကြတယ်။ နောက်တစ်ယောက်က သူတို့မဖြစ်ချင်ဘူး။
ဟဲ့ချန်းမင် မျက်နှာပေါ်မှာလည်း ဒဏ်ရာတစ်ခုရနေပေမယ့် အခုချိန်မှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ရှေ့ကိုတစ်လှမ်းထပ်တိုးလိုက်တယ်။
အပြန်အလှန်စိုက်ကြည့်ပြီးနောက် လူငယ်တွေက သူတို့ရဲ့စတီးတုတ်တွေကို ပစ်ချပြီး ထွက်ပြေးတော့တယ်။ သေစမ်း သူတို့အသက်တွေက ပိုပြီးအရေးကြီးတယ်!
_____
Thanks 😉