ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 243K 6.6K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၇၃

8K 1.6K 70
By Kay_Wine

{Zawgyi}

•ေကာင္းရွန္ရဲ႕ေျခေထာက္ကို မခ်ိဳးရဘူးဆိုရင္ သူ႔မ်ိဳး႐ိုးနာမည္က ဟဲ့မဟုတ္ေတာ့ဘူး•

သတင္းက ျမန္ျမန္ဆန္ဆန္ျပန႔္ႏွံ႔သြားၿပီး ေက်ာင္းမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္သြားကာ ေက်ာင္းသားေတြ အိမ္ျပန္တဲ့အခါ လုံၿခဳံေရးကိုဂ႐ုစိုက္ဖို႔နဲ႔ လမ္းမေတြေပၚမွာ တဝဲလည္လည္လုပ္မေနဖို႔ ေၾကျငာခ်က္ပါထြက္လာေတာ့တယ္။ လင္က်န္းရယ္ေမာမိတယ္။ တဝဲလည္လည္ဆိုတာက ဘာလား? သူတို႔ကို ဒီတိုင္းေနဖို႔ ဖိအားေပးခံရတာေလ!

သူဒီကိစၥကိုတကယ္ အစာမေၾကႏိုင္ျဖစ္ေနၿပီး ဒီေန႔ကေသာၾကာေန႔ျဖစ္တာေၾကာင့္ လူစုၿပီး အသက္ေမြးမႈဆိုင္ရာအထက္တန္းေက်ာင္းကို သြားဖို႔ႀကံလိုက္တယ္။

ဒါေပမယ့္ ေန႔ခင္းအတြက္ တစ္စုံတစ္ခုရွိေနတယ္။

အခု မနက္ပိုင္းအခ်ိန္မွာ ပုံမွန္သင္ခန္းစာေတြရွိေနၿပီး ဟဲ့ခ်န္းမင္ကို သူ႔ရဲ႕တာဝန္ခံမႈအေျခအေနကို ေလ်ာ့ေလ်ာ့ေပါ့ေပါ့နဲ႔ ဘယ္လိုရွင္းျပရမလဲဆိုတာကို လင္က်န္းေတြးေတာေနမိတယ္။

႐ုတ္တရက္ တဖက္လူကဆီက ဖုန္းေကာဝင္လာတာေၾကာင့္ သူေတာင္လန႔္သြားရတယ္။ ေၾကာက္လို႔တုန္တုန္ရီရီနဲ႔ပဲ လင္က်န္းဖုန္းကိုင္လိုက္တယ္ "ဟယ္လို?"

တဖက္မွ ဟဲ့ခ်န္းမင္က ဆူေတာ့တယ္ "သူ႔ကိုကာကြယ္ေပးဖို႔ မင္းကိုေျပာထားတာကို မင္းကဘာေတြလုပ္ေနတာလဲ?! ငါမင္းကို ရွင္းရွင္းလင္းလင္းမေျပာထားဘူးလား? မင္းကို ဂ႐ုစိုက္ပါဆိုတာကို မင္းငါ့စကားကို ေသာက္ေရးလုပ္ရဲ႕လား?!"

ဟဲ့ခ်န္းမင္ အေတာ္ေလးေဒါသထြက္ေနတာေၾကာင့္ သူ႔အသံကကိုတစ္ခန္းလုံးေတာင္ ၾကားႏိုင္တယ္။

လင္က်န္း ဖုန္းကိုေဝးေဝးခြာၿပီး အတန္းထဲက အျမန္ထြက္လာလိုက္တယ္။ အဲ့ေနာက္ သူလည္းမေက်မနပ္ပုံနဲ႔ေျပာလိုက္တယ္ "မင္ေကာ ကြၽန္ေတာ္လည္း တကယ္မတားႏိုင္ျဖစ္သြားလို႔ဟာကို"

ေကာင္းရွန္ဆိုတဲ့ ေခြးမသားက အကူေတြရွာလာလိမ့္မယ္လို႔ ဘယ္သူသိမွာလဲ? သူ႔ကိုပဲ ဘာလို႔လာပုံခ်ေနတာလဲ?

ဟဲ့ခ်န္းမင္ကေတာ့ ဒီအခ်က္အလက္ေတြကို ဂ႐ုမစိုက္ဘူး၊ ျဖစ္လာတာကိုပဲ ၾကည့္တယ္... က်ီေလ်ာင္ ဒဏ္ရာရသြားတယ္!

"ငါ့ကို ဘာဆင္ေျခမွလာေပးမေနနဲ႔! ငါျပန္လာရင္ မင္းကိုဘယ္လိုလုပ္မယ္ဆိုတာကိုပဲ ေစာင့္ေန!" "မလုပ္နဲ႔ေလ မင္ေကာ"

လင္က်န္း မခ်ိတင္ကဲၿငီးျငဴလိုက္တယ္။ သူေျပာလို႔မၿပီးေသးခင္ သူ႔ဖုန္းကို အတင္းဆြဲယူျခင္းခံလိုက္ရတယ္။

သူလွည့္ၾကည့္လိုက္ေတာ့ သူ႔ဖုန္းကိုကိုင္ၿပီး မတ္တပ္ရပ္ေနတဲ့ ကုမင္းယန္ကိုျမင္လိုက္ရတယ္၊ ထိုသူက ေအးတိေအးစက္ေလသံနဲ႔ေျပာလိုက္တယ္ "မင္းက ကိုယ့္လူကိုယ္ေတာင္ မကာကြယ္ႏိုင္ဘူးလား? တစ္ခုခုျဖစ္တာကို မင္းကသူ႔ကိုပဲ ေဒါသလာထြက္ေနတယ္၊ သူက မင္းရဲ႕ေခြးလား?!"

"သူ"ဆိုတာ လင္က်န္းကိုရည္ၫႊန္းေနမွန္း အသိသာႀကီး။

လင္က်န္းဆီက က်ိန္ဆဲသံတစ္ခ်က္ထြက္လာၿပီး လည္ပင္းေတာင္ေအးလာတယ္လို႔ ခံစားမိကာ သူ႔ဖုန္းကိုျပန္လုယူလိုက္တယ္။ သူအျမန္ေခၚလိုက္တယ္ "မင္ေကာ ဟယ္လို? မင္ေကာ?!" တစ္ဖက္ေကာင္ေလးက ဖုန္းေတာင္ခ်သြားၿပီျဖစ္တယ္။

လင္က်န္း ေအာ္ဟစ္ကာ ကုမင္းယန္ဘက္လွည့္ၿပီး ႀကိမ္းေမာင္းေတာ့တယ္။ "မင္းအပူ ဘာမွမပါဘူး၊ ငါ့အတြက္ ဝင္ေျပာေပးစရာလိုလို႔လား?" ကုမင္းယန္ကလည္း သူ႔အတန္းဆီသူျပန္သြားၿပီျဖစ္လို႔ သူ႔မွာ ႀကိမ္းေမာင္းဖို႔အခြင့္ေလးေတာင္ မရလိုက္ဘူး!

လင္က်န္း ေ႐ြးျခယ္စရာမရွိေတာ့တာေၾကာင့္ က်ီေလ်ာင့္ဆီကို ကူညီေပးဖို႔စာတစ္ေစာင္ပို႔လိုက္တယ္ : 'မရီးေရ မင္ေကာကေတာ့ ငါ့ကို ေထာင္းေတာ့မယ့္ပုံပဲ၊ ငါ့ကို စကားအေကာင္းေလးေျပာေပးပါအုံး... ငါ့ရဲ႕ခ်စ္စရာေကာင္းတဲ့ က်ားသြားေလးႏွစ္ေခ်ာင္းကို ကယ္တင္ေပးပါ!'

ဟဲ့ခ်န္းမင္ စိတ္လြတ္သြားၿပီး လက္သီးတစ္ခ်က္တည္းနဲ႔ တစ္ဖက္လူရဲ႕သြားႏွစ္ေခ်ာင္း ကြၽတ္သြားေအာင္လုပ္ခဲ့တာကို လင္က်န္းအၿမဲ အမွတ္ရေနတယ္။ ဒီျမင္ကြင္းက အေတာ္ေလးေသြးသံတရဲရဲရွိလွတယ္!

တစ္ခ်ိန္တည္းမွာပဲ၊ ဟဲ့ခ်န္းမင္ ကုမင္းယန္ကို စာတစ္ေစာင္ပို႔လိုက္တယ္ : 'ကုေရွာင္ မင္းဒီအထိေတာင္ အမွတ္ေတြက်ေနၿပီလား? ေသာကေရာက္ေနတဲ့ မိန္းမပ်ိဳေလးကို ကယ္လိုက္ရေတာ့ ေပ်ာ္လား?'

ကုမင္းယန္ဆိုတဲ့လူကသာ သူ႔ကို က်ီေလ်ာင္ဘာျဖစ္ေနတယ္ဆိုတာကို ဖုန္းေခၚၿပီးေျပာတဲ့လူျဖစ္တယ္။ အဆုံးမွာ သူကတစ္ဖက္လွည့္နဲ႔ လင္က်န္းကို ကူေျပာေပးလိုက္ေသးတယ္။ လုံး၀ကို လုပ္ႀကံခံလိုက္ရတာပဲ။ ကုမင္းယန္ မ်က္ႏွာေသနဲ႔ စာျပန္လိုက္တယ္ : 'မင္းဘာေတြလာေျပာေနတာလဲဆိုတာ ငါမသိဘူး'

ဟဲ့ခ်န္းမင္ဆီက အသံတစ္သံထြက္လာၿပီး လက္ေခ်ာင္းေတြနဲ႔ သူနာျပဳေကာင္တာကို ေခါက္ကာ စိတ္တိုတိုနဲ႔ေျပာလိုက္တယ္ "ျမန္ျမန္လုပ္ေပးပါ"

သူက ေက်ာင္ေမးလန္ေဆး႐ုံဆင္းဖို႔အတြက္ လုပ္႐ိုးလုပ္စဥ္ေတြကို ဝိုင္းကူေပးေနတာျဖစ္တယ္။ တစ္ရက္ေနာက္က်သြား႐ုံေလးပဲ။ သူကတစ္ရက္ေစာၿပီး ျပန္သြားႏိုင္ခဲ့ရင္ က်ီေလ်ာင္ ဒဏ္ရာရမွာမဟုတ္ဘူး။

သူ႔ဖုန္းတုန္ခါလာတာေၾကာင့္ ဟဲ့ခ်န္းမင္ယူၾကည့္လိုက္ေတာ့ က်ီေလ်ာင့္ဆီက စာျဖစ္ေနတယ္ : 'မင္းက သိေတာင္သိၿပီးသြားၿပီလား? လင္က်န္းကို အျပစ္တင္မေနနဲ႔ သူလည္းဒဏ္ရာရထားတာပဲဟာကို'

ဟဲ့ခ်န္းမင္ အျမန္ရွင္းျပလိုက္တယ္ : 'အင္းပါ ကိုယ္က ဒီတိုင္းသူ႔ကိုေျခာက္လိုက္တာ'

က်ီေလ်ာင္ စိတ္ေအးသြားၿပီး အတန္းထဲမွာ စိတ္ျပန္ႏွစ္ထားလိုက္တယ္။

ေက်ာင္းဆင္းတဲ့အခါ လင္က်န္းက သူငယ္ခ်င္းအခ်ိဳ႕ေခၚကာ ဆံဝါေကာင္ရဲ႕ အသက္ေမြးမႈအထက္တန္းေက်ာင္းကို မာန္ပါပါနဲ႔ခ်ီတက္လာခဲ့တယ္။ အရပ္ရွည္ရွည္ သန္သန္မာမာႀကီးေတြအနည္းငယ္နဲ႔ ရပ္ေနတာျဖစ္လို႔ အေတာ္ေလးေတာ့ ဂိုက္ေပးၾကမ္းလွတယ္။

ဆံဝါေကာင္ထြက္လာတာကိုျမင္ေတာ့ သူ႔သူငယ္ခ်င္းေတြထဲကတစ္ေယာက္က လင္က်န္းကို တံေတာင္နဲ႔လွမ္းတို႔တယ္ "ေဟး ႏွာေခါင္းမွာဒဏ္ရာနဲ႔ ဖူးေယာင္ေနတဲ့မ်က္ခြက္နဲ႔တစ္ေယာက္လား?!" လင္က်န္းတစ္ခ်က္ေလာက္ၾကည့္လိုက္တယ္။ သူမဟုတ္လား?

မဟုတ္ေသးပါဘူး ဘာလို႔တစ္ေယာက္ေယာက္က သူ႔ဆီအရင္ေရာက္ခဲ့တာလဲ?!

သူ႔သူငယ္ခ်င္းက တြန႔္ဆုတ္ဆုတ္နဲ႔ေျပာလိုက္တယ္ "သူ႔အေျခအေနက ဒီလိုျဖစ္ေနၿပီပဲ၊ ငါတို႔ေတြ သူ႔ကိုႀကိတ္အုံးမလို႔လား?"

ဝက္တစ္ေကာင္လိုေယာင္ကိုင္းေနတဲ့ ဆံဝါေကာင္ရဲ႕မ်က္ႏွာကို ျမင္ရတာ သနားဖို႔ေကာင္းလွတယ္ _ သူတို႔ဘယ္လိုလုပ္ၿပီး ေရွ႕ဆက္တိုးႏိုင္မွာလဲ?!

လင္က်န္းကေတာ့ ေဒါသထြက္ေနတာျဖစ္လို႔ မီးေတာက္ေနကာ ခပ္တင္းတင္းေျပာလိုက္တယ္ "သူ႔ကို ႐ိုက္ၾက! မ်က္ႏွာကို မလုပ္နဲ႔ သူ႔ခႏၶာကိုယ္ကိုပဲ!" သူ႔သူငယ္ခ်င္းေတြက အမိန႔္က်လာတာနဲ႔ ဆံဝါေကာင္ ဂိတ္ေပါက္ကထြက္လာမယ့္အထိေစာင့္ၿပီး ခ်က္ခ်င္းဆိုသလို ဘယ္ညာခ်ဳပ္ကာ အနီးနားက ပန္းၿခံေလးဆီသြားလိုက္တယ္။

ဆံဝါေကာင္ကေတာ့ ငိုမိေတာ့မယ္။ မေန႔တုန္းက သူထြက္ေျပးခဲ့တာေၾကာင့္ သူ႔ညီအစ္ကိုေတြက သူ႔ကိုအေပါင္းအသင္းမလုပ္ၾကေတာ့ဘူး၊ အဲ့တာေၾကာင့္ အခုခ်ိန္မွာ သူ႔နားမွာ တစ္ေယာက္မွမရွိေတာ့ဘူးဆိုေတာ့ သူ႔ေခါင္းကို လက္ေမာင္းေတြနဲ႔ကာဆီးၿပီး ထိုးခ်က္ ကန္ခ်က္ေတြကို ေအာင့္အီးခံေနရတယ္။ မေက်မနပ္နဲ႔သူေျပာလာတယ္ "မင္းတို႔ ငါ့ကိုတစ္ခါထိုးၿပီးေနၿပီမဟုတ္ဘူးလား? ဘာလို႔ ဒုတိယအႀကိမ္ထပ္လုပ္တာလဲ?!"

ဒုစ႐ိုက္ေလာကမွာလည္း သိကၡာတခ်ိဳ႕ေတာ့ ရွိေသးတယ္မွတ္လား?!

လင္က်န္း ပန္းခင္ေပၚေျခတင္ကာ ခက္ခက္ထန္ထန္ေျပာလိုက္တယ္ "ငါမင္းကို႐ိုက္ခ်င္ရင္ လာ႐ိုက္မွာပဲ၊ ငါဘယ္ႏွႀကိမ္လုပ္ပါမယ္ဆိုၿပီး မင္းကိုခြဲျပေနရအုံးမွာလား?!"

ဆံဝါေကာင္ကေတာ့ အဲ့တာကိုမျငင္းႏိုင္ဘဲ ေနာင္တေတြရကာ မ်က္ရည္အဝိုင္းသားနဲ႔ အံႀကိတ္ထားရတယ္။

လင္က်န္း ေဒါသေတြဖြင့္ခ်ၿပီးေတာ့ ထြက္သြားဖို႔လုပ္လိုက္ခ်ိန္မွာ လင္စီရန္က အသက္ေမြးမႈအထက္တန္းေက်ာင္းထဲက ထြက္လာတာကိုေတြ႕လိုက္ရတယ္။ သူ႔မ်က္ႏွာမွာ ဇေဝဇဝါျဖစ္ေနတဲ့ပုံေပၚသြားတယ္။ လင္စီရန္က Aအထက္တန္းေက်ာင္းကမဟုတ္ဘူးလား?! သူ ဆံဝါေကာင္ကိုေမးလိုက္တယ္ "သူက မင္းတို႔ေက်ာင္းကလား?" ဆံဝါေကာင္ တစ္ခ်က္လွမ္းၾကည့္ၿပီး ေခါင္းၿငိတ္ျပတယ္ "ဟုတ္တယ္ ငါတို႔ေက်ာင္းကပဲ" လင္က်န္းအမူအယာက မည္းေမွာင္သြားတယ္။ လင္စီရန္က သူ႔ကိုလိမ့္တယ္?!

က်ီေလ်ာင္ထြက္သြားဖို႔လုပ္လိုက္ခ်ိန္ တံခါးနားမွာ လင္က်ားေဆြ႕ကို ေတြ႕လိုက္ရတယ္။ သူမကို လွမ္းေခၚၿပီးတားလိုက္တယ္ "အတန္းေခါင္းေဆာင္" လင္က်ားေဆြ႕ ေနာက္လွည့္ၾကည့္လာၿပီး ဘာအမူအယာမွမျပဘဲ ေျပာလိုက္တယ္ "အင္း?"

"မေန႔တုန္းက ရဲေခၚလိုက္တာ နင္လား?"

သူ လင္က်ားေဆြ႕ကို ေတြ႕လိုက္ရၿပီး မ်က္ေတာင္တစ္ခ်က္အတြင္းမွာ ျပန္ေပ်ာက္သြားၿပီး သိပ္မၾကာခင္ရဲေရာက္လာတာျဖစ္တယ္။

လင္က်ားေဆြ႕ ႏွာေခါင္းရႈတ္လိုက္တယ္ "ငါဆိုေတာ့ေရာ ဘာျဖစ္လဲ? ဘာမွ ေက်းဇူးလာတင္ေနစရာမလိုဘူး၊ နင့္ေၾကာင့္ ကူညီေပးတာမဟုတ္ဘူး!" က်ီေလ်ာင္က 'အိုး'ဟုေျပာကာ ေနာက္ထပ္ ဘာတစ္ခြန္းမွ ထပ္မေျပာေတာ့ဘဲ သူမကိုေက်ာ္ကာ ထြက္သြားေတာ့တယ္။

လင္က်ားေဆြ႕ အေတာ္ေဒါသထြက္သြားတာေၾကာင့္ ေျခေဆာင့္လိုက္တယ္! ေက်းဇူးတင္ပါတယ္ဆိုၿပီးေတာင္ မေျပာဘူး! အဲ့အခ်ိန္တုန္းက သူမခမ်ာ ဖိနပ္ကြၽတ္တဲ့အထိေတာင္ေျပးခဲ့ရတာ! က်ီေလ်ာင္ ႏွစ္လွမ္းလွမ္းၿပီး ေနာက္ျပန္လွည့္ကာ တစ္ခ်က္ၿပဳံးရင္းေျပာလိုက္တယ္ "ေက်းဇူးပဲ" သူ႔ရဲ႕လူငယ္ဆန္တဲ့အသံေလးက ၾကည္လင္ျပတ္သားစြာထြက္ေပၚလာတယ္။

လင္က်ားေဆြ႕ အသက္ရႈမွားသြားတယ္။ ႐ုတ္တရက္ သူၿပဳံးလိုက္တဲ့အခါ အေတာ္ေလးၾကည့္ေကာင္းတယ္လို႔ ခံစားမိတာေၾကာင့္ မ်က္ႏွာက ရဲတက္လာတယ္။ ခ်က္ခ်င္းပဲ သူမပါးသူမျပန္႐ိုက္ၿပီး အသာေျပာလိုက္တယ္ "နင္ ဘာေတြေတြးေနတာလဲ?! သူက က်ီေလ်ာင္ေလ!"

က်ီေလ်ာင္ ေက်ာင္းကထြက္လာေတာ့ ရႈအိုက္ဝမ္က သူ႔ကိုလာေစာင့္ေနတယ္။

မေန႔ညတုန္းက အျဖစ္အပ်က္အၿပီးမွာ မန္ယြမ္နဲ႔ ရႈအိုက္ဝမ္ႏွစ္ေယာက္လုံးက ကေလးႏွစ္ေယာက္ကို ဘတ္စ္ကားေတြနဲ႔သြားမွာကို စိတ္မခ်ေတာ့ဘဲ သူတို႔ကိုယ္တိုင္ ႀကိဳဖို႔ဆုံးျဖတ္လိုက္ၾကတယ္။

မန္ယြမ္မွာက အလုပ္ရွိေသးတာေၾကာင့္ ဒီတာဝန္က ျငင္းပယ္ျခင္းအလ်င္းမရွိတဲ့ ရႈအိုက္ဝမ္အေပၚက်ေရာက္လာတယ္။ အၿမဲတမ္း လုံၿခဳံေရးကသာ ပထမျဖစ္တယ္။

မန္ေယာင္ေယာင္က ဒီေန႔ေက်ာင္းမလာဘူး။ အခုအိမ္မွာ နားေနတာျဖစ္လို႔ ကားထဲမွာ က်ီေလ်ာင္ပဲရွိတယ္။

ကားေမာင္းေနရင္း ရႈအိုက္ဝမ္သူ႔ကိုေမးလိုက္တယ္ "မ်က္ႏွာေပၚက ဒဏ္ရာေတြက နာေနတုန္းလား?" က်ီေလ်ာင္ ေခါင္းယမ္းျပတယ္ "မနာေတာ့ပါဘူး"

ရႈအိုက္ဝမ္သူ႔ကို ေနာက္ၾကည့္မွန္ကေန တဆင့္ၾကည့္ၿပီး မဝံ့မရဲေမးလိုက္တယ္ "သားရဲ႕လူကေရာ ဘာလို႔ခုတေလာ ေပ်ာက္ေနတာလဲ?"

ရႈအိုက္ဝမ္ ဟဲ့ခ်န္းမင္ကို မေတြ႕တာ အေတာ္ေလးၾကာၿပီျဖစ္လို႔ မေနႏိုင္ပဲ သူတို႔ႏွစ္ေယာက္ ပ်က္သြားၾကၿပီလားဆိုတာ သိခ်င္လာတယ္။ မျပတ္ေသးဘူးဆိုလည္း တစ္ဖက္ေကာင္ေလးက ဘာျဖစ္ေနလို႔လဲ? သူမသားက အ႐ိုက္ခံေနရတာေတာင္ သူဘာမွမျဖစ္ဘူးလား?!

က်ီေလ်ာင္ ေျပာလိုက္တယ္ "သူ႔အေမ ေဆး႐ုံတက္ေနရလို႔ ဂ႐ုစိုက္ေပးေနတာ"

အေတြ႕အႀကဳံရွိတဲ့ေလသံနဲ႔ ရႈအိုက္ဝမ္ေျပာလိုက္တယ္ "သူ႔ရင္ထဲမွာ မင္းရွိတယ္ဆိုရင္ မင္းကိုခ်က္ခ်င္းလာေတြ႕သင့္တာေပါ့!" က်ီေလ်ာင္ မ်က္ႏွာရဲသြားၿပီး ပြစိပြစိေျပာလိုက္တယ္ "ကြၽန္ေတာ္က မိန္းကေလးမွ မဟုတ္တာ၊ ဒဏ္ရာတခ်ိဳ႕တေလရတယ္ဆိုတာ အရမ္းကိုပုံမွန္ပဲ မဟုတ္ဘူးလား?"

ရႈအိုက္ဝမ္ အေတာ္ေဒါသထြက္လာတာေၾကာင့္ မီးပြိဳင့္မိေနတုန္း ေခါင္းလွည့္ကာ ဆူေတာ့တယ္။ "အေမ မင္းကို ဘယ္ႏွႀကိမ္ေလာက္ ဒဏ္ရာရခြင့္ျပဳေနရမွာလဲ? ဟမ္? ဒဏ္ရာတခ်ိဳ႕တေလရတယ္ဆိုတာ အရမ္းကိုပုံမွန္ပဲ မဟုတ္ဘူးလား? ဒါကို ပုံမွန္လို႔ထင္ေနတာလား?!"

က်ီေလ်ာင့္မွာ ဘာမွေျပာစရာမရွိေတာ့တာေၾကာင့္ ႏႈတ္ခမ္းသာတင္းတင္းေစ့ၿပီး မေက်မနပ္ျဖစ္ေနေတာ့တယ္။

သူ ဟဲ့ခ်န္းမင္ဆီ စာခိုးၿပီးပို႔လိုက္တယ္ : 'ဘာေတြလုပ္ေနတာလဲ?'

ထိုအခ်ိန္မွာ ဟဲ့ခ်န္းမင္က ဆံဝါေကာင္ရဲ႕လည္ပင္းကို တက္နင္းထားတာျဖစ္တယ္။ ဆံဝါေကာင္ခမ်ာ​ ေၾကာက္လြန္းလို႔ သက္ညႇာေပးဖို႔ေတာင္းခံေနေတာ့တယ္။ "ကြၽန္ေတာ္ ေနာက္ထပ္မလုပ္ရဲေတာ့ပါဘူး၊ ကြၽန္ေတာ္တကယ္မွားသြားပါတယ္၊ ေက်းဇူးျပဳၿပီး လႊတ္ေပးပါေတာ့"

အခုက သုံးႀကိမ္ေျမာက္ပဲ။ ဘယ္ေတာ့မ်ားမွ ၿပီးဆုံးႏိုင္မွာလဲ...

ဆံဝါေကာင္ သူ႔မ်က္ႏွာသူပြတ္ကာ ငိုေနေတာ့တယ္။

ဟဲ့ခ်န္းမင္ဖုန္းက တုန္ခါလာတာေၾကာင့္ သူ႔ကိုအေဝးကိုကန္ထုတ္လိုက္တယ္။ ေဘးဆြဲၾကည့္လိုက္ၿပီး က်ီေလ်ာင္ဆိုတာလည္းျမင္ေရာ သူ႔ရဲ႕မ်က္ႏွာေသႀကီးက ခ်က္ခ်င္းႏူးညံ့သြားေတာ့တယ္။

ေကာင္ေလးဆီဖုန္းေခၚလိုက္ၿပီး ဂ႐ုစိုက္မႈအျပည့္ပါဝင္ေနတဲ့ေလသံနဲ႔ ေျပာလိုက္တယ္ "ေဘဘီ ကိုယ့္ကို လြမ္းေနတာလား?"

ရႈအိုက္ဝမ္ေရွ႕မွာ က်ီေလ်ာင္နည္းနည္းရွက္မိတာေၾကာင့္ အင္းဆိုၿပီးအသံတိုးတိုးေလးျပဳကာ ေမးလိုက္တယ္ "မင္း ဘာလုပ္ေနတာလဲ?"

ဟဲ့ခ်န္းမင္ လက္ေျမႇာက္ကာ တက္စီတစ္စီးတားလိုက္တယ္ "မင္းအိမ္ကို လာေနတာ"

ဒါကိုက်ီေလ်ာင္ ၾကားေတာ့ အေတာ္ေလးေပ်ာ္သြားၿပီး မ်က္လုံးေတြေတာက္ပလာတယ္။ သူႏူးႏူးညံ့ညံ့ေျပာလိုက္တယ္ "စားၿပီးသြားၿပီလား?"

"အနားမွာ အန္တီရွိေနတာလား?"

တဖက္လူက ဘယ္လိုသိသြားမွန္း သူမသိလိုက္ဘူး။ က်ီေလ်ာင္ ရွိေၾကာင္းအသံျပဳလိုက္တယ္။

"မင္းကို မကာကြယ္ေပးႏိုင္ခဲ့လို႔ အန္တီကေတာ့ ကိုယ့္ကို အျပစ္တင္ေနေတာ့မွာပဲ" "မင္း ဘယ္လိုလုပ္သိသြားတာလဲ?" က်ီေလ်ာင္ အံ့ဩသြားတယ္။

ဟဲ့ခ်န္းမင္ အသာရယ္ေမာကာ "သူမတကယ္ႀကီး ေျပာေနတာလား?"

ၾကည့္ရတာ သူ႔ဆီက လာၿပီးသတင္းႏႈိက္ေနတာပဲ!

က်ီေလ်ာင္ ႏႈတ္ခမ္းကိုကိုက္ထားလိုက္တယ္။ ထိုအခ်ိန္မွာ ကားက ရပ္ကြက္ထဲက ကားပါကင္ထဲဝင္လိုက္ၿပီျဖစ္လို႔ ဖုန္းလိုင္းက သိပ္မမိေတာ့ဘူး။ သူစကားတခ်ိဳ႕အျမန္ေျပာၿပီး ဖုန္းခ်ကာ ရႈအိုက္ဝမ္ကိုေျပာလိုက္တယ္ "ေနာက္ၿပီးက်ရင္ သူလာလိမ့္မယ္"

သူ႔ေလသံက အနည္းငယ္ဘဝင္ျမင့္ေနပုံေပၚတယ္။

ရႈအိုက္ဝမ္ စိတ္ရႈပ္မိသလို တခ်ိန္တည္းမွာပဲ သေဘာက်မိတယ္။ သူမ သူ႔ေခါင္းေလးကို ပုတ္လိုက္တယ္ "အ႐ူးေလး"

သူတို႔ေတြ ဓာတ္ေလွကားထဲဝင္လိုက္ၾကတယ္။ အိမ္ေရာက္တာနဲ႔ ရႈအိုက္ဝမ္စတင္ခ်က္ျပဳၿပီး ပုံမွန္ထက္ ပိုပိုသာသာေလးျပင္ဆင္ကာ ဟဲ့ခ်န္းမင္ေရာက္လာရင္ ညစာစစားလို႔ရၿပီလို႔ ေတြးလိုက္တယ္။

ခဏေနေတာ့ က်ီေလ်ာင္ ခိုးေၾကာင္ခိုးဝွက္နဲ႔ ေအာက္ဆင္းသြားတယ္။ တခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ တဖက္ေကာင္ေလးကို ရွာေတြ႕သြားတယ္။

သူေျပးသြားၿပီး အသင့္ဖြင့္ေပးထားတဲ့ ဟဲ့ခ်န္းမင္လက္ေမာင္းေတြၾကားထဲ တိုးဝင္ကာ ေခါင္းေမာ့ၿပီးတစ္ခ်က္နမ္းလိုက္တယ္။

က်ီေလ်ာင္ သူ႔ရဲ႕ေအာက္ႏႈတ္ခမ္းကို ကိုက္ထားကာ မလႊတ္ေပးတာေၾကာင့္ အနီေရာင္အမွတ္အသားႀကီးျဖစ္သြားေတာ့တယ္။

"အရမ္းစိတ္ပါေနတယ္ေပါ့?"

က်ီေလ်ာင္ျပန္မေျဖႏိုင္ေသးခင္ ဟဲ့ခ်န္းမင္က သူ႔ေခါင္းအေနာက္ကိုဖိကာ အနမ္းေတြကို နက္ရႈိင္းေစလိုက္တယ္။ က်ီေလ်ာင္ေခါင္းေမာ့ေပးထားေပမယ့္ တစ္ဖက္ေကာင္ေလးရဲ႕ အလ်င္လိုမႈေတြကို လိုက္မမွီႏိုင္ေတာ့တာေၾကာင့္ ဒီတိုင္းလုပ္ခ်င္ရာလုပ္ခြင့္ ျပဳထားလိုက္တယ္။

ႏႈတ္ခမ္းေတြ ခြာသြားခ်ိန္မွာ က်ီေလ်ာင္လည္း အသက္ကိုအသည္းအသန္ရႈေနရတယ္။

ဟဲ့ခ်န္းမင္ သူ႔မ်က္ႏွာေပၚက အနာေဖးကိုထိကာ ရင္ေတြနာလာတယ္။ ကိုယ့္ကိုယ္ကို အျပစ္တင္ရင္းေျပာလိုက္တယ္ "မင္းကို မကာကြယ္ႏိုင္ခဲ့တဲ့ ကိုယ့္အမွားေတြပါ" က်ီေလ်ာင္ကလည္း ျပန္ေျပာလိုက္တယ္ "ငါ့ကို မင္းကာကြယ္ေပးေနစရာမလိုပါဘူးေနာ္"

ဟဲ့ခ်န္းမင္ရဲ႕ လက္ဝါးႀကီးေတြက သူ႔ခါးေပၚေရာက္လာၿပီး သူ႔ကိုယ္ေပၚေပြ႕တင္လိုက္တယ္။ သူစကားေျပာလာခ်ိန္မွာ ေလသံကအနည္းငယ္ အူတိုေနသံေပါက္ေနတယ္ "အဲ့တာဆို မင္းက ဘယ္သူ႔ကိုကာကြယ္ေပးခိုင္းမွာလဲ?" သူ႔မ်က္လုံးေထာင့္ကေန မန္ယြမ္ကားဝင္လာတာကို က်ီေလ်ာင္ျမင္လိုက္ေတာ့ ခ်က္ခ်င္းဟဲ့ခ်န္းမင္ဆီက ခြာလိုက္တယ္။ ကားျဖတ္သြားေတာ့မွ သက္ျပင္းခ်ကာ ေမးလိုက္တယ္။ "ဘာလို႔တန္းၿပီး မတက္လာတာလဲ?"

ဟဲ့ခ်န္းမင္ ႏွာေခါင္းကိုကုတ္လိုက္တယ္။ "ဘာလို႔လို႔ထင္လဲ?" ရႈအိုက္ဝမ္ရွိေနရင္ သူတဖက္ေကာင္ေလးရဲ႕ လက္ေခ်ာင္းေတြကိုေတာင္ ထိလိုရမွာမဟုတ္ဘူး!

"ငါက ဘယ္လိုလုပ္သိမွာလဲ?"

က်ီေလ်ာင္ ပတြတ္ပတြတ္လုပ္ရင္း သူ႔ကိုဓာတ္ေလွကားဆီ ဆြဲေခၚလိုက္တယ္။ မန္ယြမ္လည္းျပန္လာၿပီဆိုေတာ့ ထမင္းစားၾကေတာ့မယ္။

ဓာတ္ေလွကားတံခါးပိတ္သြားတာနဲ႔ ဟဲ့ခ်န္းမင္ သူ႔ကို ေထာင့္နားတြန္းပို႔ကာ ဟိုကိုင္ဒီကိုင္နဲ႔ စေနာက္ေနေတာ့တယ္။ သူ႔လက္ဝါးက က်ီေလ်ာင့္ေနာက္ေက်ာက ဒဏ္ရာေပၚဖိမိသြားေတာ့ က်ီေလ်ာင္ညည္းမိသြားတယ္။ ခ်က္ခ်င္း ဟဲ့ခ်န္းမင္လက္ေတြရပ္သြားၿပီး ရွပ္အက်ီကိုဆြဲခ်ကာ ၾကည့္လိုက္တယ္။ အနီေရာင္ေတာက္ေတာက္အရာႀကီးက သူ႔မ်က္လုံးကို ေဖာက္ပစ္လိုက္သလိုပဲ။

သူ႔လက္ေမာင္းမွာလည္းတစ္ခုရွိေနေသးတယ္။ စစ္ေဆးဖို႔အတြက္ က်ီေလ်ာင့္ေဘာင္းဘီကိုေတာင္ ခြၽတ္ေတာ့မတတ္ပဲ။

"ေအာက္ပိုင္းက တကယ္အဆင္ေျပပါတယ္ဆို" က်ီေလ်ာင္ အလန႔္တၾကားသူ႔လက္ေတြကို တားဆီးေနရတယ္။

ဟဲ့ခ်န္းမင္ေမး႐ိုးေတြ တင္းမာသြားၿပီး မ်က္ႏွာႀကီးပါ မည္းေမွာင္လာတယ္။ ေသစမ္း တကယ္လို႔သူသာ ေကာင္းရွန္ရဲ႕ေျခေထာက္ကို မခ်ိဳးရဘူးဆိုရင္ သူ႔မ်ိဳး႐ိုးနာမည္က ဟဲ့မဟုတ္ေတာ့ဘူး!

_______________________________________

{Unicode}

•ကောင်းရှန်ရဲ့ခြေထောက်ကို မချိုးရဘူးဆိုရင် သူ့မျိုးရိုးနာမည်က ဟဲ့မဟုတ်တော့ဘူး•

သတင်းက မြန်မြန်ဆန်ဆန်ပြန့်နှံ့သွားပြီး ကျောင်းမှာ အုတ်အော်သောင်းနင်းဖြစ်သွားကာ ကျောင်းသားတွေ အိမ်ပြန်တဲ့အခါ လုံခြုံရေးကိုဂရုစိုက်ဖို့နဲ့ လမ်းမတွေပေါ်မှာ တဝဲလည်လည်လုပ်မနေဖို့ ကြေငြာချက်ပါထွက်လာတော့တယ်။ လင်ကျန်းရယ်မောမိတယ်။ တဝဲလည်လည်ဆိုတာက ဘာလား? သူတို့ကို ဒီတိုင်းနေဖို့ ဖိအားပေးခံရတာလေ!

သူဒီကိစ္စကိုတကယ် အစာမကြေနိုင်ဖြစ်နေပြီး ဒီနေ့ကသောကြာနေ့ဖြစ်တာကြောင့် လူစုပြီး အသက်မွေးမှုဆိုင်ရာအထက်တန်းကျောင်းကို သွားဖို့ကြံလိုက်တယ်။

ဒါပေမယ့် နေ့ခင်းအတွက် တစ်စုံတစ်ခုရှိနေတယ်။

အခု မနက်ပိုင်းအချိန်မှာ ပုံမှန်သင်ခန်းစာတွေရှိနေပြီး ဟဲ့ချန်းမင်ကို သူ့ရဲ့တာဝန်ခံမှုအခြေအနေကို လျော့လျော့ပေါ့ပေါ့နဲ့ ဘယ်လိုရှင်းပြရမလဲဆိုတာကို လင်ကျန်းတွေးတောနေမိတယ်။

ရုတ်တရက် တဖက်လူကဆီက ဖုန်းကောဝင်လာတာကြောင့် သူတောင်လန့်သွားရတယ်။ ကြောက်လို့တုန်တုန်ရီရီနဲ့ပဲ လင်ကျန်းဖုန်းကိုင်လိုက်တယ် "ဟယ်လို?"

တဖက်မှ ဟဲ့ချန်းမင်က ဆူတော့တယ် "သူ့ကိုကာကွယ်ပေးဖို့ မင်းကိုပြောထားတာကို မင်းကဘာတွေလုပ်နေတာလဲ?! ငါမင်းကို ရှင်းရှင်းလင်းလင်းမပြောထားဘူးလား? မင်းကို ဂရုစိုက်ပါဆိုတာကို မင်းငါ့စကားကို သောက်ရေးလုပ်ရဲ့လား?!"

ဟဲ့ချန်းမင် အတော်လေးဒေါသထွက်နေတာကြောင့် သူ့အသံကကိုတစ်ခန်းလုံးတောင် ကြားနိုင်တယ်။

လင်ကျန်း ဖုန်းကိုဝေးဝေးခွာပြီး အတန်းထဲက အမြန်ထွက်လာလိုက်တယ်။ အဲ့နောက် သူလည်းမကျေမနပ်ပုံနဲ့ပြောလိုက်တယ် "မင်ကော ကျွန်တော်လည်း တကယ်မတားနိုင်ဖြစ်သွားလို့ဟာကို"

ကောင်းရှန်ဆိုတဲ့ ခွေးမသားက အကူတွေရှာလာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ? သူ့ကိုပဲ ဘာလို့လာပုံချနေတာလဲ?

ဟဲ့ချန်းမင်ကတော့ ဒီအချက်အလက်တွေကို ဂရုမစိုက်ဘူး၊ ဖြစ်လာတာကိုပဲ ကြည့်တယ်... ကျီလျောင် ဒဏ်ရာရသွားတယ်!

"ငါ့ကို ဘာဆင်ခြေမှလာပေးမနေနဲ့! ငါပြန်လာရင် မင်းကိုဘယ်လိုလုပ်မယ်ဆိုတာကိုပဲ စောင့်နေ!" "မလုပ်နဲ့လေ မင်ကော"

လင်ကျန်း မချိတင်ကဲငြီးငြူလိုက်တယ်။ သူပြောလို့မပြီးသေးခင် သူ့ဖုန်းကို အတင်းဆွဲယူခြင်းခံလိုက်ရတယ်။

သူလှည့်ကြည့်လိုက်တော့ သူ့ဖုန်းကိုကိုင်ပြီး မတ်တပ်ရပ်နေတဲ့ ကုမင်းယန်ကိုမြင်လိုက်ရတယ်၊ ထိုသူက အေးတိအေးစက်လေသံနဲ့ပြောလိုက်တယ် "မင်းက ကိုယ့်လူကိုယ်တောင် မကာကွယ်နိုင်ဘူးလား? တစ်ခုခုဖြစ်တာကို မင်းကသူ့ကိုပဲ ဒေါသလာထွက်နေတယ်၊ သူက မင်းရဲ့ခွေးလား?!"

"သူ"ဆိုတာ လင်ကျန်းကိုရည်ညွှန်းနေမှန်း အသိသာကြီး။

လင်ကျန်းဆီက ကျိန်ဆဲသံတစ်ချက်ထွက်လာပြီး လည်ပင်းတောင်အေးလာတယ်လို့ ခံစားမိကာ သူ့ဖုန်းကိုပြန်လုယူလိုက်တယ်။ သူအမြန်ခေါ်လိုက်တယ် "မင်ကော ဟယ်လို? မင်ကော?!" တစ်ဖက်ကောင်လေးက ဖုန်းတောင်ချသွားပြီဖြစ်တယ်။

လင်ကျန်း အော်ဟစ်ကာ ကုမင်းယန်ဘက်လှည့်ပြီး ကြိမ်းမောင်းတော့တယ်။ "မင်းအပူ ဘာမှမပါဘူး၊ ငါ့အတွက် ဝင်ပြောပေးစရာလိုလို့လား?" ကုမင်းယန်ကလည်း သူ့အတန်းဆီသူပြန်သွားပြီဖြစ်လို့ သူ့မှာ ကြိမ်းမောင်းဖို့အခွင့်လေးတောင် မရလိုက်ဘူး!

လင်ကျန်း ရွေးခြယ်စရာမရှိတော့တာကြောင့် ကျီလျောင့်ဆီကို ကူညီပေးဖို့စာတစ်စောင်ပို့လိုက်တယ် : 'မရီးရေ မင်ကောကတော့ ငါ့ကို ထောင်းတော့မယ့်ပုံပဲ၊ ငါ့ကို စကားအကောင်းလေးပြောပေးပါအုံး... ငါ့ရဲ့ချစ်စရာကောင်းတဲ့ ကျားသွားလေးနှစ်ချောင်းကို ကယ်တင်ပေးပါ!'

ဟဲ့ချန်းမင် စိတ်လွတ်သွားပြီး လက်သီးတစ်ချက်တည်းနဲ့ တစ်ဖက်လူရဲ့သွားနှစ်ချောင်း ကျွတ်သွားအောင်လုပ်ခဲ့တာကို လင်ကျန်းအမြဲ အမှတ်ရနေတယ်။ ဒီမြင်ကွင်းက အတော်လေးသွေးသံတရဲရဲရှိလှတယ်!

တစ်ချိန်တည်းမှာပဲ၊ ဟဲ့ချန်းမင် ကုမင်းယန်ကို စာတစ်စောင်ပို့လိုက်တယ် : 'ကုရှောင် မင်းဒီအထိတောင် အမှတ်တွေကျနေပြီလား? သောကရောက်နေတဲ့ မိန်းမပျိုလေးကို ကယ်လိုက်ရတော့ ပျော်လား?'

ကုမင်းယန်ဆိုတဲ့လူကသာ သူ့ကို ကျီလျောင်ဘာဖြစ်နေတယ်ဆိုတာကို ဖုန်းခေါ်ပြီးပြောတဲ့လူဖြစ်တယ်။ အဆုံးမှာ သူကတစ်ဖက်လှည့်နဲ့ လင်ကျန်းကို ကူပြောပေးလိုက်သေးတယ်။ လုံး၀ကို လုပ်ကြံခံလိုက်ရတာပဲ။ ကုမင်းယန် မျက်နှာသေနဲ့ စာပြန်လိုက်တယ် : 'မင်းဘာတွေလာပြောနေတာလဲဆိုတာ ငါမသိဘူး'

ဟဲ့ချန်းမင်ဆီက အသံတစ်သံထွက်လာပြီး လက်ချောင်းတွေနဲ့ သူနာပြုကောင်တာကို ခေါက်ကာ စိတ်တိုတိုနဲ့ပြောလိုက်တယ် "မြန်မြန်လုပ်ပေးပါ"

သူက ကျောင်မေးလန်ဆေးရုံဆင်းဖို့အတွက် လုပ်ရိုးလုပ်စဉ်တွေကို ဝိုင်းကူပေးနေတာဖြစ်တယ်။ တစ်ရက်နောက်ကျသွားရုံလေးပဲ။ သူကတစ်ရက်စောပြီး ပြန်သွားနိုင်ခဲ့ရင် ကျီလျောင် ဒဏ်ရာရမှာမဟုတ်ဘူး။

သူ့ဖုန်းတုန်ခါလာတာကြောင့် ဟဲ့ချန်းမင်ယူကြည့်လိုက်တော့ ကျီလျောင့်ဆီက စာဖြစ်နေတယ် : 'မင်းက သိတောင်သိပြီးသွားပြီလား? လင်ကျန်းကို အပြစ်တင်မနေနဲ့ သူလည်းဒဏ်ရာရထားတာပဲဟာကို'

ဟဲ့ချန်းမင် အမြန်ရှင်းပြလိုက်တယ် : 'အင်းပါ ကိုယ်က ဒီတိုင်းသူ့ကိုခြောက်လိုက်တာ'

ကျီလျောင် စိတ်အေးသွားပြီး အတန်းထဲမှာ စိတ်ပြန်နှစ်ထားလိုက်တယ်။

ကျောင်းဆင်းတဲ့အခါ လင်ကျန်းက သူငယ်ချင်းအချို့ခေါ်ကာ ဆံဝါကောင်ရဲ့ အသက်မွေးမှုအထက်တန်းကျောင်းကို မာန်ပါပါနဲ့ချီတက်လာခဲ့တယ်။ အရပ်ရှည်ရှည် သန်သန်မာမာကြီးတွေအနည်းငယ်နဲ့ ရပ်နေတာဖြစ်လို့ အတော်လေးတော့ ဂိုက်ပေးကြမ်းလှတယ်။

ဆံဝါကောင်ထွက်လာတာကိုမြင်တော့ သူ့သူငယ်ချင်းတွေထဲကတစ်ယောက်က လင်ကျန်းကို တံတောင်နဲ့လှမ်းတို့တယ် "ဟေး နှာခေါင်းမှာဒဏ်ရာနဲ့ ဖူးယောင်နေတဲ့မျက်ခွက်နဲ့တစ်ယောက်လား?!" လင်ကျန်းတစ်ချက်လောက်ကြည့်လိုက်တယ်။ သူမဟုတ်လား?

မဟုတ်သေးပါဘူး ဘာလို့တစ်ယောက်ယောက်က သူ့ဆီအရင်ရောက်ခဲ့တာလဲ?!

သူ့သူငယ်ချင်းက တွန့်ဆုတ်ဆုတ်နဲ့ပြောလိုက်တယ် "သူ့အခြေအနေက ဒီလိုဖြစ်နေပြီပဲ၊ ငါတို့တွေ သူ့ကိုကြိတ်အုံးမလို့လား?"

ဝက်တစ်ကောင်လိုယောင်ကိုင်းနေတဲ့ ဆံဝါကောင်ရဲ့မျက်နှာကို မြင်ရတာ သနားဖို့ကောင်းလှတယ် _ သူတို့ဘယ်လိုလုပ်ပြီး ရှေ့ဆက်တိုးနိုင်မှာလဲ?!

လင်ကျန်းကတော့ ဒေါသထွက်နေတာဖြစ်လို့ မီးတောက်နေကာ ခပ်တင်းတင်းပြောလိုက်တယ် "သူ့ကို ရိုက်ကြ! မျက်နှာကို မလုပ်နဲ့ သူ့ခန္ဓာကိုယ်ကိုပဲ!" သူ့သူငယ်ချင်းတွေက အမိန့်ကျလာတာနဲ့ ဆံဝါကောင် ဂိတ်ပေါက်ကထွက်လာမယ့်အထိစောင့်ပြီး ချက်ချင်းဆိုသလို ဘယ်ညာချုပ်ကာ အနီးနားက ပန်းခြံလေးဆီသွားလိုက်တယ်။

ဆံဝါကောင်ကတော့ ငိုမိတော့မယ်။ မနေ့တုန်းက သူထွက်ပြေးခဲ့တာကြောင့် သူ့ညီအစ်ကိုတွေက သူ့ကိုအပေါင်းအသင်းမလုပ်ကြတော့ဘူး၊ အဲ့တာကြောင့် အခုချိန်မှာ သူ့နားမှာ တစ်ယောက်မှမရှိတော့ဘူးဆိုတော့ သူ့ခေါင်းကို လက်မောင်းတွေနဲ့ကာဆီးပြီး ထိုးချက် ကန်ချက်တွေကို အောင့်အီးခံနေရတယ်။ မကျေမနပ်နဲ့သူပြောလာတယ် "မင်းတို့ ငါ့ကိုတစ်ခါထိုးပြီးနေပြီမဟုတ်ဘူးလား? ဘာလို့ ဒုတိယအကြိမ်ထပ်လုပ်တာလဲ?!"

ဒုစရိုက်လောကမှာလည်း သိက္ခာတချို့တော့ ရှိသေးတယ်မှတ်လား?!

လင်ကျန်း ပန်းခင်ပေါ်ခြေတင်ကာ ခက်ခက်ထန်ထန်ပြောလိုက်တယ် "ငါမင်းကိုရိုက်ချင်ရင် လာရိုက်မှာပဲ၊ ငါဘယ်နှကြိမ်လုပ်ပါမယ်ဆိုပြီး မင်းကိုခွဲပြနေရအုံးမှာလား?!"

ဆံဝါကောင်ကတော့ အဲ့တာကိုမငြင်းနိုင်ဘဲ နောင်တတွေရကာ မျက်ရည်အဝိုင်းသားနဲ့ အံကြိတ်ထားရတယ်။

လင်ကျန်း ဒေါသတွေဖွင့်ချပြီးတော့ ထွက်သွားဖို့လုပ်လိုက်ချိန်မှာ လင်စီရန်က အသက်မွေးမှုအထက်တန်းကျောင်းထဲက ထွက်လာတာကိုတွေ့လိုက်ရတယ်။ သူ့မျက်နှာမှာ ဇဝေဇဝါဖြစ်နေတဲ့ပုံပေါ်သွားတယ်။ လင်စီရန်က Aအထက်တန်းကျောင်းကမဟုတ်ဘူးလား?! သူ ဆံဝါကောင်ကိုမေးလိုက်တယ် "သူက မင်းတို့ကျောင်းကလား?" ဆံဝါကောင် တစ်ချက်လှမ်းကြည့်ပြီး ခေါင်းငြိတ်ပြတယ် "ဟုတ်တယ် ငါတို့ကျောင်းကပဲ" လင်ကျန်းအမူအယာက မည်းမှောင်သွားတယ်။ လင်စီရန်က သူ့ကိုလိမ့်တယ်?!

ကျီလျောင်ထွက်သွားဖို့လုပ်လိုက်ချိန် တံခါးနားမှာ လင်ကျားဆွေ့ကို တွေ့လိုက်ရတယ်။ သူမကို လှမ်းခေါ်ပြီးတားလိုက်တယ် "အတန်းခေါင်းဆောင်" လင်ကျားဆွေ့ နောက်လှည့်ကြည့်လာပြီး ဘာအမူအယာမှမပြဘဲ ပြောလိုက်တယ် "အင်း?"

"မနေ့တုန်းက ရဲခေါ်လိုက်တာ နင်လား?"

သူ လင်ကျားဆွေ့ကို တွေ့လိုက်ရပြီး မျက်တောင်တစ်ချက်အတွင်းမှာ ပြန်ပျောက်သွားပြီး သိပ်မကြာခင်ရဲရောက်လာတာဖြစ်တယ်။

လင်ကျားဆွေ့ နှာခေါင်းရှုတ်လိုက်တယ် "ငါဆိုတော့ရော ဘာဖြစ်လဲ? ဘာမှ ကျေးဇူးလာတင်နေစရာမလိုဘူး၊ နင့်ကြောင့် ကူညီပေးတာမဟုတ်ဘူး!" ကျီလျောင်က 'အိုး'ဟုပြောကာ နောက်ထပ် ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူမကိုကျော်ကာ ထွက်သွားတော့တယ်။

လင်ကျားဆွေ့ အတော်ဒေါသထွက်သွားတာကြောင့် ခြေဆောင့်လိုက်တယ်! ကျေးဇူးတင်ပါတယ်ဆိုပြီးတောင် မပြောဘူး! အဲ့အချိန်တုန်းက သူမခမျာ ဖိနပ်ကျွတ်တဲ့အထိတောင်ပြေးခဲ့ရတာ! ကျီလျောင် နှစ်လှမ်းလှမ်းပြီး နောက်ပြန်လှည့်ကာ တစ်ချက်ပြုံးရင်းပြောလိုက်တယ် "ကျေးဇူးပဲ" သူ့ရဲ့လူငယ်ဆန်တဲ့အသံလေးက ကြည်လင်ပြတ်သားစွာထွက်ပေါ်လာတယ်။

လင်ကျားဆွေ့ အသက်ရှုမှားသွားတယ်။ ရုတ်တရက် သူပြုံးလိုက်တဲ့အခါ အတော်လေးကြည့်ကောင်းတယ်လို့ ခံစားမိတာကြောင့် မျက်နှာက ရဲတက်လာတယ်။ ချက်ချင်းပဲ သူမပါးသူမပြန်ရိုက်ပြီး အသာပြောလိုက်တယ် "နင် ဘာတွေတွေးနေတာလဲ?! သူက ကျီလျောင်လေ!"

ကျီလျောင် ကျောင်းကထွက်လာတော့ ရှုအိုက်ဝမ်က သူ့ကိုလာစောင့်နေတယ်။

မနေ့ညတုန်းက အဖြစ်အပျက်အပြီးမှာ မန်ယွမ်နဲ့ ရှုအိုက်ဝမ်နှစ်ယောက်လုံးက ကလေးနှစ်ယောက်ကို ဘတ်စ်ကားတွေနဲ့သွားမှာကို စိတ်မချတော့ဘဲ သူတို့ကိုယ်တိုင် ကြိုဖို့ဆုံးဖြတ်လိုက်ကြတယ်။

မန်ယွမ်မှာက အလုပ်ရှိသေးတာကြောင့် ဒီတာဝန်က ငြင်းပယ်ခြင်းအလျင်းမရှိတဲ့ ရှုအိုက်ဝမ်အပေါ်ကျရောက်လာတယ်။ အမြဲတမ်း လုံခြုံရေးကသာ ပထမဖြစ်တယ်။

မန်ယောင်ယောင်က ဒီနေ့ကျောင်းမလာဘူး။ အခုအိမ်မှာ နားနေတာဖြစ်လို့ ကားထဲမှာ ကျီလျောင်ပဲရှိတယ်။

ကားမောင်းနေရင်း ရှုအိုက်ဝမ်သူ့ကိုမေးလိုက်တယ် "မျက်နှာပေါ်က ဒဏ်ရာတွေက နာနေတုန်းလား?" ကျီလျောင် ခေါင်းယမ်းပြတယ် "မနာတော့ပါဘူး"

ရှုအိုက်ဝမ်သူ့ကို နောက်ကြည့်မှန်ကနေ တဆင့်ကြည့်ပြီး မဝံ့မရဲမေးလိုက်တယ် "သားရဲ့လူကရော ဘာလို့ခုတလော ပျောက်နေတာလဲ?"

ရှုအိုက်ဝမ် ဟဲ့ချန်းမင်ကို မတွေ့တာ အတော်လေးကြာပြီဖြစ်လို့ မနေနိုင်ပဲ သူတို့နှစ်ယောက် ပျက်သွားကြပြီလားဆိုတာ သိချင်လာတယ်။ မပြတ်သေးဘူးဆိုလည်း တစ်ဖက်ကောင်လေးက ဘာဖြစ်နေလို့လဲ? သူမသားက အရိုက်ခံနေရတာတောင် သူဘာမှမဖြစ်ဘူးလား?!

ကျီလျောင် ပြောလိုက်တယ် "သူ့အမေ ဆေးရုံတက်နေရလို့ ဂရုစိုက်ပေးနေတာ"

အတွေ့အကြုံရှိတဲ့လေသံနဲ့ ရှုအိုက်ဝမ်ပြောလိုက်တယ် "သူ့ရင်ထဲမှာ မင်းရှိတယ်ဆိုရင် မင်းကိုချက်ချင်းလာတွေ့သင့်တာပေါ့!" ကျီလျောင် မျက်နှာရဲသွားပြီး ပွစိပွစိပြောလိုက်တယ် "ကျွန်တော်က မိန်းကလေးမှ မဟုတ်တာ၊ ဒဏ်ရာတချို့တလေရတယ်ဆိုတာ အရမ်းကိုပုံမှန်ပဲ မဟုတ်ဘူးလား?"

ရှုအိုက်ဝမ် အတော်ဒေါသထွက်လာတာကြောင့် မီးပွိုင့်မိနေတုန်း ခေါင်းလှည့်ကာ ဆူတော့တယ်။ "အမေ မင်းကို ဘယ်နှကြိမ်လောက် ဒဏ်ရာရခွင့်ပြုနေရမှာလဲ? ဟမ်? ဒဏ်ရာတချို့တလေရတယ်ဆိုတာ အရမ်းကိုပုံမှန်ပဲ မဟုတ်ဘူးလား? ဒါကို ပုံမှန်လို့ထင်နေတာလား?!"

ကျီလျောင့်မှာ ဘာမှပြောစရာမရှိတော့တာကြောင့် နှုတ်ခမ်းသာတင်းတင်းစေ့ပြီး မကျေမနပ်ဖြစ်နေတော့တယ်။

သူ ဟဲ့ချန်းမင်ဆီ စာခိုးပြီးပို့လိုက်တယ် : 'ဘာတွေလုပ်နေတာလဲ?'

ထိုအချိန်မှာ ဟဲ့ချန်းမင်က ဆံဝါကောင်ရဲ့လည်ပင်းကို တက်နင်းထားတာဖြစ်တယ်။ ဆံဝါကောင်ခမျာ​ ကြောက်လွန်းလို့ သက်ညှာပေးဖို့တောင်းခံနေတော့တယ်။ "ကျွန်တော် နောက်ထပ်မလုပ်ရဲတော့ပါဘူး၊ ကျွန်တော်တကယ်မှားသွားပါတယ်၊ ကျေးဇူးပြုပြီး လွှတ်ပေးပါတော့"

အခုက သုံးကြိမ်မြောက်ပဲ။ ဘယ်တော့များမှ ပြီးဆုံးနိုင်မှာလဲ...

ဆံဝါကောင် သူ့မျက်နှာသူပွတ်ကာ ငိုနေတော့တယ်။

ဟဲ့ချန်းမင်ဖုန်းက တုန်ခါလာတာကြောင့် သူ့ကိုအဝေးကိုကန်ထုတ်လိုက်တယ်။ ဘေးဆွဲကြည့်လိုက်ပြီး ကျီလျောင်ဆိုတာလည်းမြင်ရော သူ့ရဲ့မျက်နှာသေကြီးက ချက်ချင်းနူးညံ့သွားတော့တယ်။

ကောင်လေးဆီဖုန်းခေါ်လိုက်ပြီး ဂရုစိုက်မှုအပြည့်ပါဝင်နေတဲ့လေသံနဲ့ ပြောလိုက်တယ် "ဘေဘီ ကိုယ့်ကို လွမ်းနေတာလား?"

ရှုအိုက်ဝမ်ရှေ့မှာ ကျီလျောင်နည်းနည်းရှက်မိတာကြောင့် အင်းဆိုပြီးအသံတိုးတိုးလေးပြုကာ မေးလိုက်တယ် "မင်း ဘာလုပ်နေတာလဲ?"

ဟဲ့ချန်းမင် လက်မြှောက်ကာ တက်စီတစ်စီးတားလိုက်တယ် "မင်းအိမ်ကို လာနေတာ"

ဒါကိုကျီလျောင် ကြားတော့ အတော်လေးပျော်သွားပြီး မျက်လုံးတွေတောက်ပလာတယ်။ သူနူးနူးညံ့ညံ့ပြောလိုက်တယ် "စားပြီးသွားပြီလား?"

"အနားမှာ အန်တီရှိနေတာလား?"

တဖက်လူက ဘယ်လိုသိသွားမှန်း သူမသိလိုက်ဘူး။ ကျီလျောင် ရှိကြောင်းအသံပြုလိုက်တယ်။

"မင်းကို မကာကွယ်ပေးနိုင်ခဲ့လို့ အန်တီကတော့ ကိုယ့်ကို အပြစ်တင်နေတော့မှာပဲ" "မင်း ဘယ်လိုလုပ်သိသွားတာလဲ?" ကျီလျောင် အံ့ဩသွားတယ်။

ဟဲ့ချန်းမင် အသာရယ်မောကာ "သူမတကယ်ကြီး ပြောနေတာလား?"

ကြည့်ရတာ သူ့ဆီက လာပြီးသတင်းနှိုက်နေတာပဲ!

ကျီလျောင် နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။ ထိုအချိန်မှာ ကားက ရပ်ကွက်ထဲက ကားပါကင်ထဲဝင်လိုက်ပြီဖြစ်လို့ ဖုန်းလိုင်းက သိပ်မမိတော့ဘူး။ သူစကားတချို့အမြန်ပြောပြီး ဖုန်းချကာ ရှုအိုက်ဝမ်ကိုပြောလိုက်တယ် "နောက်ပြီးကျရင် သူလာလိမ့်မယ်"

သူ့လေသံက အနည်းငယ်ဘဝင်မြင့်နေပုံပေါ်တယ်။

ရှုအိုက်ဝမ် စိတ်ရှုပ်မိသလို တချိန်တည်းမှာပဲ သဘောကျမိတယ်။ သူမ သူ့ခေါင်းလေးကို ပုတ်လိုက်တယ် "အရူးလေး"

သူတို့တွေ ဓာတ်လှေကားထဲဝင်လိုက်ကြတယ်။ အိမ်ရောက်တာနဲ့ ရှုအိုက်ဝမ်စတင်ချက်ပြုပြီး ပုံမှန်ထက် ပိုပိုသာသာလေးပြင်ဆင်ကာ ဟဲ့ချန်းမင်ရောက်လာရင် ညစာစစားလို့ရပြီလို့ တွေးလိုက်တယ်။

ခဏနေတော့ ကျီလျောင် ခိုးကြောင်ခိုးဝှက်နဲ့ အောက်ဆင်းသွားတယ်။ တချက်ကြည့်လိုက်ရုံနဲ့တင် တဖက်ကောင်လေးကို ရှာတွေ့သွားတယ်။

သူပြေးသွားပြီး အသင့်ဖွင့်ပေးထားတဲ့ ဟဲ့ချန်းမင်လက်မောင်းတွေကြားထဲ တိုးဝင်ကာ ခေါင်းမော့ပြီးတစ်ချက်နမ်းလိုက်တယ်။

ကျီလျောင် သူ့ရဲ့အောက်နှုတ်ခမ်းကို ကိုက်ထားကာ မလွှတ်ပေးတာကြောင့် အနီရောင်အမှတ်အသားကြီးဖြစ်သွားတော့တယ်။

"အရမ်းစိတ်ပါနေတယ်ပေါ့?"

ကျီလျောင်ပြန်မဖြေနိုင်သေးခင် ဟဲ့ချန်းမင်က သူ့ခေါင်းအနောက်ကိုဖိကာ အနမ်းတွေကို နက်ရှိုင်းစေလိုက်တယ်။ ကျီလျောင်ခေါင်းမော့ပေးထားပေမယ့် တစ်ဖက်ကောင်လေးရဲ့ အလျင်လိုမှုတွေကို လိုက်မမှီနိုင်တော့တာကြောင့် ဒီတိုင်းလုပ်ချင်ရာလုပ်ခွင့် ပြုထားလိုက်တယ်။

နှုတ်ခမ်းတွေ ခွာသွားချိန်မှာ ကျီလျောင်လည်း အသက်ကိုအသည်းအသန်ရှုနေရတယ်။

ဟဲ့ချန်းမင် သူ့မျက်နှာပေါ်က အနာဖေးကိုထိကာ ရင်တွေနာလာတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်းပြောလိုက်တယ် "မင်းကို မကာကွယ်နိုင်ခဲ့တဲ့ ကိုယ့်အမှားတွေပါ" ကျီလျောင်ကလည်း ပြန်ပြောလိုက်တယ် "ငါ့ကို မင်းကာကွယ်ပေးနေစရာမလိုပါဘူးနော်"

ဟဲ့ချန်းမင်ရဲ့ လက်ဝါးကြီးတွေက သူ့ခါးပေါ်ရောက်လာပြီး သူ့ကိုယ်ပေါ်ပွေ့တင်လိုက်တယ်။ သူစကားပြောလာချိန်မှာ လေသံကအနည်းငယ် အူတိုနေသံပေါက်နေတယ် "အဲ့တာဆို မင်းက ဘယ်သူ့ကိုကာကွယ်ပေးခိုင်းမှာလဲ?" သူ့မျက်လုံးထောင့်ကနေ မန်ယွမ်ကားဝင်လာတာကို ကျီလျောင်မြင်လိုက်တော့ ချက်ချင်းဟဲ့ချန်းမင်ဆီက ခွာလိုက်တယ်။ ကားဖြတ်သွားတော့မှ သက်ပြင်းချကာ မေးလိုက်တယ်။ "ဘာလို့တန်းပြီး မတက်လာတာလဲ?"

ဟဲ့ချန်းမင် နှာခေါင်းကိုကုတ်လိုက်တယ်။ "ဘာလို့လို့ထင်လဲ?" ရှုအိုက်ဝမ်ရှိနေရင် သူတဖက်ကောင်လေးရဲ့ လက်ချောင်းတွေကိုတောင် ထိလိုရမှာမဟုတ်ဘူး!

"ငါက ဘယ်လိုလုပ်သိမှာလဲ?"

ကျီလျောင် ပတွတ်ပတွတ်လုပ်ရင်း သူ့ကိုဓာတ်လှေကားဆီ ဆွဲခေါ်လိုက်တယ်။ မန်ယွမ်လည်းပြန်လာပြီဆိုတော့ ထမင်းစားကြတော့မယ်။

ဓာတ်လှေကားတံခါးပိတ်သွားတာနဲ့ ဟဲ့ချန်းမင် သူ့ကို ထောင့်နားတွန်းပို့ကာ ဟိုကိုင်ဒီကိုင်နဲ့ စနောက်နေတော့တယ်။ သူ့လက်ဝါးက ကျီလျောင့်နောက်ကျောက ဒဏ်ရာပေါ်ဖိမိသွားတော့ ကျီလျောင်ညည်းမိသွားတယ်။ ချက်ချင်း ဟဲ့ချန်းမင်လက်တွေရပ်သွားပြီး ရှပ်အကျီကိုဆွဲချကာ ကြည့်လိုက်တယ်။ အနီရောင်တောက်တောက်အရာကြီးက သူ့မျက်လုံးကို ဖောက်ပစ်လိုက်သလိုပဲ။

သူ့လက်မောင်းမှာလည်းတစ်ခုရှိနေသေးတယ်။ စစ်ဆေးဖို့အတွက် ကျီလျောင့်ဘောင်းဘီကိုတောင် ချွတ်တော့မတတ်ပဲ။

"အောက်ပိုင်းက တကယ်အဆင်ပြေပါတယ်ဆို" ကျီလျောင် အလန့်တကြားသူ့လက်တွေကို တားဆီးနေရတယ်။

ဟဲ့ချန်းမင်မေးရိုးတွေ တင်းမာသွားပြီး မျက်နှာကြီးပါ မည်းမှောင်လာတယ်။ သေစမ်း တကယ်လို့သူသာ ကောင်းရှန်ရဲ့ခြေထောက်ကို မချိုးရဘူးဆိုရင် သူ့မျိုးရိုးနာမည်က ဟဲ့မဟုတ်တော့ဘူး!

_____

Thanks 😉



Continue Reading

You'll Also Like

508K 6K 18
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
78.2K 3.4K 33
S2 မွာ TinCan ခ်စ္​ႀကိဳက္​​ေႏွာင္​ဖြယ္​ၿပီး​ေနာက္​ အ့ဲအခ်စ္​ကိုဘ​ေလာက္​ထိတန္​ဖိုးထားၿပီးကိုယ့္ရ့ဲ​ေပ်ာ္ရြွင္မွုဘဝနဲ့​​အသက္​​စြန့္လြွတ္ျပီး​​ေပးဆပ္​ႏိ...
16K 1.1K 36
သံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023
1.2M 131K 54
Sweet story of high school students named Khan & Khun ♥️ 🍑Webtoon Translation🍑 Original Creator - Link Sure Source - Webcomics & Mangago Myanmar T...