ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.4K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၇၁

8K 1.5K 42
By Kay_Wine

{Zawgyi}

•မင္းရဲ႕မဖြယ္မရာလက္ကို ဘယ္နားခ်ဖို႔လုပ္ေနတာလဲ!•

အဲ့ေန႔အတန္းၿပီးတဲ့အခ်ိန္မွာ အတန္းဆယ့္ႏွစ္တံခါးေရွ႕ကို တတ္ႏိုင္သမွ် ျမန္ျမန္သြားေစာင့္ေနေပးဆိုတဲ့ ၫႊန္ၾကားခ်က္က လင္က်န္းဆီေရာက္လာတယ္။

က်ီေလ်ာင္တကယ့္ကို ရွက္မိၿပီး ဟဲ့ခ်န္းမင္က လင္က်န္းကို သူနဲ႔အတူျပန္ဖို႔ တကယ္ႀကီးသြားေျပာလိမ့္မယ္လို႔ မထင္ထားဘူး။ လင္က်န္းကလည္း အထြန႔္မတက္ရွာဘူး။ သူ႔အတြက္ကေတာ့ ပုံမွန္ဆိုလည္းအိမ္မျပန္ခင္ ဟိုသြားဒီသြားလုပ္တတ္တာေၾကာင့္ က်ီေလ်ာင့္ကို အိမ္ျပန္ပို႔ေပးရမွာကိုလည္း ဒီတိုင္းအခ်ိန္ကုန္ေအာင္လုပ္တယ္လို႔ပဲ ထည့္တြက္လိုက္တယ္။

ေနာက္ၿပီး မင္ေကာက ဒီလိုအေရးပါတဲ့သူကို ကာကြယ္ေပးခိုင္းတာက သူ႔ကိုဘယ္ေလာက္ေတာင္ ယုံၾကည္ေနတယ္ဆိုတာျပေနတာပဲ! စိတ္လႈပ္ရွားေနတဲ့ဒုတိယႏွစ္လူငယ္ေလး လင္က်န္းကေတာ့ ဒီတာဝန္ကိုထမ္းေဆာင္ဖို႔ ယုံၾကည္ခ်က္အျပည့္ရွိေနတယ္!

ႏွစ္ေယာက္သား စာသင္ေဆာင္ေတြကအတူထြက္လာၾကတယ္ _ က်ီေလ်ာင္ လိမ္လိမ္မာမာေလး ေက်ာပိုးအိတ္ေလးလြယ္ကာ ေဘးကေနလိုက္လာတယ္၊ လင္က်န္းကေတာ့လက္ႏွစ္ဖက္စလုံးကို သူ႔အိတ္ကပ္ေတြထဲ ေလ်ာ့တိေလ်ာ့ရဲထည့္ထားၿပီး တခ်ိန္လုံးလည္းေသာကေရာက္ေနသလို ေခါင္းကိုခ်ည္းလွိမ့္ကုတ္ေနတယ္။ က်ီေလ်ာင္ စိတ္ထဲမွာတစ္ခုခုကိုအလိုမက်သလိုျဖစ္ေနတဲ့ လင္က်န္းကို လွည့္ၾကည့္လိုက္တယ္။

"အာ က်ီေလ်ာင္ ငါမင္းကိုေမးစရာရွိလို႔"

လင္က်န္းေလသံက အနည္းငယ္ရွက္သလိုလိုရွိေပမယ့္ သူ႔မွာဒီလိုအေၾကာင္းကို ေမးစရာဆိုလို႔ က်ီေလ်ာင္ပဲရွိတယ္။ ပထမအခ်က္ ဒီေကာင္ေလးမွာ အေတြ႕အႀကဳံရွိတယ္၊ ဒုတိယအခ်က္က က်ီေလ်ာင္က ပါးစပ္လုံၿပီး ဒီလိုေလွ်ာက္ေျပာေနမွာမဟုတ္ဘူး။

"အင္း ေမးေလ"

လင္က်န္း ေဘးဘီကိုၾကည့္ၿပီး ေလသံတိုးတိုးနဲ႔ေျပာလာတယ္ "မင္းက မင္ေကာနဲ႔တြဲလာတာၾကာၿပီဆိုေတာ့ မင္းတို႔ မၾကာမၾကာလုပ္ျဖစ္ၾကမွာေပါ့ ဟုတ္တယ္မွတ္လား?"

က်ီေလ်ာင္လွည့္ၾကည့္လာတယ္ "အဲ့လုပ္တယ္ဆိုတာက ဘာလဲ?"

လင္က်န္း 'က်စ္'ခနဲ လုပ္လိုက္တယ္ "နမ္းတာေပါ့!"

က်ီေလ်ာင္ အသံတိတ္သြားၿပီး သူ႔နား႐ြက္ဖ်ားေလးေတြ အနည္းငယ္နီလာတယ္။ ဒါကကိုယ္ေရးကိုယ္တာကိစၥဆိုေပမယ့္ လင္က်န္းက အျပင္လူမွမဟုတ္တာ။ ေနာက္ၿပီး သူကအတင္းအဖ်င္းေျပာခ်င္ေနတဲ့ပုံမရတာေၾကာင့္ သူ႐ိုး႐ိုးသားသားေခါင္းၿငိတ္ျပလိုက္တယ္။

လင္က်န္း ဆက္ၿပီးေမးတယ္ "အဲ့တာဆို မင္းဘယ္လိုခံစားရလဲ? မင္းမလိုလားတာမ်ိဳးျဖစ္လား?" သူေမးၿပီးေနာက္ က်ီေလ်ာင့္ကိုေမွ်ာ္လင့္တႀကီးၾကည့္ၿပီး အနည္းငယ္စိတ္လႈပ္ရွားေနေသးတယ္။

"မျဖစ္ပါဘူး" က်ီေလ်ာင္ ေနရခက္ခက္နဲ႔ျပန္ေျဖလိုက္တယ္။

သူ႔ဘာသူျပန္ေတြးၾကည့္မယ္ဆိုရင္ မလိုလားတာမ်ိဳးမျဖစ္တဲ့အျပင္ အေတာ္ေလးသေဘာေတာင္က်ေသးတယ္။

လင္က်န္းေခါင္းငိုက္စိုက္က်သြားတယ္ "ဘယ္လိုေတြျဖစ္ကုန္တာလဲ?"

သူတကယ္စိတ္ရႈပ္ေနတယ္။ သူ လီစီရန္ကို ယြမ္တစ္ေသာင္းလႊဲေပးၿပီးတည္းက သူတို႔ႏွစ္ေယာက္ၾကားမွာရွိတဲ့ ဆက္ဆံေရးကအလ်င္အျမန္တိုးတက္လာခဲ့တယ္။ သူတို႔တြဲလာတာအခ်ိန္တစ္ခုေလာက္ရွိေနၿပီျဖစ္ေပမယ့္ လြတ္လြတ္လပ္လပ္စကားေျပာျဖစ္တာေတြသာမ်ားၿပီး အရင္ေတြတုန္းကဆို တစ္ခ်ိဳ႕အခ်ိန္ေတြမွာ လီစီရန္ဘက္ကအရင္စၿပီး သူ႔ကိုနမ္းေလ့ရွိတယ္။ ဒါေပမယ့္ သူမသက္မသာခံစားရတာေၾကာင့္ အေရးႀကီးတဲ့အခ်ိန္ေရာက္ၿပီဆို သူေခါင္းလွည့္မိတယ္။

လီစီရန္ကေတာ့ သူ႔ကိုမႀကိဳက္ဘူးလား?!ဆိုၿပီး ေဒါသတႀကီးေမးတတ္တယ္။

လင္က်န္း မွားယြင္းစြပ္စြဲခံေနရသလို ခံစားရတယ္။ သူသာသူမကိုမႀကိဳက္ဘူးဆိုရင္ ဘာလို႔ သူမကိုပိုက္ဆံေတြ အခန႔္သင့္ေလးလႊဲေပးမွာလဲ?

သူကေတာ့ လီစီရန္ကို အေတာ္ေလးသေဘာက်တယ္လို႔ ခံစားမိတယ္။ အစားေကာင္းေတြ၊ စိတ္ဝင္စားစရာအျဖစ္အပ်က္ေတြေပၚလာတိုင္း သူမကိုဦးစားေပးၿပီး မွ်ေဝေလ့ရွိတယ္။ အဲ့တာကသာ ႀကိဳက္တာေၾကာင့္မဟုတ္ဘူးဆိုရင္ သူ႔မွာေျပာစရာစကားမရွိေတာ့ဘူး။

ဒီတိုင္း ႐ုပ္ပိုင္းဆိုင္ရာအထိအေတြ႕ေတြနဲ႔ ႀကဳံလာမွသာ သူသိပ္မလိုလားတာျဖစ္တယ္။ လီစီရန္ရဲ႕နီရဲရဲႏႈတ္ခမ္းေသးေသးေလးေတြကို ၾကည့္တိုင္း အေတာ္ေလးလွတယ္လို႔ ခံစားရေပမယ့္ နမ္းခ်င္လိုက္တာဆိုတဲ့စိတ္ေတာ့ မရွိဘူး။

သူစြမ္းေဆာင္ႏိုင္စြမ္းမရွိတာမ်ားလား?!

ဒါေပမယ့္ ႐ုပ္ရွင္ကားၾကည့္တိုင္းေတာ့ အေတာ္ေလးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ကို အာသာေျဖတတ္တယ္။

ေခါင္းေလးငိုက္စိုက္ခ်ကာ လင္က်န္းသက္ျပင္းခ်လိုက္တယ္။ ႐ုတ္တရက္ သူအတင္းအက်ပ္အနမ္းခံခဲ့ရတဲ့ ႏွစ္ႀကိမ္ကိုေတြးမိသြားတယ္။ မဟုတ္မွ အဲ့ႏွစ္ႀကိမ္လုံးမွာ ကုမင္းယန္ႀကီးေၾကာင့္ အထိတ္တလန႔္ျဖစ္ၿပီး နမ္းတာအေပၚမွာ အရိပ္မည္းႀကီးလိုလိုက္ေနတာမ်ားလား?

ဟုတ္တယ္ အဲ့တာျဖစ္ႏိုင္တယ္!

လင္က်န္းစိတ္ထဲကေန လူသားမ်က္ႏွာနဲ႔ သား႐ိုင္းေကာင္ႏွလုံးသားရွိတဲ့ မ်က္မွန္နဲ႔မေကာင္းဆိုးဝါးေကာင္ကုမင္းယန္ကို အ႐ူးအမူးက်ိန္ဆဲလိုက္တယ္ "ငလူးပဲ ေသာက္ေကာင္!"

ဆဲသံၾကားေတာ့ က်ီေလ်ာင္ရပ္သြားၿပီး သူ႔ကိုအလန႔္တၾကားၾကည့္လာတယ္။

လင္က်န္းခ်က္ခ်င္းျပန္ေျဖရွင္းလိုက္တယ္ "ငါမင္းကိုဆဲတာမဟုတ္ဘူးေနာ္"

အဲ့ေနာက္ ေက်ာင္းဂိတ္ေပါက္နဲ႔မနီးမေဝးေလာက္က လူေတြၾကားထဲမွာ မင္ေကာက သူ႔ကိုေသခ်ာေစာင့္ၾကည့္ေပးဖို႔မွာထားတဲ့ ေကာင္းရွန္ကိုေတြ႕လိုက္ရတယ္။

လင္က်န္း က်ီေလ်ာင့္ကို တံေတာင္နဲ႔တြတ္ၿပီး က်ီေလ်ာင့္ကို ၾကည့္ဖို႔သတိေပးလိုက္တယ္။

က်ီေလ်ာင္ လိုက္ၾကည့္လိုက္ခ်ိန္မွာ ေကာင္းရွန္က လူယုတ္မာအၿပဳံးႀကီးနဲ႔ ေကာင္မေလးတစ္ေယာက္ကို လွမ္းတားလိုက္တယ္။

"ဖာ့ခ္ အဲ့တာမန္ေယာင္ေယာင္မွတ္လား?!"

လင္က်န္း ေျပးသြားေတာ့ က်ီေလ်ာင္လည္း သူ႔ေနာက္ကကပ္လိုက္သြားတယ္။

သူမေရွ႕မွာ လာကာတဲ့လက္တစ္ဖက္ကိုျမင္ေတာ့ မန္ေယာင္ေယာင္ခ်က္ခ်င္းမ်က္ေမွာင္ၾကဳတ္ကာ ေခါင္းေမာ့ၿပီး သတိေပးလိုက္တယ္ "ေကာင္းရွန္ နင္ဘာလိုခ်င္လို႔လဲ? ငါလုံၿခဳံေရးကိုေခၚၿပီး နင့္ကိုေမာင္းထုတ္ခိုင္းလိုက္လို႔ရတယ္ဆိုတာ သိတယ္မွတ္လား?"

ေကာင္မေလးအသံက အရမ္းေဒါသထြက္ေနေပမယ့္ ေကာင္းရွန္နားထဲမွာေတာ့ သူမကသူ႔ကို ျမႇဴဆြယ္ေနသလိုမ်ိဳး အရမ္းနာဝင္ခ်ိဳလို႔ေနတယ္။

"ငါဘာလိုခ်င္ပါလိမ့္? ေက်ာင္းရဲ႕ပန္းကေလးမန္က မသိဘူးလား?"

သူမန္ေယာင္ေယာင္ကို မ်က္စိက်ေနတာ အခုဆိုတစ္ႏွစ္ေက်ာ္ေလာက္ေတာင္ရွိၿပီ။ သူမက ေကာင္းမြန္တဲ့ပုံရိပ္ေလးနဲ႔ လွပတယ္။ အသားအေရလည္း ေကာင္းၿပီး ႏွစ္လိုဖြယ္ေကာင္းတာေၾကာင့္ ထိၾကည့္လိုက္ရင္ တကယ္ကိုခံစားလို႔ေကာင္းလိမ့္မယ္!

သူနဲ႔မန္ေယာင္ေယာင္ကိုခြဲထားဖို႔ အတန္းထဲက ပန္းကေလးကိုကာကြယ္ဖို႔ပူးေပါင္းထားတဲ့ အရႈံးသမားေတြေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူမန္ေယာင္ေယာင့္ကို ေတာ္ေကာက္လိုက္တာၾကာၿပီ!

ေကာင္းရွန္မ်က္လုံးေတြက မန္ေယာင္ေယာင့္ခႏၶာကိုယ္ကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ေနတယ္။ သူမကို ထိေတာ့မယ့္အခ်ိန္မွာ အေျပးအလႊားေရာက္လာတဲ့ လင္က်န္းက တြန္းထုတ္လိုက္တယ္။

မန္ေယာင္ေယာင္ကို သူ႔ေနာက္ပို႔လိုက္ၿပီး သူ႔ေရွ႕ကလူကို ရန္လိုစြာ လင္က်န္းေျပာလိုက္တယ္ "ေခြးမသား မင္းရဲ႕မဖြယ္မရာလက္ကို ဘယ္နားခ်ဖို႔လုပ္ေနတာလဲ?! အ႐ိုက္ခံခ်င္လို႔ ေသာက္ရမ္းယားျပေနတယ္ေပါ့ ဟုတ္လား?"

ေကာင္းရွန္ ေျခလွမ္းအနည္းငယ္ယိုင္သြားတယ္။ ကိုယ့္ကိုယ္ကိုျပန္ထိန္းၿပီးေနာက္ လင္က်န္းျဖစ္ေနတာျမင္ေတာ့ 'ဟာ့'ခနဲ အသံျပဳလိုက္တယ္။ အဲ့ေနာက္ အေျပးအလႊားေရာက္လာတဲ့ က်ီေလ်ာင့္အေပၚအၾကည့္ေတြက်ေရာက္သြားၿပီး မ်က္လုံးထဲမွာ အမုန္းတရားေတြျဖတ္ခနဲေပၚထြက္လာတယ္။

သူဒီလူေတြကို မွတ္မိတယ္။ တစ္ေယာက္ေလးေတာင္မွ မလြတ္ေစရဘူး။

ထူးထူးဆန္းဆန္းရယ္သံတစ္ခုျပဳကာ ဘာတစ္ခြန္းမွမေျပာဘဲ လွည့္ထြက္သြားတယ္။

"ေသစမ္း"

ေနာက္ကေန လင္က်န္းႀကိမ္းေမာင္းကာ မန္ေယာင္ေယာင္ကို လွည့္ေမးလိုက္တယ္ "နင္အဆင္ေျပရဲ႕လား?!" မန္ေယာင္ေယာင္ မ်က္ႏွာေလးနီကာ ေခါင္းမ္းျပလိုက္တယ္။

က်ီေလ်ာင္ ေမးလာတယ္ "ဘာျဖစ္တာလဲ? သူနင့္ကို မၾကာမၾကာဒီလိုအေႏွာင့္အယွက္ေပးတာပဲလား?"

မန္ေယာင္ေယာင္ ခက္ခက္ခဲခဲေျပာလိုက္တယ္ "မၾကာခဏေတာ့မဟုတ္ပါဘူး၊ ရံဖန္ရံခါမွပါ"

ေကာင္းရွန္သူမကို ႀကိဳက္ေနတာသိေပမယ့္ သူမသူ႔ကိုမႀကိဳက္ဘူးဆိုတဲ့အေၾကာင္း ရွင္းလင္းၿပီးခဲ့ၿပီးသား။

အတန္းထဲက ေကာင္ေလးေတာ္ေတာ္မ်ားမ်ားက သူမကိုအရမ္းကာကြယ္ေပးၾကတယ္။ ေကာင္းရွန္သူမအနားကို ကပ္ခ်င္တိုင္း သူတို႔ေတြအားလုံး သတိအေနအထားျဖစ္ကုန္တယ္။ အဲ့တာေၾကာင့္ သူတို႔ေက်ာင္းမွာရွိတဲ့အခ်ိန္ဆို ေကာင္းရွန္အလြန္အကြၽံမလုပ္ရဲတာျဖစ္တယ္။

တစ္ႀကိမ္ႏွစ္ႀကိမ္ေလာက္ပဲ သူမကိုတားၿပီး ႏႈတ္အားျဖင့္ ပိုင္စိုးပိုင္နင္းေျပာဖူးတယ္။

ဒါေပမယ့္ ဒီလိုမ်ိဳးေတြကို အျခားအတန္းကလူေတြဆီကေရာ ဒါမွမဟုတ္ ေက်ာင္းျပင္မွာေရာ သူမကိုေလခြၽန္တာတို႔ သည္းခံႏိုင္စရာမေကာင္းတဲ့အရာေတြေျပာတာတို႔ကို ႀကဳံရေပါင္းမ်ားၿပီ။ တျခားသူေတြရဲ႕ပါးစပ္ေပါက္ေတြကို လိုက္မပိတ္ႏိုင္တာေၾကာင့္ စိတ္ထဲထားမေနေတာ့ဘူး။

"ေသစမ္း!" လင္က်န္း ေဒါသပုန္ထေနၿပီး ဒီလိုအရာမ်ိဳးကို မၾကားရက္ႏိုင္ျဖစ္ကာ မန္ေယာင္ေယာင္ကို အေႏွာင့္အယွက္ေပးတဲ့ေကာင္ေတြကို အပိုင္းပိုင္းျဖစ္ေအာင္ခုတ္ပစ္ခ်င္ေနတယ္။

က်ီေလ်ာင္လည္း မည္းေမွာင္ေနတဲ့အမူအယာနဲ႔ အေတာ္ေလးစိတ္ပူမိတယ္။ အခုေကာင္းရွန္က ေက်ာင္းထုတ္ခံလိုက္ရၿပီဆိုေတာ့ ေက်ာင္းျပင္မွာ ပိုၿပီးေတာ့ေတာင္ တားမရစီးမရျဖစ္ေနမွာ။

"ေနာက္တစ္ေခါက္က်ရင္ ငါ့ကိုေစာင့္၊ ငါတို႔အတူတူျပန္မယ္" က်ီေလ်ာင္ေျပာလိုက္တယ္။ တစ္ေယာက္ထက္စာရင္ ႏွစ္ေယာက္ရွိတာက ေတာ္ေသးတယ္။

"ဟုတ္တယ္၊ နင္ က်ီေလ်ာင္နဲ႔အတူျပန္လို႔ရတာပဲကို ဒီသခင္ေလးက နင္တို႔ႏွစ္ေယာက္လုံးကို ကာကြယ္ေပးမယ္" လင္က်န္းက အားႏြဲ႕သူကိုၾကင္နာတတ္တဲ့သူရဲေကာင္းႀကီးလို ရင္ဘတ္ကိုပုတ္လိုက္တယ္။

အနီးနားမွာရွိတဲ့ ကုမင္းယန္က ဒီအျဖစ္အပ်က္တစ္ခုလုံးကိုျမင္လိုက္ရၿပီး အထင္ေသးသလိုႏွာေခါင္းရႈတ္လိုက္တယ္။ သူေခါင္းငုံ႔ကာ မေန႔ညတုန္းက လီစီရန္ထပ္ခါတလဲလဲ မေက်မနပ္နဲ႔ပို႔ထားတာေတြကို ဖတ္လိုက္တယ္။ 'ကုေရွာင္ လင္က်န္းမွာ ျပႆနာရွိေနတယ္လို႔ ထင္လား?'

'သူက ကြၽန္မကိုဆို အထိမခံဘူး၊ ကြၽန္မတကယ္အထီးက်န္ေနၿပီ'

'ကုေရွာင္ ကြၽန္မကအရမ္းသန႔္ရွင္းတယ္၊ ကြၽန္မရဲ႕ပထမဆုံးအႀကိမ္ကို ရွင့္ဆီေပးရမလား?'

ကုမင္းယန္ ျမႇဴဆြယ္တာေတြကို ျမင္ဖူးေပမယ့္ ဒီေလာက္ျမႇဴဆြယ္ႏိုင္တဲ့လူကို တစ္ခါမွမေတြ႕ဖူးဘူး။ သူတကယ္ပဲ screenshot႐ိုက္ၿပီး လင္က်န္းမ်က္ခြက္ကို ပိတ္ေပါက္ျပလိုက္ခ်င္တယ္။ အဲ့ေတာ့မွ သူ႔ရဲ႕ေကာင္မေလးက ေတာက်ၿပီး ကိုယ့္ကိုယ္ကိုေရာင္းစားေနလဲဆိုတာကို ျမင္သြားမွာ။

ဒါေပမယ့္ အခုေတာ့မလုပ္ႏိုင္ေသးဘူး၊ လီစီရန္စကားေတြကေန မေရမရာသိထားတာက လင္က်န္းက လီစီရန္နဲ႔အဆက္အသြယ္ျဖတ္ထားတယ္တဲ့။

ဘာလို႔ျဖတ္ထားတာလဲ?

သူမကိုမႀကိဳက္ေတာ့တာေၾကာင့္ျဖစ္ႏိုင္သလို သူ႔ရင္ထဲမွာ တစ္စုံတစ္ေယာက္ရွိေနတာေၾကာင့္လည္းျဖစ္ႏိုင္တယ္။

ကုမင္းယန္မ်က္လုံးေတြ မည္းေမွာင္သြားၿပီး အဲ့အေၾကာင္းေတြးေတာင္မေတြးရဲဘူး။ နက္ေမွာင္ေနတဲ့ သူ႔ရဲ႕ပူေလာင္ေနတဲ့ႏွလုံးသားကို အေပါက္ႀကီးျဖစ္ေစတဲ့အထိ ေလာင္ၿမိဳက္ေနသလိုပဲ။

_______________________________________



{Unicode}

•မင်းရဲ့မဖွယ်မရာလက်ကို ဘယ်နားချဖို့လုပ်နေတာလဲ!•

အဲ့နေ့အတန်းပြီးတဲ့အချိန်မှာ အတန်းဆယ့်နှစ်တံခါးရှေ့ကို တတ်နိုင်သမျှ မြန်မြန်သွားစောင့်နေပေးဆိုတဲ့ ညွှန်ကြားချက်က လင်ကျန်းဆီရောက်လာတယ်။

ကျီလျောင်တကယ့်ကို ရှက်မိပြီး ဟဲ့ချန်းမင်က လင်ကျန်းကို သူနဲ့အတူပြန်ဖို့ တကယ်ကြီးသွားပြောလိမ့်မယ်လို့ မထင်ထားဘူး။ လင်ကျန်းကလည်း အထွန့်မတက်ရှာဘူး။ သူ့အတွက်ကတော့ ပုံမှန်ဆိုလည်းအိမ်မပြန်ခင် ဟိုသွားဒီသွားလုပ်တတ်တာကြောင့် ကျီလျောင့်ကို အိမ်ပြန်ပို့ပေးရမှာကိုလည်း ဒီတိုင်းအချိန်ကုန်အောင်လုပ်တယ်လို့ပဲ ထည့်တွက်လိုက်တယ်။

နောက်ပြီး မင်ကောက ဒီလိုအရေးပါတဲ့သူကို ကာကွယ်ပေးခိုင်းတာက သူ့ကိုဘယ်လောက်တောင် ယုံကြည်နေတယ်ဆိုတာပြနေတာပဲ! စိတ်လှုပ်ရှားနေတဲ့ဒုတိယနှစ်လူငယ်လေး လင်ကျန်းကတော့ ဒီတာဝန်ကိုထမ်းဆောင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေတယ်!

နှစ်ယောက်သား စာသင်ဆောင်တွေကအတူထွက်လာကြတယ် _ ကျီလျောင် လိမ်လိမ်မာမာလေး ကျောပိုးအိတ်လေးလွယ်ကာ ဘေးကနေလိုက်လာတယ်၊ လင်ကျန်းကတော့လက်နှစ်ဖက်စလုံးကို သူ့အိတ်ကပ်တွေထဲ လျော့တိလျော့ရဲထည့်ထားပြီး တချိန်လုံးလည်းသောကရောက်နေသလို ခေါင်းကိုချည်းလှိမ့်ကုတ်နေတယ်။ ကျီလျောင် စိတ်ထဲမှာတစ်ခုခုကိုအလိုမကျသလိုဖြစ်နေတဲ့ လင်ကျန်းကို လှည့်ကြည့်လိုက်တယ်။

"အာ ကျီလျောင် ငါမင်းကိုမေးစရာရှိလို့"

လင်ကျန်းလေသံက အနည်းငယ်ရှက်သလိုလိုရှိပေမယ့် သူ့မှာဒီလိုအကြောင်းကို မေးစရာဆိုလို့ ကျီလျောင်ပဲရှိတယ်။ ပထမအချက် ဒီကောင်လေးမှာ အတွေ့အကြုံရှိတယ်၊ ဒုတိယအချက်က ကျီလျောင်က ပါးစပ်လုံပြီး ဒီလိုလျှောက်ပြောနေမှာမဟုတ်ဘူး။

"အင်း မေးလေ"

လင်ကျန်း ဘေးဘီကိုကြည့်ပြီး လေသံတိုးတိုးနဲ့ပြောလာတယ် "မင်းက မင်ကောနဲ့တွဲလာတာကြာပြီဆိုတော့ မင်းတို့ မကြာမကြာလုပ်ဖြစ်ကြမှာပေါ့ ဟုတ်တယ်မှတ်လား?"

ကျီလျောင်လှည့်ကြည့်လာတယ် "အဲ့လုပ်တယ်ဆိုတာက ဘာလဲ?"

လင်ကျန်း 'ကျစ်'ခနဲ လုပ်လိုက်တယ် "နမ်းတာပေါ့!"

ကျီလျောင် အသံတိတ်သွားပြီး သူ့နားရွက်ဖျားလေးတွေ အနည်းငယ်နီလာတယ်။ ဒါကကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် လင်ကျန်းက အပြင်လူမှမဟုတ်တာ။ နောက်ပြီး သူကအတင်းအဖျင်းပြောချင်နေတဲ့ပုံမရတာကြောင့် သူရိုးရိုးသားသားခေါင်းငြိတ်ပြလိုက်တယ်။

လင်ကျန်း ဆက်ပြီးမေးတယ် "အဲ့တာဆို မင်းဘယ်လိုခံစားရလဲ? မင်းမလိုလားတာမျိုးဖြစ်လား?" သူမေးပြီးနောက် ကျီလျောင့်ကိုမျှော်လင့်တကြီးကြည့်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေသေးတယ်။

"မဖြစ်ပါဘူး" ကျီလျောင် နေရခက်ခက်နဲ့ပြန်ဖြေလိုက်တယ်။

သူ့ဘာသူပြန်တွေးကြည့်မယ်ဆိုရင် မလိုလားတာမျိုးမဖြစ်တဲ့အပြင် အတော်လေးသဘောတောင်ကျသေးတယ်။

လင်ကျန်းခေါင်းငိုက်စိုက်ကျသွားတယ် "ဘယ်လိုတွေဖြစ်ကုန်တာလဲ?"

သူတကယ်စိတ်ရှုပ်နေတယ်။ သူ လီစီရန်ကို ယွမ်တစ်သောင်းလွှဲပေးပြီးတည်းက သူတို့နှစ်ယောက်ကြားမှာရှိတဲ့ ဆက်ဆံရေးကအလျင်အမြန်တိုးတက်လာခဲ့တယ်။ သူတို့တွဲလာတာအချိန်တစ်ခုလောက်ရှိနေပြီဖြစ်ပေမယ့် လွတ်လွတ်လပ်လပ်စကားပြောဖြစ်တာတွေသာများပြီး အရင်တွေတုန်းကဆို တစ်ချို့အချိန်တွေမှာ လီစီရန်ဘက်ကအရင်စပြီး သူ့ကိုနမ်းလေ့ရှိတယ်။ ဒါပေမယ့် သူမသက်မသာခံစားရတာကြောင့် အရေးကြီးတဲ့အချိန်ရောက်ပြီဆို သူခေါင်းလှည့်မိတယ်။

လီစီရန်ကတော့ သူ့ကိုမကြိုက်ဘူးလား?!ဆိုပြီး ဒေါသတကြီးမေးတတ်တယ်။

လင်ကျန်း မှားယွင်းစွပ်စွဲခံနေရသလို ခံစားရတယ်။ သူသာသူမကိုမကြိုက်ဘူးဆိုရင် ဘာလို့ သူမကိုပိုက်ဆံတွေ အခန့်သင့်လေးလွှဲပေးမှာလဲ?

သူကတော့ လီစီရန်ကို အတော်လေးသဘောကျတယ်လို့ ခံစားမိတယ်။ အစားကောင်းတွေ၊ စိတ်ဝင်စားစရာအဖြစ်အပျက်တွေပေါ်လာတိုင်း သူမကိုဦးစားပေးပြီး မျှဝေလေ့ရှိတယ်။ အဲ့တာကသာ ကြိုက်တာကြောင့်မဟုတ်ဘူးဆိုရင် သူ့မှာပြောစရာစကားမရှိတော့ဘူး။

ဒီတိုင်း ရုပ်ပိုင်းဆိုင်ရာအထိအတွေ့တွေနဲ့ ကြုံလာမှသာ သူသိပ်မလိုလားတာဖြစ်တယ်။ လီစီရန်ရဲ့နီရဲရဲနှုတ်ခမ်းသေးသေးလေးတွေကို ကြည့်တိုင်း အတော်လေးလှတယ်လို့ ခံစားရပေမယ့် နမ်းချင်လိုက်တာဆိုတဲ့စိတ်တော့ မရှိဘူး။

သူစွမ်းဆောင်နိုင်စွမ်းမရှိတာများလား?!

ဒါပေမယ့် ရုပ်ရှင်ကားကြည့်တိုင်းတော့ အတော်လေးပျော်ပျော်ရွှင်ရွှင်နဲ့ကို အာသာဖြေတတ်တယ်။

ခေါင်းလေးငိုက်စိုက်ချကာ လင်ကျန်းသက်ပြင်းချလိုက်တယ်။ ရုတ်တရက် သူအတင်းအကျပ်အနမ်းခံခဲ့ရတဲ့ နှစ်ကြိမ်ကိုတွေးမိသွားတယ်။ မဟုတ်မှ အဲ့နှစ်ကြိမ်လုံးမှာ ကုမင်းယန်ကြီးကြောင့် အထိတ်တလန့်ဖြစ်ပြီး နမ်းတာအပေါ်မှာ အရိပ်မည်းကြီးလိုလိုက်နေတာများလား?

ဟုတ်တယ် အဲ့တာဖြစ်နိုင်တယ်!

လင်ကျန်းစိတ်ထဲကနေ လူသားမျက်နှာနဲ့ သားရိုင်းကောင်နှလုံးသားရှိတဲ့ မျက်မှန်နဲ့မကောင်းဆိုးဝါးကောင်ကုမင်းယန်ကို အရူးအမူးကျိန်ဆဲလိုက်တယ် "ငလူးပဲ သောက်ကောင်!"

ဆဲသံကြားတော့ ကျီလျောင်ရပ်သွားပြီး သူ့ကိုအလန့်တကြားကြည့်လာတယ်။

လင်ကျန်းချက်ချင်းပြန်ဖြေရှင်းလိုက်တယ် "ငါမင်းကိုဆဲတာမဟုတ်ဘူးနော်"

အဲ့နောက် ကျောင်းဂိတ်ပေါက်နဲ့မနီးမဝေးလောက်က လူတွေကြားထဲမှာ မင်ကောက သူ့ကိုသေချာစောင့်ကြည့်ပေးဖို့မှာထားတဲ့ ကောင်းရှန်ကိုတွေ့လိုက်ရတယ်။

လင်ကျန်း ကျီလျောင့်ကို တံတောင်နဲ့တွတ်ပြီး ကျီလျောင့်ကို ကြည့်ဖို့သတိပေးလိုက်တယ်။

ကျီလျောင် လိုက်ကြည့်လိုက်ချိန်မှာ ကောင်းရှန်က လူယုတ်မာအပြုံးကြီးနဲ့ ကောင်မလေးတစ်ယောက်ကို လှမ်းတားလိုက်တယ်။

"ဖာ့ခ် အဲ့တာမန်ယောင်ယောင်မှတ်လား?!"

လင်ကျန်း ပြေးသွားတော့ ကျီလျောင်လည်း သူ့နောက်ကကပ်လိုက်သွားတယ်။

သူမရှေ့မှာ လာကာတဲ့လက်တစ်ဖက်ကိုမြင်တော့ မန်ယောင်ယောင်ချက်ချင်းမျက်မှောင်ကြုတ်ကာ ခေါင်းမော့ပြီး သတိပေးလိုက်တယ် "ကောင်းရှန် နင်ဘာလိုချင်လို့လဲ? ငါလုံခြုံရေးကိုခေါ်ပြီး နင့်ကိုမောင်းထုတ်ခိုင်းလိုက်လို့ရတယ်ဆိုတာ သိတယ်မှတ်လား?"

ကောင်မလေးအသံက အရမ်းဒေါသထွက်နေပေမယ့် ကောင်းရှန်နားထဲမှာတော့ သူမကသူ့ကို မြှူဆွယ်နေသလိုမျိုး အရမ်းနာဝင်ချိုလို့နေတယ်။

"ငါဘာလိုချင်ပါလိမ့်? ကျောင်းရဲ့ပန်းကလေးမန်က မသိဘူးလား?"

သူမန်ယောင်ယောင်ကို မျက်စိကျနေတာ အခုဆိုတစ်နှစ်ကျော်လောက်တောင်ရှိပြီ။ သူမက ကောင်းမွန်တဲ့ပုံရိပ်လေးနဲ့ လှပတယ်။ အသားအရေလည်း ကောင်းပြီး နှစ်လိုဖွယ်ကောင်းတာကြောင့် ထိကြည့်လိုက်ရင် တကယ်ကိုခံစားလို့ကောင်းလိမ့်မယ်!

သူနဲ့မန်ယောင်ယောင်ကိုခွဲထားဖို့ အတန်းထဲက ပန်းကလေးကိုကာကွယ်ဖို့ပူးပေါင်းထားတဲ့ အရှုံးသမားတွေကြောင့်သာ မဟုတ်ဘူးဆိုရင် သူမန်ယောင်ယောင့်ကို တော်ကောက်လိုက်တာကြာပြီ!

ကောင်းရှန်မျက်လုံးတွေက မန်ယောင်ယောင့်ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ကြည့်နေတယ်။ သူမကို ထိတော့မယ့်အချိန်မှာ အပြေးအလွှားရောက်လာတဲ့ လင်ကျန်းက တွန်းထုတ်လိုက်တယ်။

မန်ယောင်ယောင်ကို သူ့နောက်ပို့လိုက်ပြီး သူ့ရှေ့ကလူကို ရန်လိုစွာ လင်ကျန်းပြောလိုက်တယ် "ခွေးမသား မင်းရဲ့မဖွယ်မရာလက်ကို ဘယ်နားချဖို့လုပ်နေတာလဲ?! အရိုက်ခံချင်လို့ သောက်ရမ်းယားပြနေတယ်ပေါ့ ဟုတ်လား?"

ကောင်းရှန် ခြေလှမ်းအနည်းငယ်ယိုင်သွားတယ်။ ကိုယ့်ကိုယ်ကိုပြန်ထိန်းပြီးနောက် လင်ကျန်းဖြစ်နေတာမြင်တော့ 'ဟာ့'ခနဲ အသံပြုလိုက်တယ်။ အဲ့နောက် အပြေးအလွှားရောက်လာတဲ့ ကျီလျောင့်အပေါ်အကြည့်တွေကျရောက်သွားပြီး မျက်လုံးထဲမှာ အမုန်းတရားတွေဖြတ်ခနဲပေါ်ထွက်လာတယ်။

သူဒီလူတွေကို မှတ်မိတယ်။ တစ်ယောက်လေးတောင်မှ မလွတ်စေရဘူး။

ထူးထူးဆန်းဆန်းရယ်သံတစ်ခုပြုကာ ဘာတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားတယ်။

"သေစမ်း"

နောက်ကနေ လင်ကျန်းကြိမ်းမောင်းကာ မန်ယောင်ယောင်ကို လှည့်မေးလိုက်တယ် "နင်အဆင်ပြေရဲ့လား?!" မန်ယောင်ယောင် မျက်နှာလေးနီကာ ခေါင်းမ်းပြလိုက်တယ်။

ကျီလျောင် မေးလာတယ် "ဘာဖြစ်တာလဲ? သူနင့်ကို မကြာမကြာဒီလိုအနှောင့်အယှက်ပေးတာပဲလား?"

မန်ယောင်ယောင် ခက်ခက်ခဲခဲပြောလိုက်တယ် "မကြာခဏတော့မဟုတ်ပါဘူး၊ ရံဖန်ရံခါမှပါ"

ကောင်းရှန်သူမကို ကြိုက်နေတာသိပေမယ့် သူမသူ့ကိုမကြိုက်ဘူးဆိုတဲ့အကြောင်း ရှင်းလင်းပြီးခဲ့ပြီးသား။

အတန်းထဲက ကောင်လေးတော်တော်များများက သူမကိုအရမ်းကာကွယ်ပေးကြတယ်။ ကောင်းရှန်သူမအနားကို ကပ်ချင်တိုင်း သူတို့တွေအားလုံး သတိအနေအထားဖြစ်ကုန်တယ်။ အဲ့တာကြောင့် သူတို့ကျောင်းမှာရှိတဲ့အချိန်ဆို ကောင်းရှန်အလွန်အကျွံမလုပ်ရဲတာဖြစ်တယ်။

တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ သူမကိုတားပြီး နှုတ်အားဖြင့် ပိုင်စိုးပိုင်နင်းပြောဖူးတယ်။

ဒါပေမယ့် ဒီလိုမျိုးတွေကို အခြားအတန်းကလူတွေဆီကရော ဒါမှမဟုတ် ကျောင်းပြင်မှာရော သူမကိုလေချွန်တာတို့ သည်းခံနိုင်စရာမကောင်းတဲ့အရာတွေပြောတာတို့ကို ကြုံရပေါင်းများပြီ။ တခြားသူတွေရဲ့ပါးစပ်ပေါက်တွေကို လိုက်မပိတ်နိုင်တာကြောင့် စိတ်ထဲထားမနေတော့ဘူး။

"သေစမ်း!" လင်ကျန်း ဒေါသပုန်ထနေပြီး ဒီလိုအရာမျိုးကို မကြားရက်နိုင်ဖြစ်ကာ မန်ယောင်ယောင်ကို အနှောင့်အယှက်ပေးတဲ့ကောင်တွေကို အပိုင်းပိုင်းဖြစ်အောင်ခုတ်ပစ်ချင်နေတယ်။

ကျီလျောင်လည်း မည်းမှောင်နေတဲ့အမူအယာနဲ့ အတော်လေးစိတ်ပူမိတယ်။ အခုကောင်းရှန်က ကျောင်းထုတ်ခံလိုက်ရပြီဆိုတော့ ကျောင်းပြင်မှာ ပိုပြီးတော့တောင် တားမရစီးမရဖြစ်နေမှာ။

"နောက်တစ်ခေါက်ကျရင် ငါ့ကိုစောင့်၊ ငါတို့အတူတူပြန်မယ်" ကျီလျောင်ပြောလိုက်တယ်။ တစ်ယောက်ထက်စာရင် နှစ်ယောက်ရှိတာက တော်သေးတယ်။

"ဟုတ်တယ်၊ နင် ကျီလျောင်နဲ့အတူပြန်လို့ရတာပဲကို ဒီသခင်လေးက နင်တို့နှစ်ယောက်လုံးကို ကာကွယ်ပေးမယ်" လင်ကျန်းက အားနွဲ့သူကိုကြင်နာတတ်တဲ့သူရဲကောင်းကြီးလို ရင်ဘတ်ကိုပုတ်လိုက်တယ်။

အနီးနားမှာရှိတဲ့ ကုမင်းယန်က ဒီအဖြစ်အပျက်တစ်ခုလုံးကိုမြင်လိုက်ရပြီး အထင်သေးသလိုနှာခေါင်းရှုတ်လိုက်တယ်။ သူခေါင်းငုံ့ကာ မနေ့ညတုန်းက လီစီရန်ထပ်ခါတလဲလဲ မကျေမနပ်နဲ့ပို့ထားတာတွေကို ဖတ်လိုက်တယ်။ 'ကုရှောင် လင်ကျန်းမှာ ပြဿနာရှိနေတယ်လို့ ထင်လား?'

'သူက ကျွန်မကိုဆို အထိမခံဘူး၊ ကျွန်မတကယ်အထီးကျန်နေပြီ'

'ကုရှောင် ကျွန်မကအရမ်းသန့်ရှင်းတယ်၊ ကျွန်မရဲ့ပထမဆုံးအကြိမ်ကို ရှင့်ဆီပေးရမလား?'

ကုမင်းယန် မြှူဆွယ်တာတွေကို မြင်ဖူးပေမယ့် ဒီလောက်မြှူဆွယ်နိုင်တဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး။ သူတကယ်ပဲ screenshotရိုက်ပြီး လင်ကျန်းမျက်ခွက်ကို ပိတ်ပေါက်ပြလိုက်ချင်တယ်။ အဲ့တော့မှ သူ့ရဲ့ကောင်မလေးက တောကျပြီး ကိုယ့်ကိုယ်ကိုရောင်းစားနေလဲဆိုတာကို မြင်သွားမှာ။

ဒါပေမယ့် အခုတော့မလုပ်နိုင်သေးဘူး၊ လီစီရန်စကားတွေကနေ မရေမရာသိထားတာက လင်ကျန်းက လီစီရန်နဲ့အဆက်အသွယ်ဖြတ်ထားတယ်တဲ့။

ဘာလို့ဖြတ်ထားတာလဲ?

သူမကိုမကြိုက်တော့တာကြောင့်ဖြစ်နိုင်သလို သူ့ရင်ထဲမှာ တစ်စုံတစ်ယောက်ရှိနေတာကြောင့်လည်းဖြစ်နိုင်တယ်။

ကုမင်းယန်မျက်လုံးတွေ မည်းမှောင်သွားပြီး အဲ့အကြောင်းတွေးတောင်မတွေးရဲဘူး။ နက်မှောင်နေတဲ့ သူ့ရဲ့ပူလောင်နေတဲ့နှလုံးသားကို အပေါက်ကြီးဖြစ်စေတဲ့အထိ လောင်မြိုက်နေသလိုပဲ။

_____

Thanks 😉


Continue Reading

You'll Also Like

137K 16.6K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...