I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 2
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 16
I can only imagine 17
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
I can only imagine 31
ဒါဒါတို႔ေရ😘
I can only imagine 32
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 20

1.7K 168 14
By Monepannmyau

I can only imagine 📓Part 20📓

"ကဲ အားလုံး အဆင္သင့္ျဖစ္ၾကၿပီလား''

"ဟုတ္ကဲ့ ''

"ဒါဆို ကားေပၚ တက္ၿပီး ေနရာယူၾကေပးပါ''

Express ကားႀကီး၅စီးျဖင့္ ဘုရားဖူး ခရီးသြားဖို႔ ကုမၸဏီက စီစဥ္ေပးထားေလသည္။ ကြၽန္ေတာ္နဲ႔
ေလးညိဳ႕႐ွင္ကေတာ့ ေက်ာပိုးအိတ္ တစ္ေယာက္ တစ္လံုးစီ လြယ္ကာ ကားေပၚ တက္မလို႔ ျပင္ေနတုန္း တစ္စံုတစ္ေယာက္က လွမ္းေခၚလိုက္သံေၾကာင့္ ေျခေတာက္ေတြက တံု႔ခနဲ ။

"ကိုကို! "

"ဟင္ အခရာ ဒီကိုု ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ ''

"ေအာ္ ကိုကိုရယ္ ကိုကို ရိွမယ့္ေနရာတိုင္းမွာ အခရာ ရိွေနတာ ဆန္းသလား မေန႔က ကိုကိုက အဝတ္အိတ္ကို Instagramမွာ ဓာတ္ပံု တင္ထားတာေလ အာ့ဒါ ကိုကို႔အေဖကို ဖုန္းဆက္ၾကည့္တာ မနက္ျဖန္ ဘုရားဖူး သြားမယ္ ဆိုတာ သိတာပဲ''

"ဟင္! "

"ဟီး ကိုကိုကလည္း ကိုကိုနဲ႔ ခရီးအတူတူ ထြက္ခ်င္တယ္လို႔ ေျပာထားတာ ၾကာလွၿပီ အခုမွပဲ သြားရေတာ့တယ္ လာ ကိုကို ကားေပၚ တက္ၾကမယ္ ''

အခရာက ပခံုးေလး လႈပ္ကာ ခ်စ္စရာ ေကာင္းေအာင္ စကားေျပာတတ္သည့္သူမက ေလးညိဳ႕႐ွင္ လက္ေမာင္းကို လာဆြဲကာ ကားေပၚ တက္ရန္
ျပင္ၿပီးမွ ေၾကာင္အမ္အမ္နဲ႔ ရပ္က်န္ခဲ့ေသာ
ကြၽန္ေတာ့္ကို ၾကည့္ကာ

"ဟို ကိုျမတ္ႏိုးရာ အခရာ ခရီးေဆာင္အိတ္ေလး အပန္းမႀကီးရင္ သယ္ခဲ့ေပးေနာ္ လာ ကိုကို ''

"ဟာ မလုပ္နဲ႔...''

အခရာ ဆိုတဲ့ မိန္းကေလးက တကယ့္ကို ရဲရဲတင္းတင္း ပံုစံ။ သူမေၾကာင့္ တစ္စံုတစ္ေယာက္
ထိခိုက္သြားမယ္ နာက်င္သြားမယ္ ဆိုတာကို
ေခါင္းထဲ ေတြးထားပံုမရ။ အခ်စ္တစ္ခုတည္းကိုသာ ေ႐ွးတန္းတင္ၿပီး အခ်စ္ကိုသာ ႐ူး႐ူးမူးမူး
ကိုးကြယ္တတ္သည္။ တကယ္ပါ အခရာ ဘဝကို ကြၽန္ေတာ္ သိပ္အားက်ရပါတယ္ ေထာက္ထားရမယ့္ သူေတြ မရွိပဲ ခ်စ္ရသူအတြက္ ဘာမဆို လုပ္ရဲတဲ့ သတၱိ။ ေလးညိဳ႕႐ွင္ကေတာ့ သူမေနာက္သို႔
ယက္ကန္ယက္ကန္ျဖင့္ ပါသြား၍ ကြၽန္ေတာ့္ကို လွည္ၾကည့္ေနေလသည္။ အခရာ အဝတ္အိတ္ကို ယူကာ ကားေပၚ တက္လိုက္ေတာ့ ေလးညိဳ႕႐ွင္ရဲ႕ လက္ေမာင္းကို အားပါးတရ ဖက္ခ်ိတ္ထားကာ
ကြၽန္ေတာ့္ကို ျပံဳးျပံဳးႀကီး ၾကည့္ေနတဲ့ အခရာေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ရသည္။

"ေမာင္ေလး ျမတ္ႏိုးရာ လာ ဒီမွာ ထိုင္ခံု လႊတ္ေနတယ္ ''

"အာ ဟုတ္ မနီလာ ေက်းဇူးပဲ ''

အေ႐ွ႕ခံုမွာ ထိုင္ေနေသာ မနီလာက ထိုင္စရာ
စီစဥ္ေပး၍ ကြၽန္ေတာ္ရဲ႕ တစ္ဖက္ျခမ္းတြင္
ထိုင္ေနေသာ မိန္းကေလးနဲ႔ မိတ္ဆက္ေပးေလသည္။

"ျမတ္ႏိုးရာ သူက မေန႔ကမွ အလုပ္စဝင္တဲ့သူ နာမည္က ေမတဲ့ ''

"ဗ်ာ ဟုတ္ကဲ့ ကြၽန္ေတာ္က ျမတ္ႏိုးရာပါ အကူအညီ လိုတာ ရွိရင္လည္း ေျပာပါ ''

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္''

တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ဆက္ေပးအၿပီး ဘုရားဖူး ခရီးစဥ္ေလးဟာ စတင္ခဲ့ပါေတာ့သည္။ Express ကားေလးက အေဝးေျပးလမ္းေပၚ
တရိပ္ရိပ္ ေမာင္းႏွင္ေနသလို  ညာဘက္က အခရာနဲ႔ အတူတူ ထိုင္ေနေသာ ေလးညိဳ႕႐ွင္ကလည္း
ကြၽန္ေတာ့္ကို ကြက္ၾကည့္ ကြက္ၾကည့္ ၾကည့္ေနေလသည္။ သူနံေဘးက အခရာကေတာ့ ေရသန့္ဘူးေတြ ခြံေသာက္ခိုင္းလိုက္ တစ္႐ႈးျဖင့္ သုတ္ေပးလိုက္နဲ႔ အလုပ္႐ႈပ္ေနေလသည္။ အခရာက
ကြၽန္ေတာ္ဘက္ကို ၾကည့္၍ အရြဲ႔တိုက္ကာ
ေလးညိဳ႕႐ွင္နဲ႔ လုပ္ျပေနသေယာင္။ သူတို႔ဘာသာ ဘာပဲျဖစ္ေနေန ကြၽန္ေတာ္နဲ႔မွ မဆိုင္တာ
မ်က္လုံးေတြ စံုမွိတ္ကာ အိပ္ေနလိုက္ေတာ့သည္။ ကြၽန္ေတာ္ ေဘးက ေမကေတာ့ ႐ႈခင္းေတြ
ၾကည့္၍ လိုက္ပါလာသည္။ ေမ့မ်က္ႏွာေလးက
ၾကည့္မိသူတိုင္း ေအးျမမႈကို ေပးစြမ္းနိုင္ပါသည္။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဟာ ခင္ဗ်ား ဒီလို တဖက္သတ္ မေျပာနဲ႔ ဒီပစၥည္းက ခင္ဗ်ား လက္ထဲ ေရာက္မွ က်ကြဲတာ
ကြၽန္ေတာ္နဲ႔ ဘာမွ မဆိုင္ဘူး ''

"အို ႐ွင္ ဘယ္လိုလူလဲ ကိုယ္ မွားတဲ့ အမွားကို
တာဝန္ မယူခ်င္ဘူးလား ဒီေရေမႊးက ဘယ္ေလာက္ ေစ်းႀကီးသလဲ ဆိုတာ ႐ွင္ သိလား ႐ွင္ေၾကာင့္
ျဖစ္တာေလ ႐ွင္ ေလွ်ာ္ရမွာေပါ့''

"ကြၽန္ေတာ္ေၾကာင့္ ျဖစ္တာဆိုရင္ ခင္ဗ်ား ဒီလို
စကားမ်ိဳး ေျပာစရာေတာင္ မလိုဘူး ကြၽန္ေတာ့္တာဝန္ ကြၽန္ေတာ္ ယူၿပီးသားပဲ အခုက
ခင္ဗ်ားေၾကာင့္ ျဖစ္လို႔ ခင္ဗ်ားကို ေျပာေနတာ''

City Mallတစ္ခု၌ ေႂကြျပားေပၚတြင္ ရစရာမရွိေအာင္ တစ္စစီ ေႂကြမြ ပ်က္စီးေနတဲ့ ႏိုင္ငံျခား Brand ေရေမႊးေလးက မိုးစက္ကို ေျပာင္ျပေနသေယာင္။ လစာထုတ္လို႔ လိုအပ္တာေလးေတြ
ဝယ္ရန္ city mallကို ထြက္လာစဥ္ ေရေမႊးဆိုင္ေ႐ွ႕ကို အျဖတ္ အရင္ကလည္း ေရေမႊးျမင္ရင္
မေနႏိုင္တဲ့ ကြၽန္ေတာ္အဖို႔ စပ္စပ္စုစု ဝင္ၾကည့္မိသည္။

ႏိုင္ငံျခားျဖစ္Brand ေရေမႊးေလးကို ကိုင္ၾကည့္ၿပီး ေစ်းႏႈန္းကို ဖတ္ၾကည့္ေတာ့ မ်က္လုံး ႏွစ္လံုးက
ျပဴးျပဲသြားရသည္။ ကြၽန္ေတာ္ လစာရဲ႕ ၅ဆေလာက္ ရွိတဲ့ ေရေမႊးဘူးကို ဝယ္ႏိုင္မည္တဲ့လား။
လက္ထဲမွ အျမန္ ျပန္ခ်ဖို႔ လုပ္ေနစဥ္ အေနာက္က ကြၽန္ေတာ့္ထက္ ၃ႏွစ္ေလာက္ ႀကီးတဲ့ အမ်ိဳးသမီးတစ္ဦးက '' ေမာင္ေလး အမကို ေရေမႊးဘူးေလး ျပပါလား '' ေျပာေတာ့ သူမလက္ထဲ ထိုေရေမႊးဘူးအား ေပးလိုက္ၿပီး သူမလည္း တံဆိပ္ေတြ
ေစ်းေတြ ၾကည့္ၿပီးေတာ့မွ ေႂကြျပားေပၚသို႔ ခြမ္းခနဲ လႊင့္က်သြားေလသည္။ ဒီအျဖစ္အပ်က္ အားလုံးကို အစအဆံုး သိတဲ့ သူမကိုယ္တိုင္က ကြၽန္ေတာ့္ကို စြပ္စဲြလိုက္ေသးတယ္ေလ။

"ငါ့ေၾကာင့္ မဟုတ္ဘူး မင္းေၾကာင့္ေလ မင္းေၾကာင့္ ေရေမႊး ပုလင္းက က်ကြဲသြားတာ ''.

"က်စ္ ကြၽန္ေတာ္ မဟုတ္ဘူးလို႔ ေျပာေနတယ္ေလ ''

"ညီ ဘာျဖစ္တာလဲ ''

ကြၽန္ေတာ္နဲ႔ ဒီအမ်ိဳးသမီး တစ္ေယာက္တစ္ခြန္း
ရန္ျဖစ္ေနၾကစဥ္ ဘယ္ေနရာကေန ထြက္လာမွန္း မသိတဲ့ လြန္းဘြဲ႔ေမာင္ေၾကာင့္ မ်က္လုံးေလး
အျပဴးသားနဲ႔ ေမာ့ၾကည့္ေနမိသည္။ ထို႔ေနာက္

"ဟို ဒီမွာ ျပသာနာေလး ျဖစ္ေနလို႔ပါ ''

"ဟင္ ဘယ္လို ျပသာနာလဲ''

"ကြၽန္ေတာ္က ေရေမႊးပုလင္းေလး ၾကည့္ေနတာ အာ့ဒါ ဒီမိန္းမက သူ႔ကို ျပပါအံုးလို႔ ေျပာလို႔
သူ႔လက္ထဲကို ထည့္လိုက္တာ သူ႔လက္ထဲ
ေရာက္မွ ဒီေရေမႊးပုလင္းက က်ကြဲတာ အာ့ဒါ
ကြၽန္ေတာ္ေၾကာင့္ ျဖစ္တာပါ ဆိုၿပီး အတင္းေတြ ေျပာေနလို႔ ''

"ေအာ္ ဟုတ္လား''

"ဒီမွာ ဒီေကာင္ေလး လိမ္ေနတာ ေရေမႊးက
သူ႔လက္ထဲမွာတင္ က်ကြဲသြားတာ ''

"ဒီက အမ်ိဳးသမီး ကြၽန္ေတာ္တို႔ ဒီလို အေျခအတင္ အျငင္းပြားေနတာထက္စာရင္ ဆိုင္မွာ ဆင္ထားတဲ့ CCTV ဖြင့္ၾကည့္ၿပီးမွ စကားျပန္ေျပာတာ
ပိုေကာင္းမယ္ ထင္တယ္ ''

လြန္းဘြဲ႔ေမာင္ အေပၚမွာ ဆင္ထားေသာ CCTVကို ေမာ့ၾကည့္ၿပီး ေျပာလိုက္ေတာ့ အမ်ိဳးသမီးရဲ႕
မ်က္ႏွာက ေသြးမရိွေတာ့သလို ျဖဴေတာ့စြာ ျဖစ္သြားရ႐ွာသည္။ လြန္းဘြဲ႔ေမာင္က ဆက္၍

"ကြၽန္ေတာ္ ဒီကိစၥအတြက္ တစ္ခု စဥ္းစားထားတာ ရွိတယ္ ဒီေရေမႊးပုလင္းရဲ႕ တန္ဖိုးကို ကြၽန္ေတာ္က တစ္ဝက္ ႐ွင္းေပးမယ္ အာ့လိုမွ မဟုတ္ပဲ ခင္ဗ်ား
ဒီထက္ ပိုျငင္းေနရင္ေတာ့ ကြၽန္ေတာ္တို႔ဘက္က ဘာတာဝန္မွ ယူေပးမွာ မဟုတ္ေတာ့ဘူး ''

"အာ ဟို... အင္းပါ အင္းပါ အမ လက္ခံပါတယ္ ''

ေရေမႊးအမႈကိစၥ ေျဖ႐ွင္းၿပီးသြားေတာ့ လြန္းဘြဲ႔ေမာင္ အေနာက္ကေန တိတ္တိတ္ေလး
ဘာမွမေျပာပဲ လိုက္လာေတာ့ ကြၽန္ေတာ့္ကို

" မ်က္ႏွာက ဘာျဖစ္တာလဲ ျပသာနာက
ၿပီးသြားၿပီေလ ''

"ဟုတ္ပါတယ္ ကြၽန္ေတာ္က အကိုနဲ႔ ေတြ႔တိုင္း
အျမဲ ျပသာနာေတြခ်ည္းပဲ ၿပီးေတာ့ အကိုပဲ
ကြၽန္ေတာ့္ကို အျမဲ ကူညီေပးေနက် အခုလည္း
ၾကည့္ပါလား ေရေမႊးကို အေလ်ာ္ေပးဖို႔ ကြၽန္ေတာ္မွာ ပိုက္ဆံ မရွိဘူး အကိုပဲ ကူညီရျပန္တယ္ ''

"ေအာ္ ဘာမ်ားလဲလို႔ အကိုက ကူညီႏိုင္သေလာက္ ကူညီေပးတာပါ ဒီထက္ တန္ဖိုး ႀကီးရင္လည္း အကိုလည္း မကူညီႏိုင္ေလာက္ဘူးေလ''

"ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္ ပိုက္ဆံစုၿပီး အကို႔ကို အျမန္ ျပန္ဆပ္ႏိုင္ဖို႔ ႀကိဳးစားပါ့မယ္ ''

"ဟူး မယူဘူးလို႔ ေျပာရင္လည္း ညီက မရမက
ေပးမွာမလား ေပးခ်င္တဲ့ အခ်ိန္ေပး ဟုတ္ၿပီလား မေပးလည္း ရွိတယ္ ကိစၥမရိွဘုး သိလား ''

"ေပးမွာ ''

"ဟားဟား ဟုတ္ပါၿပီ''

တကယ္ပါ အကိုနဲ႔ ေတြ႔တဲ့ အခ်ိန္တိုင္း အျမဲ
ကေမာက္ကမ ျဖစ္ေနက် အကိုကေတာ့
ကြၽန္ေတာ့္ကို ျမတ္ႏိုးရာ သူငယ္ခ်င္းမို႔ ကူညီေနတာ ျဖစ္မွာပါ။ မဟုတ္ရင္ အကိုလည္း ဘယ္ကူညီပါ့မလဲေနာ္။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"ကဲ ခရီးတခဏ နားပါမယ္ အားလုံး အေပါ့အပါး သြားလို႔ ရပါၿပီ''

လမ္းခရီး၌ ခရီးတစ္ေထာင့္ နားေတာ့ ကားေပၚက ဆင္းရန္ ျပင္ေနၾကသည္။ ကြၽန္ေတာ္ နံေဘးက
ေမသည္လည္း

"အကို ''

"ဗ်ာ ''

"ေမ...ေမ ဖိနပ္ ေပ်ာက္သြားလို႔! "

"ဟင္ ''

စိတ္ညစ္သလို မ်က္ႏွာေလး ႐ႈပ္မဲ့ကာ ေျပာေနသည့္ ေမ့ကို ညီမေလးတစ္ေယာက္လို သနားမိသည္။

"ဟုတ္တယ္ အကို ေမက ဖိနပ္ခြၽတ္ထားတာ အခု ဖိနပ္က မရွိေတာ့ဘူး ''

"ေအာ္ ဟုတ္လား အကို ႐ွာေပးမယ္ေနာ္
တခ်က္ေလာက္ ဖယ္ေပးပါလား အကို
ခံုေအာက္ကို ငုပ္ၾကည့္ေပးမယ္ ''

"ဟုတ္ အကို ''

ေမက ကြၽန္ေတာ့္အေနာက္မွာ ေျပာင္းရပ္လိုက္ၿပီး ကြၽန္ေတာ္က သူမ ဖိနပ္ကို ခံုေအာက္ ဝင္႐ွာေပးေနတုန္း ေလးညိဳ႕႐ွင္နဲ႔ အခရာက ေရာက္လာ၍

"ျမတ္ႏိုးရာ ဘာလုပ္ေနတာလဲ လာ ဆင္းမယ္ေလ''

"ဟို အကိုက ကြၽန္မ ဖိနပ္ကို ကူ႐ွာေပးေနလို႔ပါ ''

"ဟင္ ဖိနပ္! မိန္းမတစ္ေယာက္ရဲ႕ ဖိနပ္ကို ကိုယ့္ဘာသာ မ႐ွာပဲနဲ႔ ဘာလို႔ ေယာက်ာ္းေလးတစ္ေယာက္ကို ႐ွာခိုင္းစရာလား ''.

"အာ ဟို ကြၽန္မက..''

ကြၽန္ေတာ့္ဘာသာ ေမ့ကို ဖိနပ္ကူ႐ွာေပးတာကို
ေလးညိဳ႕႐ွင္က ဘာလို႔ ေမ့ကို ရန္႐ွာေနရတာလဲ။ ထိုစဥ္ အေနာက္ခံုေအာက္မွာ ေရာက္ေနတဲ့
ေမ့ဖိနပ္ေတြကို ေတြ႔လိုက္ရၿပီး

"ေတြ႔ၿပီ ေတြ႔ၿပီ ဒီမွာ ေမ အင့္...''

"ဟာ ေက်းဇူးတင္ပါတယ္ အကို ''

"ရပါတယ္ ''

ေမက သူမဖိနပ္ကို စီးေနစဥ္ ျပံဳးရႊင္ေနသည့္
ကြၽန္ေတာ့္မ်က္ႏွာေၾကာင့္ ေလးညိဳ႕႐ွင္က
ခ်က္ခ်င္း လက္ေမာင္းကို လာဆြဲ၍

"ျမတ္ႏိုးရာ မင္း ႐ူးေနလား ဘာလို႔ မိန္းမတစ္ေယာက္ရဲ႕ ဖိနပ္ကို ထိရတာလဲ ဘုန္းကံနိမ့္မွာ
မသိဘူးလား ''

ေလးညိဳ႕႐ွင္ ေျပာလိုက္ေတာ့မွ ထိုအရာေတြကို
စဥ္းစားမိေတာ့သည္။ ခုနကေတာ့ ေမ့ကို ကူညီခ်င္တာနဲ႔ ဘာမွ မစဥ္းစားမိ။ ေမကလည္း ကြၽန္ေတာ့္ကို အားနာသလို ေမာ့ၾကည့္လာသည္။

"ငါ သတိထားမမိလို႔ပါ အခု ၿပီးသြားၿပီပဲ ''

ကြၽန္ေတာ္ စကားက ေလးညိဳ႕႐ွင္ကို စိတ္ေက်နပ္ေစပံု မရ။ ေလးညိဳ႕႐ွင္က ထပ္ၿပီး ေျပာမလို႔
စကားခ်ီေနစဥ္ သူ႔နံေဘးက အခရာက

"ကိုကိုရယ္ သူနဲ႔ တန္လို႔သူ ထိတာေလ အခုလည္း ဘာမွ ျဖစ္သြားတာမွ မဟုတ္တာ လာ သြားမယ္ ''

ႏႈတ္ခမ္းေလး ရြဲ႔ျပကာ ေလးညိဳ႕႐ွင္လက္ေမာင္းအား သူမအပိုင္လို ဆြဲကာ ကားေပၚက ဆင္းသြားေသာ သူတို႔ကို ၾကည့္၍ သက္ျပင္းသာ ခ်မိေတာ့သည္။

" အကို ေမ ေတာင္းပန္ပါတယ္ ''

"အာ ရတယ္ ေမ ဘာမွ မျဖစ္ပါဘူး အာ့လိုပဲ
သူတို႔က ကြၽန္ေတာ့္ကို ဒီလို ေျပာေနက် ဘာမွ
မထူးသြားပါဘူး ''

"အကိုရယ္..''

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

"က်ိဳက္ထီးရိုးဘုရားကို ေရာက္ၿပီ 🙏''

ဘုရားေစတီေတာ္ကို ျမင္မွသာ စိတ္က ေအးျမ၍ ဘဝင္ၾကည္ႏူးရေလသည္။ ေတာင္ေပၚတက္လာတဲ့တစ္ေလ်ွာက္လံုး ေလးညိဳ႕႐ွင္က ကြၽန္ေတာ့္ကို မ်က္ေမွာက္ေတြ ၾကံဳကာ အျမဲလိုလို ၾကည့္ေနသည္။ သူ႔စိတ္ထဲ ဘာေတြ မေက်နပ္ျဖစ္ေနသလဲ
ဆိုတာ ကြၽန္ေတာ္ မသိပါ။ ေတာင္ေပၚ ေမာင္းရသည့္ ကားေပၚ တက္ထိုင္ေတာ့လည္း ကြၽန္ေတာ္နဲ႔ ကပ္လ်က္ လာထိုင္ေလသည္။ ေတာင္ေပၚ
စတက္ေတာ့ ကားကလည္း မၿငိမ္ ေတာင္ကလည္း မတ္ေစာက္ေနေတာ့ စိတ္ထဲ ေၾကာက္ေနခဲ့ေပမယ့္ ကြၽန္ေတာ္ လက္ေမာင္းကို အားကိုးတႀကီး
ဆုတ္ကိုင္ထားတဲ့ ေမကို အားနာတာမို႔ အားတင္းထားရသည္။ အခု ေစတီေတာ္ ရင္ျပင္သို႔ ေရာက္ေတာ့လည္း အေနာက္က တေကာက္ေကာက္
လိုက္ေနျပန္ေသးသည္။ သူ႔နံေဘးကအခရာကိုမွ အားမနာ။သူ ဒီလိုေတြ လုပ္ေနလို႔ အခရာက
ကြၽန္ေတာ့္ကို အျမင္မၾကည္တာ။

"အကို ဒီဘက္မွာ လူမ်ားတယ္ ဟိုဘက္မွာ
သြားကန္ေတာ့ရေအာင္''

"အင္း ေကာင္းတယ္ ''

လူသိပ္မ႐ွိတဲ့ ေနရာေလးကေန ထိုင္ခ်၍
လက္အုပ္ခ်ီမိုးကာ စိတ္ကူးထဲကေန အျမဲ ရည္မွန္း ႐ွီခိုးေနရသည့္ အင္မတန္မွ သပၸါယ္လြန္းလွသည့္ က်ိဳက္ထီးရိုးေစတီေတာ္ကို ထိျခင္းငါးပါးျဖင့္ က်က်နန ႐ွီခိုးပူေဇာ္ေတာ့သည္။ ကြၽန္ေတာ္
နံေဘးက ေမသည္လည္း မ်က္လုံးေလး မွိတ္ကာ ႐ွီခိုးေနေလသည္။ အတန္ၾကာေတာ့ ေစတီေတာ္ျမတ္ႀကီးကို အခ်ိန္အေတာ္အၾကာ ေမာ့ၾကည့္ကာ
ျပံဳးေနမိသည္။ ဘုရားရိပ္ တရားရိပ္ သံဃာရိပ္
ေရာက္ရင္ ေအးခ်မ္းတယ္ ဆိုတဲ့ စကားက
မွန္လြန္းလွသည္။

"အကို ေမ ဘုရားပန္းနဲ႔ ေရႊျပား ဝယ္လာခဲ့တာ ေမ့အတြက္ပါ ကပ္လွဴေပးပါလား အကို ''

"ဟင္ အကိုလည္း အခုပဲ သြားဝယ္မလို႔ စဥ္းစားေနတာ ေမ ဝယ္လာတာနဲ႔ အေတာ္ပဲ အကို သြားလွဴေပးမယ္ေနာ္''

"ဟုတ္ကဲ့ အကို ''

ေမ လက္ထဲက ဘုရားပန္းနဲ႔ ေရႊျပားကို ယူ၍ ဘုရားပန္းအိုးထဲတြင္ လွပေအာင္ ျပင္ဆင္ၿပီး
က်ိဳက္ထီးရိုး ေစတီေတာ္တြင္ ေရႊျပားေလးကို ကပ္၍ တဖန္ ႐ွီခိုးပူေဇာ္ေတာ့သည္။ က်ိဳက္ထီးရိုးေစတီေတာ္ကို အဖန္ဖန္ ဖူးေျမာ္ၿပီးလည္း
မေက်နပ္ႏိုင္။ ထပ္၍သာ ပူေဇာ္ခ်င္ေနမိေတာ့သည္။

"ျမတ္ႏိုးရာ မင္း ဘယ္ေပ်ာက္ေနတာလဲ ''

"ဟင္ ငါ ဟိုဘက္မွာ လူတိုးလို႔ ဒီမွာ လာကန္ေတာ့ေနတာ''

အေဝးတေနရာမွ ေျပးလာတဲ့ လူတစ္ေယာက္လို အေမာတႀကီးျဖင့္ ေျပာလာေသာ ေလးညိဳ႕႐ွင္ကို
ျပန္ေျဖလိုက္ရာ သူက

"ဟူး ငါက...ငါက မင္း ေပ်ာက္သြားၿပီထင္လို႔
လိုက္႐ွာေနတာ ''

"ဟင္ ငါက ကေလးမွ မဟုတ္ေတာ့တာ ၿပီးေတာ့ ငါ ေပ်ာက္တယ္ထင္ရင္လည္း ဖုန္းဆက္လိုက္ေပါ့ ''

"အေလာတႀကီးဆိုေတာ့ ငါလည္း ေမ့သြားတာ
ေတာ္ၿပီ ငါ့အနားမွာပဲ ေနေတာ့ ေနာက္ထပ္
ထပ္ေပ်ာက္သြားရင္ မ႐ွာႏိုင္ေတာ့ဘူး''

"ဟာ အာ့လို ဘယ္ျဖစ္မလဲ ေမတစ္ေယာက္တည္း က်န္ခဲ့မွာေပါ့''

"ဒီမွာ ငါ ၾကည့္ေနတာ ၾကာၿပီေနာ္ အခုမွ သိတဲ့
မိန္းမတစ္ေယာက္ကို နာမည္ကိုေတာင္ အဖ်ားစြန္း ေခၚရေလာက္ေအာင္ အရမ္းရင္းႏွီးသြားၾကၿပီလား ''

"မဟုတ္ပါဘူး ေမနာမည္က ေမ တစ္လံုးတည္းပါ
ၿပီးေတာ့ ေမပံုစံက ေအးေအးခ်မ္းခ်မ္း တည္တည္ၿငိမ္ၿငိမ္ေလးပါကြာ ငါ့ကိုလည္း အစ္ကိုတစ္ေယာက္လို သေဘာထားသလို ငါလည္း သူ႔ကို
ညီမေလးတစ္ေယာက္လိုပဲ သေဘာထားတယ္ ''

"မင္းဘက္က ဒီလို ေတြးေနေပမယ့္ သူ႔ဘက္က
ဒီလို ေတြးခ်င္မွ ေတြးေနမွာ မရဘူး ငါမပါပဲ
ဘယ္မွ မသြားနဲ႔ ငါ့အနားမွာပဲ ေနရမယ္ ''

"မင္း နံေဘးမွာ ေနၿပီပဲ ထားပါေတာ့ အခရာနဲ႔
ဘယ္လို ႐ွင္းမလဲ အခရာက ငါ့အေပၚ
အျမင္မၾကည္ဘူး ဆိုတာ မင္းလည္း သိသားပဲ ''

"အခရာနဲ႔ ငါရဲ႕ ဆက္ဆံေရးကို မင္းလည္း
သိတာပဲ အပိုေတြ လုပ္မေနနဲ႔ လာ သြားမယ္ ''

အျမဲ မိုက္႐ူးရဲဆန္တာေတြပဲ လုပ္ေနတဲ့
ေလးညိဳ႕႐ွင္က အခုလည္း ကြၽန္ေတာ့္လက္ကို
ဆြဲၿပီး ေလ်ွာက္သြားေနေလေတာ့သည္။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine 📓Part 20📓

"ကဲ အားလုံး အဆင်သင့်ဖြစ်ကြပြီလား''

"ဟုတ်ကဲ့ ''

"ဒါဆို ကားပေါ် တက်ပြီး နေရာယူကြပေးပါ''

Express ကားကြီး၅စီးဖြင့် ဘုရားဖူး ခရီးသွားဖို့ ကုမ္ပဏီက စီစဉ်ပေးထားလေသည်။ ကျွန်တော်နဲ့
လေးညို့ရှင်ကတော့ ကျောပိုးအိတ် တစ်ယောက် တစ်လုံးစီ လွယ်ကာ ကားပေါ် တက်မလို့ ပြင်နေတုန်း တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သံကြောင့် ခြေတောက်တွေက တုံ့ခနဲ ။

"ကိုကို! "

"ဟင် အခရာ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ''

"အော် ကိုကိုရယ် ကိုကို ရှိမယ့်နေရာတိုင်းမှာ အခရာ ရှိနေတာ ဆန်းသလား မနေ့က ကိုကိုက အဝတ်အိတ်ကို Instagramမှာ ဓာတ်ပုံ တင်ထားတာလေ အာ့ဒါ ကိုကို့အဖေကို ဖုန်းဆက်ကြည့်တာ မနက်ဖြန် ဘုရားဖူး သွားမယ် ဆိုတာ သိတာပဲ''

"ဟင်! "

"ဟီး ကိုကိုကလည်း ကိုကိုနဲ့ ခရီးအတူတူ ထွက်ချင်တယ်လို့ ပြောထားတာ ကြာလှပြီ အခုမှပဲ သွားရတော့တယ် လာ ကိုကို ကားပေါ် တက်ကြမယ် ''

အခရာက ပခုံးလေး လှုပ်ကာ ချစ်စရာ ကောင်းအောင် စကားပြောတတ်သည့်သူမက လေးညို့ရှင် လက်မောင်းကို လာဆွဲကာ ကားပေါ် တက်ရန်
ပြင်ပြီးမှ ကြောင်အမ်အမ်နဲ့ ရပ်ကျန်ခဲ့သော
ကျွန်တော့်ကို ကြည့်ကာ

"ဟို ကိုမြတ်နိုးရာ အခရာ ခရီးဆောင်အိတ်လေး အပန်းမကြီးရင် သယ်ခဲ့ပေးနော် လာ ကိုကို ''

"ဟာ မလုပ်နဲ့...''

အခရာ ဆိုတဲ့ မိန်းကလေးက တကယ့်ကို ရဲရဲတင်းတင်း ပုံစံ။ သူမကြောင့် တစ်စုံတစ်ယောက်
ထိခိုက်သွားမယ် နာကျင်သွားမယ် ဆိုတာကို
ခေါင်းထဲ တွေးထားပုံမရ။ အချစ်တစ်ခုတည်းကိုသာ ရှေးတန်းတင်ပြီး အချစ်ကိုသာ ရူးရူးမူးမူး
ကိုးကွယ်တတ်သည်။ တကယ်ပါ အခရာ ဘဝကို ကျွန်တော် သိပ်အားကျရပါတယ် ထောက်ထားရမယ့် သူတွေ မရှိပဲ ချစ်ရသူအတွက် ဘာမဆို လုပ်ရဲတဲ့ သတ္တိ။ လေးညို့ရှင်ကတော့ သူမနောက်သို့
ယက်ကန်ယက်ကန်ဖြင့် ပါသွား၍ ကျွန်တော့်ကို လှည်ကြည့်နေလေသည်။ အခရာ အဝတ်အိတ်ကို ယူကာ ကားပေါ် တက်လိုက်တော့ လေးညို့ရှင်ရဲ့ လက်မောင်းကို အားပါးတရ ဖက်ချိတ်ထားကာ
ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ အခရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

"မောင်လေး မြတ်နိုးရာ လာ ဒီမှာ ထိုင်ခုံ လွှတ်နေတယ် ''

"အာ ဟုတ် မနီလာ ကျေးဇူးပဲ ''

အရှေ့ခုံမှာ ထိုင်နေသော မနီလာက ထိုင်စရာ
စီစဉ်ပေး၍ ကျွန်တော်ရဲ့ တစ်ဖက်ခြမ်းတွင်
ထိုင်နေသော မိန်းကလေးနဲ့ မိတ်ဆက်ပေးလေသည်။

"မြတ်နိုးရာ သူက မနေ့ကမှ အလုပ်စဝင်တဲ့သူ နာမည်က မေတဲ့ ''

"ဗျာ ဟုတ်ကဲ့ ကျွန်တော်က မြတ်နိုးရာပါ အကူအညီ လိုတာ ရှိရင်လည်း ပြောပါ ''

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်''

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးအပြီး ဘုရားဖူး ခရီးစဉ်လေးဟာ စတင်ခဲ့ပါတော့သည်။ Express ကားလေးက အဝေးပြေးလမ်းပေါ်
တရိပ်ရိပ် မောင်းနှင်နေသလို  ညာဘက်က အခရာနဲ့ အတူတူ ထိုင်နေသော လေးညို့ရှင်ကလည်း
ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့် ကြည့်နေလေသည်။ သူနံဘေးက အခရာကတော့ ရေသန့်ဘူးတွေ ခွံသောက်ခိုင်းလိုက် တစ်ရှုးဖြင့် သုတ်ပေးလိုက်နဲ့ အလုပ်ရှုပ်နေလေသည်။ အခရာက
ကျွန်တော်ဘက်ကို ကြည့်၍ အရွဲ့တိုက်ကာ
လေးညို့ရှင်နဲ့ လုပ်ပြနေသယောင်။ သူတို့ဘာသာ ဘာပဲဖြစ်နေနေ ကျွန်တော်နဲ့မှ မဆိုင်တာ
မျက်လုံးတွေ စုံမှိတ်ကာ အိပ်နေလိုက်တော့သည်။ ကျွန်တော် ဘေးက မေကတော့ ရှုခင်းတွေ
ကြည့်၍ လိုက်ပါလာသည်။ မေ့မျက်နှာလေးက
ကြည့်မိသူတိုင်း အေးမြမှုကို ပေးစွမ်းနိုင်ပါသည်။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဟာ ခင်ဗျား ဒီလို တဖက်သတ် မပြောနဲ့ ဒီပစ္စည်းက ခင်ဗျား လက်ထဲ ရောက်မှ ကျကွဲတာ
ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး ''

"အို ရှင် ဘယ်လိုလူလဲ ကိုယ် မှားတဲ့ အမှားကို
တာဝန် မယူချင်ဘူးလား ဒီရေမွှေးက ဘယ်လောက် ဈေးကြီးသလဲ ဆိုတာ ရှင် သိလား ရှင်ကြောင့်
ဖြစ်တာလေ ရှင် လျှော်ရမှာပေါ့''

"ကျွန်တော်ကြောင့် ဖြစ်တာဆိုရင် ခင်ဗျား ဒီလို
စကားမျိုး ပြောစရာတောင် မလိုဘူး ကျွန်တော့်တာဝန် ကျွန်တော် ယူပြီးသားပဲ အခုက
ခင်ဗျားကြောင့် ဖြစ်လို့ ခင်ဗျားကို ပြောနေတာ''

City Mallတစ်ခု၌ ကြွေပြားပေါ်တွင် ရစရာမရှိအောင် တစ်စစီ ကြွေမွ ပျက်စီးနေတဲ့ နိုင်ငံခြား Brand ရေမွှေးလေးက မိုးစက်ကို ပြောင်ပြနေသယောင်။ လစာထုတ်လို့ လိုအပ်တာလေးတွေ
ဝယ်ရန် city mallကို ထွက်လာစဉ် ရေမွှေးဆိုင်ရှေ့ကို အဖြတ် အရင်ကလည်း ရေမွှေးမြင်ရင်
မနေနိုင်တဲ့ ကျွန်တော်အဖို့ စပ်စပ်စုစု ဝင်ကြည့်မိသည်။

နိုင်ငံခြားဖြစ်Brand ရေမွှေးလေးကို ကိုင်ကြည့်ပြီး ဈေးနှုန်းကို ဖတ်ကြည့်တော့ မျက်လုံး နှစ်လုံးက
ပြူးပြဲသွားရသည်။ ကျွန်တော် လစာရဲ့ ၅ဆလောက် ရှိတဲ့ ရေမွှေးဘူးကို ဝယ်နိုင်မည်တဲ့လား။
လက်ထဲမှ အမြန် ပြန်ချဖို့ လုပ်နေစဉ် အနောက်က ကျွန်တော့်ထက် ၃နှစ်လောက် ကြီးတဲ့ အမျိုးသမီးတစ်ဦးက '' မောင်လေး အမကို ရေမွှေးဘူးလေး ပြပါလား '' ပြောတော့ သူမလက်ထဲ ထိုရေမွှေးဘူးအား ပေးလိုက်ပြီး သူမလည်း တံဆိပ်တွေ
ဈေးတွေ ကြည့်ပြီးတော့မှ ကြွေပြားပေါ်သို့ ခွမ်းခနဲ လွှင့်ကျသွားလေသည်။ ဒီအဖြစ်အပျက် အားလုံးကို အစအဆုံး သိတဲ့ သူမကိုယ်တိုင်က ကျွန်တော့်ကို စွပ်စွဲလိုက်သေးတယ်လေ။

"ငါ့ကြောင့် မဟုတ်ဘူး မင်းကြောင့်လေ မင်းကြောင့် ရေမွှေး ပုလင်းက ကျကွဲသွားတာ ''.

"ကျစ် ကျွန်တော် မဟုတ်ဘူးလို့ ပြောနေတယ်လေ ''

"ညီ ဘာဖြစ်တာလဲ ''

ကျွန်တော်နဲ့ ဒီအမျိုးသမီး တစ်ယောက်တစ်ခွန်း
ရန်ဖြစ်နေကြစဉ် ဘယ်နေရာကနေ ထွက်လာမှန်း မသိတဲ့ လွန်းဘွဲ့မောင်ကြောင့် မျက်လုံးလေး
အပြူးသားနဲ့ မော့ကြည့်နေမိသည်။ ထို့နောက်

"ဟို ဒီမှာ ပြသာနာလေး ဖြစ်နေလို့ပါ ''

"ဟင် ဘယ်လို ပြသာနာလဲ''

"ကျွန်တော်က ရေမွှေးပုလင်းလေး ကြည့်နေတာ အာ့ဒါ ဒီမိန်းမက သူ့ကို ပြပါအုံးလို့ ပြောလို့
သူ့လက်ထဲကို ထည့်လိုက်တာ သူ့လက်ထဲ
ရောက်မှ ဒီရေမွှေးပုလင်းက ကျကွဲတာ အာ့ဒါ
ကျွန်တော်ကြောင့် ဖြစ်တာပါ ဆိုပြီး အတင်းတွေ ပြောနေလို့ ''

"အော် ဟုတ်လား''

"ဒီမှာ ဒီကောင်လေး လိမ်နေတာ ရေမွှေးက
သူ့လက်ထဲမှာတင် ကျကွဲသွားတာ ''

"ဒီက အမျိုးသမီး ကျွန်တော်တို့ ဒီလို အခြေအတင် အငြင်းပွားနေတာထက်စာရင် ဆိုင်မှာ ဆင်ထားတဲ့ CCTV ဖွင့်ကြည့်ပြီးမှ စကားပြန်ပြောတာ
ပိုကောင်းမယ် ထင်တယ် ''

လွန်းဘွဲ့မောင် အပေါ်မှာ ဆင်ထားသော CCTVကို မော့ကြည့်ပြီး ပြောလိုက်တော့ အမျိုးသမီးရဲ့
မျက်နှာက သွေးမရှိတော့သလို ဖြူတော့စွာ ဖြစ်သွားရရှာသည်။ လွန်းဘွဲ့မောင်က ဆက်၍

"ကျွန်တော် ဒီကိစ္စအတွက် တစ်ခု စဉ်းစားထားတာ ရှိတယ် ဒီရေမွှေးပုလင်းရဲ့ တန်ဖိုးကို ကျွန်တော်က တစ်ဝက် ရှင်းပေးမယ် အာ့လိုမှ မဟုတ်ပဲ ခင်ဗျား
ဒီထက် ပိုငြင်းနေရင်တော့ ကျွန်တော်တို့ဘက်က ဘာတာဝန်မှ ယူပေးမှာ မဟုတ်တော့ဘူး ''

"အာ ဟို... အင်းပါ အင်းပါ အမ လက်ခံပါတယ် ''

ရေမွှေးအမှုကိစ္စ ဖြေရှင်းပြီးသွားတော့ လွန်းဘွဲ့မောင် အနောက်ကနေ တိတ်တိတ်လေး
ဘာမှမပြောပဲ လိုက်လာတော့ ကျွန်တော့်ကို

" မျက်နှာက ဘာဖြစ်တာလဲ ပြသာနာက
ပြီးသွားပြီလေ ''

"ဟုတ်ပါတယ် ကျွန်တော်က အကိုနဲ့ တွေ့တိုင်း
အမြဲ ပြသာနာတွေချည်းပဲ ပြီးတော့ အကိုပဲ
ကျွန်တော့်ကို အမြဲ ကူညီပေးနေကျ အခုလည်း
ကြည့်ပါလား ရေမွှေးကို အလျော်ပေးဖို့ ကျွန်တော်မှာ ပိုက်ဆံ မရှိဘူး အကိုပဲ ကူညီရပြန်တယ် ''

"အော် ဘာများလဲလို့ အကိုက ကူညီနိုင်သလောက် ကူညီပေးတာပါ ဒီထက် တန်ဖိုး ကြီးရင်လည်း အကိုလည်း မကူညီနိုင်လောက်ဘူးလေ''

"ကျေးဇူးတင်ပါတယ် ကျွန်တော် ပိုက်ဆံစုပြီး အကို့ကို အမြန် ပြန်ဆပ်နိုင်ဖို့ ကြိုးစားပါ့မယ် ''

"ဟူး မယူဘူးလို့ ပြောရင်လည်း ညီက မရမက
ပေးမှာမလား ပေးချင်တဲ့ အချိန်ပေး ဟုတ်ပြီလား မပေးလည်း ရှိတယ် ကိစ္စမရှိဘုး သိလား ''

"ပေးမှာ ''

"ဟားဟား ဟုတ်ပါပြီ''

တကယ်ပါ အကိုနဲ့ တွေ့တဲ့ အချိန်တိုင်း အမြဲ
ကမောက်ကမ ဖြစ်နေကျ အကိုကတော့
ကျွန်တော့်ကို မြတ်နိုးရာ သူငယ်ချင်းမို့ ကူညီနေတာ ဖြစ်မှာပါ။ မဟုတ်ရင် အကိုလည်း ဘယ်ကူညီပါ့မလဲနော်။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"ကဲ ခရီးတခဏ နားပါမယ် အားလုံး အပေါ့အပါး သွားလို့ ရပါပြီ''

လမ်းခရီး၌ ခရီးတစ်ထောင့် နားတော့ ကားပေါ်က ဆင်းရန် ပြင်နေကြသည်။ ကျွန်တော် နံဘေးက
မေသည်လည်း

"အကို ''

"ဗျာ ''

"မေ...မေ ဖိနပ် ပျောက်သွားလို့! "

"ဟင် ''

စိတ်ညစ်သလို မျက်နှာလေး ရှုပ်မဲ့ကာ ပြောနေသည့် မေ့ကို ညီမလေးတစ်ယောက်လို သနားမိသည်။

"ဟုတ်တယ် အကို မေက ဖိနပ်ချွတ်ထားတာ အခု ဖိနပ်က မရှိတော့ဘူး ''

"အော် ဟုတ်လား အကို ရှာပေးမယ်နော်
တချက်လောက် ဖယ်ပေးပါလား အကို
ခုံအောက်ကို ငုပ်ကြည့်ပေးမယ် ''

"ဟုတ် အကို ''

မေက ကျွန်တော့်အနောက်မှာ ပြောင်းရပ်လိုက်ပြီး ကျွန်တော်က သူမ ဖိနပ်ကို ခုံအောက် ဝင်ရှာပေးနေတုန်း လေးညို့ရှင်နဲ့ အခရာက ရောက်လာ၍

"မြတ်နိုးရာ ဘာလုပ်နေတာလဲ လာ ဆင်းမယ်လေ''

"ဟို အကိုက ကျွန်မ ဖိနပ်ကို ကူရှာပေးနေလို့ပါ ''

"ဟင် ဖိနပ်! မိန်းမတစ်ယောက်ရဲ့ ဖိနပ်ကို ကိုယ့်ဘာသာ မရှာပဲနဲ့ ဘာလို့ ယောကျာ်းလေးတစ်ယောက်ကို ရှာခိုင်းစရာလား ''.

"အာ ဟို ကျွန်မက..''

ကျွန်တော့်ဘာသာ မေ့ကို ဖိနပ်ကူရှာပေးတာကို
လေးညို့ရှင်က ဘာလို့ မေ့ကို ရန်ရှာနေရတာလဲ။ ထိုစဉ် အနောက်ခုံအောက်မှာ ရောက်နေတဲ့
မေ့ဖိနပ်တွေကို တွေ့လိုက်ရပြီး

"တွေ့ပြီ တွေ့ပြီ ဒီမှာ မေ အင့်...''

"ဟာ ကျေးဇူးတင်ပါတယ် အကို ''

"ရပါတယ် ''

မေက သူမဖိနပ်ကို စီးနေစဉ် ပြုံးရွှင်နေသည့်
ကျွန်တော့်မျက်နှာကြောင့် လေးညို့ရှင်က
ချက်ချင်း လက်မောင်းကို လာဆွဲ၍

"မြတ်နိုးရာ မင်း ရူးနေလား ဘာလို့ မိန်းမတစ်ယောက်ရဲ့ ဖိနပ်ကို ထိရတာလဲ ဘုန်းကံနိမ့်မှာ
မသိဘူးလား ''

လေးညို့ရှင် ပြောလိုက်တော့မှ ထိုအရာတွေကို
စဉ်းစားမိတော့သည်။ ခုနကတော့ မေ့ကို ကူညီချင်တာနဲ့ ဘာမှ မစဉ်းစားမိ။ မေကလည်း ကျွန်တော့်ကို အားနာသလို မော့ကြည့်လာသည်။

"ငါ သတိထားမမိလို့ပါ အခု ပြီးသွားပြီပဲ ''

ကျွန်တော် စကားက လေးညို့ရှင်ကို စိတ်ကျေနပ်စေပုံ မရ။ လေးညို့ရှင်က ထပ်ပြီး ပြောမလို့
စကားချီနေစဉ် သူ့နံဘေးက အခရာက

"ကိုကိုရယ် သူနဲ့ တန်လို့သူ ထိတာလေ အခုလည်း ဘာမှ ဖြစ်သွားတာမှ မဟုတ်တာ လာ သွားမယ် ''

နှုတ်ခမ်းလေး ရွဲ့ပြကာ လေးညို့ရှင်လက်မောင်းအား သူမအပိုင်လို ဆွဲကာ ကားပေါ်က ဆင်းသွားသော သူတို့ကို ကြည့်၍ သက်ပြင်းသာ ချမိတော့သည်။

" အကို မေ တောင်းပန်ပါတယ် ''

"အာ ရတယ် မေ ဘာမှ မဖြစ်ပါဘူး အာ့လိုပဲ
သူတို့က ကျွန်တော့်ကို ဒီလို ပြောနေကျ ဘာမှ
မထူးသွားပါဘူး ''

"အကိုရယ်..''

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

"ကျိုက်ထီးရိုးဘုရားကို ရောက်ပြီ 🙏''

ဘုရားစေတီတော်ကို မြင်မှသာ စိတ်က အေးမြ၍ ဘဝင်ကြည်နူးရလေသည်။ တောင်ပေါ်တက်လာတဲ့တစ်လျှောက်လုံး လေးညို့ရှင်က ကျွန်တော့်ကို မျက်မှောက်တွေ ကြုံကာ အမြဲလိုလို ကြည့်နေသည်။ သူ့စိတ်ထဲ ဘာတွေ မကျေနပ်ဖြစ်နေသလဲ
ဆိုတာ ကျွန်တော် မသိပါ။ တောင်ပေါ် မောင်းရသည့် ကားပေါ် တက်ထိုင်တော့လည်း ကျွန်တော်နဲ့ ကပ်လျက် လာထိုင်လေသည်။ တောင်ပေါ်
စတက်တော့ ကားကလည်း မငြိမ် တောင်ကလည်း မတ်စောက်နေတော့ စိတ်ထဲ ကြောက်နေခဲ့ပေမယ့် ကျွန်တော် လက်မောင်းကို အားကိုးတကြီး
ဆုတ်ကိုင်ထားတဲ့ မေကို အားနာတာမို့ အားတင်းထားရသည်။ အခု စေတီတော် ရင်ပြင်သို့ ရောက်တော့လည်း အနောက်က တကောက်ကောက်
လိုက်နေပြန်သေးသည်။ သူ့နံဘေးကအခရာကိုမှ အားမနာ။သူ ဒီလိုတွေ လုပ်နေလို့ အခရာက
ကျွန်တော့်ကို အမြင်မကြည်တာ။

"အကို ဒီဘက်မှာ လူများတယ် ဟိုဘက်မှာ
သွားကန်တော့ရအောင်''

"အင်း ကောင်းတယ် ''

လူသိပ်မရှိတဲ့ နေရာလေးကနေ ထိုင်ချ၍
လက်အုပ်ချီမိုးကာ စိတ်ကူးထဲကနေ အမြဲ ရည်မှန်း ရှီခိုးနေရသည့် အင်မတန်မှ သပ္ပါယ်လွန်းလှသည့် ကျိုက်ထီးရိုးစေတီတော်ကို ထိခြင်းငါးပါးဖြင့် ကျကျနန ရှီခိုးပူဇော်တော့သည်။ ကျွန်တော်
နံဘေးက မေသည်လည်း မျက်လုံးလေး မှိတ်ကာ ရှီခိုးနေလေသည်။ အတန်ကြာတော့ စေတီတော်မြတ်ကြီးကို အချိန်အတော်အကြာ မော့ကြည့်ကာ
ပြုံးနေမိသည်။ ဘုရားရိပ် တရားရိပ် သံဃာရိပ်
ရောက်ရင် အေးချမ်းတယ် ဆိုတဲ့ စကားက
မှန်လွန်းလှသည်။

"အကို မေ ဘုရားပန်းနဲ့ ရွှေပြား ဝယ်လာခဲ့တာ မေ့အတွက်ပါ ကပ်လှူပေးပါလား အကို ''

"ဟင် အကိုလည်း အခုပဲ သွားဝယ်မလို့ စဉ်းစားနေတာ မေ ဝယ်လာတာနဲ့ အတော်ပဲ အကို သွားလှူပေးမယ်နော်''

"ဟုတ်ကဲ့ အကို ''

မေ လက်ထဲက ဘုရားပန်းနဲ့ ရွှေပြားကို ယူ၍ ဘုရားပန်းအိုးထဲတွင် လှပအောင် ပြင်ဆင်ပြီး
ကျိုက်ထီးရိုး စေတီတော်တွင် ရွှေပြားလေးကို ကပ်၍ တဖန် ရှီခိုးပူဇော်တော့သည်။ ကျိုက်ထီးရိုးစေတီတော်ကို အဖန်ဖန် ဖူးမြော်ပြီးလည်း
မကျေနပ်နိုင်။ ထပ်၍သာ ပူဇော်ချင်နေမိတော့သည်။

"မြတ်နိုးရာ မင်း ဘယ်ပျောက်နေတာလဲ ''

"ဟင် ငါ ဟိုဘက်မှာ လူတိုးလို့ ဒီမှာ လာကန်တော့နေတာ''

အဝေးတနေရာမှ ပြေးလာတဲ့ လူတစ်ယောက်လို အမောတကြီးဖြင့် ပြောလာသော လေးညို့ရှင်ကို
ပြန်ဖြေလိုက်ရာ သူက

"ဟူး ငါက...ငါက မင်း ပျောက်သွားပြီထင်လို့
လိုက်ရှာနေတာ ''

"ဟင် ငါက ကလေးမှ မဟုတ်တော့တာ ပြီးတော့ ငါ ပျောက်တယ်ထင်ရင်လည်း ဖုန်းဆက်လိုက်ပေါ့ ''

"အလောတကြီးဆိုတော့ ငါလည်း မေ့သွားတာ
တော်ပြီ ငါ့အနားမှာပဲ နေတော့ နောက်ထပ်
ထပ်ပျောက်သွားရင် မရှာနိုင်တော့ဘူး''

"ဟာ အာ့လို ဘယ်ဖြစ်မလဲ မေတစ်ယောက်တည်း ကျန်ခဲ့မှာပေါ့''

"ဒီမှာ ငါ ကြည့်နေတာ ကြာပြီနော် အခုမှ သိတဲ့
မိန်းမတစ်ယောက်ကို နာမည်ကိုတောင် အဖျားစွန်း ခေါ်ရလောက်အောင် အရမ်းရင်းနှီးသွားကြပြီလား ''

"မဟုတ်ပါဘူး မေနာမည်က မေ တစ်လုံးတည်းပါ
ပြီးတော့ မေပုံစံက အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေးပါကွာ ငါ့ကိုလည်း အစ်ကိုတစ်ယောက်လို သဘောထားသလို ငါလည်း သူ့ကို
ညီမလေးတစ်ယောက်လိုပဲ သဘောထားတယ် ''

"မင်းဘက်က ဒီလို တွေးနေပေမယ့် သူ့ဘက်က
ဒီလို တွေးချင်မှ တွေးနေမှာ မရဘူး ငါမပါပဲ
ဘယ်မှ မသွားနဲ့ ငါ့အနားမှာပဲ နေရမယ် ''

"မင်း နံဘေးမှာ နေပြီပဲ ထားပါတော့ အခရာနဲ့
ဘယ်လို ရှင်းမလဲ အခရာက ငါ့အပေါ်
အမြင်မကြည်ဘူး ဆိုတာ မင်းလည်း သိသားပဲ ''

"အခရာနဲ့ ငါရဲ့ ဆက်ဆံရေးကို မင်းလည်း
သိတာပဲ အပိုတွေ လုပ်မနေနဲ့ လာ သွားမယ် ''

အမြဲ မိုက်ရူးရဲဆန်တာတွေပဲ လုပ်နေတဲ့
လေးညို့ရှင်က အခုလည်း ကျွန်တော့်လက်ကို
ဆွဲပြီး လျှောက်သွားနေလေတော့သည်။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

323K 32.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...