I can only imagine
🍷Part 19🍷
"ေလးညိဳ႕႐ွင္ ငါ့ကို ေဆးထည့္ေပးစရာ မလိုေတာ့ပါဘူး
ဒဏ္ရာက ေျခာက္ေတာင္ ေျခာက္ေနၿပီ''
"ဟုတ္သားပဲ ဟဲဟဲ ငါ အျပဳအစုေတာ္လို႔ ျဖစ္မွာပါေလ ''
ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးကာ ေျပာေနေသာ
ေလးညိဳ႕႐ွင္ကို ၾကည့္၍ ကြၽန္ေတာ္ ျပံဳးလိုက္မိသည္။
ဒီဒဏ္ရာေလးက ကြၽန္ေတာ့္အတြက္ Lucky injury ...
"ငါေၾကာင့္ မင္း အလုပ္ေတြ ပ်က္ေနေလာက္ေရာေပါ့''
"မပ်က္ပါဘူးကြာ ဒီမွာ ငါ့အလုပ္က ဒီလို စားပြဲေပၚမွာ Laptop တစ္လံုးနဲ႔ ပံုေကာင္းေကာင္း ဆြဲႏိုင္ရင္ ရပါၿပီ ''
"အင္းပါ ဒါေပမယ့္လည္း မင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ''
"အဟက္ ''
ဒုန္း ဒုန္း
တံခါးေခါက္သံေၾကာင့္ ကြၽန္ေတာ္ေရာ ေလးညိဳ႕႐ွင္ပါ
လႈပ္လႈပ္ရြရြ ျဖစ္လာသည္။ ကြၽန္ေတာ္ကေတာ့
လြန္းဘြဲ႔ေမာင္ ျဖစ္ေနမွာ စိုးရိမ္လြန္းလို႔ လိပ္ျပာေတာင္ လြင့္မတတ္။ ထိုစိုးရိမ္စိတ္နဲ႔ တံခါးထဖြင့္ေပးလိုက္ေတာ့
"ကိုကို ဘယ္မွာလဲ ကိုကို! ကိုကိုေရ ''
အိမ္႐ွင္ျဖစ္တဲ့ ကြၽန္ေတာ့္ကို တြန္းဖယ္ကာ အိမ္ထဲသို႔ ကိုကို ဆိုသည့္ ေလးညိဳ႕႐ွင္အား ႐ွာရန္ ဝုန္းဝုန္းဒိုင္းဒိုင္းျဖင့္ ဝင္သြားသူကေတာ့ အခရာပင္။
"အခရာ ''
"ကိုကို! ကိုကို ဘယ္ေပ်ာက္ေနတာလဲ အခရာ လိုက္႐ွာေနတာ ၾကာၿပီ အခရာ ေမြးေန႔လည္း မလာဘူး ဖုန္းေတြ
ေခၚေတာ့လည္း မကိုင္ဘူး ''
"ေအာ္ ကိုကို အလုပ္မအားလို႔ပါ အခရာ''
"မဟုတ္ဘူး ကိုကို ညာတာ ဘာလဲ ကိုကို႔ကို ဒီက
ကိုျမတ္ႏိုးရာက ျပန္မလႊတ္တာမလား''
"က်စ္ မဟုတ္ဘူး ဒီကိစၥ ျမတ္ႏိုးရာနဲ႔ ဘာမွ မပတ္သက္ဘူး ဒီမွာ ကိစၥေလး တခ်ိဳ႕ျဖစ္သြားတယ္ အိမ္ကို သူခိုး တက္လို႔ ၿပီးေတာ့ ျမတ္ႏိုးရာမွာ ဒဏ္ရာရသြားတယ္ ''
"အို ဒါမ်ိဳးက အမ်ိဳးမ်ိဳး လိမ္လို႔ ရတာပဲ သူခိုးက ကိုျမတ္ႏိုးရာကို ဓားနဲ႔ ထိုးတယ္ ဆိုတာ ကိုကို႔ကိုယ္တိုင္ ျမင္လို႔လား အလကားပါ ကိုကိုရယ္ ကိုကို႔ဆီက ဂ႐ုစိုက္မႈကို လိုခ်င္လို႔ သက္သက္ ညဏ္ဆင္တာ ကိုကိုရဲ႕ ကိုကို သိလား ''
"အခရာ မ႐ိုင္းနဲ႔ လာ သြားမယ္ ေနာက္ ဘယ္ေတာ့မွ
ထပ္မလာခဲ့နဲ႔ သြားမယ္ ''
ကြၽန္ေတာ္ အေ႐ွ႕မွာတင္ ေလးညိဳ႕႐ွင္က အခရာ
လက္ေမာင္းကို ဆြဲ၍ အျပင္ေခၚထုတ္သြားေတာ့ သူမက ကြၽန္ေတာ့္ကို မ်က္ေထာင့္နီႀကီးနဲ႔ ၾကည့္ကာ
"ေယာက်ာ္းျဖစ္ၿပီး ကိုကို႔ကို ျမဴဆြယ္ေနတာ ရပ္တန္းက ရပ္ပါ ဟြန႔္ ''
"ေတာ္ၿပီလို႔ ကိုကို ေျပာေနတယ္ေနာ္ လာစမ္း''
ယက္ကန္ယက္ကန္ျဖင့္ ေလးညိဳ႕႐ွင္အေနာက္ ပါသြားေသာ အခရာကို ၾကည့္၍ကြၽန္ေတာ္ သက္ျပင္းေလး ခိုးခ်မိသည္။ အသက္႐ႈၾကပ္လိုက္တာဗ်ာ ဘာလို႔ အခရာက
ကြၽန္ေတာ့္ကို သက္သက္ အျမင္မၾကည္ရတာလဲ
ေလးညိဳ႕႐ွင္ အခ်စ္ေတြကို သူတစ္ေယာက္တည္း အပိုင္ရေနတာပဲေလ ဘာလို႔ ကြၽန္ေတာ့္ကို မုန္းေနရတာလဲ...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
"သားျမတ္ႏိုးရာ ေနေကာင္းသြားၿပီလား ''
"ဟုတ္ကဲ့ ဦး ေနေကာင္းသြားပါၿပီ ''
"အင္း ဂ႐ုစိုက္အံုး သူခိုးကို ဝိုင္း႐ွာေပးဖို႔ ရဲစခန္းမွာ
အမႈဖြင့္ထားတယ္''
"ဗ်ာ ဟို ရပါတယ္ သက္သက္ အလုပ္႐ႈပ္ေနမွာေပါ့ဗ် ''
"ဦးက သား လံုျခံဳေအာင္လို႔ပါ သား စိတ္မသက္သာဘူး ဆိုလည္း အမႈျပန္ပိတ္လိုက္မယ္''
"ဟုတ္ကဲ့ ဦး ဒါဆို ကြၽန္ေတာ္ အလုပ္ျပန္သြားလုပ္လိုက္အံုးမယ္''
"ေကာင္းၿပီ သား''
ဦးဂုဏ္႐ွင္ ရံုးခန္းကေန ထြက္လာ၍ ကိုယ့္အလုပ္စားပြဲေပၚ လာထိုင္ကာ အလုပ္လာလုပ္ေနလိုက္သည္။ ထို႔ေနာက္ ကုမၸဏီရဲ႕ စာရင္းမ ျဖစ္ေသာ ေဒၚနီလာက
"ျမတ္ႏိုးရာ ''
"ဗ်ာ မနီလာ ''
"အမ သတင္းေတြ ၾကားတယ္ ျမတ္ႏိုးရာ အိမ္ကို သူခိုး
တက္လို႔ဆို ဘယ္လိုျဖစ္သြားတာလဲ ''
"အာ ဟုတ္ နည္းနည္းေလးပဲ ထိခိုက္သြားတာပါ ဘာမွ
မျဖစ္ပါဘူး အခု ေကာင္းသြားပါၿပီ ''
"ဟုတ္လားေတာ္ေသးတာေပါ့ ေအာ္ ဒါနဲ႔ ကုမၸဏီကလုပ္မယ့္ ပြဲကို သိၿပီးၿပီးလား ''
"ဗ်ာ ဘာပြဲလဲ မနီလာ ကြၽန္ေတာ္ ဘာမွ မသိရပါလား ''
"ကုမၸဏီရဲ႕ အႏွစ္၃၀ျပည့္အထိမ္းအမွတ္အေနနဲ႔ ျမန္မာျပည္အႏွံ႔ ဘုရားဖူး လိုက္ပို႔မလို႔တဲ့''
"ဗ်ာ ဟုတ္လား ''
ဝမ္းသာအားရ ထေျပာလိုက္ေသာ ကြၽန္ေတာ့္ကို မနီလာက ျပံဳး၍ ၾကည့္လာကာ
"အမယ္ ျမတ္ႏိုးရာ ၾကည့္ရတာ ခရီးသြားရတာ ဝါသနာ
ပါတယ္ ထင္တယ္ ဟုတ္လား ''
"ဟုတ္တယ္ဗ် ကြၽန္ေတာ္က ခရီးထြက္ရတာ ႀကိဳက္တယ္ ဒါေပမယ့္ တစ္ခါမွေတာ့ ခရီးမထြက္ဖူးဘူး''
"ဟုတ္လား အင္းပါ ခရီးစထြက္မွာက စေနေန႔ေလာက္
ျဖစ္မယ္ ျပင္ဆင္စရာ ရွိတာ ျပင္ဆင္ထားေပါ့ကြယ္''
"ဟုတ္ကဲ့ပါ မနီလာ ''
ေပ်ာ္လိုက္တာ တစ္ခါမွ မသြားဖူး မေရာက္ဖူးတဲ့
ေနရာေတြကို တစ္ဝႀကီး သြားပစ္အံုးမယ္ ဟီး..
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
ေဒါက္ ေဒါက္
ည၁၁နာရီေလာက္ အိမ္တံခါး လာေခါက္တဲ့ လူေၾကာင့္ အိပ္မႈန္စံုမႊားျဖင့္ ထဖြင့္ေပးလိုက္ရာ ေလးညိဳ႕႐ွင္
ျဖစ္ေနသည္။ ေတာ္ေသးတာေပါ့ တဖက္ ခုတင္မွာ
ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနတဲ့ မိုးစက္ မႏိုးလာလို႔။
" ေလးညိဳ႕႐ွင္ ဘာလာလုပ္တာလဲ ''
"ဒီမွာ လာအိပ္တာေလ ဘာျဖစ္လို႔လဲ ''
"ဟင္ ငါ ဒဏ္ရာလည္း ေကာင္းသြားၿပီေလ ၿပီးေတာ့
ငါလည္း ကုမၸဏီ သြားႏိုင္ေနၿပီ''
"ဘာလဲ ဒီေတာ့ ငါက ဒီကို မလာရေတာ့ဘူးေပါ့
ဟုတ္လား ''
"ဟို မဟုတ္ပါဘူး ငါက မင္းကို အားနာလို႔ပါ ခုတင္က
ေသးေသးေလး ဆိုေတာ့ ညတိုင္း အိပ္ရတာ
က်ဥ္းၾကပ္ေနမွာ စိုးလို႔ ''
"ဘာျဖစ္လဲ ငါ အိပ္တတ္တယ္ ''
ပင္ပန္းေနသလို ႏြမ္းလ်ေနတဲ့ ေလးညိဳ႕႐ွင္ မ်က္ႏွာေၾကာင့္ ဆက္ၿပီး ၿပိဳင္မေျပာေတာ့ပဲ ၿငိမ္ေနလိုက္ေတာ့ သူက အျပင္အဝတ္အက်ီကို ခြၽတ္ကာ ခုတင္ေပၚ ျပစ္တင္လိုက္ၿပီး က်န္တဲ့ အဝတ္အစားမ်ားပါ ခြၽတ္ေနတာမို႔
" ေလးညိဳ႕႐ွင္ ဘာလုပ္မလို႔လဲ ''
"ေရခ်ိဳးမလို႔ ''
"ဟင္ ညနက္ေနၿပီ မခ်ိဳးနဲ႔ေတာ့ လက္ေတြ ေျခေထာက္ေတြ ေဆးၿပီးပဲ တက္လာခဲ့ ၿပီးေတာ့ ဘာစားၿပီးၿပီလဲ ငါ
ဘာလုပ္ေပးရမလဲ''
"ရၿပီ ဘာမွ မလုပ္ေပးနဲ႔ေတာ့ အခရာနဲ႔ စားခဲ့ၿပီးၿပီ''
"ေအာ္ အင္း ''
ေလးညိဳ႕႐ွင္ ခုတင္ေပၚ တင္ထားေသာ အက်ီကို ယူ၍
ေသေသခ်ာခ်ာ ေခါက္သိမ္းကာ ေလ်ွာ္မည့္ျခင္းထဲ သြားထည့္လိုက္သည္။ မနက္ျဖန္ ေရခ်ိဳးရင္ သူ႔အက်ီေတြပါ
တစ္ခါတည္း ေလ်ွာ္ေပးရေအာင္လို႔ေလ။
တစ္ေယာက္စာ ခုတင္ေလးမွာ ႏွစ္ေယာက္ အိပ္ေနရတဲ့ Feelingက မေျပာျပတတ္ေလာက္ေအာင္ပင္။
ညာဘက္လွည့္လိုက္ရင္လည္း ေလးညိဳ႕႐ွင္ ရင္ခြင္ထဲသို႔ ကြက္တိ ေရာက္ေနၿပီ။ အိပ္မေပ်ာ္ေသးၾကားေတာ့
ေတာင့္ေတာင့္ႀကီး အသက္ေတာင္ရဲရဲမ႐ႈရဲ။ အရင္ညေတြကေတာ့ ေဆးရိွန္ေၾကာင့္ ဘယ္လို အိပ္ေပ်ာ္လို႔
အိပ္ေပ်ာ္သြားမွန္းမသိ။ အခုေတာ့ ေလးညိဳ႕႐ွင္ဆီက
ကိုယ္သင္းန႔ံသင္းသင္းေလးက ႏွာေခါင္းထဲသို႔ တိုက္႐ိုက္ ဝင္ေနသည္။ ေလးညိဳ႕႐ွင္ကလည္း အိပ္မေပ်ာ္ဘူး ထင္ရဲ႕ နဖူးေလးေပၚ လက္တင္၍ တစ္ခုခု အလိုမက်သလို
မ်က္ေမာင္းႀကီးၾကဳတ္ကာ ဆူပုတ္ေနေလသည္။
"ေလးညိဳ႕႐ွင္ အိပ္မေပ်ာ္ဘူးလားဟင္''
"အင္း ''
"ဘာလို႔လဲ စိတ္ညစ္စရာ ရွိလို႔လား မဟုတ္မွ ငါ့ေၾကာင့္
စိတ္အေႏွာင့္အယွက္ ျဖစ္ေနလား ဟင္ ''
"ဟူး မဟုတ္ပါဘူး ဒီလိုပဲ ေန႔လည္က အခရာေၾကာင့္
စိတ္နည္းနည္းေလး ႐ႈပ္ေနလို႔ပါ''
"အခရာေၾကာင့္! သူက ဘာလို႔ ငါ့ကို မုန္းေနတာလဲဟင္
မင္း အခ်စ္ေတြ အားလုံး သူ ရေနတာပဲ ဘာလို႔ ငါနဲ႔
မင္းကို သဝန္တိုေနရတာလဲ မင္းက ေယာက်ာ္းေလ Gayမွမဟုတ္တာ ''
"အခရာနဲ႔ ငါက ဘာမွ မဆိုင္ဘူး ''
"ဟင္ အခရာ ကိုယ္တိုင္ မင္းရဲ႕ ခ်စ္သူပါလို႔
ေျပထားတာေလ ''
"အခရာက အေဖ့ သူငယ္ခ်င္း သမီး သူက ငယ္ငယ္ေလးကတည္းက အရမ္းဆိုးတာ ဒါေၾကာင့္ သူငယ္ခ်င္း
အေပါင္းအသင္းရယ္လို႔ မရွိဘူး ဥပမာ ငါ့လိုမ်ိဳးေပါ့
အေဖရဲ႕ ဂ႐ုစိုက္မႈေတြ ေမတၱာေတြ မခံရတဲ့
သားသမီးေတြေလ ငါနဲ႔ ဘဝတူေတြေပါ့ ငါတို႔ကို
တစ္ေယာက္ေယာက္က ေကာင္းျပလိုက္ရင္
အျမဲတြယ္ကပ္ခ်င္ေနခဲ့တာ စင္ကာပူကို ငါ ေရာက္သြားေတာ့ သူက တျဖည္းျဖည္း ငါ့ကို ကပ္တာ ပိုမ်ားလာတယ္ အင္း ေျပာရရင္ သံေယာဇဥ္ ျဖစ္လာတာေပါ့ သူကလြဲၿပီး အျခားတစ္ေယာက္ကို အေရးေပးတာ အေလးေပးတာ
မႀကိဳက္ဘူး ဟိုမွာတုန္းကဆို ငါ့ကို ခ်ဥ္းကပ္လာတဲ့
မိန္းကေလးေတြ အားလုံးကို သူပဲ ဖယ္ထုတ္ေပးတာ
တစ္ခါတေလ ရန္မူတတ္တဲ့ အဆင့္ထိပါ လုပ္တတ္တဲ့ အက်င့္ ရွိတယ္ ''
ေလးညိဳ႕႐ွင္ ေျပာေနတဲ့ စကားေတြကို ၾကားရေတာ့ အခရာ သူကို႔ ဘယ္ေလာက္ ခ်စ္သလဲ ဆိုတာ
ခန႔္မွန္းမိသည္။
"အခရာက မင္းကို ေတာ္ေတာ္ ခ်စ္တဲ့ပံုပဲေနာ္''
"အင္း အိပ္ေတာ့ေလ ငါ အိပ္ေတာ့မယ္ ''
"ဒါနဲ႔ မင္းကေရာ အခရာကို မခ်စ္ဘူးလား ဟင္ မခ်စ္ဘူးလားလို႔ ''
ကြၽန္ေတာ္ အတင္းလိုက္ေမးေနေပမယ့္ ေလးညိဳ႕႐ွင္က
မ်က္လုံး မွိတ္ခ်လိုက္ကာ ဘာမွ မေျဖေတာ့ေခ်
ေလးညိဳ႕႐ွင္လည္း အခရာကို ဘယ္လို သေဘာထားသလဲ ဆိုတာ ကြၽန္ေတာ္ ႐ွင္း႐ွင္းလင္းလင္း သိရမွ ျဖစ္မွာဗ်...
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ဟင္ ဒီလူႀကီးပါလား ကြၽန္ေတာ့္ဆီ လာတာလား''
"ဟုတ္တယ္ ကေလး ကိုယ္ ကေလးကို အရမ္းလြမ္းေနတာ ၿပီးေတာ့ ကေလး အိမ္ျပန္သြားတာဆို ကိုယ္ အိမ္အထိ လိုက္လာခ်င္တာ ဒါေပမယ့္ ကိုယ္ မ႐ိုေသရာ က်မွာ စိုးလို႔ ''
"ေအာ္ အင္...အင္း ဟုတ္တယ္ ကြၽန္ေတာ္ အဆင္ေျပပါတယ္ ''
"ေအာ္ ေတာ္ေသးတာေပါ့ ကိုယ္က ကေလး တစ္ခုခု
ျဖစ္ေနမွာ စိုးရိမ္ေနတာ ''
ကုမၸဏီ အေ႐ွ႕မွာ လြန္းဘြဲ႔ေမာင္က ကြၽန္ေတာ့္ကို
လာေတြ႔တာေၾကာင့္ စကား ရပ္ေျပာေနမိသည္။
လြန္းဘြဲ႔ေမာင္ကို ၾကည့္ရတာ ကြၽန္ေတာ့္ကို ေတာ္ေတာ္
စိတ္ပူေနပံု ရသည္။ စကားေတြ အမ်ားႀကီး ေျပာၿပီးေနာက္ အိမ္ကုိ လိုက္ပို႔ေပးမည္ ဆိုတာေၾကာင့္ အသည္းအသန္ ျငင္းရေသးသည္။ ထိုစဥ္ ကုမၸဏီထဲက ဦးဂုဏ္႐ွင္နဲ႔
ေလးညိဳ႕႐ွင္က ထြက္လာတာ ျမင္ေတာ့လည္း သူ႔ကို
အျမန္ထြက္သြားဖို႔ ေျပာေတာ့ အူေၾကာင္ေၾကာင္ေလးနဲ႔ ထြက္သြားေပး႐ွာသည္။ တကယ္ပါ လြန္းဘြဲ႔ေမာင္က
ကြၽန္ေတာ့္အတြက္ အရမ္းေကာင္းေပးတဲ့ လူတစ္ေယာက္။
"သားျမတ္ႏိုးရာ အိမ္မျပန္ေသးဘူးလား ''
"ဟုတ္ကဲ့ ဦး ျပန္ေတာ့မလို႔ပဲ အသိတစ္ေယာက္နဲ႔
စကားေျပာေနလို႔ ''
"ေအာ္ ဟုတ္လား ''
ဦးဂုဏ္႐ွင္ကို အထိုက္အေလ်ာက္ စကားေျပာေနေပမယ့္ အေနာက္ကေန ကြၽန္ေတာ့္ကို မ်က္ေမွာက္ေတြ ၾကံဳကာ
ၾကည့္ေနေသာ ေလးညိဳ႕႐ွင္ေၾကာင့္ လူက ေနရာမွာတင္ အေငြ႔ပ်ံခ်င္စိတ္ တဖြားဖြား ျဖစ္ရသည္။ ၾကည့္ရတာ ခုနက ကြၽန္ေတာ္နဲ႔ လြန္းဘြဲ႔ေမာင္ စကားရပ္ေျပာေနတာ
ျမင္သြားဟန္ တူသည္။ ဘာလို႔ ေလးညိဳ႕႐ွင္က
လြန္းဘြဲ႔ေမာင္ကို အျမင္မၾကည္ရတာပါလိမ့္။
"သား ဒဏ္ရာေတြလည္း ေသေသခ်ာခ်ာ ဆရာဝန္နဲ႔ ျပရဲ႕လား''
"အာ ေဆးခန္းေတာ့ မသြားျဖစ္ေပမယ့္ ေဆးေတာ့
ေကာင္းေကာင္း ထည့္ေပးပါတယ္ ကြၽန္ေတာ့္အနာ
ျမန္ျမန္ က်က္ၿပီး ေကာင္းျမန္တာကလည္း ေလးညိဳ႕႐ွင္ ကြၽန္ေတာ့္ကို အေသအခ်ာ ဂ႐ုစိုက္ေပးလို႔ပါ''
"ဟင္ ေလးညိဳ႕႐ွင္ကလား သား ေျပာေတာ့ သူငယ္ခ်င္းဆီ ၅ရက္ေလာက္ သြားေနခ်င္လို႔ဆို ဘာလို႔ သားျမတ္ႏိုးရာဆီ ေရာက္ေနတာလဲ''
"ဟင္ မဟုတ္ေသးဘူးေလ ေလးညိဳ႕႐ွင္ကို ကြၽန္ေတာ့္ဆီ ဦးပဲ လာခိုင္းတာဆို !''
"ဘယ္လို ဦးက သားကို... ''
ူ
"အေဖ အေဖေျပာေတာ ့ သြားစရာ ရွိတယ္ဆို လာဗ်ာ
ေနာက္က်ေနေတာ့မယ္''
ကြၽန္ေတာ္နဲ႔ ဦးဂုဏ္႐ွင္ စကားေတာင္ မဆံုးေသး။
ေလးညိဳ႕႐ွင္က ဦး လက္ေမာင္းတဖက္ကို ဆြဲသြားကာ ကားေပၚသို႔ အတင္းထိုးတင္ေနေတာ့သည္။ အခု
ေလးညိဳ႕႐ွင္က ဘယ္လိုပံုနဲ႔ တူသလဲ သိလား အျပစ္လုပ္ထားလို႔ တစ္ေယာက္ေယာက္က ဆရာမကို ျပန္ေျပာျပမည္ကိုေၾကာက္ၿပီး ျဖစ္ေနတဲ့ ပံုနဲ႔ တူတယ္။ ဦးက
ကြၽန္ေတာ္ ေျပာမွ ေလးညိဳ႕႐ွင္ကြၽန္ေတာ့္ဆီ လာေနတာ အခုမွ သိပံု။ ဒါဆိုေလးညိဳ႕႐ွင္က ဘာလို႔ ကြၽန္ေတာ့္ကို
ဦးက ေစာင့္ေ႐ွာင္ခိုင္းတယ္ ဆိုၿပီး လာေျပာရတာပါလိမ့္။ ဘာေတြလဲ ကြၽန္ေတာ္ ဘာတစ္ခုမွ မနားလည္ႏိုင္ေတာ့ဘူး။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
"က်စ္ လာျပန္ၿပီ ေနာက္တစ္ခါ လာလို႔ရိွရင္ Travel Bag ယူသာ လာခဲ့ေတာ့ ''
"ဟာ တကယ္လား ပိုေတာင္ ေကာင္းေသး ဒါဆို ဒီလိုလုပ္မယ္ေလ ငါ တစ္ခါတည္း မင္းဆီမွာ အၿပီးေနေတာ့မယ္''
"ေအာ္ ဒီလိုလုပ္လို႔ ရမလား ငါ ငွါးတဲ့အိမ္က တစ္ေယာက္စာေလ ဒါေၾကာင့္ မိုးစက္မွာ အခက္အခဲ ျဖစ္ေနလို႔
ဒီမွာ ေနေနတာ ၿပီးေတာ့ မင္းပါ လာေနမယ္ ဆိုရင္
အဆင္မေျပဘူးေလကြာ ေနရတာ က်ဥ္းၾကပ္ေနမွာေပါ့''
"မင္းသာ အဆင္မေျပတာ ငါေတာ့ မင္း ရွိတဲ့ ေနရာတိုင္း ေနရတာအဆင္ေျပတယ္ ''
ကြၽန္ေတာ္ရဲ႕ စကားကို ၾကားေတာ့ ျမတ္ႏိုးရာက
ထူးဆန္းစြာ ေခါင္းေထာင္ၾကည့္လာသည္။ ၿပီးေတာ့
မနားလည္သလို မ်က္ႏွာေလးက ျဖဴစင္ဝင္းအိေနတာေၾကာင့္ တခဏ ေငးၾကည့္ေနမိသည္။
"ဟိတ္ ဟိတ္ ဒီမ်က္ႏွာႀကီး သိပ္ၿပီး အိုစာမသြားနဲ႔အံုး
ဘာလဲ မင္းခ်စ္သူ လာရင္ အခက္ေတြ႔မွာ စိုးလို႔လား ''
"အာ အာ့လို မဟုတ္ပါဘူး ကိုလြန္းဘြဲ႔ေမာင္နဲ႔က
မင္း ထင္ေနသလို ဆက္ဆံေရးမ်ိဳး မဟုတ္ပါဘူး ''
"ဟင္ မင္းနဲ႔ ဟိုလူနဲ႔က ခ်စ္သူေတြ မဟုတ္ဘူးလား မင္းပဲ သူ႔ကို ခ်စ္တယ္ဆို သူ႔ေၾကာင့္ ငါနဲ႔ ႏိုင္ငံျခားကိုေတာင္
မလိုက္ႏိုင္တာမလား ေျပာ ျမတ္ႏိုးရာ ငါ ေမးတာ ေျဖစမ္း ''
သိခ်င္ေဇာနဲ႔ ျမတ္ႏိုးရာ ပခံုးကို ဆြဲကိုင္ လႈပ္ရမ္းကာ
ေမးေတာ့ ကြၽန္ေတာ့္ကို ေတြေတြေလး ၾကည့္လာကာ
ေခါင္းေလး ငုပ္ျပလိုက္သည္။
"ဟုတ္တယ္ ေလးညိဳ႕႐ွင္ ငါနဲ႔ ကိုလြန္းဘြဲ႔ေမာင္က ဘာမွ မပတ္သက္ပါဘူး ဆယ္ေက်ာ္သက္အရြယ္မို႔ ရင္ခုန္တာပဲ ရွိတာပါ ၿပီးေတာ့ မင္းနဲ႔ ႏိုင္ငံျခား မလိုက္ႏိုင္တာကလည္း ကိုလြန္းဘြဲ႔ေမာင္နဲ႔ ဘာမွ မဆိုင္ဘူး ငါ့ဘာသာ
ဆံုးျဖတ္လိုက္တာပါ''
"ဟင္ ဒါဆို မင္းနဲ႔ သူက ဘာမွ မဟုတ္ဘူးေပါ့ မေန႔က ဘာလို႔ သူက မင္းကို လာႀကိဳတာလဲ''
မေန႔က ကုမၸဏီအေ႐ွ႕မွာ ျမတ္ႏိုးရာနဲ႔ လြန္းဘြဲ႔ေမာင္ စကားရပ္ေျပာေနၾကတာ ကြၽန္ေတာ္ ျမင္သည္။ ဘာပဲလုပ္လုပ္ ထုိျမင္ကြင္းက မ်က္လုံးထဲ အျမဲ ဝင္ေနလို႔
ဘာအလုပ္မွ ေကာင္းေကာင္းေတာင္ မလုပ္ႏိုင္ခဲ့ဘူး။
"ေအာ္ ဒါလား သူက ငါ အဆင္ေျပရဲ႕လား လာၾကည့္တာပါ ႐ွင္း႐ွင္းေျပာရရင္ ငါ သူ႔ကို လက္လည္းလက္မခံေသးသလို ေခါင္းလည္း မၿငိမ့္ရေသးဘူး''
"ဒါဆို မင္း သူ႔ကို ဘယ္လို သေဘာထားသလဲ ''
"ငါ..ငါ မသိဘူး! "
ျမတ္ႏိုးရာက တကယ္လို႔ လြန္းဘြဲ႔ေမာင္ကို မခ်စ္ဘူးဆိုရင္ ခပ္ျပတ္ျပတ္ တစ္ခါတည္း ျငင္းရမွာေပါ့ အခုေတာ့ ဒီေမးခြန္းေလး ေျဖရတာေတာင္ ေတြေဝေနၿပီ။ ေရြးခ်ယ္စရာမ်ားလို႔ ေတြေဝေနတာလား မဆံုးျဖတ္ႏိုင္လို႔ ေတြေဝေနတာလား အျခားအေၾကာင္းအရာေၾကာင့္ ေတြေဝေနတာလား ဆိုတာေတာ့ ကာယာကံ႐ွင္ တစ္ေယာက္သာ သိမွာ။ ၾကားခ်င္တဲ့ အေျဖမ်ိဳး မၾကားရတာမို႔ ထပ္ေမးရန္ ျပင္လိုက္စဥ္ ခုတင္ေပၚက အဝတ္အစား အနည္းငယ္ ထည့္ထားၿပီး ပြင့္ေနေသာ ခရီးေဆာင္အိတ္ေလးေၾကာင့္ စိုးရိမ္မႈနဲ႔အတူ ေဒါသက ပါလာ၍
"ေျပာ ဘယ္သြားမလို႔လဲ ငါ ဒီကို ခဏခဏ လာေနလို႔
အဆင္မေျပဘူးလား ဒါေၾကာင့္ အခုလို ထြက္သြားမလို႔
ျပင္ေနတာမလား ဘာလဲ ငါ့မ်က္ႏွာကို ျမင္ရမွာ
ေသမေလာက္ ေၾကာက္ေနတာလား ဟုတ္လား မဟုတ္မွ ဟိုလူနဲ႔ ဘာမွ မပတ္သက္ပါဘူးလို႔ လိမ္ေျပာၿပီး သူက
မင္းကို သူနဲ႔အတူ လာေနခိုင္းတာမလား ေျပာစမ္း ျမတ္ႏိုးရာ ''
"အင့္ မဟုတ္ဘူး ငါ့ကို အရင္လႊတ္ ''
ပခုံးႏွစ္ဖက္ကို ၾကမ္းတမ္းစြာ ဆြဲကိုင္လႈပ္ရမ္းေနတဲ့
ကြၽန္ေတာ္ေၾကာင့္ ေခါင္းေလး မူးေနာက္သြားသလို
နားထင္ေလးကို လက္ျဖင့္ ဖိကာ တြန္းလာေတာ့ အရင္ကထက္ ပိုတိုးဖက္ကာ ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့
သူ႔ကိုယ္လံုးေလးက ရင္ခြင္ေလးထဲ ကြက္တိ ဝင္လာသည္။
"ေျဖ ငါ ေမးတာ အရင္ေျဖ ၿပီးမွ ငါ လႊတ္ေပးမယ္ ''
"က်စ္ မနက္ျဖန္ ကုမၸဏီက ဘုရားဖူးသြားမလို႔ ''
"ဘာ! "
"ငါ ဘယ္ကိုမွ မထြက္သြားဘူး ကုမၸဏီက လုပ္တဲ့ ဘုရားဖူးကို လိုက္မလို႔ အဝတ္အစားေတြ ျပင္ေနတာ ''
"ဟင္ ဘုရားဖူး ရွိတယ္ ဘာလို႔ အေဖက ငါ့ကို ဘာမွ
မေျပာရတာလဲ ''
"မင္းက ကုမၸဏီကို စိတ္ဝင္စားဖူးလို႔လား ''
စီးပြားေရးကိစၥဆိုရင္ ကိုယ္နဲ႔ ဘာမွ မပတ္သက္သလို
တစ္သက္လုံး ေနလာခဲ့တဲ့ ကြၽန္ေတာ္က အခုက်မွ ကုမၸဏီက ကိစၥတိုင္းကို သိခ်င္လာတယ္လို႔ ေျပာရင္ ထူးဆန္းေနမလား။ ဒါေပမယ့္ အေသးေလးက ကြၽန္ေတာ့္ဆီက
ထြက္သြားမွာ မဟုတ္ဘူး ဆိုတာ သိတာနဲ႔တင္ လူက ဝမ္းသာေနလွၿပီ။
"ငါလည္း ဘာတစ္ခုမွ မသိရပါလား ''
"မင္း အစကတည္းက ေသေသခ်ာခ်ာ ေမးပါလား တစ္ခုခုဆို ကိုယ့္ဘာသာ တစ္ေယာက္တည္း အေတြးေတြနဲ႔
လုပ္ခ်င္တာလုပ္တယ္ ''
ခုနက ကြၽန္ေတာ့္ရဲ႕ အျပဳအမူကို စိတ္ေျပေသးပံု မေျပေသးသည့္ ျမတ္ႏိုးရာက ေဒါသထြက္ကာ ေအာ္ေငါက္ေနေလသည္။
"ဘုရားဖူး သြားမွာက ဘယ္ေန႔လဲ ''
"မနက္ျဖန္! "
ကြၽန္ေတာ့္ကို ဘယ္ေလာက္ပဲ စိတ္ဆိုးေနပါေစ ေမးတာေတာ့ ျပန္ေျဖတာမို႔ ခိုးျပံဳးေနမိသည္။ ခ်စ္စရာေကာင္းလိုက္တာဗ်ာ ကြၽန္ေတာ့္အေသးေလးက...
"အင္း ငါလည္း စင္ကာပူက ျပန္လာၿပီးကတည္းက
ခရီးမထြက္ရတာ ၾကာၿပီ မနက္ျဖန္ ငါလည္း လိုက္မယ္ ''
"ဘယ္လို! "
ကြၽန္ေတာ္ အိပ္မက္ေတြထဲက တစ္ခုကို ေျပာျပပါဆိုရင္
ခ်စ္ရသူနဲ႔ ခရီးအတူတူ သြားခ်င္တာက ထိပ္ဆံုးက ပါသည္။ အခုေတာ့ ခ်စ္ရသူ ဆိုေပမယ့္ မဆိုင္ေသးတဲ့ အေသးေလးနဲ႔ေပါ့...
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက္ရန္
ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။
အားလံုးေက်းဇူးတင္ပါတယ္ရွင္
👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑
I can only imagine
🍷Part 19🍷
"လေးညို့ရှင် ငါ့ကို ဆေးထည့်ပေးစရာ မလိုတော့ပါဘူး
ဒဏ်ရာက ခြောက်တောင် ခြောက်နေပြီ''
"ဟုတ်သားပဲ ဟဲဟဲ ငါ အပြုအစုတော်လို့ ဖြစ်မှာပါလေ ''
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ပြောနေသော
လေးညို့ရှင်ကို ကြည့်၍ ကျွန်တော် ပြုံးလိုက်မိသည်။
ဒီဒဏ်ရာလေးက ကျွန်တော့်အတွက် Lucky injury ...
"ငါကြောင့် မင်း အလုပ်တွေ ပျက်နေလောက်ရောပေါ့''
"မပျက်ပါဘူးကွာ ဒီမှာ ငါ့အလုပ်က ဒီလို စားပွဲပေါ်မှာ Laptop တစ်လုံးနဲ့ ပုံကောင်းကောင်း ဆွဲနိုင်ရင် ရပါပြီ ''
"အင်းပါ ဒါပေမယ့်လည်း မင်းကို ကျေးဇူးအများကြီးတင်ပါတယ် ''
"အဟက် ''
ဒုန်း ဒုန်း
တံခါးခေါက်သံကြောင့် ကျွန်တော်ရော လေးညို့ရှင်ပါ
လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ကျွန်တော်ကတော့
လွန်းဘွဲ့မောင် ဖြစ်နေမှာ စိုးရိမ်လွန်းလို့ လိပ်ပြာတောင် လွင့်မတတ်။ ထိုစိုးရိမ်စိတ်နဲ့ တံခါးထဖွင့်ပေးလိုက်တော့
"ကိုကို ဘယ်မှာလဲ ကိုကို! ကိုကိုရေ ''
အိမ်ရှင်ဖြစ်တဲ့ ကျွန်တော့်ကို တွန်းဖယ်ကာ အိမ်ထဲသို့ ကိုကို ဆိုသည့် လေးညို့ရှင်အား ရှာရန် ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့် ဝင်သွားသူကတော့ အခရာပင်။
"အခရာ ''
"ကိုကို! ကိုကို ဘယ်ပျောက်နေတာလဲ အခရာ လိုက်ရှာနေတာ ကြာပြီ အခရာ မွေးနေ့လည်း မလာဘူး ဖုန်းတွေ
ခေါ်တော့လည်း မကိုင်ဘူး ''
"အော် ကိုကို အလုပ်မအားလို့ပါ အခရာ''
"မဟုတ်ဘူး ကိုကို ညာတာ ဘာလဲ ကိုကို့ကို ဒီက
ကိုမြတ်နိုးရာက ပြန်မလွှတ်တာမလား''
"ကျစ် မဟုတ်ဘူး ဒီကိစ္စ မြတ်နိုးရာနဲ့ ဘာမှ မပတ်သက်ဘူး ဒီမှာ ကိစ္စလေး တချို့ဖြစ်သွားတယ် အိမ်ကို သူခိုး တက်လို့ ပြီးတော့ မြတ်နိုးရာမှာ ဒဏ်ရာရသွားတယ် ''
"အို ဒါမျိုးက အမျိုးမျိုး လိမ်လို့ ရတာပဲ သူခိုးက ကိုမြတ်နိုးရာကို ဓားနဲ့ ထိုးတယ် ဆိုတာ ကိုကို့ကိုယ်တိုင် မြင်လို့လား အလကားပါ ကိုကိုရယ် ကိုကို့ဆီက ဂရုစိုက်မှုကို လိုချင်လို့ သက်သက် ညဏ်ဆင်တာ ကိုကိုရဲ့ ကိုကို သိလား ''
"အခရာ မရိုင်းနဲ့ လာ သွားမယ် နောက် ဘယ်တော့မှ
ထပ်မလာခဲ့နဲ့ သွားမယ် ''
ကျွန်တော် အရှေ့မှာတင် လေးညို့ရှင်က အခရာ
လက်မောင်းကို ဆွဲ၍ အပြင်ခေါ်ထုတ်သွားတော့ သူမက ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ
"ယောကျာ်းဖြစ်ပြီး ကိုကို့ကို မြူဆွယ်နေတာ ရပ်တန်းက ရပ်ပါ ဟွန့် ''
"တော်ပြီလို့ ကိုကို ပြောနေတယ်နော် လာစမ်း''
ယက်ကန်ယက်ကန်ဖြင့် လေးညို့ရှင်အနောက် ပါသွားသော အခရာကို ကြည့်၍ကျွန်တော် သက်ပြင်းလေး ခိုးချမိသည်။ အသက်ရှုကြပ်လိုက်တာဗျာ ဘာလို့ အခရာက
ကျွန်တော့်ကို သက်သက် အမြင်မကြည်ရတာလဲ
လေးညို့ရှင် အချစ်တွေကို သူတစ်ယောက်တည်း အပိုင်ရနေတာပဲလေ ဘာလို့ ကျွန်တော့်ကို မုန်းနေရတာလဲ...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
"သားမြတ်နိုးရာ နေကောင်းသွားပြီလား ''
"ဟုတ်ကဲ့ ဦး နေကောင်းသွားပါပြီ ''
"အင်း ဂရုစိုက်အုံး သူခိုးကို ဝိုင်းရှာပေးဖို့ ရဲစခန်းမှာ
အမှုဖွင့်ထားတယ်''
"ဗျာ ဟို ရပါတယ် သက်သက် အလုပ်ရှုပ်နေမှာပေါ့ဗျ ''
"ဦးက သား လုံခြုံအောင်လို့ပါ သား စိတ်မသက်သာဘူး ဆိုလည်း အမှုပြန်ပိတ်လိုက်မယ်''
"ဟုတ်ကဲ့ ဦး ဒါဆို ကျွန်တော် အလုပ်ပြန်သွားလုပ်လိုက်အုံးမယ်''
"ကောင်းပြီ သား''
ဦးဂုဏ်ရှင် ရုံးခန်းကနေ ထွက်လာ၍ ကိုယ့်အလုပ်စားပွဲပေါ် လာထိုင်ကာ အလုပ်လာလုပ်နေလိုက်သည်။ ထို့နောက် ကုမ္ပဏီရဲ့ စာရင်းမ ဖြစ်သော ဒေါ်နီလာက
"မြတ်နိုးရာ ''
"ဗျာ မနီလာ ''
"အမ သတင်းတွေ ကြားတယ် မြတ်နိုးရာ အိမ်ကို သူခိုး
တက်လို့ဆို ဘယ်လိုဖြစ်သွားတာလဲ ''
"အာ ဟုတ် နည်းနည်းလေးပဲ ထိခိုက်သွားတာပါ ဘာမှ
မဖြစ်ပါဘူး အခု ကောင်းသွားပါပြီ ''
"ဟုတ်လားတော်သေးတာပေါ့ အော် ဒါနဲ့ ကုမ္ပဏီကလုပ်မယ့် ပွဲကို သိပြီးပြီးလား ''
"ဗျာ ဘာပွဲလဲ မနီလာ ကျွန်တော် ဘာမှ မသိရပါလား ''
"ကုမ္ပဏီရဲ့ အနှစ်၃၀ပြည့်အထိမ်းအမှတ်အနေနဲ့ မြန်မာပြည်အနှံ့ ဘုရားဖူး လိုက်ပို့မလို့တဲ့''
"ဗျာ ဟုတ်လား ''
ဝမ်းသာအားရ ထပြောလိုက်သော ကျွန်တော့်ကို မနီလာက ပြုံး၍ ကြည့်လာကာ
"အမယ် မြတ်နိုးရာ ကြည့်ရတာ ခရီးသွားရတာ ဝါသနာ
ပါတယ် ထင်တယ် ဟုတ်လား ''
"ဟုတ်တယ်ဗျ ကျွန်တော်က ခရီးထွက်ရတာ ကြိုက်တယ် ဒါပေမယ့် တစ်ခါမှတော့ ခရီးမထွက်ဖူးဘူး''
"ဟုတ်လား အင်းပါ ခရီးစထွက်မှာက စနေနေ့လောက်
ဖြစ်မယ် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားပေါ့ကွယ်''
"ဟုတ်ကဲ့ပါ မနီလာ ''
ပျော်လိုက်တာ တစ်ခါမှ မသွားဖူး မရောက်ဖူးတဲ့
နေရာတွေကို တစ်ဝကြီး သွားပစ်အုံးမယ် ဟီး..
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
ဒေါက် ဒေါက်
ည၁၁နာရီလောက် အိမ်တံခါး လာခေါက်တဲ့ လူကြောင့် အိပ်မှုန်စုံမွှားဖြင့် ထဖွင့်ပေးလိုက်ရာ လေးညို့ရှင်
ဖြစ်နေသည်။ တော်သေးတာပေါ့ တဖက် ခုတင်မှာ
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မိုးစက် မနိုးလာလို့။
" လေးညို့ရှင် ဘာလာလုပ်တာလဲ ''
"ဒီမှာ လာအိပ်တာလေ ဘာဖြစ်လို့လဲ ''
"ဟင် ငါ ဒဏ်ရာလည်း ကောင်းသွားပြီလေ ပြီးတော့
ငါလည်း ကုမ္ပဏီ သွားနိုင်နေပြီ''
"ဘာလဲ ဒီတော့ ငါက ဒီကို မလာရတော့ဘူးပေါ့
ဟုတ်လား ''
"ဟို မဟုတ်ပါဘူး ငါက မင်းကို အားနာလို့ပါ ခုတင်က
သေးသေးလေး ဆိုတော့ ညတိုင်း အိပ်ရတာ
ကျဉ်းကြပ်နေမှာ စိုးလို့ ''
"ဘာဖြစ်လဲ ငါ အိပ်တတ်တယ် ''
ပင်ပန်းနေသလို နွမ်းလျနေတဲ့ လေးညို့ရှင် မျက်နှာကြောင့် ဆက်ပြီး ပြိုင်မပြောတော့ပဲ ငြိမ်နေလိုက်တော့ သူက အပြင်အဝတ်အကျီကို ချွတ်ကာ ခုတင်ပေါ် ပြစ်တင်လိုက်ပြီး ကျန်တဲ့ အဝတ်အစားများပါ ချွတ်နေတာမို့
" လေးညို့ရှင် ဘာလုပ်မလို့လဲ ''
"ရေချိုးမလို့ ''
"ဟင် ညနက်နေပြီ မချိုးနဲ့တော့ လက်တွေ ခြေထောက်တွေ ဆေးပြီးပဲ တက်လာခဲ့ ပြီးတော့ ဘာစားပြီးပြီလဲ ငါ
ဘာလုပ်ပေးရမလဲ''
"ရပြီ ဘာမှ မလုပ်ပေးနဲ့တော့ အခရာနဲ့ စားခဲ့ပြီးပြီ''
"အော် အင်း ''
လေးညို့ရှင် ခုတင်ပေါ် တင်ထားသော အကျီကို ယူ၍
သေသေချာချာ ခေါက်သိမ်းကာ လျှော်မည့်ခြင်းထဲ သွားထည့်လိုက်သည်။ မနက်ဖြန် ရေချိုးရင် သူ့အကျီတွေပါ
တစ်ခါတည်း လျှော်ပေးရအောင်လို့လေ။
တစ်ယောက်စာ ခုတင်လေးမှာ နှစ်ယောက် အိပ်နေရတဲ့ Feelingက မပြောပြတတ်လောက်အောင်ပင်။
ညာဘက်လှည့်လိုက်ရင်လည်း လေးညို့ရှင် ရင်ခွင်ထဲသို့ ကွက်တိ ရောက်နေပြီ။ အိပ်မပျော်သေးကြားတော့
တောင့်တောင့်ကြီး အသက်တောင်ရဲရဲမရှုရဲ။ အရင်ညတွေကတော့ ဆေးရှိန်ကြောင့် ဘယ်လို အိပ်ပျော်လို့
အိပ်ပျော်သွားမှန်းမသိ။ အခုတော့ လေးညို့ရှင်ဆီက
ကိုယ်သင်းန့ံသင်းသင်းလေးက နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်နေသည်။ လေးညို့ရှင်ကလည်း အိပ်မပျော်ဘူး ထင်ရဲ့ နဖူးလေးပေါ် လက်တင်၍ တစ်ခုခု အလိုမကျသလို
မျက်မောင်းကြီးကြုတ်ကာ ဆူပုတ်နေလေသည်။
"လေးညို့ရှင် အိပ်မပျော်ဘူးလားဟင်''
"အင်း ''
"ဘာလို့လဲ စိတ်ညစ်စရာ ရှိလို့လား မဟုတ်မှ ငါ့ကြောင့်
စိတ်အနှောင့်အယှက် ဖြစ်နေလား ဟင် ''
"ဟူး မဟုတ်ပါဘူး ဒီလိုပဲ နေ့လည်က အခရာကြောင့်
စိတ်နည်းနည်းလေး ရှုပ်နေလို့ပါ''
"အခရာကြောင့်! သူက ဘာလို့ ငါ့ကို မုန်းနေတာလဲဟင်
မင်း အချစ်တွေ အားလုံး သူ ရနေတာပဲ ဘာလို့ ငါနဲ့
မင်းကို သဝန်တိုနေရတာလဲ မင်းက ယောကျာ်းလေ Gayမှမဟုတ်တာ ''
"အခရာနဲ့ ငါက ဘာမှ မဆိုင်ဘူး ''
"ဟင် အခရာ ကိုယ်တိုင် မင်းရဲ့ ချစ်သူပါလို့
ပြေထားတာလေ ''
"အခရာက အဖေ့ သူငယ်ချင်း သမီး သူက ငယ်ငယ်လေးကတည်းက အရမ်းဆိုးတာ ဒါကြောင့် သူငယ်ချင်း
အပေါင်းအသင်းရယ်လို့ မရှိဘူး ဥပမာ ငါ့လိုမျိုးပေါ့
အဖေရဲ့ ဂရုစိုက်မှုတွေ မေတ္တာတွေ မခံရတဲ့
သားသမီးတွေလေ ငါနဲ့ ဘဝတူတွေပေါ့ ငါတို့ကို
တစ်ယောက်ယောက်က ကောင်းပြလိုက်ရင်
အမြဲတွယ်ကပ်ချင်နေခဲ့တာ စင်ကာပူကို ငါ ရောက်သွားတော့ သူက တဖြည်းဖြည်း ငါ့ကို ကပ်တာ ပိုများလာတယ် အင်း ပြောရရင် သံယောဇဉ် ဖြစ်လာတာပေါ့ သူကလွဲပြီး အခြားတစ်ယောက်ကို အရေးပေးတာ အလေးပေးတာ
မကြိုက်ဘူး ဟိုမှာတုန်းကဆို ငါ့ကို ချဉ်းကပ်လာတဲ့
မိန်းကလေးတွေ အားလုံးကို သူပဲ ဖယ်ထုတ်ပေးတာ
တစ်ခါတလေ ရန်မူတတ်တဲ့ အဆင့်ထိပါ လုပ်တတ်တဲ့ အကျင့် ရှိတယ် ''
လေးညို့ရှင် ပြောနေတဲ့ စကားတွေကို ကြားရတော့ အခရာ သူကို့ ဘယ်လောက် ချစ်သလဲ ဆိုတာ
ခန့်မှန်းမိသည်။
"အခရာက မင်းကို တော်တော် ချစ်တဲ့ပုံပဲနော်''
"အင်း အိပ်တော့လေ ငါ အိပ်တော့မယ် ''
"ဒါနဲ့ မင်းကရော အခရာကို မချစ်ဘူးလား ဟင် မချစ်ဘူးလားလို့ ''
ကျွန်တော် အတင်းလိုက်မေးနေပေမယ့် လေးညို့ရှင်က
မျက်လုံး မှိတ်ချလိုက်ကာ ဘာမှ မဖြေတော့ချေ
လေးညို့ရှင်လည်း အခရာကို ဘယ်လို သဘောထားသလဲ ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း သိရမှ ဖြစ်မှာဗျ...
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ဟင် ဒီလူကြီးပါလား ကျွန်တော့်ဆီ လာတာလား''
"ဟုတ်တယ် ကလေး ကိုယ် ကလေးကို အရမ်းလွမ်းနေတာ ပြီးတော့ ကလေး အိမ်ပြန်သွားတာဆို ကိုယ် အိမ်အထိ လိုက်လာချင်တာ ဒါပေမယ့် ကိုယ် မရိုသေရာ ကျမှာ စိုးလို့ ''
"အော် အင်...အင်း ဟုတ်တယ် ကျွန်တော် အဆင်ပြေပါတယ် ''
"အော် တော်သေးတာပေါ့ ကိုယ်က ကလေး တစ်ခုခု
ဖြစ်နေမှာ စိုးရိမ်နေတာ ''
ကုမ္ပဏီ အရှေ့မှာ လွန်းဘွဲ့မောင်က ကျွန်တော့်ကို
လာတွေ့တာကြောင့် စကား ရပ်ပြောနေမိသည်။
လွန်းဘွဲ့မောင်ကို ကြည့်ရတာ ကျွန်တော့်ကို တော်တော်
စိတ်ပူနေပုံ ရသည်။ စကားတွေ အများကြီး ပြောပြီးနောက် အိမ်ကို လိုက်ပို့ပေးမည် ဆိုတာကြောင့် အသည်းအသန် ငြင်းရသေးသည်။ ထိုစဉ် ကုမ္ပဏီထဲက ဦးဂုဏ်ရှင်နဲ့
လေးညို့ရှင်က ထွက်လာတာ မြင်တော့လည်း သူ့ကို
အမြန်ထွက်သွားဖို့ ပြောတော့ အူကြောင်ကြောင်လေးနဲ့ ထွက်သွားပေးရှာသည်။ တကယ်ပါ လွန်းဘွဲ့မောင်က
ကျွန်တော့်အတွက် အရမ်းကောင်းပေးတဲ့ လူတစ်ယောက်။
"သားမြတ်နိုးရာ အိမ်မပြန်သေးဘူးလား ''
"ဟုတ်ကဲ့ ဦး ပြန်တော့မလို့ပဲ အသိတစ်ယောက်နဲ့
စကားပြောနေလို့ ''
"အော် ဟုတ်လား ''
ဦးဂုဏ်ရှင်ကို အထိုက်အလျောက် စကားပြောနေပေမယ့် အနောက်ကနေ ကျွန်တော့်ကို မျက်မှောက်တွေ ကြုံကာ
ကြည့်နေသော လေးညို့ရှင်ကြောင့် လူက နေရာမှာတင် အငွေ့ပျံချင်စိတ် တဖွားဖွား ဖြစ်ရသည်။ ကြည့်ရတာ ခုနက ကျွန်တော်နဲ့ လွန်းဘွဲ့မောင် စကားရပ်ပြောနေတာ
မြင်သွားဟန် တူသည်။ ဘာလို့ လေးညို့ရှင်က
လွန်းဘွဲ့မောင်ကို အမြင်မကြည်ရတာပါလိမ့်။
"သား ဒဏ်ရာတွေလည်း သေသေချာချာ ဆရာဝန်နဲ့ ပြရဲ့လား''
"အာ ဆေးခန်းတော့ မသွားဖြစ်ပေမယ့် ဆေးတော့
ကောင်းကောင်း ထည့်ပေးပါတယ် ကျွန်တော့်အနာ
မြန်မြန် ကျက်ပြီး ကောင်းမြန်တာကလည်း လေးညို့ရှင် ကျွန်တော့်ကို အသေအချာ ဂရုစိုက်ပေးလို့ပါ''
"ဟင် လေးညို့ရှင်ကလား သား ပြောတော့ သူငယ်ချင်းဆီ ၅ရက်လောက် သွားနေချင်လို့ဆို ဘာလို့ သားမြတ်နိုးရာဆီ ရောက်နေတာလဲ''
"ဟင် မဟုတ်သေးဘူးလေ လေးညို့ရှင်ကို ကျွန်တော့်ဆီ ဦးပဲ လာခိုင်းတာဆို !''
"ဘယ်လို ဦးက သားကို... ''
ူ
"အဖေ အဖေပြောတော ့ သွားစရာ ရှိတယ်ဆို လာဗျာ
နောက်ကျနေတော့မယ်''
ကျွန်တော်နဲ့ ဦးဂုဏ်ရှင် စကားတောင် မဆုံးသေး။
လေးညို့ရှင်က ဦး လက်မောင်းတဖက်ကို ဆွဲသွားကာ ကားပေါ်သို့ အတင်းထိုးတင်နေတော့သည်။ အခု
လေးညို့ရှင်က ဘယ်လိုပုံနဲ့ တူသလဲ သိလား အပြစ်လုပ်ထားလို့ တစ်ယောက်ယောက်က ဆရာမကို ပြန်ပြောပြမည်ကိုကြောက်ပြီး ဖြစ်နေတဲ့ ပုံနဲ့ တူတယ်။ ဦးက
ကျွန်တော် ပြောမှ လေးညို့ရှင်ကျွန်တော့်ဆီ လာနေတာ အခုမှ သိပုံ။ ဒါဆိုလေးညို့ရှင်က ဘာလို့ ကျွန်တော့်ကို
ဦးက စောင့်ရှောင်ခိုင်းတယ် ဆိုပြီး လာပြောရတာပါလိမ့်။ ဘာတွေလဲ ကျွန်တော် ဘာတစ်ခုမှ မနားလည်နိုင်တော့ဘူး။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
"ကျစ် လာပြန်ပြီ နောက်တစ်ခါ လာလို့ရှိရင် Travel Bag ယူသာ လာခဲ့တော့ ''
"ဟာ တကယ်လား ပိုတောင် ကောင်းသေး ဒါဆို ဒီလိုလုပ်မယ်လေ ငါ တစ်ခါတည်း မင်းဆီမှာ အပြီးနေတော့မယ်''
"အော် ဒီလိုလုပ်လို့ ရမလား ငါ ငှါးတဲ့အိမ်က တစ်ယောက်စာလေ ဒါကြောင့် မိုးစက်မှာ အခက်အခဲ ဖြစ်နေလို့
ဒီမှာ နေနေတာ ပြီးတော့ မင်းပါ လာနေမယ် ဆိုရင်
အဆင်မပြေဘူးလေကွာ နေရတာ ကျဉ်းကြပ်နေမှာပေါ့''
"မင်းသာ အဆင်မပြေတာ ငါတော့ မင်း ရှိတဲ့ နေရာတိုင်း နေရတာအဆင်ပြေတယ် ''
ကျွန်တော်ရဲ့ စကားကို ကြားတော့ မြတ်နိုးရာက
ထူးဆန်းစွာ ခေါင်းထောင်ကြည့်လာသည်။ ပြီးတော့
မနားလည်သလို မျက်နှာလေးက ဖြူစင်ဝင်းအိနေတာကြောင့် တခဏ ငေးကြည့်နေမိသည်။
"ဟိတ် ဟိတ် ဒီမျက်နှာကြီး သိပ်ပြီး အိုစာမသွားနဲ့အုံး
ဘာလဲ မင်းချစ်သူ လာရင် အခက်တွေ့မှာ စိုးလို့လား ''
"အာ အာ့လို မဟုတ်ပါဘူး ကိုလွန်းဘွဲ့မောင်နဲ့က
မင်း ထင်နေသလို ဆက်ဆံရေးမျိုး မဟုတ်ပါဘူး ''
"ဟင် မင်းနဲ့ ဟိုလူနဲ့က ချစ်သူတွေ မဟုတ်ဘူးလား မင်းပဲ သူ့ကို ချစ်တယ်ဆို သူ့ကြောင့် ငါနဲ့ နိုင်ငံခြားကိုတောင်
မလိုက်နိုင်တာမလား ပြော မြတ်နိုးရာ ငါ မေးတာ ဖြေစမ်း ''
သိချင်ဇောနဲ့ မြတ်နိုးရာ ပခုံးကို ဆွဲကိုင် လှုပ်ရမ်းကာ
မေးတော့ ကျွန်တော့်ကို တွေတွေလေး ကြည့်လာကာ
ခေါင်းလေး ငုပ်ပြလိုက်သည်။
"ဟုတ်တယ် လေးညို့ရှင် ငါနဲ့ ကိုလွန်းဘွဲ့မောင်က ဘာမှ မပတ်သက်ပါဘူး ဆယ်ကျော်သက်အရွယ်မို့ ရင်ခုန်တာပဲ ရှိတာပါ ပြီးတော့ မင်းနဲ့ နိုင်ငံခြား မလိုက်နိုင်တာကလည်း ကိုလွန်းဘွဲ့မောင်နဲ့ ဘာမှ မဆိုင်ဘူး ငါ့ဘာသာ
ဆုံးဖြတ်လိုက်တာပါ''
"ဟင် ဒါဆို မင်းနဲ့ သူက ဘာမှ မဟုတ်ဘူးပေါ့ မနေ့က ဘာလို့ သူက မင်းကို လာကြိုတာလဲ''
မနေ့က ကုမ္ပဏီအရှေ့မှာ မြတ်နိုးရာနဲ့ လွန်းဘွဲ့မောင် စကားရပ်ပြောနေကြတာ ကျွန်တော် မြင်သည်။ ဘာပဲလုပ်လုပ် ထိုမြင်ကွင်းက မျက်လုံးထဲ အမြဲ ဝင်နေလို့
ဘာအလုပ်မှ ကောင်းကောင်းတောင် မလုပ်နိုင်ခဲ့ဘူး။
"အော် ဒါလား သူက ငါ အဆင်ပြေရဲ့လား လာကြည့်တာပါ ရှင်းရှင်းပြောရရင် ငါ သူ့ကို လက်လည်းလက်မခံသေးသလို ခေါင်းလည်း မငြိမ့်ရသေးဘူး''
"ဒါဆို မင်း သူ့ကို ဘယ်လို သဘောထားသလဲ ''
"ငါ..ငါ မသိဘူး! "
မြတ်နိုးရာက တကယ်လို့ လွန်းဘွဲ့မောင်ကို မချစ်ဘူးဆိုရင် ခပ်ပြတ်ပြတ် တစ်ခါတည်း ငြင်းရမှာပေါ့ အခုတော့ ဒီမေးခွန်းလေး ဖြေရတာတောင် တွေဝေနေပြီ။ ရွေးချယ်စရာများလို့ တွေဝေနေတာလား မဆုံးဖြတ်နိုင်လို့ တွေဝေနေတာလား အခြားအကြောင်းအရာကြောင့် တွေဝေနေတာလား ဆိုတာတော့ ကာယာကံရှင် တစ်ယောက်သာ သိမှာ။ ကြားချင်တဲ့ အဖြေမျိုး မကြားရတာမို့ ထပ်မေးရန် ပြင်လိုက်စဉ် ခုတင်ပေါ်က အဝတ်အစား အနည်းငယ် ထည့်ထားပြီး ပွင့်နေသော ခရီးဆောင်အိတ်လေးကြောင့် စိုးရိမ်မှုနဲ့အတူ ဒေါသက ပါလာ၍
"ပြော ဘယ်သွားမလို့လဲ ငါ ဒီကို ခဏခဏ လာနေလို့
အဆင်မပြေဘူးလား ဒါကြောင့် အခုလို ထွက်သွားမလို့
ပြင်နေတာမလား ဘာလဲ ငါ့မျက်နှာကို မြင်ရမှာ
သေမလောက် ကြောက်နေတာလား ဟုတ်လား မဟုတ်မှ ဟိုလူနဲ့ ဘာမှ မပတ်သက်ပါဘူးလို့ လိမ်ပြောပြီး သူက
မင်းကို သူနဲ့အတူ လာနေခိုင်းတာမလား ပြောစမ်း မြတ်နိုးရာ ''
"အင့် မဟုတ်ဘူး ငါ့ကို အရင်လွှတ် ''
ပခုံးနှစ်ဖက်ကို ကြမ်းတမ်းစွာ ဆွဲကိုင်လှုပ်ရမ်းနေတဲ့
ကျွန်တော်ကြောင့် ခေါင်းလေး မူးနောက်သွားသလို
နားထင်လေးကို လက်ဖြင့် ဖိကာ တွန်းလာတော့ အရင်ကထက် ပိုတိုးဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့
သူ့ကိုယ်လုံးလေးက ရင်ခွင်လေးထဲ ကွက်တိ ဝင်လာသည်။
"ဖြေ ငါ မေးတာ အရင်ဖြေ ပြီးမှ ငါ လွှတ်ပေးမယ် ''
"ကျစ် မနက်ဖြန် ကုမ္ပဏီက ဘုရားဖူးသွားမလို့ ''
"ဘာ! "
"ငါ ဘယ်ကိုမှ မထွက်သွားဘူး ကုမ္ပဏီက လုပ်တဲ့ ဘုရားဖူးကို လိုက်မလို့ အဝတ်အစားတွေ ပြင်နေတာ ''
"ဟင် ဘုရားဖူး ရှိတယ် ဘာလို့ အဖေက ငါ့ကို ဘာမှ
မပြောရတာလဲ ''
"မင်းက ကုမ္ပဏီကို စိတ်ဝင်စားဖူးလို့လား ''
စီးပွားရေးကိစ္စဆိုရင် ကိုယ်နဲ့ ဘာမှ မပတ်သက်သလို
တစ်သက်လုံး နေလာခဲ့တဲ့ ကျွန်တော်က အခုကျမှ ကုမ္ပဏီက ကိစ္စတိုင်းကို သိချင်လာတယ်လို့ ပြောရင် ထူးဆန်းနေမလား။ ဒါပေမယ့် အသေးလေးက ကျွန်တော့်ဆီက
ထွက်သွားမှာ မဟုတ်ဘူး ဆိုတာ သိတာနဲ့တင် လူက ဝမ်းသာနေလှပြီ။
"ငါလည်း ဘာတစ်ခုမှ မသိရပါလား ''
"မင်း အစကတည်းက သေသေချာချာ မေးပါလား တစ်ခုခုဆို ကိုယ့်ဘာသာ တစ်ယောက်တည်း အတွေးတွေနဲ့
လုပ်ချင်တာလုပ်တယ် ''
ခုနက ကျွန်တော့်ရဲ့ အပြုအမူကို စိတ်ပြေသေးပုံ မပြေသေးသည့် မြတ်နိုးရာက ဒေါသထွက်ကာ အော်ငေါက်နေလေသည်။
"ဘုရားဖူး သွားမှာက ဘယ်နေ့လဲ ''
"မနက်ဖြန်! "
ကျွန်တော့်ကို ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ မေးတာတော့ ပြန်ဖြေတာမို့ ခိုးပြုံးနေမိသည်။ ချစ်စရာကောင်းလိုက်တာဗျာ ကျွန်တော့်အသေးလေးက...
"အင်း ငါလည်း စင်ကာပူက ပြန်လာပြီးကတည်းက
ခရီးမထွက်ရတာ ကြာပြီ မနက်ဖြန် ငါလည်း လိုက်မယ် ''
"ဘယ်လို! "
ကျွန်တော် အိပ်မက်တွေထဲက တစ်ခုကို ပြောပြပါဆိုရင်
ချစ်ရသူနဲ့ ခရီးအတူတူ သွားချင်တာက ထိပ်ဆုံးက ပါသည်။ အခုတော့ ချစ်ရသူ ဆိုပေမယ့် မဆိုင်သေးတဲ့ အသေးလေးနဲ့ပေါ့...
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက်ရန်
ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။
အားလုံးကျေးဇူးတင်ပါတယ်ရှင်
👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑