I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 2
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 16
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 20
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
I can only imagine 31
ဒါဒါတို႔ေရ😘
I can only imagine 32
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 17

2K 181 9
By Monepannmyau

I can only imagine 🐦Part 17🐦

"အင့္ ညအိပ္ဝတ္စံု မင္းနဲ႔ ေတာ္ပါ့မလား မသိဘူး ဟို
ၿပီးေတာ့ အသစ္ မဟုတ္ဘူး ငါ ဝတ္ထားတဲ့ဟာေတြထဲကပဲ မင္း အဆင္ေျပရဲ႕လား အဆင္မေျပရင္ အသစ္တစံု သြားဝယ္ေပးမယ္ ''

"ရပါတယ္ ေတာ္ပါၿပီ ေပး အာ့ဒါပဲ ဝတ္လိုက္မယ္''

ျမတ္ႏိုးရာ လက္ထဲက ေခါက္ရိုးက်ိဳးေနတဲ့ အက်ီကို ယူ၍ လွဳိက္ကာအခန္းေလးထဲ ဝင္လွဲ၍ အျပင္ထြက္လာေတာ့ ကြၽန္ေတာ္ပံုကို ၾကည့္ကာ ျပံဳးစိစိ ျဖစ္ေနေသာ
ျမတ္ႏိုးရာေၾကာင့္ မေနတတ္ ျဖစ္ရသည္။

"ဘာလဲ ဘာလို႔ ျပံဳးေနတာလဲ အဆင္မေျပလို႔လား ''

"ဟင္ ခိခိ မဟုတ္...  အဟမ္း မဟုတ္ပါဘူး အဆင္ ခ္ခ္ ေျပ..ေျပပါတယ္ ''

ဟုတ္ေတာ့ မဟုတ္ေသးပါဘူး အဆင္ေျပတယ္လဲ
ေျပာေသး တခ္ခ္ ရယ္ေနတဲ့ သူက ကြၽန္ေတာ့္ကို ၾကည့္၍ ရယ္ခ်င္သည့္ စိတ္ကို မနည္း ၿမိဳသိပ္ထားရပံု။ မယံုသကၤာခါနဲ႔ ကိုယ္လံုးေပၚ မွန္ႀကီးေ႐ွ႕ သြားရပ္၍ ၾကည့္လိုက္ေတာ့ အက်ီက သူဆိုဒ္မို႔ ေသးလည္း ေသးသည့္အျပင္
အေရာင္က Hello Kitty အပန္းေရာင္ေလးက
ျမင္သူတုိင္း အဆန္းျဖစ္ေနရသည္။ ကြၽန္ေတာ္လို ဗလေတာင့္ေတာင့္ ေယာက်ာ္း ပီသၿပီး ထြားႀကိဳင္းလြန္းတဲ့
ခႏၶာကိုယ္နဲ႔ ဒီလို အဝတ္အစားက နည္းနည္းေလးမွ
ပနံမသင့္လွ။ ဒါေပမယ့္ ကြၽန္ေတာ့္ေၾကာင့္ တခ္ခ္
ရယ္ေနေသာ ျမတ္ႏိုးရာကို ၾကည့္၍ အျခားအကီ်
ေျပာင္းဝတ္ရန္ မစဥ္းစားေတာ့။ အနည္းဆံုးေတာ့
ကြၽန္ေတာ့္ေၾကာင့္ ပထမဆံုး ရယ္ျပံဳးေနတာ ေတြ႔ဖူးတာေပါ့ေလ။ ဘယ္လိုလဲ ကြၽန္ေတာ္ ေတာ္တယ္မလား။

" အင္း မွန္ထဲမွာ ၾကည့္လိုက္ေတာ့ ငါ ေတာ္ေတာ္
ေခ်ာလာတာပဲ ဟုတ္တယ္မလား ျမတ္ႏိုးရာ ''

"ဟီးဟီး အင္း အင္း ေခ်ာတယ္ ခ္ခ္''

"အင္းေလ အာ့လိုပဲ ျဖစ္ရမယ္ ဆံပင္ေလးေထာင္ၾကည့္လိုက္ေတာ့ အမယ္ ဒီေခတ္က ေမာ္ဒယ္မင္းသားေတြေတာင္ အ႐ႈံးေပးရေလာက္တယ္ ေနာ္ ''

"ဟားဟား ဟုတ္..ခိခိ ဟုတ္တယ္ ''

အပန္းေရာင္ ညအိပ္ဝတ္စံုႀကီးနဲ႔ သူ ေပ်ာ္ေအာင္
ေပါျပေပးရတာ ကြၽန္ေတာ္အဖို႔ ပင္ပန္းလြန္းလွသည္။ ဒါေပမယ့္ သူ႔ရယ္သံေလးေျကာင့္ ဘယ္ေလာက္ပဲ
ပင္ပန္းေန ပင္ပန္းေန တက္ႂကြေနခဲ့ေပသည္။ မင္း ဆိုတဲ့ ေကာင္ေသးေသးေလးက တကယ့္ကို ျပဳစားႏိုင္ရက္လြန္းတယ္ ျမတ္ႏိုးရာ...

"ဘာလဲ မင္းက ဘာလို႔ ငါ့ကို  ရယ္ေနတာလဲ
ငါ ေျပာတာ မဟုတ္လို႔လား ''

"ဟင္ မဟုတ္..မဟုတ္ပါဘူး ''

အသည္းအသန္ ျငင္းလႊတ္ေနတဲ့ အႏွီးေကာင္ေလးကို
မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနလိုက္ေတာ့
ပါးအစ္အစ္ေလးက နီရဲလာေလသည္။ ထို႔ေနာက္ သူက

"ဟို မင္း ဒီမွာပဲ အိပ္လိုက္ေနာ္ ငါ ဟိုထိုင္ခံုေပၚမွာ
အိပ္လိုက္မယ္ ''

"မင္းက ဒဏ္ရာရထားတဲ့သူ ဆိုတာ ေမ့ေနၿပီလား ငါကေရာ မင္းကိုဟိုေပၚမွာအိပ္ခိုင္းမယ္လို႔မ်ားထင္ေနတာလား''

"ဟင္ဒါဆိုမင္းကဘယ္မွာအိပ္မွာလဲ''

"မင္းနဲ႔! "

"ဟမ္း! "

"အင္းေလ ဘာလဲ မင္းခုတင္က အရမ္းမက်ဥ္းပါဘူး
ႏွစ္ေယာက္စာေလာက္ေတာ့ ဆံ့ပါတယ္ မင္း ငါနဲ႔
မအိပ္ဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္ ငါတို႔ ငယ္ငယ္တုန္းက
မင္းေၾကာင့္ ဒဏ္ရာရဖူးတာ အတူတူ အိပ္ဖူးၾကေသးတာပဲ အာ့ဒီအခ်ိန္တုန္းကဆို မွတ္မိပါေသးတယ္ မင္းက
ငါ့ရင္ခြင္ထဲမွာ ပါးစပ္ေလး ဟၿပီး ပံုပံုေလး အိပ္ေပ်ာ္ေနတာေလ ''

"ဟို ငါ.. ငါက ႐ုန္းပါေသးတယ္ အိပ္..အိပ္ေပ်ာ္သြားလို႔ရယ္''

ငယ္ဘဝအတိတ္ေတြကို ျပန္ေျပာျပေနရင္း ႐ွက္ေနတတ္ေသးသည့္ ေကာင္ေသးေသးေလးကို ၾကည့္၍
ကြၽန္ေတာ္ ပါးစပ္က နားရြက္တက္ခ်ိတ္ေတာ့မတတ္
ျပံဳးေနမိသည္။ ထို႔ေနာက္ ကြၽန္ေတာ္ အရင္ ခုတင္ေပၚ တက္လိုက္ၿပီး လက္ႏွစ္ဘက္ ပိုက္လာကာ မ်က္လုံး
စံုမွိတ္လိုက္ေတာ့ သူက ေၾကာင္ေၾကာင္ေတာင္ျဖင့္
ခုတင္ေပၚပဲ တက္ရမလို အျခားမွာပဲ သြားအိပ္ရမလို
စဥ္းစားရၾကပ္ေနသည္။

"လာေလ တညလံုး ထိုင္ေနေတာ့မွာလား ''

"ဟင္ ေအာ္ မဟုတ္ပါဘူး လာၿပီ လာၿပီ''

တခဏၾကာေတာ့ ခုတင္ေပၚ လာလွဲသည့္ ႏူးညံလွေသာ အထိအေတြ႔ေၾကာင့္ ကြၽန္ေတာ့္မွာ ႀကိတ္ျပဳံးရေသးသည္။ ခုတင္က တစ္ေယာက္စာႀကီးကို ႏွစ္ေယာက္ တက္အိပ္ေနေတာ့ က်ဥ္းၾကပ္သလို ခံစားရေပမယ့္ ေႏြးေထြးမႈကို
အျပည့္အဝ ခံစားရသည္။ ဒီလို ေႏြးေထြးမႈမ်ိဴး မရခဲ့တာ အေတာ္ၾကာၿပီမလား။ ထိုစဥ္ ကြၽန္ေတာ္ နံေဘးက
ေကာင္ေသးေသးေလး၏ စကားသံ ေသးေသးေလးက
ထြက္ေပၚလာေလသည္။

"ေလးညိဳ႕႐ွင္ အိပ္ၿပီလားဟင္''

ကြၽန္ေတာ္ ဘာစကားမွ ျပန္မေျပာေတာ့ သူက
အိပ္ေပ်ာ္သြားၿပီအထင္နဲ႔ ပက္လက္လန္အိပ္ေနတဲ့ သူက ကြၽန္ေတာ့္ဘက္ မ်က္ႏွာမူလိုက္၍

" ႏိုင္ငံျခားမွာ မင္းတစ္ေယာက္တည္း အရမ္းပင္ပန္းခဲ့လားဟင္ မင္းေတာ့ အဆင္ေျပလား မသိေပမဲ့ ဒီမွာ
က်န္ခဲ့တဲ့ ငါက မင္းမရွိေတာ့ အရမ္းပင္ပန္းတယ္
မင္းလည္း ငါ့လိုပဲလားဟင္ .... ေတာင္းပန္ပါတယ္ မင္းနဲ႔ စေတြ႔ကတည္းက ငါကပဲ မင္းကို ေတာင္းပန္တယ္ ဆိုတဲ့ စကားကို အႀကိမ္ႀကိမ္ ေျပာေနမိလို႔ အခုဆို ငါ့ကို
စိတ္ပ်က္ေနေလာက္ေရာေပါ့ တစ္ခါတေလ ျပတ္သားတတ္တဲ့ မင္းစိတ္ကို မနာလိုျဖစ္ခဲ့ဖူးတယ္ ဘာလို႔ဆို ငါက
မျပတ္သားတတ္လို႔ေလ လုပ္ခ်င္တာနဲ႔ လုပ္ေနတာေတြက ဘယ္ေတာ့မွ တစ္ထပ္တည္း မက်ခဲ့ဘူး ေတာင္းပန္ပါတယ္ မင္းကို မေရြးခ်ယ္မိခဲ့လို႔ တကယ္ ေတာင္းပန္ပါတယ္.... ''

အတန္ၾကာတဲ့အထိ ဘာစကားမွ မၾကားရေတာ့တာေၾကာင့္ အိပ္ေပ်ာ္ေယာင္ေဆာင္ေနေသာ ကြၽန္ေတာ္က
မ်က္လုံးေလး ဖြင့္ၾကည့္လိုက္ေတာ့ ေကာင္ေသးေသးေလးက မ်က္ရည္ေလး က်ကာ ပါးစပ္ေလး ဟ၍
အိပ္ေပ်ာ္ႏွင့္ေလၿပီ။ ထိုေတာ့မွ သူေခါင္းေအာက္
လက္ေမာင္း ထိုးသြင္းကာ ရင္ခြင္ေလးထဲ ဖက္လိုက္ထားေတာ့ သူက အလိုက္သင့္ ပါလာၿပီး ကြၽန္ေတာ့္ခါးကို ျပန္လည္ ဖက္တြယ္ထားေလသည္။

"အေသးေလး ဟက္ အာ့ဒါ ေမာင္ ေပးတဲ့ မင္းရဲ႕
နာမည္ေလး ဒီတခါ ေမာင္က ပံုျပင္ ေျပာရမယ့္
အလွည့္ေပါ့ နားေထာင္ေနာ္ အေသးေလး ေမာင္ ဘဝမွာ ပထမဆံုး တုန္လႈပ္ဖူးတဲ့ ေန႔က အေသးေလးက ဟိုလူ
လြန္းဘြဲ႔ေမာင္ကို ရင္ခုန္တယ္လို႔ ေျပာတဲ့ ေန႔ပဲ
အေသးေလး မွတ္မိမလား မသိေပမဲ့ ေမာင္က
အေသးေလးနဲ႔ ပတ္သက္လာရင္ အကုန္ မွတ္ထားတယ္ ဦးေႏွာက္နဲ႔ မွတ္ထားတာ မဟုတ္ဘူး ႏွလုံးသားမွာ... ဦးေႏွာက္ ဆိုတာ မွတ္ထားစရာေတြ မ်ားသြားရင္
ေမ့ရင္ေမ့သြားႏိုင္တယ္ ဒါေပမယ့္ ႏွလုံးသားကေတာ့
ေမာင္ အသက္႐ႈေနသေရြ႔ ဘယ္ေတာ့မွ မေမ့ဘူး အင္း ဆက္ေျပာမယ္ေနာ္ ေမာင့္စိတ္နဲ႔ဆို ဒီအခ်ိန္ကတည္းက အေသးေလးနဲ႔ လြန္းဘြဲ႔ေမာင္ ျပတ္သြားေအာင္ လုပ္မိတာ ၾကာလွၿပီ ဒါေပမယ့္ မၾကာခင္မွာ ေမာင္နဲ႔ ႏိုင္ငံျခားမွာ
ေက်ာင္းအတူတူ တက္ရင္ သူ႔ကို ေမ့သြားမွာပါ ဆိုၿပီး
ေမာင္ ဒီတိုင္း ထားခဲ့တယ္ ကံၾကမၼာက ေမာင္ဘက္မွာ
မရွိဘူးနဲ႔ တူပါတယ္ အေသးေလးက ေမာင့္ရင္ကို ခြဲဖို႔
လုပ္လာတယ္ အေသးေလးကို မုန္းခ်င္စိတ္နဲ႔ ႏိုင္ငံျခားကို အျမန္ ထြက္သြားခဲ့ေပမယ့္ ဒီမွာ အေသးေလးနဲ႔ ဟိုလူ
ဘယ္လိုေတြ ခ်စ္ေနမလဲ ဆိုၿပီး အျမဲ ေတြးပူေနခဲ့ရတာ
အဆံုးထိ ေျပာရရင္ ေမာင့္ဘဝပ်က္တဲ့အထိ ဆိုးသြမ္းဖူးတယ္လို႔ ေျပာရင္ အေသးေလး မုန္းမွာလားဟင္ အင္း
ညနက္ေနၿပီ ပံုျပင္ေလးကို ေနာက္မွပဲ ေျပာျပေတာ့မယ္ ေမာင့္အေသးေလးက အိပ္ေပ်ာ္ေနလိုက္တာ အဟက္
ၾကည့္ပါအုံး ေဟာက္သံေလးေတာင္ ထြက္လို႔
အိပ္မက္လွလွမက္ပါေစ အေသးေလး ေမာင္ ႀကိဳေတာင္းပန္ပါရေစ ႏိုးလာရင္ ေမာင္ ဒီလို ဆက္ဆံေပးလို႔ မရေတာ့ဘူး ခ်စ္တယ္ အေသးေလး ရႊတ္ ေမႊးလိုက္တာကြာ ''

"အီ အင့္..''

အသဲယားလြန္းလို႔ အရင္ကထက္ တိုးဖက္လိုက္ၿပီး
ငိုထားလို႔ ထင္ပါရဲ႕ ပါးအိအိေလးက နီရဲေနျပီးရႊတ္ခနဲ
နမ္းျပစ္လိုက္ေတာ့ အသက္႐ႈၾကပ္လို႔ထင္ရဲ႕ အသံေသးေသးက ထြက္လာၿပီး မႏိုးပဲ ျပန္အိပ္ေပ်ာ္သြားေလသည္။ ထိုညက နားေထာင္သူ မရွိတဲ့ ပံုျပင္ေလးဟာ လ်ိဳ႕ဝွက္ခ်က္ေပါင္းမ်ားစြာက ေလထုထဲသို႔ ပ်ံႏွံ႔သြားေလသည္။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

မိုးစက္

အိပ္ရာက ႏိုးလာေတာ့ မနက္ ၆နာရီသာ ရိွေသးတာမို႔
သမ္းေဝးကာ ထလိုက္ၿပီး အိပ္ရာကို စနစ္တက်
ေခါက္သိမ္း၍ တဖက္ခုတင္ေပၚ ၾကည့္လိုက္ေတာ့
ျမင္မိသည့္ မ်က္လုံးကပဲ မွားတာလား ဆိုတဲ့ အေတြးနဲ႔
လက္ႏွစ္ဘက္ကို မ်က္လုံးႏွစ္လုံးနဲ႔ ပြတ္တိုက္ၿပီး
အေသအခ်ာ ျပန္ၾကည့္လိုက္ရာ ျမင္ကြင္းက မေျပာင္းလဲသြား။ ေလးညိဳ႕႐ွင္နဲ႔ ျမတ္ႏိုးရာက တစ္ေယာက္ကိုတစ္ေယာက္ အေသအခ်ာ ေပြ႔ဖက္၍ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
အိပ္ေမာက်ေနေလသည္။

"အမေလး ႏွစ္ေယာက္သား တည့္မ်ား မတည့္လို႔ေနာ္
ဖက္အိပ္ေနၾကတာ တကယ့္လင္မယား အဲ လင္လင္ အတိုင္းပဲ ဟီး ''

ကိုယ့္ အေျပာကို ကိုယ္ တစ္ေယာက္တည္း သေဘာက်ကာ မ်က္ႏွာသစ္ ေရခ်ိဳးျခင္းအမႈကို ၿပီးစီးေအာင္
အရင္လုပ္လိုက္သည္။ ၿပီးသြားလို႔ အျပင္သြားဖို႔
အဝတ္အစား လွဲၿပီးတာေတာင္ အိပ္ရာက မထၾကေသးသည့္ သူတို႔ႏွစ္ေယာက္ကို မႏိုးေတာ့ပဲ တစ္ေယာက္ထဲ
အျပင္ထြက္လာခဲ့စဥ္ အိမ္တံခါးဝ၌ ငုတ္တုတ္ေလး
ထိုင္ကာ ေစာင့္ေနေသာ လြန္းဘြဲ႔ေမာင္အား ျမင္ေတာ့မွ တံခါးကို အျမန္ပိတ္ကာ သူ႔အနားသုိ႔ သြားရပ္၍

"အကို ဒီမွာ ဘာလုပ္ေနတာလဲ ''

"ဟင္ ညီပဲ ညက အကို႔ဆီကို Message ပို႔ထားတယ္မလား သူခိုးတက္လို႔ဆို ၿပီးေတာ့ ကေလးမွာလည္း ဒဏ္ရာ ရသြားေသးတယ္ဆို အာ့ဒါ ကိုယ္ စိတ္ပူလို႔ ညက
ဖုန္းေတာင္ မဖြင့္လိုက္ရလို႔ မသိလိုက္ဘူး ေစာေစာသာ သိရင္ ကိုယ္ အေျပးလာခဲ့မိမွာ အခု ကေလးေရာ
အဆင္ေျပရဲ႕လား ''

အကိုက ကြၽန္ေတာ့္ကို တြန္းဖယ္ကာ အိမ္ထဲ ဝင္မယ္
လုပ္ေနေတာ့ အတင္းဆြဲထားရသည္။ မေတာ္လို႔ အထဲကို ဝင္သြားခဲ့ရင္ အတူတူ အိပ္ေပ်ာ္ေနၾကတဲ့ ျမတ္ႏိုးရာတို႔ကုိ ၾကည့္ၿပီး အကိုလည္း စိတ္ညစ္သြားႏိုင္သလို
ေလးညိဳ႕႐ွင္နဲ႔လည္း ျပသနာ ျဖစ္ႏိုင္သည္မလား။

"ခဏ..ခဏေလး အကို ျမတ္ႏိုးရာက ဒီမွာ မရွိဘူး ညကတည္းက သူ႔မိသားစုက စိတ္မခ်လို႔ လာေခၚသြားၾကၿပီ''

"ဟင္ ဟုတ္လား ကေလး အဆင္ေျပရဲ႕လား ဒဏ္ရာေတြကေရာ မ်ားလားဟင္''

ျမတ္ႏိုးရာကိုပဲ စိုးရိမ္တႀကီး ေစတနာနဲ႔ ေမးေနေသာ အကို႔ေၾကာင့္ လိမ္ရမွာပင္ စိတ္က မသန္႔။

"ဟင့္အင္း မမ်ားဘူး လက္မွာပဲ နည္းနည္းေလး ထိသြားတာပါ ဒါေၾကာင့္ စိတ္ပူစရာမလိုဘူး အကို ''

"ဟူး ေတာ္ပါေသးရဲ့ ကိုယ္ စိတ္ပူေနတာ ဒါနဲ႔ ညီကေရာ အဆင္ေျပလား ''

ကြၽန္ေတာ္ကို ဂ႐ုတစိုက္ ေမးေဖာ္ရေသးလို႔ စိတ္ထဲကေန ေက်းဇူးတင္ေနမိသည္။

"ဟုတ္ ကြၽန္ေတာ္ အဆင္ေျပပါတယ္ ''

"အင္း ဒါနဲ႔ အခု အလုပ္သြားမွာမလား ကိုယ္
လိုက္ပို႔မယ္ေလ''

လမ္းေဘး၌ ရပ္ထားေသာ ကားအျဖဴေရာင္ေလးကို
ျမင္လိုက္ရာ အံျသမင္သက္၍ အကို႔ကို ၾကည့္လိုက္ေတာ့ အကိုက ျပံဳးျပကာ

"ဘာလဲ ကိုယ့္ကို အရမ္းအထင္ႀကီးသြားၿပီလား ညီ
ဟားဟား အရမ္းအထင္မႀကီးပါနဲ႔အံုးဗ်ာ ဒီကားေလးက အရစ္က်နဲ႔ ဝယ္ထားတာပါ ''

"ဘယ္လိုပဲျဖစ္ျဖစ္ အကို ဝယ္ႏိုင္ေတာ့မွာပဲေလဗ်ာ ကြၽန္ေတာ္တို႔ကေတာ့ အခုထိ အလုပ္ေတာင္ မယ္မယ္ရရ မရွိေသးဘူး ''

မ်က္ႏွာေလး ညိွွဳးႏြမ္းကာ ဆိုလိုက္ေတာ့ အကိုက ပခံုးကို ဖ်စ္ညစ္ၿပီး

"ဒီလို စိတ္ဓာတ္ က်ေနလို႔ ျဖစ္မလား ႀကိဳးစားရမွာေပါ့
ကိုယ္လည္း ဒီလို အေျခအေနမ်ိဳး ဗုန္းခနဲ ဆိုၿပီး မိုးေပၚက က်လာတာ မဟုတ္ဘူးေလ ''

"ဟုတ္ ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္ ''

"အင္း ေကာင္းတယ္ ညီ ဒါဆို ကိုယ္တို႔ သြားၾကရေအာင္ ''

လြန္းဘြဲ႔ေမာင္ ကိုယ္တိုင္ ကားတံခါး ဖြင့္ေပးေတာ့
ကြၽန္ေတာ္လည္း ေစြ႔ခနဲ တက္ထိုင္လိုက္သည္။ အင္း ကားေလးက စီးလို႔ ေကာင္းလိုက္တာ ကြၽန္ေတာ္ ပိုက္ဆံ မ်ားမ်ား ႐ွာၿပီးရင္ ဒီလို ကားမ်ိဳး ဝယ္စီးရမယ္ ဟီး ဇိမ္က်လိုက္တာ....

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"အင့္ အီ ဟင္ ေလး..ေလးညိဳ႕႐ွင္! "

ေလးညိဳ႕႐ွင္ ပတ္သက္ၿပီးေနာက္ ဒုတိယအႀကိမ္
လန္႔ျဖတ္မႈ။ ပထမအႀကိမ္က ဟိုးငယ္ငယ္ေလးကေပါ့
ကြၽန္ေတာ္ေၾကာင့္ ေလးညိဳ႕႐ွင္ ဓားထိုးခံရစဥ္က သူ႔ကို ညအိပ္ေစာင့္ေပးတာ ကိုယ္ပါ သူနဲ႔ အတူတူ ခုတင္ေပၚမွာ အိပ္ေပ်ာ္သြားတုန္းက အိပ္ရာႏိုးႏိုးခ်င္း သူ႔မ်က္ႏွာ
ခန္႔ေခ်ာႀကီးေၾကာင့္ ထိတ္လန္႔မႈနဲ႔အတူ ရင္ပါ လႈိက္ဖိုရသည္။ အခုခ်ိန္မွာေတာ့ ေလးညိဳ႕႐ွင္  မ်က္လုံးေတြက
ျဖည္းညင္းစြာ ပြင့္လာ၍ ကြၽန္ေတာ့္ကို ၾကည့္လာသည္။ ကြၽန္ေတာ္က အခုထိ သူ႔ရင္ခြင္ထဲမွာ ပံုပံုေလး အိပ္လို႔
ေကာင္းေနဆဲ။

"သက္သာသြားၿပီးလား''

"ဟင္! "

"လက္က ဒဏ္ရာကုိ ေျပာတာ သက္သာလားလို႔''

"အာ အင္း နည္းနည္းေလးေတာ့ သက္သာသြားၿပီ''

တဆစ္ဆစ္ ကိုက္ခဲေနတာက လြဲလို႔ေပါ့။

ကြၽန္ေတာ္ ကုန္း႐ုန္းထလိုက္ၿပီး သူ႔ကို အေပၚစီးကေန
ၾကည့္၍

"မိုးစက္ေတာင္ အလုပ္ သြားၿပီ မင္းလည္း
အိမ္ျပန္ေတာ့ေလ ငါလည္း ကုမၸဏီ သြားရအံုးမယ္''

"ကုမၸဏီ သြားမယ္ ဆိုတာက ဒီလို ပံုစံနဲ႔လား က်စ္ ဒဏ္ရာ သက္သာမွ သြား ငါ ညကတည္းက အေဖ့ဆီ
ဖုန္းဆက္ေပးၿပီးၿပီ''

"ဟင္ ဒါဆို ငါ ဓားထိုးခံရတာ ဦး သိသြားၿပီေပါ့
မင္းကလည္း ဦး စိတ္ပူေနပါအံုးမယ္''

"ရတယ္ ငါ ေသေသခ်ာခ်ာ ေျပာျပထားၿပီးၿပီ စိုးရိမ္စရာ
မလိုဘူးလို႔ ၿပီးေတာ့ ဒီရက္ပိုင္း အိမ္ျပန္မလာနဲ႔ေတာ့
မင္းကို ျပဳစုေပးလို႔ ငါ့ကို အေသအခ်ာ မွာလိုက္တယ္
အေဖ့စကား နားေထာင္ရမယ္ ''

ဦးနဲ႔ဆို ေလးညိဳ႕႐ွင္က အျမဲ ဘုကလန္႔ တိုက္ေနၾကတာ အခုက်ေတာ့ ဦး စကား နားေထာင္ရမယ္တဲ့။ အာ့ဒီ ေလးညိဳ႕႐ွင္ဟာေလ သူမ်ားကို ဒုကၡေပးရမယ္ဆုုိ ေ႐ွ႕ဆံုး။
လက္ေပၚက ပတ္တီးကို ၾကည့္ၿပီး ဆဲဆိုေနမိသည္။ အဟင္း သူ႔ေၾကာင့္ေပါ့...

"က်စ္ ၿပီးေရာ ၿပီးေရာ ငါ မ်က္ႏွာ သြားသစ္လိုက္အံုးမယ္''

ငွါးထားတဲ့ အိမ္ေလးက သစ္သားအိမ္ေလးမို႔ ကိုယ္ပိုင္
ေရခ်ိဳးခန္း ဆိုတာလည္း မရွိ။ စဥ္အိုးေလးထဲ ေရခပ္၍
မ်က္ႏွာ သစ္မလို လုပ္ေတာ့ ဒဏ္ရာရထားတဲ့ လက္က
ဘယ္လိုမွ အဆင္မေျပ။ သန္တာက ညာလက္
ထိုလက္မွာပဲ ဒဏ္ရာက ျဖစ္ေတာ့ တစ္ကိုယ္ေရသန္႔႐ွင္းမႈကိုေတာင္ ေျဖာင့္ေျဖာင့္တန္းတန္း မလုပ္ႏိုင္။ ထိုစဥ္
အိမ္ေပၚက ဆင္းလာေသာ ေလးညိဳ႕႐ွင္က ကြၽန္ေတာ္
လက္ထဲက ေရခြက္ကို ယူလိုက္ၿပီး

" အဆင္မေျပဘူးဆိုလည္း ေအာ္ေခၚလိုက္ပါလား ဘာလို႔ တင္းခံေနတာလဲ လူက လုပ္ေတာင္ မလုပ္ႏိုင္ပဲနဲ႔''

သြားပြတ္တံအျပာေရာင္ေလးထဲ သြားတိုက္ေဆး
ထည့္ကာ

"ပါးစပ္ဟ... ''

"ဟင္ ဘာလုပ္မလို႔လဲ ရတယ္ ငါ့ဘာသာ လုပ္မယ္ ''

"႐ွည္လိုက္တာ မင္းဟာေလ ပုသေလာက္
အရစ္႐ွည္တယ္ သိလား ငါက ပါးစပ္ ဟဆိုဟလိုက္''

စိတ္မရွည္တတ္တဲ့ သူ႔အက်င့္ကို သိေနေတာ့
မနက္ေစာေစာစီးစီး ရန္မျဖစ္ခ်င္လို၍ အသာတၾကည္ ပါးစပ္ေလး ဟေပးလိုက္ေတာ့ သူက ကြၽန္ေတာ့္ကို
ကေလးေလးလို ဂ႐ုတစိုက္ သြားတိုက္ေပး႐ွာသည္။
ေလးညိဳ႕႐ွင္ မင္းကို ရမယ့္ မိန္းမကေတာ့ တကယ္ ကံေကာင္းမွာ..

" အင့္ ပလုတ္က်င္း ''

"ဖူး... ''

အခုဆို ေလးညိဳ႕႐ွင္က ကြၽန္ေတာ့္ကို သြားလည္း
တိုက္ေပးၿပီးၿပီ မ်က္ႏွာလည္း သစ္ေပးၿပီးၿပီမို႔

" တက္ေတာ့ အေပၚကို.. ေအးတယ္ ''

"အင္း ''

ေလွကားေပၚ တစ္ဆင့္ ႏွစ္ဆင့္ တက္လိုက္ၿပီး
ေလးညိဳ႕႐ွင္ကို ျပန္လွည့္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္
တိုက္ခဲ့တဲ့ သြားပြတ္တံေလးကို သြားတိုက္ေဆး ထည့္ကာ သြားတိုက္ေနေလသည္။ အို ဘုရားေရ သူမို႔ မရြံမ႐ွာ..

" ဟာ ေလး..ေလးညိဳ႕႐ွင္ မင္း အာ့ဒါ ဘာလုပ္တာလဲ
ငါ့သြားပြတ္တံေလ ''

"သိတယ္ အာ့ေတာ့ ဘာျဖစ္လဲ ''

"ဘာျဖစ္ရမွာလဲ မင္း မရြံဘူးလား''

"က်စ္ မေန႔ညကတည္းက မင္းဆီ အေလာတႀကီး
အေျပးလာခဲ့ရတာေနာ္ ငါက သြားပြတ္တံ ယူလာဖို႔ သတိရမလား ဘာလဲ မင္းက ငါ့ကို ရြံတယ္ေပါ့''

"မဟုတ္.. မဟုတ္ပါဘူး ငါက မင္းကို အားနာလို႔ပါ ''

အခုတေလာ ေလးညိဳ႕႐ွင္ ဘာျဖစ္ေနတာလဲ ကြၽန္ေတာ့္အေပၚ တအား ေျပာင္းလဲေနတာ တစ္ေယာက္ေယာက္မ်ား ေလးညိဳ႕႐ွင္ ဘာျဖစ္ေနသလဲ ဆိုတာ လာေျပာၾကပါ ဒီမွာ ကြၽန္ေတာ္ ႐ူးေတာ့မယ္ဗ်။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine 🐦Part 17🐦

"အင့် ညအိပ်ဝတ်စုံ မင်းနဲ့ တော်ပါ့မလား မသိဘူး ဟို
ပြီးတော့ အသစ် မဟုတ်ဘူး ငါ ဝတ်ထားတဲ့ဟာတွေထဲကပဲ မင်း အဆင်ပြေရဲ့လား အဆင်မပြေရင် အသစ်တစုံ သွားဝယ်ပေးမယ် ''

"ရပါတယ် တော်ပါပြီ ပေး အာ့ဒါပဲ ဝတ်လိုက်မယ်''

မြတ်နိုးရာ လက်ထဲက ခေါက်ရိုးကျိုးနေတဲ့ အကျီကို ယူ၍ လှိုက်ကာအခန်းလေးထဲ ဝင်လှဲ၍ အပြင်ထွက်လာတော့ ကျွန်တော်ပုံကို ကြည့်ကာ ပြုံးစိစိ ဖြစ်နေသော
မြတ်နိုးရာကြောင့် မနေတတ် ဖြစ်ရသည်။

"ဘာလဲ ဘာလို့ ပြုံးနေတာလဲ အဆင်မပြေလို့လား ''

"ဟင် ခိခိ မဟုတ်...  အဟမ်း မဟုတ်ပါဘူး အဆင် ခ်ခ် ပြေ..ပြေပါတယ် ''

ဟုတ်တော့ မဟုတ်သေးပါဘူး အဆင်ပြေတယ်လဲ
ပြောသေး တခ်ခ် ရယ်နေတဲ့ သူက ကျွန်တော့်ကို ကြည့်၍ ရယ်ချင်သည့် စိတ်ကို မနည်း မြိုသိပ်ထားရပုံ။ မယုံသင်္ကာခါနဲ့ ကိုယ်လုံးပေါ် မှန်ကြီးရှေ့ သွားရပ်၍ ကြည့်လိုက်တော့ အကျီက သူဆိုဒ်မို့ သေးလည်း သေးသည့်အပြင်
အရောင်က Hello Kitty အပန်းရောင်လေးက
မြင်သူတိုင်း အဆန်းဖြစ်နေရသည်။ ကျွန်တော်လို ဗလတောင့်တောင့် ယောကျာ်း ပီသပြီး ထွားကြိုင်းလွန်းတဲ့
ခန္ဓာကိုယ်နဲ့ ဒီလို အဝတ်အစားက နည်းနည်းလေးမှ
ပနံမသင့်လှ။ ဒါပေမယ့် ကျွန်တော့်ကြောင့် တခ်ခ်
ရယ်နေသော မြတ်နိုးရာကို ကြည့်၍ အခြားအကီျ
ပြောင်းဝတ်ရန် မစဉ်းစားတော့။ အနည်းဆုံးတော့
ကျွန်တော့်ကြောင့် ပထမဆုံး ရယ်ပြုံးနေတာ တွေ့ဖူးတာပေါ့လေ။ ဘယ်လိုလဲ ကျွန်တော် တော်တယ်မလား။

" အင်း မှန်ထဲမှာ ကြည့်လိုက်တော့ ငါ တော်တော်
ချောလာတာပဲ ဟုတ်တယ်မလား မြတ်နိုးရာ ''

"ဟီးဟီး အင်း အင်း ချောတယ် ခ်ခ်''

"အင်းလေ အာ့လိုပဲ ဖြစ်ရမယ် ဆံပင်လေးထောင်ကြည့်လိုက်တော့ အမယ် ဒီခေတ်က မော်ဒယ်မင်းသားတွေတောင် အရှုံးပေးရလောက်တယ် နော် ''

"ဟားဟား ဟုတ်..ခိခိ ဟုတ်တယ် ''

အပန်းရောင် ညအိပ်ဝတ်စုံကြီးနဲ့ သူ ပျော်အောင်
ပေါပြပေးရတာ ကျွန်တော်အဖို့ ပင်ပန်းလွန်းလှသည်။ ဒါပေမယ့် သူ့ရယ်သံလေးကြောင့် ဘယ်လောက်ပဲ
ပင်ပန်းနေ ပင်ပန်းနေ တက်ကြွနေခဲ့ပေသည်။ မင်း ဆိုတဲ့ ကောင်သေးသေးလေးက တကယ့်ကို ပြုစားနိုင်ရက်လွန်းတယ် မြတ်နိုးရာ...

"ဘာလဲ မင်းက ဘာလို့ ငါ့ကို  ရယ်နေတာလဲ
ငါ ပြောတာ မဟုတ်လို့လား ''

"ဟင် မဟုတ်..မဟုတ်ပါဘူး ''

အသည်းအသန် ငြင်းလွှတ်နေတဲ့ အနှီးကောင်လေးကို
မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့
ပါးအစ်အစ်လေးက နီရဲလာလေသည်။ ထို့နောက် သူက

"ဟို မင်း ဒီမှာပဲ အိပ်လိုက်နော် ငါ ဟိုထိုင်ခုံပေါ်မှာ
အိပ်လိုက်မယ် ''

"မင်းက ဒဏ်ရာရထားတဲ့သူ ဆိုတာ မေ့နေပြီလား ငါကရော မင်းကိုဟိုပေါ်မှာအိပ်ခိုင်းမယ်လို့များထင်နေတာလား''

"ဟင်ဒါဆိုမင်းကဘယ်မှာအိပ်မှာလဲ''

"မင်းနဲ့! "

"ဟမ်း! "

"အင်းလေ ဘာလဲ မင်းခုတင်က အရမ်းမကျဉ်းပါဘူး
နှစ်ယောက်စာလောက်တော့ ဆံ့ပါတယ် မင်း ငါနဲ့
မအိပ်ဘူးလို့တော့ မပြောနဲ့နော် ငါတို့ ငယ်ငယ်တုန်းက
မင်းကြောင့် ဒဏ်ရာရဖူးတာ အတူတူ အိပ်ဖူးကြသေးတာပဲ အာ့ဒီအချိန်တုန်းကဆို မှတ်မိပါသေးတယ် မင်းက
ငါ့ရင်ခွင်ထဲမှာ ပါးစပ်လေး ဟပြီး ပုံပုံလေး အိပ်ပျော်နေတာလေ ''

"ဟို ငါ.. ငါက ရုန်းပါသေးတယ် အိပ်..အိပ်ပျော်သွားလို့ရယ်''

ငယ်ဘဝအတိတ်တွေကို ပြန်ပြောပြနေရင်း ရှက်နေတတ်သေးသည့် ကောင်သေးသေးလေးကို ကြည့်၍
ကျွန်တော် ပါးစပ်က နားရွက်တက်ချိတ်တော့မတတ်
ပြုံးနေမိသည်။ ထို့နောက် ကျွန်တော် အရင် ခုတင်ပေါ် တက်လိုက်ပြီး လက်နှစ်ဘက် ပိုက်လာကာ မျက်လုံး
စုံမှိတ်လိုက်တော့ သူက ကြောင်ကြောင်တောင်ဖြင့်
ခုတင်ပေါ်ပဲ တက်ရမလို အခြားမှာပဲ သွားအိပ်ရမလို
စဉ်းစားရကြပ်နေသည်။

"လာလေ တညလုံး ထိုင်နေတော့မှာလား ''

"ဟင် အော် မဟုတ်ပါဘူး လာပြီ လာပြီ''

တခဏကြာတော့ ခုတင်ပေါ် လာလှဲသည့် နူးညံလှသော အထိအတွေ့ကြောင့် ကျွန်တော့်မှာ ကြိတ်ပြုံးရသေးသည်။ ခုတင်က တစ်ယောက်စာကြီးကို နှစ်ယောက် တက်အိပ်နေတော့ ကျဉ်းကြပ်သလို ခံစားရပေမယ့် နွေးထွေးမှုကို
အပြည့်အဝ ခံစားရသည်။ ဒီလို နွေးထွေးမှုမျိူး မရခဲ့တာ အတော်ကြာပြီမလား။ ထိုစဉ် ကျွန်တော် နံဘေးက
ကောင်သေးသေးလေး၏ စကားသံ သေးသေးလေးက
ထွက်ပေါ်လာလေသည်။

"လေးညို့ရှင် အိပ်ပြီလားဟင်''

ကျွန်တော် ဘာစကားမှ ပြန်မပြောတော့ သူက
အိပ်ပျော်သွားပြီအထင်နဲ့ ပက်လက်လန်အိပ်နေတဲ့ သူက ကျွန်တော့်ဘက် မျက်နှာမူလိုက်၍

" နိုင်ငံခြားမှာ မင်းတစ်ယောက်တည်း အရမ်းပင်ပန်းခဲ့လားဟင် မင်းတော့ အဆင်ပြေလား မသိပေမဲ့ ဒီမှာ
ကျန်ခဲ့တဲ့ ငါက မင်းမရှိတော့ အရမ်းပင်ပန်းတယ်
မင်းလည်း ငါ့လိုပဲလားဟင် .... တောင်းပန်ပါတယ် မင်းနဲ့ စတွေ့ကတည်းက ငါကပဲ မင်းကို တောင်းပန်တယ် ဆိုတဲ့ စကားကို အကြိမ်ကြိမ် ပြောနေမိလို့ အခုဆို ငါ့ကို
စိတ်ပျက်နေလောက်ရောပေါ့ တစ်ခါတလေ ပြတ်သားတတ်တဲ့ မင်းစိတ်ကို မနာလိုဖြစ်ခဲ့ဖူးတယ် ဘာလို့ဆို ငါက
မပြတ်သားတတ်လို့လေ လုပ်ချင်တာနဲ့ လုပ်နေတာတွေက ဘယ်တော့မှ တစ်ထပ်တည်း မကျခဲ့ဘူး တောင်းပန်ပါတယ် မင်းကို မရွေးချယ်မိခဲ့လို့ တကယ် တောင်းပန်ပါတယ်.... ''

အတန်ကြာတဲ့အထိ ဘာစကားမှ မကြားရတော့တာကြောင့် အိပ်ပျော်ယောင်ဆောင်နေသော ကျွန်တော်က
မျက်လုံးလေး ဖွင့်ကြည့်လိုက်တော့ ကောင်သေးသေးလေးက မျက်ရည်လေး ကျကာ ပါးစပ်လေး ဟ၍
အိပ်ပျော်နှင့်လေပြီ။ ထိုတော့မှ သူခေါင်းအောက်
လက်မောင်း ထိုးသွင်းကာ ရင်ခွင်လေးထဲ ဖက်လိုက်ထားတော့ သူက အလိုက်သင့် ပါလာပြီး ကျွန်တော့်ခါးကို ပြန်လည် ဖက်တွယ်ထားလေသည်။

"အသေးလေး ဟက် အာ့ဒါ မောင် ပေးတဲ့ မင်းရဲ့
နာမည်လေး ဒီတခါ မောင်က ပုံပြင် ပြောရမယ့်
အလှည့်ပေါ့ နားထောင်နော် အသေးလေး မောင် ဘဝမှာ ပထမဆုံး တုန်လှုပ်ဖူးတဲ့ နေ့က အသေးလေးက ဟိုလူ
လွန်းဘွဲ့မောင်ကို ရင်ခုန်တယ်လို့ ပြောတဲ့ နေ့ပဲ
အသေးလေး မှတ်မိမလား မသိပေမဲ့ မောင်က
အသေးလေးနဲ့ ပတ်သက်လာရင် အကုန် မှတ်ထားတယ် ဦးနှောက်နဲ့ မှတ်ထားတာ မဟုတ်ဘူး နှလုံးသားမှာ... ဦးနှောက် ဆိုတာ မှတ်ထားစရာတွေ များသွားရင်
မေ့ရင်မေ့သွားနိုင်တယ် ဒါပေမယ့် နှလုံးသားကတော့
မောင် အသက်ရှုနေသရွေ့ ဘယ်တော့မှ မမေ့ဘူး အင်း ဆက်ပြောမယ်နော် မောင့်စိတ်နဲ့ဆို ဒီအချိန်ကတည်းက အသေးလေးနဲ့ လွန်းဘွဲ့မောင် ပြတ်သွားအောင် လုပ်မိတာ ကြာလှပြီ ဒါပေမယ့် မကြာခင်မှာ မောင်နဲ့ နိုင်ငံခြားမှာ
ကျောင်းအတူတူ တက်ရင် သူ့ကို မေ့သွားမှာပါ ဆိုပြီး
မောင် ဒီတိုင်း ထားခဲ့တယ် ကံကြမ္မာက မောင်ဘက်မှာ
မရှိဘူးနဲ့ တူပါတယ် အသေးလေးက မောင့်ရင်ကို ခွဲဖို့
လုပ်လာတယ် အသေးလေးကို မုန်းချင်စိတ်နဲ့ နိုင်ငံခြားကို အမြန် ထွက်သွားခဲ့ပေမယ့် ဒီမှာ အသေးလေးနဲ့ ဟိုလူ
ဘယ်လိုတွေ ချစ်နေမလဲ ဆိုပြီး အမြဲ တွေးပူနေခဲ့ရတာ
အဆုံးထိ ပြောရရင် မောင့်ဘဝပျက်တဲ့အထိ ဆိုးသွမ်းဖူးတယ်လို့ ပြောရင် အသေးလေး မုန်းမှာလားဟင် အင်း
ညနက်နေပြီ ပုံပြင်လေးကို နောက်မှပဲ ပြောပြတော့မယ် မောင့်အသေးလေးက အိပ်ပျော်နေလိုက်တာ အဟက်
ကြည့်ပါအုံး ဟောက်သံလေးတောင် ထွက်လို့
အိပ်မက်လှလှမက်ပါစေ အသေးလေး မောင် ကြိုတောင်းပန်ပါရစေ နိုးလာရင် မောင် ဒီလို ဆက်ဆံပေးလို့ မရတော့ဘူး ချစ်တယ် အသေးလေး ရွှတ် မွှေးလိုက်တာကွာ ''

"အီ အင့်..''

အသဲယားလွန်းလို့ အရင်ကထက် တိုးဖက်လိုက်ပြီး
ငိုထားလို့ ထင်ပါရဲ့ ပါးအိအိလေးက နီရဲနေပြီးရွှတ်ခနဲ
နမ်းပြစ်လိုက်တော့ အသက်ရှုကြပ်လို့ထင်ရဲ့ အသံသေးသေးက ထွက်လာပြီး မနိုးပဲ ပြန်အိပ်ပျော်သွားလေသည်။ ထိုညက နားထောင်သူ မရှိတဲ့ ပုံပြင်လေးဟာ လျို့ဝှက်ချက်ပေါင်းများစွာက လေထုထဲသို့ ပျံနှံ့သွားလေသည်။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

မိုးစက်

အိပ်ရာက နိုးလာတော့ မနက် ၆နာရီသာ ရှိသေးတာမို့
သမ်းဝေးကာ ထလိုက်ပြီး အိပ်ရာကို စနစ်တကျ
ခေါက်သိမ်း၍ တဖက်ခုတင်ပေါ် ကြည့်လိုက်တော့
မြင်မိသည့် မျက်လုံးကပဲ မှားတာလား ဆိုတဲ့ အတွေးနဲ့
လက်နှစ်ဘက်ကို မျက်လုံးနှစ်လုံးနဲ့ ပွတ်တိုက်ပြီး
အသေအချာ ပြန်ကြည့်လိုက်ရာ မြင်ကွင်းက မပြောင်းလဲသွား။ လေးညို့ရှင်နဲ့ မြတ်နိုးရာက တစ်ယောက်ကိုတစ်ယောက် အသေအချာ ပွေ့ဖက်၍ နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျနေလေသည်။

"အမလေး နှစ်ယောက်သား တည့်များ မတည့်လို့နော်
ဖက်အိပ်နေကြတာ တကယ့်လင်မယား အဲ လင်လင် အတိုင်းပဲ ဟီး ''

ကိုယ့် အပြောကို ကိုယ် တစ်ယောက်တည်း သဘောကျကာ မျက်နှာသစ် ရေချိုးခြင်းအမှုကို ပြီးစီးအောင်
အရင်လုပ်လိုက်သည်။ ပြီးသွားလို့ အပြင်သွားဖို့
အဝတ်အစား လှဲပြီးတာတောင် အိပ်ရာက မထကြသေးသည့် သူတို့နှစ်ယောက်ကို မနိုးတော့ပဲ တစ်ယောက်ထဲ
အပြင်ထွက်လာခဲ့စဉ် အိမ်တံခါးဝ၌ ငုတ်တုတ်လေး
ထိုင်ကာ စောင့်နေသော လွန်းဘွဲ့မောင်အား မြင်တော့မှ တံခါးကို အမြန်ပိတ်ကာ သူ့အနားသို့ သွားရပ်၍

"အကို ဒီမှာ ဘာလုပ်နေတာလဲ ''

"ဟင် ညီပဲ ညက အကို့ဆီကို Message ပို့ထားတယ်မလား သူခိုးတက်လို့ဆို ပြီးတော့ ကလေးမှာလည်း ဒဏ်ရာ ရသွားသေးတယ်ဆို အာ့ဒါ ကိုယ် စိတ်ပူလို့ ညက
ဖုန်းတောင် မဖွင့်လိုက်ရလို့ မသိလိုက်ဘူး စောစောသာ သိရင် ကိုယ် အပြေးလာခဲ့မိမှာ အခု ကလေးရော
အဆင်ပြေရဲ့လား ''

အကိုက ကျွန်တော့်ကို တွန်းဖယ်ကာ အိမ်ထဲ ဝင်မယ်
လုပ်နေတော့ အတင်းဆွဲထားရသည်။ မတော်လို့ အထဲကို ဝင်သွားခဲ့ရင် အတူတူ အိပ်ပျော်နေကြတဲ့ မြတ်နိုးရာတို့ကို ကြည့်ပြီး အကိုလည်း စိတ်ညစ်သွားနိုင်သလို
လေးညို့ရှင်နဲ့လည်း ပြသနာ ဖြစ်နိုင်သည်မလား။

"ခဏ..ခဏလေး အကို မြတ်နိုးရာက ဒီမှာ မရှိဘူး ညကတည်းက သူ့မိသားစုက စိတ်မချလို့ လာခေါ်သွားကြပြီ''

"ဟင် ဟုတ်လား ကလေး အဆင်ပြေရဲ့လား ဒဏ်ရာတွေကရော များလားဟင်''

မြတ်နိုးရာကိုပဲ စိုးရိမ်တကြီး စေတနာနဲ့ မေးနေသော အကို့ကြောင့် လိမ်ရမှာပင် စိတ်က မသန့်။

"ဟင့်အင်း မများဘူး လက်မှာပဲ နည်းနည်းလေး ထိသွားတာပါ ဒါကြောင့် စိတ်ပူစရာမလိုဘူး အကို ''

"ဟူး တော်ပါသေးရဲ့ ကိုယ် စိတ်ပူနေတာ ဒါနဲ့ ညီကရော အဆင်ပြေလား ''

ကျွန်တော်ကို ဂရုတစိုက် မေးဖော်ရသေးလို့ စိတ်ထဲကနေ ကျေးဇူးတင်နေမိသည်။

"ဟုတ် ကျွန်တော် အဆင်ပြေပါတယ် ''

"အင်း ဒါနဲ့ အခု အလုပ်သွားမှာမလား ကိုယ်
လိုက်ပို့မယ်လေ''

လမ်းဘေး၌ ရပ်ထားသော ကားအဖြူရောင်လေးကို
မြင်လိုက်ရာ အံသြမင်သက်၍ အကို့ကို ကြည့်လိုက်တော့ အကိုက ပြုံးပြကာ

"ဘာလဲ ကိုယ့်ကို အရမ်းအထင်ကြီးသွားပြီလား ညီ
ဟားဟား အရမ်းအထင်မကြီးပါနဲ့အုံးဗျာ ဒီကားလေးက အရစ်ကျနဲ့ ဝယ်ထားတာပါ ''

"ဘယ်လိုပဲဖြစ်ဖြစ် အကို ဝယ်နိုင်တော့မှာပဲလေဗျာ ကျွန်တော်တို့ကတော့ အခုထိ အလုပ်တောင် မယ်မယ်ရရ မရှိသေးဘူး ''

မျက်နှာလေး ညှိှုးနွမ်းကာ ဆိုလိုက်တော့ အကိုက ပခုံးကို ဖျစ်ညစ်ပြီး

"ဒီလို စိတ်ဓာတ် ကျနေလို့ ဖြစ်မလား ကြိုးစားရမှာပေါ့
ကိုယ်လည်း ဒီလို အခြေအနေမျိုး ဗုန်းခနဲ ဆိုပြီး မိုးပေါ်က ကျလာတာ မဟုတ်ဘူးလေ ''

"ဟုတ် ကျွန်တော် ကြိုးစားပါ့မယ် ''

"အင်း ကောင်းတယ် ညီ ဒါဆို ကိုယ်တို့ သွားကြရအောင် ''

လွန်းဘွဲ့မောင် ကိုယ်တိုင် ကားတံခါး ဖွင့်ပေးတော့
ကျွန်တော်လည်း စွေ့ခနဲ တက်ထိုင်လိုက်သည်။ အင်း ကားလေးက စီးလို့ ကောင်းလိုက်တာ ကျွန်တော် ပိုက်ဆံ များများ ရှာပြီးရင် ဒီလို ကားမျိုး ဝယ်စီးရမယ် ဟီး ဇိမ်ကျလိုက်တာ....

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"အင့် အီ ဟင် လေး..လေးညို့ရှင်! "

လေးညို့ရှင် ပတ်သက်ပြီးနောက် ဒုတိယအကြိမ်
လန့်ဖြတ်မှု။ ပထမအကြိမ်က ဟိုးငယ်ငယ်လေးကပေါ့
ကျွန်တော်ကြောင့် လေးညို့ရှင် ဓားထိုးခံရစဉ်က သူ့ကို ညအိပ်စောင့်ပေးတာ ကိုယ်ပါ သူနဲ့ အတူတူ ခုတင်ပေါ်မှာ အိပ်ပျော်သွားတုန်းက အိပ်ရာနိုးနိုးချင်း သူ့မျက်နှာ
ခန့်ချောကြီးကြောင့် ထိတ်လန့်မှုနဲ့အတူ ရင်ပါ လှိုက်ဖိုရသည်။ အခုချိန်မှာတော့ လေးညို့ရှင်  မျက်လုံးတွေက
ဖြည်းညင်းစွာ ပွင့်လာ၍ ကျွန်တော့်ကို ကြည့်လာသည်။ ကျွန်တော်က အခုထိ သူ့ရင်ခွင်ထဲမှာ ပုံပုံလေး အိပ်လို့
ကောင်းနေဆဲ။

"သက်သာသွားပြီးလား''

"ဟင်! "

"လက်က ဒဏ်ရာကို ပြောတာ သက်သာလားလို့''

"အာ အင်း နည်းနည်းလေးတော့ သက်သာသွားပြီ''

တဆစ်ဆစ် ကိုက်ခဲနေတာက လွဲလို့ပေါ့။

ကျွန်တော် ကုန်းရုန်းထလိုက်ပြီး သူ့ကို အပေါ်စီးကနေ
ကြည့်၍

"မိုးစက်တောင် အလုပ် သွားပြီ မင်းလည်း
အိမ်ပြန်တော့လေ ငါလည်း ကုမ္ပဏီ သွားရအုံးမယ်''

"ကုမ္ပဏီ သွားမယ် ဆိုတာက ဒီလို ပုံစံနဲ့လား ကျစ် ဒဏ်ရာ သက်သာမှ သွား ငါ ညကတည်းက အဖေ့ဆီ
ဖုန်းဆက်ပေးပြီးပြီ''

"ဟင် ဒါဆို ငါ ဓားထိုးခံရတာ ဦး သိသွားပြီပေါ့
မင်းကလည်း ဦး စိတ်ပူနေပါအုံးမယ်''

"ရတယ် ငါ သေသေချာချာ ပြောပြထားပြီးပြီ စိုးရိမ်စရာ
မလိုဘူးလို့ ပြီးတော့ ဒီရက်ပိုင်း အိမ်ပြန်မလာနဲ့တော့
မင်းကို ပြုစုပေးလို့ ငါ့ကို အသေအချာ မှာလိုက်တယ်
အဖေ့စကား နားထောင်ရမယ် ''

ဦးနဲ့ဆို လေးညို့ရှင်က အမြဲ ဘုကလန့် တိုက်နေကြတာ အခုကျတော့ ဦး စကား နားထောင်ရမယ်တဲ့။ အာ့ဒီ လေးညို့ရှင်ဟာလေ သူများကို ဒုက္ခပေးရမယ်ဆို ရှေ့ဆုံး။
လက်ပေါ်က ပတ်တီးကို ကြည့်ပြီး ဆဲဆိုနေမိသည်။ အဟင်း သူ့ကြောင့်ပေါ့...

"ကျစ် ပြီးရော ပြီးရော ငါ မျက်နှာ သွားသစ်လိုက်အုံးမယ်''

ငှါးထားတဲ့ အိမ်လေးက သစ်သားအိမ်လေးမို့ ကိုယ်ပိုင်
ရေချိုးခန်း ဆိုတာလည်း မရှိ။ စဉ်အိုးလေးထဲ ရေခပ်၍
မျက်နှာ သစ်မလို လုပ်တော့ ဒဏ်ရာရထားတဲ့ လက်က
ဘယ်လိုမှ အဆင်မပြေ။ သန်တာက ညာလက်
ထိုလက်မှာပဲ ဒဏ်ရာက ဖြစ်တော့ တစ်ကိုယ်ရေသန့်ရှင်းမှုကိုတောင် ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်။ ထိုစဉ်
အိမ်ပေါ်က ဆင်းလာသော လေးညို့ရှင်က ကျွန်တော်
လက်ထဲက ရေခွက်ကို ယူလိုက်ပြီး

" အဆင်မပြေဘူးဆိုလည်း အော်ခေါ်လိုက်ပါလား ဘာလို့ တင်းခံနေတာလဲ လူက လုပ်တောင် မလုပ်နိုင်ပဲနဲ့''

သွားပွတ်တံအပြာရောင်လေးထဲ သွားတိုက်ဆေး
ထည့်ကာ

"ပါးစပ်ဟ... ''

"ဟင် ဘာလုပ်မလို့လဲ ရတယ် ငါ့ဘာသာ လုပ်မယ် ''

"ရှည်လိုက်တာ မင်းဟာလေ ပုသလောက်
အရစ်ရှည်တယ် သိလား ငါက ပါးစပ် ဟဆိုဟလိုက်''

စိတ်မရှည်တတ်တဲ့ သူ့အကျင့်ကို သိနေတော့
မနက်စောစောစီးစီး ရန်မဖြစ်ချင်လို၍ အသာတကြည် ပါးစပ်လေး ဟပေးလိုက်တော့ သူက ကျွန်တော့်ကို
ကလေးလေးလို ဂရုတစိုက် သွားတိုက်ပေးရှာသည်။
လေးညို့ရှင် မင်းကို ရမယ့် မိန်းမကတော့ တကယ် ကံကောင်းမှာ..

" အင့် ပလုတ်ကျင်း ''

"ဖူး... ''

အခုဆို လေးညို့ရှင်က ကျွန်တော့်ကို သွားလည်း
တိုက်ပေးပြီးပြီ မျက်နှာလည်း သစ်ပေးပြီးပြီမို့

" တက်တော့ အပေါ်ကို.. အေးတယ် ''

"အင်း ''

လှေကားပေါ် တစ်ဆင့် နှစ်ဆင့် တက်လိုက်ပြီး
လေးညို့ရှင်ကို ပြန်လှည့်ကြည့်လိုက်တော့ ကျွန်တော်
တိုက်ခဲ့တဲ့ သွားပွတ်တံလေးကို သွားတိုက်ဆေး ထည့်ကာ သွားတိုက်နေလေသည်။ အို ဘုရားရေ သူမို့ မရွံမရှာ..

" ဟာ လေး..လေးညို့ရှင် မင်း အာ့ဒါ ဘာလုပ်တာလဲ
ငါ့သွားပွတ်တံလေ ''

"သိတယ် အာ့တော့ ဘာဖြစ်လဲ ''

"ဘာဖြစ်ရမှာလဲ မင်း မရွံဘူးလား''

"ကျစ် မနေ့ညကတည်းက မင်းဆီ အလောတကြီး
အပြေးလာခဲ့ရတာနော် ငါက သွားပွတ်တံ ယူလာဖို့ သတိရမလား ဘာလဲ မင်းက ငါ့ကို ရွံတယ်ပေါ့''

"မဟုတ်.. မဟုတ်ပါဘူး ငါက မင်းကို အားနာလို့ပါ ''

အခုတလော လေးညို့ရှင် ဘာဖြစ်နေတာလဲ ကျွန်တော့်အပေါ် တအား ပြောင်းလဲနေတာ တစ်ယောက်ယောက်များ လေးညို့ရှင် ဘာဖြစ်နေသလဲ ဆိုတာ လာပြောကြပါ ဒီမှာ ကျွန်တော် ရူးတော့မယ်ဗျ။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
841K 122K 141
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...