I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 2
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 17
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 20
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
I can only imagine 31
ဒါဒါတို႔ေရ😘
I can only imagine 32
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 16

1.9K 184 6
By Monepannmyau

I can only imagine 🕊Part 16🕊

"ေဆာရီး ငါေၾကာင့္ အေႏွာင့္အယွက္ ျဖစ္သြားခဲ့ရင္ အင့္.. အေဖ ေပးခိုင္းလိုက္လို႔ လာေပးတာ ''

"အာ ဟုတ္ ဟို အိမ္ထဲ ဝင္ပါအံုးလား"

ကြၽန္ေတာ္ ငွါးထားတဲ့ အိမ္ေလးဆီကို လာတဲ့
ေလးညိဳ႕႐ွင္ကို အိမ္ထဲ ဝင္ရန္ ေခၚလိုက္ေတာ့ သူက
ကြၽန္ေတာ္ အေနာက္မွာ ရိွေနေသာ လြန္းဘြဲ႔ေမာင္ကို
ခပ္မႈန္မႈန္ ၾကည့္လာသည္။ ဒီအၾကည့္ကို သေဘာေပါက္ေသာ လြန္းဘြဲ႔ေမာင္က ကြၽန္ေတာ္ စိတ္ခ်မ္းသာေစရန္

" ကေလး ကိုယ္ အလုပ္ရိွလို႔ ျပန္အံုးမယ္ ညက်ရင္
ဖုန္းဆက္လိုက္မယ္ေနာ္ ''

"ဟုတ္ ဟုတ္ကဲ့ ''

ကြၽန္ေတာ္တို႔ အေ႐ွ႕က ထြက္သြားေသာ လြန္းဘြဲ႔ေမာင္ကေတာ့ စိုးရိမ္စြာ ကြၽန္ေတာ့္ကို သမင္လည္ျပန္ေလးလို တခ်က္ ၾကည့္သြားေလေသးသည္။

"အဟက္ မင္း ခ်စ္သူက မင္းကို ေတာ္ေတာ္ ခ်စ္တာပဲေနာ္ ငါနဲ႔ အတူက်န္ခဲ့မွာ စိတ္မခ်ဘူး ထင္ပါရဲ့ ''

"မဟုတ္ပါဘူး သူက ဒီလိုပဲ ေအာ္ ဒါနဲ႔ ဦးက ငါ့ကို
ဘာေပးလိုက္တာလဲ''

"မသိဘူး ဖြင့္ၾကည့္ေပါ့''

အိမ္ေလးကို ဖြင့္ၾကည့္လိုက္ေတာ့ အျဖဴေရာင္ အေႏြးထည္ေလးကို ေတြ႔လိုက္ရသည္။ ေႏြရာသီႀကီးမွာ ဦးက
ဘာလို႔ အေႏြးထည္ ေပးရတာပါလိမ့္။

"ဟီးဟီး အေႏြးထည္ေလး လွလိုက္တာ ဦးက ငါ
အျဖဴေရာင္ ႀကိဳက္တာ ဘယ္လိုသိသလဲ မသိဘူးေနာ္
အင့္ ဒါနဲ႔ ဦးက အလုပ္မ်ားလြန္းလို႔ ေႏြရာသီ ဆိုတာေတာင္ ေမ့သြားသလား မသိဘူးေနာ္ ''

"ဟင္ အခုက ေႏြရာသီလား''

"အင္းေလ မသိဘူးလား မတ္လပါဆို ဒီေလာက္
ပူအိုက္ေနတာ အင္း ဒါေပမယ့္ ဦးက ေစတနာနဲ႔ ေပးတာ ဆိုေတာ့ ဘယ္လိုျဖစ္ျဖစ္ ေပ်ာ္တယ္ မိုးအကုန္ေဆာင္းအကူး ေရာက္ရင္ ဝတ္ရမယ္ ၿပီးေတာ့ ဦးကို ေျပာေပးေနာ္ ေက်းဇူးတင္ပါတယ္လို႔''

"အဟက္ ေက်းဇူးေတြက မ်ားလိုက္တာေနာ္ ''

ရြဲ႔လိုလို ေစာင္းလိုလို ေျပာလိုက္တဲ့ ေလးညိဳ႕႐ွင္
စကားေတြက တကယ္လည္း အမွန္တရား ျဖစ္ေနတာမို႔ ဘာမွ ျပန္မေျပာေတာ့ပဲ ျပံဳးရံုသာ ျပံဳးလိုက္သည္။
ေလးညိဳ႕႐ွင္က ကြၽန္ေတာ္အိမ္ခန္း ဧရိယာေလးကို
မ်က္စိတဝိုက္ ၾကည့္ေနၿပီး သူ႔မ်က္လုံးေတြက ဟိုဘက္
ဒီဘက္ ျဖစ္ေနတဲ့ ခုတင္၂ခုကို ျမင္လိုက္ရာ စူး႐ွလာေသာ မ်က္ဝန္းတစံုျဖင့္ ေဒါသတႀကီး ကြၽန္ေတာ့္ကို
စိုက္ၾကည့္လာ၍

" ျမတ္ႏိုးရာ မင္းက ေတာ္ေတာ္ ရြံဖို႔ ေကာင္းတာပဲ
မင္းနဲ႔ ဟိုလူနဲ႔က အတူတူေတာင္ ေနေနၾကၿပီေပါ့ေလ
ဟုတ္လား ''

"ဟင္ မဟုတ္... မဟုတ္ဘူးေလ ငါက ဘာလို႔
ကိုလြန္းဘြဲ႔ေမာင္နဲ႔ အတူတူ ေနရမွာလဲ မဟုတ္ဘူး ''

"ဒါဆို ဟိုက ခုတင္က ဘယ္သူ႔ဟာလဲ မင္းအေကာင္ဟာပဲမလား ဟမ္း ''

"မဟုတ္ဘူး ေလးညိဳ႕႐ွင္ ''

"ဘာလဲ ျငင္းအံုးမလို႔လား ဘာေတြ ငါ့ကို ထပ္ၿပီး
လိမ္ညာအံုးမွာလဲကြာ ''

"မဟုတ္ပါဘူး မင္း ထင္သလို မဟုတ္ဘူး ေလးညိဳ႕႐ွင္
အျမဲတမ္း မင္းဘက္က တဖက္သတ္ ေတြးထင္ေနတာေတြ ခဏေလာက္ ရပ္ထားေပးလို႔ ရမလား ငါ အရမ္းပင္ပန္းေနလို႔ပါ''

"အဟက္ မရပ္ဘူး မင္းတို႔က ခ်စ္သူေတြ အဆင့္ေတာင္
မကေတာ့ပဲ အတူတူေတာင္ ေနေနၾကၿပီေပါ့ေလ
အံျသလိုက္တာကြာ ''

"ျမတ္ႏိုးရာ ဘယ္သူေရာက္ေနတာလဲ''

ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုမွ ညႇဳိႏႈိင္းလို႔ မရပဲ ေအာ္ဟစ္ေနၾကစဥ္ ဘာမွမသိတဲ့ မိုးစက္က အလုပ္က ျပန္ေရာက္လာ၍ ေၾကာင္ေၾကာင္ေလး လာၾကည့္ေနေတာ့မွ ကြၽန္ေတာ္လည္း စိတ္ကို
ေလ်ာ့ခ်လိုက္ေတာ့သည္။

"အာ့ဒါ ဒါ ငါ့သူငယ္ခ်င္း သူက ငါနဲ႔ အတူတူ ေနတာ''

"ဟို ဒီက ေလးညိဳ႕႐ွင္ ဆိုတာလား ''

"အင္း ဟုတ္တယ္ မိုးစက္ ေလးညိဳ႕႐ွင္ ဆိုတာ သူပဲ ''

"ေအာ္ ဟုတ္လား ေတြ႔ရတာဝမ္းသာပာတယ္ ေလးညိဳ႕႐ွင္ ကြၽန္ေတာ္က မိုးစက္ပါ ျမတ္ႏိုးရာနဲ႔ အတူတူ ေနေနပါတယ္ခင္ဗ်ာ ''

"ေအာ္ ဟုတ္ကဲ့ ဒါဆို ျပန္လိုက္ပါအံုးမယ္ ''

"ဟင္ အင္း အင္း ''

ေလးညိဳ႕႐ွင္ ထြက္သြားေတာ့မွ မိုးစက္က ကြၽန္ေတာ့္ဆီ လွည့္လာ၍

"ျမတ္ႏိုးရာ ဟိုက ႏႈတ္ဆက္သြားတာေတာင္ မင္းက
ဘယ္မွလဲ ျပန္မေျပာဘူး ရန္ျဖစ္ေနၾကတာလား''

"ဟုတ္တယ္ ရန္ျဖစ္ေနတာ ''

"ဒါဆို စိတ္ဆိုးလား ''

"စိတ္ဆိုးတယ္ ငါ သူ႔ကို ပထမဆံုး စိတ္ဆိုးျခင္းပဲ မိုးစက္ သူ ငါ့ကို နည္းနည္းေလးမွ အယံုအၾကည္မရိွဘူးကြာ''

ေလးညိဳ႕႐ွင္နဲ႔ ရန္ျဖစ္ရတဲ့ အေၾကာင္းအရာ အားလုံးကို မိုးစက္အား ေျပာျပၿပီးေနာက္ မိုးစက္က ဆရာႀကီးစတိုင္နဲ႔ ခါးေထာက္ကာ

"အင္း မင္း ေျပာပံုအရဆို ေလးညိဳ႕႐ွင္က မင္းနဲ႔
ကိုလြန္းဘြဲ႔ေမာင္ အတူတူ ေနတယ္ ထင္ၿပီး ေဒါသထြက္သြားတာေပါ့''

"အင္း ''

"ေအာ္ ဒီလိုဆိုေတာ့ ငါ့အထင္ ေျပာရရင္ ဥပမာကြာ မင္း အျမဲ ေတြးေနသလို မေတြးေတာ့ပဲ အျခားဖက္ကေန
ေတြးၾကည့္ပါလား သူ မင္းကို ေဒါသထြက္တာ
သဝန္တိုလို႔ေရာ မျဖစ္ႏိုင္ဘူးလား''

"အာ မျဖစ္ႏိုင္ဘူး မိုးစက္ လံုးဝ မျဖစ္ႏိုင္ဘူး ''

"ေနအုံး ေနပါအံုး အတင္းမျငင္းပါနဲ႔အံုး ငါက ဥပမာ
ေျပာတာကြာ မင္းတို႔ ျဖစ္ခဲ့တဲ့ ျပသာနာ အစကို ျပန္စဥ္းစားၾကည့္ အေျဖ ထြက္လာလိမ့္မယ္ မင္းတို႔ ျဖစ္တဲ့
ျပသာနာ အားလုံးက သူ မင္းကို သဝန္တိုလို႔ပဲ''

"မဟုတ္ဘူး မိုးစက္ မင္း သူ႔အေၾကာင္း မသိေသးလို႔
အခုလို ေျပာတာ သူက Gayဆို အရမ္းမုန္းတာ ငါက Gay ဆိုတာ သူ သိသိခ်င္း အရမ္းရြံတယ္လို႔ ေျပာဖူးတယ္  ''

"ေသခ်ာလို႔လား သူက မင္းကို တကယ္ ရြံတယ္ ဆိုတာ သူက Gayေတြ မုန္းတယ္ ဆိုတာ ေသခ်ာလို႔လား
ျမတ္ႏိုးရာ ''

ေသခ်ာလားတဲ့ ျပန္ေျဖဖို႔ စကား မရွိေတာ့ မေရရာလိုက္တာ။ မိုးစက္က ကြၽန္ေတာ့္ကို ေလးညိဳ႕႐ွင္က သဝန္တိုတယ္တဲ့ ျဖစ္ႏိုင္ပါ့မလား။ သဝန္တိုတယ္ ဆိုတာ ခ်စ္တဲ့သူအခ်င္းခ်င္း ၾကားက သံုးရတဲ့ စကားစု။ ကြၽန္ေတာ္တို႔နဲ႔
ဒီစကားစုက အလွမ္းေဝးလြန္းပါတယ္ ဘယ္ေတာ့မွ မနီးစပ္မယ့္ ေကာင္းကင္ေပၚက ၾကယ္ေလးတစ္လံုးလိုေပါ့။

"မင္း မေျဖႏိုင္ေတာ့ဘူးမလား အဟက္ ေသခ်ာတယ္ ငါ့အေတြ႔အၾကံဳအရ ေျပာရရင္ ေလးညိဳ႕႐ွင္ မင္းကို လြန္းဘြဲ႔ေမာင္နဲ႔ သဝန္တိုေနတာ ''

"အေတြ႔အၾကံဳ ဟားဟား ေျပာစမ္းပါအုံး မင္း ရည္းစား
ဘယ္ေလာက္ထားခဲ့တယ္ ဆိုတာ ''

"အင္း အဲ...  ျမတ္ႏိုးရာ မင္းေနာ္ သူငယ္ခ်င္းအခ်င္းခ်င္း ငါ့...ငါ့အေၾကာင္းလဲ မင္း သိသားနဲ႔ ''

"ဟားဟား ဒါနဲ႔မ်ား လာႂကြားေနေသးတယ္ ''

မိုးစက္ ဆိုတာ ဒီလိုမ်ိဳးပဲ ရည္းစား တခါမွ ထားဖူးတာလည္း မဟုတ္ပဲ ကြၽန္ေတာ့္ကို သင္ေပးေနတတ္တာ။ စိတ္ညစ္ေနတဲ့ ကြၽန္ေတာ္ေတာင္ သူ႔ေၾကာင့္ ဟက္ဟက္ပက္ပက္ ရယ္ရသည္။ ဒီလို သူငယ္ခ်င္းမ်ိဳး ရွိတာ ကြၽန္ေတာ္ ကံေကာင္းတယ္လို႔ပဲ ေျပာရမလား။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဟဲလို သား ေျပာ ဘယ္လို သားတို႔ အိမ္ထဲ သူခိုး ဝင္တယ္ ဟုတ္လား သားေရာ ဘာေတြ ထိခိုက္သြားေသးလဲ ဟင္ ဓားထိုးခံရတယ္ ဟုတ္လား ''

ကြၽန္ေတာ္ အခရာ ေမြးေန႔ပြဲေလးကို သြားမလို႔
အေပၚထပ္က ဆင္းလာစဥ္ မိေထြးျဖစ္သူ ေဒၚတင္တင္ေမရဲ႕ ဖုန္းေျပာသံေၾကာင့္ ျမတ္ႏိုးရာကို စိတ္ပူသြားကာ ကားေသာ့ ဆြဲ၍ သူ႔ဆီသို႔ တရၾကမ္း ကားကို ေမာင္းလာခဲ့သည္။ စိတ္က ျမန္ေနလို႔ ထင္ပါရဲ့ မီးပြိဳုင့္ေတြကလည္း
တစ္ခါတစ္ခါ မိရင္ ေသမေလာက္ ေစာင့္ေနရသည္။
ကြၽန္ေတာ္ ျမတ္ႏိုးရာ အိမ္အေ႐ွ႕ ေရာက္ေတာ့ ရဲကားေတြကို အရင္ ျမင္လိုက္ၿပီး လူေတြလည္း ဟိုတစ္စု ဒီတစ္စုုု အုပ္ေနၾကသည္။ ကြၽန္ေတာ္ လူေတြၾကား တိုးေဝွ့ကာ
ျမတ္ႏိုးရာကို ႐ွာလိုက္ေတာ့ သူက ရဲေတြဆီ ေျဖာင့္ခ်က္ ေပးေနေလသည္။ ထို႔ေနာက္ သူ႔ဆီ အေျပးသြား၍

"ျမတ္ႏိုးရာ မင္း ဘာျဖစ္သြားေသးလဲ ဟင္ ဘာျဖစ္သြားတာလဲ ဓားထိုးခံရတာဆို ျပစမ္း ဘယ္မွာလဲ ''

လူေတြ အမ်ားႀကီး ေ႐ွ႕၌ ျမတ္ႏိုးရာကို ဆြဲကိုင္ကာ
စိုးရိမ္တႀကီး ေျပာေနမိသည္။ ႐ွက္ဖို႔လည္း မေတြးႏိုင္သလို သူ႔ကိုပဲ စိတ္ပူေနမိတာမို႔။ ျမတ္ႏိုးရာနဲ႔ စကားေျပာေနတဲ့ ရဲေတြကလည္း ကြၽန္ေတာ္ကို အထူးအဆန္း
ၾကည့္လာေတာ့ သူက

" ဟို သူက ကြၽန္ေတာ့္အကိုပါ ဟုတ္ကဲ့ အခုလို
လာကူညီေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ ''

"ဟုတ္ ျပည္သူေတြ ေဘးကင္းဖို႔ ကြၽန္ေတာ္တို႔ တာဝန္ပါ အခု သူခိုးရဲ႕ ပံုပန္းသြင္ျပင္ကို ေျပာထားၿပီးၿပီးမို႔ မၾကာခင္ တရားခံ အျမန္ ဖမ္းမိမွာပါ ဒါဆို ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါအံုး ''

"ဟုတ္ ေက်းဇူးတင္ပါတယ္''

ရဲေတြနဲ႔ စပ္စပ္စုစု ႏိုင္လွတဲ့ ပတ္ဝန္းက်င္က လူေတြပါ
ျပန္သြားေတာ့မွ ကြၽန္ေတာ္ နံေဘးက ျမတ္ႏိုးရာကို
ဆြဲလွည့္၍

"ေျဖေလ ငါ ေမးတာ ေျဖေလ မင္း ဘာျဖစ္သြားေသးလဲလို႔ ''

"ဟို လက္...လက္ကို ထိုးမိတာ ဓားက ဒါနဲ႔ မင္းက
သူခိုးတက္တာ ဘယ္လို သိတာတုန္း''

"မင္းအေမ ဖုန္းေျပာေနတာ ၾကားလို႔ ဒါေတြ အေရးမႀကီးပါဘူး လာ အိမ္ထဲ ဝင္ရေအာင္ ဒဏ္ရာက
ေဆးထည့္ၿပီးၿပီလား''

"မထည့္ရေသးဘူး သူခိုးလည္းေျပး ရဲေတြ ေမးတာ
ေျဖရတာနဲ႔ အလုပ္ေတြ ႐ႈပ္ေနလို႔ ''

"ဟာကြာ ဒီရဲေတြကလဲေလ ဒီမွာ ဒဏ္ရာ ရထားပါတယ္ဆိုမွ အရင္ ေဆးထည့္ မခိုင္းပဲ ေမးေနေတာ့တာပဲ''

"ေလးညိဳ႕႐ွင္ရာ အာ့လို မေျပာပါနဲ႔ သူတို႔လည္း သူတို႔ တာဝန္ေလကြာ''

လက္ေမာင္းက ေသြးေတြ ယိုစီးက်ေနတဲ့ ဒဏ္ရာကုိ
မသက္မသာ ၾကည့္ကာ စိတ္ေမာရျပန္သည္။ ဒီသူခိုးကလည္းေနာ္ ဒီလို အိမ္ေလးမွာ ဘာရိွမွာမို႔ ဘာခိုးရတာလဲ။ ကြၽန္ေတာ္တို႔နဲ႔ မနီးမေဝးမွာ ထိုင္ေနတဲ့ျမတ္ႏိုးရာရဲ႕
သူငယ္ခ်င္း ဆိုသူ မိုးစက္ ဆိုတဲ့ ေကာင္ေလးကေတာ့
ေၾကာက္လို႔ထင္ရဲ႕ ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္ေန႐ွာသည္။

" မိုးစက္ မင္းကေရာ ထိ္ခိုက္သြားေသးလား''

"ဟင့္အင္း ကြၽန္ေတာ္က ဘာမွ မျဖစ္ဘူး ျမတ္ႏိုးရာပဲ
ထိခိုက္သြားတာ ကြၽန္ေတာ္က အလုပ္က ပင္ပန္းလို႔
အိပ္ေပ်ာ္ေနလို႔ အာ့ဒါ ျမတ္ႏိုးရာက ခန္းဆီးလႈိက္ကာေလး လႈပ္သြားတယ္ ဆိုၿပီး ထၾကည့္တာ အာ့ဒါ သူခိုးက
ထြက္ေျပးတာ ျမတ္ႏိုးရာက သူခိုးလို႔ ထေအာ္ေတာ့ ဓားနဲ႔ ထိုးသြားတာဗ် ကံေကာင္းတယ္ လက္မွာပဲ ထိမိလို႔
အျခားေနရာမွာဆို မလြယ္ဘူး''

မိုးစက္ ျပန္ေျပာျပတဲ့ စကားေတြကို နားေထာင္ရင္း
ကြၽန္ေတာ္ အေ႐ွ႕က ေကာင္ေသးေသးေလးကို
စိတ္ပူရျပန္သည္။ ဟိုက ခိုးဆိုးလုႏႈိက္သမားေလ
သူက ေကာင္ေသးေသးေလး အင္အားခ်င္းမမ်ွ။

" ျမတ္ႏိုးရာ မင္းဟာေလ သူဟာသူ ခိုးခ်င္လို႔ လာတာ
ေအးေအးေဆးေဆး လႊတ္လိုက္ပါလား ဘာလို႔
ထေအာ္သလဲ''

"မင္းကလည္း ငါက ႐ုတ္တရက္ဆိုေတာ့ လန္႔သြားတာေပါ့ ငါတို႔ဆီမွာ ဘာမွ တန္ဖိုးႀကီးတာ မရွိဘူး ဆိုုေပမယ့္ ငါတို႔ အိမ္ကိုေတာ့ ကာကြယ္ရမယ့္ တာဝန္က ရွိတယ္မလား''

"ဟူး ခက္ေတာ့တာပဲ မင္း တစ္ခုခု ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ က်စ္.. မိုးစက္ ေဆးမရိွဘူးလား အရက္ျပန္နဲ႔
ပတ္တီး ရိွရင္လည္း အဆင္ေျပတယ္''

"အာ ရွိတယ္ ရွိတယ္ ခဏ ကြၽန္ေတာ္ သြားယူေပးမယ္''

မိုးစက္ ေဆးထယူေပးၿပီး ကြၽန္ေတာ့္ဆီ လာေပးေတာ့
အလယ္က ျမတ္ႏိုးရာက လုယူ၍

" ရတယ္ ငါ့ဘာသာ လုပ္ႏိုင္တယ္ ''

"က်စ္ ဘယ္ျဖစ္မလဲ မင္း ထိခိုက္တာက ညာဘက္ေနာ္
ဘယ္လက္နဲ႔ ေဆးထည့္ရမွာ မင္းက ညာသန္ေလ
ဘယ္လိုလုပ္ အဆင္ေျပမွာလဲ ''

"ငါ လုပ္လို႔ အဆင္မေျပလည္း ရတယ္ မိုးစက္ ရွိတယ္ သူ လုပ္ေပးလိမ့္မယ္''

ျမတ္ႏိုးရာ ထိုသို႔ ေျပာလိုက္ေတာ့ မိုးစက္က ထိုင္ေနရာမွ ထလာမလို ျပင္ေတာ့ ကြၽန္ေတာ္ ျပန္ထိုင္ေန ဆိုေသာ
မ်က္ႏွာ အမႈအရာ လုပ္ျပလိုက္ေတာ့ ၿငိမ္သြားေလသည္။

"ညနက္ေနၿပီ သူလည္း အိပ္ခ်င္႐ွာမွာေပါ့ မိုးစက္
သြားနားေတာ့ေလ ကိုယ္ပဲ ၾကည့္ေပးလိုက္မယ္''

"ဟုတ္ ဒါဆို ကြၽန္ေတာ့္သူငယ္ခ်င္းကို ေသေသခ်ာခ်ာေလး ဂ႐ုစိုက္ေပးပါေနာ္ ''

"ဟင္း စိတ္ခ်ပါ ''

မိုးစက္က သူ႔အိပ္ရာထဲ ဝင္အိပ္သြားေတာ့မွ ျမတ္ႏိုးရာ
လက္ေလးကို ဆြဲယူလိုက္ေတာ့ လန္႔သြားဟန္ျဖင့္
တုန္တက္သြား႐ွာသည္။

"ဘာ.. ဘာလုပ္တာလဲ ''

"ေရာ္ ေဆးထည့္ေပးမလို႔ေလ ကိုယ္က ဘာလုပ္ေပးမယ္ ထင္လို႔လဲ ''

အသံုးအႏႈန္းက ငါနဲ႔ မင္း ေျပာေနက် ဆိုေပမယ့္ အခု
ကုိယ္ ဆိုတဲ့ နာမ္စားေလး ေျပာင္းလိုက္ေတာ့ သူက
ထူးဆန္းသလို မေနတတ္ျဖစ္ေနေလသည္။ ႐ွက္ရြံကာ မို႔အစ္ေနေသာ ပါးမို႔မို႔ေလးက နီရဲေနတာ အသက္ပင္။

"အ့ စပ္တယ္ ''

"ေဟ့ မ႐ုန္းနဲ႔ေလ ႐ုန္းရင္ ပိုစပ္မွာေပါ့ ခဏေလး ၿပီးေတာ့မယ္ ဖူးဖူး.... ရလား ''

ဓားဒဏ္ရာကို အရက္ျပန္နဲ႔ သုတ္ေပး၍ ေဆးေလး လူးေပးေတာ့  ႐ႈပ္မဲ့ေနတဲ့ မ်က္ႏွာေလးေပၚက ခ်စ္စရာေကာင္းခ်က္ကေတာ့ ပ်က္ယြင္းမသြား။ နာက်င္ေနမွာ စိုးလို႔
ဒဏ္ရာေလးကို ေလမႈတ္ေပးေတာ့ ကြၽန္ေတာ့္ကို
ငုပ္ၾကည့္ေနသည့္ မ်က္ဝန္းဥဥေလးေတြက စူး႐ွ
ေတာက္ပလြန္းလွသည္။

"ရ..ရၿပီ ေက်းဇူး... ေက်းဇူးတင္ပါတယ္ ေလးညိဳ႕႐ွင္ ''

"မင္း သိလား ျမတ္ႏိုးရာ ငါ မင္း ဓားထိုးခံရတယ္လို႔
ၾကားၾကားခ်င္း အရမ္းစိတ္ပူူသြားခဲ့တာ မင္းသာ တစ္ခုခု
ျဖစ္သြားရင္ အာ့ဒီ သူခိုးကို သတ္မိမလား မသိဘူး ''

"ဟင္! "

"အဟက္ ထားပါေတာ့ သြားအိပ္ေတာ့ေလ ဒီည ငါ
ေစာင့္ေပးမယ္''

"ရပါတယ္ သူခိုးက ျပန္မလာေလာက္ေတာ့ပါဘူး
ငါ အိပ္ရဲပါတယ္ ''

"႐ွည္တယ္ သြားအိပ္ေတာ့ဆ္ုိ သြားအိပ္လိုက္ေတာ့
မင္း..တီ တီ 📲''

စကားစ မျပတ္ေသးပဲ ဖုန္းဝင္လာတာေၾကာင့္
ကိုင္လိုက္ေတာ့

"ဟဲလို ''

"ကိုကို အခရာပါ ကိုကို အခု ဘယ္မွာလဲဟင္ ဒီေန႔ အခရာရဲ႕ ေမြးေန႔ေလ ကိုကိုရယ္ မလာေသးဘူးလား ''

"အာ ဟုတ္သားပဲ ကိုကို ေမ့သြားတယ္ ေဆာရီး အခရာ ကိုကို မလာႏိုင္ေတာ့ဘူး ''

"ဟင္ ဘာလို႔လဲ ကိုကို မရဘူး ကိုကို လာရမယ္ ''

"ေဆာရီး အခရာ ကိုကို ဒီမွာ ကိစၥေလးတစ္ခု ရိွလို႔
မလာႏိုင္ေလာက္ေတာ့ဘူး ဒါပဲေနာ္ ''

အခရာဆီက ဖုန္းခ်သြားေတာ့ ကြၽန္ေတာ့္ကို
ေငးစိုက္ၾကည့္ေနေသာ ျမတ္ႏိုးရာက

"မင္း အခရာနဲ႔ ခ်ိန္းထားတာလား အာ့ဆို အျမန္သြားလိုက္ေလ အခုေလာက္ဆို သူ ေမွ်ာ္ေနေလာက္ေရာေပါ့''

"ဒီေန႔ သူ႔ေမြးေန႔ ''

"ေအာ္ အားနာစရာႀကီး ''

"အင္း ဒါေပမယ့္ ငါ မသြားဘူး ငါက အျခားသူေတြလိုမ်ိဳး မဟုတ္ဘူး ေရြးခ်ယ္စရာ ရိွရင္ ျပတ္ျပတ္သားသား
ေရြးခ်ယ္တယ္ ''

ကြၽန္ေတာ့္စကားေၾကာင့္ ျမတ္ႏိုးရာက အျပစ္လုပ္ထားသူပမာ ေခါင္းေလး ငုပ္က်သြားတာမို႔ အခုခ်ိန္ သူ႔ကို
ထိခိုက္ေစမယ့္ စကားေတြ ဆက္မေျပာဖို႔ ဆံုးျဖတ္လိုက္သည္။ အခု သူက ထိခိုက္နာက်င္ေနရတဲ့သူမလား။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine🕊Part 16🕊

"ဆောရီး ငါကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရင် အင့်.. အဖေ ပေးခိုင်းလိုက်လို့ လာပေးတာ ''

"အာ ဟုတ် ဟို အိမ်ထဲ ဝင်ပါအုံးလား"

ကျွန်တော် ငှါးထားတဲ့ အိမ်လေးဆီကို လာတဲ့
လေးညို့ရှင်ကို အိမ်ထဲ ဝင်ရန် ခေါ်လိုက်တော့ သူက
ကျွန်တော် အနောက်မှာ ရှိနေသော လွန်းဘွဲ့မောင်ကို
ခပ်မှုန်မှုန် ကြည့်လာသည်။ ဒီအကြည့်ကို သဘောပေါက်သော လွန်းဘွဲ့မောင်က ကျွန်တော် စိတ်ချမ်းသာစေရန်

" ကလေး ကိုယ် အလုပ်ရှိလို့ ပြန်အုံးမယ် ညကျရင်
ဖုန်းဆက်လိုက်မယ်နော် ''

"ဟုတ် ဟုတ်ကဲ့ ''

ကျွန်တော်တို့ အရှေ့က ထွက်သွားသော လွန်းဘွဲ့မောင်ကတော့ စိုးရိမ်စွာ ကျွန်တော့်ကို သမင်လည်ပြန်လေးလို တချက် ကြည့်သွားလေသေးသည်။

"အဟက် မင်း ချစ်သူက မင်းကို တော်တော် ချစ်တာပဲနော် ငါနဲ့ အတူကျန်ခဲ့မှာ စိတ်မချဘူး ထင်ပါရဲ့ ''

"မဟုတ်ပါဘူး သူက ဒီလိုပဲ အော် ဒါနဲ့ ဦးက ငါ့ကို
ဘာပေးလိုက်တာလဲ''

"မသိဘူး ဖွင့်ကြည့်ပေါ့''

အိမ်လေးကို ဖွင့်ကြည့်လိုက်တော့ အဖြူရောင် အနွေးထည်လေးကို တွေ့လိုက်ရသည်။ နွေရာသီကြီးမှာ ဦးက
ဘာလို့ အနွေးထည် ပေးရတာပါလိမ့်။

"ဟီးဟီး အနွေးထည်လေး လှလိုက်တာ ဦးက ငါ
အဖြူရောင် ကြိုက်တာ ဘယ်လိုသိသလဲ မသိဘူးနော်
အင့် ဒါနဲ့ ဦးက အလုပ်များလွန်းလို့ နွေရာသီ ဆိုတာတောင် မေ့သွားသလား မသိဘူးနော် ''

"ဟင် အခုက နွေရာသီလား''

"အင်းလေ မသိဘူးလား မတ်လပါဆို ဒီလောက်
ပူအိုက်နေတာ အင်း ဒါပေမယ့် ဦးက စေတနာနဲ့ ပေးတာ ဆိုတော့ ဘယ်လိုဖြစ်ဖြစ် ပျော်တယ် မိုးအကုန်ဆောင်းအကူး ရောက်ရင် ဝတ်ရမယ် ပြီးတော့ ဦးကို ပြောပေးနော် ကျေးဇူးတင်ပါတယ်လို့''

"အဟက် ကျေးဇူးတွေက များလိုက်တာနော် ''

ရွဲ့လိုလို စောင်းလိုလို ပြောလိုက်တဲ့ လေးညို့ရှင်
စကားတွေက တကယ်လည်း အမှန်တရား ဖြစ်နေတာမို့ ဘာမှ ပြန်မပြောတော့ပဲ ပြုံးရုံသာ ပြုံးလိုက်သည်။
လေးညို့ရှင်က ကျွန်တော်အိမ်ခန်း ဧရိယာလေးကို
မျက်စိတဝိုက် ကြည့်နေပြီး သူ့မျက်လုံးတွေက ဟိုဘက်
ဒီဘက် ဖြစ်နေတဲ့ ခုတင်၂ခုကို မြင်လိုက်ရာ စူးရှလာသော မျက်ဝန်းတစုံဖြင့် ဒေါသတကြီး ကျွန်တော့်ကို
စိုက်ကြည့်လာ၍

" မြတ်နိုးရာ မင်းက တော်တော် ရွံဖို့ ကောင်းတာပဲ
မင်းနဲ့ ဟိုလူနဲ့က အတူတူတောင် နေနေကြပြီပေါ့လေ
ဟုတ်လား ''

"ဟင် မဟုတ်... မဟုတ်ဘူးလေ ငါက ဘာလို့
ကိုလွန်းဘွဲ့မောင်နဲ့ အတူတူ နေရမှာလဲ မဟုတ်ဘူး ''

"ဒါဆို ဟိုက ခုတင်က ဘယ်သူ့ဟာလဲ မင်းအကောင်ဟာပဲမလား ဟမ်း ''

"မဟုတ်ဘူး လေးညို့ရှင် ''

"ဘာလဲ ငြင်းအုံးမလို့လား ဘာတွေ ငါ့ကို ထပ်ပြီး
လိမ်ညာအုံးမှာလဲကွာ ''

"မဟုတ်ပါဘူး မင်း ထင်သလို မဟုတ်ဘူး လေးညို့ရှင်
အမြဲတမ်း မင်းဘက်က တဖက်သတ် တွေးထင်နေတာတွေ ခဏလောက် ရပ်ထားပေးလို့ ရမလား ငါ အရမ်းပင်ပန်းနေလို့ပါ''

"အဟက် မရပ်ဘူး မင်းတို့က ချစ်သူတွေ အဆင့်တောင်
မကတော့ပဲ အတူတူတောင် နေနေကြပြီပေါ့လေ
အံသြလိုက်တာကွာ ''

"မြတ်နိုးရာ ဘယ်သူရောက်နေတာလဲ''

ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဘယ်လိုမှ ညှိုနှိုင်းလို့ မရပဲ အော်ဟစ်နေကြစဉ် ဘာမှမသိတဲ့ မိုးစက်က အလုပ်က ပြန်ရောက်လာ၍ ကြောင်ကြောင်လေး လာကြည့်နေတော့မှ ကျွန်တော်လည်း စိတ်ကို
လျော့ချလိုက်တော့သည်။

"အာ့ဒါ ဒါ ငါ့သူငယ်ချင်း သူက ငါနဲ့ အတူတူ နေတာ''

"ဟို ဒီက လေးညို့ရှင် ဆိုတာလား ''

"အင်း ဟုတ်တယ် မိုးစက် လေးညို့ရှင် ဆိုတာ သူပဲ ''

"အော် ဟုတ်လား တွေ့ရတာဝမ်းသာပာတယ် လေးညို့ရှင် ကျွန်တော်က မိုးစက်ပါ မြတ်နိုးရာနဲ့ အတူတူ နေနေပါတယ်ခင်ဗျာ ''

"အော် ဟုတ်ကဲ့ ဒါဆို ပြန်လိုက်ပါအုံးမယ် ''

"ဟင် အင်း အင်း ''

လေးညို့ရှင် ထွက်သွားတော့မှ မိုးစက်က ကျွန်တော့်ဆီ လှည့်လာ၍

"မြတ်နိုးရာ ဟိုက နှုတ်ဆက်သွားတာတောင် မင်းက
ဘယ်မှလဲ ပြန်မပြောဘူး ရန်ဖြစ်နေကြတာလား''

"ဟုတ်တယ် ရန်ဖြစ်နေတာ ''

"ဒါဆို စိတ်ဆိုးလား ''

"စိတ်ဆိုးတယ် ငါ သူ့ကို ပထမဆုံး စိတ်ဆိုးခြင်းပဲ မိုးစက် သူ ငါ့ကို နည်းနည်းလေးမှ အယုံအကြည်မရှိဘူးကွာ''

လေးညို့ရှင်နဲ့ ရန်ဖြစ်ရတဲ့ အကြောင်းအရာ အားလုံးကို မိုးစက်အား ပြောပြပြီးနောက် မိုးစက်က ဆရာကြီးစတိုင်နဲ့ ခါးထောက်ကာ

"အင်း မင်း ပြောပုံအရဆို လေးညို့ရှင်က မင်းနဲ့
ကိုလွန်းဘွဲ့မောင် အတူတူ နေတယ် ထင်ပြီး ဒေါသထွက်သွားတာပေါ့''

"အင်း ''

"အော် ဒီလိုဆိုတော့ ငါ့အထင် ပြောရရင် ဥပမာကွာ မင်း အမြဲ တွေးနေသလို မတွေးတော့ပဲ အခြားဖက်ကနေ
တွေးကြည့်ပါလား သူ မင်းကို ဒေါသထွက်တာ
သဝန်တိုလို့ရော မဖြစ်နိုင်ဘူးလား''

"အာ မဖြစ်နိုင်ဘူး မိုးစက် လုံးဝ မဖြစ်နိုင်ဘူး ''

"နေအုံး နေပါအုံး အတင်းမငြင်းပါနဲ့အုံး ငါက ဥပမာ
ပြောတာကွာ မင်းတို့ ဖြစ်ခဲ့တဲ့ ပြသာနာ အစကို ပြန်စဉ်းစားကြည့် အဖြေ ထွက်လာလိမ့်မယ် မင်းတို့ ဖြစ်တဲ့
ပြသာနာ အားလုံးက သူ မင်းကို သဝန်တိုလို့ပဲ''

"မဟုတ်ဘူး မိုးစက် မင်း သူ့အကြောင်း မသိသေးလို့
အခုလို ပြောတာ သူက Gayဆို အရမ်းမုန်းတာ ငါက Gay ဆိုတာ သူ သိသိချင်း အရမ်းရွံတယ်လို့ ပြောဖူးတယ်  ''

"သေချာလို့လား သူက မင်းကို တကယ် ရွံတယ် ဆိုတာ သူက Gayတွေ မုန်းတယ် ဆိုတာ သေချာလို့လား
မြတ်နိုးရာ ''

သေချာလားတဲ့ ပြန်ဖြေဖို့ စကား မရှိတော့ မရေရာလိုက်တာ။ မိုးစက်က ကျွန်တော့်ကို လေးညို့ရှင်က သဝန်တိုတယ်တဲ့ ဖြစ်နိုင်ပါ့မလား။ သဝန်တိုတယ် ဆိုတာ ချစ်တဲ့သူအချင်းချင်း ကြားက သုံးရတဲ့ စကားစု။ ကျွန်တော်တို့နဲ့
ဒီစကားစုက အလှမ်းဝေးလွန်းပါတယ် ဘယ်တော့မှ မနီးစပ်မယ့် ကောင်းကင်ပေါ်က ကြယ်လေးတစ်လုံးလိုပေါ့။

"မင်း မဖြေနိုင်တော့ဘူးမလား အဟက် သေချာတယ် ငါ့အတွေ့အကြုံအရ ပြောရရင် လေးညို့ရှင် မင်းကို လွန်းဘွဲ့မောင်နဲ့ သဝန်တိုနေတာ ''

"အတွေ့အကြုံ ဟားဟား ပြောစမ်းပါအုံး မင်း ရည်းစား
ဘယ်လောက်ထားခဲ့တယ် ဆိုတာ ''

"အင်း အဲ...  မြတ်နိုးရာ မင်းနော် သူငယ်ချင်းအချင်းချင်း ငါ့...ငါ့အကြောင်းလဲ မင်း သိသားနဲ့ ''

"ဟားဟား ဒါနဲ့များ လာကြွားနေသေးတယ် ''

မိုးစက် ဆိုတာ ဒီလိုမျိုးပဲ ရည်းစား တခါမှ ထားဖူးတာလည်း မဟုတ်ပဲ ကျွန်တော့်ကို သင်ပေးနေတတ်တာ။ စိတ်ညစ်နေတဲ့ ကျွန်တော်တောင် သူ့ကြောင့် ဟက်ဟက်ပက်ပက် ရယ်ရသည်။ ဒီလို သူငယ်ချင်းမျိုး ရှိတာ ကျွန်တော် ကံကောင်းတယ်လို့ပဲ ပြောရမလား။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ဟဲလို သား ပြော ဘယ်လို သားတို့ အိမ်ထဲ သူခိုး ဝင်တယ် ဟုတ်လား သားရော ဘာတွေ ထိခိုက်သွားသေးလဲ ဟင် ဓားထိုးခံရတယ် ဟုတ်လား ''

ကျွန်တော် အခရာ မွေးနေ့ပွဲလေးကို သွားမလို့
အပေါ်ထပ်က ဆင်းလာစဉ် မိထွေးဖြစ်သူ ဒေါ်တင်တင်မေရဲ့ ဖုန်းပြောသံကြောင့် မြတ်နိုးရာကို စိတ်ပူသွားကာ ကားသော့ ဆွဲ၍ သူ့ဆီသို့ တရကြမ်း ကားကို မောင်းလာခဲ့သည်။ စိတ်က မြန်နေလို့ ထင်ပါရဲ့ မီးပွိုင့်တွေကလည်း
တစ်ခါတစ်ခါ မိရင် သေမလောက် စောင့်နေရသည်။
ကျွန်တော် မြတ်နိုးရာ အိမ်အရှေ့ ရောက်တော့ ရဲကားတွေကို အရင် မြင်လိုက်ပြီး လူတွေလည်း ဟိုတစ်စု ဒီတစ်စုု အုပ်နေကြသည်။ ကျွန်တော် လူတွေကြား တိုးဝှေ့ကာ
မြတ်နိုးရာကို ရှာလိုက်တော့ သူက ရဲတွေဆီ ဖြောင့်ချက် ပေးနေလေသည်။ ထို့နောက် သူ့ဆီ အပြေးသွား၍

"မြတ်နိုးရာ မင်း ဘာဖြစ်သွားသေးလဲ ဟင် ဘာဖြစ်သွားတာလဲ ဓားထိုးခံရတာဆို ပြစမ်း ဘယ်မှာလဲ ''

လူတွေ အများကြီး ရှေ့၌ မြတ်နိုးရာကို ဆွဲကိုင်ကာ
စိုးရိမ်တကြီး ပြောနေမိသည်။ ရှက်ဖို့လည်း မတွေးနိုင်သလို သူ့ကိုပဲ စိတ်ပူနေမိတာမို့။ မြတ်နိုးရာနဲ့ စကားပြောနေတဲ့ ရဲတွေကလည်း ကျွန်တော်ကို အထူးအဆန်း
ကြည့်လာတော့ သူက

" ဟို သူက ကျွန်တော့်အကိုပါ ဟုတ်ကဲ့ အခုလို
လာကူညီပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ''

"ဟုတ် ပြည်သူတွေ ဘေးကင်းဖို့ ကျွန်တော်တို့ တာဝန်ပါ အခု သူခိုးရဲ့ ပုံပန်းသွင်ပြင်ကို ပြောထားပြီးပြီးမို့ မကြာခင် တရားခံ အမြန် ဖမ်းမိမှာပါ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါအုံး ''

"ဟုတ် ကျေးဇူးတင်ပါတယ်''

ရဲတွေနဲ့ စပ်စပ်စုစု နိုင်လှတဲ့ ပတ်ဝန်းကျင်က လူတွေပါ
ပြန်သွားတော့မှ ကျွန်တော် နံဘေးက မြတ်နိုးရာကို
ဆွဲလှည့်၍

"ဖြေလေ ငါ မေးတာ ဖြေလေ မင်း ဘာဖြစ်သွားသေးလဲလို့ ''

"ဟို လက်...လက်ကို ထိုးမိတာ ဓားက ဒါနဲ့ မင်းက
သူခိုးတက်တာ ဘယ်လို သိတာတုန်း''

"မင်းအမေ ဖုန်းပြောနေတာ ကြားလို့ ဒါတွေ အရေးမကြီးပါဘူး လာ အိမ်ထဲ ဝင်ရအောင် ဒဏ်ရာက
ဆေးထည့်ပြီးပြီလား''

"မထည့်ရသေးဘူး သူခိုးလည်းပြေး ရဲတွေ မေးတာ
ဖြေရတာနဲ့ အလုပ်တွေ ရှုပ်နေလို့ ''

"ဟာကွာ ဒီရဲတွေကလဲလေ ဒီမှာ ဒဏ်ရာ ရထားပါတယ်ဆိုမှ အရင် ဆေးထည့် မခိုင်းပဲ မေးနေတော့တာပဲ''

"လေးညို့ရှင်ရာ အာ့လို မပြောပါနဲ့ သူတို့လည်း သူတို့ တာဝန်လေကွာ''

လက်မောင်းက သွေးတွေ ယိုစီးကျနေတဲ့ ဒဏ်ရာကို
မသက်မသာ ကြည့်ကာ စိတ်မောရပြန်သည်။ ဒီသူခိုးကလည်းနော် ဒီလို အိမ်လေးမှာ ဘာရှိမှာမို့ ဘာခိုးရတာလဲ။ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ ထိုင်နေတဲ့မြတ်နိုးရာရဲ့
သူငယ်ချင်း ဆိုသူ မိုးစက် ဆိုတဲ့ ကောင်လေးကတော့
ကြောက်လို့ထင်ရဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်နေရှာသည်။

" မိုးစက် မင်းကရော ထိ်ခိုက်သွားသေးလား''

"ဟင့်အင်း ကျွန်တော်က ဘာမှ မဖြစ်ဘူး မြတ်နိုးရာပဲ
ထိခိုက်သွားတာ ကျွန်တော်က အလုပ်က ပင်ပန်းလို့
အိပ်ပျော်နေလို့ အာ့ဒါ မြတ်နိုးရာက ခန်းဆီးလှိုက်ကာလေး လှုပ်သွားတယ် ဆိုပြီး ထကြည့်တာ အာ့ဒါ သူခိုးက
ထွက်ပြေးတာ မြတ်နိုးရာက သူခိုးလို့ ထအော်တော့ ဓားနဲ့ ထိုးသွားတာဗျ ကံကောင်းတယ် လက်မှာပဲ ထိမိလို့
အခြားနေရာမှာဆို မလွယ်ဘူး''

မိုးစက် ပြန်ပြောပြတဲ့ စကားတွေကို နားထောင်ရင်း
ကျွန်တော် အရှေ့က ကောင်သေးသေးလေးကို
စိတ်ပူရပြန်သည်။ ဟိုက ခိုးဆိုးလုနှိုက်သမားလေ
သူက ကောင်သေးသေးလေး အင်အားချင်းမမျှ။

" မြတ်နိုးရာ မင်းဟာလေ သူဟာသူ ခိုးချင်လို့ လာတာ
အေးအေးဆေးဆေး လွှတ်လိုက်ပါလား ဘာလို့
ထအော်သလဲ''

"မင်းကလည်း ငါက ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ ငါတို့ဆီမှာ ဘာမှ တန်ဖိုးကြီးတာ မရှိဘူး ဆိုပေမယ့် ငါတို့ အိမ်ကိုတော့ ကာကွယ်ရမယ့် တာဝန်က ရှိတယ်မလား''

"ဟူး ခက်တော့တာပဲ မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကျစ်.. မိုးစက် ဆေးမရှိဘူးလား အရက်ပြန်နဲ့
ပတ်တီး ရှိရင်လည်း အဆင်ပြေတယ်''

"အာ ရှိတယ် ရှိတယ် ခဏ ကျွန်တော် သွားယူပေးမယ်''

မိုးစက် ဆေးထယူပေးပြီး ကျွန်တော့်ဆီ လာပေးတော့
အလယ်က မြတ်နိုးရာက လုယူ၍

" ရတယ် ငါ့ဘာသာ လုပ်နိုင်တယ် ''

"ကျစ် ဘယ်ဖြစ်မလဲ မင်း ထိခိုက်တာက ညာဘက်နော်
ဘယ်လက်နဲ့ ဆေးထည့်ရမှာ မင်းက ညာသန်လေ
ဘယ်လိုလုပ် အဆင်ပြေမှာလဲ ''

"ငါ လုပ်လို့ အဆင်မပြေလည်း ရတယ် မိုးစက် ရှိတယ် သူ လုပ်ပေးလိမ့်မယ်''

မြတ်နိုးရာ ထိုသို့ ပြောလိုက်တော့ မိုးစက်က ထိုင်နေရာမှ ထလာမလို ပြင်တော့ ကျွန်တော် ပြန်ထိုင်နေ ဆိုသော
မျက်နှာ အမှုအရာ လုပ်ပြလိုက်တော့ ငြိမ်သွားလေသည်။

"ညနက်နေပြီ သူလည်း အိပ်ချင်ရှာမှာပေါ့ မိုးစက်
သွားနားတော့လေ ကိုယ်ပဲ ကြည့်ပေးလိုက်မယ်''

"ဟုတ် ဒါဆို ကျွန်တော့်သူငယ်ချင်းကို သေသေချာချာလေး ဂရုစိုက်ပေးပါနော် ''

"ဟင်း စိတ်ချပါ ''

မိုးစက်က သူ့အိပ်ရာထဲ ဝင်အိပ်သွားတော့မှ မြတ်နိုးရာ
လက်လေးကို ဆွဲယူလိုက်တော့ လန့်သွားဟန်ဖြင့်
တုန်တက်သွားရှာသည်။

"ဘာ.. ဘာလုပ်တာလဲ ''

"ရော် ဆေးထည့်ပေးမလို့လေ ကိုယ်က ဘာလုပ်ပေးမယ် ထင်လို့လဲ ''

အသုံးအနှုန်းက ငါနဲ့ မင်း ပြောနေကျ ဆိုပေမယ့် အခု
ကိုယ် ဆိုတဲ့ နာမ်စားလေး ပြောင်းလိုက်တော့ သူက
ထူးဆန်းသလို မနေတတ်ဖြစ်နေလေသည်။ ရှက်ရွံကာ မို့အစ်နေသော ပါးမို့မို့လေးက နီရဲနေတာ အသက်ပင်။

"အ့ စပ်တယ် ''

"ဟေ့ မရုန်းနဲ့လေ ရုန်းရင် ပိုစပ်မှာပေါ့ ခဏလေး ပြီးတော့မယ် ဖူးဖူး.... ရလား ''

ဓားဒဏ်ရာကို အရက်ပြန်နဲ့ သုတ်ပေး၍ ဆေးလေး လူးပေးတော့  ရှုပ်မဲ့နေတဲ့ မျက်နှာလေးပေါ်က ချစ်စရာကောင်းချက်ကတော့ ပျက်ယွင်းမသွား။ နာကျင်နေမှာ စိုးလို့
ဒဏ်ရာလေးကို လေမှုတ်ပေးတော့ ကျွန်တော့်ကို
ငုပ်ကြည့်နေသည့် မျက်ဝန်းဥဥလေးတွေက စူးရှ
တောက်ပလွန်းလှသည်။

"ရ..ရပြီ ကျေးဇူး... ကျေးဇူးတင်ပါတယ် လေးညို့ရှင် ''

"မင်း သိလား မြတ်နိုးရာ ငါ မင်း ဓားထိုးခံရတယ်လို့
ကြားကြားချင်း အရမ်းစိတ်ပူူသွားခဲ့တာ မင်းသာ တစ်ခုခု
ဖြစ်သွားရင် အာ့ဒီ သူခိုးကို သတ်မိမလား မသိဘူး ''

"ဟင်! "

"အဟက် ထားပါတော့ သွားအိပ်တော့လေ ဒီည ငါ
စောင့်ပေးမယ်''

"ရပါတယ် သူခိုးက ပြန်မလာလောက်တော့ပါဘူး
ငါ အိပ်ရဲပါတယ် ''

"ရှည်တယ် သွားအိပ်တော့ဆ်ို သွားအိပ်လိုက်တော့
မင်း..တီ တီ 📲''

စကားစ မပြတ်သေးပဲ ဖုန်းဝင်လာတာကြောင့်
ကိုင်လိုက်တော့

"ဟဲလို ''

"ကိုကို အခရာပါ ကိုကို အခု ဘယ်မှာလဲဟင် ဒီနေ့ အခရာရဲ့ မွေးနေ့လေ ကိုကိုရယ် မလာသေးဘူးလား ''

"အာ ဟုတ်သားပဲ ကိုကို မေ့သွားတယ် ဆောရီး အခရာ ကိုကို မလာနိုင်တော့ဘူး ''

"ဟင် ဘာလို့လဲ ကိုကို မရဘူး ကိုကို လာရမယ် ''

"ဆောရီး အခရာ ကိုကို ဒီမှာ ကိစ္စလေးတစ်ခု ရှိလို့
မလာနိုင်လောက်တော့ဘူး ဒါပဲနော် ''

အခရာဆီက ဖုန်းချသွားတော့ ကျွန်တော့်ကို
ငေးစိုက်ကြည့်နေသော မြတ်နိုးရာက

"မင်း အခရာနဲ့ ချိန်းထားတာလား အာ့ဆို အမြန်သွားလိုက်လေ အခုလောက်ဆို သူ မျှော်နေလောက်ရောပေါ့''

"ဒီနေ့ သူ့မွေးနေ့ ''

"အော် အားနာစရာကြီး ''

"အင်း ဒါပေမယ့် ငါ မသွားဘူး ငါက အခြားသူတွေလိုမျိုး မဟုတ်ဘူး ရွေးချယ်စရာ ရှိရင် ပြတ်ပြတ်သားသား
ရွေးချယ်တယ် ''

ကျွန်တော့်စကားကြောင့် မြတ်နိုးရာက အပြစ်လုပ်ထားသူပမာ ခေါင်းလေး ငုပ်ကျသွားတာမို့ အခုချိန် သူ့ကို
ထိခိုက်စေမယ့် စကားတွေ ဆက်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ အခု သူက ထိခိုက်နာကျင်နေရတဲ့သူမလား။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
583K 37.3K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
238K 38.9K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .