(V 3+V4) ကောင်းကင်ယံထက်က ငွေက...

By MayKingMK119

348K 48.8K 1.6K

(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... More

True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အက်ဥ္း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
ေျမေအာက္ေလာက ဘုရင္ Albert / မြေအောက်လောက ဘုရင် Albert
Chapter (15) - Trap Down (ေထာင္ေခ်ာက္)
Chapter (16) - ေလာင္းကစားႏွင့္ ဝွက္ဖဲ
Tang Feng ရဲ႕ အခ်စ္ကို ဘယ္သူ ရမလဲ..
Chapter (17) - ေရြးခ်ယ္ျခင္း - 1
Chapter (18) သီးသန႔္ကြၽန္း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကြယ္ထားသည့္ ခံစားခ်က္ အဟုန္မ်ား
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - ေလလံပြဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကြ်န္ ေလလံပြဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးေလလံပြဲ(Z+U)
Volume III_ Chapter (24) - Gino လြတ္ေျမာက္ျခင္း (Z+U)
Volume III_ Chapter (25) - သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ (Z+U)
Volume - 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက္ေသာ Albert
Chapter (28) - မေကာင္းဆိုးဝါး လူသတ္သမား ေရာက္ရွိလာျခင္း
Chapter (29) - Lu Tian Chen ကိုယ္တိုင္ လာေရာက္ကယ္တင္ျခင္း (Z+U)
True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္
Chapter (32) - ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုေပးပြဲအခမ္းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ္ဆို႔ျခင္း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ္ကိုယ္ မိတ္ဆက္ျခင္း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4 - Chapter (7) : ပန်းချီပြခန်း
Vol 4- Chapter (8): -I love you
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု

Chapter (30) - Dr. Harvey ဆီက ဝန္ခံစကား (Z+U)

3.6K 669 25
By MayKingMK119

Chapter (30) - Dr. Harvey ဆီက ဝန္ခံစကား (Z+U)

ေနာက္တစ္ေန႔တြင္ Tang Feng က Hotel တြင္ Media မ်ားစြာျဖင့္ interview မ်ားစြာလုပ္ခဲ့ရသည္။ အားလံုး၏အျမင္တြင္ Tang Feng သည္ Hollywood ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရေသာ လူသစ္ေလးျဖစ္ၿပီး အေကာင္းဆံုးလူသစ္ဇာတ္ေဆာင္ဆု ၂ဆုကို ရရွိဖို႔ ဇကာတင္စာရင္းထဲ ပါဝင္သူျဖစ္သည္။ Interview မ်ားၿပီးသြားေတာ့ Tang Feng က သူရွိသင့္သည့္ မူလေလာကကို ျပန္ေရာက္လာသလို ခံစားလိုက္ရသည္။

သူ႔လက္ေထာက္ ေရွာင္ယုကိုေတြ႕ေတာ့ သူမ၏ပူညံပူညံလုပ္ျခင္းကို ခဏခံလိုက္ရသည္။ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲ ထပ္မံပါဝင္ဖို႔ ႀကိဳးစားရမည့္အခ်ိန္တြင္ အားလပ္ရက္တစ္လယူတာ လြန္လြန္းသည္ဟု သူမက ဆူပူေနသည္။ သူေပ်ာက္သြားသည့္ တစ္လအတြင္း Lu Tian Chen က သူ အားလပ္ခြင့္ယူထားသည္ဆိုၿပီး ဖံုးကြယ္ေပးထားသည္။ ေရွာင္ယုက Tang Feng ကိုျပန္ေတြ႕ရလို႔ ဝမ္းသာေနၿပီး ျဖစ္ပ်က္သမွ်သတင္းမ်ားကို ေျပာျပေပးေနသည္။ ဗင္းနစ္တြင္ အင္တာဗ်ဴးမ်ားစြာ စီစဥ္ေပး႐ံုသာမက တ႐ုတ္ျပည္ျပန္ေရာက္လွ်င္လည္း TV Channel မ်ားစြာႏွင့္ ႐ုပ္သံ interview လုပ္ဖို႔ရွိေသးေၾကာင္း ေျပာျပခဲ့သည္။ Tang Feng ကို ဖိတ္ေခၚထားသည့္ မဂၢဇၨင္းမ်ားႏွင့္ သတင္းစာမ်ားစြာလည္း ရွိသည္။

"နာမည္အႀကီးဆံုး မဂၢဇင္းႀကီး ၄ေစာင္မွာ ၂ေစာင္က ရွင့္ကို မ်က္ႏွာဖံုးကာဗာအျဖစ္ သံုးဖို႔ ကမ္းလွမ္းထားတယ္.. စက္တင္ဘာနဲ႔ ႏိုဝင္ဘာလထုတ္ မဂၢဇင္းရဲ့ ေရွ႕ကာဗာအတြက္တဲ့.. Tang Feng ရွင္ေတာ့ နာမည္ႀကီးၿပီ.."

ေရွာင္ယုက အယ္ဒီတာေပါင္းစံုဆီက Tang Feng ကိုဖိတ္ေခၚသည့္ စာမ်ားကို ထုတ္ျပကာ ေျပာလိုက္သည္။

"အခု တ႐ုတ္ျပည္မွာ ၾသဇာအႀကီးဆံုး မဂၢဇင္း ၄ခုရွိတယ္.. သူတို႔က လိုခ်င္တဲ့သတ္မွတ္ခ်က္ ျပည့္စံုတဲ့သူကိုပဲ မဂၢဇင္းရဲ့ cover မွာ တင္ေလ့ရွိတယ္.. အခု ရွင္က ဇကာတင္စရင္းထဲပါ႐ံုနဲ႔ မဂၢဇင္း၂ခုက ရွင့္ကို ကမ္းလွမ္းထားၿပီ.. တကယ္လို႔ ရွင္သာဆုရခဲ့ရင္ မဂၢဇင္း၄ခုလံုးရဲ့ ကာဗာမွာ ရွင့္ပံုပါလာမွာ ေသခ်ာတယ္.."

ေရွာင္ယုက ဝမ္းသာစြာျဖင့္ ေျပာလိုက္သည္။ သူမတို႔လို မန္ေနဂ်ာေလးမ်ားက သူမတို႔တာဝန္ယူထားေသာ အႏုပညာရွင္ေအာင္ျမင္မွ သူတို႔ဘဝ ေအာင္ျမင္တာျဖစ္လို႔ Tang Feng ၏ေအာင္ျမင္မႈအတြက္ သူမ အရမ္းေပ်ာ္ေနသည္။ ဘယ္မန္ေနဂ်ာေကာင္းမဆို ကိုယ့္သ႐ုပ္ေဆာင္က်႐ံႈးတာကို မျမင္ခ်င္ၾကေပ။

Tang Feng ၏လက္ရွိအရည္အခ်င္းအရ တ႐ုတ္ျပည္မႀကီး၏ ႐ုပ္ရွင္ဧကရာဇ္ဘုရင္ႀကီး မျဖစ္ႏိုင္ေသးေပမယ့္ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ သူသာဆုရၿပီး ေက်ာ္ၾကားခဲ့လွ်င္ တ႐ုတ္ျပည္မႀကီး၏ အႏုပညာေလာကမွာ အေတာ္အသင့္ ၾသဇာသက္ေရာက္မႈ ရွိေပလိမ့္မည္။ အႏုပညာေလာကတြင္ သ႐ုပ္ေဆာင္မ်ားစြာရွိေပမယ့္ ႏိုင္ငံတကာ႐ုပ္ရွင္အသိုင္းအဝိုင္းထိ ထိုးေဖာက္ႏိုင္ေသာသူက ရွားပါးလွသည္။ တခ်ိဳ႕က ျပည္တြင္းမွာေက်ာ္ၾကား႐ံုသာရွိၿပီး တခ်ိဳ႕က ဆုတစ္ခုေလာက္ရၿပီး ေနာက္ထပ္ဇာတ္ကား႐ိုက္ခြင့္မရဘဲ တိမ္ျမဳပ္သြားၾကသည္။ ႏိုင္ငံတကာ႐ုပ္ရွင္အသိုင္းအဝိုင္းထိ ထိုးေဖာက္ၿပီး ေက်ာ္ၾကားသူ လက္တစ္ဆုပ္စာလူနည္းစုကို superstar ဟု ေခၚတြင္ၾကသည္။

"သြားရမယ့္ခရီးက အေဝးႀကီးက်န္ပါေသးတယ္.. ေရွာင္ယု.. ကၽြန္ေတာ္မရွိတဲ့အခ်ိန္ ေပးပို႔ထားတဲ့ဇာတ္ညႊန္းေတြ ရွိသလား.."

"တခ်ိဳ႕ေတြ ဖိတ္ေခၚထားတာ ရွိပါတယ္.. ကၽြန္မ ဆုေပးပြဲအခမ္းအနားၿပီးရင္ ေကာင္းတယ္လို႔သတ္မွတ္ထားတဲ့ ဇာတ္ညႊန္းတခ်ိဳ႕ ပို႔ေပးလိုက္ပါ့မယ္.. ဖိတ္ေခၚတဲ့သူေတြက နာမည္ႀကီးဒါ႐ုိက္တာေတြခ်ည္းပဲ.."

Tang Feng က ထိုဇာတ္ကားေတြထဲက ေကာင္းတာကို ေရြးခြင့္ရမွာျဖစ္လို႔ ေခါင္းညိတ္လိုက္သည္။

ဆုေပးပြဲက ညေနခင္းျဖစ္ေသာေၾကာင့္ ေန႔ခင္းတြင္ Tang Feng ႏွင့္ Lu Tian Chen တုိ႔ အဝတ္အစားထြက္ဝယ္ၾကသည္။ Tang Feng လိုအပ္သမွ်ကို Lu Tian Chen က စပြန္ဆာေပးတာျဖစ္ၿပီး အဝတ္အစားတင္မက တြဲဖက္ဝတ္ရသည့္ လိုအပ္သမွ်အားလံုး ဝယ္ျခမ္းေပးခဲ့သည္။ အဝတ္ကမ်ားလို႔ အျပန္ခရီးေတာင္ ဝတ္သြားလို႔ရသည္။ Tang Feng က မင္းသမီးေတြလို မဟုတ္ေသာေၾကာင့္ ေထြေထြထူးထူး ဆန္းျပားေသာအဝတ္မ်ားကို မလိုေပ။ သူ႔မ်က္စိေရွ႕က အဆင္ေျပရာကိုသာ ေရြးလိုက္သည္။ သူက British style အေရာင္ရင့္ေျပာင္ဝတ္စံုကို ေရြးလိုက္သည္။ ဒီဝတ္စံုကိုၾကည့္လိုက္ေတာ့ ဒါမွ တကယ့္ superstar ပံုစံဆိုၿပီး ေရွာင္ယုက ေျပာလိုက္သည္။

ညေနေစာင္းေတာ့ သူတုိ႔ ဆုေပးပြဲကိုသြားေတာ့ သိကၽြမ္းေသာလူမ်ားကို ေတြ႕ခဲ့သည္။ ဒါ႐ိုက္တာလီေဝ့တို႔ ဇနီးေမာင္ႏွံအျပင္ Gino ကိုလည္း ေတြ႕လိုက္ရသည္။ Gino က ၿပံဳးကာ အနားကိုတန္းေရာက္လာသည္။

"မင္းက အရမ္းခန္႔ညားတာပဲ.. ေနာက္ဆို မင္းက ငါ့ေနရာကို လုယူသြားေလာက္တယ္.."

Gino က ဟာသေဖာက္ကာ ေျပာလုိက္သည္။ ေတာက္ပေသာအၿပံဳးေၾကာင့္ Gino က ပိုၿပီးႏွစ္လိုဖြယ္၊ ခ်စ္စရာေကာင္းလို႔ေနသည္။

"ဒါဆို ေနာက္ပိုင္း မင္းနဲ႔ငါက ကီလိုမီတာေပါင္း 18000 ေလာက္ ေဝးရေတာ့မွာေပါ့.."

Tang Feng က ျပန္ေနာက္လိုက္သည္။

ထိုေန႔ကျဖစ္ပ်က္သမွ်ကို Harvey က Gino ႏွင့္သူ႔အစ္ကိုျဖစ္သူကို မေျပာျပခဲ့ရေသာေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနေပမယ့္ ဒါက အေကာင္းဆံုးပဲျဖစ္သည္။ တကယ္လို႔ တစ္ခုခုမွားသြားလွ်င္ Albert က Gino သာမက Gino ၏မိသားစုကိုပါ ဒုကၡေပးႏိုင္သည္။

ထိုဆုေပးပြဲတြင္ Tang Feng ေကာ Gino ပါ အႀကိဳဆုရစာရင္းမွာ လ်ာထားခံရေသာေၾကာင့္ ဂုဏ္တက္လ်က္ရွိသည္။ Satan Alley ဇာတ္လမ္းကို ထုတ္လႊင့္စဥ္က ဂယက္ေၾကာင့္ ဒီဆုေပးပြဲက သူတို႔အတြက္ အရမ္းအေရးႀကီးလွသည္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဇာတ္လမ္းက 19 ရာစုႏွစ္ကာလက ဘုန္းေတာ္ႀကီးႏွစ္ပါး၏ မခ်စ္သင့္၊ မခ်စ္အပ္ေသာခ်စ္ျခင္းကို ဖြဲ႕ဆိုထားၿပီး ဘာသာေရးကဲ့သို႔ လူေတြအထိမခံႏိုင္သည့္အရာမ်ား ပါဝင္ေနေသာေၾကာင့္ျဖစ္သည္။ ဒီ႐ုပ္ရွင္မျပသခင္ကပင္ အျငင္းပြားမႈမ်ား ျဖစ္ေပၚခဲ့ေသးသည္။

ဒီမနက္ Tang Feng ဖတ္လိုက္ရသည့္ သတင္းစာထဲတြင္ ႐ိုမန္ကက္သလစ္ ဘုရားေက်ာင္းက ဒီ႐ုပ္ရွင္ကို အတိအလင္း႐ံႈ႕ခ်ကန္႔ကြက္ထားၿပီး ဘာသာေရးအစြန္းေရာက္ေသာ တိုင္းျပည္တခ်ိဳ႕က ဒီ႐ုပ္ရွင္ကို ျပသခြင့္ပိတ္ပင္ထားေၾကာင္း ဖတ္လိုက္ရသည္။

ဒီဇာတ္လမ္းထဲတြင္ Gino ႏွင့္ Tang Feng တို႔၏အခ်စ္ခန္းက 10 မိနစ္ေလာက္ပါသြား႐ံုႏွင့္ သမိုင္းမွာ အညစ္ညမ္းဆံုးဇာတ္လမ္းအျဖစ္ ေဖာ္ျပထားပံုက ရယ္စရာေကာင္းလွသည္။ ဒါေပမယ့္ ဒီ႐ုပ္ရွင္တစ္ခုလံုးက ကၽြမ္းက်င္ေသာသ႐ုပ္ေဆာင္ခ်က္ႏွင့္ ႐ိုက္ကူးေရးစြမ္းရည္ေၾကာင့္ စံခ်ိန္သစ္တင္ကာ မွတ္တိုင္သစ္ကို စိုက္ထူႏိုင္ခဲ့သည္။

Tang Feng ႏွင့္ Gino တို႔၏ ဒီဇာတ္ကားထဲမွ ေျပာင္ေျမာက္သည့္ သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ေသနတ္ျဖင့္ပစ္ခံရသည္ဆုိသည့္ ေကာလာဟလမ်ားပင္ ထြက္ခဲ့ေသးသည္။ သတင္းေတြက အလြန္အက်ဴး ခ်ဲ႕ကားေျပာဆိုထားေပမယ့္ တကယ့္ပညာရွင္မ်ား၏ သံုးသပ္ခ်က္ကေတာ့ အေတာ္ေလးေကာင္းမြန္လွသည္။

Gino က ပံုမွန္ဆိုလွ်င္ အျမတ္အစြန္းရသည့္ ေခတ္ေပၚလူႀကိဳက္မ်ားသည့္ ဇာတ္လမ္းမ်ားကိုသာ ႐ိုက္ကူးေလ့ရွိၿပီး ယခုလို အေလး၊ အၿငိမ္ ဇာတ္ကားတြင္ ပထမဆံုး ပါဝင္႐ိုက္ကူးျခင္းျဖစ္သည္။ ေဝဖန္ေရးဆရာမ်ားက Gino ဇာတ္လမ္းေရြးမွားသြားသည္ဟု ေဝဖန္ၾကသည္။ ဒီဇာတ္ကားေၾကာင့္ Gino ၏နာမည္ဂုဏ္သတင္း၊ တိုးတက္သည့္လမ္း ပ်က္စီးႏိုင္သည္ဟုပင္ ေရးသားထားၾကသည္။ ဒါေပမယ့္ ႐ုပ္ရွင္အကဲျဖတ္အဖြဲ႕၏ အကဲျဖတ္မႈတြင္ ဒီဇာတ္ကားထဲမွာ Gino ၏သ႐ုပ္ေဆာင္မႈက တကယ့္ကို မွတ္သားထိုက္ေအာင္ေကာင္းသည္ဟု ခ်ီးက်ဴးထားသည္။

Tang Feng ကိုလည္း အရည္အခ်င္းရွိေသာ လူသစ္ေလးဟု ခ်ီးက်ဴးထားသည္။ အားလံုးကို ၿခံဳေျပာရလွ်င္ ေဝဖန္မႈမ်ားစြာရွိေပမယ့္ အဓိက႐ုပ္ရွင္အကဲျဖတ္ေရးအဖြဲ႕ဆီက ေကာင္းမြန္သည့္အကဲျဖတ္မႈမ်ား ရရွိထားသျဖင့္ အေျခအေနေကာင္းသည္ဟု ဆိုႏိုင္သည္။

႐ုပ္ရွင္ပြဲေတာ္က ညေန 4:30 တြင္ တရားဝင္စတင္သည္ျဖစ္ေသာ္လည္း Tang Feng ၏အေနအထားအရ ညေန 5 နာရီမတိုင္ခင္ထိ ေကာ္ေဇာနီေပၚ ေလွ်ာက္ဖို႔ အလွည့္မက်ေသးေပ။ အဓိကေခါင္းေဆာင္မင္းသား၊ မင္းသမီးမ်ားႏွင့္ ဝန္ထမ္းမ်ားက အင္တာဗ်ဴးကို ေျဖၾကားျခင္း၊ ဓာတ္ပံုအ႐ိုက္ခံျခင္း၊ Fan မ်ားကို လက္မွတ္ထိုးေပးျခင္းကို လုပ္ေနၾကသည္။

Gino ထြက္လာေတာ့ သူ႔ fan မ်ားစြာက ေကာင္းကင္ႀကီးပြင့္ထြက္ေအာင္ သူ႔အမည္ကို ဟစ္ေၾကြးလိုက္ၾကသည္။ Gino က အင္တာဗ်ဴးပင္မေျဖေတာ့ဘဲ fan မ်ားကို လက္မွတ္ထိုးေပးလိုက္သည္။

လူသစ္ေလး Tang Feng ကေတာ့ Interview ကိုေတာ့ ေျဖၾကားေပးေနရေသးသည္။ Tang Feng စိတ္ထင္လို႔လား မသိေပမယ့္ Gino က ခါတိုင္းထက္ ပိုတက္ၾကြခ်င္ေယာင္ေဆာင္ေနေပမယ့္ အတြင္းစိတ္က အထီးက်န္ေနသလို ျဖစ္ေနေၾကာင္း သူခံစားလိုက္မိသည္။ ၿပီးေတာ့ တမင္သက္သက္ သူ႔နားမကပ္မိေအာင္ ေရွာင္ေနသလုိလည္း ထင္မိသည္။ ျပန္ေပးဆြဲခံရၿပီး သေဘၤာေပၚ ေလလံတင္ေရာင္းခ်ခံရသည့္အျဖစ္ဆိုးက သူ႔ကုိ စိတ္ဒဏ္ရာမ်ား ရသြားေစသလား..။

အင္တာဗ်ဴးၿပီးေတာ့ Tang Feng က တစ္စံုတစ္ေယာက္ကို ေစာင့္ဆိုင္းေနခဲ့သည္။ မၾကာခင္ သူက Harvey ကိုေတြ႕လိုက္ရသည္။

"ငါက မင္းရဲ့ fan ပဲ.. ေက်းဇူးျပဳၿပီး ငါ့ကို လက္မွတ္ထိုးေပးပါလား.."

Harvey က ရယ္ရယ္ၿပံဳးၿပံဳးႏွင့္ ေျပာလိုက္သည္။ အသက္ ၄၀ အရြယ္ Harvey က ေယာက္်ားတစ္ေယာက္အတြက္ ဆြဲေဆာင္မႈအရွိဆံုး၊ အရင့္က်က္ဆံုးအရြယ္တြင္ ရွိေနသည္။ ဒါေပမယ့္ သူက Charles ေလာက္ ဟာသဥာဏ္မရွိသလို Lu Tian Chen ေလာက္လည္း ထူးျခားမႈမရွိေပ။ Albert ေလာက္လည္း ခ်စ္စရာမေကာင္းေပမယ့္ ဒီလူက သူအရင္ Fiennies Tang ဘဝတြင္ သူ႔တသက္လံုး ခ်စ္ခဲ့ရေသာသူျဖစ္သည္။

ဒါေပမယ့္ သူေသဆံုးခဲ့ၿပီးေနာက္ Harvey နဲ႔ပတ္သက္သည့္ အမွတ္တရအားလံုးကို ပင္လယ္ထဲမွာ နစ္ျမႇဳပ္ပစ္ခဲ့ၿပီးျဖစ္သည္။

"ခင္ဗ်ားလို fan ရွိတာ ကၽြန္ေတာ့္အတြက္ ဝမ္းသာစရာပါ.."

Tang Feng က ႏႈတ္ခမ္းဖ်ားႏွစ္ဖက္ကို ေကာ့ညြတ္စြာၿပံဳးကာ Harvey ဆီက ေဘာလ္ပင္ကိုယူၿပီး ကမ္းေပးသည့္စာအုပ္ထဲမွာ လက္မွတ္ထိုးေပးလိုက္သည္။ ဒီစာအုပ္က လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက Fiennies သူ႔ကိုေပးခဲ့ေသာ စာအုပ္ေလးျဖစ္ၿပီး ယခုထိ Harvey က ဒီစာအုပ္ကို အျမတ္တႏိုး သိမ္းထားဆဲျဖစ္ေၾကာင္း သိလုိက္ရသည္။

"Gino အဆင္ေျပရဲ့လား.."

Tang Feng က ေခါင္းငံု႔ကာ လက္မွတ္ထိုးေပးရင္း ေမးလိုက္သည္။

"မင္းျမင္တဲ့အတုိင္း အဆင္ေျပေနပံုပါပဲ.. ဒါေပမယ့္ ဒီလိုအျဖစ္ဆိုးႀကီးကို ေမ့ပစ္ဖို႔ဆိုတာ အခ်ိန္လိုအပ္ပါတယ္.. သူ႔မိသားစုက စိတ္ေျပလက္ေပ်ာက္ ခရီးတစ္ခုကို စီစဥ္ေပးခဲ့တယ္.. ခရီးထြက္တာက သူ႔ကို ျပႆနာထဲက ႐ုန္းထြက္လာေစတယ္ေလ.."

Harvey က Tang Feng ေဘာလ္ပင္ကိုင္ထားပံုကိုၾကည့္ကာ ေျပာလိုက္သည္။

"မင္း ေဘာ့လ္ပင္ကိုင္ပံုက ငါ့မိတ္ေဆြတစ္ေယာက္နဲ႔ တကယ္တူတယ္.."

Tang Feng က လက္မွတ္ထိုးၿပီးေတာ့ စာအုပ္ကိုျပန္ေပးၿပီး ေမးလိုက္သည္။

"ခင္ဗ်ားသူငယ္ခ်င္းက ခင္ဗ်ားအတြက္ အေရးႀကီးတဲ့လူလား.. သူ႔အေၾကာင္းေျပာတာ ခဏခဏၾကားရလို႔ပါ.."

Harvey က ထိုစာအုပ္ကိုလွမ္းယူၿပီး ညင္သာစြာေျဖလိုက္သည္။

"ကၽြန္ေတာ္က သူ႔ကိုခ်စ္ေနခဲ့တာပါ.. သူ ကၽြန္ေတာ့္ကိုခြဲထားခဲ့ေတာ့မွ ကၽြန္ေတာ့္တစ္ဘဝလံုး သူ႔ကိုမေမ့ႏိုင္ဘူးဆိုတာ သိခဲ့ရတယ္ေလ.. ဟား.. ဟား.. ဟား.."

Harvey က ရင္နာစြာျဖင့္ေျပာၿပီး ခါးသီးစြာရယ္ေမာလိုက္သည္။

=====================

Chapter (30) - Dr. Harvey ဆီက ဝန်ခံစကား (Z+U)

နောက်တစ်နေ့တွင် Tang Feng က Hotel တွင် Media များစွာဖြင့် interview များစွာလုပ်ခဲ့ရသည်။ အားလုံး၏အမြင်တွင် Tang Feng သည် Hollywood ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့်ရသော လူသစ်လေးဖြစ်ပြီး အကောင်းဆုံးလူသစ်ဇာတ်ဆောင်ဆု ၂ဆုကို ရရှိဖို့ ဇကာတင်စာရင်းထဲ ပါဝင်သူဖြစ်သည်။ Interview များပြီးသွားတော့ Tang Feng က သူရှိသင့်သည့် မူလလောကကို ပြန်ရောက်လာသလို ခံစားလိုက်ရသည်။

သူ့လက်ထောက် ရှောင်ယုကိုတွေ့တော့ သူမ၏ပူညံပူညံလုပ်ခြင်းကို ခဏခံလိုက်ရသည်။ ရုပ်ရှင်ဇာတ်ကားကြီးထဲ ထပ်မံပါဝင်ဖို့ ကြိုးစားရမည့်အချိန်တွင် အားလပ်ရက်တစ်လယူတာ လွန်လွန်းသည်ဟု သူမက ဆူပူနေသည်။ သူပျောက်သွားသည့် တစ်လအတွင်း Lu Tian Chen က သူ အားလပ်ခွင့်ယူထားသည်ဆိုပြီး ဖုံးကွယ်ပေးထားသည်။ ရှောင်ယုက Tang Feng ကိုပြန်တွေ့ရလို့ ဝမ်းသာနေပြီး ဖြစ်ပျက်သမျှသတင်းများကို ပြောပြပေးနေသည်။ ဗင်းနစ်တွင် အင်တာဗျူးများစွာ စီစဉ်ပေးရုံသာမက တရုတ်ပြည်ပြန်ရောက်လျှင်လည်း TV Channel များစွာနှင့် ရုပ်သံ interview လုပ်ဖို့ရှိသေးကြောင်း ပြောပြခဲ့သည်။ Tang Feng ကို ဖိတ်ခေါ်ထားသည့် မဂ္ဂဇ္ဇင်းများနှင့် သတင်းစာများစွာလည်း ရှိသည်။

"နာမည်အကြီးဆုံး မဂ္ဂဇင်းကြီး ၄စောင်မှာ ၂စောင်က ရှင့်ကို မျက်နှာဖုံးကာဗာအဖြစ် သုံးဖို့ ကမ်းလှမ်းထားတယ်.. စက်တင်ဘာနဲ့ နိုဝင်ဘာလထုတ် မဂ္ဂဇင်းရဲ့ ရှေ့ကာဗာအတွက်တဲ့.. Tang Feng ရှင်တော့ နာမည်ကြီးပြီ.."

ရှောင်ယုက အယ်ဒီတာပေါင်းစုံဆီက Tang Feng ကိုဖိတ်ခေါ်သည့် စာများကို ထုတ်ပြကာ ပြောလိုက်သည်။

"အခု တရုတ်ပြည်မှာ သြဇာအကြီးဆုံး မဂ္ဂဇင်း ၄ခုရှိတယ်.. သူတို့က လိုချင်တဲ့သတ်မှတ်ချက် ပြည့်စုံတဲ့သူကိုပဲ မဂ္ဂဇင်းရဲ့ cover မှာ တင်လေ့ရှိတယ်.. အခု ရှင်က ဇကာတင်စရင်းထဲပါရုံနဲ့ မဂ္ဂဇင်း၂ခုက ရှင့်ကို ကမ်းလှမ်းထားပြီ.. တကယ်လို့ ရှင်သာဆုရခဲ့ရင် မဂ္ဂဇင်း၄ခုလုံးရဲ့ ကာဗာမှာ ရှင့်ပုံပါလာမှာ သေချာတယ်.."

ရှောင်ယုက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ သူမတို့လို မန်နေဂျာလေးများက သူမတို့တာဝန်ယူထားသော အနုပညာရှင်အောင်မြင်မှ သူတို့ဘဝ အောင်မြင်တာဖြစ်လို့ Tang Feng ၏အောင်မြင်မှုအတွက် သူမ အရမ်းပျော်နေသည်။ ဘယ်မန်နေဂျာကောင်းမဆို ကိုယ့်သရုပ်ဆောင်ကျရှုံးတာကို မမြင်ချင်ကြပေ။

Tang Feng ၏လက်ရှိအရည်အချင်းအရ တရုတ်ပြည်မကြီး၏ ရုပ်ရှင်ဧကရာဇ်ဘုရင်ကြီး မဖြစ်နိုင်သေးပေမယ့် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ သူသာဆုရပြီး ကျော်ကြားခဲ့လျှင် တရုတ်ပြည်မကြီး၏ အနုပညာလောကမှာ အတော်အသင့် သြဇာသက်ရောက်မှု ရှိပေလိမ့်မည်။ အနုပညာလောကတွင် သရုပ်ဆောင်များစွာရှိပေမယ့် နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်းထိ ထိုးဖောက်နိုင်သောသူက ရှားပါးလှသည်။ တချို့က ပြည်တွင်းမှာကျော်ကြားရုံသာရှိပြီး တချို့က ဆုတစ်ခုလောက်ရပြီး နောက်ထပ်ဇာတ်ကားရိုက်ခွင့်မရဘဲ တိမ်မြုပ်သွားကြသည်။ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်းထိ ထိုးဖောက်ပြီး ကျော်ကြားသူ လက်တစ်ဆုပ်စာလူနည်းစုကို superstar ဟု ခေါ်တွင်ကြသည်။

"သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ်.. ရှောင်ယု.. ကျွန်တော်မရှိတဲ့အချိန် ပေးပို့ထားတဲ့ဇာတ်ညွှန်းတွေ ရှိသလား.."

"တချို့တွေ ဖိတ်ခေါ်ထားတာ ရှိပါတယ်.. ကျွန်မ ဆုပေးပွဲအခမ်းအနားပြီးရင် ကောင်းတယ်လို့သတ်မှတ်ထားတဲ့ ဇာတ်ညွှန်းတချို့ ပို့ပေးလိုက်ပါ့မယ်.. ဖိတ်ခေါ်တဲ့သူတွေက နာမည်ကြီးဒါရိုက်တာတွေချည်းပဲ.."

Tang Feng က ထိုဇာတ်ကားတွေထဲက ကောင်းတာကို ရွေးခွင့်ရမှာဖြစ်လို့ ခေါင်းညိတ်လိုက်သည်။

ဆုပေးပွဲက ညနေခင်းဖြစ်သောကြောင့် နေ့ခင်းတွင် Tang Feng နှင့် Lu Tian Chen တို့ အဝတ်အစားထွက်ဝယ်ကြသည်။ Tang Feng လိုအပ်သမျှကို Lu Tian Chen က စပွန်ဆာပေးတာဖြစ်ပြီး အဝတ်အစားတင်မက တွဲဖက်ဝတ်ရသည့် လိုအပ်သမျှအားလုံး ဝယ်ခြမ်းပေးခဲ့သည်။ အဝတ်ကများလို့ အပြန်ခရီးတောင် ဝတ်သွားလို့ရသည်။ Tang Feng က မင်းသမီးတွေလို မဟုတ်သောကြောင့် ထွေထွေထူးထူး ဆန်းပြားသောအဝတ်များကို မလိုပေ။ သူ့မျက်စိရှေ့က အဆင်ပြေရာကိုသာ ရွေးလိုက်သည်။ သူက British style အရောင်ရင့်ပြောင်ဝတ်စုံကို ရွေးလိုက်သည်။ ဒီဝတ်စုံကိုကြည့်လိုက်တော့ ဒါမှ တကယ့် superstar ပုံစံဆိုပြီး ရှောင်ယုက ပြောလိုက်သည်။

ညနေစောင်းတော့ သူတို့ ဆုပေးပွဲကိုသွားတော့ သိကျွမ်းသောလူများကို တွေ့ခဲ့သည်။ ဒါရိုက်တာလီဝေ့တို့ ဇနီးမောင်နှံအပြင် Gino ကိုလည်း တွေ့လိုက်ရသည်။ Gino က ပြုံးကာ အနားကိုတန်းရောက်လာသည်။

"မင်းက အရမ်းခန့်ညားတာပဲ.. နောက်ဆို မင်းက ငါ့နေရာကို လုယူသွားလောက်တယ်.."

Gino က ဟာသဖောက်ကာ ပြောလိုက်သည်။ တောက်ပသောအပြုံးကြောင့် Gino က ပိုပြီးနှစ်လိုဖွယ်၊ ချစ်စရာကောင်းလို့နေသည်။

"ဒါဆို နောက်ပိုင်း မင်းနဲ့ငါက ကီလိုမီတာပေါင်း 18000 လောက် ဝေးရတော့မှာပေါ့.."

Tang Feng က ပြန်နောက်လိုက်သည်။

ထိုနေ့ကဖြစ်ပျက်သမျှကို Harvey က Gino နှင့်သူ့အစ်ကိုဖြစ်သူကို မပြောပြခဲ့ရသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေပေမယ့် ဒါက အကောင်းဆုံးပဲဖြစ်သည်။ တကယ်လို့ တစ်ခုခုမှားသွားလျှင် Albert က Gino သာမက Gino ၏မိသားစုကိုပါ ဒုက္ခပေးနိုင်သည်။

ထိုဆုပေးပွဲတွင် Tang Feng ကော Gino ပါ အကြိုဆုရစာရင်းမှာ လျာထားခံရသောကြောင့် ဂုဏ်တက်လျက်ရှိသည်။ Satan Alley ဇာတ်လမ်းကို ထုတ်လွှင့်စဉ်က ဂယက်ကြောင့် ဒီဆုပေးပွဲက သူတို့အတွက် အရမ်းအရေးကြီးလှသည်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းက 19 ရာစုနှစ်ကာလက ဘုန်းတော်ကြီးနှစ်ပါး၏ မချစ်သင့်၊ မချစ်အပ်သောချစ်ခြင်းကို ဖွဲ့ဆိုထားပြီး ဘာသာရေးကဲ့သို့ လူတွေအထိမခံနိုင်သည့်အရာများ ပါဝင်နေသောကြောင့်ဖြစ်သည်။ ဒီရုပ်ရှင်မပြသခင်ကပင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ဒီမနက် Tang Feng ဖတ်လိုက်ရသည့် သတင်းစာထဲတွင် ရိုမန်ကက်သလစ် ဘုရားကျောင်းက ဒီရုပ်ရှင်ကို အတိအလင်းရှုံ့ချကန့်ကွက်ထားပြီး ဘာသာရေးအစွန်းရောက်သော တိုင်းပြည်တချို့က ဒီရုပ်ရှင်ကို ပြသခွင့်ပိတ်ပင်ထားကြောင်း ဖတ်လိုက်ရသည်။

ဒီဇာတ်လမ်းထဲတွင် Gino နှင့် Tang Feng တို့၏အချစ်ခန်းက 10 မိနစ်လောက်ပါသွားရုံနှင့် သမိုင်းမှာ အညစ်ညမ်းဆုံးဇာတ်လမ်းအဖြစ် ဖော်ပြထားပုံက ရယ်စရာကောင်းလှသည်။ ဒါပေမယ့် ဒီရုပ်ရှင်တစ်ခုလုံးက ကျွမ်းကျင်သောသရုပ်ဆောင်ချက်နှင့် ရိုက်ကူးရေးစွမ်းရည်ကြောင့် စံချိန်သစ်တင်ကာ မှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။

Tang Feng နှင့် Gino တို့၏ ဒီဇာတ်ကားထဲမှ ပြောင်မြောက်သည့် သရုပ်ဆောင်ချက်များကြောင့် သေနတ်ဖြင့်ပစ်ခံရသည်ဆိုသည့် ကောလာဟလများပင် ထွက်ခဲ့သေးသည်။ သတင်းတွေက အလွန်အကျူး ချဲ့ကားပြောဆိုထားပေမယ့် တကယ့်ပညာရှင်များ၏ သုံးသပ်ချက်ကတော့ အတော်လေးကောင်းမွန်လှသည်။

Gino က ပုံမှန်ဆိုလျှင် အမြတ်အစွန်းရသည့် ခေတ်ပေါ်လူကြိုက်များသည့် ဇာတ်လမ်းများကိုသာ ရိုက်ကူးလေ့ရှိပြီး ယခုလို အလေး၊ အငြိမ် ဇာတ်ကားတွင် ပထမဆုံး ပါဝင်ရိုက်ကူးခြင်းဖြစ်သည်။ ဝေဖန်ရေးဆရာများက Gino ဇာတ်လမ်းရွေးမှားသွားသည်ဟု ဝေဖန်ကြသည်။ ဒီဇာတ်ကားကြောင့် Gino ၏နာမည်ဂုဏ်သတင်း၊ တိုးတက်သည့်လမ်း ပျက်စီးနိုင်သည်ဟုပင် ရေးသားထားကြသည်။ ဒါပေမယ့် ရုပ်ရှင်အကဲဖြတ်အဖွဲ့၏ အကဲဖြတ်မှုတွင် ဒီဇာတ်ကားထဲမှာ Gino ၏သရုပ်ဆောင်မှုက တကယ့်ကို မှတ်သားထိုက်အောင်ကောင်းသည်ဟု ချီးကျူးထားသည်။

Tang Feng ကိုလည်း အရည်အချင်းရှိသော လူသစ်လေးဟု ချီးကျူးထားသည်။ အားလုံးကို ခြုံပြောရလျှင် ဝေဖန်မှုများစွာရှိပေမယ့် အဓိကရုပ်ရှင်အကဲဖြတ်ရေးအဖွဲ့ဆီက ကောင်းမွန်သည့်အကဲဖြတ်မှုများ ရရှိထားသဖြင့် အခြေအနေကောင်းသည်ဟု ဆိုနိုင်သည်။

ရုပ်ရှင်ပွဲတော်က ညနေ 4:30 တွင် တရားဝင်စတင်သည်ဖြစ်သော်လည်း Tang Feng ၏အနေအထားအရ ညနေ 5 နာရီမတိုင်ခင်ထိ ကော်ဇောနီပေါ် လျှောက်ဖို့ အလှည့်မကျသေးပေ။ အဓိကခေါင်းဆောင်မင်းသား၊ မင်းသမီးများနှင့် ဝန်ထမ်းများက အင်တာဗျူးကို ဖြေကြားခြင်း၊ ဓာတ်ပုံအရိုက်ခံခြင်း၊ Fan များကို လက်မှတ်ထိုးပေးခြင်းကို လုပ်နေကြသည်။

Gino ထွက်လာတော့ သူ့ fan များစွာက ကောင်းကင်ကြီးပွင့်ထွက်အောင် သူ့အမည်ကို ဟစ်ကြွေးလိုက်ကြသည်။ Gino က အင်တာဗျူးပင်မဖြေတော့ဘဲ fan များကို လက်မှတ်ထိုးပေးလိုက်သည်။

လူသစ်လေး Tang Feng ကတော့ Interview ကိုတော့ ဖြေကြားပေးနေရသေးသည်။ Tang Feng စိတ်ထင်လို့လား မသိပေမယ့် Gino က ခါတိုင်းထက် ပိုတက်ကြွချင်ယောင်ဆောင်နေပေမယ့် အတွင်းစိတ်က အထီးကျန်နေသလို ဖြစ်နေကြောင်း သူခံစားလိုက်မိသည်။ ပြီးတော့ တမင်သက်သက် သူ့နားမကပ်မိအောင် ရှောင်နေသလိုလည်း ထင်မိသည်။ ပြန်ပေးဆွဲခံရပြီး သင်္ဘောပေါ် လေလံတင်ရောင်းချခံရသည့်အဖြစ်ဆိုးက သူ့ကို စိတ်ဒဏ်ရာများ ရသွားစေသလား..။

အင်တာဗျူးပြီးတော့ Tang Feng က တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခဲ့သည်။ မကြာခင် သူက Harvey ကိုတွေ့လိုက်ရသည်။

"ငါက မင်းရဲ့ fan ပဲ.. ကျေးဇူးပြုပြီး ငါ့ကို လက်မှတ်ထိုးပေးပါလား.."

Harvey က ရယ်ရယ်ပြုံးပြုံးနှင့် ပြောလိုက်သည်။ အသက် ၄၀ အရွယ် Harvey က ယောက်ျားတစ်ယောက်အတွက် ဆွဲဆောင်မှုအရှိဆုံး၊ အရင့်ကျက်ဆုံးအရွယ်တွင် ရှိနေသည်။ ဒါပေမယ့် သူက Charles လောက် ဟာသဉာဏ်မရှိသလို Lu Tian Chen လောက်လည်း ထူးခြားမှုမရှိပေ။ Albert လောက်လည်း ချစ်စရာမကောင်းပေမယ့် ဒီလူက သူအရင် Fiennies Tang ဘဝတွင် သူ့တသက်လုံး ချစ်ခဲ့ရသောသူဖြစ်သည်။

ဒါပေမယ့် သူသေဆုံးခဲ့ပြီးနောက် Harvey နဲ့ပတ်သက်သည့် အမှတ်တရအားလုံးကို ပင်လယ်ထဲမှာ နစ်မြှုပ်ပစ်ခဲ့ပြီးဖြစ်သည်။

"ခင်ဗျားလို fan ရှိတာ ကျွန်တော့်အတွက် ဝမ်းသာစရာပါ.."

Tang Feng က နှုတ်ခမ်းဖျားနှစ်ဖက်ကို ကော့ညွတ်စွာပြုံးကာ Harvey ဆီက ဘောလ်ပင်ကိုယူပြီး ကမ်းပေးသည့်စာအုပ်ထဲမှာ လက်မှတ်ထိုးပေးလိုက်သည်။ ဒီစာအုပ်က လွန်ခဲ့သောနှစ်ပေါင်းများစွာက Fiennies သူ့ကိုပေးခဲ့သော စာအုပ်လေးဖြစ်ပြီး ယခုထိ Harvey က ဒီစာအုပ်ကို အမြတ်တနိုး သိမ်းထားဆဲဖြစ်ကြောင်း သိလိုက်ရသည်။

"Gino အဆင်ပြေရဲ့လား.."

Tang Feng က ခေါင်းငုံ့ကာ လက်မှတ်ထိုးပေးရင်း မေးလိုက်သည်။

"မင်းမြင်တဲ့အတိုင်း အဆင်ပြေနေပုံပါပဲ.. ဒါပေမယ့် ဒီလိုအဖြစ်ဆိုးကြီးကို မေ့ပစ်ဖို့ဆိုတာ အချိန်လိုအပ်ပါတယ်.. သူ့မိသားစုက စိတ်ပြေလက်ပျောက် ခရီးတစ်ခုကို စီစဉ်ပေးခဲ့တယ်.. ခရီးထွက်တာက သူ့ကို ပြဿနာထဲက ရုန်းထွက်လာစေတယ်လေ.."

Harvey က Tang Feng ဘောလ်ပင်ကိုင်ထားပုံကိုကြည့်ကာ ပြောလိုက်သည်။

"မင်း ဘော့လ်ပင်ကိုင်ပုံက ငါ့မိတ်ဆွေတစ်ယောက်နဲ့ တကယ်တူတယ်.."

Tang Feng က လက်မှတ်ထိုးပြီးတော့ စာအုပ်ကိုပြန်ပေးပြီး မေးလိုက်သည်။

"ခင်ဗျားသူငယ်ချင်းက ခင်ဗျားအတွက် အရေးကြီးတဲ့လူလား.. သူ့အကြောင်းပြောတာ ခဏခဏကြားရလို့ပါ.."

Harvey က ထိုစာအုပ်ကိုလှမ်းယူပြီး ညင်သာစွာဖြေလိုက်သည်။

"ကျွန်တော်က သူ့ကိုချစ်နေခဲ့တာပါ.. သူ ကျွန်တော့်ကိုခွဲထားခဲ့တော့မှ ကျွန်တော့်တစ်ဘဝလုံး သူ့ကိုမမေ့နိုင်ဘူးဆိုတာ သိခဲ့ရတယ်လေ.. ဟား.. ဟား.. ဟား.."

Harvey က ရင်နာစွာဖြင့်ပြောပြီး ခါးသီးစွာရယ်မောလိုက်သည်။

=====================


Continue Reading

You'll Also Like

29.4K 3.9K 6
Title 标题: Please Don't Eat Me 請不要吃掉我 Author 作者: Hao E O 好餓哦 (So Hungry) Genre 类型: romance 愛情,drama 劇情,fantasy 奇幻 [ENG TRANS] 請不要吃掉我 BY 好餓哦 ~Translate...
488K 83K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
313K 37.4K 76
ဒီnovelလေးမှာ Arc 15ခုရှိပါတယ်နော်။ တတ်နိုင်သလောက်မြန်မြန်လေးupdateပေးပါမယ်။ ✌️