Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..

2.2K 395 20
                                    

Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..


ဒါပေမယ့် ဒီလောက် ဝတုတ် နေတဲ့ နတ်ဆိုးကောင် ရှိလို့လား။ Albert ကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် Lu Tian chen နှင့် Charles တို့သည် Tang Feng နှင့် တချိန်တည်း တွဲနေသည်ဟု ဟန်ဆောင်ရန် တွန်းအားပေးခဲ့ကြသည်။

အခုကရော အကြောင်းပြချက်က ဘာလဲ? Albert က လောလောဆယ် ပျောက်ကွယ်နေပုံရသည်။ ယောက်ျားလေးရဲ့ အတွေးတွေကို ဘယ်တော့မှ ခန့်မှန်းလို့ မရဘူးလို့ တွေးနေမိသည်။ Tang Feng က Albert က သူ့ဆီ မလာနိုင်လောက်ဘူးလို့ တွေးနေတယ်။

ထိုအချိန်တွင်၊ Lu Tian chen နှင့် Charles နှစ်ယောက်လုံး Tang Feng က မေးလိုက်သည်ကို ကြားသောအခါ အံ့သြသွားပုံရသည်။ Tang Feng က သူတို့ကို အဖြေပေးခဲ့တယ်-

"သူက အခု ကျွန်တော့် ကို ရသွားပြီးပြီဆိုောတ့ မတွယ်ကပ်တော့ဘူး။ ဒါဆိုရင် အဆင်ပြေသွားပြီ။ ခင်ဗျားတို့လည်း ကျေနပ်သင့်ပြီ"

ထိုစကားကြောင့် ချားလ်စ်သည် ဒေါသအလွန်ထွက်ကာ ခွက်ကို ပစ်ပေါက်လုနီးပါးဖြစ်ကာ အော်ငေါက်လိုက်လေသည်။

"ဒီကောင်ကို ငါ သတ်မယ်!"

Tang Feng သည် Charles သိသင့်သည်ဟု ထင်ခဲ့သည်။ အမှန်တော့ အဲလ်ဘတ်က ဘယ်လို ထူးခြားတဲ့အကြိုက်ရှိပါစေ.. လူသားတစ်ယောက်က ဒီလောက် ဝတုတ်ဖက်တီးပုပ်ဖြစ်လာရင် သူလည်း စိတ်ဝင်စားမည် မဟုတ်တော့ပေ။

သူက အဲလ်ဘတ်ကို အချိန်အတော်ကြာအောင် ကိုင်တွယ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် လိမ္မာပါးနပ်ပြီး အတွေ့အကြုံများသည့် သူ၏ထောင်ချောက်ထဲသို့ Tang Feng လည်း ကျဆင်းသွားခဲ့ရသည်။

စိတ်ဝင်စားတဲ့သူက သူ့ဘေးမှာရှိနေရင် Albert က အဲဒီလူကို အရင်စားမှာ သေချာပါတယ်။

ခြုံပြောရရင် Charles က အလုပ်လုပ်ဖို့ အပြင်ထွက်ဖို့ တွန့်ဆုတ်နေပြီး Lu Tian chen ကလည်း Tang Fengကို မျှဝေချင်စိတ်မရှိခဲ့ပါဘူး။ အခုချိန်ထိတော့ သူတို့နှစ်ယောက်က နေ့တိုင်း ရန်ဖြစ်နေတုန်းပါပဲ။

Charles နှင့် Lu Tian chen တို့သည် Tang Feng ၏ ထင်မြင်ယူဆချက်များကို မမေးခဲ့တာတော့ မဟုတ်ပေ။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now