Volume_ 4 _Chapter (33): good night

822 136 6
                                    

Volume_ 4 _Chapter (33): good night

Albert ပြောတာလည်း မှန်ပါတယ်.....။ လုထျန်းချန်တို့ သားအဖ အရေးကို သူလည်း ဘာမှ မကူညီနိုင်ပေ။ ဒါ့အပြင်  Albert ဘေးမှာ နေရင် အဲလ်ဘတ်က သူ ဘာလုပ်နေတယ်ဆိုတာကို အသေးစိတ် လိုက်ကြည့်နေမှာ မဟုတ်တဲ့အတွက် ထျန်းဖုန်းအပေါ် ဖိအားတွေ ၊ စိတ်မသက်မသာခံစားရတာတွေ မရှိနိုင်ပေ။

Tang Feng တစ်ယောက် စာအုပ်ဖတ်ချင်လည်း ဖတ်မည်၊ ဒါမှမဟုတ် ရေချိုးခန်းထဲက ရေကန်ထဲ ရေစိမ်ရင်း ရုပ်ရှင်ကြည့်ချင်ကြည့်မည်။ အဲလ်ဘတ်က ဘာတခွန်းမှ မပြောပဲ ရေကန်ထဲ ဝင်ပြီး သူ့ဘေးမှာ ထိုင်ကာ အတူကြည့်လိမ့်မည်။ တကယ်လို့ သူ အပြင်သွားမည်ဆိုရင်လည်း အဲလ်ဘတ်က ဘယ်သွားမလဲ မေးမည်မဟုတ်ပဲ Albert က အများအားဖြင့် သူ့နောက်က လိုက်ကာ အဖော်လုပ်ပေးလိမ့်မည်။  
ဒီလိုဆိုတော့လည်း ဒီလူက အတူတူ ဈေးဝယ်ထွက်ရန် သင့်တော်သော်လည်း၊ သူတို့၏ အပြန်အလှန်ဆက်ဆံမှုပုံစံက  Tang Feng ကို အမြဲတမ်း ထူးဆန်းနေသလို ခံစားစေသည်။

"ခင်ဗျား ကျွန်တော်နဲ့ အတူ အိပ်မှာလား"

 ရေချိုးခန်းထဲက Tang Feng က ထွက်လာတော့  Albert တစ်ယောက် သူ့ကုတင်ပေါ်မှာ ငြိမ်သက်စွာထိုင်ပြီး စာအုပ်ကိုကြည့်နေတာကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။

 ဒီနေ့က သူတို့နှစ်ဦးအတူတူနေထိုင် ပေါင်းသင်းခဲ့သည့် သုံးရက်မြောက်နေ့ဖြစ်သည်။ ပထမနေ့သည် ညသန်းခေါင်တွင် အလစ်ခိုးဝင်တိုက်ခိုက်ခြင်း ဖြစ်သည်။ နောက်တစ်နေ့တွင် Tang Feng က အရင် အိပ်ပျော်သွားပြီး နောက်နေ့မှ ထချိန်ရောက်မှ သူ့ဘေးက အိပ်ယာထက်တွင် လူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

"ငါက လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့လူ မဟုတ်ဘူး၊ မင်း ငါ့ကို ဘာလုပ်ပေးရမလဲဆိုတာ စိတ်ပူနေစရာ မလိုဘူး။"

Albert ၏ ဒဲ့တိုး ဖြေလိုက်သည့် အဖြေက Tang Feng တစ်ယောက် လည်ချောင်းထဲတွင် တစ်ခုခု နင်သွားသလို ခံစားလိုက်ရသည်။

သူ့နဖူးကို ပွတ်သပ်ရင်း Tang Feng ကုတင်ဆီသို့ လှမ်းလာခဲ့သည်။

" ခင်ဗျားမှာလည်း ခင်ဗျား အခန်းရှိတယ်။ အိပ်နေတဲ့အချိန် အခြားလူက ကျွန်တော့်ကို လာထိနေတဲ့ အတွက် ကျွန်တော်က တခြားလူတွေနဲ့ အိပ်ရတာ သိပ်မကြိုက်ဘူး။ ခင်ဗျားက ကျွန်တော့် သီးသန့် နေရာကို  လာကျူးကျော်နေတာ မဟုတ်လား။"

စာအုပ်ကို ဆက်ကြည့်နေသည့် Albert က ထိုလူငယ်လေးပြောလိုက်သည့် စကားကို ကြားသော် နူတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းပြီးကြည့်လိုက်ပြီး ပြောခဲ့သည်။
 " ကောင်းကောင်း အိပ်နေတာ ငါပါ၊ ငါ့ဘေးက လူကတော့ တညလုံး ငါ့ခါးမှာ ခြေထောက်တစ်ဖက်နဲ့ ခွထားပြီး လာဖက်အိပ်တတ်တယ်။ ဒီအချက်တွေအရ မင်းက အခြားလူနဲ့ အိပ်နေကျဖြစ်ပြီး အိပ်တိုင်း တစ်ဖက်လူကို ခုလို ခွအိပ်တတ်တဲ့အကျင့်ရှိတာကို ပြနေတယ်။ ဒါကြောင့် မင်းလည်း ငါနဲ့ အိပ်ရတာကို သဘောကျပါတယ်"
အဲလ်ဘတ်သည် စိတ်ညှိဆရာကဲ့သို့ ထျန်းဖုန်းကို စိုက်ကြည့်ကာ ငြင်သာသည့်အသံဖြင့် ဆွဲဆောင်သလို ပြောလိုက်သည်။

"မင်းကြိုက်လျက်နဲ့ ဘာလို့ လိမ်ရတာလဲ၊ မင်း စိတ်ထဲမှာ ငါ့ကိုစွဲလမ်းသွားမှာစိုးလို့ အတင်း ဆန့်ကျင်နေတာလား။ လိင်စိတ် လို့လား။  ဆန္ဒက ရှက်စရာ မဟုတ်ဘူး။ မင်း အတွင်းစိတ်ရဲ့ စကားကို   လိုက်နာတာ ရှက်စရာ မဟုတ်ဘူး။ မင်း ငါ့ကို မမုန်းပါဘူး။

နောက်ဆုံးစာကြောင်းကို ရောက်သောအခါ အဲလ်ဘတ်၏ စိမ်းနေသည့် မျက်လုံးများသည် ထျန်းဖုန်းကို အချိန်အတော်ကြာ စေ့စေ့စိုက်ကြည်ကာ အောင်မြင်သည့် အပြုံးကို ပြုံးလိုကသ်ည်။

ဒါကိုမြင်တော့ အဲလ်ဘတ်က  တကယ်ကို ကြောက်စရာကောင်းတယ်လို့  ထျန်းဖုန်း ခံစားလိုက်ရသည်။ အဲလ်ဘတ်နဲ့ပတ်သတ်မိတာက တကယ့်ကို  အောက်ခြေမရှိသော တွင်းထဲသို့ သူ ကျသွားသလိုပင်။  တခါတရံ သူက အဲလ်ဘတ်ဆိုတဲ့ တွင်းနက်ကြီးထဲက  ထွက်လာနိုင်သည် ဟု ထင်မိသော်လည်း အမှန်မှာ သူက တွင်းထဲကို ပိုနက်နက် ကျဆင်းနေလေပြီ။

"ချားလ်ကို မင်းလက်ခံနိုင်တယ်၊ Lu Tian chen ကိုလည်း မင်း လက်ခံနိုင်တယ်။"

အဲလ်ဘတ်သည် စာအုပ်ကို ချလိုက်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူက ရေသုတ်နေသည့် Tang Feng ထံသို့ မသွားဘဲ ဝိုင်နီ ပုလင်းကိုဖွင့်ရန် အနီးနားရှိ ဝိုင်ပုံးဆီသို့ သွားခဲ့သည်။ ပတ္တမြားကဲ့သို့ နူးညံ့သောဝိုင်ကို ဖောက်ထွင်းမြင်ရသော ဖန်ခွက်ထဲသို့ ဖြည်းညှင်းစွာ လောင်းချလိုက်သည်။ ရွှေရောင်အလင်းတန်းအောက်တွင် ဝိုင်နီက မရေရာသော အလင်းတန်းတစ်ခုကို ဖြာထွက်လာစေသည်။

"ဒါဆိုရင် မင်း ဘာလို့ ငါ့ကို တားနေတာလဲ။"

ထိုအသံက မေးခွန်းထုတ်တဲ့လေသံမဟုတ်ဘူး၊ စူးစမ်းတဲ့စိတ်နဲ့ အဲလ်ဘတ်က သူ့ကိုယ်သူ  မေးနေတာနဲ့ ပိုတူတယ်။

"ငါ မင်းကို ထိခိုက်သွားစေလို့လား" Albert က အခုမှ တကယ့် မေးခွန်းအစစ်ကို စပြီးမေးလာခဲ့သည်။

အဲဒါကို တွေးကြည့်ရင် တကယ်တမ်းတော့ အဲလ်ဘတ်ကြောင့် ထျန်းဖုန်း ထိခိုက်နစ်နာမှုတွေ အများကြီး မရှိခဲ့ဘူး။ Tang Feng က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

 "ခင်ဗျားက ကျွန်တော့်ကို ကယ်လိုက်တာပါ။"

"Lu Tianchen နဲ့ Charles ရော မင်းကို ကယ်ဖူးတယ် မဟုတ်လား။"

Albert က ဝိုင်တစ်ခွက်ကို အဲဒီလူငယ်လေးကို ပေးလိုက်ကာ ပြောခဲ့သည်။
 "အိပ်ရာမဝင်ခင် နည်းနည်းသောက်ရင် ပိုသက်တောင့်သက်သာ အိပ်ပျော်စေမှာပါ"

"ဝိုင်နီမသောက်လည်း ကျွန်တော်က ကောင်းကောင်းအိပ်ပျော်နိုင်ပါတယ်။"


Tang Feng က Albert ကို ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ အစပိုင်းတွင် Charles နှင့် Lu Tian chen သည် သူ့ကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ နာကျင်အောင် လုပ်ခဲ့သေးသည်။  အကြိမ်များစွာ သူ့ကို မီးတွင်းထဲသို့ တွန်းချလုနီးပါးပင် ဖြစ်ခဲ့သေးသည်။

သူ့တွင် ယခင်ဘဝ ဖီးနစ်ထျန်း ၏ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံ၊ ရန်သူကို ရင်ဆိုင်သည့် နည်းလမ်းများနှင့် သရုပ်ဆောင်ပညာနှင့် ပတ်သတ်ပြိး အလွန်ကျယ်ပြန့်သော အတွေးအမြင် မရှိခဲ့ပါက၊ သူ၏ လက်ရှိအောင်မြင်မှုများကို မဆိုထားနှင့်   Tang Feng တစ်ယောက် ဒီနေရာတွင် ရပ်တည် နေမည်မဟုတ်ဟု တွေးထင်ခဲ့သည်။

ဟုတ်တယ်၊ Charles နဲ့ Lu Tian chen ကို သူ ဘာကြောင့် လက်ခံနိုင်တာလဲ၊ ဒါပေမယ့် သူက Albert ကို အမြဲတမ်း ခုခံငြင်းဆန်တတ်တဲ့ သဘောထားရှိနေတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်  လူတစ်ဦးကို မမုန်းဘူးဆိုရင်တောင် လူတစ်ယောက်ကို ကိုယ့်ရဲ့ အဖော်အဖြစ် လက်ခံဖို့ဆိုတာ စဉ်းစားရမယ့် အချက်များစွာ ရှိသေးသည်။

ဒီလိုအကြောင်းအရာလေးတွေက မရေမရာ ဖြစ်စေပြီး တိကျတဲ့ အဖြေရှာဖွေနိုင်ဖို့က ခက်ခဲလှတယ်။ တကယ်လို့ကိုယ်သာ သတိမထားမိဘူးဆိုရင် တစ်ဖက်လူ ဆင်ထားသည့်  ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။

"ခင်ဗျား ကောင်းကောင်းအိပ်မပျော်ဘူးလား"

Tang Feng သည် စကားခေါင်းစဉ်ကို ရိုးရှင်းစွာပြောင်းလိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှာ Albert က သူ့ထက်အရင် အိပ်ပျော်သွားတာကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသလို နောက်နေ့တွေမှာတောင် သူ့ထက် အရင်ထခဲ့သည်ကို မကြာခဏဆိုသလိုတွေ့ရသည်။

ထို့ကြောင့် မနေ့ညက သူ တစ်ယောက်တည်း အိပ်ပျော်သွားခဲ့သော်လည်း နောက်တစ်နေ့မှ နိုးလာပြီး အနီးနားတွင် နောက်ထပ် လူ တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

Tang Feng သည် အကြောင်းအရာကို ပြောင်းလဲနေမှန်း သူ သိသော်လည်း Albert က အနည်းငယ် ပြုံးကာ ထိုလူ၏ ခေါင်းစဉ်အတိုင်း လိုက် ပြောခဲ့သည်-

 "အများစုကတော့ ငါ့စိတ်တွေ ကြည်လင်လွန်းနေတယ်၊ ငါနိုးနေရင် ပြန်အိပ်ပျော်ဖို့ မလွယ်ဘူး။"

ဒါကြောင့် အိပ်ရာမဝင်ခင် ဝိုင်နီတစ်ခွက်သောက်ပြီး အရက်က သူ့ကို အိပ်ပျော်စေတယ်။

သူတို့ ပေါင်းသင်းဆက်ဆံပြီး ရင်းနှီးလာတာနဲ့အမျှ Tang Feng ဟာ Albert အကြောင်း ပိုပိုပြီး သိလာပုံရသည်။  အခြားလူတွေက အဲလ်ဘတ်ကို စိတ်မထင်လျှင် မထင်သလို ရူးသွပ်စွာလုပ်တတ်သူဟု လူသိများပေမယ့် တကယ်တော့ သူလည်း သာမန်လူတစ်ဦးပင်ဖြစ်သည်။

အိပ်မပျော်ခြင်းသည် လူများစွာကြုံတွေ့နေရသည့် အရာဖြစ်သည်။

အဲလ်ဘတ်ကို လူတွေ ကြောက်ရွံ့ရခြင်း အကြောင်းရင်းက အဲလ်ဘတ်ရဲ့ ခွန်အားအပြင်၊ အဲလ်ဘတ်အကြောင်း ဘာမှ မသိခြင်းက လူတွေရဲ့ ကြောက်ရွံ့မှုကို တိုးလာစေသည်။

ဝိုင်နီနှစ်ခွက်သောက်ပြီးနောက် Tang Feng က အဲလ်ဘတ်ကို ကြည့်လိုက်ပေမယ့် ထိုလူက ထွက်သွားမည့် ပုံမပေါ်ပေ။    ဒီကောင်ကို ဖယ်ထားခဲ့ဖို့ မဖြစ်နိုင်ဘူးဆိုတာ ထျန်းဖုန်း သိလိုက်သည်။ သူ့အရင်ဘဝတွင် အထက်တန်းကျောင်း၊ ကောလိပ် ကျောင်းဆောင် နှင့် အတူနေ ချစ်သူ ထားခဲ့ လျှင်တောင် တစ်အိပ်ယာတည်း အတူအိပ်တာမျိုးမရှိခဲ့ပေ။ ဒါပေမယ့် အဲလ်ဘတ်၏ပုံစံက သာမန်ပင်။   သူငယ်ချင်းများ ရံဖန်ရံခါ လာလည်ရင်း အတူနေသလို အဲလ်ဘတ်သည် သူနှင့် သက်တောင့်သက်သာ ပုံစံနှင့် ဆက်ဆံရေးရှိနေသည်။

ဟုတ်တာပေါ့.... ညနက်သန်းခေါင်မှာ ရုတ်တရက် သူ့အခန်းကို ဖောက်ဝင်ပြီး သူ့ကို တစ်ညလုံး ခပ်ကြမ်းကြမ်း Fuck ကာ အံ့အားသင့်စေတဲ့ သူငယ်ချင်းမျိုးပေ့ါ...

ထားလိုက်ပါတော့.....

Tang Feng သည် Albert ကို ဂရုမစိုက်တော့ပေ။ သူက ကုတင်ပေါ်တက်ပြီး အခန်းမီးကို မှိတ်လိုက်ချိန် တစ်ခန်းလုံး ပူနွေးလာသည်။ ဝိုင်နီရနံ့တွေနဲ့ ပြည့်နေတဲ့ ညရဲ့ တိတ်ဆိတ်မှုပင်....
 အဲလ်ဘတ်သည် ကြည်လင်သော မျက်လုံးတစ်စုံဖြင့် ကုတင်ဘေးတွင် ထိုင်ကာ သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်။

ခေါင်းအုံးပေါ် ခေါင်းချလိုက်ပြီး Tang Feng သည် တစ်ဖက်တွင် လှဲနေလိုက်သည်။

"ဘာလို့ ညဝတ်အင်္ကျီကို မချွတ်တာလဲ။ အဝတ်အစားနဲ့ အိပ်ရတာ အဆင်မပြေဘူး။"

လှည့်ကြည့်လိုက်ကာ ပြောလိုက်ပြီး  Tang Feng က   စောင်ကို ဆွဲကာ သူ့ကိုယ်ကို ခြုံရင်း Albert ကို ကျောခိုင်းကာ မျက်လုံးမှိတ်လိုက်ပြီး  ပြောခဲ့သည်။

"အိပ်တော့။"

"ငါ့ကို လျစ်လျူမရှုပါနဲ့။"

အို ဘုရားရေ.... အဲလ်ဘတ်ရဲ့လေသံအရ သူ့ရင်ထဲမှာ  တစ်ခုခုကို ဒေါသထွက်နေသလို မကျေမနပ်ဖြစ်နေတယ်ဆိုတာ ထင်ရှားနေသည်။ အဲလ်ဘတ်ရဲ့ ပါးစပ်ကနေ  အခုလို သူ့ကို ထုတ်ပြောလာသည့် စကားကို ကြားလိုက်တော့ Tang Feng က သူ အိပ်မက်မက်နေတာလားလို့ သံသယဖြစ်လာမိသည်။

ငြီးငွေ့စရာကောင်းတဲ့ဘဝနဲ့ စိတ်ခံစားမှုကင်းမဲ့တဲ့ အဲလ်ဘတ်လို လူတစ်ယောက်ဟာ ဒီစကား လေးငါးခွန်းလောက်ကို ပြောပြီးနောက်မှာ  သိပ်စိတ်မမာတော့ပဲ Tang Fengအပေါ်ကို နူးညံ့သိမ်မွေ့လာတယ်ဆိုတာတော့  ဝန်ခံရလိမ့်မည်။

ဒီကောင်လေးက နည်းနည်းတော့ သနားစရာကောင်းတယ်လို့ ထျန်းဖုန်း အမြဲတွေးနေမိတယ်။ အိုး ဘုရားသခင်၊ သူ တကယ်တော့ Albert ကို နည်းနည်းသနားစရာလို့ထင်နေတာလား...လူတကာ ကြောက်ရတဲ့ မြေအောက် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို သူ သနားနေမိတာလား...

"ကျွန်တော်အိပ်တော့မယ်။"

  Tang Feng က နောက်ကို လှည့်ကြည့်လိုက်ချိန် သူ့ကို ကြည့်နေသည့် အဲလ်ဘတ်ကို တွေ့လိုက်ရသည်။ သူ့ကိုကြည့်ရတာ အထီးကျန်နေပြီး တစ်စုံတစ်ယောက် ခေါ်မည်ကို စောင့်နေသည့် ပုံစံနှယ်....

ထားလိုက်ပါတော့...အဲလ်ဘတ်က သူ့ကို ကယ်ခဲ့တာပဲလေ....

"ခင်ဗျားလည်း လာ အိပ်တော့လေ"

သူ့အခေါ်စကားကို ကြားရတော့ အဲလ်ဘတ်က အိပ်ယာထက် လဲလျောင်းလိုက်ကာ မျက်နှာချင်းဆိုင်မှ လူငယ်လေးရဲ့ မျက်နှာကို ငေးကြည့်နေခဲ့သည်။

သူတို့အတူအိပ်တာ ထူးဆန်းတာလည် မဟုတ်တော့ပေ။ အရင်ညတွေတုန်းက  ကိုယ်လုံးတီးနဲ့တောင် အတူတူ အိပ်ခဲ့ဖူးတာပဲ....

 Tang Feng သည် သူ၏အိပ်ဝတ်အင်္ကျီကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပေမယ့် သူ ခြုံထားတဲ့ စောင်ကို မကာ သူ့ဘေးက လူအပေါ် လွှမ်းခြုံပေးလိုက်သည်။   သူသည် အခြားသူများနှင့် အတူတူ အိပ်ရာထဲတွင် ရှိနေလျှင်ပင် စောင်တစ်ထည်တည်းကို မျှခြုံရတာကို သဘောကျသည်။
  ဟိုတုန်းကလည်း ဒီလိုပဲ၊ အခုလည်း ဒီလိုပါပဲ။

အိပ်နေချိန်အတွင်း စောင်ကို ကန်ပစ်မိမည်ကို စိတ်ပူစရာမလိုတော့ပေ။

"ဒီဘက်ကို တိုးဦး.. "

သူဟာ Tang Feng ကို သူ့ဘာသာသူ စတင်လုပ်ဆောင်ပြီး အဲလ်ဘတ်က သူ့ပခုံးတွေပေါ် စောင်ကို လွှားတင်ပေးလိုက်သည်။ သူ့မျက်နှာအမူယာက မပြောင်းလဲပဲ အနားက လူကို စောင်သေချာခြုံပေးနိုင်ရန်   နည်းနည်းလေးလေးနက်နက် အာရုံစိုက်ကာ လုပ်ပေးနေသည်။


"မင်း ဘာတွေတွေးနေတာလဲ..."

Albert က တကယ်ကို စိတ်တွေ ကြည်လင်နေပြီး အိပ်မပျော်တဲ့ပုံပေါ်နေသည်။ Tang Feng က တစ်ဖက်လူ တောင်းဆိုတာကို မလုပ်ရင် အဲလ်ဘတ် စိတ်ဆိုးသွားလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။

Albert ၏ပခုံးကို မှီ၍ Tang Feng သည် သူ့အတွက်သက်တောင့်သက်သာဖြစ်စေမည့် အနေအထားကို ရွေးချယ်ခဲ့ပြီး အနည်းငယ် အိပ်ငိုက်နေခဲ့သည်။

"အခုမင်း ဖြတ်သန်းနေရတဲ့ ဘဝကို မကြိုက်ဘူး မဟုတ်လား။ ဒါဆို ဘာလို့ထွက်ပြေးဖို့ မရွေးတာလဲ" အဲလ်ဘတ်၏အသံသည် အလွန်ပေါ့ပါးပြီး ငှက်မွှေးကဲ့သို့ တီးတိုးထွက်ပေါ်လာသည်။

"တကယ်တော့ ခင်ဗျား ပြောချင်တာက မင်း ဘာလို့ လုထျန်းချန်တို့ ဘေးကနေ ထွက်မသွားတာလဲ ဆိုတာ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်ထွက်သွားလည်း ဘယ်ကို ထွက်သွားနိုင်မှာလဲ။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို လွှတ်ပေးမှာမို့လား။ ကျွန်တော့်   အသက်မွေးဝမ်းကြောင်းက ဒီမှာရှိနေတော့ ကျွန်တော် ဘယ်မှ ထွက်မပြေးနိုင်ဘူး"

Tang Feng က သူ့မျက်ခွံတွေ ပိုလေးလာသလို ခံစားလိုက်ရပြီး အိပ်ချင်မူးတူးဖြင့် ဆက်ပြောခဲ့သည်။

"ပြေးပြေး၊ မပြေးပြေး ရလဒ်တွေက အတူတူပဲမို့လို့ ကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်ဖို့ပဲ ရွေးချယ်ရတော့မယ်..."

 ချိုမြတဲ့ဝိုင်နီကြောင့်လား... ဒါမှမဟုတ် နွေးထွေးတဲ့အလင်းရောင် နဲ့ ပူနွေးတဲ့ လူတစ်ယောက်ရဲ့ ပုခုံးပေါ်မှီထားမိလို့လား.... ဒါမှမဟုတ် နူးညံ့ကြင်နာတဲ့ လေသံနဲ့ ပြောနေလို့လား မသိတော့ပေ။ ထျန်းဖုန်း အိပ်ပျော်စပြုကာ   သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

Lu Tian chen က အခု ဘာလုပ်နေလဲ ဆိုတာ သူ သိချင်နေသည်။ လုထျန်းကျိနဲ့ ဆန့်ကျင်တိုက်ခိုက်မှု တွေကနေ ရလဒ်ကောင်းထွက်ပေါ်နေရဲ့လား...
 

Charlesကရော..ဘာတွေ လုပ်နေတာလဲ..သူ ဘာကြောင့်...ရုတ်တရက် ပျောက်သွားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Tang Feng က အရွယ်ရောက်ပြီးသား ဖြစ်လို့ သူတို့ကို အရမ်း စိတ်မပူပေမယ့် Tang Feng ကတော့ သောက်ဝက်ဝံကြီး သူ့ကို ပစ်ထားကာ ပျောက်သွားတာကို တကယ် မကျေမနပ်ဖြစ်နေမိသည်။

"ဘယ်လိုတောင် ထူးဆန်းတဲ့ စိတ်ထားတွေလဲ။"

Tang Feng ၏ ဦးခေါင်းသည် သူ့ပခုံးပေါ် မှီပြီး အိပ်ပျော်သွားသည်ကို Albert က စောင့်ကြည့်နေသည်။ သူ  ကုတင်ဘေး မီးအိမ်ကို မှိတ်လိုက်ပင်လျှင် တခန်းလုံး မှောင်ကျမသွားခဲ့ပေ။

"ကောင်းသောညပါ။"

ထျန်းဖုန်းရဲ့နဖူးပေါ် အနမ်းတစ်ခုကျလာပြီး အဲလ်ဘတ် တစ်ယောက် မျက်လုံးမှိတ်ကာ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ဒါက သူ့ပတ်ဝန်းကျင်မှာ အမြဲနွေးထွေးတဲ့ ခံစားချက်ရှိနေတာကြောင့် ဖြစ်နိုင်သလို  စိတ်အေးလက်အေး ခံစားနေရလို့လည်း ဖြစ်နိုင်သည်။

ထိုလူငယ်လေး၏ ခန္ဓာကိုယ်မှ တွန်းအားက ဘာကြောင့် ဖြစ်လာသလဲဆိုတာ အဲလ်ဘတ်  နားလည်ရုံသာမက အရာအားလုံးကို ထိန်းချုပ်လိုသော ဆန္ဒက ပြည့်သွားခဲ့သည်။ ဒါကြောင့် ယခုအချိန်တွင် အဲလ်ဘတ်ရင်ထဲ အနည်းငယ် ကျေနပ်မှု ရှိလာခဲ့သည်။

*******-***********

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now