Chapter (7) ( zawgyi+unicode)

6.1K 798 23
                                    

True Star – Volumn 3
Chapter (7) ( zawgyi+unicode)

"ဒီမှာကောင်လေး.. ငါတို့က မင်း အကူအညီတောင်းလို့ ကူညီပေးဖို့ ဒီမှာရှိနေတာ.. မင်းက အတော့်ကို အရှက်မရှိတာပဲ.. ငါတို့ပုံကို ခိုးကြောင်ခိုးဝှက် ရိုက်ယူထားတယ်.."

Tang Feng က ခေါင်းမဖော်တမ်းရှိနေတဲ့ Li Wei ကို ကြိမ်းလိုက်တယ်။ Li Wei က သူ့အင်္ကျီစအစွန်းကို လက်နဲ့ချေမွနေရင်း တီးတိုးပြောလိုက်တယ်။

"ကျွန်.. ကျွန်တော်.. ဒီပုံကို မဂ္ဂဇင်းမှာရောင်းစားဖို့ ရိုက်ထားတာမဟုတ်ပါဘူး.. ခင်ဗျားတို့နှစ်ယောက် အတူရှိနေပုံက အရမ်းကြည့်ကောင်းလို့ ရိုက်ထားမိတာပါ.. ကျွန်တော် ကျိန်ရဲပါတယ်.. ကျွန်တော်ရောင်းစားရင် အသက်ဆက်မရှင်ပါစေနဲ့.."

"မင်းက ငါတို့ကိုတွေ့တာနဲ့ ထွက်ပြေးတယ်.. မင်းကင်မရာထဲကပုံကို ကြည့်တော့ တုန်လှုပ်နေတယ်.."

Tang Fengက ဓာတ်ပုံတွေကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။ သူနဲ့ Lu Tian Chen ရဲ့ပုံတွေက ရေပေါ်ရုပ်သေးပွဲပုံတွေကလွဲပြီး မတွေ့ရပေမယ့် Ge Chen နဲ့ Su Qi Cheng ရဲ့ပုံတွေကတော့ လှပတဲ့ဗီယက်နမ်ရှုခင်း အမျိုးမျိုးတွေ နောက်ခံထားပြီး ရိုက်ယူထားတာကို တွေ့လိုက်ရတယ်။

ဒီပုံတွေအရ ဒေါ်လာလေးငါးထောင်တော့ တန်မှာသေချာတယ်။ ဒီကောင်လေး Li Wei က ပုံကောင်းတွေကို အတော်ရိုက်ယူထားနိုင်တာပဲ။

"ခင်ဗျား ဒေါသထွက်မှာကို ကျွန်တော် စိုးရိမ်နေတာ.."

အားနွဲ့တဲ့ဇနီးသည်လေးလိုမျိုး အသံတစ်သံက ထွက်လာတယ်။ Li Wei ကြည့်လိုက်တော့ နာကျင်နေပုံရတဲ့ Ge Chen ကိုတွေ့လိုက်ရတယ်။

"သူတို့ကိုမြင်တော့ ကျွန်တော် ဓာတ်ပုံယူမလို့လုပ်တုန်း သူတို့က လုယူသွားတာပါ.."

ဒီစကားတွေက Su Qi Cheng ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသလိုနဲ့ ရန်တိုက်ပေးတဲ့စကားတွေဆိုတာ Tang Feng ကောင်းကောင်းသိတယ်။

"Tang Feng.. မင်း တစ်ဖက်သားကို လွယ်လွယ်လေး မယုံလိုက်နဲ့.. မင်းအပေါ်ကောင်းတဲ့လူတိုင်းက လူကောင်းတွေမဟုတ်သလို မင်းကို ထိခိုက်စေသူတိုင်းကလည်း လူဆိုးမဟုတ်ဘူး.."

Su Qi Cheng က စောင်းချိတ်ပြောလိုက်တယ်။ အတိုချုပ်ပြောရရင် သူက Li Wei က လူကောင်းမဟုတ်ဘူးလို့ ပြောလိုက်တာပဲ။

"တကယ်လို့ တစ်ယောက်ယောက်အပေါ် ကောင်းတဲ့အခါ သူတို့ရဲ့စိတ်ရင်းက ဘယ်လိုဆိုတာ ဆန်းစစ်သင့်တယ်.. မဟုတ်ရင် မင်းရဲ့ကိုယ်နဲ့ နှလုံးသားကို ဆုံးရှုံးသွားရရင် အားလုံးသွားပြီ.."

တကယ်တော့ Tang Feng က သိချင်စိတ်ဝင်နေတယ်။ ဒီလတွေအတွင်း Su Qi Cheng က အရမ်းကိုငြိမ်သက်နေပြီး လူမြင်ကွင်းထဲကိုမလာလို့ Charles နဲ့ Lu Tian Chen တောင် သူ့ပုံကို ရိုက်ယူလို့မရဖြစ်ခဲ့တယ်။ အခုတော့ သူက ရုတ်တရက် ပေါ်ထွက်လာရုံတင်မကဘူး Lu Tian Chen ရှေ့မှာ ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုနေတယ်။

"ခင်ဗျားဆိုလိုချင်တာက အရင်က ကျွန်တော့်အပေါ် မကောင်းခဲ့ပေမယ့် ခင်ဗျားက လူကောင်းလို့ ပြောချင်တာလား.."

Tang Feng က ရယ်မောရင်း ဆက်ပြောလိုက်တယ်။

"အခု ငါ့အပေါ်ကောင်းတဲ့လူတွေက တကယ်တော့ ငါ့အပေါ်မကောင်းကြဘူး.. ဒါက ငါ့အပေါ်ကောင်းတယ်ပြောမလား.. ဆိုးတယ်ပြောမလား.."

Su Qi Cheng ရဲ့စကားတွေကို အလေးအနက်ထားစရာတော့ မလိုဘူးလို့ Tang Feng ယူဆတယ်။ တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်ပြီးသား။ ဒီလူက သူ့ကိုပြန်ပေးဆွဲပြီး လူနှစ်ယောက်နဲ့လွှတ်ပေးလို့ သူ့ဘ၀ကိုဖျက်ဆီးဖို့ ရည်ရွယ်ထားခဲ့တာမို့ ဒီလူဘာလဲဆိုတာ သူ သေချာသိပြီးဖြစ်တယ်။

Su Qi Cheng က သူ့ထက် ဘ၀အတွေ့အကြုံစုံတဲ့ Tang Feng ကို စကားလေးနှစ်ခွန်း သုံးခွန်းလောက်နဲ့ လှည့်စားဖို့ ကြိုးစားချင်နေသေးတယ်။ ဒါပေမယ့် Tang Feng ရဲ့ စကားလုံးတွေကိုကြားပြီး ဘာပြန်ပြောရမှန်း မသိတဲ့လူကလည်း Su Qi Cheng ပဲဖြစ်နေပြန်တယ်။ ဒီကောင်လေးကို သူ နိုင်အောင်မပြောနိုင်တော့ဘူး။

"Su က မင်းအပေါ် တကယ်ကောင်းတဲ့လူပါ.. မင်း ဒါတွေကို မသိနိုင်ပါဘူး.. သူက မင်းသိထားတာထက် ကောင်းကွက်တွေ အများကြီးရှိတဲ့သူပါ.."

Ge Chen က မမျှော်လင့်ဘဲ Su Qi Cheng ဘက်ကနေ ရပ်တည်ပြောဆိုလိုက်တယ်။ ဒါကြောင့် Su Qi Cheng က ကူကယ်ရာမဲ့ အခြေအနေကနေ လွတ်မြောက်သွားတယ်။

စကားလုံးတွေနဲ့ ဘယ်လောက်ပဲပြောဆိုနေပါစေ လူတစ်ယောက်က သူဘာတွေလုပ်တယ်၊ ဘယ်လိုပြုမူတယ်ဆိုတာကိုကြည့်ပြီး လူဆိုး၊ လူကောင်း သတ်မှတ်တယ်ဆိုတာ ဒီငပိန်းကောင် မသိဘူးထင်ပါရဲ့။ Tang Feng က စကားဆက်ပြောချင်စိတ် မရှိတော့တာကြောင့် ခေါင်းယမ်းလိုက်ပြီး သူ့နံဘေးကနေ ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ Li Wei ကို ကြည့်လိုက်တယ်။ မဟုတ်တာတွေလျှောက်ပြောနေတာနဲ့ အဓိကကိစ္စကို မေ့သွားကြပုံရတယ်။

"ငါ ဒါတွေကို ယူလိုက်လို့ရလား.."

Tang Feng က ပြောရင်း delete ခလုတ်ကို နှိပ်လိုက်တယ်။ Delete လုပ်ဖို့ Confirm ကိုမနှိပ်ရသေးခင် Lu Tian Chen ဆီက စကားသံထွက်လာတယ်။

"ဘာတွေကျန်သေးလို့လဲ.."

ရေရုပ်သေးပွဲကိုကြည့်နေတဲ့ပုံက သူတို့ အနောက် ညာဘက်ခြမ်းက ရိုက်ထားတာဖြစ်လို့ သူတို့မျက်နှာကို သေချာမမြင်ရဘူး။ သူတို့ရှေ့က ရေရုပ်သေးပွဲရှုခင်းနဲ့ သူတို့ တရင်းတနှီးရှိတဲ့ အမူအယာကိုပဲ တွေ့ရတယ်။ ဒီမြင်ကွင်းက မြင်ရသူတိုင်းကို အေးချမ်းမှုနဲ့ နွေးထွေးမှုကို ခံစားရစေတယ်။ ဒါပေမယ့် သူက Tang Feng ကို အလွယ်တကူပဲ ဖျက်ခွင့်ပေးလိုက်တယ်။

"ကောင်းပြီလေ.."

သူက ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော် အားလုံးဖျက်လိုက်ပြီ.."

Su Qi Cheng က ရုတ်တရက် Tang Feng လက်ထဲကကင်မရာကို လုယူလိုက်တယ်။ Tang Feng က delete confirm ခလုတ်ကို နှိပ်ချလိုက်တယ်။ အဲ့ဒီအချိန် Li Wei က ရုတ်တရက် မျောက်တစ်ကောင်လို ခုန်ဝင်လာပေမယ့် ကင်မရာက လက်ထောက်လက်ထဲကို လွင့်ပျံသွားပြီဖြစ်တယ်။ ကျောင်းတုန်းက ခရစ်ကတ်ကစားတာ အလကားတော့ ဖြစ်ပုံမရဘူး။ လက်ထောက်ဆီလွင့်သွားတဲ့ကင်မရာကို Li Wei က လှမ်းဖမ်းဖို့ ကြိုးစားလိုက်တယ်။

"ပျော်စရာတော့ ကောင်းသားပဲ.."

Tang Feng လည်း တစ်ပြိုင်တည်းပြေးပြီး ကင်မရာကိုလှမ်းဖမ်းဖို့ ကြိုးစားတော့ ကင်မရာရသွားတဲ့လက်ထောက်က ချက်ချင်း လှည့်ပြေးတော့တယ်။ Su Qi Cheng က နောက်ကလိုက်သွားတယ်။

Lu Tian Chen က သူ့လက်ကိုဆုပ်ကိုင်ပြီး လှည့်ထွက်သွားချိန် Tang Feng က Ge Chen ဘက် တစ်ချက်ကြည့်လိုက်တော့ အံကြိတ်ပြီးကြည့်နေတာကို တွေ့လိုက်ရတယ်။

"Tian Chen.. ကျွန်တော့်ကို ထားမသွားပါနဲ့.. ခင်ဗျားမရှိဘဲ ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး.. ခင်ဗျားအတွက် ကျွန်တော် အများကြီးလုပ်ပေးခဲ့တယ်.. ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်သလဲ.. ပြောပါ.. ထားတော့မသွားပါနဲ့.."

သူက Lu Tian Chen ကိုဖက်ပြီး အကျယ်ကြီးအော်ပြောလိုက်တော့ သူတို့ပတ်ဝန်းကျင်ကလူတွေ အာရုံစိုက်လာကြတယ်။

ဒီဖြစ်ရပ်ကြောင့် Tang Feng, Li Wei နဲ့ Su Qi Cheng တို့ ဘယ်ထွက်သွားလိုက်မှန်း သူ မသိလိုက်ဘူး။ Lu Tian Chen က Ge Chen ကိုတွန်းပစ်လိုက်ပြီး ပျောက်ကွယ်သွားတဲ့ Tang Feng ကိုလိုက်ရှာဖို့ အေးစက်စွာနဲ့ Ge Chen ကိုသွားစေ့ပြီး ပြောလိုက်တယ်။

"ငါ့ကိုလွှတ်စမ်း.."

တွန်းလိုက်တဲ့အရှိန်နဲ့ Ge Chen က မြေပြင်ပေါ် ဖင်ထိုင်လျက်ကျသွားတယ်။ Su Qi Cheng ရဲ့သက်တော်စောင့်တွေက သူတို့ဘော့စ် ပြေးထွက်သွားတာနဲ့ ချက်ချင်းလိုက်ပါသွားလို့ သရုပ်ဆောင်စတားလေး Ge Chen ကို စောင့်ရှောက်မယ့်သူ တစ်ယောက်မှ ကျန်မနေခဲ့ဘူး။

"Lu Tian Chen.."

Ge Chen က ဒေါသတကြီးနဲ့ အော်လိုက်တယ်။ သူ မြေကြီးပေါ်က ကုန်းထပေမယ့် ပြန်လဲကျသွားပြီး Lu Tian Chen ထွက်ပြေးသွားတဲ့ဘက်ကိုပဲ ကြည့်နေရတော့တယ်။

"သူက မင်းကို သဘောမကျဘူး.. ဘာကြောင့် သူ့ကို အတင်းဆုပ်ကိုင်ပြီး အနှောင့်အယှက်ပေးချင်ရတာလဲ.."

တရုတ်လူမျိုး လူရွယ်က Ge Chen ဘေးမှာ မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့ပြီး သူ့ကိုထနိုင်ဖို့ ထူမ,ပေးလိုက်တယ်။

"ထတော့.. မင်းကို စွန့်ပစ်လိုက်တယ်ဆိုရုံနဲ့ အရာအားလုံးက အဆုံးသတ်သွားတာမဟုတ်ဘူး.."

"ဟေ့.."

Ge Chen က သူ့ကိုဆွဲထူပေးတဲ့လက်ကို ခပ်ရိုင်းရိုင်းပုတ်ထုတ်လိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။

"မင်း ဘာစကားပြောတာလဲ.. မင်းအဆင့်က ငါ့ကို ဒီလိုပြောလို့ရလို့လား.. မင်းက Su Qi Cheng ရဲ့ ငယ်သားတစ်ယောက်ပဲ.. မင်း ကိုယ့်ဘာသာ အထင်ကြီးမနေနဲ့.. မင်း အခု ငါ့ကိုလာလှောင်နေတာလား.. မင်းကို ဒုက္ခရောက်သွားအောင် ငါလုပ်လို့ရတယ်ဆိုတာ မမေ့နဲ့.. မင်းက Su Qi Cheng ရဲ့ နောက်လိုက်ခွေးသာသာပဲ.."

Ge Chen ဒီလိုပြောလေ တရုတ်လူရွယ်ရဲ့ မျက်နှာပေါ်ကအပြုံးက ပိုတောက်ပလေဖြစ်တယ်။

သူက Ge Chen ရဲ့လက်ကို ဆုပ်ကိုင်ရင်း လက်ထောက်မိလို့ နာသွားတဲ့ Ge Chen လက်ကို အသာအယာ ပွတ်သပ်ရင်း ပြောလိုက်တယ်။

"ငါက ဘာမှမဟုတ်ပေမယ့် မင်းထက်တော့ ပိုပါတယ်.. မင်းအခုဖြစ်နေတာတွေကို ကြည့်စမ်း.. မြေပြင်ပေါ် ဖင်ထိုင်လျက်လဲကျနေပြီး မင်းကိုကူပေးဖို့ လူတွေကို အော်ခေါ်နေရတယ်.. ဒါပေမယ့် မင်းကို ထူမ,ပေးဖို့ ငါ့ကိုလည်း မလိုလားဘူး.. Ge Chen မင်းကိုယ်မင်း နာမည်ကျော်ကြယ်ပွင့်တစ်ပွင့်လို့ ထင်နေတာလား.. အိုး... မင်းကို Su Qi Cheng က အလွယ်တကူ စွန့်ပစ်သွားပြီ မဟုတ်ဘူးလား.."

"မင်း ငါ့ကို ဒီလိုမျိုးပြောဝံ့သလား.."
Ge Chen ရဲ့လေသံက အရမ်းဒေါသထွက်ပုံတော့ မရတော့ဘူး။ သူ့လို ဒုတိယတန်းစား သရုပ်ဆောင်တစ်ယောက်အတွက် ဂုဏ်သိက္ခာထက် နောက်ခံပံ့ပိုးပေးမယ့်သူက ပိုအရေးကြီးတယ်မဟုတ်လား။

"ငါ ဘာကြောင့် မပြောရဲရမှာလဲ.. မင်းကိုယ်မင်း လူတိုင်းရဲ့မျက်လုံးထဲမှာ နာမည်ကြီးသရုပ်ဆောင်လို့ ထင်နေတုန်းလား.. မင်းကို ထောက်ပံ့ပေးတဲ့လူမရှိရင် မင်း ရုပ်ရှင်ဇာတ်ကားထဲ ပါဝင်ခွင့်ရဖို့ ကိုယ်ခန္ဓာနဲ့ရင်းနှီးရလိမ့်မယ်.. Ge Chen.. မင်းရော ငါရော နောက်လိုက်ခွေးတွေပါပဲ.. ဒါပေမယ့် မင်းက ကိုယ့်ဘ၀ကိုယ် မသိတတ်တော့ မင်းအခြေအနေက ငါ့ထက် ပိုသနားစရာကောင်းနေတယ်.."

တရုတ်လူရွယ်က Ge Chen ကိုငုံ့ကြည့်ပြီး ပြောလိုက်တယ်။

"Tang Feng နဲ့မင်းကြားမှာ ဘာတွေခြားနားသလဲ ကြည့်လိုက်စမ်း.. ငါသာ ရွေးချယ်ခွင့်ရရင် မင်းကိုမရွေးဘူး.."

"မင်း..."

Ge Chen က မြေပေါ်ကကုန်းထလိုက်ပြီး တရုတ်လူရွယ်ကို ထိုးဖို့လုပ်လိုက်ပေမယ့် တစ်ဖက်လူက သူ့ထက် ခေါင်းတစ်လုံး အရပ်ပိုမြင့်တယ်။ Ge Chen က သူရဲ့အင်္ကျီစကို မိလိုက်တာနဲ့ချက်ချင်း မြွေတစ်ကောင်လို ရုန်းထွက်သွားနိုင်တယ်။

တရုတ်လူရွယ်က Ge Chen ကိုစိုက်ကြည့်ပြီး ၀မ်းသာစွာပြောလိုက်တယ်။

"ဘယ်သူမှ မင်းကို အကာအကွယ်မပေးသလို ထောက်ခံမှုလည်းမပေးဘူး.. မင်းလိုသရုပ်ဆောင်လေးက ငါ့ကို ထိခိုက်အောင်လုပ်နိုင်မယ် ထင်သလား.. ကြိုးစားကြည့်လိုက်လေ.."

Ge Chen ရဲ့ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။ သူ ဘယ်လောက်ကြိုးစားပေမယ့် ဒီလူကို ထိအောင်မထိုးနိုင်လို့ စကားတစ်လုံးမှမပြောဘဲ အေးစက်စွာ စိုက်ကြည့်လိုက်တယ်။

"မင်း မျက်လုံးကိုဖွင့်ပြီး လက်ရှိအခြေအနေကို သေချာမြင်အောင်ကြည့်စမ်းပါ.. အိုး.. မင်းက ခုထိ သဘောမပေါက်သေးဘူးထင်တယ်.. ကြည့်ရတာ မင်းတော့ လမ်းဆုံးပြီ.. အခု Su Qi Cheng က မင်းကို စိတ်မ၀င်စားဘူး.. Lu Tian Chen ကလည်း မင်းကို သဘောမကျဘူး.. မင်းမှာ ဘာမှမရှိတော့ဘူး.. မင်းကိုယ်မင်း ၁၇ နှစ်သားလေးလို့ ထင်နေတုန်းပဲလား.. ဒီသရုပ်ဆောင်လောက,ကနေ စောစောထွက်သွားလိုက်တော့.. ဒီနေရာက မင်းနေရမယ့် နေရာမဟုတ်ဘူး.."

Ge Chen ကိုပြောပြီးတော့ တရုတ်လူရွယ်လေးက အလျင်မလိုဘဲ Su Qi Cheng ထွက်သွားတဲ့ဘက်ကို လိုက်ခဲ့တယ်။

Ge Chen က နေရာမှာခဏရပ်နားပြီး သူ့ကိုယ်ပေါ်က ပေနေတဲ့ဖုန်တွေကို ခါလိုက်တယ်။ ခဏစဉ်းစားပြီးနောက် သူက ခေါင်းကိုမော့ပြီး ပြောလိုက်တယ်။

"မင်းက ငါ့ကို လာပြီးဆွနေတာပဲ.. မင်းရဲ့နောက်ခံအားကိုးနဲ့ ငါ့ကို ရန်လာစနေတယ်.."

အသက်ကိုပြင်းပြင်းရှူလိုက်ပြီး Ge Chen က သွားစေ့ရင်း ကြိမ်းလိုက်တယ်။

"မင်း ငါ့ကို အော်ခဲ့တယ်.. မင်းကို နောက်ကျရင် ၁၀ ဆပြန်ပေးဆပ်ခိုင်းမယ်.."

Tang Feng ကိုလည်း...

Ge Chen က သက်ပြင်းချလိုက်ပြီး Su Qi Cheng ထွက်သွားတဲ့ဘက်ကို ပြေးလိုက်လာတော့တယ်။

Lu Tian Chen ကိုတွေ့ဖို့ သူ အချိန်သိပ်မယူလိုက်ရဘူး။ Lu Tian Chen က လမ်းမကြီးအတိုင်း ပြေးနေတာဖြစ်လို့ သူ ခဏနဲ့မှီလာတယ်။ ဒါပေမယ့် Ge Chen ၀မ်းသာမယ်မကြံသေးဘူး၊ Lu Tian Chen ရဲ့ စိုးရိမ်တကြီး ကျယ်လောင်စွာ အော်မေးသံကိုကြားတော့ ရေအေးနဲ့ပက်ခံလိုက်ရသလို ခံပြင်းသွားတယ်။

"မင်း.. Tang Feng ကို တွေ့ခဲ့သေးလား.."

တရုတ်လူရွယ်က တုံ့ဆိုင်းစွာကြည့်ပြီး ပြန်ဖြေလိုက်တယ်။

"မတွေ့ဘူး.. ကျွန်တော် တောက်လျှောက်ပြေးလာတာ.. Tang Feng ရော Su Qi Cheng ရော မတွေ့ခဲ့ဘူး.."

"ဘယ်လိုဖြစ်တာလဲ.. သူတို့ကို ရှာမတွေ့ဘူးလား.."

Ge Chen က မေးလိုက်တယ်။

"ကျွန်တော် သွားရှာလိုက်မယ်.."

တရုတ်လူရွယ်က Ge Chen ကိုကြည့်ပြီး ပြောလိုက်တယ်။

"Su Qi Cheng, Tang Feng နဲ့ ကင်မရာအလုခံလိုက်ရတဲ့ကောင်လေး.. သူတို့ထွက်သွားကြပြီ.."

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now