(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1

2.1K 368 7
                                    

Volume _3  _ Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား   - 1


"အချစ်လေး... မင်းက ဝလာရုံတင်မကဘူး အပြုအမူတွေလည်း ကြမ်းတမ်းလာပြီ။ ဒီလိုဇာတ်ကားမျိုးတွေကို မင်း တကယ်ကို မရွေးချယ်သင့်ဘူး။ အခု ရုပ်ရှင်မရိုက်ခင်ကတည်းက မင်းက အရမ်းကြမ်းတမ်းနေပြီ။ ရုပ်ရှင်ရိုက်ပြီးရင် မင်းက ဇာတ်ကောင်စရိုက်ကနေ ရုန်းထွက်ဖို့ ခက်ခဲပြီး နစ်သွားနိုင်တယ်။  ဒါဟာ မင်းကို လူသတ်သမားလို အသွင်ပြောင်းလဲ မသွားစေနိုင်ဘူးလား"

" ခင်ဗျား...ပါးစပ်ပိတ်ထား။"

Tang Feng သည် နောက်ပြန်ကြည့်ကာ ရေခဲပုံးထဲမှ ရေခဲတုံးတစ်တုံးကို ကောက်ယူပြီး Charles ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူက စားပွဲပေါ်ထိုင်ပြီး အဲဒီလူရဲ့ ပွန်းပဲ့နေတဲ့ မျက်လုံးထောင့်တွေကို ရေခဲနဲ့ ဖိပေးလိုက်တယ်။

"အေးတယ်။"

တဂျွတ်ဂျွတ်မြည်အောင် ပါးစပ်ထဲက ရေခဲတုံးကို ဝါးစားရင်း  Charles က  Tang Feng ၏ခါးမှ အဆီနှင့်အသားများကို ဖျစ်ညစ်ကြည့်ကာ စစ်ဆေးနေသည်။

Tang Feng ၏ မျက်နှာသည် နီရဲပြီး ရှက်ရွံ့ကာ ဒေါသထွက်လာသည်။ ဒါကြောင့် သူက Charlers ရဲ့လက်ကို တွန်းဖယ်ကာ ခါးက အသားပေါ်နေသည်ကို အဝတ်ဖြင့် ပြန်ဖုံးလိုက်သည်။

 "ခင်ဗျား ဘာလုပ်တာလဲ"

ထိုလူရဲ့ သရမ်းနေသည့် လက်တွေကို တွန်းထုတ်လိုက်ပြီးတော့ Tang Feng က တဖက်ကိုလှည့်ပြီး မျက်လုံးထောင့်နားကို အုပ်ပေးထားသည့် ရေခဲတုံးတွေကို ဖယ်လိုက်တယ်။

အဆုံးတွင် Charles သည် လက်သီးတစ်ဖက်ဖြင့် ဝက်ဝံကြီးတစ်ကောင်ကို လွင့်သွားစေနိုင်သည့် Tang Feng ၏ လက်ကို မဖယ်ပစ်နိုင်တော့ပေ။
 

"ကောင်းတယ်၊ အခု ခင်ဗျားက မိန်းမနဲ့တူသွားပြီ..."

Charles  သည် Tang Feng ၏ စကားကြောင့် ချက်ချင်းပင် အေးခဲသွားကာ သူသည် မပြောသင့်သောအရာကို ပြောမိလိုက်ပုံရသည်ဟု တွေးလိုက်သည်။ သူနှင့် Tang Feng က တစ်ယောက်နဲ့တစ်ယောက် တစ်ချက် စိုက်ကြည့်နေသည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now