Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !

1.1K 129 4
                                    

Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !

သူရဲကောင်း ဇာတ်ကားတိုင်းတွင် ဗီလိန်တစ်ယောက်ပါသလို အခု ဇာတ်ကားထဲတွင် ထျန်းရိ ၏ ပြိုင်ဘက်အဖြစ် ဗီလိန်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ဇာတ်လမ်းကတော့ အမေရိကန်ကို လာလည်တဲ့ ရုပ်ရှင်မင်းသား အကြောင်းကို အဓိက ထားကာ ရိုက်ကူးထားပြီး သူက တခြားကြယ်ပွင့်တွေနဲ့ အတူတူ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခုအခန်းတွင် ထိုအနုပညာကြယ်ပွင့်သည် ထျန်းရိ ၏ပြိုင်ဘက် ဖြစ်သည်။

ယခုဇာတ်လမ်းက သူရဲကောင်းများနှင့် လူဆိုးများ အကြောင်း ပြသသည့် ရုပ်ရှင်သက်သက်မဟုတ်ပေ။ ဇာတ်ကားထဲတွင် ဖျော်ဖြေရေးနယ်ပယ်နှင့်ပတ်သက်သည့် အကြောင်းရာတချို့ကိုလည်း ထည့်ရိုက်သွားမည်ဖြစ်သည်။

ယခုခေတ် ရုပ်ရှင်ကားထဲတွင် မင်းသားအသစ်တွေက အဓိကအားဖြင့် ရုပ်ရည်ချောမောပြီး ငယ်ရွယ်နုပျိုရမည်ဖြစ်သည်။

Tang Feng ကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်များသည် သရုပ်ဆောင်မှုစွမ်းရည်နှင့် သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရုပ်ရည်ပိုင်းဆိုင်ရာ၊ ပါဝင်ကူညီခြင်းမပြုရဟု သတ်မှတ်ထားခြင်းက မျှတမှုရှိအောင် လုပ်ထားခြင်းပင် ဖြစ်သည်။ ဒါကြောင့်Tang Fengက ဝတ်စုံတစ်ခုတည်းကိုသာ နေ့တိုင်းဝတ်ဆင်ကာ သရုပ်ဆောင်သည်ကို မြင်တွေ့ရလိမ့်မည်၊ ဒါပေမယ့် ဝတ်စုံတွေက ချုပ်ရိုးချုပ်သားကောင်းမှုကြောင့် သူ ဝတ်လိုက်သည့် အဝတ်တိုင်းက နာမည်ကြီးမော်ဒယ်ကဲ့သို့ ကျော့ရှင်းလှပကာ သူ့အလှကို ပိုမိုထင်ပေါ်နေစေသည်။

ရုပ်ရှင်ရိုက်ကူးမှုနှင့်အတူ သတင်းထောက်များစွာက သတင်းနှင့် ဓါတ်ပုံရယူဖို့ စတူဒီယိုတစ်ဝိုက်တွင် ပေါ်လာခဲ့သည်။

............

ရုပ်ရှင်ရိုက်တယ်ဆိုတာ အလုပ်သွား၊ နေ့တိုင်း အလုပ်လုပ်၊ အလုပ်ပြီးသည်နှင့် အိမ်ပြန်ရသလိုပါပဲ။

Tang Feng သည် ဇာတ်ကားတွင် ဟီးရိုးအဖြစ် သရုပ်ဆောင်ခဲ့ရပေမယ့် အိမ်ကိုပြန်ရောက်သည်နှင့် Albert ရဲ့ အနိုင်ကျင့်ခံတာ ခံရသူပမာ ဟန်ဆောင်နေရလို့ သူ့မှာ တကယ်ကို မအားလပ်အောင်ပင်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now