Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်

785 98 3
                                    

Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်




"အဲဒီလူက ဘယ်သူလဲ မသိဘူး။"

Jonas သည် Albert ၏ဦးတည်ချက်ကိုကြည့်ခဲ့သည်။ နောက်ဆုံးတွင် Jonas ၏ အလွန်ကောင်းမွန်သော အသွင်အပြင်သည် Jonas ကို သူတို့ လူအုပ်ထဲမှာ ထင်းလင်း တောက်ပေနေစေသည်၊ သို့သော် Jonas သည် လတ်တလောမှာ နာမည်တက်သည့် လူငယ်သရုပ်ဆောင်ဖြစ်ပြီး ငါးကြီးကြီး မဟုတ်လျှင် မမျှားဘူး ဆိုသည့် ထုံးနှလုံးမူထားသည့် သူဖြစ်သည်။

ဘယ်လောက်ပဲ မာနကြီးပြီး မောက်မာနေပါစေ Jonas က ဒီအဆင့်ထိ တက်လာနိုင်သူ ဖြစ်လို့ တစ်ဖက်သားက သာမန် မဟုတ်ဘူးဆိုသည်ကို ကောင်းကောင်း ခွဲခြားသိနိုင်သေးသည်။

ဒါ သူ့ပါးစပ်ကသာ မသိဘူး ပြောလိုက်ပေမယ့်.... Jonas သည် စားပွဲထိုးက ပေးအပ်လာသည့် ရှန်ပိန်ကို လှမ်းယူနေဆဲဖြစ်ပြီး Albert ကို ဦးတည်ကာ ပြုံးကာ ခေါင်းညိတ်ပြီး ရှန်ပိန်ကို မော့သောက်လိုက်သည်။ ရှန်ပိန်အရသာကောင်းသဖြင့် Jonas အလွန်ကျေနပ်သွားခဲ့သည်။

"မတွေ့ဖူးသေးပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေကိုကြည့်တော့ သူတို့အားလုံးက ချမ်းသာတဲ့ လူကြီးလူကောင်းတွေချည်းပဲ။"

Jonas က အဲလ်ဘတ်ကို အကဲခတ်ကြည့်လိုက်စဉ် ထိုလူ၏ ပတ်ဝန်းကျင်မှာ အဖော်အနည်းငယ်ရှိပြီး ထိုလူ၏ ရုပ်ရည်က အရမ်းကောင်းသည်ကို တွေ့လိုက်ရသည်။

အဲလ်ဘတ်၏ ကျောထောက်နောက်ခံကို မကြာခင် အချိန်တွင်း Jonas ရှာတွေ့သွားခဲ့သည်။ အဲလ်ဘတ်၏ ဘေးတွင် Jonas ကဲ့သို့ ကြည့်ကောင်းသည့် လူငယ်လေးတွေနဲ့ ပြည့်ကျပ်နေတယ်။ သူတို့အားလုံးသည် ဧည့်ခံပွဲများနှင့် ရောနှောနေလေ့ရှိသူများဖြစ်သည်။ ချမ်းသာပြီး သြဇာ အာဏာကြီးမားသည့် အကောင်ကြီးကြီး ပစ်မှတ်တချို့က သူတို့ကို လျစ်လျူမရှုနိုင်ကြပေ။

" လူသူ စုဆောင်းခြင်း" စံနှုန်းများကို မသိလျှင်ပင် Albert သည် ငွေနှင့် စွမ်းအားမရှိသော သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

ပြဿနာမှာ ချိန်ဆပြီး နှိုင်းယှဉ်ကြည့်ဖို့ လူငယ်တွေ ပါတီမှာ အရမ်းများပြားနေခြင်းဖြစ်သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now