True Star Volume III_ Chapter (42) - Interview

3K 469 22
                                    

True Star Volume III_ Chapter (42) - Interview


သူနှင့် ချန်မင်ရွှိတို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်သောကြောင့် တွေ့ဆုံမေးမြန်းသည့် အင်တာဗျူးက ပေါ့ပါးသွက်လက်ကာ ပရိတ်သတ်ကို ရယ်မောစေရန် အတိုင်ဖောက်ညီလို့နေသည်။

 အင်တာဗျူးစဉ်တွင်ဗင်းနစ်ရုပ်ရှင်ပွဲတော်၊ သရုပ်ဆောင်ခြင်း၊  Tang Feng၏ ငယ်ဘဝနှင့် ပတ်သက်၍ နောက်ထပ်မေးခွန်းများမေးခြင်းအပြင် စိတ်ခံစားချက်နှင်ပတ်သတ်သည့် အကြောင်းရာကိုလည်း မေးမြန်းခဲ့သည်။

 
ပရော်ဖက်ရှင်နယ် တင်ဆက်သူ ချန်မင်ရွှိအနေနဲ့ ပရိတ်သတ်နဲ့ Tang Feng၏ ပရိတ်သတ်က အဓိက စိတ်ဝင်စားနေတဲ့ နှလုံးသားရေးရာ ခံစားချက်ကို လုံးဝ ကျော်မသွားပေ။

 " မင်းက အိပ်မက်ချစ်သူ ရှိုးပွဲအပြီးမှာ ကောင်လေးတချို့နဲ့ ညစာသွားစားတယ်လို့ သိရတယ်။ Tang Feng ... ချားလ်နဲ့ပတ်သတ်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ငါတို့ကိုပြောပြပေးပါဦး။   မင်း သူ့ကို ဘယ်လိုထင်သလဲ။ ငါ သူ့ နာမည်ကို မှားပြီး မပြောမိဘူးလား မဟုတ်လား"  

"မင်းသာ ချားလ်စ်နာမည်ကို  မှားယွင်း မှတ်မိမယ် ဆိုရင် သူ သေချာပေါက် ဒေါသထွက်လိမ့်မယ်။ "


 Tang Fengက ရယ်ပြီးတစ်ချိန်တည်းမှာပဲ ချန်မင်ရွှိကိုမျက်လုံးပြူးကြည့်ရင်း အချက်ပြလိုက်သည်။ သူက Charles နဲ့ ပတ်သတ်သည့် မေးခွန်းကို စင်ပေါ်မှာ တကယ်ကြီးမေးခဲ့တာပဲ။ ချန်မင်ရွှိက Charles အကြောင်းကို မသိဘူးဆိုတာ ထင်ရှားတယ်။. Charlesက အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) က လိုက်ဖမ်းနေတဲ့အချိန်ဖြစ်လို့ အခုလို Charles အကြောင်းမေးလိုက်တာက လူအာရုံစိုက်စရာဖြစ်နိုင်သည်။

 
"ချားလ်စ်ဆိုတာ ဘယ်လိုလူမျိုးလဲ။ ငါ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေက အိပ်မက်ချစ်သူ အစီစဉ်နဲ့ပတ်သတ်ပြီး သူ့အကြောင်း အတော်လေး ပြောကြတာကို ကြားဖူးတယ်..."


အခုအင်တာဗျူးရှိုးပွဲကိုကြည့်ကြသည့် မိန်းကလေး အတော်တော်များများက ချားလ်စ်ကို သဘောကျ တယ်။ ချားလ်စ်က အိပ်မက်ချစ်သူ အစီစဉ်နဲ့ မိန်းကလေးတွေအတွက် စိတ်ကူးယဉ် မင်းသား တစ်ပါးဖြစ်သွားခဲ့တယ်။"

 "ဒီလေသံကို နားထောင်ရတာ Charles  နဲ့ပတ်သတ်ပြီး မင်းမှာ ကိုယ်ပိုင်စိတ်ကူးရှိတယ် ထင်တယ်"

ချန်မင်ရွှိက ရယ်ပြီးပြောလိုက်သည်။

 "ရှိတာပေါ့..."

 " ဒါဆို မင်းသိထားတဲ့  Charles အကြောင်း ငါ့ကို ပြောပြပါလား"

Tang Feng ကမေးလိုက်တယ်။ ဆန့်ကျင်ဘက် လူတစ်ယောက်ရဲ့ Charles  နဲ့ပတ်သတ်တဲ့ အမြင်ကို သူ သိချင်သေးသည်။

ချန်မင်ရွှိကဒီအကြောင်းကိုစဉ်းစားပြီးပြောလိုက်သည်။

" ငါ့ရဲ့အလုပ်ကြောင့် ငါက မတူညီတဲ့လူတွေနဲ့ တွေ့ဆုံရတယ်။ ဒါကြောင့် Charles  နဲ့ပတ်သတ်ပြီး အတော်များများကို ငါ ကြားခဲ့ရတယ်။  ဒီကမ္ဘာပေါ်မှာ ချားလ်စ်လို ချမ်းသာတဲ့သူတွေ အများကြီး မရှိဘူး။ သူက နှစ်လိုဖွယ်ကောင်းပြိး  မာနထောင်လွှားတယ်။ Charles က သူ့ဘဝမှာ တချို့အရာကို ထိန်းချုပ်သင့်တယ်လို့ ထင်တယ်တဲ့"  

" မင်းကို ငါ ဆုချသင့်လား"

Tang Feng၏ စကားကြောင့် ရှိုှုးကိုကြည့်နေသည့် ပရိတ်သတ်တွေက ရယ်မောလိုက်ကြသည်။

 
"ငါပြောတာ မှန်တယ်လို့  ထင်လား"

ချန်မင်ရွှိဟာဂုဏ်ယူစွာမေးလိုက်တယ်။ Tang Feng က ပွဲကြည့်စင်ဘက်က ပရိသတ်ကိုကြည့်ပြီး ပြောလိုက်သည်။

" ငါ ဘာမှ ထင်မြင်ချက် မပေးနိုင်ပါဘူး"

 ပွဲကြည့်စင်က ပရိတ်သတ်တွေက ရယ်မောလိုက်ကြသည်။ ဒီဟာက ချန်မင်ရွှိ ခန့်မှန်းလိုက်တဲ့   Charles အကြောင်းက မှန်တယ်လို့ မဆိုလိုဘူး မဟုတ်လား။

 " ဟားဟား၊ ငါ ဘာမှမပြောတော့ဘူး။ မင်းကို ငါက မတော်တဆထောင်ချောက်ထဲဆွဲသွင်းလိုက်မိပြီ"
 
Tang Fengက ရယ်ရယ်မောမောနဲ့ ပြောလိုက်သည်။

ချန်မင်ရွှိက Tang Fengကို ဒေါသတကြီးပုံနှင့် ဟန်ဆောင်ကာေ မးလိုက်သည်။

 " မင်း..သူနဲ့ အခုထိ အဆက်အသွယ်ရှိနေသေးလား"  

 Tang Feng က အစီစဉ်မှုးရဲ့မေးခွန်းကိုတိုက်ရိုက် အဖြေမပေးခဲ့ပေမယ့် အောက်က ပရိသတ်ကိုကြည့်က မေးလိုက်သည်။

 "မင်းတို့ကော သိချင်လား?"

 " မင်းကော သူ့ကို လွမ်းနေသေးလား။ "

ပရိတ်သတ်က စိတ်လှုပ်ရှားစွာအော်ပြီးမေးခဲ့ကြတော့ Tang Fengက ရယ်ရင်းပြောလိုက်သည်။


"မင်းတို့က တကယ်ဆိုးတာပဲ။"

 Tang Fengရဲ့ စကားကြောင့် ပရိတ်သတ်ထဲမက ယောက်ျားနှင့်မိန်းမတွေရဲ့စိတ်လှုပ်ရှားတဲ့ အော်သံတွေကို ကြားလိုက်ရသည်။

အခြားသရုပ်ဆောင်များနှင့်နှိုင်းယှဉ်ပါက Tang Feng ၏စတိုင်သည် အောက်ပွဲကြည့်စင်မှ ပရိသတ်နှင့် အပြန်အလှန် ဆက်သွယ် စကားပြောခြင်းရှိပြီး ပရိတ်သတ်အာရုံကို ဆွဲယူနိုင်လို့ အချိန်ကြာပေမယ့် ပရိတ်သတ်ကို မငြီးငွေ့စေဘူး။

 စတူဒီယိုထဲရှိလေထုသည် သက်တောင့်သက်သာရှိပြီး ရွှင်လန်းမှုအမြဲဖြစ်စေသောကြောင့် ရှည်လျားသော အင်တာဗျူးခန်းတွေကို ကြည့်ရပေမယ့် ေအောက်က ပရိသတ်တွေက သူတို့အရမ်းပင်ပန်းတယ်လို့ မခံစားရဘူး။

"ငါ မင်းတို့ကို မပြောပြဘူး"

"အား...မလုပ်ပါနဲ့..."

"ပြောပါ...ပြောပါ..."

"အဆက်သွယ်ရှိပါတယ်....ဆက်သွယ်တယ်လို့ပြောပါဗျို့....  ."

 
ပရိတ်သတ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက် ကြသည်။ ချန်မင်ရွှိလည်း ပရိတ်သတ်ရဲ့လေသံကို နင်းပြီးဆက်ပြောလိုက်သည်။

  " သူတို့ဟာ မင်းနဲ့ Charles နဲ့ အဆက်အသွယ် ရှိနေသေး တယ်လို့ပြောကြတယ်...ဟုတ်သလား? မင်းတို့ ဘယ်အချိန်က နောက်ဆုံးဆက်သွယ် ခဲ့ကြတာလဲ..."

 (အင်တာပိုက ချားလ်ကို လိုက်ဖမ်းနေပါတယ်ဆိုမှ အင်တာဗျူးက တမျိုး။ BBC က ဒေါ်ရီရီအောင်လို  တော်လှန်ရေးသမားလူငယ်တစ်ယောက်ကို ယမ်းဘယ်က ရသလဲ။ လက်လုပ်ဗုံး ဘယ်လိုလုပ်သလဲ။ ဘယ်လို သယ်သလဲ။ လက်နက်ကို ဘယ်က သွင်းသလဲ ဆိုတဲ့မေးခွန်းမေးတာထက် ဆိုးနေပြီ)

Tang Feng ဟာ Charles နဲ့ သူ ဆက်သွယ်နေတယ်လို့ ဘယ်သူ့ကိုမှ မထင်စေချင်ဘူး။

"ငါတို့ နောက်ဆုံး ဘယ်အချိန်က ဆက်သွယ်ခဲ့မှန်း မမှိတ်မိတော့ဘူး"

ချန်မင်ရွှိလည်း သဘောပေါက်စွာဖြင့် ထိုအကြောင်းရာ နဲ့ ပတ်သတ်တာကို နိဂုံးချုပ်လိုက်သည်။

လိမ္မာပါးနပ်သော အစီစဉ်မှုးသည် ချားလ်စ်ကိစ္စကို အချိန်များစွာ ထပ်မဖြူန်းပဲ  ပစ်မှတ်ကို လျင်မြန်စွာေ ပြောင်းလဲ ပစ်လိုက်သည်။

"မင်းကိုဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့အကောင်းဆုံးသရုပ်ဆောင်မင်းသားလို့ ခေါ်ကြတယ်ဆိုတာ ငါတို့အားလုံး သိတယ်။ မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်။ ဒါပေမယ့် မင်း နောင်မှာ တစ်စုံတစ်ယေက်ကို တွေ့ခဲ့ရင် သူ့ကြောင့် မင်းရဲ့  သရုပ်ဆောင်အလုပ်ကိုစွန့်လွှတ် မလား "

" ငါ့ကိုချစ်နေတဲ့လူက  ငါ့အကြိုက်ဆုံး အလုပ်ကို စွန့်ခွာဖို့ ဘာကြောင့် တောင်းဆိုမယ်ဆိုတာ ငါ နားမလည်တော့ဘူး။  လူနှစ် ဦးက တကယ်ချစ်တယ် ဆိုရင် တစ်ယောက်ကို တစ်ယောက် ဖေးမကူညီ သင့်တယ်မဟုတ်လား။   ချစ်ခြင်းမေတ္တာ ဆိုတာ တကယ်တော့ အရေးကြီးပါတယ်။ ဒါပေမယ့် ငါဟာ မင်းကိုနေ့တိုင်း ချစ်တယ်လို့ပြောနေရုံနဲ့ ဘ ၀ ကို ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် အဲ့ဒီလူက စိတ်ကူးယဉ်တာထက်ကို ကျော်လွန်သွားပြီ၊ ဒါမှမဟုတ် သူက လုံးဝမဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ပုံပြင်ထဲမှာ နစ်နေတာပဲဖြစ်မယ်။  "


Tang Fengကတော့ ချစ်ပါတယ်ဆိုတဲ့ တဖက်လူရဲ့ ဘဝတက်လမ်းကို ပိတ်ဆို့တာကို လုံးဝ လက်မခံပေ။ အရင်ဘဝက ဖီးနစ်ထျန်းဘဝမှာ သူက မွေးကင်းစလေးနဲ့ မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခံခဲ့ရပြီးနောက် မွေးစားခံခဲ့ရတယ်။ အနုပညာလောကထဲမှာ အောက်ခြေကစပြီး သူ့ဖာသာပဲ ရုန်းကန်ပြီး အစစ်အမှန် ကြိုးစားခဲ့ရတာချည်းပဲ။ ထိပ်ထိ ရောက်အောင် ကြိုးစားလာနိုင်တဲ့အခါမှ မင်းရဲ့ အရည်ချင်းကို မြတ်နိုးလို့ပါဆိုတဲ့ အချစ်တွေကို မကုန်နိုင် မဆုံးနိုင်အောင် သူတွေ့ခဲ့တာ မဟုတ်လား။ တကယ်လို့ ကိုယ်ကသာ ဘာကောင်မှ မဟုတ်ပဲ အောက်ခြေမှာပဲ ရှိနေခဲ့ရင် ကိုယ့်အရည်ချင်းကို ချစ်လို့ပါဆိုတဲ့လူတွေက ပေါ်မလာနိုင်တော့ဘူးလေ။ ဒါကြောင့် အချစ်က အချစ်၊ ဝါသနာနဲ့ အသက်မွေးမှု က သတ်သတ်ဖြစ်သည်ဟု Tang Feng ယူဆသည်။


 

လတစ်ဝက်ကြာပြီးနောက် ထိုအင်တာဗျူးထားတာကို  စီစဉ်ထားသည့်အတိုင်းထုတ်လွှင့်ခဲ့သည်။

ရုံးထဲမှာထိုင်ပြီး မျက်နှာထား လေးနက်သော ရဲအရာရှိ တစ် ဦး သည် ကွန်ပျူတာပေါ်တွင် မှတ်တမ်းတင် ထားသော အစီအစဉ်ကိုသေချာစွာ ကြည့်ခဲ့သည်။

ချန်မင်ရွှိနဲ့ Tang Fengတို့ အပေးအယူမျှစွာ မေးမြန်းနေကြသည်။ ယခုအချိန်တွင် ချန်မင်ရွှိသည် Tang Feng နှင့် Charles တို့နှင့် သက်ဆိုင်သော မေးခွန်းများကို မေးမြန်းခဲ့သည်။

"ခင်ဗျားတို့နဲ့ချားလ်စ်တို့ဟာ အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလား? "

ချန်မင်ရွှိက မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ မေးခွန်း ကို မေးခဲ့တယ်။

"ငါတို့က သူငယ်ချင်းကောင်းတွေပါ"

 "အိုး၊ ငါ သိပါတယ်ကွ၊ "

"ဟား...ဟား....မင်း ဘာသိတာလဲ"

Tang Feng ကို ချန်မင်ရွှိကို ခပ်မြူးမြူး ပြုံးပြခဲ့သည်။

"လူတွေက သူငယ်ချင်းကောင်းဆိုတဲ့ စကားကို ကြားရင် ဘာဆိုတာ နားလည်တယ်လေကွာ...."

ချန်မင်ရွှိက ပြောလိုက်လို့Tang Feng ရယ်ရယ်မောမောနှင့်ပြောလိုက်သည်။

 
"လူတိုင်းနားလည်တယ်ဟုတ်လား။ ဟေ့ ချန်မင်ရွှိ..... မင်း လူတွေ အထင်လွဲအောင် မလုပ်စမ်းပါနဲ့ကွာ..."


 
 အိုင်ဗင်သည် လက်တော့ပ်ကွန်ပျူတာကို ပိတ်လိုက် သည်။  သူ့မျက်နှာမှာ ဘာမှမပြောခဲ့သလို သူဘာတွေးနေလဲဆိုတာ မသိနိုင်ဘူး။

"ခေါင်းဆောင် ဒီကောင် Tang Feng က Charles ဘယ်မှာလဲဆိုတာကိုသေချာ သိလောက်တယ်။ ကျွန်တော်တို့ သူ့ကို ဖမ်းပြီး စစ်မေးရင် သိလောက်တယ် "

သူ့အနားက လက်ထောက်တစ်ယောက်က အိုင်ဗင်ရဲ့ မျက်နှာကို မရဲတရဲကြည့်ကာ ပြောလိုက် သည်။

 
"တိတ်တဆိတ် ဖမ်းစစ်မယ်ပေါ့? အစည်းဝေးမှာ ဘာပြောခဲ့တယ်ဆိုတာ မင်း မမှတ်မိဘူးလား၊ မင်း မေ့သွားပြီလား"

"ဒါ...မှတ်မိပါတယ်"

အိုင်ဗင်သည် သူ့လက်ထောက်ကို အထင်အမြင်သေး သည့်အကြည့် ဖြင့်ကြည့်ကာ ပြောလိုက်သည်။

  လက်ထောက်က သူ၏ ဦး ခေါင်းကို ငုံ့ လိုက်သည်။

ယခုကျင်းပခဲ့သော ဌာနချုပ်အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးက အိုင်ဗင်နှင့်သူ၏အဖွဲ့ ၀ င်များကိုပြစ်တင်ဝေဖန်ခဲ့သည်။ နောက်ဆုံးအချိန်၌ အိုင်ဗန်၏လုပ်ဆောင်ချစ်က မစ်ရှင်ကို ကျဆုံးစေ သည့်အပြင်  အင်အားကြီးမားသော အဲလ်ဘတ်၏ ထောက်ခံမှုကို ဆုံးရှုံးလုနီးပါဖြစ်ရုံ သာမက လူများကို  ဖျက်စီးနိုင်သည့် အဲလ်ဘတ်၏ဝံပုလွေလိုစိတ်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ပြီးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဥရောပတိုက်က အမှောင်အင်အားစုတွေက လှုပ်ရှားသွားကြပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း အာဏာလုတာ၊ နယ်မြေလုတာတွေ ထပ်ဖြစ်ပြန်သည်။
ဒီလှိုင်းလုံးကြီးဖြစ်အောင် လုပ်ခဲ့သူက တခြားလူ မဟုတ်ပေ။  ဗြိတိသျှအင်တာပိုလ်နဲ့ သွားညှိစွန်းခဲ့သည့် ချားလ်စ်ဖြစ်သည်။

"ချားလ်စ်က  မကြာသေးမီကမှ ဗြိတိသျှတော်ဝင်မိသားစုနဲ့ အရမ်း နီးစပ်နေခဲ့တယ်။ သူ့ကို ကျွန်တော်တို့ လွယ်လွယ်သွားထိလို့မရသေးဘူး "

 လက်ထောက်က အထွေထွေအတွင်းရေးမှူး ပြောခဲ့သည့် အရာကို ထပ်ခါတလဲလဲ ပြန်ပြောနေခဲ့သည်။

Charles က အလွန်အန္တရာယ်ကြီးသောသူဖြစ်ပြီး နှစ်ပေါင်းများစွာ သူတို့ကို ဖမ်းဖို့ကြိုးစားပေမယ့် အောင်မြင်သေးပေ။ Charles က နေက်တက်မယ့် ဥရောပတိုက် အမှောင်အင်အားစုကြီးတွေရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်သည့်ဟု သတင်းပြေးနေသည်။ ရူးနေတဲ့ ဝက်ဝံက အဲလ်ဘတ်ထက် အင်အား လုံးဝ မနည်းပေ။

 
အကယ်၍ ဤအချိန်ချားလ်စ်၏ ရုတ်တရက် ပြောင်းလဲမှု ဟုတ်ပါက အထွေထွေအတွင်းရေးမှူး သည် သူတို့ကို ယာယီအစည်းအဝေးတစ်ခု ခေါ်မည်မဟုတ်ပါ။

"ချားလ်စ်က အခု အမေရိကန်စစ်တပ်နဲ့ အရမ်း နီးကပ်တဲ့ ဆက်ဆံရေးရှိနေတယ်။ သူတို့က ပူးပေါင်းပြီး အင်္ဂလန်နဲ့ ပူးပေါင်းထားတဲ့  အမှောင်အင်အားစုဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ကြံနေတယ်။ သူတို့က အင်္ဂလန်နေရာကို အစားထိုးနေရာယူဖို့ကြံနေတယ်။ Charles က ရူးနေတဲ့ကောင်။ ငါ့လူ..မင်း အခုချိန်မှာ   Tang Feng ကို အသာထားလိုက်တာ ပိုကောင်းမယ်။ သူက ငါတို့မိသားစုကို တစ်စစီဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ မတွေးမိဘူးလား  "

သူ့ဘေးမှလက်ထောက်က အသက်ရှုအောင့်သွားပြီး  သူ၏မျက်နှာ၌ကြောက်ရွံ့မှုတစ်ခုပေါ်လာသည်။

"ခေါင်းဆောင်, အထွေထွေအတွင်းရေးမှူးက ချားလ်စ်နဲ့စကားပြောဖို့ပြောပေမယ့် ဘယ်သူမှ သူ့ကို ရှာမတွေ့ကြဘူး။"

"သူနဲ့မတွေ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အကြောင်းကို မင်းဘယ်လိုပြောမလဲ။ Charles နဲ့ Tang Feng တို့  ကွဲကွာနေတာ ဘယ်လောက် ကြာနေပြီလဲ။ "

အိုင်ဗန်မေးတယ်။

"သုံးလနီးပါးကြာပြီ။ ဒါက ချားလ်အတွက် နောက်ဆုံးလစ်မစ်ပဲ။ ဒီထက် ကြာအောင် သူက ဘယ်လိုမှ အောင့်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့က
ဗြိတိသျှအစိုးရနှင့်ချိတ်ဆက်ခဲ့ပြီး သူ ပေါ်လာမယ့် အချိန်ကို စောင့်နေရင် သူ့ကို သေချာရှာဖွေတွေ့နိုင် လိမ့်မယ်။ ပြီးတော့ သူက  Tang Fengကို သေချာပေါက်လာတွေ့မှာဆိုတော့ ကျွန်တော်တို့က Tang Feng ကိုစောင့်ကြည့်နေသမျှ ကာလပတ်လုံး သူ့ကို ကျိန်းသေရှာနိုင်လောက်တယ်။"

 အိုင်ဗန်၏ မျက်လုံးအရောင်မှိန်သွားပြီး မေးလိုက်သည်။

" အခု Tang Feng ဘယ်မှာလဲ သိလား။ "

"သူက  တရုတ်နိုင်ငံ S မြို့မှာ ရှိပါတယ်။ သူ ပါဝင်ရိုက်ကူးတဲ့ Satan's alley ဇာတ်ကား အပိတ်ခံ ရလို့ သူက လောလောဆယ် ရုပ်ရှင်ရိုက်လို့ မရသေးဘူး။  မကြာသေးမီကပဲ ရှိုးတစ်ခုမှာ ပါဝင်ခဲ့တယ်။ သဘက်ခါ ညနေမှာ ပရဟိတရန်ပုံငွေပွဲကိုတက်ဖို့ ထွက်လာ လိမ့်မယ်"

Tang Feng ကို သေချာလိုက်စုံစမ်းနေသည့် လက်ထောက်က ချက်ချင်းဖြေခဲ့သည်။

 

"ဒီနေ့ နေ့လည်ခင်း တရုတ်ကို သွားကြစို့။"

 အသက်ပြင်းပြင်းရှူလိုက်ပြီး အိုင်ဗန် မတ်တပ်ရပ်ပြီး အမိန့်ပေးလိုက်သည်။

" မင်း အချိန် မရွေ့နဲ့တော့၊ ငါ သူ့ကို သွားတွေ့လိုက်တော့မယ် "

"ဒါပေမယ့် ကျွန်တော်တို့က သူ့ကိုနောက်ဆုံးအကြိမ်က လိမ်ခဲ့တယ်။ သူက ကျွန်တော်တို့ကို ဒီအချိန်မှာ ယုံမှာလား။ "

ဒီလက်ထောက်ကအရမ်းစိုးရိမ်ခဲ့တယ်။

"သူကအမြဲတမ်းလူကောင်းတစ်ယောက်ဖြစ်ပေမယ့် ဒီလို အငြိုးအတေးထားတတ်သူ မဟုတ်ပါဘူး"

 "ကျွန်တော်တို့က သူ့ကို ပထမ တခါ လှည့်စားခံခဲ့ရပြီး ဒုတိယအကြိမ် ယုံကြည်ခဲ့တယ်ဆိုပါစို့။ ဒုတိယအကြိမ် ထပ်မံလှည့်စားခံလိုက်ရရင် နောင်အနာဂတ်မှာ ကျွန်တော်တို့ သူနဲ့ ဆက်သွယ်ပြောဆိုတာ မလုပ်နိုင်တော့မှာ ကိုကြောက်နေမိတယ်။"

"သူ လုပ်ပါလိမ့်မယ်။"


**********-***

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now