(V 3+V4) ကောင်းကင်ယံထက်က ငွေက...

By MayKingMK119

348K 48.8K 1.6K

(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... More

True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အက်ဥ္း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မေကာင္းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
ေျမေအာက္ေလာက ဘုရင္ Albert / မြေအောက်လောက ဘုရင် Albert
Chapter (15) - Trap Down (ေထာင္ေခ်ာက္)
Chapter (16) - ေလာင္းကစားႏွင့္ ဝွက္ဖဲ
Tang Feng ရဲ႕ အခ်စ္ကို ဘယ္သူ ရမလဲ..
Chapter (17) - ေရြးခ်ယ္ျခင္း - 1
Chapter (18) သီးသန႔္ကြၽန္း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကြယ္ထားသည့္ ခံစားခ်က္ အဟုန္မ်ား
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - ေလလံပြဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကြ်န္ ေလလံပြဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးေလလံပြဲ(Z+U)
Volume III_ Chapter (24) - Gino လြတ္ေျမာက္ျခင္း (Z+U)
Volume III_ Chapter (25) - သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ (Z+U)
Volume - 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက္ေသာ Albert
Chapter (28) - မေကာင္းဆိုးဝါး လူသတ္သမား ေရာက္ရွိလာျခင္း
Chapter (30) - Dr. Harvey ဆီက ဝန္ခံစကား (Z+U)
True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္
Chapter (32) - ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုေပးပြဲအခမ္းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ္ဆို႔ျခင္း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ္ကိုယ္ မိတ္ဆက္ျခင္း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4 - Chapter (7) : ပန်းချီပြခန်း
Vol 4- Chapter (8): -I love you
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု

Chapter (29) - Lu Tian Chen ကိုယ္တိုင္ လာေရာက္ကယ္တင္ျခင္း (Z+U)

3.6K 683 35
By MayKingMK119

Chapter (29) - Lu Tian Chen ကိုယ္တိုင္ လာေရာက္ကယ္တင္ျခင္း (Z+U)

Little Devil ႏွင့္ စက္ခ်ဳပ္သမားက Tang Feng ကိုဆြဲေခၚကာ Hotel ေအာက္ကိုဆင္းလာေတာ့ အသင့္ေစာင့္ေနေသာကားထဲကို ဝင္လိုက္သည္။ Albert ၏လူမ်ားက သူတို႔ေနာက္ကို လိုက္လံဖမ္းဆီးျခင္းမရွိေပ။

"မင္း ေၾကာက္သြားလား.. Albert က လိုက္မဖမ္းဘူးလို႔ စကားေကာင္းေျပာလိုက္ေပမယ့္ မင္းထြက္ေျပးဖို႔မႀကိဳးစားတာ ပိုေကာင္းမယ္.. မဟုတ္ရင္ မင္းကို ငါ သတ္မိလိမ့္မယ္.."

ကားထဲထိုင္မိေတာ့ Little Devil က ေျပာလိုက္ေပမယ့္ Tang Feng က သူ႔ကိုလ်စ္လွ်ဴ႐ႈကာ သူ႔တစ္ဖက္ေဘးမွာထိုင္ေနေသာ စက္ခ်ဳပ္သမားအိုဘက္လွည့္ကာ မ်က္ႏွာကို လက္ႏွင့္ထိကာ ေျပာလိုက္သည္။

"တကယ့္မ်က္ႏွာအစစ္အတိုင္းပဲ.."

"ေဟး.. မင္းကို ငါ စကားေျပာေနတယ္ေလ.."

Little Devil က Tang Feng ကို သူ႔ဘက္ဆြဲလွည့္မည္အျပဳ Tang Feng ေဘးကစက္ခ်ဳပ္ဆရာက ပိုျမန္သည္။ ထိုလူက Little Devil ၏လက္ကို တားကာ ေျပာလိုက္သည္။

"Little Devil.. ေတာ္ၿပီ.. လြန္မလာနဲ႔.."

ထိုလူက သူ႔ေခါင္းေနာက္ကို လက္ျဖင့္အသာအယာတြန္းကာ မ်က္ႏွာဖံုးတစ္ခုကို ဆြဲခၽြတ္လိုက္သည္။

"အေစာႀကီးကတည္းက ေပၚသြားၿပီပဲ.. ပ်င္းစရာေကာင္းလိုက္တာ.."

"Lu Tian Chen.. ခင္ဗ်ားက ဒီလို႐ုပ္ဖ်က္တာလည္း လုပ္တတ္ေသးတာကိုး.. ခင္ဗ်ား ဒီလူကို ဘယ္ေလာက္ေတာင္ သေဘာက်လို႔ ကိုယ္တိုင္ဝင္ပါရတာလဲ.."

"မစ္ရွင္ၿပီးၿပီ.. Little Devil.. မင္း ပါးစပ္ပိတ္ထားေတာ့.."

Lu Tian Chen က မ်က္ႏွာဖံုးကိုခၽြတ္လိုက္ေတာ့ ပင္ကိုေခ်ာေမာေသာ မ်က္ႏွာက Tang Feng ေရွ႕မွာ ေပၚလာခဲ့သည္။ သူက ၿပံဳးကာ ညင္သာစြာေျပာခဲ့သည္။

"အားလံုး အဆင္ေျပသြားပါၿပီ.."

Lu Tian Chen က ေဆးေသတၱာကိုလွမ္းယူကာ Tang Feng ၏လက္ေကာက္ဝတ္မွ ဓားရွရာကို ပလာစတာျဖင့္ ကပ္ေပးလိုက္သည္။

"ေကာင္းၿပီ.. ငါက ဒီေလာက္ႀကီး ျပင္းျပင္းထန္ထန္လုပ္ဖို႔ မရည္ရြယ္ပါဘူး.. ငါက မင္းလို သ႐ုပ္ေဆာင္တစ္ေယာက္မဟုတ္ေတာ့ မထိန္းလိုက္ႏိုင္ဘူး.. ဒါေပမယ့္ မင္းလက္ကိုေတာ့ ငါ မျဖတ္လိုက္မိဘူးမဟုတ္လား.."

Little Devil က ကူကယ္ရာမဲ့ဟန္ျဖင့္ ေျပာလိုက္သည္။

"သူ႔ကိုလ်စ္လွ်ဴ႐ႈထားလိုက္.."

Lu Tian Chen က Tang Feng ကို သူ႔ေဘးတစ္ဖက္ကို ေျပာင္းထုိင္ေစၿပီး Little Devil ႏွင့္ေဝးေအာင္ ေရႊ႕ေပးလိုက္သည္။ Little Devil လိုလူက ခုေနမွာ ခင္မင္စြာစကားေျပာေနေပမယ့္ ခဏေနရင္ ကိုယ့္ကိုသတ္လာႏိုင္ေသာ အႏၱရာယ္ရွိေသာသူျဖစ္သည္။

Little Devil ႏွင့္ ႏွစ္ေပါင္းမ်ားစြာသိလာေသာ Lu Tian Chen က သူ႔အေၾကာင္းကို အသိဆံုးျဖစ္သည္။ Little Devil ဆိုသည့္ေကာင္က သူ႔ကိုငွားထားေသာ ေဖာက္သည္၏စကားကိုသာ နားေထာင္သူျဖစ္သည္။ တစ္ခုခုမွားသြားရင္ အနည္းဆံုး သူ Tang Feng ကို ကာကြယ္ႏိုင္ေအာင္ ခုလိုလုပ္ရျခင္းျဖစ္သည္။

"ငါ မင္းကို ဒဏ္ရာရေအာင္ လုပ္ခဲ့မိတယ္.."

Lu Tian Chen က Tang Feng လည္ပင္းက ေပႀကိဳးေပ်ာ့ေၾကာင့္ျဖစ္လာသည့္ နီရဲေနေသာ ႀကိဳးအရာကိုထိကာ ေျပာလိုက္သည္။ သူက ဒီေလာက္ထိလုပ္ဖို႔ မရည္ရြယ္ေပမယ့္ အားျပင္းသြားၿပီး ျဖဴေဖြးေသာလည္ပင္းမွာ အရာႀကီးထင္သြားခဲ့သည္။

"ဘာမွမျဖစ္ပါဘူး.. ခဏေနေပ်ာက္သြားမွာပါ.."

Tang Feng က ေခါင္းယမ္းကာ ေျဖလိုက္သည္။

"သူက ေယာက္်ားႀကီးပါ.. ေကာင္မေလးလည္းမဟုတ္ဘဲနဲ႔ ဒီေလာက္ အျဖစ္မသည္းစမ္းပါနဲ႔.. ၿပီးေတာ့ ငါက သူ႔လက္ကိုျဖတ္လိုက္တာမွ မဟုတ္ဘဲ.. အေရျပားကို ရွပ္လွီးလိုက္႐ံုပါ.."

Tang Feng က ခါးသီးစြာၿပံဳးကာ Lu Tian Chen ကို စိတ္႐ႈပ္စြာၾကည့္ကာ ဘာေျပာရမွန္းမသိ ျဖစ္ေနသည္။ အခုက မထင္ထားသည့္အခ်ိန္မွာ Lu Tian Chen ေပၚလာျခင္းျဖစ္သည္။ Tang Feng ဘာမွမေျပာတာေတြ႕ေတာ့ Lu Tian Chen က သူ႔ကိုဖက္ကာ ေက်ာေလးကိုပုတ္ၿပီး ေျပာလိုက္သည္။

"ကၽြန္ေတာ္ အဆင္ေျပပါတယ္.."

Tang Feng က Lu Tian Chen ကိုျပန္ဖက္ကာ ေျပာလိုက္သည္။ Lu Tian Chen က သူ႔ကိုတကယ္စိတ္ပူလို႔ ကိုယ္တိုင္ Albert ေရွ႕ကိုအေရာက္လာၿပီး ကယ္တင္ေပးတာကို သိသည္။

"ေခါင္းမမာစမ္းပါနဲ႔.. မင္းက ခံႏိုင္ရည္ရွိတယ္၊ အရမ္းစြမ္းအားရွိတာ သိပါတယ္.. ဒါေပမယ့္ တခါတေလ အားနည္းတာကို ျပသလည္း ဘာမွမျဖစ္ပါဘူး.."

"ေကာင္းၿပီေလ.. ဒါဆို ကၽြန္ေတာ္ ခင္ဗ်ားကို မွီထားမယ္.."

"ကိုယ့္ပုခံုးကို ဝမ္းေျမာက္စြာ ငွားေပးမွာေပါ့.."

Lu Tian Chen ၏စိတ္ရင္းမွန္ကို သိေသာေၾကာင့္ Tang Feng က မျငင္းေတာ့ဘဲ ေျပာကာ Lu Tian Chen ကိုမွီရင္း မ်က္လံုးမွိတ္ကာ လိုက္လာခဲ့သည္။ Lu Tian Chen က ႏႈတ္ခမ္းဖ်ားႏွစ္ဖက္ ေကာ့တက္ေအာင္ၿပံဳးလိုက္စဥ္ Little Devil က မ်က္စိစပါးေမႊးစူးဟန္ျဖင့္ ကားအျပင္ကိုၾကည့္ကာ မၾကားတၾကား ေရရြတ္လိုက္သည္။

"ေစာက္ပိုေတြ.."

•••••••••••••••••••••

Tang Feng က Lu Tian Chen စီစဥ္ထားသည့္ Hotel ကိုေရာက္ေတာ့ ေရခ်ိဳးခဲ့ၿပီးျဖစ္ေပမယ့္ Hotel ေရခ်ိဳးခန္းထဲ ေရေႏြးျဖည့္ကာ ေရစိမ္ရင္း ဟာသဇာတ္လမ္းတစ္ခုကိုၾကည့္ကာ သေဘာက်စြာ ရယ္ေမာေနလိုက္သည္။ ေရခ်ိဳးရင္း TV ၾကည့္ရတာ သူအႏွစ္သက္ဆံုး ဝါသနာျဖစ္သည္။ ဒါက သူ႔အတြက္ အေကာင္းဆံုး အပမ္းေျဖနည္းလည္းျဖစ္သည္။

ေရခ်ိဳးခန္းကထြက္လာေတာ့ သူဝတ္လာသည့္ Albert ဝယ္ေပးေသာအဝတ္မ်ားအားလံုးကို Lu Tian Chen က လႊင့္ပစ္လိုက္ၿပီျဖစ္သည္။

"ဒါေတြက အေကာင္းႀကီးရွိေသးတယ္.. ခင္ဗ်ား ဘာေၾကာင့္ လႊင့္ပစ္လိုက္တာလဲ.."

"ငါ မင္းကို ပိုေကာင္းတာဝယ္ေပးႏိုင္တယ္.."

Lu Tian Chen က ဧည့္ခန္းမွာထိုင္ေနရင္း ေျပာလိုက္သည္။ သူက Tang Feng ေရခ်ိဳးေနစဥ္အတြင္း တဖဝါးမွမခြာခဲ့ေပ။ Tang Feng က သူႏွင့္မ်က္ႏွာခ်င္းဆိုင္ဆိုဖာမွာ ဝင္ထုိင္ကာ ေျပာလိုက္သည္။

"ကၽြန္ေတာ့္ဘာသာလည္း အဝတ္အစား ဝယ္ဝတ္ႏိုင္ပါတယ္ဗ်ာ.. အဝတ္ေကာင္းေတြကို လႊင့္မပစ္ဘူးဆိုတာ ပိုက္ဆံေခၽြတာတတ္တဲ့ အက်င့္ေကာင္းတစ္ခုပါ.."

ေကာင္းၿပီ.. Lu Tian Chen ေရ.. ခင္ဗ်ား.. ကၽြန္ေတာ့္ကို ခုလိုမၾကည့္လည္း ရတယ္.. ဟုတ္ၿပီလား.. ကၽြန္ေတာ္က Charles နဲ႔ Albert တို႔အႏိုင္က်င့္တာခံရေပမယ့္ ဘာမွမျဖစ္သြားပါဘူး..။ သူတို႔က ကၽြန္ေတာ့္အတြက္ OK ပါတယ္..။

"မင္း ကိုယ့္ေဘးမွာ ေကာင္းေကာင္းေလးေနၿပီး စကားေကာင္းေလး ေျပာလို႔မရဘူးလားကြာ.."

Lu Tian Chen က လက္ထဲကသတင္းစာကိုခ်ကာ ေျပာလိုက္သည္။

"ကၽြန္ေတာ္က ခင္ဗ်ားေဘးမွာေနခဲ့စဥ္က စကားေကာင္းမေျပာခဲ့ဖူးဘူးလား.."

Tang Feng က သူ႔ေရွ႕ကေရခြက္ကို ယူေသာက္ကာ ေရငတ္ေျပေအာင္လုပ္ၿပီး ဆက္ေျပာလိုက္သည္။

"ကၽြန္ေတာ့္ကို ကယ္ထုတ္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ Lu Tian Chen.. ခင္ဗ်ားက ကၽြန္ေတာ့္ကို နားလည္မႈအရွိဆံုးပဲ.. ခင္ဗ်ားေရွ႕မွာ ဘာမွလွ်ိဳ႕ဝွက္မထားဘဲ အကုန္ေျပာလို႔ရတယ္.."

"ဒါေပါ့.. မင္း အကုန္ေျပာလို႔ရတယ္.. မင္းရဲ့လွ်ိဳ႕ဝွက္ခ်က္တိုင္း ကိုယ္ေသခ်ာထိန္းသိမ္းေပးမွာေပါ့.."

Lu Tian Chen က Tang Feng ၏ေဘးတြင္ ဝင္ထိုင္ကာ ခါးကိုဆြဲဖက္ရင္း ေျပာလိုက္သည္။ ေနာက္ဆံုးစကားက သူႏွင့္ Lu Tian Chen ၾကားက ျပန္လည္ေမြးဖြားလာတယ္ဆိုတဲ့ ေမွာ္ဆန္ဆန္ျဖစ္ရပ္ကို ဆိုလိုျခင္းျဖစ္သည္။ ဒီလိုကိစၥရပ္ကို Lu Tian Chen က အလြယ္တကူလက္ခံကာ သူ႔ကိုယံုၾကည္စြာ လွ်ိဳ႕ဝွက္ေပးထားသည္။

"Albert လက္ကလြတ္ေတာ့ ကၽြန္ေတာ္က ဒီကိုထပ္ေရာက္လာတယ္.. ဒါေတြက ကၽြန္ေတာ့္အတြက္ ဘာမွထူးျခားမႈမရွိေစဘူး.. အစကေတာ့ ကၽြန္ေတာ္က ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ႀကိဳးစားေသးတယ္.. ဒါေပမယ့္ Charles က တကယ္မဆိုးဘူး.. ေျပာရမယ္ဆိုရင္ အေကာင္းဆံုးေတာင္ျဖစ္ေနလို႔ သူ႔ကိုလက္ခံလိုက္ဖို႔ ကၽြန္ေတာ့္အတြက္ ဘာမွမခဲယဥ္းခဲ့ဘူး.."

Tang Feng က ဆိုဖာေနာက္ကိုမွီကာ စိတ္ထဲရွိတာကို ပြင့္လင္းစြာေျပာလိုက္သည္။

"ေတာင္းပန္ပါတယ္.."

"အဲ့လိုမလုပ္ပါနဲ႔.. ကၽြန္ေတာ္ေျပာတာကို နားေထာင္ပါဦး.. တခါတေလ ကၽြန္ေတာ္ေတြးမိတာက Charles က ရယ္စရာေကာင္းၿပီး ဟာသဥာဏ္ရွိလို႔ သူ႔ကို အလြယ္တကူလက္ခံႏိုင္သလားေပါ့.. ဒါေပမယ့္ တင္းက်ပ္ၿပီး ေၾကာက္စရာေကာင္းတဲ့ Albert လိုလူနဲ႔ အတူရွိေတာ့လည္း ကၽြန္ေတာ္က စိတ္က်ဥ္းက်ပ္မႈမရွိဘဲ ေပ်ာ္ရႊင္ေနေသးတယ္.."

Tang Feng က Lu Tian Chen ဘက္ကိုလွည့္ကာ ၿပံဳးၿပီး ဆက္ေမးလိုက္သည္။

"ခင္ဗ်ား ကၽြန္ေတာ့္ကို စိတ္ပ်က္သြားၿပီလား.. ကၽြန္ေတာ္က တကယ္ေတာ့ ဒီလိုလူမ်ိဳးျဖစ္ေနတယ္.. ကၽြန္ေတာ္က ကံတရားအတိုင္းလက္ခံၿပီး ျဖစ္လာတဲ့ကိစၥတိုင္းကို လက္ခံတတ္တဲ့လူတစ္ေယာက္ပါ.."

"ကံတရားကို လက္ခံသည္ျဖစ္ေစ၊ ျငင္းဆန္သည္ျဖစ္ေစ.. အေျခအေနက အတူတူပါပဲ.. ကိုယ္က မင္းကို ခ်ီးက်ဴးစရာမလိုသလို ေဝဖန္ဖို႔လည္းမလိုဘူး.. ဒါေပမယ့္ မင္းကို ကိုယ္က ဘယ္ေတာ့မွ နာက်င္ေအာင္မလုပ္ဘူး.. မင္းကိုထိခိုက္ေစရင္ ကိုယ့္ရင္ေတြလည္း နာလာတယ္.."

Lu Tian Chen က Tang Feng လက္ကိုကိုင္ကာ သူ႔ရင္ဘတ္ေပၚတင္ရင္း ေျပာလိုက္သည္။

"ရင္နာဖို႔မလိုပါဘူးဗ်ာ.. ခင္ဗ်ားပဲျဖစ္ျဖစ္၊ Charles ပဲျဖစ္ျဖစ္ အကုန္လံုးက ကၽြန္ေတာ့္ကို ဘာမွမထိခိုက္ေစပါဘူး.. ေနာက္ဆံုး Albert လိုလူေတာင္ ကၽြန္ေတာ့္ကို ထိခိုက္ေအာင္မလုပ္ခဲ့ဘူး.. တကယ္ေတာ့ ကၽြန္ေတာ္ ကံေကာင္းပါတယ္.."

Tang Feng က ဒီစကားကို အတည္ေျပာေနျခင္းျဖစ္သည္။ တျခားလူသာဆိုလွ်င္ ခုလိုလူ၃ေယာက္ႏွင့္ အတူရွိေနဖို႔ ေပးဆပ္မႈမ်ားစြာ လုပ္ဖို႔လိုေပမယ့္ Tang Feng အတြက္ ဘာမွမလိုခဲ့ေပ။ Charles၊ Lu Tian Chen ႏွင့္ Albert တို႔က သူ႔ကိုအေလးထား႐ံုသာမက သူ႔ကိုပါခ်စ္ေနၾကေသးသည္။

"ဒါေပမယ့္ အခုအေျခအေနကို ကၽြန္ေတာ္မႀကိဳက္ဘူး.. ကၽြန္ေတာ္က ဘယ္ကိုပဲသြားသြား ေလွာင္ခ်ိဳင့္တစ္ခုကေန အျခားေလွာင္ခ်ိဳင့္ထဲ ခုန္ဝင္လိုက္ရသလို ခံစားရတယ္.. Lu Tian Chen.. ကၽြန္ေတာ္ဆိုလိုတာကို သေဘာေပါက္တယ္မလား.."

Tang Feng က သူ႔ကို အေကာင္းဆံုးနားလည္ေပးႏိုင္ေသာ Lu Tian Chen ကို ပြင့္လင္းစြာေျပာလိုက္သည္။

Albert ေျပာလိုက္သည့္စကားမ်ားအရ သူ႔ကိုထပ္ၿပီးေႏွာင့္ယွက္မည္မဟုတ္ေပ။ Charles ကေတာ့ သူ႔ကိုလွည့္စားၿပီး ကစားခ်င္႐ံုပဲရွိသည္။

"ကၽြန္ေတာ့္ကိုယ္ပိုင္ဘဝကို လိုခ်င္တယ္.. ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္မွာ ကၽြန္ေတာ္က လြတ္လပ္တဲ့လူတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ Tang Feng အေနနဲ႔ပဲ တက္ေရာက္ခ်င္တယ္.. ဒါေပမယ့္ ကၽြန္ေတာ္က ခင္ဗ်ားရဲ့ ဝန္ထမ္းျဖစ္ေနဆဲပါ.. စာခ်ဳပ္သက္တမ္း မျပည့္မခ်င္း ခင္ဗ်ား company ကေန ထြက္မသြားဘဲ အလုပ္ဆက္လုပ္ေနဦးမွာပါ.. ဒါေၾကာင့္ ခင္ဗ်ားရဲ့အေျဖက ဘယ္လိုလဲ.."

Tang Feng က Lu Tian Chen ကိုၿပံဳးကာ ေမးလိုက္သည္။ Lu Tian Chen က မ်က္လံုးအစံုကိုေမွးစင္းကာ ေျပာလုိက္သည္။

"မင္းက လြတ္လပ္တဲ့လူတစ္ေယာက္ ျဖစ္တာပါပဲ.. ကိုယ္ မင္းကို မပိတ္ပင္ပါဘူး.."

"ေက်းဇူးပါပဲ.."

Charles ႏွင့္ Albert ကို Tang Feng စိတ္မပူပါ။ သူတုိ႔ထဲက တစ္ေယာက္ထြက္သြားတယ္ဆိုတာနဲ႔ အေျခအေနကို ဟန္ခ်က္ညီေအာင္ သူထိန္းႏိုင္ေလၿပီ။

=======================

Chapter (29) - Lu Tian Chen ကိုယ်တိုင် လာရောက်ကယ်တင်ခြင်း (Z+U)

Little Devil နှင့် စက်ချုပ်သမားက Tang Feng ကိုဆွဲခေါ်ကာ Hotel အောက်ကိုဆင်းလာတော့ အသင့်စောင့်နေသောကားထဲကို ဝင်လိုက်သည်။ Albert ၏လူများက သူတို့နောက်ကို လိုက်လံဖမ်းဆီးခြင်းမရှိပေ။

"မင်း ကြောက်သွားလား.. Albert က လိုက်မဖမ်းဘူးလို့ စကားကောင်းပြောလိုက်ပေမယ့် မင်းထွက်ပြေးဖို့မကြိုးစားတာ ပိုကောင်းမယ်.. မဟုတ်ရင် မင်းကို ငါ သတ်မိလိမ့်မယ်.."

ကားထဲထိုင်မိတော့ Little Devil က ပြောလိုက်ပေမယ့် Tang Feng က သူ့ကိုလျစ်လျှူရှုကာ သူ့တစ်ဖက်ဘေးမှာထိုင်နေသော စက်ချုပ်သမားအိုဘက်လှည့်ကာ မျက်နှာကို လက်နှင့်ထိကာ ပြောလိုက်သည်။

"တကယ့်မျက်နှာအစစ်အတိုင်းပဲ.."

"ဟေး.. မင်းကို ငါ စကားပြောနေတယ်လေ.."

Little Devil က Tang Feng ကို သူ့ဘက်ဆွဲလှည့်မည်အပြု Tang Feng ဘေးကစက်ချုပ်ဆရာက ပိုမြန်သည်။ ထိုလူက Little Devil ၏လက်ကို တားကာ ပြောလိုက်သည်။

"Little Devil.. တော်ပြီ.. လွန်မလာနဲ့.."

ထိုလူက သူ့ခေါင်းနောက်ကို လက်ဖြင့်အသာအယာတွန်းကာ မျက်နှာဖုံးတစ်ခုကို ဆွဲချွတ်လိုက်သည်။

"အစောကြီးကတည်းက ပေါ်သွားပြီပဲ.. ပျင်းစရာကောင်းလိုက်တာ.."

"Lu Tian Chen.. ခင်ဗျားက ဒီလိုရုပ်ဖျက်တာလည်း လုပ်တတ်သေးတာကိုး.. ခင်ဗျား ဒီလူကို ဘယ်လောက်တောင် သဘောကျလို့ ကိုယ်တိုင်ဝင်ပါရတာလဲ.."

"မစ်ရှင်ပြီးပြီ.. Little Devil.. မင်း ပါးစပ်ပိတ်ထားတော့.."

Lu Tian Chen က မျက်နှာဖုံးကိုချွတ်လိုက်တော့ ပင်ကိုချောမောသော မျက်နှာက Tang Feng ရှေ့မှာ ပေါ်လာခဲ့သည်။ သူက ပြုံးကာ ညင်သာစွာပြောခဲ့သည်။

"အားလုံး အဆင်ပြေသွားပါပြီ.."

Lu Tian Chen က ဆေးသေတ္တာကိုလှမ်းယူကာ Tang Feng ၏လက်ကောက်ဝတ်မှ ဓားရှရာကို ပလာစတာဖြင့် ကပ်ပေးလိုက်သည်။

"ကောင်းပြီ.. ငါက ဒီလောက်ကြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ မရည်ရွယ်ပါဘူး.. ငါက မင်းလို သရုပ်ဆောင်တစ်ယောက်မဟုတ်တော့ မထိန်းလိုက်နိုင်ဘူး.. ဒါပေမယ့် မင်းလက်ကိုတော့ ငါ မဖြတ်လိုက်မိဘူးမဟုတ်လား.."

Little Devil က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။

"သူ့ကိုလျစ်လျှူရှုထားလိုက်.."

Lu Tian Chen က Tang Feng ကို သူ့ဘေးတစ်ဖက်ကို ပြောင်းထိုင်စေပြီး Little Devil နှင့်ဝေးအောင် ရွှေ့ပေးလိုက်သည်။ Little Devil လိုလူက ခုနေမှာ ခင်မင်စွာစကားပြောနေပေမယ့် ခဏနေရင် ကိုယ့်ကိုသတ်လာနိုင်သော အန္တရာယ်ရှိသောသူဖြစ်သည်။

Little Devil နှင့် နှစ်ပေါင်းများစွာသိလာသော Lu Tian Chen က သူ့အကြောင်းကို အသိဆုံးဖြစ်သည်။ Little Devil ဆိုသည့်ကောင်က သူ့ကိုငှားထားသော ဖောက်သည်၏စကားကိုသာ နားထောင်သူဖြစ်သည်။ တစ်ခုခုမှားသွားရင် အနည်းဆုံး သူ Tang Feng ကို ကာကွယ်နိုင်အောင် ခုလိုလုပ်ရခြင်းဖြစ်သည်။

"ငါ မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့မိတယ်.."

Lu Tian Chen က Tang Feng လည်ပင်းက ပေကြိုးပျော့ကြောင့်ဖြစ်လာသည့် နီရဲနေသော ကြိုးအရာကိုထိကာ ပြောလိုက်သည်။ သူက ဒီလောက်ထိလုပ်ဖို့ မရည်ရွယ်ပေမယ့် အားပြင်းသွားပြီး ဖြူဖွေးသောလည်ပင်းမှာ အရာကြီးထင်သွားခဲ့သည်။

"ဘာမှမဖြစ်ပါဘူး.. ခဏနေပျောက်သွားမှာပါ.."

Tang Feng က ခေါင်းယမ်းကာ ဖြေလိုက်သည်။

"သူက ယောက်ျားကြီးပါ.. ကောင်မလေးလည်းမဟုတ်ဘဲနဲ့ ဒီလောက် အဖြစ်မသည်းစမ်းပါနဲ့.. ပြီးတော့ ငါက သူ့လက်ကိုဖြတ်လိုက်တာမှ မဟုတ်ဘဲ.. အရေပြားကို ရှပ်လှီးလိုက်ရုံပါ.."

Tang Feng က ခါးသီးစွာပြုံးကာ Lu Tian Chen ကို စိတ်ရှုပ်စွာကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ အခုက မထင်ထားသည့်အချိန်မှာ Lu Tian Chen ပေါ်လာခြင်းဖြစ်သည်။ Tang Feng ဘာမှမပြောတာတွေ့တော့ Lu Tian Chen က သူ့ကိုဖက်ကာ ကျောလေးကိုပုတ်ပြီး ပြောလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်.."

Tang Feng က Lu Tian Chen ကိုပြန်ဖက်ကာ ပြောလိုက်သည်။ Lu Tian Chen က သူ့ကိုတကယ်စိတ်ပူလို့ ကိုယ်တိုင် Albert ရှေ့ကိုအရောက်လာပြီး ကယ်တင်ပေးတာကို သိသည်။

"ခေါင်းမမာစမ်းပါနဲ့.. မင်းက ခံနိုင်ရည်ရှိတယ်၊ အရမ်းစွမ်းအားရှိတာ သိပါတယ်.. ဒါပေမယ့် တခါတလေ အားနည်းတာကို ပြသလည်း ဘာမှမဖြစ်ပါဘူး.."

"ကောင်းပြီလေ.. ဒါဆို ကျွန်တော် ခင်ဗျားကို မှီထားမယ်.."

"ကိုယ့်ပုခုံးကို ဝမ်းမြောက်စွာ ငှားပေးမှာပေါ့.."

Lu Tian Chen ၏စိတ်ရင်းမှန်ကို သိသောကြောင့် Tang Feng က မငြင်းတော့ဘဲ ပြောကာ Lu Tian Chen ကိုမှီရင်း မျက်လုံးမှိတ်ကာ လိုက်လာခဲ့သည်။ Lu Tian Chen က နှုတ်ခမ်းဖျားနှစ်ဖက် ကော့တက်အောင်ပြုံးလိုက်စဉ် Little Devil က မျက်စိစပါးမွှေးစူးဟန်ဖြင့် ကားအပြင်ကိုကြည့်ကာ မကြားတကြား ရေရွတ်လိုက်သည်။

"စောက်ပိုတွေ.."

•••••••••••••••••••••

Tang Feng က Lu Tian Chen စီစဉ်ထားသည့် Hotel ကိုရောက်တော့ ရေချိုးခဲ့ပြီးဖြစ်ပေမယ့် Hotel ရေချိုးခန်းထဲ ရေနွေးဖြည့်ကာ ရေစိမ်ရင်း ဟာသဇာတ်လမ်းတစ်ခုကိုကြည့်ကာ သဘောကျစွာ ရယ်မောနေလိုက်သည်။ ရေချိုးရင်း TV ကြည့်ရတာ သူအနှစ်သက်ဆုံး ဝါသနာဖြစ်သည်။ ဒါက သူ့အတွက် အကောင်းဆုံး အပမ်းဖြေနည်းလည်းဖြစ်သည်။

ရေချိုးခန်းကထွက်လာတော့ သူဝတ်လာသည့် Albert ဝယ်ပေးသောအဝတ်များအားလုံးကို Lu Tian Chen က လွှင့်ပစ်လိုက်ပြီဖြစ်သည်။

"ဒါတွေက အကောင်းကြီးရှိသေးတယ်.. ခင်ဗျား ဘာကြောင့် လွှင့်ပစ်လိုက်တာလဲ.."

"ငါ မင်းကို ပိုကောင်းတာဝယ်ပေးနိုင်တယ်.."

Lu Tian Chen က ဧည့်ခန်းမှာထိုင်နေရင်း ပြောလိုက်သည်။ သူက Tang Feng ရေချိုးနေစဉ်အတွင်း တဖဝါးမှမခွာခဲ့ပေ။ Tang Feng က သူနှင့်မျက်နှာချင်းဆိုင်ဆိုဖာမှာ ဝင်ထိုင်ကာ ပြောလိုက်သည်။

"ကျွန်တော့်ဘာသာလည်း အဝတ်အစား ဝယ်ဝတ်နိုင်ပါတယ်ဗျာ.. အဝတ်ကောင်းတွေကို လွှင့်မပစ်ဘူးဆိုတာ ပိုက်ဆံချွေတာတတ်တဲ့ အကျင့်ကောင်းတစ်ခုပါ.."

ကောင်းပြီ.. Lu Tian Chen ရေ.. ခင်ဗျား.. ကျွန်တော့်ကို ခုလိုမကြည့်လည်း ရတယ်.. ဟုတ်ပြီလား.. ကျွန်တော်က Charles နဲ့ Albert တို့အနိုင်ကျင့်တာခံရပေမယ့် ဘာမှမဖြစ်သွားပါဘူး..။ သူတို့က ကျွန်တော့်အတွက် OK ပါတယ်..။

"မင်း ကိုယ့်ဘေးမှာ ကောင်းကောင်းလေးနေပြီး စကားကောင်းလေး ပြောလို့မရဘူးလားကွာ.."

Lu Tian Chen က လက်ထဲကသတင်းစာကိုချကာ ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားဘေးမှာနေခဲ့စဉ်က စကားကောင်းမပြောခဲ့ဖူးဘူးလား.."

Tang Feng က သူ့ရှေ့ကရေခွက်ကို ယူသောက်ကာ ရေငတ်ပြေအောင်လုပ်ပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော့်ကို ကယ်ထုတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် Lu Tian Chen.. ခင်ဗျားက ကျွန်တော့်ကို နားလည်မှုအရှိဆုံးပဲ.. ခင်ဗျားရှေ့မှာ ဘာမှလျှို့ဝှက်မထားဘဲ အကုန်ပြောလို့ရတယ်.."

"ဒါပေါ့.. မင်း အကုန်ပြောလို့ရတယ်.. မင်းရဲ့လျှို့ဝှက်ချက်တိုင်း ကိုယ်သေချာထိန်းသိမ်းပေးမှာပေါ့.."

Lu Tian Chen က Tang Feng ၏ဘေးတွင် ဝင်ထိုင်ကာ ခါးကိုဆွဲဖက်ရင်း ပြောလိုက်သည်။ နောက်ဆုံးစကားက သူနှင့် Lu Tian Chen ကြားက ပြန်လည်မွေးဖွားလာတယ်ဆိုတဲ့ မှော်ဆန်ဆန်ဖြစ်ရပ်ကို ဆိုလိုခြင်းဖြစ်သည်။ ဒီလိုကိစ္စရပ်ကို Lu Tian Chen က အလွယ်တကူလက်ခံကာ သူ့ကိုယုံကြည်စွာ လျှို့ဝှက်ပေးထားသည်။

"Albert လက်ကလွတ်တော့ ကျွန်တော်က ဒီကိုထပ်ရောက်လာတယ်.. ဒါတွေက ကျွန်တော့်အတွက် ဘာမှထူးခြားမှုမရှိစေဘူး.. အစကတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးစားသေးတယ်.. ဒါပေမယ့် Charles က တကယ်မဆိုးဘူး.. ပြောရမယ်ဆိုရင် အကောင်းဆုံးတောင်ဖြစ်နေလို့ သူ့ကိုလက်ခံလိုက်ဖို့ ကျွန်တော့်အတွက် ဘာမှမခဲယဉ်းခဲ့ဘူး.."

Tang Feng က ဆိုဖာနောက်ကိုမှီကာ စိတ်ထဲရှိတာကို ပွင့်လင်းစွာပြောလိုက်သည်။

"တောင်းပန်ပါတယ်.."

"အဲ့လိုမလုပ်ပါနဲ့.. ကျွန်တော်ပြောတာကို နားထောင်ပါဦး.. တခါတလေ ကျွန်တော်တွေးမိတာက Charles က ရယ်စရာကောင်းပြီး ဟာသဉာဏ်ရှိလို့ သူ့ကို အလွယ်တကူလက်ခံနိုင်သလားပေါ့.. ဒါပေမယ့် တင်းကျပ်ပြီး ကြောက်စရာကောင်းတဲ့ Albert လိုလူနဲ့ အတူရှိတော့လည်း ကျွန်တော်က စိတ်ကျဉ်းကျပ်မှုမရှိဘဲ ပျော်ရွှင်နေသေးတယ်.."

Tang Feng က Lu Tian Chen ဘက်ကိုလှည့်ကာ ပြုံးပြီး ဆက်မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို စိတ်ပျက်သွားပြီလား.. ကျွန်တော်က တကယ်တော့ ဒီလိုလူမျိုးဖြစ်နေတယ်.. ကျွန်တော်က ကံတရားအတိုင်းလက်ခံပြီး ဖြစ်လာတဲ့ကိစ္စတိုင်းကို လက်ခံတတ်တဲ့လူတစ်ယောက်ပါ.."

"ကံတရားကို လက်ခံသည်ဖြစ်စေ၊ ငြင်းဆန်သည်ဖြစ်စေ.. အခြေအနေက အတူတူပါပဲ.. ကိုယ်က မင်းကို ချီးကျူးစရာမလိုသလို ဝေဖန်ဖို့လည်းမလိုဘူး.. ဒါပေမယ့် မင်းကို ကိုယ်က ဘယ်တော့မှ နာကျင်အောင်မလုပ်ဘူး.. မင်းကိုထိခိုက်စေရင် ကိုယ့်ရင်တွေလည်း နာလာတယ်.."

Lu Tian Chen က Tang Feng လက်ကိုကိုင်ကာ သူ့ရင်ဘတ်ပေါ်တင်ရင်း ပြောလိုက်သည်။

"ရင်နာဖို့မလိုပါဘူးဗျာ.. ခင်ဗျားပဲဖြစ်ဖြစ်၊ Charles ပဲဖြစ်ဖြစ် အကုန်လုံးက ကျွန်တော့်ကို ဘာမှမထိခိုက်စေပါဘူး.. နောက်ဆုံး Albert လိုလူတောင် ကျွန်တော့်ကို ထိခိုက်အောင်မလုပ်ခဲ့ဘူး.. တကယ်တော့ ကျွန်တော် ကံကောင်းပါတယ်.."

Tang Feng က ဒီစကားကို အတည်ပြောနေခြင်းဖြစ်သည်။ တခြားလူသာဆိုလျှင် ခုလိုလူ၃ယောက်နှင့် အတူရှိနေဖို့ ပေးဆပ်မှုများစွာ လုပ်ဖို့လိုပေမယ့် Tang Feng အတွက် ဘာမှမလိုခဲ့ပေ။ Charles၊ Lu Tian Chen နှင့် Albert တို့က သူ့ကိုအလေးထားရုံသာမက သူ့ကိုပါချစ်နေကြသေးသည်။

"ဒါပေမယ့် အခုအခြေအနေကို ကျွန်တော်မကြိုက်ဘူး.. ကျွန်တော်က ဘယ်ကိုပဲသွားသွား လှောင်ချိုင့်တစ်ခုကနေ အခြားလှောင်ချိုင့်ထဲ ခုန်ဝင်လိုက်ရသလို ခံစားရတယ်.. Lu Tian Chen.. ကျွန်တော်ဆိုလိုတာကို သဘောပေါက်တယ်မလား.."

Tang Feng က သူ့ကို အကောင်းဆုံးနားလည်ပေးနိုင်သော Lu Tian Chen ကို ပွင့်လင်းစွာပြောလိုက်သည်။

Albert ပြောလိုက်သည့်စကားများအရ သူ့ကိုထပ်ပြီးနှောင့်ယှက်မည်မဟုတ်ပေ။ Charles ကတော့ သူ့ကိုလှည့်စားပြီး ကစားချင်ရုံပဲရှိသည်။

"ကျွန်တော့်ကိုယ်ပိုင်ဘဝကို လိုချင်တယ်.. ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ကျွန်တော်က လွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ သရုပ်ဆောင် Tang Feng အနေနဲ့ပဲ တက်ရောက်ချင်တယ်.. ဒါပေမယ့် ကျွန်တော်က ခင်ဗျားရဲ့ ဝန်ထမ်းဖြစ်နေဆဲပါ.. စာချုပ်သက်တမ်း မပြည့်မချင်း ခင်ဗျား company ကနေ ထွက်မသွားဘဲ အလုပ်ဆက်လုပ်နေဦးမှာပါ.. ဒါကြောင့် ခင်ဗျားရဲ့အဖြေက ဘယ်လိုလဲ.."

Tang Feng က Lu Tian Chen ကိုပြုံးကာ မေးလိုက်သည်။ Lu Tian Chen က မျက်လုံးအစုံကိုမှေးစင်းကာ ပြောလိုက်သည်။

"မင်းက လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်တာပါပဲ.. ကိုယ် မင်းကို မပိတ်ပင်ပါဘူး.."

"ကျေးဇူးပါပဲ.."

Charles နှင့် Albert ကို Tang Feng စိတ်မပူပါ။ သူတို့ထဲက တစ်ယောက်ထွက်သွားတယ်ဆိုတာနဲ့ အခြေအနေကို ဟန်ချက်ညီအောင် သူထိန်းနိုင်လေပြီ။

=======================


Continue Reading

You'll Also Like

9.2K 991 13
System: မင်းက ငါတို့systemရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ဦးတည်းသောလူတစ်ယောက်ပါ။ မင်း ငါတို့နဲ့ ချိတ်ဆက်ပေးပါလား။ စုယွီ: ငါ့မှာ ဒီလောက်...
176K 30.1K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
133K 16.2K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...