Daddy's Laowang
By FeiLit9
73.9K 5.1K 255
အသက် ၁၈နှစ်မှာတရားဝင်တွဲခဲ့တယ့် ဒီလက်စုံ က အသက် ၈၁ ရောက်တယ့်အထိထိမြဲပါစေ။💚❤ အသက် ၁၈နှစ်မှာတရားဝင်တွဲခဲ့တယ့်... More
Episode 1
Episode 2
Episode 3
Episode 4
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Tadaaaa
Episode 5
2.5K 254 9
By FeiLit9
Unicode.......
ညှိမှိုင်းနေတယ့်ကောင်းကင်က​နေအစပြုပီး နေရောင်ကတစ်ဖြည်းဖြည်းပျောက်ကွယ်သွားနေပီဖြစ်တယ်။
နေရာတစ်ခွင် လွင့်ပျံနေတယ့်စိတ်အစုံကိုစုစည်းပီး ရှေ့ကစာကိုအာရုံ​ပြန်စိုက်ရတယ်။ ​တစ်ပြိုင်နက်တည်းမှာလည်း ရီပေါ် က Guide ဆရာအသစ်ကို မအံ့သြော်ပဲမနေနိုင်ပဲ ဖြစ်သွားတယ်။
ပါးရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့မကိုက်ညီတယ့်
Results တွေ ကြောင့် မကြာခန ကျောင်း ပြောင်းခဲ့ရတယ့် ရီပေါ် က ဒီလိုအကြောင်းတွေကိုလည်းနောကျေနေပီဖြစ်တယ်။
ဒီလိုပါးရဲ့အဆင့်သတ်မှတ်ချက်တွေကို ကျော်လွန်ပီး ရီပေါ် ရဲ့Guide ဆရာလုပ်နိုင်တာက ဒီလူဟာ အတော်လေး အရည်အချင်းရှိတာပဲလို့ ရီပေါ် ကမှတ်ချက်ပြုမိတယ်။
နှစ်နာရီကျော်ကြာမြင့်တယ် စာသင်ချိန်ပြီးဆုံးသွားတယ့်အခါ ရီပေါ် က စာအုပ်တွေ သိမ်းလို့ နာရီစင်ဘက် အကြည့်ဝဲလိုက်တယ်။
ဘယ်အချိန် လာခဲ့မယ်လို့ပြောမသွားတယ့်အကိုကြောင့် ပါးပြန်လာချိန်နဲ့တိုးမှာဆိုးတယ့် ရီပေါ် က ကြောက်လန့်လန့်နဲ့ ပြတင်ပေါက်ဘက် ခနခနခိုး
ကြည့်တယ်။
ခိုးကြည့်ရင်းနဲ့ကင်းစောင့်နေတယ့် ရီပေါ် က ၁၀နာရီခွဲလို့ အလုပ်ကပြန်လာတယ့် လော့ရှန်းရဲ့ကားကို
မြင်တယ့်အခါ မှသာ အလန့်တကြားနဲ့ ကုတင်ပေါ်ခေါင်းမြီးခြုံကာပြေးအိပ်တယ်။
လောရှန်းသာသူကို မြင်ရင်တကယ်သေမှာ၊ သူက အချွန်ကောင်။
___________
ကိုယ်ဘက်ကမဟုတ်တာတစ်ခုမှမလုပ်ထားသော်လည်း အတိုင်ထူလှတယ့်လော့ရှန်းကြောင့် ရီပေါ် ကသူကံဆိုးပီဆိုတာသိနေတယ်။
စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်တက်ကာ အတွေးတွေးပျံနှံဘေတော့ သူဆီလာမယ်ပြောပီးမလာတယ့်
အကို့ ကို စိတ်ဆိုးချင်လာတယ်။
စိတ်ရှုပ်နေတာမို့ အတွေးမလွန်အောင် ခပ်သွက်
သွက်အဝတ်လဲလိုက်ပီး ညမီးအိပ်ကို ပိတ်ကာအိပ်လိုက်တယ်။
ဒီညအကိုမလာတော့ဘူးထင်ပါရဲ့
____________
နာရီတစ်ချက်ချက်ရဲ့ရွေ့လျားမှုအဆုံးမှာ ကမ္ဘာ မြေရဲ့ လေထု ကြောင့်ပြတင်းပေါက်က တစ်ချက်တစ်ချက် ရိုက်ခတ်တယ်။
ရိုက်ခတ်လာတယ့်တံခါးသံတွေကြောင့် အအိပ်ပုတ်လေး ရီပေါ်က အိပ်နေရာမှနှိုးလာတယ်၊ ဆူညံ နေတာ ဘာသံတွေပါလိမ့်။
အသံတွေကြားရာနေရာဆီအိပ်ချင်မူးတူးနဲ့ ဓာတ်မီးလေးပိုက်ကာ သွားကြည့်တော့ အခုနက လော့ရှန်းကြောင့် လန့်သွားတာမို့ ပြတင်းပေါက် မပိတ်ခဲ့တာ သတိရတယ်။
လက်တစ်ဖက်က ဓာတ်မီးကိုင်ထားတာမို့တံခါးပိတ်မရဖြစ်နေတယ်၊ ဘေးကိုအသာချလို့ ပြတင်းပေါက် ကိုလက်လှမ်းလိုက်တော့ လိုက်ကာစ နောက်မှလက်တစ်ဖက်ကိုဆွဲယူခြင်းခံရတယ်။
တစ်လှပ်လှပ်ဖြစ်နေတယ့်လိုက်ကာရဲ့နောက်မှာဆွဲယူခြင်းခံရတယ့်အခါ ကြောက်လန့်တကြား ရုန်မိတော့လက်နှစ်ဖက်ကိုဆွဲကိုင်ပီး လက်တစ်စုံက ပါးစပ်နားကိုအုပ်လာတယ်။
ငယ်စဥ်ကတည်းက အမှောင်ကြောက်တယ့်သူအတွက် ဒီအခြေအနေက အာပြဲကြီးနဲ့ငိုဖို့လုံလောက်တယ်။
_____________
တစ်ဖြည်းဖြည်းနဲ့ကျယ်လောင်လာတယ့် ငိုသံကြောင့်ရှောင်းကျန်ကချာတိတ်ကိုပိုပိုပီးစချင်လာတယ်။
စချင်တယ်စိတ်ကြောင့်လက်နှစ်ဖ​က်ကိုချူပ်ကိုင်
လိုက်ပီး ကောင်လေးရဲ့ ကိုယ်လေးကို ပုံခုံး ပေါ်
ထမ်းပီး ပြတင်းပေါက် ကနေ အပြင်ဘက်ကို ဝေ့
ကြည့်လိုက်တယ်။
ည၁နာရီမို့တိတ်ဆိတ်နေတယ့်အချိန်​ကြောင့်ရှောင်းကျန့်က အငိုသန်လေးရဲ့ကိုယ်လေးကို ချီပီးပြတင်းပေါက်ဘောင် ပေါ်ကိုယ် တစ်ခြမ်းစောင်းထိုင်လိုက်တယ်။
" အဆိုးလေး အရမ်းအငိုသန်တယ်နော်  "
ကလေးတစ်ယောက်လိုတစ်အီအီငိုနေရမှ သူအသံကြားလို့ ရင်ခွင်ထဲကကိုယ်ကို မတ်ကာ  လှမ်းကြည့်တယ်။
" အကို အကိုလား "
ကလေးငယ်ရဲ့ ကိုယ်ကို ပေါင် ပေါ် တင်ပီး ခါးကြားထဲက မီးခြစ်လေးထုပ်ကာကြည့်တော့ ​မျက်ရည်လေးတွေဝိုင်းကာ ချစ်စရာကောင်းနေတယ့် ချာတိတ်။
အသဲတစ်ယားနဲ့နှာခေါင်းလေးကို ခပ်ဖွဖွဆွဲတော့ ကုတင်ဘက်သွားကာ ခေါင်းဦးယူပီး သူကို ခပ်နာနာရိုက်နေတယ်၊ ဒီကောင်လေး Tutor ကိုမခန့်တာလား။
" ချာတိတ်ကဆိုးလိုက်တာ ကိုယ်ကိုရိုက်တယ် "
ခပ်ဟဟရပ်သံအဆုံးမှာသူလက်တစ်ဖက်ကိုထပ်ရိုက်ပြန်တယ်။
ဆိုးချင်နေတယ့်ကောင်လေးကိုလက်ကနေချူပ်ကာ
ကိုယ်ကို ချီပီး လှေကားပေါ် ကနေ တစ်ဖြည်းဖြည်းလာလိုက်တယ်။
ငှက်မွေးလေးလိုပေါ့ပါးလွန်းတယ့်ကောင်လေးကြောင့်ရှောင်းကျန့်ကဝမ်အဖိုးကြီးကိုအသံတိတ်ကျိန်ဆဲတယ်၊ ဒါတွေအားလုံးသူကြောင့်။
လှေကားဆင်းရာတစ်လျှောက်လုံးပြုတ်ကြမှာ
ကြောက်တယ့်ကောင်လေးက ကားနားကို ရောက်တော့မှ မော့ကြည့်လာတယ်။
" အကို ဆိုးတယ်၊ ကျွန်တော်ကို ဘာမှ မပြောပဲ ချီသွားတယ်  "
ညအိပ်ဝမ်းဆက်လေးကိုမှ အဖြူရောင်လေးနဲ့ စူပူတ်နေတယ့်ကောင်လေးက မှိန်တိမ်တိန်မီးရောင်အောက်မှာလှလွန်းတယ်။
" ပြောရင် အသားယူလို့ရမယ်ထင်လား "
သူအပြောကို ချာတိတ်ကနှာခေါင်းရှုံကာ မကျေနပ်ကြောင်း ဖော်ပြတယ်။
" သွားချင်သေးလားချာတိတ် "
" ဘယ် ကိုသွားမှာလည်း ဒီအချိန်ကြီး "
" အကိုရင်ခွင်ထဲ သွားမလား၊ အချိန်အကန့်အသတ်မရှိဖွင့်ထားတယ်နော် "
" အကို! !!!!!! " ရှက်ရမ်းရမ်းကာ
အော်ငေါက်လာတယ့်ကောင်လေးရဲဆံပင်ကို ထိဖို့ပြင်တော့ လက်ကိုပုတ်ချတယ်၊ သဘောကသူစိတ်ဆိုးတယ်ပေါ့။
" Tower သွားမလား၊ ဒါအချိန် ရဟတ်ယာဥ်တော့စီးလို့ရလောက်မယ်ထင်တယ် "
" တစ်မြို့လုံးမြင်ရမှာပေါ့ ဒါဆို  "
ကြယ်လေးလိုမျက်လုံးဝိုင်းလေးတွေနဲ့ ခုနက စိတ်ဆိုး​နေတာ သူမဟုတ်သိ အတိုင်း မျက်လုံးတစ်လ​က်လက်နဲ့မေးလာတယ်။
ဖလစ်ရတာ အ​တော်​လေးကြိုက်တယ့် ​​ကောင်​လေးက ရယ်
​မောစွာ ​ပြောလာတယ်။
" အကိုအချစ်တွေထိပါ မြင်ရတယ် ဟုတ်ပီလား ချာတိတ်"
သူရဲ့စကား​ကြောင့်ရှက်သွားပုံရတယ့်ကောင်လေးက
အီစောင့်နေအောင့် ခြေထောက်ကိုနင်းသွားပီးကား ပေါ် ကိုပြေးတက်သွားတယ်၊ အဟက်အဆိုးလေး။
" ​ခြေ​ထောက်​တွေတင်မဟုတ်ပဲ နှလုံးသားပါတက်နင်းသွားလည်း ဖြစ်တယ်၊ အ​ကြောင်းအရင်းမင်းမို့လိုပဲ"
AN /ရှင်တို့က ချာတိတ် ကို ​တွေ့တာ နဲ့ မိုချီ​လေးကို ပလစ်တယ်​ပေါ့ 😝💚
​(​နောက်တစ်ပိုင်းနဲ့ ပြန်လာခဲ့ရမလား)
1170words/OST 26
Zawgyi. ..
ကြည့်တယ်။
___________
____________
_____________
ကြည့်လိုက်တယ်။
" အကို အကိုလား "
" အကိုရင်ခွင်ထဲ သြားမလား၊ အချိန်အကန့်အသတ်မရှိဖွင့်ထားတယ်နော် "
" အကို! !!!!!! " ရှက်ရမ်းရမ်းကာ
မောစွာ ပြောလာတယ်။
2918Words/OCT 26
Continue Reading
You'll Also Like
934K 21.4K 49
In wich a one night stand turns out to be a lot more than that.
125K 9.8K 28
အချစ်ဆိုတာ မမျော်လင်ဘဲရောက်လာတက်တယ် 𝚉𝚑𝚊𝚗𝚢𝚒 𝙵𝚊𝚗𝚏𝚒𝚌 Start date :22.10.2020 End date :
40.2K 2.9K 8
66K 5K 22
Wang Hai Kuan : ဘာ !! ၀မ်၀မ်က ဒီ​လိုလူဆိုး​ကောင် ငရှုပ်င​ပွေနဲ့ လုံး၀သ​ဘောမတူနိုင်ဘူး​နော် .. Xiao Zhan : ​shit...သွားကျိုး​ကောင်က ​ယောက်ဖတဲ့လား ? ...