နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၆၂

10.3K 2.2K 468
By Kay_Wine

{Zawgyi}

ပိုင္ရန္ ေကာင္းကင္ႀကီးကိုေတာင္ က်ိန္ဆိုၿပီးေျပာရတယ္ "တကယ္ပါ၊ ဒီ့ထက္ပိုၿပီး အေလးအနက္ေတာင္ ထပ္မေျပာႏိုင္ေတာ့ပါဘူး!"

နတ္ဆိုးဘုရင္ႀကီးက ထပ္ေမးတယ္ "မင္းက လူေတြကို အိပ္ရာထဲလာဖို႔ေခၚလိုက္ေပမယ့္ ဘာမွေတာ့မလုပ္ဘူးေပါ့?"

"ဘာမွမလုပ္ပါဘူး၊ ဘာဆိုဘာမွမလုပ္ပါဘူး! ကြၽန္ေတာ္ တကယ္ဘာမွကိုမလုပ္တာပါ!" ပိုင္ရန္ အသည္းအသန္ျငင္းေတာ့တယ္။

"မင္းက ကိုယ္ေတာ့္ကို ယုံၾကည္ေစခ်င္ေနတာလား?" နတ္ဆိုးဘုရင္ႀကီး ေအးစက္စြာရယ္ေမာလိုက္တယ္။ "မင္းက သူတို႔နဲ႔ေတာ့မအိပ္ဘူး ဒါေပမယ့္ ၾကည့္ရတာေတာ့ တျခားတစ္ခုခုလုပ္ေနပုံရတယ္လို႔ ခ်င္းဟယ္ေျပာတယ္"

ခဏေလာက္ရပ္သြားၿပီး မည္းေမွာင္ေနတဲ့ပုံႀကီးနဲ႔ သူဆက္ေျပာတယ္ "မင္းဘာလုပ္တာလဲဆိုတာ ကိုယ္ေတာ့္ကိုေျပာျပႏိုင္မလား?"

ခ်င္းဟယ္!

သူလ်ိဳမ!

နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန႔္ကို ျပင္းျပင္းထန္ထန္စိစစ္ေမးျမန္းေနတာေၾကာင့္ ပိုင္ရန္ခမ်ာ သူ႔စကားအတိုင္းလိုက္လုပ္ေပးေနရေတာ့တယ္။ နတ္ဆိုးဘုရင္ႀကီးမွာ သူ႔ကိုဒီလိုေမးခြန္းထုတ္စရာအကန႔္မရွိဘူးဆိုတာကို သူထုတ္ေျပာဖို႔ေတာင္ ေမ့ေလ်ာ့ေနတယ္။ အဲ့အစား သူတုန္တုန္ရီရီနဲ႔ရွင္းျပေပးလိုက္တယ္ "ကြၽန္ေတာ္ကဒီတိုင္း သူတို႔ကို... သူတို႔ကို..."

ပိုင္ရန္က ဆက္ေျပာဖို႔ကို အလြန္အမင္းရွက္႐ြံေနတာကိုေတြ႕ေတာ့ နတ္ဆိုးဘုရင္ႀကီး လက္ကိုေဝ့ယမ္းၿပီး ဥယ်ာဥ္ႀကီးထဲက သူတို႔ေဘးနားကေနရာမွာ အေပါက္ႀကီးျဖစ္သြားေအာင္ လုပ္ပစ္လိုက္တယ္။ "ေျပာေလ!"

ထိတ္လန႔္စရာအျပဳအမူကိုျမင္လိုက္ရေတာ့ ပိုင္ရန္ေၾကာက္႐ြံ႕သြားၿပီး သက္ညႇာေပးဖို႔ေမွ်ာ္လင့္ရင္း ဝန္ခံလိုက္တယ္ "ကြၽန္ေတာ္ သူတို႔ကို ဒီတိုင္း နည္းနည္းေလး ထိခိုင္းတာပါ..."

"မင္းရဲ႕ဘယ္ေနရာကို ထိခိုင္းတာလဲ?" နတ္ဆိုးဘုရင္ႀကီးမ်က္လုံးထဲမွာ ေဒါသေတြျပည့္ႏွက္ေနၿပီ။

"ရင္ဘတ္ကိုပါ..." ပိုင္ရန္သူ႔ကိုယ္သူ အလြန႔္အလြန္ေသးငယ္သြားသလိုေတာင္ ခံစားေနရတယ္။

"မင္းအဝတ္ေတြကို ခြၽတ္လား?" နတ္ဆိုးဘုရင္ႀကီးရဲ႕ေဒါသကလည္း အလြန႔္အလြန္ႀကီးထြားလာပုံရတယ္။

"...ကြၽန္ေတာ္တို႔ ကြၽန္ေတာ္တို႔ အဝတ္ေတြကို ခြၽတ္ပါတယ္..." ပိုင္ရန္သူ႔ကိုယ္သူ က်ဳံ႕ၿပီးေနေနလိုက္တယ္။ သူ႔ၾကည့္ရတာ ေဒါသထြက္ေနတဲ့နဂါးႀကီးရဲ႕ေဒါသေတြ ေပါက္ကြဲထြက္မလာခင္ ကိုယ္ကိုတတ္ႏိုင္သမွ် က်ဳံ႕ထားတဲ့ တိရိစာၦအေသးေလးတစ္ေကာင္နဲ႔တူေနတယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕ေဒါသက ဆက္လက္ျမင့္တက္ေနၿပီး ႏႈတ္ခမ္းေထာင့္ကို ခပ္တင္းတင္းလုပ္လိုက္တာေၾကာင့္ သြားျဖဴျဖဴႀကီးေတြေပၚလာတယ္။ "ကိုယ္ေတာ့္ကိုေျပာ၊ အတိအက်... ဘယ္လိုျဖစ္ခဲ့တယ္ဆိုတာ အားလုံးကို၊ လာခဲ့ ကိုယ္ေတာ့္ကို သ႐ုပ္ျပေပး"

ပိုင္ရန္မ်က္လုံးေတြ ျပဴးက်ယ္သြားတယ္။ "သ႐ုပ္ျပေပးရမယ္? ဘာကို သ႐ုပ္ျပေပးရမွာပါလဲ?"

"မင္းက ကိုယ္လုပ္ေတာ္လုပ္၊ ကိုယ္ေတာ္က မင္းလုပ္မယ္... အခု သူမင္းကို ဘယ္လိုမ်ိဳးျဖားေယာင္းတယ္ဆိုတာကို အတိအက်သ႐ုပ္ျပေပး" [T/N : ကိုယ္ေတာ့္ကို မႏိုင္ေတာ့ဘူး၊ ႏွစ္ခါခြဲသယ္ရမယ္]

ပိုင္ရန္ "... ကြၽန္ေတာ္ မလုပ္ခ်င္ပါဘူး အရွင္ႀကီး"

"ျမန္ျမန္!" နတ္ဆိုးဘုရင္ႀကီးက လက္ထဲမွာ စြမ္းအင္ေတြ စုစည္းၿပီးေျပာလိုက္တယ္။

ပိုင္ရန္ေၾကာက္လန႔္သြားၿပီး စိတ္ပိုင္းျဖတ္ကာေျပာလိုက္တယ္ "ေကာင္းပါၿပီ ကြၽန္ေတာ္စၿပီးသ႐ုပ္ျပပါေတာ့မယ္!"

သူ႔အဝတ္ေတြကိုစတင္ၿပီး ဟိုေ႐ြ႕ဒီေ႐ြ႕လုပ္လိုက္ေပမယ့္ ဒီတစ္ေခါက္က ကိုယ္တစ္ပိုင္းပဲခြၽတ္ရေသးတာေတာင္ သူရွက္သလိုခံစားလာရတာေၾကာင့္ သူ႔ရဲ႕လႈပ္ရွားမႈေတြက ေႏွးေကြးလာတယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕ နက္ေမွာင္ေနတဲ့မ်က္လုံးေတြက သူ႔ကိုၾကည့္ရင္း ၿငီးေငြ႕ေနသလိုပုံျဖစ္ေနေပမယ့္ သူရပ္သြားတာလည္းျမင္ေရာ လက္ထဲမွာ စြမ္းအင္ေတြ ထပ္စုလိုက္ျပန္တယ္။

ပိုင္ရန္ေနာက္ထပ္တစ္ႀကိမ္ ထပ္ခြၽတ္လိုက္ခ်ိန္မွာ သူ႔ရဲ႕ျဖဴေဖြးေနတဲ့အေပၚပိုင္း ကိုယ္လုံးေလးေပၚထြက္လာတယ္။

"မင္းရဲ႕ေဘာင္းဘီေတြကေရာ?"

ပိုင္ရန္ေခါင္းကို ပလုပ္တုပ္တစ္ခုလိုခါရမ္းၿပီးေျပာလိုက္တယ္ "ကြၽန္ေတာ္ဘယ္တုန္းကမွ ေဘာင္းဘီမခြၽတ္ပါဘူး"

တကယ္ေတာ့ အဲ့အခ်ိန္တုန္းက သူကိုယ္တုံးလုံးျဖစ္ေနဖူးတာေတာင္ရွိခဲ့ေပမယ့္ ဒီလိုဟာလာဟင္းလင္းေနရာႀကီးမွာ ကိုယ္တုံးလုံးခြၽတ္ရမွာေတာ့ သူရွက္တာေၾကာင့္ လိမ္ေျပာလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးကေတာ့ ေက်နပ္သြားပုံရတယ္။ သူကသေဘာတူသလိုေလသံနဲ႔ ပိုင္စိုးပိုင္နင္းေျပာလာတယ္ "ၿပီးေတာ့ေရာ သူဘာလုပ္လဲ? ဆက္ေလ"

နတ္ဆိုးဘုရင္ႀကီးက သူလိမ္တာကို မသိလိုက္ဘူးပဲ။ ပိုင္ရန္တိုးတိုးတိတ္တိတ္ သက္ျပင္းရႈိက္လိုက္တယ္။

သူခဏေလာက္ တြန႔္ဆုတ္ေနၿပီး နတ္ဆိုးဘုရင္ႀကီးကလည္း သူ႔ကိုပဲစိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ သူတကယ့္ကို ေျဖးေျဖးခ်င္းေလွ်ာက္သြားၿပီး နတ္ဆိုးဘုရင္ႀကီးရဲ႕အျပင္ဝတ္႐ုံကို လက္လွမ္းလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးက ရပ္ေနဆဲျဖစ္ၿပီး ပိုင္ရန႔္ကို တစ္ခြန္းမွမေျပာဘဲစိုက္ၾကည့္ေနတယ္။

ဒီလိုမ်ိဳးအားႀကီးနဲ႔စိုက္ၾကည့္ေနတာေၾကာင့္ ပိုင္ရန္ပိုၿပီးေတာ့ေတာင္ စိတ္ဖိစီးလာတယ္။ သူ႔ကိုယ္သူအားတင္းၿပီး နတ္ဆိုးဘုရင္ႀကီးရဲ႕အျပင္ဝတ္ကို တုန္ရီေနတဲ့လက္ေခ်ာင္းေတြနဲ႔ ခြၽတ္လိုက္တယ္။ အဲ့လိုလုပ္လိုက္တာက နတ္ဆိုးဘုရင္ႀကီးရဲ႕ရင္ဘတ္ေပၚကေန ေသးငယ္ၿပီးတုန္ရီေနတဲ့ေႁမြေတြ ေလွ်ာဆင္းသြားသလိုျဖစ္ေနတယ္။

နတ္ဆိုးဘုရင္ႀကီး အသက္ေတာင္ တစ္ခ်က္ေအာင့္မိသြားတယ္။ [T/N : အဟမ္း သ႐ုပ္ျပေနတာေနာ္]

"အရွင္ႀကီး?" ပိုင္ရန္ရပ္လိုက္ၿပီး စူးစမ္းသလိုေလး ေမာ့ၾကည့္လိုက္တယ္။

"ကိုယ္ေတာ့္ကို ဘာလို႔လာၾကည့္ေနတာလဲ? ဆက္လုပ္ေလ" နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္။

ပိုင္ရန္ေ႐ြးျခယ္စရာမရွိေတာ့ဘဲ သူ႔အဝတ္ေတြကို ဆက္ခြၽတ္ေနရတယ္။ နတ္ဆိုးဘုရင္ႀကီးရဲ႕အျဖဴေရာင္ၾကားခံအဝတ္ကို ျမင္လိုက္ခ်ိန္မွာ သူ႔ကိုမေလးစားသလိုလုပ္မိမွာစိုးတာေၾကာင့္ ေနာက္တစ္ေခါက္ရပ္လိုက္ျပန္တယ္။

"မရပ္နဲ႔" နတ္ဆိုးဘုရင္ႀကီးရဲ႕အသံက ေအးစက္နက္ရႈိင္းေနတယ္။

ဥယ်ာဥ္ေလးက ၿငိမ္းခ်မ္းတိတ္ဆိတ္ေနတာပဲ။ တာဝန္က်သူေတြကိုလည္း အေဝးပို႔ထားေတာ့ သူတို႔ႏွစ္ေယာက္တည္းရွိေနတယ္။

နတ္ဆိုးနယ္ေျမမွာ တိုက္ခတ္တဲ့ေလေတြက ေအးတာေၾကာင့္ ပိုင္ရန႔္အေရျပားေပၚမွာ ၾကက္သီးထေနတာေလးေတြကိုေတာင္ ျမင္ေနရၿပီ။

"အရွင္ႀကီး" သူေနာက္တစ္ႀကိမ္သတၱိေမြးၿပီး ေျပာလိုက္တယ္ "ကြၽန္ေတာ္တို႔ ေရွ႕မဆက္သင့္ေတာ့ပါဘူး၊ ဒါကမသင့္ေလ်ာ္..."

နတ္ဆိုးဘုရင္ႀကီး သူ႔ကိုစိုက္ၾကည့္ရင္းေျပာလိုက္တယ္ "ဆက္လုပ္"

သူ႔အၾကည့္ေတြက ပိုင္ရန႔္ကို မသက္မသာျဖစ္ေစတယ္။

အကူအညီမဲ့စြာ မဝံ့မရဲနဲ႔နတ္ဆိုးဘုရင္ႀကီးရဲ႕ ၾကားခံဝတ္႐ုံေလးကို ခြၽတ္လိုက္ရတယ္။

ပိုင္ရန္ထင္ထားတာနဲ႔ ကြဲျပားစြာ က်စ္လ်စ္သန္မာတဲ့ရင္ဘတ္ႀကီးေပၚထြက္လာတယ္။ တကယ္ကိုပဲ အေရျပားတစ္လက္မခ်င္းစီတိုင္းကကို ေတာင့္တင္းၿပီး ႂကြက္သားအၿပိဳင္းၿပိဳင္းထေနတာေၾကာင့္ ႀကိဳးစားလုပ္ေဆာင္ထားမွန္းသိသာတယ္။

ပိုင္ရန္စကၠန႔္ပိုင္းေလာက္ မနာလိုဝန္တိုျဖစ္သြားၿပီး လက္ကိုဆန႔္ထုတ္ကာ အဲ့တာေတြက ေပ်ာ့လား မာလားဆိုတာကို စမ္းၾကည့္ခ်င္စိတ္ျဖစ္လာတယ္။

ဒါေပါ့ သူအဲ့တာကို စိတ္ထဲမွာပဲေတြးရဲတယ္။

"ၿပီးေတာ့ေရာ?"

အက္ရွရွအသံေၾကာင့္ ပိုင္ရန္သူ႔လက္အေျခအေနကို သူျပန္ထိန္းႏိုင္သြားတယ္ "အရွင္က ဆက္ခ်င္ေသးတာလား?"

ေနာက္ပိုင္းေတြက ကေလးေတြအတြက္ မသင့္ေတာ္ေတာ့ဘူးေလ။

"ဒါေပါ့" နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္။

ပိုင္ရန္ စိတ္ထဲမွာေတာ့ '囧'မ်က္ႏွာႀကီးျဖစ္ေနၿပီး ေက်ာက္တုံးတစ္တုံးနဲ႔ ခပ္မာမာအရာတစ္ခုၾကား ညပ္ေနသလို ခံစားရတယ္။ အဆုံးမွာ သူေတြးလိုက္တယ္ 'ခင္ဗ်ားႀကီးက ကြၽန္ေတာ့္ကို လာထိခိုင္းတာေနာ္ ကြၽန္ေတာ္ စိတ္ပါလို႔မဟုတ္ဘူး၊ ခင္ဗ်ားဘာသာ မေတာ္မေရာ္ေတြကို လာလုပ္ခိုင္းတာ'

ရင္ထဲမွာေတာ့ ပရမ္းပတာေတြျဖစ္ေနၿပီး လက္ကိုဆန႔္ထုတ္ကာ နတ္ဆိုးဘုရင္ႀကီးရဲ႕ ေမြးခ်င္းညီေလးကို လွမ္းကိုင္လိုက္တယ္။ အဲ့ေနာက္ သူ႔ရဲ႕ကိုယ္လုပ္ေတာ္လိုေလသံမ်ိဳးနဲ႔ 'သခင္ သခင္ကအရမ္းကို အထင္ႀကီးေလာက္စရာပါပဲ~"

ပိုင္ရန္လက္ေျမႇာက္ကာ ေနာက္တစ္လွမ္းဆုတ္ၿပီးေျပာလိုက္တယ္ "အဲ့လိုပါပဲ၊ အဲ့တာျဖစ္စဥ္အကုန္ပါ... အဲ့လိုၿပီးတာနဲ႔ သူတို႔ေတြကို ေမာင္းထုတ္တာပါပဲ တကယ္ကို ဘာမွဆက္မျဖစ္ပါဘူး"

နတ္ဆိုးဘုရင္ႀကီး မလႈပ္မယွက္သာေနေနတယ္။

"အရွင္ႀကီး?" ပိုင္ရန္ တအံ့တဩနဲ႔ ေခါင္းေလးေစာင္းၿပီး လွမ္းေခၚလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးရင္ဘတ္က အသက္ျပင္းျပင္းရႈေနသလိုမ်ိဳး ျမင့္လာလိုက္ အျပင္းအထန္ျပန္နိမ့္သြားလိုက္ အႀကိမ္အနည္းငယ္ျဖစ္သြားတယ္။ မၾကာခင္ သူစိတ္ျပန္ထိန္းၿပီး တည္ၿငိမ္စြာေျပာလိုက္တယ္ "မင္းက စဥ္းစားတတ္သားပဲ"

ပိုင္ရန္ "ကြၽန္ေတာ့္ကို ယုံပါၿပီလား?"

နတ္ဆိုးဘုရင္ႀကီး ဘာမွေတာ့မေျပာေပမယ့္ ယုံၾကည္ေၾကာင္း အသံေလးပဲျပဳလိုက္တယ္။ အဲ့ေနာက္ သူ႔နား႐ြက္ေတြ နီရဲေနတာကို ပိုင္ရန္သတိျပဳမိသြားတယ္။

သူရွက္ေနတာလား?

ပိုင္ရန္ အံ့ဩလြန္းလို႔ ပါးစပ္အေဟာင္းသားျဖစ္ေနတယ္။

"ကိုယ္ေတာ္မင္းကို ယုံတယ္"

ပိုင္ရန္တစ္ေယာက္ စိတ္ေအးသြားလို႔ သက္ျပင္းေတာင္မခ်ရေသးခင္ နတ္ဆိုးဘုရင္ႀကီးက ရင့္ရင့္သီးသီးထပ္ေျပာလိုက္တယ္ "မင္းေလွ်ာက္ၿပီး အိပ္ေနလို႔ကေတာ့ ဘယ္သူႀကီးပဲျဖစ္ေနေန ကိုယ္ေတာ္သူ႔ကို တစ္စစီဆြဲၿဖဲပစ္မွာ!"

ပိုင္ရန္သူ႔ကို ႏွစ္သိမ့္လိုက္တယ္ "အရွင္ႀကီး ဒီအေစခံက ဒီလိုမ်ိဳးေတြမလုပ္ႏိုင္ပါဘူး..."

နတ္ဆိုးဘုရင္ႀကီး နည္းနည္းေတာ့စိတ္ေက်နပ္သြားတယ္။ သူ႔အဝတ္ေတြကို ျပန္ဝတ္ၿပီးေျပာလာတယ္ "ေလာ့က်န္းဖန္က ကူေကာင္ကိုေမြးခဲ့တဲ့တစ္ေယာက္ကို သတ္ၿပီးသြားၿပီ၊ မင္းစိတ္ပူစရာမလိုေတာ့ဘူး"

ပိုင္ရန္ အံ့ဩတႀကီးျဖစ္သြားတယ္။ နတ္ဆိုးဘုရင္ႀကီးက ဒီအေၾကာင္းကို တခ်ိန္လုံးေတြးေနတာလား?

နတ္ဆိုးဘုရင္ႀကီးကေျပာတယ္ "ကုသဖို႔အတြက္လည္း ကိုယ္ေတာ္လူေတြလႊတ္ၿပီး ရွာခိုင္းထားတယ္၊ မၾကာခင္ အေၾကာင္းျပန္စာတစ္ခုေတာ့ ရလာလိမ့္မယ္လို႔ ကိုယ္ေတာ္ ယုံတယ္... အဲ့တာေၾကာင့္ မင္းစိတ္ေအးလက္ေအးနားေန"

ပိုင္ရန႔္အမူအယာေတြက ေရာေထြးလို႔ေနတယ္။ နတ္ဆိုးဘုရင္ႀကီးက သူ႔ထဲမွာရွိေနတဲ့ကူေကာင္ကို ဒီေလာက္အရမ္းဂ႐ုစိုက္ေနလိမ့္မယ္လို႔ သူထင္မထားဘူး။ ပိုင္ရန႔္ထက္ေတာင္မွ ပိုၿပီးပူပန္ေပးေနေသးတယ္။

"ေက်းဇူးတင္ပါတယ္၊ အရွင္ႀကီး" သူ႐ိုးသားစြာ ေျပာလိုက္တယ္။

"ကိုယ္ေတာ့္ရဲ႕က်င့္ႀကံျခင္းေတြကို သုံးထားရတာဆိုေတာ့ အခုခ်ိန္မွာ အညစ္အေၾကးကင္းေဆးလုံးေတာ့ေပးႏိုင္အုံးမွာမဟုတ္ဘူး... ေနာက္ေတာ့မွ ကိုယ္ေတာ္မင္းအတြက္ တစ္လုံးေပးမယ္..." နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္။

ပိုင္ရန္စိုးထိတ္သြားၿပီး လႊတ္ခနဲေျပာမိသြားတယ္။ "အရွင္ႀကီး မလုပ္သင့္ပါဘူး!"

သူ႔ရဲ႕ကန႔္ကြက္သံက ဟိန္းေဟာက္သလိုမ်ိဳး က်ယ္ေလာင္သြားတာေၾကာင့္ နားကြဲလုမတတ္ျဖစ္သြားတယ္။ ဥယ်ာဥ္အျပင္မွာ ရပ္ေနၾကတဲ့တာဝန္က်သူေတြေတာင္ တုန္သြားၿပီး သူတို႔ဘက္ကို လွမ္းၾကည့္လာတယ္။

နတ္ဆိုးဘုရင္ႀကီးကလည္း ပိုင္ရန႔္ရဲ႕ဒီလိုမ်ိဳး အႀကီးအက်ယ္တုန႔္ျပန္မႈကို ေမွ်ာ္လင့္မထားတဲ့ပုံပဲ။ သူ႔အမူအယာက နည္းနည္းမည္းေမွာင္သြားတယ္ "အဝတ္ေတြျပန္ဝတ္ထား!"

နဂိုတည္းက အဝတ္ေတြျပန္ဝတ္ဖို႔ေတြးေနတဲ့ ပိုင္ရန္က သူ႔ရဲ႕အျပင္ဝတ္႐ုံကို ပုခုံးေပၚၿခဳံထားလိုက္တယ္။

"မင္းက ကိုယ္ေတာ့္ကို မေလ်ာ္မကန္လုပ္ရဲတယ္?"

သူ႔ရဲ႕ႏွစ္ေထာင္ေပါင္းမ်ားစြာေနလာခဲ့တဲ့အေတာအတြင္း ပိုင္ရန္ကသူ႔ကိုေအာ္ဖူးတဲ့ ပထမဆုံးလူျဖစ္ေနမလား?

ပိုင္ရန္ "..."

'ငါခုေလးတင္ နတ္ဆိုးဘုရင္ႀကီးကို ေအာ္မိသြားတာလား? စာအုပ္ထဲကမွ အႀကီးဆုံးဗီလိန္ႀကီးကိုေလ?'

ပိုင္ရန္ ေနာက္ျပန္ဆုတ္လိုက္တယ္ "အရွင္ႀကီး၊ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ... အရွင္ႀကီးရဲ႕က်င့္ႀကံျခင္းေဆးလုံးေတြကို ကြၽန္ေတာ့္ေၾကာင့္နဲ႔ မျဖဳန္းတီးလိုက္ပါနဲ႔၊ ကြၽန္ေတာ့္အတြက္ အညစ္အေၾကးသန႔္စင္ေဆးလုံးတစ္လုံးလုပ္ေပးဖို႔ ေဆးလုံးေဖာ္တဲ့ဆရာေတြကို ေတာင္းဆိုၿပီးသြားပါၿပီ!"

ခဏေလာက္အရဲစြန႔္ကာ ပိုင္ရန္ေခါင္းကိုအလုပ္ေပးလိုက္ေတာ့ ဆင္ေျခတစ္ခုရလာတယ္။

"ေဆးလုံးေဖာ္တဲ့ဆရာေတြ?" နတ္ဆိုးဘုရင္ႀကီး ႏွာေခါင္းရႈံ႕လိုက္တယ္။ "သူတို႔ေဆးလုံးေတြက ကိုယ္ေတာ့္ဟာနဲ႔ ဘယ္လိုလုပ္ယွဥ္ႏိုင္မွာလဲ?"

"ကြၽန္ေတာ္ ဆယ္ေယာက္ေတာင္ရွာထားတာပါ!" ပိုင္ရန္ အလြယ္ဆုံးလိမ္လို႔ရမယ့္စကားလုံးေတြနဲ႔ ဆက္ၿပီးေျပာလိုက္တယ္ "အရွင့္လိုမ်ိဳး တူညီတဲ့အရည္အေသြးရွိတဲ့ အညစ္အေၾကးသန႔္စင္ေဆးလုံးေတာ့ သူတို႔ေတြ မေဖာ္ႏိုင္ပါဘူး၊ ဒါေပမယ့္ သူတို႔ေဆးလုံးေတြကို ႏွယ္ႏွယ္ရရလို႔လည္း ေျပာလို႔မရပါဘူး... တကယ္လို႔အရွင္ႀကီး မယုံေသးဘူးဆိုရင္... ဆိုရင္လည္း အဆိုးဆုံးျဖစ္မလာဖို႔အတြက္ အရွင္ႀကီးက ဝိဉာဥ္စြမ္းအင္ရွိတဲ့အပင္ေတြနဲ႔ ပစၥည္းေလးေတြခ်ီးျမႇင့္ေပးမယ္ဆိုရင္ေတာ့ ေဆးလုံးက အရည္အေသြးျမင့္သြားပါလိမ့္မယ္"

နတ္ဆိုးဘုရင္ႀကီး တစ္ခုခုေျပာေတာ့မယ့္အခ်ိန္မွာ ပိုင္ရန္အျမန္ျဖတ္ေျပာလိုက္တယ္။ စကားေျပာတာလည္း ျမန္ေနၿပီး တိုက္တြန္းေနသလိုေလသံေပါက္ေနတယ္ "အရွင္ႀကီးက ဒီနယ္ေျမရဲ႕အရွင္သခင္ပါ၊ အရွင့္ရဲ႕က်န္းမာေရးဆိုတာ ဒီနတ္ဆိုးနယ္ေျမတစ္ခုလုံးနဲ႔ သက္ဆိုင္ပါတယ္... ဘာေၾကာင့္မ်ား အရွင့္ရဲ႕ကိုယ္ပိုင္က်င့္ႀကံျခင္းေတြကို ဒီလိုလြယ္လြယ္ကူကူေပးႏိုင္ရတာပါလဲ? ကြၽန္ေတာ့္ကိုယ္ထဲမွာရွိေနတဲ့ကူေကာင္ေၾကာင့္ ကြၽန္ေတာ္ခ်က္ခ်င္းေသမသြားႏိုင္ပါဘူး၊ ကြၽန္ေတာ့္ရဲ႕က်င့္ႀကံျခင္းနဲ႔တင္ ရွစ္ႏွစ္ဒါမွမဟုတ္ ဆယ္ႏွစ္ထက္ေတာင္ပိုၿပီး ေနႏိုင္ပါေသးတယ္... ေဆးလုံးေဖာ္ဆရာေတြရဲ႕က်င့္ႀကံျခင္းကို ထပ္ေပါင္းလိုက္ရင္ ကြၽန္ေတာ္အဆင္ေျပသြားမွာပါ၊ အရွင့္ရဲ႕ကိုယ္ပိုင္က်င့္ႀကံျခင္းကို ဘာလို႔ထုတ္မွာပါလဲ? အရွင္ႀကီးက ကြၽန္ေတာ့္ကို ႏွိမ္ခ်င္တာေၾကာင့္ေတာ့ မဟုတ္ဘူးမွတ္လား?"

နတ္ဆိုးဘုရင္ႀကီး "ဘယ္ဟုတ္ပါ့မလဲ?"

ပိုင္ရန္စကားခ်ိဳခ်ိဳေလးေတြ စေျပာလိုက္တယ္ "အဲ့တာပဲေလ၊ အရွင္ႀကီးက ကြၽန္ေတာ့္ကိုယုံတယ္ဆိုရင္ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ျပႆနာေတြကိုလည္း ကြၽန္ေတာ္ကိုယ္တိုင္ေျဖရွင္းႏိုင္တယ္ဆိုတာကို ယုံေပးသင့္တယ္... ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ဘ၀ကို ေပါ့ေပါ့တန္တန္သေဘာထားမယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား?"

သူေျပာၿပီးတာနဲ႔ နတ္ဆိုးဘုရင္ႀကီးကို အနီးကပ္ၾကည့္လိုက္တယ္။

သူ႔စိတ္ထဲမွာလည္း ေရွာင္လင္းကလွမ္းေျပာတယ္ "ေဝါင္း! သခင္က ဒီလိုမ်ိဳးေတြလည္းေျပာႏိုင္တာပဲ၊ သခင္ေျပာတာေတြက က်ိဳးေၾကာင္းဆီေလ်ာ္သလို ယုံခ်င္စရာလည္းေကာင္းတယ္"

ပိုင္ရန္လည္းစိတ္ထဲကေန ျပန္ေျပာလိုက္တယ္ "ငါအမ်ားႀကီးေျပာၿပီးၿပီ သူငါ့စကားနားေထာင္မွရမယ္၊ သူ႔ရဲ႕ေနာက္ထပ္ႏွစ္တစ္ေထာင္က်င့္ႀကံျခင္းကို သန႔္စင္ျခင္းေဆးလုံးလုပ္ပစ္မွာကို ငါတကယ္လန႔္ေနတာ... အဲ့တာႀကီးကိုေတာ့ မကိုင္တြယ္ႏိုင္ဘူး"

ေရွာင္လင္းခဏေလာက္ ေတြးေတာၿပီးေျပာတယ္ "အစတုန္းကေတာ့ သခင္က သူ႔ရဲ႕ၾကင္နာမႈကို လက္ခံလိုက္ၿပီး အဲ့နည္းနဲ႔ အင္အားႀကီးလာဖို႔ ေမွ်ာ္လင့္ေနတာ၊ ဒါေပမယ့္ သခင္တို႔ႏွစ္ေယာက္ အခ်ိန္ေတြအတူကုန္ဆုံးၿပီးတဲ့အခါ နတ္ဆိုးဘုရင္ႀကီးက လူေကာင္းတစ္ေယာက္ဆိုတာကို ကြၽန္မသတိျပဳမိလာတယ္... သခင္က သူ႔ကို ဦးထုပ္စိမ္းေဆာင္းေပးတယ္၊ သူ႔ေဆးလုံးေတြ ေပးပစ္တယ္ အဲ့လိုလုပ္တာေတာင္မွ သူကခ်ည္းပဲ သခင့္ကိုထပ္တလဲလဲကယ္ေပးေနရတာ၊ ဘယ္ေလာက္ေတာာင္ သနားစရာေကာင္းလိုက္လဲ... သူသာေနာက္ထပ္က်င့္ႀကံျခင္းေဆးလုံးေပးလာခဲ့ရင္ ကြၽန္မဆိုလည္း ဘယ္လိုမွ ၿမိဳက်မွာမဟုတ္ဘူး"

ပိုင္ရန္ "အမွန္ပဲ အာ"

ေရွာင္လင္းက သူ႔အရင္တုန္းကလုပ္ရပ္ေတြကို အက်ဥ္းခ်ဳပ္ေျပာလိုက္ခ်ိန္မွာ သူ႔ကိုယ္သူေတာင္ လူဆိုးေကာင္လို႔ ခံစားမိသြားတယ္။

ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးကို ၾကည့္လိုက္တယ္ "အရွင္ႀကီး?"

နတ္ဆိုးဘုရင္ႀကီးခဏေလာက္ေတြးၿပီးေနာက္ ၿပဳံးသြားတယ္။ "ေကာင္းၿပီ ကိုယ္ေတာ္ မင္းကိုသေဘာတူလိုက္မယ္"

ပိုင္ရန္ေဝခြဲမရျဖစ္သြားတယ္။ နတ္ဆိုးဘုရင္ႀကီးက ဘာေၾကာင့္ၿပဳံးလိုက္မွန္းမသိဘူး။ ကိစၥေတာ့မရွိပါဘူး။ သူသေဘာတူတယ္ဆိုရင္ပဲ အဆင္ေျပၿပီ။

"အိုး ဟုတ္သား အဲ့ငါးေယာက္..." နတ္ဆိုးဘုရင္ႀကီး ထုတ္ေျပာလာတယ္။ [T/N : မၿပီးေသးဘူးလား ကိုယ္ေတာ္ရယ္]

"ကြၽန္ေတာ္သူတို႔ကို ေနာက္ထပ္အိပ္ရာေပၚမွာ မခစားခိုင္းေတာ့ပါဘူး" ပိုင္ရန္ေျပာလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီး ေခ်ာင္းဟန႔္ကာ နား႐ြက္ဖ်ားေလးေတြ နီရဲေနၿပီးေျပာလာတယ္ "မင္း တကယ္လို႔ စိတ္မေက်နပ္ဘူးဆိုရင္လည္း..."

ပိုင္ရန္ျဖတ္ေျပာလိုက္တယ္ "အရွင္ႀကီး အဲ့လိုမဟုတ္ရပါဘူး! ကြၽန္ေတာ္က အဲ့ငါးေယာက္ကို တစ္ခုခုအတည္ျပဳဖို႔ အမိန႔္ေပးလိုက္ရတာပါ... ကြၽန္ေတာ္စိတ္ဆႏၵေက်နပ္ေအာင္လို႔လုပ္ရတာမဟုတ္ပါဘူး၊ ၿပီးေတာ့ သူတို႔ေတြကို အေလးေပးခ်င္တာေၾကာင့္လည္း မဟုတ္ပါဘူး!"

'အရင္ဆုံး ရွင္းေအာင္ေျပာျပလိုက္တာ ပိုေကာင္းမယ္!'

နတ္ဆိုးဘုရင္ႀကီး ခဏေလာက္မင္သက္သြားၿပီး ေျပာလာတယ္ "ဘာကိုအတည္ျပဳခ်င္တာလဲ?"

ပိုင္ရန္ "..."

ဒါႀကီးက ကိုး႐ို႕ကားယားႏိုင္လြန္းတယ္။ 'တကယ္လို႔ ကြၽန္ေတာ္က ေဂးေနလား မေဂးဘူးလားဆိုတာကို အတည္ျပဳခ်င္လို႔ပါလို႔ေျပာရင္ ထ႐ိုက္မွာလား?'

သူခဏေလာက္ အခ်ိန္ဆြဲၿပီးေျပာလိုက္တယ္ "ဒါက ကိုယ္ေရးကိုယ္တာပါ... ကိုယ္ေရးကိုယ္တာ"

ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးအၾကည့္ေတြရဲ႕အဓိပၸါယ္ကို ေကာင္းေကာင္းမျမင္လိုက္ဘူး။

ပိုင္ရန္ မၾကည့္မိေအာင္သာ အၾကည့္ေတြလႊဲေနမိတယ္။

"ေကာင္းၿပီေလ မေျပာခ်င္ဘူးဆိုလည္း မေျပာနဲ႔၊ ဆက္ၿပီး က်င့္ႀကံေန... မင္းရဲ႕ခႏၶာကိုယ္ကို ကာကြယ္၊ ေလွ်ာက္ၿပီး သူမ်ားေတြနဲ႔ အိပ္မေနနဲ႔" ပိုင္ရန္အံ့ဩရေလာက္ေအာင္ကို နတ္ဆိုးဘုရင္ႀကီးက ဖိအားမေပးေတာ့ဘူး။ သူ႔ရဲ႕ေနာက္ထပ္အမိန႔္က "မင္းဆက္ၿပီး ပေရာ္ပရည္လုပ္ေနမယ္ဆိုရင္..."

သူထိုစကားကိုေျပာရင္ လက္ကို႐ိုက္ခ်လိုက္တယ္။ ဒီတစ္ေခါက္က်ေတာ့ က်န္ေနတဲ့ေျခေလးေခ်ာင္းနဲ႔ေက်ာက္စားပြဲေလးေတာင္ ေခ်ာ္ရည္လိုမ်ိဳး အရည္ေပ်ာ္က်သြားေတာ့တယ္။

ဒီ႐ိုက္ခ်က္ႀကီးသာ သူ႔ေခါင္းေပၚက်လာရင္ ဖရဲသီးခြဲသလိုမ်ိဳးျဖစ္ေနေတာ့မွာပဲ။

ပိုင္ရန္ တံေတြးၿမိဳခ်ကာ တုန္တုန္ရီရီနဲ႔ က်ိန္ဆိုလိုက္တယ္ "ကြၽန္ေတာ္ မလုပ္ေတာ့ပါဘူး"

နတ္ဆိုးဘုရင္ႀကီးက ေက်နပ္သလိုအသံျပဳလာတယ္ "ကိုယ္ေတာ့္မွာ လုပ္စရာရွိေသးတယ္၊ မင္းသြားလို႔ရၿပီ"

ပိုင္ရန္ ျမန္ျမန္ဆန္ဆန္ထြက္လာလိုက္တယ္။

ထြက္သြားတဲ့ပုံရိပ္ေလးကို လိုက္ၾကည့္ေနရင္း နတ္ဆိုးဘုရင္ႀကီး ၿပဳံးသေယာင္ေလးျဖစ္သြားတယ္။ သူ႔ရဲ႕ေကြးတက္ေနတဲ့ႏႈတ္ခမ္းေထာင့္ေတြက သူစိတ္ေက်နပ္ေနတာျဖစ္ေၾကာင္းျပသေနတယ္။

"သူဒီေလာက္ ငါ့ကိုစိတ္ပူေနတာေတာင္မွ ငါ့ကိုမႀကိဳက္ဘူးလို႔ေျပာေနတုန္းပဲ၊ လွည့္စားတတ္တဲ့ဟာေလး" နတ္ဆိုးဘုရင္ႀကီး 'ဟြန႔္'ခနဲ႔လုပ္လိုက္တယ္။

ပုံမွန္ျဖစ္စဥ္မွာဆို သာမန္လူတစ္ေယာက္က ကူေကာင္ဆိပ္မိၿပီဆိုရင္ ကုသႏိုင္ေျချမင့္တာေတြ နိမ့္တာေတြအကုန္ သူတို႔ဘာသာရွာေဖြတတ္ၾကတယ္။ အဆိပ္ကိုရွင္းပစ္ႏိုင္ၿပီး က်င့္ႀကံျခင္းကို အားေကာင္းေဆးတဲ့ေဆးလုံးက အတိအက်သူလိုအပ္တာပဲျဖစ္တယ္။ သို႔ေပမယ့္ ရွဲ႕ဇီထ်န္းက အစြမ္းကုန္ျငင္းဆန္ေနေတာ့တာ။ ဘာေၾကာင့္လဲ?

'သူက ငါ့ရဲ႕က်န္းမာေရးကို စိုးရိမ္လို႔ ျငင္းရတာေပါ့' နတ္ဆိုးဘုရင္ႀကီး ေပ်ာ္ေပ်ာ္ႀကီးေတြးပစ္လိုက္တယ္။

ပိုင္ရန္က သူဘယ္လိုလုပ္ေနပါတယ္လို႔ေျပာတယ္ဆိုေတာ့ သူလိုခ်င္တာကို ေပးလိုက္တာက အေကာင္းဆုံးပဲ။ ဟုတ္တယ္ နတ္ဆိုးဘုရင္ႀကီးဆိုေတာ့ ဘ႑ာတိုက္ထဲက ေဆးဝါးသစ္ျမစ္ေတြအားလုံးကို သူ႔ကိုေပးပစ္ႏိုင္တယ္။

သူဘယ္လိုေဆးဆရာမ်ိဳးကို ေ႐ြးျခယ္ထားတာလဲဆိုတာလည္း နတ္ဆိုးဘုရင္ႀကီးမသိရဘူး။ ေတာ္ၾကာ ပိုင္ရန္ရွာထားတဲ့လူေတြက အသုံးမက်ျဖစ္မွာစိုးလို႔ နတ္ဆိုးဘုရင္ႀကီးဘက္က ေဆးဆရာႏွစ္ေယာက္ေလာက္ ထပ္ပို႔ေပးလိုက္တာ ပိုေကာင္းမယ္။

လွည့္စားတတ္တဲ့ဟာေလး ပိုင္ရန္ကေတာ့ ဥယ်ာဥ္ထဲက ထြက္လိုက္တယ္ဆိုရင္ပဲ သူ႔ေျခေထာက္ေတြ ေပ်ာ့ေခြလာတာကို ခံစားလိုက္ရတယ္။

နတ္ဆိုးဘုရင္ႀကီးက မုန္ယိုေနခဲ့တာ။ ပိုင္ရန္လည္း စိတ္ေတြလြတ္ၿပီး ေခါင္းေတြရႈပ္ေနခဲ့တယ္။ အခုသူထြက္လာၿပီး ေသခ်ာျပန္ေတြးၾကည့္ေတာ့မွ တစ္ခုခုလြဲေနတာကို သတိထားမိလိုက္တယ္။

သူအဲ့လူငါးေယာက္နဲ႔ တကယ္တမ္းမအိပ္လိုက္ဘူးဆိုေပမယ့္ အိပ္လိုက္တယ္ဆိုလည္း ဒါက ပုံမွန္ပဲေလ! သူ႔ရဲ႕ကိုယ္ပိုင္ကိုယ္လုပ္ေတာ္ေတြကို ပစားေပးတာဘာျဖစ္လို႔လဲ?

နတ္ဆိုးဘုရင္ႀကီးက စည္းေက်ာ္ၿပီး သူ႔ကိုဆင့္ေခၚတဲ့အျပင္ ၿခိမ္းေတာင္ ၿခိမ္းေျခာက္လိုက္ေသးတယ္?

ေရွာင္လင္းေျပာလာတယ္ "သခင္..."

"ေျပာစရာရွိလို႔လား?"

ေရွာင္လင္းလည္း ဒါေတြကိုေတြးမိသြားပုံေပၚတယ္ "အခုကေလ... ေဖာက္ျပန္ေနတဲ့ဇနီးေတြကို သူတို႔ေယာက်ာ္းေတြက မိသြားသလိုႀကီးျဖစ္ေနတယ္"

"ေပါက္ကရေတြ ေလွ်ာက္မေျပာစမ္းနဲ႔!"

"ကြၽန္မေပါက္ကရေလွ်ာက္ေျပာေနတာမဟုတ္ဘူး၊ သခင္ပဲ နတ္ဆိုးဘုရင္ႀကီးက ဘာလို႔ေဒါသထြက္ရတာလဲဆိုတာ ေမးထားၿပီေတာ့... အခု ကြၽန္မသိသြားၿပီ၊ သခင္က သူ႔ကိုေဖာက္ျပန္ေနတယ္လို႔ ထင္သြားလို႔ေလ... ဒါေပါ့ သူစိတ္ဆိုးမွာေပါ့၊ သူ႔ရဲ႕တျခားအရာေတြကို ကိုင္တြယ္ေျဖရွင္းတဲ့အခါ ရက္စက္ၿပီး မညႇာတာတတ္တာကို ေတြးၾကည့္လိုက္မယ္ဆို သခင့္ကို အဲ့ေနရာမွာတင္မသတ္လိုက္တာကပဲ ေတာ္ေတာ္ေလး အေမးဇင္းျဖစ္ေနရၿပီ"

ပိုင္ရန္ "..."

ပိုင္ရန္ သစၥာေဖာက္ခံရသလို ခံစားလိုက္ရတယ္ "ငါကဘယ္တုန္းက သူ႔မိန္းမျဖစ္သြားတာလဲ? မဟုတ္ဘူး ဒီလိုမ်ိဳးငါတို႔ၾကားထဲမွာ ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး! ငါတို႔က ခ်စ္သူေတြေတာင္ မဟုတ္ေသးတာကို သူကဘာလို႔ ဒီလိုႀကီးေတြ လုပ္ေနရတာလဲ?"

"ဒါေပမယ့္ သခင္က သူ႔ကိုႀကိဳက္ေနတယ္လို႔ ထင္ေနၿပီး သခင့္ရဲ႕ခံစားခ်က္ကို လက္ခံေပးဖို႔ေတာင္ ဆုံးျဖတ္ထားတာေလ၊ သူ႔အတြက္ သခင္က ဇနီးျဖစ္လာမယ့္သူေလ"

"ဘာလို႔ မင္းက ငါ့ကိုခ်ည္းပဲ ဇနီးလို႔ေျပာေနရတာလဲ? ငါက ေယာက်ာ္းေရာျဖစ္လို႔မရဘူးလား?" ပိုင္ရန္ ႀကိဳးစြန္းမွာေရာက္ေနသလိုျဖစ္ေနတယ္။

"သခင္တို႔ႏွစ္ေယာက္သာဆိုရင္ေတာ့ သခင္က ဇနီးပဲျဖစ္လို႔ရမယ္" ေရွာင္လင္းက ရက္စက္စြာခ်က္က်လက္က်ေထာက္ျပလိုက္တယ္။

ပိုင္ရန္ မရႈႏိုင္မကယ္ႏိုင္ ေဒါသေတြထြက္ၿပီး ဒါကိုလက္မခံဘူး "ငါသူ႔ကို မႀကိဳက္ဘူး"

ပိုင္ရန္ သူနဲ႔နတ္ဆိုးဘုရင္ႀကီးရဲ႕ ဆက္ဆံေရးကိုစိတ္ကူးယဥ္ၾကည့္ဖူးတယ္။ သူ႔ရဲ႕ခႏၶာကိုယ္က နတ္ဆိုးဘုရင္ႀကီးရဲ႕အထိအေတြ႕ေၾကာင့္ တုန႔္ျပန္ခဲ့တယ္။ ၿပီးခဲ့တဲ့တစ္ေခါက္ျဖစ္ရပ္ၿပီးေနာက္ မေရမရာျဖစ္ေနတာေတြက အျမန္ႏႈန္းနဲ႔ကို ေမွးမွိန္လာတယ္။

ေၾကာက္ဖုတ္ေကာင္းလိုက္ထွာ။

'ၾကည့္ေကာင္းတဲ့ပုံနဲ႔ ႀကီးျပင္းလာရေတာ့ေရာ ဘာေကာင္းလို႔လဲ? ရာထူးျမင့္ေတာ့ေရာ ဘာသုံးလို႔ရလဲ? ၾကည့္ေကာင္းတာက စားလို႔မွမရတာကို'

အဲ့လိုလူမ်ိဳးကို လက္ထပ္ၿပီး ကိုယ့္ရဲ႕အိမ္ေထာင္ဖက္အေနနဲ႔ထားတာက ေသမင္းကိုေန႔တိုင္းရင္ဆိုင္ေနရသလို ျဖစ္ေနလိမ့္မယ္။ အဲ့တာမေျပာနဲ႔အုံး ပိုင္ရန္ဆို ခင္ပြန္းသည္ေတာင္မျဖစ္ႏိုင္ေတာ့ဘူး! သူအဖိခံရၿပီး မေသမရွင္ျဖစ္ရလိမ့္မယ္။

သူမလုပ္ႏိုင္ဘူး! အဲ့လိုလူမ်ိဳးကို ေသခ်ာေပါက္ လက္မထပ္ႏိုင္ဘူး!

သူ႔ရင္ထဲမွာ နတ္ဆိုးဘုရင္ႀကီးကို သူခ်စ္လို႔မရႏိုင္တဲ့လူစာရင္းထဲမွာ ပိုင္ရန္ထည့္ထားလိုက္တယ္။

"သခင္ ဒီလိုအရာမ်ိဳးေတြဆိုတာ သခင့္စိတ္တိုင္းက်တစ္ေယာက္တည္း ေျပာင္းလဲလို႔ရမယ္လို႔ေတာ့ မထင္ဘူးရယ္၊ နတ္ဆိုးဘုရင္ႀကီးက သခင္သူ႔ကိုႀကိဳက္ေနတယ္လို႔ ယုံၾကည္ေနတာ... ၿပီးေတာ့ သူကလည္း သခင့္ကိုႀကိဳက္ေနပုံရတယ္၊ သခင္သူ႔ဆီကေန ေရွာင္ေျပးလို႔မရဘူး"

ပိုင္ရန္သူ႔စိတ္သူထိန္းေနရတယ္။

"ၿပီးေတာ့ တခ်ိဳ႕အရာေတြက ကြၽန္မေျပာသင့္လားဆိုတာေတာ့ သိပ္မေသခ်ာဘူး" ေရွာင္လင္းေျပာလိုက္တယ္။

"ေျပာၾကည့္ေလ" ပိုင္ရန္ေထာက္ေပးလိုက္တယ္။

"ဒါကိုၾကည့္ရတဲ့ပုံအရဆို နတ္ဆိုးဘုရင္ႀကီးက အထူးေတာင္းဆိုခ်က္ေတြ လုပ္လာမယ္လို႔ထင္တယ္"

"ဘယ္လိုေတာင္းဆိုခ်က္ေတြလဲ?" ပိုင္ရန္မ်က္ေမွာင္ၾကဳတ္ေနတယ္။

"ဥပမာဆိုရင္..."

"ဥပမာဆိုရင္?"

"ဥပမာဆိုရင္ နမ္းၾကတာတို႔ ခ်စ္တင္းေႏွာတာတို႔..."

ပိုင္ရန္ "..."

ပိုင္ရန္ မိုးေပၚကေန မိုးႀကိဳးလွမ္းပစ္ခ်လိုက္သလို ခံစားလိုက္ရၿပီး ေတာင့္ေတာင့္ႀကီးျဖစ္ေနတယ္။

WTF!

WTF! WTF! WTF!

ေရွာင္လင္းသာမေျပာရင္ သူေမ့ေတာ့မလို႔။ အရင္တုန္းက နတ္ဆိုးဘုရင္ႀကီး နားလည္မႈလြဲေနတာကို ေရးႀကီးခြင္က်ယ္မလုပ္ျဖစ္ဘူး။ နတ္ဆိုးဘုရင္ႀကီးရဲ႕အကူအညီေအာက္မွာ ဟန္ေဆာင္ပန္ေဆာင္နဲ႔ ဇာတ္လိုက္ကို ကူညီ​ေပးႏိုင္မယ့္ အခြင့္အေရးကို ရႏိုင္မွာေၾကာင့္ျဖစ္တယ္။ အခုက်ေတာ့ ေရွာင္လင္းသတိေပးလာေတာ့မွ နတ္ဆိုးဘုရင္ႀကီးအဲ့လိုေတြ အမိန႔္ခ်လာမယ္ဆိုရင္ ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကို ေတြးေနမိေတာ့တယ္။

မဟုတ္ေသးဘူး နတ္ဆိုးဘုရင္ႀကီးနဲ႔ ေနာက္က်ေတာ့မွ ဒီကိစၥေတြကိုေျဖရွင္းရမယ္။

ဒါေပမယ့္လည္း သူနည္းနည္းေတာ့ေၾကာက္တယ္။ သူ႔ေရွ႕မွာတင္ နတ္ဆိုးဘုရင္ႀကီးက သူဘာမွမေျပာႏိုင္ဘဲ ေၾကာက္သြားေလာက္တဲ့ထိကို စားပြဲရဲ႕ေျခေလးေခ်ာင္းလုံးကို ႐ိုက္ခ်ိဳးျပသြားတာေလ။ သူသာေျပာလိုက္ရင္ သူလည္း တစ္ခ်က္စာအဖြဲ႕ထဲပါသြားမွာ ေၾကာက္ေနတယ္။

အရင္ဆုံးသူ႔ရဲ႕အိမ္ေတာ္ကို ျပန္သြားလိုက္တယ္။ နတ္ဆိုးဘုရင္ႀကီးကို ရန္စမိသလိုလည္းမျဖစ္ေအာင္ ဘယ္လိုပညာသားပါပါနဲ႔ျငင္းရမလဲဆိုတာ စိတ္ပူေနတုန္း အိမ္ေတာ္ထိန္းက နတ္ဆိုးဘုရင္ႀကီးပို႔ေပးလိုက္တဲ့ဆုလာဘ္တစ္ခုေရာက္ေနေၾကာင္း ေျပာလာတယ္။

"ဆုလာဘ္?" ပိုင္ရန႔္မ်က္ႏွာ ျဖဴေရာ္သြားတယ္။ "ဘာဆုလာဘ္လဲ?"

အေနာက္ပိုင္းနတ္ဆိုးအရွင္တိုက္ပြဲၿပီးတုန္းက ဆုလာဘ္ကရၿပီးေနၿပီမဟုတ္လား? စတိုခန္းထဲမွာေတာင္ အဲ့ဒီ့ေ႐ႊေတြ ေငြေတြက ေတာင္ပုံရာပုံႀကီးရွိေနေသးတာ။ ၿပီးေတာ့ နတ္ဆိုးဘုရင္ႀကီးပို႔ေပးလိုက္တဲ့အမ်ိဳးသမီး ခ်င္းဟယ္ေတာင္ သူ႔အတြင္းေဆာင္ထဲမွာရွိေနေသးတယ္။ အခုေနာက္ထပ္ ဆုလာဘ္ထပ္ေရာက္လာတာက?

တြန႔္ဆုတ္စြာနဲ႔ သူ႔ရဲ႕အေရွ႕ၿခံဝင္းကိုေရာက္တဲ့အခါ ေသတၱာပုံးေတြအမ်ားႀကီးရွိေနတာ ေတြ႕လိုက္ရတယ္။ ေသတၱာပုံးေတြေနာက္မွာ အညိဳေရာင္ဝတ္႐ုံနဲ႔လူႏွစ္ေယာက္ရပ္ေနၾကတယ္။ သူတို႔က ပိုင္ရန႔္ကိုျမင္ေတာ့ တေလးတစားေျပာလာတယ္ "အရွင္ရွဲ႕"

"မင္းတို႔က..." 'နတ္ဆိုးဘုရင္ႀကီးေရ ဘာေတြျဖစ္ေနတာလဲ? ကြၽန္ေတာ့္ရဲ႕အိမ္ေတာ္ေလးကို လူေတြနဲ႔ ႁပြတ္သိပ္ေနေအာင္ အၿမဲလုပ္ေနတယ္!'

အညိဳေရာင္ဝတ္႐ုံနဲ႔လူႏွစ္ေယာက္က အသက္ႀကီးၿပီး သိမ္ေမြ႕တဲ့ပုံေပၚတယ္။ သူတို႔ထဲက တစ္ေယာက္ကေျပာတယ္ "ကြၽန္ေတာ္တို႔ေတြက အရွင္ႀကီးပို႔ေပးလိုက္တဲ့ေဆးလုံးဆရာေတြပါ ကြၽန္ေတာ့္နာမည္ က်ဴးမီပါ"

ေနာက္တစ္ေယာက္က "ကြၽန္ေတာ့္နာမည္ က်ဴးရွင္းပါ"

က်ဴးမီလက္ကိုေျမႇာက္ၿပီး သူတို႔ပတ္လည္က ပုံးေတြကို လက္ဟန္ျပလိုက္တယ္။ "ဒါေတြက အရွင္ႀကီးက အရွင့္ကိုခ်ီးျမႇင့္လိုက္တဲ့ ဝိဉာဥ္စြမ္းအင္ျပည့္တဲ့ အပင္ေတြနဲ႔ ပစၥည္းေတြပါ အရွင္ရွဲ႕... ကြၽန္ေတာ္တို႔ေတြက အရွင့္အတြက္ သန႔္စင္ေဆးလုံးေတြေဖာ္ေပးဖို႔ ေရာက္လာတာပါ"

က်ဴးရွင္းကလည္းေျပာတယ္ "စိတ္ေအးေအးသာေနပါ အရွင္ရွဲ႕ ကြၽန္ေတာ္တို႔ေတြက သခင္ႀကီးတ်န္းက်ဴဆီမွာ ႏွစ္ေပါင္းမ်ားစြာ သင္ၾကားလာခဲ့တဲ့ေက်ာင္းသားေတြပါ၊ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတူ သန႔္စင္ေဆးလုံးေဖာ္တဲ့ အေတြ႕အႀကဳံေတြအမ်ားႀကီးရွိပါတယ္... ကြၽန္ေတာ္တို႔ ေဆးလုံးေဖာ္တဲ့အခါ ေသခ်ာေပါက္အေလအလြင့္မရွိေအာင္လုပ္ပါ့မယ္"

[Kay : ေပ်ာ္သြားတယ္မွတ္လား အရွည္ႀကီးပဲေနာ္၊ တမုန္းေရးလိုက္ရတယ္ကြယ္ ဒါေပမယ့္ နတ္ဆိုးဘုရင္ႀကီးရဲ႕ ခ်စ္စရာေကာင္းမႈႀကီးေတြကိုျမင္ရေတာ့ ေညာင္းရတာတန္ပါတယ္]


_______________________________________

{Unicode}

ပိုင်ရန် ကောင်းကင်ကြီးကိုတောင် ကျိန်ဆိုပြီးပြောရတယ် "တကယ်ပါ၊ ဒီ့ထက်ပိုပြီး အလေးအနက်တောင် ထပ်မပြောနိုင်တော့ပါဘူး!"

နတ်ဆိုးဘုရင်ကြီးက ထပ်မေးတယ် "မင်းက လူတွေကို အိပ်ရာထဲလာဖို့ခေါ်လိုက်ပေမယ့် ဘာမှတော့မလုပ်ဘူးပေါ့?"

"ဘာမှမလုပ်ပါဘူး၊ ဘာဆိုဘာမှမလုပ်ပါဘူး! ကျွန်တော် တကယ်ဘာမှကိုမလုပ်တာပါ!" ပိုင်ရန် အသည်းအသန်ငြင်းတော့တယ်။

"မင်းက ကိုယ်တော့်ကို ယုံကြည်စေချင်နေတာလား?" နတ်ဆိုးဘုရင်ကြီး အေးစက်စွာရယ်မောလိုက်တယ်။ "မင်းက သူတို့နဲ့တော့မအိပ်ဘူး ဒါပေမယ့် ကြည့်ရတာတော့ တခြားတစ်ခုခုလုပ်နေပုံရတယ်လို့ ချင်းဟယ်ပြောတယ်"

ခဏလောက်ရပ်သွားပြီး မည်းမှောင်နေတဲ့ပုံကြီးနဲ့ သူဆက်ပြောတယ် "မင်းဘာလုပ်တာလဲဆိုတာ ကိုယ်တော့်ကိုပြောပြနိုင်မလား?"

ချင်းဟယ်!

သူလျိုမ!

နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို ပြင်းပြင်းထန်ထန်စိစစ်မေးမြန်းနေတာကြောင့် ပိုင်ရန်ခမျာ သူ့စကားအတိုင်းလိုက်လုပ်ပေးနေရတော့တယ်။ နတ်ဆိုးဘုရင်ကြီးမှာ သူ့ကိုဒီလိုမေးခွန်းထုတ်စရာအကန့်မရှိဘူးဆိုတာကို သူထုတ်ပြောဖို့တောင် မေ့လျော့နေတယ်။ အဲ့အစား သူတုန်တုန်ရီရီနဲ့ရှင်းပြပေးလိုက်တယ် "ကျွန်တော်ကဒီတိုင်း သူတို့ကို... သူတို့ကို..."

ပိုင်ရန်က ဆက်ပြောဖို့ကို အလွန်အမင်းရှက်ရွံနေတာကိုတွေ့တော့ နတ်ဆိုးဘုရင်ကြီး လက်ကိုဝေ့ယမ်းပြီး ဥယျာဉ်ကြီးထဲက သူတို့ဘေးနားကနေရာမှာ အပေါက်ကြီးဖြစ်သွားအောင် လုပ်ပစ်လိုက်တယ်။ "ပြောလေ!"

ထိတ်လန့်စရာအပြုအမူကိုမြင်လိုက်ရတော့ ပိုင်ရန်ကြောက်ရွံ့သွားပြီး သက်ညှာပေးဖို့မျှော်လင့်ရင်း ဝန်ခံလိုက်တယ် "ကျွန်တော် သူတို့ကို ဒီတိုင်း နည်းနည်းလေး ထိခိုင်းတာပါ..."

"မင်းရဲ့ဘယ်နေရာကို ထိခိုင်းတာလဲ?" နတ်ဆိုးဘုရင်ကြီးမျက်လုံးထဲမှာ ဒေါသတွေပြည့်နှက်နေပြီ။

"ရင်ဘတ်ကိုပါ..." ပိုင်ရန်သူ့ကိုယ်သူ အလွန့်အလွန်သေးငယ်သွားသလိုတောင် ခံစားနေရတယ်။

"မင်းအဝတ်တွေကို ချွတ်လား?" နတ်ဆိုးဘုရင်ကြီးရဲ့ဒေါသကလည်း အလွန့်အလွန်ကြီးထွားလာပုံရတယ်။

"...ကျွန်တော်တို့ ကျွန်တော်တို့ အဝတ်တွေကို ချွတ်ပါတယ်..." ပိုင်ရန်သူ့ကိုယ်သူ ကျုံ့ပြီးနေနေလိုက်တယ်။ သူ့ကြည့်ရတာ ဒေါသထွက်နေတဲ့နဂါးကြီးရဲ့ဒေါသတွေ ပေါက်ကွဲထွက်မလာခင် ကိုယ်ကိုတတ်နိုင်သမျှ ကျုံ့ထားတဲ့ တိရိစ္ဆာအသေးလေးတစ်ကောင်နဲ့တူနေတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ဒေါသက ဆက်လက်မြင့်တက်နေပြီး နှုတ်ခမ်းထောင့်ကို ခပ်တင်းတင်းလုပ်လိုက်တာကြောင့် သွားဖြူဖြူကြီးတွေပေါ်လာတယ်။ "ကိုယ်တော့်ကိုပြော၊ အတိအကျ... ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ အားလုံးကို၊ လာခဲ့ ကိုယ်တော့်ကို သရုပ်ပြပေး"

ပိုင်ရန်မျက်လုံးတွေ ပြူးကျယ်သွားတယ်။ "သရုပ်ပြပေးရမယ်? ဘာကို သရုပ်ပြပေးရမှာပါလဲ?"

"မင်းက ကိုယ်လုပ်တော်လုပ်၊ ကိုယ်တော်က မင်းလုပ်မယ်... အခု သူမင်းကို ဘယ်လိုမျိုးဖြားယောင်းတယ်ဆိုတာကို အတိအကျသရုပ်ပြပေး" [T/N : ကိုယ်တော့်ကို မနိုင်တော့ဘူး၊ နှစ်ခါခွဲသယ်ရမယ်]

ပိုင်ရန် "... ကျွန်တော် မလုပ်ချင်ပါဘူး အရှင်ကြီး"

"မြန်မြန်!" နတ်ဆိုးဘုရင်ကြီးက လက်ထဲမှာ စွမ်းအင်တွေ စုစည်းပြီးပြောလိုက်တယ်။

ပိုင်ရန်ကြောက်လန့်သွားပြီး စိတ်ပိုင်းဖြတ်ကာပြောလိုက်တယ် "ကောင်းပါပြီ ကျွန်တော်စပြီးသရုပ်ပြပါတော့မယ်!"

သူ့အဝတ်တွေကိုစတင်ပြီး ဟိုရွေ့ဒီရွေ့လုပ်လိုက်ပေမယ့် ဒီတစ်ခေါက်က ကိုယ်တစ်ပိုင်းပဲချွတ်ရသေးတာတောင် သူရှက်သလိုခံစားလာရတာကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေက နှေးကွေးလာတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေက သူ့ကိုကြည့်ရင်း ငြီးငွေ့နေသလိုပုံဖြစ်နေပေမယ့် သူရပ်သွားတာလည်းမြင်ရော လက်ထဲမှာ စွမ်းအင်တွေ ထပ်စုလိုက်ပြန်တယ်။

ပိုင်ရန်နောက်ထပ်တစ်ကြိမ် ထပ်ချွတ်လိုက်ချိန်မှာ သူ့ရဲ့ဖြူဖွေးနေတဲ့အပေါ်ပိုင်း ကိုယ်လုံးလေးပေါ်ထွက်လာတယ်။

"မင်းရဲ့ဘောင်းဘီတွေကရော?"

ပိုင်ရန်ခေါင်းကို ပလုပ်တုပ်တစ်ခုလိုခါရမ်းပြီးပြောလိုက်တယ် "ကျွန်တော်ဘယ်တုန်းကမှ ဘောင်းဘီမချွတ်ပါဘူး"

တကယ်တော့ အဲ့အချိန်တုန်းက သူကိုယ်တုံးလုံးဖြစ်နေဖူးတာတောင်ရှိခဲ့ပေမယ့် ဒီလိုဟာလာဟင်းလင်းနေရာကြီးမှာ ကိုယ်တုံးလုံးချွတ်ရမှာတော့ သူရှက်တာကြောင့် လိမ်ပြောလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးကတော့ ကျေနပ်သွားပုံရတယ်။ သူကသဘောတူသလိုလေသံနဲ့ ပိုင်စိုးပိုင်နင်းပြောလာတယ် "ပြီးတော့ရော သူဘာလုပ်လဲ? ဆက်လေ"

နတ်ဆိုးဘုရင်ကြီးက သူလိမ်တာကို မသိလိုက်ဘူးပဲ။ ပိုင်ရန်တိုးတိုးတိတ်တိတ် သက်ပြင်းရှိုက်လိုက်တယ်။

သူခဏလောက် တွန့်ဆုတ်နေပြီး နတ်ဆိုးဘုရင်ကြီးကလည်း သူ့ကိုပဲစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူတကယ့်ကို ဖြေးဖြေးချင်းလျှောက်သွားပြီး နတ်ဆိုးဘုရင်ကြီးရဲ့အပြင်ဝတ်ရုံကို လက်လှမ်းလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက ရပ်နေဆဲဖြစ်ပြီး ပိုင်ရန့်ကို တစ်ခွန်းမှမပြောဘဲစိုက်ကြည့်နေတယ်။

ဒီလိုမျိုးအားကြီးနဲ့စိုက်ကြည့်နေတာကြောင့် ပိုင်ရန်ပိုပြီးတော့တောင် စိတ်ဖိစီးလာတယ်။ သူ့ကိုယ်သူအားတင်းပြီး နတ်ဆိုးဘုရင်ကြီးရဲ့အပြင်ဝတ်ကို တုန်ရီနေတဲ့လက်ချောင်းတွေနဲ့ ချွတ်လိုက်တယ်။ အဲ့လိုလုပ်လိုက်တာက နတ်ဆိုးဘုရင်ကြီးရဲ့ရင်ဘတ်ပေါ်ကနေ သေးငယ်ပြီးတုန်ရီနေတဲ့မြွေတွေ လျှောဆင်းသွားသလိုဖြစ်နေတယ်။

နတ်ဆိုးဘုရင်ကြီး အသက်တောင် တစ်ချက်အောင့်မိသွားတယ်။ [T/N : အဟမ်း သရုပ်ပြနေတာနော်]

"အရှင်ကြီး?" ပိုင်ရန်ရပ်လိုက်ပြီး စူးစမ်းသလိုလေး မော့ကြည့်လိုက်တယ်။

"ကိုယ်တော့်ကို ဘာလို့လာကြည့်နေတာလဲ? ဆက်လုပ်လေ" နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။

ပိုင်ရန်ရွေးခြယ်စရာမရှိတော့ဘဲ သူ့အဝတ်တွေကို ဆက်ချွတ်နေရတယ်။ နတ်ဆိုးဘုရင်ကြီးရဲ့အဖြူရောင်ကြားခံအဝတ်ကို မြင်လိုက်ချိန်မှာ သူ့ကိုမလေးစားသလိုလုပ်မိမှာစိုးတာကြောင့် နောက်တစ်ခေါက်ရပ်လိုက်ပြန်တယ်။

"မရပ်နဲ့" နတ်ဆိုးဘုရင်ကြီးရဲ့အသံက အေးစက်နက်ရှိုင်းနေတယ်။

ဥယျာဉ်လေးက ငြိမ်းချမ်းတိတ်ဆိတ်နေတာပဲ။ တာဝန်ကျသူတွေကိုလည်း အဝေးပို့ထားတော့ သူတို့နှစ်ယောက်တည်းရှိနေတယ်။

နတ်ဆိုးနယ်မြေမှာ တိုက်ခတ်တဲ့လေတွေက အေးတာကြောင့် ပိုင်ရန့်အရေပြားပေါ်မှာ ကြက်သီးထနေတာလေးတွေကိုတောင် မြင်နေရပြီ။

"အရှင်ကြီး" သူနောက်တစ်ကြိမ်သတ္တိမွေးပြီး ပြောလိုက်တယ် "ကျွန်တော်တို့ ရှေ့မဆက်သင့်တော့ပါဘူး၊ ဒါကမသင့်လျော်..."

နတ်ဆိုးဘုရင်ကြီး သူ့ကိုစိုက်ကြည့်ရင်းပြောလိုက်တယ် "ဆက်လုပ်"

သူ့အကြည့်တွေက ပိုင်ရန့်ကို မသက်မသာဖြစ်စေတယ်။

အကူအညီမဲ့စွာ မဝံ့မရဲနဲ့နတ်ဆိုးဘုရင်ကြီးရဲ့ ကြားခံဝတ်ရုံလေးကို ချွတ်လိုက်ရတယ်။

ပိုင်ရန်ထင်ထားတာနဲ့ ကွဲပြားစွာ ကျစ်လျစ်သန်မာတဲ့ရင်ဘတ်ကြီးပေါ်ထွက်လာတယ်။ တကယ်ကိုပဲ အရေပြားတစ်လက်မချင်းစီတိုင်းကကို တောင့်တင်းပြီး ကြွက်သားအပြိုင်းပြိုင်းထနေတာကြောင့် ကြိုးစားလုပ်ဆောင်ထားမှန်းသိသာတယ်။

ပိုင်ရန်စက္ကန့်ပိုင်းလောက် မနာလိုဝန်တိုဖြစ်သွားပြီး လက်ကိုဆန့်ထုတ်ကာ အဲ့တာတွေက ပျော့လား မာလားဆိုတာကို စမ်းကြည့်ချင်စိတ်ဖြစ်လာတယ်။

ဒါပေါ့ သူအဲ့တာကို စိတ်ထဲမှာပဲတွေးရဲတယ်။

"ပြီးတော့ရော?"

အက်ရှရှအသံကြောင့် ပိုင်ရန်သူ့လက်အခြေအနေကို သူပြန်ထိန်းနိုင်သွားတယ် "အရှင်က ဆက်ချင်သေးတာလား?"

နောက်ပိုင်းတွေက ကလေးတွေအတွက် မသင့်တော်တော့ဘူးလေ။

"ဒါပေါ့" နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။

ပိုင်ရန် စိတ်ထဲမှာတော့ '囧'မျက်နှာကြီးဖြစ်နေပြီး ကျောက်တုံးတစ်တုံးနဲ့ ခပ်မာမာအရာတစ်ခုကြား ညပ်နေသလို ခံစားရတယ်။ အဆုံးမှာ သူတွေးလိုက်တယ် 'ခင်ဗျားကြီးက ကျွန်တော့်ကို လာထိခိုင်းတာနော် ကျွန်တော် စိတ်ပါလို့မဟုတ်ဘူး၊ ခင်ဗျားဘာသာ မတော်မရော်တွေကို လာလုပ်ခိုင်းတာ'

ရင်ထဲမှာတော့ ပရမ်းပတာတွေဖြစ်နေပြီး လက်ကိုဆန့်ထုတ်ကာ နတ်ဆိုးဘုရင်ကြီးရဲ့ မွေးချင်းညီလေးကို လှမ်းကိုင်လိုက်တယ်။ အဲ့နောက် သူ့ရဲ့ကိုယ်လုပ်တော်လိုလေသံမျိုးနဲ့ 'သခင် သခင်ကအရမ်းကို အထင်ကြီးလောက်စရာပါပဲ~"

ပိုင်ရန်လက်မြှောက်ကာ နောက်တစ်လှမ်းဆုတ်ပြီးပြောလိုက်တယ် "အဲ့လိုပါပဲ၊ အဲ့တာဖြစ်စဉ်အကုန်ပါ... အဲ့လိုပြီးတာနဲ့ သူတို့တွေကို မောင်းထုတ်တာပါပဲ တကယ်ကို ဘာမှဆက်မဖြစ်ပါဘူး"

နတ်ဆိုးဘုရင်ကြီး မလှုပ်မယှက်သာနေနေတယ်။

"အရှင်ကြီး?" ပိုင်ရန် တအံ့တဩနဲ့ ခေါင်းလေးစောင်းပြီး လှမ်းခေါ်လိုက်တယ်။

နတ်ဆိုးဘုရင်ကြီးရင်ဘတ်က အသက်ပြင်းပြင်းရှုနေသလိုမျိုး မြင့်လာလိုက် အပြင်းအထန်ပြန်နိမ့်သွားလိုက် အကြိမ်အနည်းငယ်ဖြစ်သွားတယ်။ မကြာခင် သူစိတ်ပြန်ထိန်းပြီး တည်ငြိမ်စွာပြောလိုက်တယ် "မင်းက စဉ်းစားတတ်သားပဲ"

ပိုင်ရန် "ကျွန်တော့်ကို ယုံပါပြီလား?"

နတ်ဆိုးဘုရင်ကြီး ဘာမှတော့မပြောပေမယ့် ယုံကြည်ကြောင်း အသံလေးပဲပြုလိုက်တယ်။ အဲ့နောက် သူ့နားရွက်တွေ နီရဲနေတာကို ပိုင်ရန်သတိပြုမိသွားတယ်။

သူရှက်နေတာလား?

ပိုင်ရန် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်နေတယ်။

"ကိုယ်တော်မင်းကို ယုံတယ်"

ပိုင်ရန်တစ်ယောက် စိတ်အေးသွားလို့ သက်ပြင်းတောင်မချရသေးခင် နတ်ဆိုးဘုရင်ကြီးက ရင့်ရင့်သီးသီးထပ်ပြောလိုက်တယ် "မင်းလျှောက်ပြီး အိပ်နေလို့ကတော့ ဘယ်သူကြီးပဲဖြစ်နေနေ ကိုယ်တော်သူ့ကို တစ်စစီဆွဲဖြဲပစ်မှာ!"

ပိုင်ရန်သူ့ကို နှစ်သိမ့်လိုက်တယ် "အရှင်ကြီး ဒီအစေခံက ဒီလိုမျိုးတွေမလုပ်နိုင်ပါဘူး..."

နတ်ဆိုးဘုရင်ကြီး နည်းနည်းတော့စိတ်ကျေနပ်သွားတယ်။ သူ့အဝတ်တွေကို ပြန်ဝတ်ပြီးပြောလာတယ် "လော့ကျန်းဖန်က ကူကောင်ကိုမွေးခဲ့တဲ့တစ်ယောက်ကို သတ်ပြီးသွားပြီ၊ မင်းစိတ်ပူစရာမလိုတော့ဘူး"

ပိုင်ရန် အံ့ဩတကြီးဖြစ်သွားတယ်။ နတ်ဆိုးဘုရင်ကြီးက ဒီအကြောင်းကို တချိန်လုံးတွေးနေတာလား?

နတ်ဆိုးဘုရင်ကြီးကပြောတယ် "ကုသဖို့အတွက်လည်း ကိုယ်တော်လူတွေလွှတ်ပြီး ရှာခိုင်းထားတယ်၊ မကြာခင် အကြောင်းပြန်စာတစ်ခုတော့ ရလာလိမ့်မယ်လို့ ကိုယ်တော် ယုံတယ်... အဲ့တာကြောင့် မင်းစိတ်အေးလက်အေးနားနေ"

ပိုင်ရန့်အမူအယာတွေက ရောထွေးလို့နေတယ်။ နတ်ဆိုးဘုရင်ကြီးက သူ့ထဲမှာရှိနေတဲ့ကူကောင်ကို ဒီလောက်အရမ်းဂရုစိုက်နေလိမ့်မယ်လို့ သူထင်မထားဘူး။ ပိုင်ရန့်ထက်တောင်မှ ပိုပြီးပူပန်ပေးနေသေးတယ်။

"ကျေးဇူးတင်ပါတယ်၊ အရှင်ကြီး" သူရိုးသားစွာ ပြောလိုက်တယ်။

"ကိုယ်တော့်ရဲ့ကျင့်ကြံခြင်းတွေကို သုံးထားရတာဆိုတော့ အခုချိန်မှာ အညစ်အကြေးကင်းဆေးလုံးတော့ပေးနိုင်အုံးမှာမဟုတ်ဘူး... နောက်တော့မှ ကိုယ်တော်မင်းအတွက် တစ်လုံးပေးမယ်..." နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။

ပိုင်ရန်စိုးထိတ်သွားပြီး လွှတ်ခနဲပြောမိသွားတယ်။ "အရှင်ကြီး မလုပ်သင့်ပါဘူး!"

သူ့ရဲ့ကန့်ကွက်သံက ဟိန်းဟောက်သလိုမျိုး ကျယ်လောင်သွားတာကြောင့် နားကွဲလုမတတ်ဖြစ်သွားတယ်။ ဥယျာဉ်အပြင်မှာ ရပ်နေကြတဲ့တာဝန်ကျသူတွေတောင် တုန်သွားပြီး သူတို့ဘက်ကို လှမ်းကြည့်လာတယ်။

နတ်ဆိုးဘုရင်ကြီးကလည်း ပိုင်ရန့်ရဲ့ဒီလိုမျိုး အကြီးအကျယ်တုန့်ပြန်မှုကို မျှော်လင့်မထားတဲ့ပုံပဲ။ သူ့အမူအယာက နည်းနည်းမည်းမှောင်သွားတယ် "အဝတ်တွေပြန်ဝတ်ထား!"

နဂိုတည်းက အဝတ်တွေပြန်ဝတ်ဖို့တွေးနေတဲ့ ပိုင်ရန်က သူ့ရဲ့အပြင်ဝတ်ရုံကို ပုခုံးပေါ်ခြုံထားလိုက်တယ်။

"မင်းက ကိုယ်တော့်ကို မလျော်မကန်လုပ်ရဲတယ်?"

သူ့ရဲ့နှစ်ထောင်ပေါင်းများစွာနေလာခဲ့တဲ့အတောအတွင်း ပိုင်ရန်ကသူ့ကိုအော်ဖူးတဲ့ ပထမဆုံးလူဖြစ်နေမလား?

ပိုင်ရန် "..."

'ငါခုလေးတင် နတ်ဆိုးဘုရင်ကြီးကို အော်မိသွားတာလား? စာအုပ်ထဲကမှ အကြီးဆုံးဗီလိန်ကြီးကိုလေ?'

ပိုင်ရန် နောက်ပြန်ဆုတ်လိုက်တယ် "အရှင်ကြီး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... အရှင်ကြီးရဲ့ကျင့်ကြံခြင်းဆေးလုံးတွေကို ကျွန်တော့်ကြောင့်နဲ့ မဖြုန်းတီးလိုက်ပါနဲ့၊ ကျွန်တော့်အတွက် အညစ်အကြေးသန့်စင်ဆေးလုံးတစ်လုံးလုပ်ပေးဖို့ ဆေးလုံးဖော်တဲ့ဆရာတွေကို တောင်းဆိုပြီးသွားပါပြီ!"

ခဏလောက်အရဲစွန့်ကာ ပိုင်ရန်ခေါင်းကိုအလုပ်ပေးလိုက်တော့ ဆင်ခြေတစ်ခုရလာတယ်။

"ဆေးလုံးဖော်တဲ့ဆရာတွေ?" နတ်ဆိုးဘုရင်ကြီး နှာခေါင်းရှုံ့လိုက်တယ်။ "သူတို့ဆေးလုံးတွေက ကိုယ်တော့်ဟာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?"

"ကျွန်တော် ဆယ်ယောက်တောင်ရှာထားတာပါ!" ပိုင်ရန် အလွယ်ဆုံးလိမ်လို့ရမယ့်စကားလုံးတွေနဲ့ ဆက်ပြီးပြောလိုက်တယ် "အရှင့်လိုမျိုး တူညီတဲ့အရည်အသွေးရှိတဲ့ အညစ်အကြေးသန့်စင်ဆေးလုံးတော့ သူတို့တွေ မဖော်နိုင်ပါဘူး၊ ဒါပေမယ့် သူတို့ဆေးလုံးတွေကို နှယ်နှယ်ရရလို့လည်း ပြောလို့မရပါဘူး... တကယ်လို့အရှင်ကြီး မယုံသေးဘူးဆိုရင်... ဆိုရင်လည်း အဆိုးဆုံးဖြစ်မလာဖို့အတွက် အရှင်ကြီးက ဝိဉာဉ်စွမ်းအင်ရှိတဲ့အပင်တွေနဲ့ ပစ္စည်းလေးတွေချီးမြှင့်ပေးမယ်ဆိုရင်တော့ ဆေးလုံးက အရည်အသွေးမြင့်သွားပါလိမ့်မယ်"

နတ်ဆိုးဘုရင်ကြီး တစ်ခုခုပြောတော့မယ့်အချိန်မှာ ပိုင်ရန်အမြန်ဖြတ်ပြောလိုက်တယ်။ စကားပြောတာလည်း မြန်နေပြီး တိုက်တွန်းနေသလိုလေသံပေါက်နေတယ် "အရှင်ကြီးက ဒီနယ်မြေရဲ့အရှင်သခင်ပါ၊ အရှင့်ရဲ့ကျန်းမာရေးဆိုတာ ဒီနတ်ဆိုးနယ်မြေတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်... ဘာကြောင့်များ အရှင့်ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းတွေကို ဒီလိုလွယ်လွယ်ကူကူပေးနိုင်ရတာပါလဲ? ကျွန်တော့်ကိုယ်ထဲမှာရှိနေတဲ့ကူကောင်ကြောင့် ကျွန်တော်ချက်ချင်းသေမသွားနိုင်ပါဘူး၊ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းနဲ့တင် ရှစ်နှစ်ဒါမှမဟုတ် ဆယ်နှစ်ထက်တောင်ပိုပြီး နေနိုင်ပါသေးတယ်... ဆေးလုံးဖော်ဆရာတွေရဲ့ကျင့်ကြံခြင်းကို ထပ်ပေါင်းလိုက်ရင် ကျွန်တော်အဆင်ပြေသွားမှာပါ၊ အရှင့်ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို ဘာလို့ထုတ်မှာပါလဲ? အရှင်ကြီးက ကျွန်တော့်ကို နှိမ်ချင်တာကြောင့်တော့ မဟုတ်ဘူးမှတ်လား?"

နတ်ဆိုးဘုရင်ကြီး "ဘယ်ဟုတ်ပါ့မလဲ?"

ပိုင်ရန်စကားချိုချိုလေးတွေ စပြောလိုက်တယ် "အဲ့တာပဲလေ၊ အရှင်ကြီးက ကျွန်တော့်ကိုယုံတယ်ဆိုရင် ကျွန်တော့်ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုလည်း ကျွန်တော်ကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဆိုတာကို ယုံပေးသင့်တယ်... ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘ၀ကို ပေါ့ပေါ့တန်တန်သဘောထားမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?"

သူပြောပြီးတာနဲ့ နတ်ဆိုးဘုရင်ကြီးကို အနီးကပ်ကြည့်လိုက်တယ်။

သူ့စိတ်ထဲမှာလည်း ရှောင်လင်းကလှမ်းပြောတယ် "ဝေါင်း! သခင်က ဒီလိုမျိုးတွေလည်းပြောနိုင်တာပဲ၊ သခင်ပြောတာတွေက ကျိုးကြောင်းဆီလျော်သလို ယုံချင်စရာလည်းကောင်းတယ်"

ပိုင်ရန်လည်းစိတ်ထဲကနေ ပြန်ပြောလိုက်တယ် "ငါအများကြီးပြောပြီးပြီ သူငါ့စကားနားထောင်မှရမယ်၊ သူ့ရဲ့နောက်ထပ်နှစ်တစ်ထောင်ကျင့်ကြံခြင်းကို သန့်စင်ခြင်းဆေးလုံးလုပ်ပစ်မှာကို ငါတကယ်လန့်နေတာ... အဲ့တာကြီးကိုတော့ မကိုင်တွယ်နိုင်ဘူး"

ရှောင်လင်းခဏလောက် တွေးတောပြီးပြောတယ် "အစတုန်းကတော့ သခင်က သူ့ရဲ့ကြင်နာမှုကို လက်ခံလိုက်ပြီး အဲ့နည်းနဲ့ အင်အားကြီးလာဖို့ မျှော်လင့်နေတာ၊ ဒါပေမယ့် သခင်တို့နှစ်ယောက် အချိန်တွေအတူကုန်ဆုံးပြီးတဲ့အခါ နတ်ဆိုးဘုရင်ကြီးက လူကောင်းတစ်ယောက်ဆိုတာကို ကျွန်မသတိပြုမိလာတယ်... သခင်က သူ့ကို ဦးထုပ်စိမ်းဆောင်းပေးတယ်၊ သူ့ဆေးလုံးတွေ ပေးပစ်တယ် အဲ့လိုလုပ်တာတောင်မှ သူကချည်းပဲ သခင့်ကိုထပ်တလဲလဲကယ်ပေးနေရတာ၊ ဘယ်လောက်တောာင် သနားစရာကောင်းလိုက်လဲ... သူသာနောက်ထပ်ကျင့်ကြံခြင်းဆေးလုံးပေးလာခဲ့ရင် ကျွန်မဆိုလည်း ဘယ်လိုမှ မြိုကျမှာမဟုတ်ဘူး"

ပိုင်ရန် "အမှန်ပဲ အာ"

ရှောင်လင်းက သူ့အရင်တုန်းကလုပ်ရပ်တွေကို အကျဉ်းချုပ်ပြောလိုက်ချိန်မှာ သူ့ကိုယ်သူတောင် လူဆိုးကောင်လို့ ခံစားမိသွားတယ်။

ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကို ကြည့်လိုက်တယ် "အရှင်ကြီး?"

နတ်ဆိုးဘုရင်ကြီးခဏလောက်တွေးပြီးနောက် ပြုံးသွားတယ်။ "ကောင်းပြီ ကိုယ်တော် မင်းကိုသဘောတူလိုက်မယ်"

ပိုင်ရန်ဝေခွဲမရဖြစ်သွားတယ်။ နတ်ဆိုးဘုရင်ကြီးက ဘာကြောင့်ပြုံးလိုက်မှန်းမသိဘူး။ ကိစ္စတော့မရှိပါဘူး။ သူသဘောတူတယ်ဆိုရင်ပဲ အဆင်ပြေပြီ။

"အိုး ဟုတ်သား အဲ့ငါးယောက်..." နတ်ဆိုးဘုရင်ကြီး ထုတ်ပြောလာတယ်။ [T/N : မပြီးသေးဘူးလား ကိုယ်တော်ရယ်]

"ကျွန်တော်သူတို့ကို နောက်ထပ်အိပ်ရာပေါ်မှာ မခစားခိုင်းတော့ပါဘူး" ပိုင်ရန်ပြောလိုက်တယ်။

နတ်ဆိုးဘုရင်ကြီး ချောင်းဟန့်ကာ နားရွက်ဖျားလေးတွေ နီရဲနေပြီးပြောလာတယ် "မင်း တကယ်လို့ စိတ်မကျေနပ်ဘူးဆိုရင်လည်း..."

ပိုင်ရန်ဖြတ်ပြောလိုက်တယ် "အရှင်ကြီး အဲ့လိုမဟုတ်ရပါဘူး! ကျွန်တော်က အဲ့ငါးယောက်ကို တစ်ခုခုအတည်ပြုဖို့ အမိန့်ပေးလိုက်ရတာပါ... ကျွန်တော်စိတ်ဆန္ဒကျေနပ်အောင်လို့လုပ်ရတာမဟုတ်ပါဘူး၊ ပြီးတော့ သူတို့တွေကို အလေးပေးချင်တာကြောင့်လည်း မဟုတ်ပါဘူး!"

'အရင်ဆုံး ရှင်းအောင်ပြောပြလိုက်တာ ပိုကောင်းမယ်!'

နတ်ဆိုးဘုရင်ကြီး ခဏလောက်မင်သက်သွားပြီး ပြောလာတယ် "ဘာကိုအတည်ပြုချင်တာလဲ?"

ပိုင်ရန် "..."

ဒါကြီးက ကိုးရို့ကားယားနိုင်လွန်းတယ်။ 'တကယ်လို့ ကျွန်တော်က ဂေးနေလား မဂေးဘူးလားဆိုတာကို အတည်ပြုချင်လို့ပါလို့ပြောရင် ထရိုက်မှာလား?'

သူခဏလောက် အချိန်ဆွဲပြီးပြောလိုက်တယ် "ဒါက ကိုယ်ရေးကိုယ်တာပါ... ကိုယ်ရေးကိုယ်တာ"

ပိုင်ရန် နတ်ဆိုးဘုရင်ကြီးအကြည့်တွေရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းမမြင်လိုက်ဘူး။

ပိုင်ရန် မကြည့်မိအောင်သာ အကြည့်တွေလွှဲနေမိတယ်။

"ကောင်းပြီလေ မပြောချင်ဘူးဆိုလည်း မပြောနဲ့၊ ဆက်ပြီး ကျင့်ကြံနေ... မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်၊ လျှောက်ပြီး သူများတွေနဲ့ အိပ်မနေနဲ့" ပိုင်ရန်အံ့ဩရလောက်အောင်ကို နတ်ဆိုးဘုရင်ကြီးက ဖိအားမပေးတော့ဘူး။ သူ့ရဲ့နောက်ထပ်အမိန့်က "မင်းဆက်ပြီး ပရော်ပရည်လုပ်နေမယ်ဆိုရင်..."

သူထိုစကားကိုပြောရင် လက်ကိုရိုက်ချလိုက်တယ်။ ဒီတစ်ခေါက်ကျတော့ ကျန်နေတဲ့ခြေလေးချောင်းနဲ့ကျောက်စားပွဲလေးတောင် ချော်ရည်လိုမျိုး အရည်ပျော်ကျသွားတော့တယ်။

ဒီရိုက်ချက်ကြီးသာ သူ့ခေါင်းပေါ်ကျလာရင် ဖရဲသီးခွဲသလိုမျိုးဖြစ်နေတော့မှာပဲ။

ပိုင်ရန် တံတွေးမြိုချကာ တုန်တုန်ရီရီနဲ့ ကျိန်ဆိုလိုက်တယ် "ကျွန်တော် မလုပ်တော့ပါဘူး"

နတ်ဆိုးဘုရင်ကြီးက ကျေနပ်သလိုအသံပြုလာတယ် "ကိုယ်တော့်မှာ လုပ်စရာရှိသေးတယ်၊ မင်းသွားလို့ရပြီ"

ပိုင်ရန် မြန်မြန်ဆန်ဆန်ထွက်လာလိုက်တယ်။

ထွက်သွားတဲ့ပုံရိပ်လေးကို လိုက်ကြည့်နေရင်း နတ်ဆိုးဘုရင်ကြီး ပြုံးသယောင်လေးဖြစ်သွားတယ်။ သူ့ရဲ့ကွေးတက်နေတဲ့နှုတ်ခမ်းထောင့်တွေက သူစိတ်ကျေနပ်နေတာဖြစ်ကြောင်းပြသနေတယ်။

"သူဒီလောက် ငါ့ကိုစိတ်ပူနေတာတောင်မှ ငါ့ကိုမကြိုက်ဘူးလို့ပြောနေတုန်းပဲ၊ လှည့်စားတတ်တဲ့ဟာလေး" နတ်ဆိုးဘုရင်ကြီး 'ဟွန့်'ခနဲ့လုပ်လိုက်တယ်။

ပုံမှန်ဖြစ်စဉ်မှာဆို သာမန်လူတစ်ယောက်က ကူကောင်ဆိပ်မိပြီဆိုရင် ကုသနိုင်ခြေမြင့်တာတွေ နိမ့်တာတွေအကုန် သူတို့ဘာသာရှာဖွေတတ်ကြတယ်။ အဆိပ်ကိုရှင်းပစ်နိုင်ပြီး ကျင့်ကြံခြင်းကို အားကောင်းဆေးတဲ့ဆေးလုံးက အတိအကျသူလိုအပ်တာပဲဖြစ်တယ်။ သို့ပေမယ့် ရှဲ့ဇီထျန်းက အစွမ်းကုန်ငြင်းဆန်နေတော့တာ။ ဘာကြောင့်လဲ?

'သူက ငါ့ရဲ့ကျန်းမာရေးကို စိုးရိမ်လို့ ငြင်းရတာပေါ့' နတ်ဆိုးဘုရင်ကြီး ပျော်ပျော်ကြီးတွေးပစ်လိုက်တယ်။

ပိုင်ရန်က သူဘယ်လိုလုပ်နေပါတယ်လို့ပြောတယ်ဆိုတော့ သူလိုချင်တာကို ပေးလိုက်တာက အကောင်းဆုံးပဲ။ ဟုတ်တယ် နတ်ဆိုးဘုရင်ကြီးဆိုတော့ ဘဏ္ဍာတိုက်ထဲက ဆေးဝါးသစ်မြစ်တွေအားလုံးကို သူ့ကိုပေးပစ်နိုင်တယ်။

သူဘယ်လိုဆေးဆရာမျိုးကို ရွေးခြယ်ထားတာလဲဆိုတာလည်း နတ်ဆိုးဘုရင်ကြီးမသိရဘူး။ တော်ကြာ ပိုင်ရန်ရှာထားတဲ့လူတွေက အသုံးမကျဖြစ်မှာစိုးလို့ နတ်ဆိုးဘုရင်ကြီးဘက်က ဆေးဆရာနှစ်ယောက်လောက် ထပ်ပို့ပေးလိုက်တာ ပိုကောင်းမယ်။

လှည့်စားတတ်တဲ့ဟာလေး ပိုင်ရန်ကတော့ ဥယျာဉ်ထဲက ထွက်လိုက်တယ်ဆိုရင်ပဲ သူ့ခြေထောက်တွေ ပျော့ခွေလာတာကို ခံစားလိုက်ရတယ်။

နတ်ဆိုးဘုရင်ကြီးက မုန်ယိုနေခဲ့တာ။ ပိုင်ရန်လည်း စိတ်တွေလွတ်ပြီး ခေါင်းတွေရှုပ်နေခဲ့တယ်။ အခုသူထွက်လာပြီး သေချာပြန်တွေးကြည့်တော့မှ တစ်ခုခုလွဲနေတာကို သတိထားမိလိုက်တယ်။

သူအဲ့လူငါးယောက်နဲ့ တကယ်တမ်းမအိပ်လိုက်ဘူးဆိုပေမယ့် အိပ်လိုက်တယ်ဆိုလည်း ဒါက ပုံမှန်ပဲလေ! သူ့ရဲ့ကိုယ်ပိုင်ကိုယ်လုပ်တော်တွေကို ပစားပေးတာဘာဖြစ်လို့လဲ?

နတ်ဆိုးဘုရင်ကြီးက စည်းကျော်ပြီး သူ့ကိုဆင့်ခေါ်တဲ့အပြင် ခြိမ်းတောင် ခြိမ်းခြောက်လိုက်သေးတယ်?

ရှောင်လင်းပြောလာတယ် "သခင်..."

"ပြောစရာရှိလို့လား?"

ရှောင်လင်းလည်း ဒါတွေကိုတွေးမိသွားပုံပေါ်တယ် "အခုကလေ... ဖောက်ပြန်နေတဲ့ဇနီးတွေကို သူတို့ယောကျာ်းတွေက မိသွားသလိုကြီးဖြစ်နေတယ်"

"ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့!"

"ကျွန်မပေါက်ကရလျှောက်ပြောနေတာမဟုတ်ဘူး၊ သခင်ပဲ နတ်ဆိုးဘုရင်ကြီးက ဘာလို့ဒေါသထွက်ရတာလဲဆိုတာ မေးထားပြီတော့... အခု ကျွန်မသိသွားပြီ၊ သခင်က သူ့ကိုဖောက်ပြန်နေတယ်လို့ ထင်သွားလို့လေ... ဒါပေါ့ သူစိတ်ဆိုးမှာပေါ့၊ သူ့ရဲ့တခြားအရာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ရက်စက်ပြီး မညှာတာတတ်တာကို တွေးကြည့်လိုက်မယ်ဆို သခင့်ကို အဲ့နေရာမှာတင်မသတ်လိုက်တာကပဲ တော်တော်လေး အမေးဇင်းဖြစ်နေရပြီ"

ပိုင်ရန် "..."

ပိုင်ရန် သစ္စာဖောက်ခံရသလို ခံစားလိုက်ရတယ် "ငါကဘယ်တုန်းက သူ့မိန်းမဖြစ်သွားတာလဲ? မဟုတ်ဘူး ဒီလိုမျိုးငါတို့ကြားထဲမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး! ငါတို့က ချစ်သူတွေတောင် မဟုတ်သေးတာကို သူကဘာလို့ ဒီလိုကြီးတွေ လုပ်နေရတာလဲ?"

"ဒါပေမယ့် သခင်က သူ့ကိုကြိုက်နေတယ်လို့ ထင်နေပြီး သခင့်ရဲ့ခံစားချက်ကို လက်ခံပေးဖို့တောင် ဆုံးဖြတ်ထားတာလေ၊ သူ့အတွက် သခင်က ဇနီးဖြစ်လာမယ့်သူလေ"

"ဘာလို့ မင်းက ငါ့ကိုချည်းပဲ ဇနီးလို့ပြောနေရတာလဲ? ငါက ယောကျာ်းရောဖြစ်လို့မရဘူးလား?" ပိုင်ရန် ကြိုးစွန်းမှာရောက်နေသလိုဖြစ်နေတယ်။

"သခင်တို့နှစ်ယောက်သာဆိုရင်တော့ သခင်က ဇနီးပဲဖြစ်လို့ရမယ်" ရှောင်လင်းက ရက်စက်စွာချက်ကျလက်ကျထောက်ပြလိုက်တယ်။

ပိုင်ရန် မရှုနိုင်မကယ်နိုင် ဒေါသတွေထွက်ပြီး ဒါကိုလက်မခံဘူး "ငါသူ့ကို မကြိုက်ဘူး"

ပိုင်ရန် သူနဲ့နတ်ဆိုးဘုရင်ကြီးရဲ့ ဆက်ဆံရေးကိုစိတ်ကူးယဉ်ကြည့်ဖူးတယ်။ သူ့ရဲ့ခန္ဓာကိုယ်က နတ်ဆိုးဘုရင်ကြီးရဲ့အထိအတွေ့ကြောင့် တုန့်ပြန်ခဲ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက်ဖြစ်ရပ်ပြီးနောက် မရေမရာဖြစ်နေတာတွေက အမြန်နှုန်းနဲ့ကို မှေးမှိန်လာတယ်။

ကြောက်ဖုတ်ကောင်းလိုက်ထှာ။

'ကြည့်ကောင်းတဲ့ပုံနဲ့ ကြီးပြင်းလာရတော့ရော ဘာကောင်းလို့လဲ? ရာထူးမြင့်တော့ရော ဘာသုံးလို့ရလဲ? ကြည့်ကောင်းတာက စားလို့မှမရတာကို'

အဲ့လိုလူမျိုးကို လက်ထပ်ပြီး ကိုယ့်ရဲ့အိမ်ထောင်ဖက်အနေနဲ့ထားတာက သေမင်းကိုနေ့တိုင်းရင်ဆိုင်နေရသလို ဖြစ်နေလိမ့်မယ်။ အဲ့တာမပြောနဲ့အုံး ပိုင်ရန်ဆို ခင်ပွန်းသည်တောင်မဖြစ်နိုင်တော့ဘူး! သူအဖိခံရပြီး မသေမရှင်ဖြစ်ရလိမ့်မယ်။

သူမလုပ်နိုင်ဘူး! အဲ့လိုလူမျိုးကို သေချာပေါက် လက်မထပ်နိုင်ဘူး!

သူ့ရင်ထဲမှာ နတ်ဆိုးဘုရင်ကြီးကို သူချစ်လို့မရနိုင်တဲ့လူစာရင်းထဲမှာ ပိုင်ရန်ထည့်ထားလိုက်တယ်။

"သခင် ဒီလိုအရာမျိုးတွေဆိုတာ သခင့်စိတ်တိုင်းကျတစ်ယောက်တည်း ပြောင်းလဲလို့ရမယ်လို့တော့ မထင်ဘူးရယ်၊ နတ်ဆိုးဘုရင်ကြီးက သခင်သူ့ကိုကြိုက်နေတယ်လို့ ယုံကြည်နေတာ... ပြီးတော့ သူကလည်း သခင့်ကိုကြိုက်နေပုံရတယ်၊ သခင်သူ့ဆီကနေ ရှောင်ပြေးလို့မရဘူး"

ပိုင်ရန်သူ့စိတ်သူထိန်းနေရတယ်။

"ပြီးတော့ တချို့အရာတွေက ကျွန်မပြောသင့်လားဆိုတာတော့ သိပ်မသေချာဘူး" ရှောင်လင်းပြောလိုက်တယ်။

"ပြောကြည့်လေ" ပိုင်ရန်ထောက်ပေးလိုက်တယ်။

"ဒါကိုကြည့်ရတဲ့ပုံအရဆို နတ်ဆိုးဘုရင်ကြီးက အထူးတောင်းဆိုချက်တွေ လုပ်လာမယ်လို့ထင်တယ်"

"ဘယ်လိုတောင်းဆိုချက်တွေလဲ?" ပိုင်ရန်မျက်မှောင်ကြုတ်နေတယ်။

"ဥပမာဆိုရင်..."

"ဥပမာဆိုရင်?"

"ဥပမာဆိုရင် နမ်းကြတာတို့ ချစ်တင်းနှောတာတို့..."

ပိုင်ရန် "..."

ပိုင်ရန် မိုးပေါ်ကနေ မိုးကြိုးလှမ်းပစ်ချလိုက်သလို ခံစားလိုက်ရပြီး တောင့်တောင့်ကြီးဖြစ်နေတယ်။

WTF!

WTF! WTF! WTF!

ရှောင်လင်းသာမပြောရင် သူမေ့တော့မလို့။ အရင်တုန်းက နတ်ဆိုးဘုရင်ကြီး နားလည်မှုလွဲနေတာကို ရေးကြီးခွင်ကျယ်မလုပ်ဖြစ်ဘူး။ နတ်ဆိုးဘုရင်ကြီးရဲ့အကူအညီအောက်မှာ ဟန်ဆောင်ပန်ဆောင်နဲ့ ဇာတ်လိုက်ကို ကူညီ​ပေးနိုင်မယ့် အခွင့်အရေးကို ရနိုင်မှာကြောင့်ဖြစ်တယ်။ အခုကျတော့ ရှောင်လင်းသတိပေးလာတော့မှ နတ်ဆိုးဘုရင်ကြီးအဲ့လိုတွေ အမိန့်ချလာမယ်ဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို တွေးနေမိတော့တယ်။

မဟုတ်သေးဘူး နတ်ဆိုးဘုရင်ကြီးနဲ့ နောက်ကျတော့မှ ဒီကိစ္စတွေကိုဖြေရှင်းရမယ်။

ဒါပေမယ့်လည်း သူနည်းနည်းတော့ကြောက်တယ်။ သူ့ရှေ့မှာတင် နတ်ဆိုးဘုရင်ကြီးက သူဘာမှမပြောနိုင်ဘဲ ကြောက်သွားလောက်တဲ့ထိကို စားပွဲရဲ့ခြေလေးချောင်းလုံးကို ရိုက်ချိုးပြသွားတာလေ။ သူသာပြောလိုက်ရင် သူလည်း တစ်ချက်စာအဖွဲ့ထဲပါသွားမှာ ကြောက်နေတယ်။

အရင်ဆုံးသူ့ရဲ့အိမ်တော်ကို ပြန်သွားလိုက်တယ်။ နတ်ဆိုးဘုရင်ကြီးကို ရန်စမိသလိုလည်းမဖြစ်အောင် ဘယ်လိုပညာသားပါပါနဲ့ငြင်းရမလဲဆိုတာ စိတ်ပူနေတုန်း အိမ်တော်ထိန်းက နတ်ဆိုးဘုရင်ကြီးပို့ပေးလိုက်တဲ့ဆုလာဘ်တစ်ခုရောက်နေကြောင်း ပြောလာတယ်။

"ဆုလာဘ်?" ပိုင်ရန့်မျက်နှာ ဖြူရော်သွားတယ်။ "ဘာဆုလာဘ်လဲ?"

အနောက်ပိုင်းနတ်ဆိုးအရှင်တိုက်ပွဲပြီးတုန်းက ဆုလာဘ်ကရပြီးနေပြီမဟုတ်လား? စတိုခန်းထဲမှာတောင် အဲ့ဒီ့ရွှေတွေ ငွေတွေက တောင်ပုံရာပုံကြီးရှိနေသေးတာ။ ပြီးတော့ နတ်ဆိုးဘုရင်ကြီးပို့ပေးလိုက်တဲ့အမျိုးသမီး ချင်းဟယ်တောင် သူ့အတွင်းဆောင်ထဲမှာရှိနေသေးတယ်။ အခုနောက်ထပ် ဆုလာဘ်ထပ်ရောက်လာတာက?

တွန့်ဆုတ်စွာနဲ့ သူ့ရဲ့အရှေ့ခြံဝင်းကိုရောက်တဲ့အခါ သေတ္တာပုံးတွေအများကြီးရှိနေတာ တွေ့လိုက်ရတယ်။ သေတ္တာပုံးတွေနောက်မှာ အညိုရောင်ဝတ်ရုံနဲ့လူနှစ်ယောက်ရပ်နေကြတယ်။ သူတို့က ပိုင်ရန့်ကိုမြင်တော့ တလေးတစားပြောလာတယ် "အရှင်ရှဲ့"

"မင်းတို့က..." 'နတ်ဆိုးဘုရင်ကြီးရေ ဘာတွေဖြစ်နေတာလဲ? ကျွန်တော့်ရဲ့အိမ်တော်လေးကို လူတွေနဲ့ ပြွတ်သိပ်နေအောင် အမြဲလုပ်နေတယ်!'

အညိုရောင်ဝတ်ရုံနဲ့လူနှစ်ယောက်က အသက်ကြီးပြီး သိမ်မွေ့တဲ့ပုံပေါ်တယ်။ သူတို့ထဲက တစ်ယောက်ကပြောတယ် "ကျွန်တော်တို့တွေက အရှင်ကြီးပို့ပေးလိုက်တဲ့ဆေးလုံးဆရာတွေပါ ကျွန်တော့်နာမည် ကျူးမီပါ"

နောက်တစ်ယောက်က "ကျွန်တော့်နာမည် ကျူးရှင်းပါ"

ကျူးမီလက်ကိုမြှောက်ပြီး သူတို့ပတ်လည်က ပုံးတွေကို လက်ဟန်ပြလိုက်တယ်။ "ဒါတွေက အရှင်ကြီးက အရှင့်ကိုချီးမြှင့်လိုက်တဲ့ ဝိဉာဉ်စွမ်းအင်ပြည့်တဲ့ အပင်တွေနဲ့ ပစ္စည်းတွေပါ အရှင်ရှဲ့... ကျွန်တော်တို့တွေက အရှင့်အတွက် သန့်စင်ဆေးလုံးတွေဖော်ပေးဖို့ ရောက်လာတာပါ"

ကျူးရှင်းကလည်းပြောတယ် "စိတ်အေးအေးသာနေပါ အရှင်ရှဲ့ ကျွန်တော်တို့တွေက သခင်ကြီးတျန်းကျူဆီမှာ နှစ်ပေါင်းများစွာ သင်ကြားလာခဲ့တဲ့ကျောင်းသားတွေပါ၊ ကျွန်တော်တို့နှစ်ယောက်အတူ သန့်စင်ဆေးလုံးဖော်တဲ့ အတွေ့အကြုံတွေအများကြီးရှိပါတယ်... ကျွန်တော်တို့ ဆေးလုံးဖော်တဲ့အခါ သေချာပေါက်အလေအလွင့်မရှိအောင်လုပ်ပါ့မယ်"

[Kay : ပျော်သွားတယ်မှတ်လား အရှည်ကြီးပဲနော်၊ တမုန်းရေးလိုက်ရတယ်ကွယ် ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးရဲ့ ချစ်စရာကောင်းမှုကြီးတွေကိုမြင်ရတော့ ညောင်းရတာတန်ပါတယ်]


_____

Thanks 😉

Continue Reading

You'll Also Like

233K 26.9K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...