"အင်းပါ အဲ့ဒါဆို စားစရာတစ်ခုခုပါစီစဉ်ပေး ဟဲဟဲ
နော် ကလေး ညနေကြရင် အတူတူစားရအောင်"
"မောင်သိပ်ပိုတာပဲ"
"မပိုပါဘူးဗျာ...မောင့်ကလေးရဲ့လက်ရာကိုစားချင်လို့"
"ဟုတ်ကဲ့ပါ
အဲ့ဒါဆို ဒါပဲလေ မောင်
ကျွန်တော်လည်းမောင့်အတွက်စားစရာစီစဉ်လိုက်ဦးမယ်"
"ဟုတ်ပါပြီ ချစ်တယ်နော် ကလေး"
"ဟုတ်ကဲ့ အတူတူပဲ"
ပိုင်စေသူလည်းမောင်နဲ့ဖုန်းပြောပြီး၍အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
"ညီမလေး ကိုကိုဈေးသွားမလို့နော်"
"ဟမ်..ဘာလုပ်မလို့လည်းကိုကို"
သီရိမေလည်းစာလုပ်နေရင်းကိုကို့ကိုမေးလိုက်သည်။
"ညနေစာအတွက် ဝက်စလူးချက်မလို့
အဲ့ဒါလိုတာလေးတွေသွားဝယ်မလို့"
"ကိုကိုကလည်း ဟင်းတွေရှိနေသေးတာကို ပိုက်ဆံကုန်အောင်လျှောက်ဝယ်နေတာ"
"စာမေးပွဲနီးပြီဆိုတော့ ကိုကို့ညီမလေးအားရှိအောင်ကောင်းကောင်းချက်ကျွေးမလို့ပါ ဟဲ"
"ကိုကိုတော့ပိုနေပြီ သွားမယ်ဆိုလည်းသွားတော့ ဟွန်း"
သီရိမေလည်း ကိုကို့ကိုမျက်စောင်းလေးထိုးလိုက်သည်။
ပိုင်စေသူလည်းညီမလေးရဲ့ခေါင်းကိုအသာလေးဖွပြီးပြုံးပြလိုက်သည်။
ထို့နောက်ဈေးသို့ထွက်ခဲ့လိုက်သည်။
"အဒေါ် ကျွန်တော့်ကိုကန်စွန်းရွက်တစ်စည်းနဲ့သံပုရာသီးနှစ်ရာဖိုးလောက်ပေးပါဗျ"
"အေးအေး
ဒါနဲ့ မင်းညီမလေးက စာမေးပွဲနီးနေပြီမို့လား"
"ဟုတ်တယ် အဒေါ်"
"အိမ်က ငါ့သမီးလည်းစာပဲကြည့်ခိုင်းထားရတယ်
အိမ်မှာသူတို့စာကြည့်ရက်ရတာကြာနေပြီ"
"ဘယ်ချိန်တည်းက အဒေါ့်သမီးကအိမ်မှာစာကြည့်တာလည်း"
ပိုင်စေသူလည်း ဈေးသည်အဒေါ်ကြီးကိုမေးလိုက်သည်။
"ကြာပြီ ငါ့တူရဲ့
နှစ်ပတ်လောက်တောင်ရှိမယ်ထင်တယ်"
"အော် ဟုတ်ကဲ့ပါဗျ..
ကျွန်တော်သွားလိုက်ဦးမယ်နော်"
ပိုင်စေသူလည်းဝယ်စရာရှိတာဝယ်ပြီးပြန်လာခဲ့လိုက်သည်။
ကျောင်းက စာကြည့်ချိန်ပေးထားတာကိုညီမလေးကဘာလို့အခုတလောကျောင်းသွားနေတာလည်း။ဒီနေ့မနက်လည်းဖြေရမယ့်အခန်းနဲ့ကျောင်းသွား
ကြည့်မယ်ဆိုပြီးထွက်သွားသေးသည်။မနက်ဖြန်တော့ ဘယ်မှမသွား
ခိုင်းတော့ပဲ အိမ်မှာပဲစာကြည့်ခိုင်းရန် ပိုင်စေသူတွေးလိုက်မိတော့
သည်။
ထို့နောက်ပိုင်စေသူလည်းအိမ်သို့ပြန်လာခဲ့တော့သည်။အိမ်တံခါးပွင့်နေတာကြောင့်ပိုင်စေသူလည်းအိမ်ထဲသို့မြန်မြန်ဝင်လာခဲ့
လိုက်သည်။အိမ်ထဲရောက်တော့ ညီမလေးနှင့်ကောင်လေးတစ်
ယောက်စကားပြောနေကြသည်။
"ညီမလေး သူဘယ်သူလည်း"
ပိုင်စေသူလည်းညီမလေးကိုမေးလိုက်သည်။
"ရှင်...ကိုကို"
ကိုကိုအသံကြောင့်သီရိမေလည်းလန့်သွားသည်။
ထို့ကြောင့်စားပွဲပေါ်ကစာအုပ်တွေနှင့်ပစ္စည်းပစ္စယတွေကိုသိမ်းပြီးမတ်တတ်ရပ်လိုက်သည်။
အံ့မင်းလည်းလန့်သွား၍ သီရိမေနဲ့အတူတူဘေးမှထ ရပ်လိုက်သည်။
"ကိုကို..သူက ညီမလေး သူငယ်ချင်း အံ့မင်းပါ"
သီရိမေလည်း ကိုကိုနဲ့အံ့မင်းကိုမိတ်ဆက်ပေးလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော့်နာမည် အံ့မင်းပါဗျ"
အံ့မင်းလည်း အလိုက်တသိဝင်မိတ်ဆက်လိုက်သည်။
"ဘာလာလုပ်တာလည်း ကိုကို့ကိုဘာလို့ကြိုပြောမထားတာလည်း"
ပိုင်စေသူလည်းညီမလေးကိုမေးလိုက်သည်။
"ကြိုမပြောတာမဟုတ်ပါဘူး ကိုကို
သူက စာမသိလို့ဆိုပြီးစာမေးတာပါ"
"ဟုတ်ပါတယ်ဗျ..ကျွန်တော်စာလာမေးတာပါဗျ"
သီရိမေဆိုခံရမှာစိုး၍အံ့မင်းလည်းဝင်ပြောလိုက်သည်။
"အင်းပါ စာလာမေးတာဆိုလည်းပြီးတာပဲ
နောက်တစ်ခါလာမယ်ဆိုကြိုပြောပါ"
ပိုင်စေသူလည်းထိုကောင်လေးကိုပြောလိုက်သည်။
"ဟုတ်ကဲ့ပါဗျ..အခုတော့ကျွန်တော်ပြန်လိုက်ပါဦးမယ်ဗျ"
အံ့မင်းလည်းသီရိမေရဲ့အစ်ကို့ကိုနှုတ်ဆက်လိုက်သည်။
"မင်းက စာမေးပြီးလို့လား"
"ဗျာ..ဟုတ်..မေးပြီးပါပြီဗျ"
အံ့မင်းလည်းသီရိမေကိုပြုံးပြနှုတ်ဆက်ကာထွက်လာခဲ့လို်က်သည်။
သီရိမေလည်းအံ့မင်းကိုခေါင်းညိတ်ပြလိုက်သည်။
ထိုကောင်လေးထွက်သွားသည်နှင့်ပိုင်စေသူလည်းညီမလေးကိုအကဲ
ခတ်လိုက်သည်။
"ညီမလေးတို့က သူငယ်ချင်းလား"
"ဟုတ်ပါတယ်ဆို နော်ကိုကို
ညီမလေးက လိမ္မာပါတယ်လို့ ကိုကိုယုံနော်"
သီရိမေလည်း ကိုကို့ကိုပြုံးလျက်ပြောလိုက်သည်။
"အင်းပါ..
ညီမလေးက ငယ်သေးတယ် ညီမလေးကိုကြိုဆိုနေတဲ့အနာဂတ်ရှိတယ် အဲ့ဒါကြောင့် အခုလက်ရှိကိုကောင်းကောင်းနေပြီးကြိုးစားရမယ်
အဲ့ဒါမှ ညီမလေးရဲ့အနာဂတ်ကလှမှာ တစ်ခြားဘာကိုမှအာရုံမရောက်
စေနဲ့ စာပဲအာရုံစိုက် ကြားလား"
"ဟုတ်ကဲ့ပါ ကိုကို"
"နောက်ပြီး စာမေးပွဲကဖြေရတော့မှာ အပြင်တွေမသွားနဲ့တော့
အိမ်မှာပဲစာကျက်တော့"
"အပြင်သွားတာမဟုတ်ပါဘူး
ညီမလေးက ခုံနံပါတ်သွားကြည့်တာပါ"
"အင်းပါ စာလုပ်တော့"
ပိုင်စေသူလည်းမီးဖိုထဲသို့ဝင်ပြီးစတင်ချက်ပြုတ်တော့သည်။
သီရိမေလည်းစာဆက်လုပ်လိုက်သည်။ထို့နောက် မီးဖိုထဲက ကိုကို့ကိုလည်းလှမ်းကြည့်လိုက်သည်။
ပိုင်စေသူလည်း ကျက်ရင်အဆင်သင့်ထည့်ရအောင်ဆိုရပြီးချိုင့်ကိုသေချာဆေးထား
လိုက်သည်။ဆေးကြောပြီးသည်နှင့်ဝက်သားတွေလည်းနုအိလာသည်။
ထို့ကြောင့်ဟင်းရည်လေးနှင့်ဝက်သားဖက်ကိုချိုင့်လေးထဲထည့်လိုက်သည်။ကန်စွန်းရွက်လေးတွေကိုလည်းအပေါ်ကထည့်လိုက်သည်။
ထို့နောက်သံပုရာချဉ်လေးကိုတစ်ဆင့်ထည့်လိုက်သည်။မောင့်အ
တွက်သေချာပြင်ဆင်ပြီးသည်မို့ချိုင့်လေးကိုအိမ်ရှေ့စားပွဲပေါ်မှာချထားလိုက်သည်။
ချွေးတွေနဲ့မို့ပိုင်စေသူလည်းရေချိုးလိုက်တော့သည်။ရေချိုးပြီးသည်နှင့်မောင့်ကိုဖုန်းဆက်လိုက်သည်။
"ညီမလေး ကိုကို အပြင်သွားမလို့နော်
အိမ်တံခါးကို အထဲကနေသော့ခတ်ထား ကြားလား"
"ဟုတ်ကဲ့ ကိုကို
ကိုကိုလည်း အရမ်းနောက်မကျစေနဲ့နော် ဒါနဲ့ အဲ့ဒီချိုင့်ကဘယ်သူအတွက်လည်းကိုကို"
"ကိုကို့သူငယ်ချင်းအတွက်ပါ "
"အော် ကိုကိုကညီမလေးနဲ့အတူတူစားနော်
ညီမလေးစောင့်နေမယ် ကိုကို့သူငယ်ချင်းနဲ့အတူတူမစားခဲ့နဲ့ နော် ကိုကို"
"ဟုတ်ပါပြီဗျာ...ညီမလေးနဲ့ပဲညနေစာစားပါ့မယ်
အခုတော့ ကိုကိုသွားပြီနော်"
မောင့်ရဲ့ကားလေးရောက်လာတော့ပိုင်စေသူလည်းချိုင့်လေးကိုဆွဲကာထွက်သွားလိုက်တော့သည်။
သီရိမေလည်း ထွက်ခွာသွားတဲ့ကိုကို့ကိုကြည့်ပြီးပြုံးနေလိုက်သည်။
ကားလေးကအိမ်ရှေ့မှပျောက်ကွယ်သွားတဲ့အချိန်ကြမှသီရိမေလည်း
အိမ်တံခါးသော့ခတ်လိုက်တော့သည်။
"...."
ပိုင်စေသူတို့လည်းအရင်နေ့က သစ်ပင်ကြီးဆီသို့သွားလိုက်ကြတော့
သည်။ထို့နောက်ချိုင့်လေးကိုယူကာသစ်ပင်အောက်သို့သွားလိုက်
သည်။
ဓနကျော်လည်းရေဘူး ၊ တစ်ရှူးနှင့်ခင်းစရာတစ်ခုကိုယူပြီးခင်းလိုက်သည်။
ထို့နောက် ချိုင့်လေးကိုင်ကာရပ်နေသောကလေးကိုကြည့်လိုက်သည်။
ဓနကျော်လည်း ပိုင်စေသူရဲ့ရှေ့မှာရပ်လိုက်သည်။ပိုင်စေသူရဲ့ပုခုံးနှစ်ဖက်ကိုကိုင်လိုက်ပြီး.....
"မောင် တောင်းပန်ပါတယ် ကလေး"
"ဟမ်..မောင်ဘာပြောနေတာလည်း"
ပိုင်စေသူလည်းမောင့်စကားကြောင့်အံ့အားသင့်သွားသည်။
"မောင်တို့ရဲ့ပေါ့ဆမှုကြောင့် ကလေးရဲ့ဖေဖေ အသက်ဆုံးရှုံးခဲ့ရတယ် မောင်တောင်းပန်ပါတယ် ကလေး
မောင့်ကိုတော့ထားမသွားပါနဲ့နော်"
ဓနကျော်လည်း ပိုင်စေသူရဲ့ရှေ့မှာဒူးထောက်လိုက်သည်။
မောင့်ရဲ့တောင်းပန်စကားနဲ့တောင်းပန်နေဟန်တို့်ကြောင့်ပိုင်စေသူ
လည်းမျက်လုံးအဝိုင်းသားနှင့်ဖြစ်သွားတော့သည်။မောင်ပါးစပ်ကအခု
လိုဝန်ခံတာရော ဒူးထောက်တာရောကြောင့် အံ့ဩလွန်းကာ ပိုင်စေသူ
လက်ထဲမှချိုင့်လေးလည်းပြုတ်ကျသွားတော့သည်။
"ကလေး..ကလေး..အဆင်ပြေရဲ့လား...
မောင်..မောင်ဘာလုပ်ပေးရမလည်းဟင်"
ဓနကျော်လည်းဒူးထောက်လျက်ကလေးရဲ့လက်နှစ်ဖက်ကိုကိုင်လှုပ်လိုက်သည်။
ပိုင်စေသူကတော့စကားတောင်မပြောနိုင်တော့တာမို့ မောင့်ကိုခေါင်းရမ်းသာပြလိုက်သည်။
"ကလေး ဘာဖြစ်လို့လည်း မောင့်ကိုတစ်ခုခုပြန်ပြောပါဦးနော်"
"ကျွန်တော်...ဘာမှမဖြစ်ပါဘူး."
ပိုင်စေသူလည်း ဒူးထောက်တောင်းပန်နေတဲ့မောင့်ရှေ့မှာထိုင်လိုက်သည်။
"ကလေး..တကယ်အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့..ကျွန်တော်အဆင်ပြေပါတယ်"
"မောင့်ကိုမုန်းသွားလားဟင်..မောင့်ကိုနားလည်ပေးမှာမို့လားဟင်ကလေး"
"ကျွန်တော်..သိတာ ကြာပြီ"
ပိုင်စေသူလည်းမောင့်မျက်ဝန်းလေးကိုမဝံ့မရဲကြည့်လိုက်သည်။
"ဟင်..ဟုတ်လား..ဒါ..ဒါဆို..ကလေးက.."
ဓနကျော်ကတော့ထိတ်လန့်မှုတွေကြောင့်စကားတောင်ဆက်မပြော
နိုင်တော့ပေ။
"ကျွန်တော်မောင့်ကို တကယ်ချစ်တာပါ
ဒီအကြောင်းတွေကို ကျွန်တော်နားလည်ပြီးသားမို့မောင့်ကိုမပြောဘဲ
ထားလိုက်တာပါ။မောင်ဘာမှမစိုးရိမ်ပါနဲ့ ကျွန်တော်မောင့်ကိုခွင့်လွှတ်
ပြီးသားပါ"
"ဝမ်းသာလိုက်တာကလေးရယ်
မောင်က ကလေးစိတ်နာသွားမှာစိုးနေတာ"
ဓနကျော်လည်းပိုင်စေသူကိုဖက်ရင်းပြောလိုက်သည်။
"ရပါတယ် မောင်ရဲ့
အခု ထမင်းစားရအောင်နော် အဲ့ဒါတွေမတွေးနဲ့တော့"
"အင်း စားကြစို့"
ပိုင်စေသူလည်း လွတ်ကျသွားတဲ့ချိုင့်လေးကိုကြည့်လိုက်သည်။
"မောင်.."
ပိုင်စေသူလည်းစားရာတွေနဲ့ဖရိုဖရဲ့ဖြစ်နေသောချိုင့်လေးကိုကြည့်ပြီး
စိတ်မကောင်းစွာနှင့်မောင့်ကိုခေါ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး ကလေးရယ်
နောက်နေ့ကြထပ်ချက်လည်းရတာပဲ နော် စိတ်မကောင်းမဖြစ်နဲ့"
ဓနကျော်လည်းစိတ်မကောင်းဖြစ်နေတဲ့ကလေးကိုနှစ်သိမ့်လိုက်သည်။
"မောင့်အတွက်သေချာပြင်လာတာကို..ဟွန့်"
ပိုင်စေသူ့စိတ်ထဲမှာတော့နှမြောနေသေးသည်။
"လာပါ ကလေးရဲ့ ဒီနားမှာအေးအေးဆေးထိုင်ရအောင်
ပြီးမှအပြင်သွားစားကြမယ်လေနော် ကလေး"
ဓနကျော်လည်း ကလေးရဲ့လက်ကလေးကိုဆွဲပြီးသစ်ပင်အောက်တွင်
ထိုင်လိုက်သည်။ပိုင်စေသူလည်း မောင့်ဘေးမှာထိုင်လိုက်သည်။
"အော် မေ့တော့မလို့ မောင့်ကိုပြစရာရှိတယ်"
"ဘာပြမှာလည်းဟင်"
ဓနကျော်ရဲ့မျက်နှာကတော့သိချင်စိတ်တွေနဲ့ပြည့်နေသလိုလို
စ ချင်နေတဲ့ပုံလိုလိုဖြစ်နေသည်။
"မောင်နော် စကားအကောင်းပြောနေတာ လာမနောက်နဲ့"
ပိုင်စေသူလည်းမောင့်ကိုမျက်စောင်းလေးထိုးလိုက်သည်။
"ဟုတ်ပါပြီဗျာ..မောင် မစတော့ပါဘူး နော်
ဘာပြမှာလည်း ပြလေ ကလေး"
"ဒီvideoကိုသေချာကြည့်ကြည့်လိုက်"
ပိုင်စေသူလည်းဖုန်းလေးထုတ်ကာclubမှာမောင် က နေတဲ့videoလေးကိုပြလိုက်သည်။
"ဟမ်..သူ..သူဘယ်သူလည်း..ကလေးရော သေချာမြင်လိုက်လား"
ဓနကျော်လည်း videoကိုသေချာကြည့်ရင်းမေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူး
ဒီvideoကြည့်မိမှမြင်တာ"
"အင်းပါ မောင်တို့ရဲ့ရန်သူတွေနေမှာပေါ့
ဒါဆို Bossလည်းအန္တာရာယ်ရှိနေပြီ"
"ဟုတ်တယ်မောင်
မောင်သတိထားမှဖြစ်မယ် ဒါနဲ့ မောင့်ဗိုက်လှန်ပြဦး"
"ဟမ်..ဘယ်လို ကလေး"
"ဗိုက်လှန်ခိုင်းနေတာလေ မောင့်ဗိုက်ပြလို့"
ပိုင်စေသူလည်းစိတ်မရှည်တဲ့လေသံလေးနဲ့ပြောလိုက်သည်။
"ဟုတ်ပါပြီဗျာ..ပြဆိုလည်းပြပါ့မယ်"
ဓနကျော်လည်းအင်္ကျီကြယ်သီးလေးတွေကိုဖြုတ်လိုက်သည်။
"မောင် ဒီအမာရွတ်ကဘာဖြစ်ထားလို့လည်း"
ပိုင်စေသူလည်းမောင့်ဗိုက်ကအမာရွတ်ကိုမြင်ရ၍မေးလိုက်သည်။
"မောင်လည်း သေချာမသိဘူးလေ
တစ်ခုခုနဲ့ခိုင်းမိထားလို့နေမှာပေါ့"
"ဘာတစ်ခုခုလည်း သေသေချာချာပြော
နောက်ပြီး ဘယ်နေ့ကဖြစ်တာလည်း"
ပိုင်စေသူလည်းမောင့်ကိုသေချာမေးလိုက်သည်။
"အော် သိပြီသိပြီ
ကလေးကိုမောင် က ပြတဲ့နေ့လေ မောင်တောင်ကလေးကိုကျောပိုးသေးတယ် အဲ့တုန်းကနာနေတာ"
"နာနေတာကိုဘာလို့မပြောတာလည်း"
"ဘာမှမဖြစ်ပါဘူး ကလေးရယ်
လာ ဆိုင်တစ်ဆိုင်သွားရအောင်"
"မောင်..
ဒါက အန္တရာယ်ရှိတယ်နော် လွယ်လွယ်မပြောနဲ့
ဒီလူကဘယ်သူလည်း ဘာရည်ရွယ်ချက်နဲ့လည်းဆိုတာကို သိအောင်လုပ်ဖို့လိုနေပြီ"
"ကလေးကလည်း ဒီကိစ္စကိုမောင်နဲ့bossဖြေရှင်းလိုက်ပါ့မယ်
ကလေးက ဘာအပူမှတွေးမနေနဲ့နော်"
"ဘယ်လိုလုပ်မတွေးဘဲနေနိုင်မှာလည်း..ဒီလောက်အန္တရာယ်ရှိနေတာကို"
"အဲ့လောက်ထိမောင့်ကိုချစ်တာလား"
"ဟုတ်တယ် မောင့်ကိုအရမ်းချစ်တာ"
"ဟုတ်ပါပြီဗျာ...မောင်လည်း ကလေးကိုချစ်ပါတယ်..
အခုတော့ တစ်ခုခုသွားစားရအောင် နော်"
"ဟုတ်ကဲ့ မောင်"
ပိုင်စေသူတို့လည်းသစ်ပင်လေးအောက်မှထွက်လာခဲ့သည်။
"ဟာ..မောင်
ကျွန်တော့်ချိုင့် ကျန်ခဲ့ပြီ ကားပြန်ကွေ့ပေးဦး"
ကားပေါ်ရောက်မှချိုင့်မပါမှန်းပိုင်စေသူသတိရသည်။
"ကလေးကလည်း လမ်းကိုကြည့်ဦးလေ ကွေ့မှမရတာ..
ယူမနေပါနဲ့ မောင်ချိုင့်အသစ်ဝယ်ပေးမယ်နော်"
"တော်ပြီ.. ဒီချိုင့်ပဲပြန်ယူမှာ အဲ့ဒါကြောင့် ကွေ့မရရင်ဒီနားပဲရပ်လိုက်
ကျွန်တော်သွားယူလိုက်မယ်"
"ကလေးကလည်း အဲ့ဒါဆို မောင်သွားယူပေးမယ်နော်
ကလေးက ကားထဲမှာပဲစောင့်နေ နော်"
"ဟုတ်ကဲ့ "
ပိုင်စေသူလည်းကားထဲမှာပဲနေခဲ့လိုက်သည်။ဓနကျော်ကတော့ သိပ်မဝေးတဲ့ သစ်ပင်ကြီးဆီသို့ဦးတည်ပြီးထွက်လာခဲ့လိုက်သည်။
သစ်ပင်အောက်ကိုရောက်တော့မြင်လိုက်ရဲ့မြင်ကွင်းကြောင့်ဓနကျော်ရဲ့ခြေလှမ်းတွေရပ်သွားသည်။ထို့နောက် ချိုင့်လေးရှိတဲ့နေရာသို့ဖြည်း
ဖြည်းချင်းလျှောက်သွားလိုက်သည်။မဟုတ်ပါစေနဲ့ဟူ၍လည်းစိတ်ထဲမှဆုတောင်းနေမိသည်။
ချိုင့်လေးကိုသေချာပြန်ဆင့်ပြီးဘေးမှာသေနေတဲ့ခွေးကိုစမ်းကြည့်
လိုက်သည်။ပါးစပ်ထဲမှာလည်းအမြှုပ်တွေထွက်နေသည်။
ခွေးရဲ့လည်ပင်းကိုစမ်းကြည့်လိုက်တော့ပူငွေ့ငွေ့လေးဖြစ်နေသည်။
ထို့ကြောင့်ဒီခွေးသေးတာမကြာသေးလောက်ပေ။
ဖိတ်ကျထားတဲ့ဝက်သားတွေကလည်းအရိုးတွေသာကျန်တော့သည်။
"ဒီဟာတွေစားပြီးလို့သေတာလား။ဒါမှမဟုတ် သေနေလို့ဒီနားကိုခွေး
သေလာပစ်တာလား။ငါတို့လည်းအခုမှထွက်လာတာပါ ဘယ်သူလာတာမှမမြင်မိပါဘူး။တစ်ခြားဆီကတစ်ခုခုစားပြီးအဆိပ်မိ
လာလို့ဒီနားရောက်မှသေသွားတာလား။အဲ့လိုလည်းမဖြစ်နိုင်ပါဘူး။
Bossကိုသေချာပြောပြမှဖြစ်မယ်"
ဓနကျော်လည်းbossကိုအကြောင်းစုံပြောပြလိုက်သည်။
"အေး အဲ့ဒီနေရာကို ငါအခုလာခဲ့မယ်
မင်းတို့ကတော့သွားနှင့်ကြ ပြီးတော့ အဲ့ဒီချိုင့်ထဲမှာ ဟင်းတွေကျန်
သေးလား"
"ဟုတ် နည်းနည်းတော့ကျန်သေးတယ်Boss"
"အေး အဲ့ချိုင့်ကိုအိမ်ပါအောင်ယူခဲ့ နားလည်လား"
"ဟုတ်ကဲ့ နားလည်ပါတယ် Boss"
"အေး နောက်ပြီး ပိုင်စေသူကိုလည်းအကဲခတ်ဦးကြားလား
သူလုပ်တာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူနဲ့ပတ်သက်နေ
တယ် နားလည်လား"
"ဟုတ်ကဲ့ နားလည်ပါတယ် Boss"
"အေး ဒါပဲ"
ပိုင်စေသူလည်းချိုင့်လေးကိုယူပြီးပြန်လာခဲ့သည်။
"မောင်ကလည်း ချိုင့်လေးယူတာကိုကြာလိုက်တာ"
"ဟီး..နည်းနည်းလေးကြာတာပါ."
ဓနကျော်လည်းချိုင့်လေးကို ထိုင်ခုံအောက်မှာချထားလိုက်သည်။
"ဟွန်း..ရပြီ မောင်ကြိုက်တဲ့ဆိုင်သွားတော့"
မောင်ကချိုင့်လေးကိုထိုင်ခုံအောက်မှာချထားလိုက်တာမို့ပိုင်စေသူ
လည်းတောင်းမနေတော့ပေ။
"ကလေးချက်တဲ့လက်ရာလေးကိုမစားရတာနာတယ်ကွာ"
ဓနကျော်လည်းကားမောင်းရင်းပြောလိုက်သည်။
"နောက်တစ်ခါကြဒီထက်ပိုကောင်းအောင်ချက်ပြီးကျွေးမယ်နော် "
ပိုင်စေသူလည်းမောင့်မျက်နှာလေးကိုငဲ့ကြည့်ရင်းပြောလိုက်သည်။
"မောင့်ကလေးလေး တစ်ယောက်တည်းချက်ရတာပင်ပန်းနေမှာပေါ့
မချက်ပါနဲ့တော့"
"ရပါတယ် မောင်ရဲ့
ညီမလေးစားမေးပွဲပြီးရင်ညီမလေးနဲ့အတူတူချက်ပြီးကျွေးမယ်"
"ဟုတ်ပါပြီဗျာ..ကလေးသဘောပါပဲ"
ဓနကျော်လည်းဆိုင်ရှေ့မှာကားလေးရပ်လိုက်ပြီးကလေးလက်ကိုဆွဲကာဆိုင်ထဲသို့ဝင်သွားလိုက်သည်။
ဆိုင်ထဲရောက်တော့ဟင်းပွဲရွေးကာမှာလိုက်သည်။ထို့နောက်ညနေစာ
ကိုအတူတူစားလိုက်ကြတော့သည်။
"ဒါနဲ့ ကလေးရဲ့ညီမလေးက အခုအိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာပေါ့ ဟုတ်လား"
"ဟုတ်တယ် မောင်
အဲ့ဒါကြောင့်အပြင်မှာအရမ်းကြာလို့မရဘူး"
"အင်းပါ
ကလေးတို့အိမ်ကိုဘယ်သူမှအလည်မလာကြဘူးလား"
"ကျွန်တော့်ဆီတော့မလာကြပါဘူး
ညီမလေးသူငယ်ချင်းတစ်ယောက်ကတော့ ဒီနေ့အလည်လာသေးတယ် ဘာလို့လည်းမောင်"
"ဘာမှမဟုတ်ပါဘူး ကလေးတို့မောင်နှမနှစ်ယောက်တည်းပျင်းနေမှာဆိုပြီးတွေးမိလို့ပါ"
"အော် မပျင်းပါဘူးမောင်ရဲ့ "
"ဟုတ်ပါပြီဗျာ..ဒါနဲ့ဒီချိုင့်ထဲမှာကလေးအတွက်ရောထည့်ခဲ့လား"
"ထည့်တော့ထည့်ခဲ့တယ်လေ မောင်နဲ့အတူတူနည်းနည်းစားပေးမလို့"
"အော် ဘာလို့နည်းနည်းပဲလည်း မောင်နဲ့အတူတူဝအောင်စားလေ"
ဓနကျော်လည်း ကလေးကိုထမင်းခွန့်ကျွေးလိုက်သည်။
"ညီမလေးက မောင်နဲ့အတူတူမစားခဲ့နဲ့တဲ့
သူနဲ့အတူတူစားလို့ပြောလိုက်လို့"
"အင်းပါ အခုရော နည်းနည်းပဲစားမှာပေါ့ ဟုတ်လား"
"ဒါပေါ့ မောင်ရဲ့"
ပိုင်စေသူလည်း မောင့်ကိုရေထည့်ပေးလိုက်သည်။
"ကလေးရဲ့ညီမလေးကိုလည်းပြောလိုက်ပါ မောင်ကအကုန်စားလိုက်တယ်လို့"
ဓနကျော်လည်းပြုံးလျက်ပြောလိုက်သည်။
"ဟမ်..မောင်ကလည်း မောင်မစားလိုက်ရဘူးလေ
မှောက်ကျသွားတာကို.."
ပိုင်စေသူလည်းမောင့်ကိုမျက်စောင်းလေးထိုးကာပြောလိုက်သည်။
"ကလေးညီမလေး စိတ်မကောင်းဖြစ်မှာစိုးလို့ပါ
မှောက်ကျသွားတယ်ဆိုတာလည်းပြောမနေနဲ့နော် ကလေး"
"ဟုတ်ကဲ့ပါ မောင်ချည်းပဲစားလိုက်တာလို့ပြောလိုက်တော့မယ်
ဟုတ်ပြီလား"
"ဟား..ကလေးကလိမ္မာလိုက်တာကွာ"
ဓနကျော်လည်းကလေးရဲ့ပါးစပ်လေးကိုတစ်ရှူးလေးနဲ့လှမ်းသုတ်ပေးလိုက်သည်။
"မောင် ပြန်ကြစို့"
ပိုင်စေသူလည်း ညီမလေးစောင့်ရတာကြာလို့ဗိုက်ဆာနေမှာစိတ်ပူသည်။
"ဟုတ်ပါပြီဗျ"
ဓနကျော်လည်းပိုက်ဆံရှင်းပြီးထွက်လာခဲ့လိုက်သည်။
ဓနကျော်လည်းကားမောင်းနေတဲ့တစ်လျောက်လည်းခွေးသေနဲ့ဝက်စလူးအကြောင်းသာစဉ်းစာနေလိုက်သည်။
"မောင် ရောက်ပြီလေ"
အိမ်ရှေ့မှာကားရပ်ပြီးကားတံခါးမဖွင့်ဘဲထိုင်နေသောမောင့်ကို
ပိုင်စေသူပြောလိုက်သည်။
"အင်းပါ..မောင်က ကလေးနဲ့မခွဲချင်သေးလို့ပါ"
ဓနကျော်လည်းပြုံးလျက်ပြောလိုက်သည်။
"မွ.."
ပိုင်စေသူလည်း မောင့်ပါးလေးကိုဖွဖွလေးနမ်းလိုက်သည်။
"ကလေးက အရမ်းသိတတ်တာပဲ
မောင်လည်းပြန်ပြီနော် ကလေး"
ဓနကျော်လည်းကလေးရဲ့ခေါင်းလေးကိုလက်ကလေးနဲ့အသာထိန်းယူပြီးကလေးရဲ့နှဖူးလေးကိုနမ်းလိုက်သည်။
ထို့နောက်ကလေးကို ကားတံခါးလေးဖွင့်ပေးလိုက်သည်။
ပိုင်စေသူလည်းမောင့်ကိုပြုံးပြနှုတ်ဆက်ပြီးအိမ်ထဲသို့ဝင်လာခဲ့လိုက်
သည်။
သီရိမေလည်း ကိုကိုပြန်လာသည်နှင့်အိမ်တံခါးဖွင့်ပေးလိုက်သည်။
"ကိုကိုချိုင့်ရော"
ကိုကို့ဆီမှာချိုင့်ပါမလာ၍သီရိမေမေးလိုက်သည်။
"အာ...သူ့ဆီပါသွားပြီ "
ပိုင်စေသူလည်းချိုင့်ယူဖို့မေ့သွားသည်။
ညီမလေးကသူများဆီချိုင့်ပါသွား၍ထင်သည်မျက်နှာမကောင်းပေ။
"ကိုကိုကလည်း ကိုယ့်ချိုင့်ကိုတောင်မေ့ရတယ်လို့
ဒါနဲ့ ဝက်စလူးတွေကကုန်ခဲ့လားကိုကို"
"အင်း ကုန်ခဲ့တယ် ညီမလေး"
"ကိုကိုမစားခဲ့ဘူးမို့လား လာ ညီမလေးနဲ့အတူတူစားရအောင်"
သီရိမေလည်းကိုကို့ကိုမီးဖိုထဲသို့ဆွဲခေါ်သွားလိုက်သည်။
"ကိုကို့သူငယ်ချင်းက ကိုကို့လက်ရာကိုကြိုက်တယ်တဲ့လား
အကုန်စားသွားတယ်မို့လား သူက"
သီရိမေလည်း ထမင်းလေးခူးပေးရင်းမေးလိုက်သည်။
"အင်း စားတယ်လေ ညီမလေး
ဘာလို့လည်း"
ပြန်ရောက်တည်းကဒီအကြောင်းကိုပဲညီမလေးကမေးနေတာမို့ပိုင်စေသူလည်းပြန်မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ကိုကို့လက်ရာကိုကြိုက်တဲ့သူရှိသေးလားလို့ပါ"
"ရှိတာပေါ့ ကိုကိုဒီလောက်အချက်ပြုတ်တော်နေတာ ကိုကို့လက်ရာကို ဘယ်သူကမကြိုက်ဘဲနေမှာလည်း"
ပိုင်စေသူလည်း ဟင်းရည်သောက်ရင်းပြုံးလိုက်သည်။
"အမလေး ကိုယ့်ငါးချဉ်ကိုယ်ချင်နေပြီ
ဒါနဲ့ ကိုကို့ကို ညီမလေးမေးစရာရှိတယ်"
သီရိမေလည်း ထမင်းစားတာကိုခဏရပ်လိုက်သည်။
"မေးလေ ညီမလေး"
"အရမ်းမုန်းတဲ့လူနှစ်ယောက် ချစ်သွားနိုင်လား
နောက်ပြီး ယောကျာ်းလေးနှစ်ယောက်ကရော ချစ်သူတွေဖြစ်နိုင်လား"
"အင်း..ဖြစ်နိုင်တယ်ထင်တာပဲ"
ပိုင်စေသူလည်း မောင်နဲ့စတွေ့ခဲ့တဲ့အကြောင်းကိုပြန်တွေးရင်းဖြေ
လိုက်သည်။
"ဟင်း...ကောင်းတာပေါ့"
သီရိမေလည်းနှုတ်ခမ်းလေးတစ်ဖက်ကွေ့တက်ရုံမျှပြုံးလိုက်သည်။
"ဘာကိုကောင်းတာလည်းညီမလေး"
ညီမလေးစကားကြောင့်ပိုင်စေသူလည်းကြောင်သွားသည်။
"အမုန်းတွေမရှိဘဲ အချစ်တွေရှိတာကောင်းတာပေါ့"
သီရိမေလည်းကိုကို့ကိုပြုံးလိုက်သည်။
*အမုန်းအတွက်အချစ်ကိုအသုံးချရတာလည်းပိုတောင်ကောင်းသေးတယ်ကိုကိုရဲ့*
သီရိမေလည်းကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေလိုက်သည်။ပိုင်စေသူလည်း
ညီမလေးကိုအကဲခတ်ရင်းထမင်းစားနေလိုက်တော့သည်။
***************************************
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်💙💙💙