အပိုင်း(၂၁)(Unicode)

1K 79 4
                                    

"လာ လာ ကျွန်တော်ကူပေးမယ်"

လက်တစ်ဖက်မှသွေးတွေစီးကျနေသော ကိုမိုးတိမ်ထွဋ်ရဲ့ခန္ဓာကိုယ်ကိုရောင်နီရှိုင်းကထိန်းပေးလိုက်သည်။ရောင်နီရှိုင်းလည်းမိုးတိမ်ထွဋ်ရဲ့လက်တစ်ဖက်ကို မ တင်လိုက်ပြီး ပုခုံးပေါ်မှာတင်လိုက်သည်။ကျန်လက်တစ်ဖက်နဲ့ မိုးတိမ်ထွဋ်ရဲ့ခါးကိုကိုင်ကာထိန်းပေးလိုက်သည်။

"အခုလိုကြီးလုပ်နေစရာမလိုပါဘူးကွာ
ငါ့ဘာသာငါသွားနိုင်ပါတယ် ဖယ်ပါ"

မိုးတိမ်ထွဋ်ရဲ့နှုတ်ကသာငြင်းနေပေမယ့် မိုးတိမ်ထွဋ်ရဲ့ခန္ဓာကိုယ်ကတော့ ရောင်နီရှိုင်းလက်ထဲမှာပင်။

"စေတနာနဲ့လုပ်ပေးတယ်ထင်မနေနဲ့ ကျွန်တော့်ကိုအမှုပက်မှာစိုးလို့လုပ်ပေးနေတာ စကားများမနေနဲ့တော့ ဆေးခန်းထဲဝင်ရတော့မှာ"

ရောင်နီရှိုင်းလည်းသူ့ထက်အနည်းငယ်ထွားသော မိုးတိမ်ထွဋ်ရဲ့ကိုယ်ကြီးကိုထိန်းရင်း ဆေးရုံထဲသို့ဝင်သွားလိုက်တော့သည်။

"ဘာများကူညီရမလည်းရှင့်"

"ခင်ဗျားတို့ဒေါက်တာကိုသာ မြန်မြန်ခေါ်လိုက်ပါ"

သွေးတွေကိုမြင်နေရတာတောင်အလိုက်မသိမေးနေသော သူနာပြုကို
ရောင်နီရှိုင်းလည်း ခက်ဆတ်ဆတ်လေးပြန်ပြောလိုက်သည်။

မိုးတိမ်ထွဋ်လည်း ရောင်နီရှိုင်းရဲ့ကိုယ်လေးကိုအားပြုထားရင်း သူနာပြုကိုတစ်လှည့် ရောင်နီရှိုင်းကိုတစ်လှည့်ကြည့်လိုက်သည်။

သူနာပြုလေးကလည်း ရောင်နီရှိုင်းရဲ့စကားကြောင့် ကြောင်အ အ လေးဖြစ်သွားသည်။ထို့နောက်သူမလည်း ဆရာဝန်ဆီသို့ ခပ်မြန်မြန်လေးထွက်သွားတော့သည်။

"ကျစ်..ဘယ်လိုဆေးရုံလည်းမသိဘူး။"

ရောင်နီရှိုင်းလည်းအခုထိမထိုင်ရသေးဘဲ မိုးတိမ်ထွဋ်ရဲ့ကိုယ်ကိုတွဲလျက်ရပ်နေရသောကြောင့်ညည်းညူလိုက်သည်။

"ဟာ..ကိုမိုးတိမ်ထွဋ်ပါလား
ကျွန်တော်က အရေးပေါ်လူနာကြည့်နေလို့ နည်းနည်းကြာသွားတာ
လာဗျာ"

ဒေါက်တာကလည်း မိုးတိမ်ထွဋ်ကိုမြင်တော့ ပျာပျာသလဲရှင်းပြနေသည်။ဒီလူကြီးရဲ့ ဇ ကမသေးဘူးဆိုတာကိုတော့ ရောင်နီရှိုင်းလက်ခံလိုက်သည်။စီးပွားရေးလောကတွင်သာမက အခုလိုဒေါက်တာတွေကပါ ရက်ရက်ရောရောပြောတာခံနေရသော မိုးတိမ်ထွဋ်ကိုရောင်နီရှိုင်းလည်းကြည့်လိုက်မိသည်။ဒဏ်ရာကနာနေ၍ထင်သည် မိုးတိမ်ထွဋ်ကသူ့ရဲ့မျက်ခုံးနှစ်ဖက်ကိုထိလုနီးပါတောင်ကျုံ့ထားသည်။ထို့ကြောင့် ရောင်နီရှိုင်းလည်း ဘာမှပြောမနေတော့ဘဲ ဒေါက်တာခေါ်ရာသို့ လိုက်သွားလိုက်တော့သည်။

At the end of the hate(Completed) Where stories live. Discover now