အပိုင်း(၁၂)(Unicode)

1.3K 71 9
                                    

"ဒီမှာ ညအိပ်မယ်လေ
မနက်မှပြန်ကြမယ်"

"ဗျာ...!."
ညအိပ်မယ်ဆို၍ ပိုင်စေသူလန့်သွားသည်။

"မောင် မရဘူးလေ
အိမ်မှာ ညီမလေးတစ်ယောက်တည်းကျန်ခဲ့တာ သူကြောက်နေမှာပေါ့
နောက်ပြီး ကျွန်တော်လည်း ညီမလေးကို တစ်ယောက်တည်းစိတ်မချဘူး"

"ကလေးကလည်း ဘာမှစိတ်မပူပါနဲ့ မောင့် လူယုံတွေကို ကလေးအိမ်ဘေးစောင့်ခိုင်းထားလိုက်မယ် နော် ကလေး"

"အာ...မောင်ကလည်း မောင့်လူယုံတွေက ယောကျာၤးလေးတွေ ကျွန်တော်စိတ်မချပါဘူးဗျာ..ညတော့အိမ်ပြန်ကြမယ် နော် မောင်"

"အဲ့ဒါဆို မိန်းကလေးလူယုံတွေကို စောင့်ခိုင်းလိုက်မယ် နော် ကလေး"

"မောင်ကလည်း အဲ့ဒီမိန်းကလေးတွေက gayနေရင် ဘယ်လိုလုပ်မလည်း"

သူတို့ဆရာလိုgayနေမည်စိုး၍ ညီမလေးကို စိတ်မချနိုင်။

"ဟား...ကလေးကတော့ကွာ..မောင့်လူတွေက မgayပါဘူး မတော်တဆသူတို့ကGayရင်တောင် ကလေး ညီမက မgayရင် ဘာမှမဖြစ်ပါဘူး
ကိုယ့်ညီမကို မယုံကြည်လို့လား"

"အဲ့လိုမဟုတ်ပါဘူး ကျွန်တော့်ညီမလေးက အဖြောင့်ပါ ကျွန်တော်သာ ကွေးအောင်အလုပ်ခံလို့ကွေးသွားတာ"
ပိုင်စေသူလည်း မောင်နဲ့စတွေ့တုန်းက အနမ်းခံရတာကိုပြန်မြင်ယောင်ရင်းပြောလို်က်သည်။

"ဟုတ်လား...မောင့််ကလေးလေးကို ဘယ်သူကကွေးအောင်လုပ်လိုက်တာလည်း ဘယ်လိုလုပ်တာလည်းဟင်"
ဓနကျော်လည်း ပိုင်စေသူရဲ့မေးလေးကိုကိုင်ကာမျက်လုံးချင်းဆုံစေပြီးမေးလိုက်သည်။

"မောင်နော် မသိတာကြလို့
ဘာမှမသိဘဲနဲ့သူများကို အတင်းဆွဲနမ်းတာလေ မမှတ်မိတော့ဘူးလား ဟင် ဟင် ပြောစမ်း"
ပိုင်စေသူလည်းမောင့်မျက်နှာနှင့်နီးကပ်သည်ထိရှေ့တိုးကာ မေးလိုက်သည်။

"မသိဘူး..ဘယ်လိုလုပ်တာလည်း လုပ်ပြ"
ဓနကျော်လည်း အနီးကပ်မြင်နေရသော ကလေးလေးရဲ့ နီနီရဲရဲနှုတ်ခမ်းလေးကို စွဲမက်စွာကြည့်ရင်းမေးလိုက်သည်။

"ဒီလိုမျိုး...မွ"
ပိုင်စေသူလည်း မောင့်နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်ပြီး မောင့်ရင်ခွင်ထဲမှာ မျက်နှာလေးကိုဝှက်ထားလိုက်သည်၊

At the end of the hate(Completed) Where stories live. Discover now