အပိုင်း(၁၅)

738 46 1
                                    

"ဒေါက်..ဒေါက်.."

"ဝင်ခဲ့ပါ"
တံခါးခေါက်သံကြား၍ ဓနကျော်ပြောလိုက်သည်။

"ဓန ငါခဏအပြင်သွားမလို့
ကုမ္ပဏီကို ခဏမင်းကြည့်ပေးထားနော်"

"ဟာဗျာ...!.."

အကြီးတွေပဲအပြင်သွားနေ၍ ဓနကျော်စိတ်ညစ်သွားသည်။

"လုပ်ပါကွာ..အရေးကြီးကိစ္စလေးပေါ်လာလို့ပါ နော်"
မင်းထင်လည်း ဓနကိုရအောင်ပြောလိုက်သည်။

"ခင်ဗျားလိုတစ်ကိုယ်တည်းသမားက ကုမ္ပဏီထက်အရေးကြီးတာဘာရှိသေးလို့လည်း"

"မင်းကလည်းကွာ..ငါ့မှာတစ်ခြားကိစ္စလေးတွေရှိသေးလို့ပါ အပြန်ရောက်ရင် မင်းကြိုက်တဲ့ ဘီယာဘူး ငါဝယ်ခဲ့မယ်လေ နော် တကယ် ခဏပဲ"

"ပြီးတာပဲ မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်
မကြာစေနဲ့ စိတ်ပူလို့ပြောတယ်မထင်နဲ့ ဘီယာသောက်ချင်လို့်"

"အေးအေး ငါသွားပြီ"

မင်းထင်လည်း ရုံးခန်းထဲမှထွက်ကာ ကပျာကယာနဲ့ ကားထဲသို့ဝင်သွားလိုက်သည်။

ထို့နောက် bubble teaတစ်ဘူးနှင့် ရှမ်းတစ်ပွဲဝယ်လိုက်သည်။မြီးရှည်တစ်ပွဲနှင့်ထောပတ်သီးဖျော်ရည်ပါထပ်ဝယ်လိုက်သည်။

"ဟူး....မှာတာတွေတော့ စုံပြီထင်တာပဲ"
ဝယ်စရာရှိတာဝယ်ပြီးသည်နှင့် ရောင်နီရှိုင်းတို့ကုမ္ပဏီရှေ့ကားရပ်လိုက်သည်။

မိုးတိမ်ထွဋ်နဲ့ရောင်နီရှိုင်းကမတည့်ကြပေမယ့် မင်းထင်နဲ့ခန့်ဇာနည်က အပေါင်းသင်းမပျက်ခင်ကြသည်။မင်းထင်ကလည်း ခန့်ဇာနည်ကိုနားလည်သည်။တစ်ခြားဘာပုဂ္ဂိုလ်စွဲမှမရှိဘဲ သဘောထားပြည့်သည်။

မင်းထင်လည်းခန့်ဇာနည်ကိုဖုန်းခေါ်လိုက်သည်။

"Hello ကောင်လေး
မင်းတို့ကုမ္ပဏီရှေ့ရောက်နေပြီ ထွက်ခဲ့တော့"

"ဟုတ်ကဲ့ ဟုတ်ကဲ့ လာပြီနော်"
ခန့်ဇာနည်လည်း ရုံးခန်းထဲမှချက်ချင်းထွက်သွားလိုက်သည်။

ဝသုန်ကတော့ cctvကနေ ခန့်ဇာနည်ကိုကြည့်နေလိုက်သည်။

"ကျေးဇူးပါ ကိုမင်း
ကျွန်တော်က မအားလို့ အပြင်မထွက်နိုင်လို့ပါ "
ခန့်ဇာနည်လည်း ကိုမင်း ပေးတဲ့စားစရာတွေကိုလှမ်းယူရင်းပြောလိုက်သည်။

At the end of the hate(Completed) Where stories live. Discover now