အပိုင်း(၂၀)(Unicode)

1K 88 1
                                    

သီရိမေလည်း ကိုကိုနှင့်အတူညနေစာစားပြီးသည်နှင့် စာပြန်ကြည့်တော့သည်။

ပိုင်စေသူလည်းစာကြည့်နေတဲ့ညီမလေးဘေးမှာထိုင်ပြီးဖုန်းသုံးနေလိုက်သည်။

"စာမေးပွဲဖြေရင် ကိုကိုပဲ အကြိုအပို့လုပ်ပေးမယ်နော်"

"အာ..ရပါတယ် ကိုကိုရဲ့ ညီမလေးတစ်ယောက်တည်းပဲသွားပါ့မယ်"

"ဘာလို့လလည်း ညီမလေး"

"ဘာမှမဟုတ်ပါဘူး ကိုကိုလည်းအလုပ်တစ်ဖက်မို့လေ"

"အင်းပါ အဲ့ဒါဆိုလည်း ညီမလေးသဘောပဲ"

"ဟုတ်ကဲ့ ကိုကို"

သီရိမေလည်းစာဆက်ကြည့်လိုက်တော့သည်။

ပိုင်စေသူလည်းဖုန်းကိုကြည့်လိုက်ညီမလေးကိုအကဲခတ်လိုက်နှင့်ဘေးမှာထိုင်နေလိုက်တော့သည်။

"...."

"အဆိပ်က အတူတူပဲ
ခွေးကလည်းအဆိပ်မိပြီးသေတာ ခွေးကဒီချိုင့်ထဲကဟင်းတွေကိုစားလိုက်လို့သေတာဖြစ်နိုင်တယ်
ချိုင့်ထဲက အဆိပ်ကလည်းအဲ့ဒီပုံစံပဲ"
မိုးတိမ်ထွဋ်လည်းဓနကျော်ကိုရှင်းပြနေလိုက်သည်။

"ဒါကဘယ်လိုဖြစ်နိုင်လည်း boss"

"အေး အရင်ဆုံး ဖြစ်နိုင်တဲ့လူက ပိုင်စေသူ
ငါတို့ကြောင့်သူ့အဖေသေတာဆိုပြီးသူကလက်စားပြန်ချေဖို့ကြိုးစားတယ်။အဲ့ဒီချိန်မှာမင်းကအမှန်တိုင်းဝန်ခံပြီးတောင်းပန်လိုက်တယ်။မင်းရဲ့တောင်းပန်စကားကြောင့်သူ့စိတ်ပြောင်းသွားပြီးအံ့ဩတဲ့ပုံစံလုပ်ပြီးချိုင့်ကိုလွှတ်ချလိုက်တယ်။အဲ့ဒီလိုလည်းဖြစ်နိုင်တာပဲလေ"

"ဒါပေမယ့် boss
သူကကျွန်တော်နှင့်အတူတူစားမှာလေ သူ့လည်းသေနိုင်တာပဲလေ။
သူအဲ့လိုလုပ်မယ်တော့ကျွန်တော်မထင်ဘူး"

"မင်းစဉ်းစားကြည့်ပါ။
မင်းနဲ့သူအတူတူစားပါပြီတဲ့။ဘယ်သူစမြည်းကြည့်မှာလည်း။ဘယ်သူကဘယ်သူ့ကိုမြည်းခိုင်းမလဲ။အဲ့ဒါဆိုအရင်သေမှာဘယ်သူလည်း မင်းပဲလေ"

ဓနကျော်ကတော့နှုတ်ပိတ်ကာငြိမ်နေမိတော့သည်။ကလေးကိုတော့စိတ်ထဲမှအကြွင်းမဲ့ယုံကြည်နေမိသည်။

At the end of the hate(Completed) Where stories live. Discover now