အပိုင်း(၉)(Unicode)

1.3K 81 0
                                    

"ချလွမ်.!.."
ဖုန်းမက်ဆေ့ကျသံကြား၍ ရောင်နီရှိုင်းလည်း ဖုန်းကို လှမ်းယူလို်က်သည်။

ဖုန်းထဲက မက်ဆေ့ကိုကြည့်ပြီး ရောင်နီရှိုင်းပြုံးလိုက်သည်။

"ချလွမ်..!.."
နောက်ထပ် မက်ဆေ့တစ်စောင်ကျလာသည်။

"ဘာ.!...တောက်..!.."

လင်းလက်ရဲ့ စီမံကိန်းကိစ္စအဆင်ပြေတယ်ဆိုတဲ့ မက်ဆေ့ကို မြင်ပြီး ရောင်နီရှိုင်း ပျော်သွားပေမယ့် နောက်ထပ်ရောက်လာသော မက်ဆေ့တစ်စောင်ကြောင့် ရောင်နီရှိုင်းဒေါသထွက်သွားသည်။

"ခင်ဗျား အဖေကို မိုးတိမ်ထွဋ်တို့ အဖွဲ့လုပ်ကြံတာ"

စာစောင်ကိုဖတ်ပြီး ရောင်နီရှိုင်းလည်း ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"တောက်...ဒီကောင် ဒီကောင်ကွာ!. "
ရောင်နီရှိုင်းလည်း စားပွဲကိုလက်သီးနဲ့ ပစ်ထိုးလိုက်သည်။

ခန့်ဇာနည်ကတော့ စာရင်းလုပ်နေရင်း ဒေါသထထွက်နေသော ဆရာကိုကြည့်ပြီး လန့်သွားသည်။ဆရာ အခုလိုဒေါသထွက်တာ တစ်ခါမျှ ခန့်ဇာနည် မမြင်ဖူးပေ။စီမံကိန်းဆုံးရှုံးတုန်းကတောင် အခုလောက်ထိ စိတ်မတိုခဲ့ပေ။အခုကိစ္စက တော်တော်ဆိုးမည်ဆိုတာ ကိုတော့ ခန့်ဇာနည်ရိပ်မိသည်။

"ဆရာ ဘာဖြစ်လို့လည်းဗျ
ကျွန်တော် ဘာကူညီပေးရမလည်း"
ခန့်ဇာနည်လည်း ဆရာ့အနားသွားကာ မေးလိုက်သည်။

"ရတယ် ရတယ် ငါ့နားမလာနဲ့
မင်းလုပ်စရာရှိတာ ဆက်လုပ်"
ရောင်နီရှိုင်းလည်း စိတ်တိုနေတာမို့ ခန့်ဇာနည်ကို လက်ကာပြပြီးတားလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"
ခန့်ဇာနည်လည်း ဆရာရဲ့မျက်နှာရော လက်တွေပါ နီရဲနေတာမို့ ရှေ့ဆက်မတိုးတော့ဘဲ ကိ်ုယ့်နေရာကိုယ်သာ ပြန်ထိုင်လိုက်သည်။

ရောင်နီရှိုင်းလည်း မက်ဆေ့ပို့တဲ့ဖုန်းနံပါတ်ကို ဖုန်းပြန်ခေါ်လိုက်သည်။

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

"တောက် ဒီသေနာမက တစ်မျိုး..ခွမ်း"
ရောင်နီရှိုင်းလည်း တစ်ဖက်လူရဲ့ဖုန်းကို ဆက်မရတာကြောင့် ဖုန်းကိုပေါက်ပစ်လိုက်သည်။

At the end of the hate(Completed) Where stories live. Discover now