အပိုင်း(၂၃)(Unicode)

1.1K 79 1
                                    

စာမေးပွဲဖြေပြီး၍ တစ်ချို့လူတွေက အဖြေတွေတိုက်ကြ ဝမ်းသာကြ အားမလိုအားမရဖြစ်ကြနှင့် ကျောင်းဝန်းကြီးကလည်းဆူညံနေသည်။
တစ်ချို့ကျောင်းသူကျောင်းသားတွေကတော့ အုပ်စုဖွဲ့ကာ ဘယ်သွားမယ် ညာသွားမယ်ဖြင့်တိုင်ပင်နေကြသည်။

အဖြူစိမ်းတွေနဲ့လှုပ်ရှားနေကြသော ကျောင်းသူကျောင်းသားတွေကြားထဲမှာ ခေါင်းငိုက်စိုက်ချလျက်မှိုင်တွေနေသော ကျောင်းသားတစ်ယောက်လည်းရှိနေပြန်သေးသည်။

သီရိမေသာရှိရင် ဒီအချိန်ဆိုပျော်မြူးနေမည်မှာအမှန်ပင်။
အဖြေမမှန်တဲ့ အံ့မင်းကိုလည်း ခေါင်းခေါက်ကာ ရှင်းပြနေပေဦးမည်။

အံ့မင်းလည်း သက်ပြင်းတစ်ချက်ချလိုက််ပြီး ကျောင်းထဲမှထွက်လာခဲ့လိုက်သည်။ကျောင်းတော်ကြီးကိုလည်း နောက်ဆုံးအနေနှင့်လှည့်ကြည့်ကာ နှုတ်မဆက်ချင်တော့ပေ။
ကျောင်းတော်ကြီးကိုမြင်သည်နှင့် ကျောင်းတော်ကြီးထဲက ကျောင်းသူလေးတစ်ယောက်ကိုမြင်ယောင်မိမှာမို့ အံ့မင်းလည်း ကျောခိုင်းလျက်သာထွက်လာခဲ့လိုက်တော့သည်။

*မင်းအတွက်ဖြစ်ပေါ်လာတဲ့အချစ်တွေကို ရင်ထဲမှာပဲ ရာသက်ပန်သိမ်းထားတော့မည်*

"...."

"Hello မောင်
ပြောလေ"

"ကလေး
မောင်မအားတော့လို့ ကလေးဆီမလာတော့ဘူးနော်"

"မောင့် bossက အပြင်သွားပြန်ပြီလား"

"ဟုတ်တယ် ကလေးရေ
သူလည်း ရောင်နီရှိုင်းဘေးမှာပဲ နေနေတာ
ဟိုက သူ့ဆိုနည်းနည်းမှကြည့်မရတာသိနေတာကို မမှတ်ဘူး"

"သူလည်း ကိုရောင်နီတို့်မင်္ဂလာပွဲကိုအစွမ်းကုန်တော့တားနေရှာသားပဲ"

"ဟုတ်တယ်
ဒါနဲ့ မောင်တို့ရော ဘယ်အချိန်လက်ထပ်ကြမလည်းဟင်"

"ဟာ..မောင်ကလည်း ကြံကြံဖန်ဖန်မေးနေပြီ
ညီမလေးရက်လည်ပြီးတာမှမကြာသေးဘူး အစ်ကိုက မင်္ဂလာဆောင်တယ်ဆိုတော့ လူကြားလို့မှမကောင်းပါဘူး မောင်ရယ်"

"ဟုတ်သားပဲ..အဲ့ဒါဆိုလည်း ဖြည်းဖြည်းမှပေါ့"

"ဟုတ်ကဲ့မောင်
Clubက လူတွေများလာလို့ ဒါပဲနော် "

At the end of the hate(Completed) Where stories live. Discover now