ုI can only imagine 💓Part 8💓
ေလးညိဳ႕႐ွင္
ကြၽန္ေတာ္ ဒဏ္ရာရတယ္ ဆိုတာ အေဖ သိဆိုသိခ်င္း အေျပး ျပန္လာတာကို သိရတာနဲ႔ ကြၽန္ေတာ့္မွာ
ေပ်ာ္လို႔မဆုံး ျဖစ္ေနရသည္။ ဒါေပမယ့္ ထင္ထားသေလာက္လည္း မဟုတ္ပါဘူး ကြၽန္ေတာ္ အေဖရဲ႕ အက်င့္ကို ခဏေလး ေမ့သြားခဲ့ရံုပါ။ အေဖက ဘယ္တုန္းကမ်ား
ကြၽန္ေတာ္အတြက္ အထူးတလည္ လုပ္ေပးဖူးတာ ရိွလို႔လဲ။ အခုလည္း ဦးဂုဏ္႐ွင္ရဲ႕ သားကို ဘယ္သူက ရာရာစစ
ဒဏ္ရာ ျဖစ္ေအာင္ လုပ္လိုက္သလဲ ဆိုတာပဲ စိတ္ဝင္စားတာကိုး။
ကလစ္
"ေလးညိဳ႕႐ွင္ ''
တံခါးကို ဖြင့္၍ ဝင္လာေသာ ျမတ္ႏိုးရာအား တခ်က္
ၾကည့္၍ ခုတင္ေပၚ သြားထိုင္ေနလိုက္သည္။ သူက
ကြၽန္ေတာ့္အေ႐ွ႕တြင္ လာရပ္၍
" ဦးကို မေျပာျပလိုက္တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ''
"ဘာကိုလဲ ''
"မင္းကို ဓားနဲ႔ ထိုးလိုက္တဲ့ သူက ငါပါလို႔ မေျပာလိုက္တဲ့အတြက္ ေက်းဇူးပါလို႔ မဟုတ္ရင္ ငါ မင္းတို႔ သားအဖကို ဘယ္လို မ်က္ႏွာျပရမလဲ ဆိုတာေတာင္ သိေတာ့မွာ
မဟုတ္ဘူး ''
"အဟက္ အာ့ဒါလား ဒီအတြက္ မင္း ငါ့ကို ေက်းဇူးတင္တယ္ ဆိုရင္ မေျပာလည္း ျဖစ္တယ္ ဘာလို႔ဆို အေဖက
မင္းကိုငါထက္ ပုိခ်စ္တာမို႔လို႔ ငါ့ကို ဒဏ္ရာရေစတဲ့သူက မင္းပါလို႔ သိသြားခဲ့ရင္ေတာင္ အေဖက မင္းကို ဘာမွ
လုပ္မွာ မဟုတ္ဘူး ''
"ေလးညိဳ႕႐ွင္ မင္း မွားေနၿပီ ဦးက အာ့လို မဟုတ္ဘူး
မိဘတိုင္းက သားသမီးကို ခ်စ္ၾကတာခ်ည္းပါပဲ မင္း
မဟုတ္တာေတြ ေတြးၿပီး အထင္မလြဲလိုက္နဲ႔ေလကြာ''
"က်စ္ ဒီမွာ မင္းက အခုမွ ငါတို႔အိမ္ကို ေရာက္လာတာ
မင္း မ်က္လုံးနဲ႔ ျမင္တဲ့ဟာေတြေလာက္နဲ႔ေတာ့
အထင္မမွားလိုက္နဲ႔ ဦးဂုဏ္႐ွင္ ဆိုတဲ့ ငါ့အေဖက ဒီလို
လူစားမ်ိဳးပဲ ''
"မဟုတ္ဘူး ေလးညိဳ႕႐ွင္ မဟုတ္ေသးဘူးကြာ... ''
"ေတာ္ေတာ့ ဆက္မေျပာနဲ႔ ငါ အိပ္ခ်င္ေနၿပီ အိပ္ေတာ့မယ္ မင္းလည္း မင္း အခန္း မင္း ျပန္ေတာ့ သြား ''
"မသြားဘူး ''
"ဘာ !''
"ဟုတ္တယ္ မသြားဘူး ငါလည္း ဒီမွာ အိပ္မွာ ''
"က်စ္ ႐ႈပ္လိုက္တာကြာ ျမတ္ႏိုးရာ ငါ မင္းကို
မလိုဘူးေနာ္ ''
"သိတယ္ သိတယ္ ဒါေပမယ့္ ငါ ဦးကို ကတိေပးထားတယ္ မင္းကို အေကာင္းဆုံး ဂ႐ုစိုက္ပါ့မယ္လို႔ ကတိေပးခဲ့တယ္''
"မလိုဘူး ငါ က်ိဳးကန္းေနတာလည္း မဟုတ္ဘူး မင္းကိုလည္း မလိုအပ္ဘူး ငါ့အေဖကို ကတိေပးထားလို႔ ျပဳစုခ်င္
မျပဳစုခ်င္နဲ႔ မလာနဲ႔ မင္းကို လက္မခံဘူး''
"အာ မဟုတ္...မဟုတ္ပါဘူးကြာ ငါ တကယ္ မင္းကို ျပဳစုခ်င္တာပါ ဒဏ္ရာကလည္း ငါ့ေၾကာင့္ ျဖစ္သြားတာမလား ''
မ်က္ႏွာေလး ၿငိဳးငယ္ကာ ဆိုလာတဲ့ ျမတ္ႏိုးရာကို
ကြၽန္ေတာ္ မၾကည့္ေတာ့ပဲ ခုတင္ေပၚ လွဲအိပ္လိုက္ေတာ့ သူက ေစာင္ေလး လာျခံဳေပးေနသည္။ ၿပီးေတာ့
ကြၽန္ေတာ္ ခုတင္ေအာက္တြင္ ဖ်ာေလးခင္းၿပီး
သူ အိပ္ဖို႔အတြက္ပါ စီစဥ္ေနေသးသည္။
" ဒါ ဘာလုပ္တာလဲ ျမတ္ႏိုးရာ ''
"ဟင္ ငါ အိပ္မလို႔ေလ ဘာလို႔လဲ မင္း ဘာလိုခ်င္လို႔လဲ
ေရဆာလို႔လား ခဏေလးေနာ္ ငါ ေရသြားယူလိုက္မယ္''
"မဟုတ္ဘူး မင္း အခု ဘာလုပ္ေနတာလဲလို႔''
ကြၽန္ေတာ္ သူရဲ႕ ေခါင္းအံုးေတြကို မ်က္စပစ္ျပၿပီး
ေမးလိုက္ေတာ့မွ သူက သေဘာေပါက္ကာ
" အာ အိပ္မလို႔ေလ မင္း ညအိပ္ေနတုန္း တစ္ခုခု
လိုတာတို႔ တစ္ခုခု ျဖစ္သြားတာတို႔ ဆိုရင္ ငါ လုပ္ေပးရေအာင္လို႔ပါ''
"ဟုတ္ပါၿပီ ေအးတယ္ အေပၚ တက္လာခဲ့''
"ဟင္ ရတယ္ မင္း အေနၾကပ္ေနပါအံုးမယ္ ငါက ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အိပ္တတ္တာမို႔ ငါ အဆင္ေျပတယ္''
"မလိုခ်င္ဘူး ငါက တက္လာခဲ့ဆို လာခဲ့လိုက္ ေအး ငါ အခု စိတ္ေကာင္းဝင္ေနလို႔ ေခၚတာေနာ္ မဟုတ္ရင္ အျပင္မွာ ထြက္အိပ္ရမယ္မွတ္''
"အာ တက္ၿပီ တက္ၿပီ ''
ျမတ္ႏိုးရာ ပ်ာပ်ာသလဲ ကြၽန္ေတာ္ခုတင္ေပၚ ေစြ႔ခနဲ
တက္လိုက္ျပီး ဟီးခနဲ သြားက်ဲျပလာသည္။ ကြၽန္ေတာ္လည္း သူ႔အတြက္ ေဘးသို႔ ေနရာ ေရြြ႕ေပးဖို႔ ထလိုက္ေတာ့ သူကပါ ကူဖို႔ ျပင္လာသည္။ ကြၽန္ေတာ္ အိပ္ဖို႔ ေခါင္းအံုးကို နံေဘးသို႔ ထားလိုက္ၿပီး ျဖည္းျဖည္းခ်င္း လွဲအိပ္ေစတာမို႔ အားလြန္ကာ သူ႔ရင္ဘတ္ကို လွမ္းဆြဲမိလိုက္ေတာ့
ေကာင္ေသးေသးေလးက ကြၽန္ေတာ္ ခႏၶာကိုယ္ေပၚ
ဖားပ်ံေလးလို ျဖစ္ေန႐ွာသည္။
"ဟင့္ ''
"အာ ေဆာရီး ေဆာရီး ဖယ္ေပးမယ္ ''
ျမတ္ႏိုးရာ ထိတ္ထိတ္ျပာျပာျဖင့္ ေလးညိဳ႕႐ွင္ ကိုယ္ေပၚက ဆင္းမလိုျပင္ေနတုန္း ကြၽန္ေတာ္က သူပခံုးကို
ဆုတ္ကိုင္၍ အထမခံေတာ့ သူကလည္း
ေျခကားယားလက္ကားယား ျဖစ္ေန႐ွာေလသည္။
"ဟင့္ ေလးညိဳ႕႐ွင္ မင္း ဖယ္ေပးေလ ငါ ဆင္းမလို႔''
ကြၽန္ေတာ္ ခႏၶာကိုယ္ေပၚမွာ မေနတတ္ပဲ ထမလိုျပင္စဥ္ ကြၽန္ေတာ္ကလည္း အထမခံပဲ ပခံုးကုိ ဆြဲကိုင္ထားတာမို႔ သူက ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိ ျဖစ္ေန႐ွာသည္။
ဘယ္လိုလုပ္ရမလဲ ေကာင္ေသးေသးေလးကို မလႊတ္ခ်င္ေသးတာမို႔ ညဏ္ဆင္ဖို႔ပဲ စဥ္းစားေနေတာ့သည္။ ၿပီးေတာ့မွ ရင္ဘတ္ေပၚက ဒဏ္ရာကို သတိရလာတာနဲ႔ အေပၚက
႐ုန္းကန္ေနတဲ့ ေကာင္ေသးေသးေလးအား အမူအယာ
ပိုစြာျဖင့္
"အားး နာတယ္ ျမတ္ႏိုးရာ မင္း ဘာလို႔ ႐ုန္းေနတာလဲ
ဒဏ္ရာကို ထိသြားၿပီကြ ၿငိမ္ၿငိမ္ေနစမ္း''
"ဟင္ ဟုတ္လား ေဆာရီး ေဆာရီးပါကြာ ငါက မင္း ေလးေနမွာ စိုးလို႔ ႐ုန္းလိုက္တာ အရမ္းနာသြားသလားဟင္ ''
ရင္ခြင္ထဲက ေကာင္ေသးေသးေလးက ကြၽန္ေတာ္
ဒဏ္ရာကို ျပာျပာသလဲ စိုးရိမ္စြာ ၿငိမ္သက္ေနေတာ့သည္။ ကြၽန္ေတာ္လည္း အခုမွ မိမိ အၾကံအစည္
ေအာင္ျမင္သြားတာကို ေတြးမိ၍ ႀကိတ္ေပ်ာ္ေနရေသးသည္။ သူကေတာ့ ကြၽန္ေတာ္ အၾကံကို မသိပဲ စိတ္ပူပူနဲ႔
ကြၽန္ေတာ္ အနာကို ထိမိမွာ စိုးတာေၾကာင့္ ဒီတိုင္း
ဆိတ္ဆိတ္ ၿငိမ္ေနေလသည္။
ရင္ခြင္ထဲက ေကာင္ေသးေသးေလးကို ေပြ႔ဖက္လို႔
ေကာင္းလိုက္တာ။ သူရဲ႕ ဆံႏြယ္အိအိေလးက ကြၽန္ေတာ္ ႏွာေခါင္းနဲ႔ တည့္တည့္ ျဖစ္ေနတာမို႔ တညလံုး ကြၽန္ေတာ္ ခိုးခိုးနမ္းေနမိတာ ေရတြက္လို႔ေတာင္ မရေတာ့။ ေကာင္ေသးေသးေလးကလည္း ႐ုန္းကန္ရတာ ေမာသြားေတာ့
ကြၽန္ေတာ္ ရင္ခြင္ေလးေပၚမွာ ပါးစပ္ေလး ဟ၍
အိပ္ေပ်ာ္သြားေတာ့သည္။ တစ္ဆိတ္ ထိုညက ကြၽန္ေတာ္ ရင္ဘတ္ေပၚက ဓားဒဏ္ရာက နည္းနည္းေလးမွ မနာတာ အံျသစရာ ေကာင္းလွသည္။
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
ေနေရာင္ျခည္ေလးက လူေလးႏွစ္ေယာက္ အေပၚအၿပိဳင္ ျဖန္႔ၾကဲေနေလသည္။ တစ္ေယာက္ကလည္း ရင္ခြင္ေလးထဲ ပံုပံုေလး အိပ္ေပ်ာ္လို႔ က်န္တစ္ေယာက္ကလည္း
ေကာင္ေသးေသးေလးကို တင္းၾကပ္စြာ ေပြ႔ဖက္ထားလ်က္ေပါ့....
ပထမဦးစြာ အိပ္ယာမွ ႏိုးထလာသူကေတာ့ ျမတ္ႏိုးရာပင္။ မ်က္လုံး ႏွစ္လံုးကို ျဖည္းညင္းစြာ ဖြင့္လိုက္ေတာ့
ျမင္လိုက္ရသည့္ ေလးညိဳ႕႐ွင္ရဲ႕ ရင္အုပ္ခပ္က်ယ္က်ယ္က သူ႔ကို Morning ေျပာေနသေယာင္။
"ဟင္ ညကတည္းက သူ႔အေပၚမွာ
အိပ္ေပ်ာ္သြားတာလား ''
အိပ္ေနတာေတာင္ ေခ်ာေမာခန္႔ညားလြန္းတဲ့ ေလးညိဳ႕႐ွင္ကို မႀကိဳက္တဲ့လူ ဒီေလာကမွာ ရိွပါအံုးမလား။ ကြၽန္ေတာ္ ေလးညိဳ႕႐ွင္ မ်က္ႏွာေလးကို တဝႀကီး ၾကည့္ေနမိတာ သူ႔အေပၚမွ ခုထိ မထေသးပဲ လွဲေလ်ာင္းရင္းပင္
တေမ်ွာ္ႀကီး ၾကည့္ေနမိသည္အထိ။ တခဏၾကာေတာ့
ေလးညိဳ႕႐ွင္လည္း အိပ္ယာမွ ႏိုးလာကာ သူအား
ျပဴးေၾကာင္ေၾကာင္ ၾကည့္ေနေသာ ျမတ္ႏိုးရာနဲ႔
အၾကည့္ခ်င္း ဆံုေနၿပီး ကြၽန္ေတာ္မွာ ခုမွ အသိဝင္လာကာ ေလးညိဳ႕႐ွင္ ခႏၶာကိုယ္ေပၚမွ ကပ်ာကယာ ဆင္းလိုက္၍
"အာ ေဆာရီး ေဆာရီး ငါ ညက ဆင္း..ဆင္းအိပ္မလို႔ပဲ
ပင္ပန္းလို႔ အိပ္ေပ်ာ္သြားတာ ''
"အင္း ရတယ္ ''
ေလးညိဳ႕႐ွင္က ထိုမ်ွသာ ေျပာ၍ ျပန္အိပ္ရန္ ျပင္လိုက္စဥ္ ရင္ဘတ္ေပၚက ဒဏ္ရာကေန ေသြးေတြ ျပန္စို႔ထြက္လာတာကို ကြၽန္ေတာ္ ျမင္လိုက္ရတာေၾကာင့္
မ်က္လုံးႀကီးအျပဴးသားျဖင့္
"ေလး...ေလးညိဳ႕႐ွင္ မင္း ဒဏ္ရာ ေသြးျပန္ထြက္လာၿပီ ညက ငါေၾကာင့္ ထင္တယ္ ေတာင္းပန္ပါတယ္ ''
ေလးညိဳ႕႐ွင္က မ်က္လုံး ျပန္ဖြင့္လာ၍ သူ႔ရင္ဘတ္ကိုငုပ္ၾကည့္ကာ ပေဟဋိဆန္ဆန္ ျပံဳးလိုက္၍
"အဟက္ ေကာင္းတယ္ ငါက ဒဏ္ရာ ျမန္ျမန္ ေကာင္းသြားမွာေတာင္ စိတ္ပူေနတာ အဟင့္ ''
"ဟင္ ဘာလို႔လဲ ဒဏ္ရာကုိ ဘယ္သူ႔မွ မလိုခ်င္ၾကဘူးေလ မင္းက်မွ ေပ်ာက္သြားမွာေတာင္ စိတ္ပူတယ္ ဆိုေတာ့.. ''
"ဟားဟား မင္း မသိပါဘူးကြာ''
ျပံဳးျပံဳးႀကီး ေျပာေနသည့္ ေလးညိဳ႕႐ွင္ရဲ႕ စိတ္ကို
ကြၽန္ေတာ္ ခန္႔မွန္းလို႔ေတာင္မရ။ ေလာကမွာ
သူတစ္ေယာက္တည္း ေျပာတာ ၾကားဖူးတာ ဒဏ္ရာေတြ ေကာင္းသြားမွာေတာင္ စိုးတယ္တဲ့ အံပါရဲ႕ ။ ဒီလိုသာဆို ေလာကမွာ ေဆးရံု ဆိုတာ ေပၚလာေတာ့မွာ မဟုတ္။
ေလးညိဳ႕႐ွင္ကေလ တစ္ခါတေလ နားလည္လို႔ မရေလာက္ေအာင္ ပေဟဋိေပါင္း မ်ားစြာျဖင့္ ျပည့္ႏွက္ေနေသာ လူတစ္ေယာက္။
"အဟင့္ မင္းကေလ ေတာ္ေတာ္ နားလည္ရခက္တဲ့ လူပဲ သိလား မင္းအနားမွာ ဆက္ေနရင္ ငါလည္း ႐ူးေတာ့မယ္ ''
"ဟားဟား ''
ကြၽန္ေတာ္ ေျပာလိုက္ေသာ စကားေတြထဲမွာ ရယ္စရာ
တစ္ခုမွ မပါပဲ တဟားဟားနဲ႔ ေအာ္ရီေနေသာ ေလးညိဳ႕႐ွင္က အျမင္ကပ္ခ်င္စရာ ေကာင္းလွသည္။ ကြၽန္ေတာ္လည္း ဆက္မေျပာေတာ့ပဲ သူ႔ရင္ဘတ္ေပၚက ေသြးစို႔ေနတဲ့ အနာကို ေဆးထည့္ေပးရန္ ျပင္ဆင္ေနေတာ့သည္။
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ျမတ္ႏိုးရာ မင္း ေက်ာင္းသြားမွာလား''
"အင္းေပါ့ စာေမးပြဲလည္း နီးေနၿပီေလ ဆရာမကလည္း စာေတြ အကုန္ ျပန္သင္ေပးေနတာ ဆိုေတာ့ စာမေနာက္က်ခ်င္ဘူး ငါ သြားၿပီးလို႔ ျပန္လာရင္ မင္းကို ျပန္သင္ေပးမယ္ေလ ''
"အဟင့္ ရတယ္ ငါက မင္းေလာက္ မတံုးဘူး ''
ဂုဏ္ဆာသလို ေမာ့ေမာ့ႂကြားႂကြား ေျပာေနေသာ
ေလးညိဳ႕႐ွင္က တကယ္ပဲလည္း အတန္းထဲက လူေတြထက္ ပိုေတာ္ပိုတတ္ေနတာကိုး။ ဘာလို႔ စာေတြ ႀကိဳးစားေနသလဲလို႔ သြားေမးရင္ သူကလည္း တစ္ခြန္းတည္းပဲ
ျပန္ေျဖမွာ '' အေဖဆီက နည္းနည္းေလာက္ျဖစ္ျဖစ္
ဂ႐ုစိုက္ခံခ်င္လို႔ '' တကယ္ေတာ့ ေလးညိဳ႕႐ွင္နဲ႔ အတူတူ ေနၿပီးတဲ့တစ္ေလ်ွာက္လံုး တစ္ခု သတိထားမိတာက
သူက အရမ္းဆိုးဝါးေနတဲ့ လူတစ္ေယာက္ မဟုတ္ဘူး
ဆိုတာ သိလာခဲ့သည္။ တခ်ိဳ႕အခ်ိန္ေတြကေတာ့ မုန္းတီးဖို႔ ေကာင္းလိုက္ေအာင္ အရြဲ႔တိုက္ ႏႈတ္ၾကမ္းေနတဲ့
အခ်ိန္ေတြေပါ့။
"ေအးပါ အာ့ဒါဆုိ ငါ သြားၿပီးေနာ္ မင္း တစ္ခုခု လိုရင္
ေအာက္ထပ္မွာ အေမ ရွိတယ္ သိလား ''
"မလိုဘူး!''
ေျပာသာ ေျပာလိုက္ရတာ ေလးညိဳ႕႐ွင္ဆီက
ထင္မွတ္ထားၿပီးေသာ အေျဖတစ္ခု ၾကားလိုက္ရေတာ့လည္း ရင္းႏွီးသြားတာေပါ့။ ကြၽန္ေတာ္လည္း ဘာမွ
ဆက္မေျပာေတာ့ပဲ လြယ္အိတ္ေလး လြယ္ကာ
ေက်ာင္းသို႔ သြားရန္ ျပင္လိုက္စဥ္ ေလးညိဳ႕႐ွင္က
" ခဏေလး မင္း အခု ေက်ာင္းကို သြားရင္ ဟိုေန႔က
လူ လာအံုးမွာလား ''
"ဟင္ ဘယ္သူ႔ကို ေျပာတာလဲ ေအာ္ ကိုလြန္းဘြဲ႔ေမာင္
ေျပာတာလား ''
"သူ႔နာမည္က လြန္းဘြဲ႔ေမာင္လား ''
"အင္း ဟုတ္တယ္ အာ့ဒီ အစ္ကိုကေလ အရမ္းခင္ဖို႔
ေကာင္းတာ ငါ့ကိုလည္း စကား အမ်ားႀကီး ေျပာေပးတယ္ သိလား ဟို အားရင္ မင္းနဲ႔လည္း မိတ္ဆက္ေပးမယ္ေလ''
"မလိုဘူး ဒီမွာ ျမတ္ႏိုးရာ မင္းကို သူစိမ္းတစ္ေယာက္က
ေကာင္းေပးေနတာ သေဘာ႐ိုးလို႔ မင္း ထင္လို႔လား ''
ေလးညိဳ႕႐ွင္ ကြၽန္ေတာ္ကို အတည္ေပါက္ႀကီး ေျပာေနေတာ့ လြယ္အိတ္ေလးကို ကိုင္ကာ ဆက္နားေထာင္ေနလိုက္သည္။
"ဒီလူက မင္းအေပၚ ဘယ္လို အခြင့္အေရး ေခ်ာင္းေနသလဲ ဆိုတာေရာ မင္း သိလို႔လား ''
"သိတယ္ ''
"ဟင္ ဘယ္လို မင္း သိတယ္ သိရက္သားနဲ႔ အဆက္အသြယ္ ဆက္လုပ္ေနေသးတယ္ေပါ့ ဟုတ္လား ''
"ငါလည္း လူအကဲအခတ္ ေတာ္ပါတယ္ ကိုလြန္းဘြဲ႔ေမာင္ ငါ့အေပၚ မ႐ိုးသားဘူး ဆိုတာလည္း သိတယ္ ၿပီးေတာ့
ငါလည္း သူ႔ကို ရင္ခုန္တယ္''
"ဟင့္အင္း ဟင့္အင္း မဟုတ္ဘူး မဟုတ္ဘူးေလ အာ့လို
မဟုတ္ဘူးေလ မင္းလည္း ေယာက်ာ္း ဟိုလူလည္း
ေယာက်ာ္းပဲေလ ဘာလို႔ မင္းက ရင္ခုန္ေနရတာလဲ ''
"ေလးညိဳ႕႐ွင္ အခ်စ္ ဆိုတာ ေယာက်ာ္း မိန္းမနဲ႔ မဆိုင္ဘူး ရင္ခုန္ျခင္းက ေပါက္ဖြြားလာၿပီး ေမတၱာနဲ႔ နားလည္မႈကို အေျခခံလိုက္ရင္ အခ်စ္ ဆိုတာ ျဖစ္ေပၚလာတတ္ပါတယ္ ေနာက္ၿပီး သံေယာဇဥ္နဲ႔ သစၥာတရားပါ လက္ကိုင္ထားလိုက္ရင္ အာ့ဒီအခ်စ္က တစ္သက္လုံး ခိုင္ျမဲသြားမွာပါ
ဘယ္သူ႔ခြဲခြဲ မကြဲတတ္တဲ့ အခ်စ္မ်ိဳးေလ ''
ဒသာနေတြကလည္း ကဗ်ာဆန္ေနေပမယ့္ ေလးညိဳ႕႐ွင္ ဆိုတဲ့ ေကာင္ေလး ရင္ထဲမွာေတာ့ မုန္တိုင္း ထန္ေနေတာ့သည္။ ဘာလို႔ဆို သူ ခံယူထားတဲ့ အခ်စ္က ရယူျခင္းတဲ့ေလ....
" ဒါဆို ျမတ္ႏိုးရာ မင္းက မင္းကိုယ္မင္း Gayလို႔
ဝန္ခံလိုက္ၿပီေပါ့ေလ ဟုတ္လား ''
"အင္း ဟုတ္တယ္ ငါက Gay ျဖစ္ေနလို႔ ငါ့ကို ရြံခ်င္ရင္လည္း ရတယ္ မုန္းတာကေတာ့ မင္းက ငါ့ကို အစကတည္းက မုန္းေနတာမို႔လို႔ ငါ့အတြက္ ဘာမွ မထူးသြားဘူး
အရာအားလုံးကို ငါ သတၱိ မရိွေပမဲ့ အခ်စ္တစ္ခုအတြက္ေတာ့ ငါ သတၱိ ရိွခ်င္တယ္ ေလးညိဳ႕႐ွင္ ''
"ျမတ္ႏိုးရာ မင္းက အရမ္းရြံဖို႔ ေကာင္းတယ္ ငါ မင္းကို
မုန္းလိုက္တာ ''
ေလးညိဳ႕႐ွင္ ပါးစပ္က ထြက္က်လာေသာ စကားေတြကို ကြၽန္ေတာ္ ဆက္ဆက္ ၾကားလိုက္ရေပမယ့္ ႏွလုံးသားကေတာ့ အထူးတလည္ မနာက်င္ေတာ့။ အခန္းေလးထဲက
ထြက္လာလိုက္ေတာ့ ေလးညိဳ႕႐ွင္က တိတ္တိတ္ေလး
ေရရြတ္ျပန္ေလသည္။ ဒါကေတာ့
" ငါ မင္းကို မုန္းခ်င္လိုက္တာ .....''
စကားေလးလည္း ဆံုးသြားေရာ ထူးထူးဆန္းဆန္း
မငိုတတ္တဲ့ ေလးညိဳ႕႐ွင္ရဲ႕ ပါးျပင္ေပၚမွာ ေငြေရာင္အရည္တခ်ိဳ႕ စီးဆင္းသြားေလသည္။ သူ႔ရင္ထဲမွာလည္း အတၱတခ်ိဳ႕က ကိန္းေအာင္းေနျပန္ေသးသည္။ ငါက မင္းတို႔လို Gay မဟုတ္ဘူးတဲ့ မသိစိတ္ကလည္း ေကာင္ေသးေသးေလးကို လိုအပ္ေနျပန္သည္။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
" ကေလး ... ကေလး ကေလးလို႔! "
"ဗ်ာ ! "
"ဘာေတြ ဒီေလာက္ ေတြးေနတာတုန္း ကိုယ္ ေခၚေနတာ
ၾကာၿပီေလ ''
"အာ မဟုတ္ပါဘူး ဟို ေလးညိဳ႕႐ွင္အေၾကာင္း စဥ္းစားေနတာ သူတစ္ေယာက္တည္း အိမ္မွာ က်န္ခဲ့တာ အဆင္ေျပရဲ႕လားလို႔ ''
"ေအာ္ ကေလးက သူ႔ကို အရမ္းဂ႐ုစိုက္တာပဲေနာ္ ''
"ဟင္ အာ့လိုလဲ မဟုတ္ပါဘူးဗ်ာ ကြၽန္ေတာ္ေၾကာင့္ သူ
ဒဏ္ရာ ရသြားတာဆိုေတာ့ တာဝန္ မကင္းဘူးလို႔ ထင္လို႔ပါ ဒါနဲ႔ ဒီလူႀကီးက ကြၽန္ေတာ့္ကို ေခၚတာ
ဘာေျပာမလို႔လဲ ''
"ေအာ္ ဟိုတေန႔က ျပသာနာေတြ ျဖစ္ၿပီး ကေလး
ထြက္ေျပးသြားတာ အဆင္ေျပရဲ႕လားလုိ႔ ၿပီးေတာ့ ကိုယ္ ေလးညိဳ႕႐ွင္ ပုံစံကို မႀကိဳက္ဘူး ကေလးကို ေစာ္ေစာ္ကားကား မုန္းမုန္းတီးတီး ဆက္ဆံေနတာ ပိုမႀကိဳက္ဘူး ''
"ေလးညိဳ႕႐ွင္ကို အျပစ္ မယူပါနဲ႔ ဒီလူႀကီးရယ္ ေလးညိဳ႕႐ွင္က ဒီလိုပဲ သူ႔စိတ္က ေဒါသ အရမ္းထြက္သြားလို႔ရိွရင္
ပတ္ဝန္းက်င္ကို မသိေတာ့ဘူး အခု ကြၽန္ေတာ္
အဆင္ေျပေနတာမို႔ သူ႔ကို အျပစ္မတင္ပါနဲ႔ေတာ့ေနာ္''
"ဟာ မဟုတ္ေသးပါဘူး သူ ဘယ္ေလာက္ပဲ ေဒါသထြက္ထြက္ေလ လူေတြ အမ်ားႀကီး အေ႐ွ႕မွာေတာ့ အ႐ွက္မခြဲသင့္ဘူးမလား ''
လြန္းဘြဲ႔ေမာင္ ေျပာတဲ့ စကားေတြက မွန္ေနတာမို႔ ဘာမွ
ျပန္မေျပာေတာ့ပဲ ဆိတ္ဆိတ္ ေနလိုက္သည္။ ကြၽန္ေတာ္ ဘာလို႔ ေလးညိဳ႕႐ွင္နဲ႔ ပတ္သက္လာရင္ ကာကြယ္ေပးေနမိတာပါလိမ့္။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက္ရန္
ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။
အားလံုးေက်းဇူးတင္ပါတယ္ရွင္
👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑
ုI can only imagine 💓Part 8💓
လေးညို့ရှင်
ကျွန်တော် ဒဏ်ရာရတယ် ဆိုတာ အဖေ သိဆိုသိချင်း အပြေး ပြန်လာတာကို သိရတာနဲ့ ကျွန်တော့်မှာ
ပျော်လို့မဆုံး ဖြစ်နေရသည်။ ဒါပေမယ့် ထင်ထားသလောက်လည်း မဟုတ်ပါဘူး ကျွန်တော် အဖေရဲ့ အကျင့်ကို ခဏလေး မေ့သွားခဲ့ရုံပါ။ အဖေက ဘယ်တုန်းကများ
ကျွန်တော်အတွက် အထူးတလည် လုပ်ပေးဖူးတာ ရှိလို့လဲ။ အခုလည်း ဦးဂုဏ်ရှင်ရဲ့ သားကို ဘယ်သူက ရာရာစစ
ဒဏ်ရာ ဖြစ်အောင် လုပ်လိုက်သလဲ ဆိုတာပဲ စိတ်ဝင်စားတာကိုး။
ကလစ်
"လေးညို့ရှင် ''
တံခါးကို ဖွင့်၍ ဝင်လာသော မြတ်နိုးရာအား တချက်
ကြည့်၍ ခုတင်ပေါ် သွားထိုင်နေလိုက်သည်။ သူက
ကျွန်တော့်အရှေ့တွင် လာရပ်၍
" ဦးကို မပြောပြလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ''
"ဘာကိုလဲ ''
"မင်းကို ဓားနဲ့ ထိုးလိုက်တဲ့ သူက ငါပါလို့ မပြောလိုက်တဲ့အတွက် ကျေးဇူးပါလို့ မဟုတ်ရင် ငါ မင်းတို့ သားအဖကို ဘယ်လို မျက်နှာပြရမလဲ ဆိုတာတောင် သိတော့မှာ
မဟုတ်ဘူး ''
"အဟက် အာ့ဒါလား ဒီအတွက် မင်း ငါ့ကို ကျေးဇူးတင်တယ် ဆိုရင် မပြောလည်း ဖြစ်တယ် ဘာလို့ဆို အဖေက
မင်းကိုငါထက် ပိုချစ်တာမို့လို့ ငါ့ကို ဒဏ်ရာရစေတဲ့သူက မင်းပါလို့ သိသွားခဲ့ရင်တောင် အဖေက မင်းကို ဘာမှ
လုပ်မှာ မဟုတ်ဘူး ''
"လေးညို့ရှင် မင်း မှားနေပြီ ဦးက အာ့လို မဟုတ်ဘူး
မိဘတိုင်းက သားသမီးကို ချစ်ကြတာချည်းပါပဲ မင်း
မဟုတ်တာတွေ တွေးပြီး အထင်မလွဲလိုက်နဲ့လေကွာ''
"ကျစ် ဒီမှာ မင်းက အခုမှ ငါတို့အိမ်ကို ရောက်လာတာ
မင်း မျက်လုံးနဲ့ မြင်တဲ့ဟာတွေလောက်နဲ့တော့
အထင်မမှားလိုက်နဲ့ ဦးဂုဏ်ရှင် ဆိုတဲ့ ငါ့အဖေက ဒီလို
လူစားမျိုးပဲ ''
"မဟုတ်ဘူး လေးညို့ရှင် မဟုတ်သေးဘူးကွာ... ''
"တော်တော့ ဆက်မပြောနဲ့ ငါ အိပ်ချင်နေပြီ အိပ်တော့မယ် မင်းလည်း မင်း အခန်း မင်း ပြန်တော့ သွား ''
"မသွားဘူး ''
"ဘာ !''
"ဟုတ်တယ် မသွားဘူး ငါလည်း ဒီမှာ အိပ်မှာ ''
"ကျစ် ရှုပ်လိုက်တာကွာ မြတ်နိုးရာ ငါ မင်းကို
မလိုဘူးနော် ''
"သိတယ် သိတယ် ဒါပေမယ့် ငါ ဦးကို ကတိပေးထားတယ် မင်းကို အကောင်းဆုံး ဂရုစိုက်ပါ့မယ်လို့ ကတိပေးခဲ့တယ်''
"မလိုဘူး ငါ ကျိုးကန်းနေတာလည်း မဟုတ်ဘူး မင်းကိုလည်း မလိုအပ်ဘူး ငါ့အဖေကို ကတိပေးထားလို့ ပြုစုချင်
မပြုစုချင်နဲ့ မလာနဲ့ မင်းကို လက်မခံဘူး''
"အာ မဟုတ်...မဟုတ်ပါဘူးကွာ ငါ တကယ် မင်းကို ပြုစုချင်တာပါ ဒဏ်ရာကလည်း ငါ့ကြောင့် ဖြစ်သွားတာမလား ''
မျက်နှာလေး ငြိုးငယ်ကာ ဆိုလာတဲ့ မြတ်နိုးရာကို
ကျွန်တော် မကြည့်တော့ပဲ ခုတင်ပေါ် လှဲအိပ်လိုက်တော့ သူက စောင်လေး လာခြုံပေးနေသည်။ ပြီးတော့
ကျွန်တော် ခုတင်အောက်တွင် ဖျာလေးခင်းပြီး
သူ အိပ်ဖို့အတွက်ပါ စီစဉ်နေသေးသည်။
" ဒါ ဘာလုပ်တာလဲ မြတ်နိုးရာ ''
"ဟင် ငါ အိပ်မလို့လေ ဘာလို့လဲ မင်း ဘာလိုချင်လို့လဲ
ရေဆာလို့လား ခဏလေးနော် ငါ ရေသွားယူလိုက်မယ်''
"မဟုတ်ဘူး မင်း အခု ဘာလုပ်နေတာလဲလို့''
ကျွန်တော် သူရဲ့ ခေါင်းအုံးတွေကို မျက်စပစ်ပြပြီး
မေးလိုက်တော့မှ သူက သဘောပေါက်ကာ
" အာ အိပ်မလို့လေ မင်း ညအိပ်နေတုန်း တစ်ခုခု
လိုတာတို့ တစ်ခုခု ဖြစ်သွားတာတို့ ဆိုရင် ငါ လုပ်ပေးရအောင်လို့ပါ''
"ဟုတ်ပါပြီ အေးတယ် အပေါ် တက်လာခဲ့''
"ဟင် ရတယ် မင်း အနေကြပ်နေပါအုံးမယ် ငါက ဘယ်နေရာမှာပဲဖြစ်ဖြစ် အိပ်တတ်တာမို့ ငါ အဆင်ပြေတယ်''
"မလိုချင်ဘူး ငါက တက်လာခဲ့ဆို လာခဲ့လိုက် အေး ငါ အခု စိတ်ကောင်းဝင်နေလို့ ခေါ်တာနော် မဟုတ်ရင် အပြင်မှာ ထွက်အိပ်ရမယ်မှတ်''
"အာ တက်ပြီ တက်ပြီ ''
မြတ်နိုးရာ ပျာပျာသလဲ ကျွန်တော်ခုတင်ပေါ် စွေ့ခနဲ
တက်လိုက်ပြီး ဟီးခနဲ သွားကျဲပြလာသည်။ ကျွန်တော်လည်း သူ့အတွက် ဘေးသို့ နေရာ ရွွေ့ပေးဖို့ ထလိုက်တော့ သူကပါ ကူဖို့ ပြင်လာသည်။ ကျွန်တော် အိပ်ဖို့ ခေါင်းအုံးကို နံဘေးသို့ ထားလိုက်ပြီး ဖြည်းဖြည်းချင်း လှဲအိပ်စေတာမို့ အားလွန်ကာ သူ့ရင်ဘတ်ကို လှမ်းဆွဲမိလိုက်တော့
ကောင်သေးသေးလေးက ကျွန်တော် ခန္ဓာကိုယ်ပေါ်
ဖားပျံလေးလို ဖြစ်နေရှာသည်။
"ဟင့် ''
"အာ ဆောရီး ဆောရီး ဖယ်ပေးမယ် ''
မြတ်နိုးရာ ထိတ်ထိတ်ပြာပြာဖြင့် လေးညို့ရှင် ကိုယ်ပေါ်က ဆင်းမလိုပြင်နေတုန်း ကျွန်တော်က သူပခုံးကို
ဆုတ်ကိုင်၍ အထမခံတော့ သူကလည်း
ခြေကားယားလက်ကားယား ဖြစ်နေရှာလေသည်။
"ဟင့် လေးညို့ရှင် မင်း ဖယ်ပေးလေ ငါ ဆင်းမလို့''
ကျွန်တော် ခန္ဓာကိုယ်ပေါ်မှာ မနေတတ်ပဲ ထမလိုပြင်စဉ် ကျွန်တော်ကလည်း အထမခံပဲ ပခုံးကို ဆွဲကိုင်ထားတာမို့ သူက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေရှာသည်။
ဘယ်လိုလုပ်ရမလဲ ကောင်သေးသေးလေးကို မလွှတ်ချင်သေးတာမို့ ညဏ်ဆင်ဖို့ပဲ စဉ်းစားနေတော့သည်။ ပြီးတော့မှ ရင်ဘတ်ပေါ်က ဒဏ်ရာကို သတိရလာတာနဲ့ အပေါ်က
ရုန်းကန်နေတဲ့ ကောင်သေးသေးလေးအား အမူအယာ
ပိုစွာဖြင့်
"အားး နာတယ် မြတ်နိုးရာ မင်း ဘာလို့ ရုန်းနေတာလဲ
ဒဏ်ရာကို ထိသွားပြီကွ ငြိမ်ငြိမ်နေစမ်း''
"ဟင် ဟုတ်လား ဆောရီး ဆောရီးပါကွာ ငါက မင်း လေးနေမှာ စိုးလို့ ရုန်းလိုက်တာ အရမ်းနာသွားသလားဟင် ''
ရင်ခွင်ထဲက ကောင်သေးသေးလေးက ကျွန်တော်
ဒဏ်ရာကို ပြာပြာသလဲ စိုးရိမ်စွာ ငြိမ်သက်နေတော့သည်။ ကျွန်တော်လည်း အခုမှ မိမိ အကြံအစည်
အောင်မြင်သွားတာကို တွေးမိ၍ ကြိတ်ပျော်နေရသေးသည်။ သူကတော့ ကျွန်တော် အကြံကို မသိပဲ စိတ်ပူပူနဲ့
ကျွန်တော် အနာကို ထိမိမှာ စိုးတာကြောင့် ဒီတိုင်း
ဆိတ်ဆိတ် ငြိမ်နေလေသည်။
ရင်ခွင်ထဲက ကောင်သေးသေးလေးကို ပွေ့ဖက်လို့
ကောင်းလိုက်တာ။ သူရဲ့ ဆံနွယ်အိအိလေးက ကျွန်တော် နှာခေါင်းနဲ့ တည့်တည့် ဖြစ်နေတာမို့ တညလုံး ကျွန်တော် ခိုးခိုးနမ်းနေမိတာ ရေတွက်လို့တောင် မရတော့။ ကောင်သေးသေးလေးကလည်း ရုန်းကန်ရတာ မောသွားတော့
ကျွန်တော် ရင်ခွင်လေးပေါ်မှာ ပါးစပ်လေး ဟ၍
အိပ်ပျော်သွားတော့သည်။ တစ်ဆိတ် ထိုညက ကျွန်တော် ရင်ဘတ်ပေါ်က ဓားဒဏ်ရာက နည်းနည်းလေးမှ မနာတာ အံသြစရာ ကောင်းလှသည်။
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
နေရောင်ခြည်လေးက လူလေးနှစ်ယောက် အပေါ်အပြိုင် ဖြန့်ကြဲနေလေသည်။ တစ်ယောက်ကလည်း ရင်ခွင်လေးထဲ ပုံပုံလေး အိပ်ပျော်လို့ ကျန်တစ်ယောက်ကလည်း
ကောင်သေးသေးလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားလျက်ပေါ့....
ပထမဦးစွာ အိပ်ယာမှ နိုးထလာသူကတော့ မြတ်နိုးရာပင်။ မျက်လုံး နှစ်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့
မြင်လိုက်ရသည့် လေးညို့ရှင်ရဲ့ ရင်အုပ်ခပ်ကျယ်ကျယ်က သူ့ကို Morning ပြောနေသယောင်။
"ဟင် ညကတည်းက သူ့အပေါ်မှာ
အိပ်ပျော်သွားတာလား ''
အိပ်နေတာတောင် ချောမောခန့်ညားလွန်းတဲ့ လေးညို့ရှင်ကို မကြိုက်တဲ့လူ ဒီလောကမှာ ရှိပါအုံးမလား။ ကျွန်တော် လေးညို့ရှင် မျက်နှာလေးကို တဝကြီး ကြည့်နေမိတာ သူ့အပေါ်မှ ခုထိ မထသေးပဲ လှဲလျောင်းရင်းပင်
တမျှော်ကြီး ကြည့်နေမိသည်အထိ။ တခဏကြာတော့
လေးညို့ရှင်လည်း အိပ်ယာမှ နိုးလာကာ သူအား
ပြူးကြောင်ကြောင် ကြည့်နေသော မြတ်နိုးရာနဲ့
အကြည့်ချင်း ဆုံနေပြီး ကျွန်တော်မှာ ခုမှ အသိဝင်လာကာ လေးညို့ရှင် ခန္ဓာကိုယ်ပေါ်မှ ကပျာကယာ ဆင်းလိုက်၍
"အာ ဆောရီး ဆောရီး ငါ ညက ဆင်း..ဆင်းအိပ်မလို့ပဲ
ပင်ပန်းလို့ အိပ်ပျော်သွားတာ ''
"အင်း ရတယ် ''
လေးညို့ရှင်က ထိုမျှသာ ပြော၍ ပြန်အိပ်ရန် ပြင်လိုက်စဉ် ရင်ဘတ်ပေါ်က ဒဏ်ရာကနေ သွေးတွေ ပြန်စို့ထွက်လာတာကို ကျွန်တော် မြင်လိုက်ရတာကြောင့်
မျက်လုံးကြီးအပြူးသားဖြင့်
"လေး...လေးညို့ရှင် မင်း ဒဏ်ရာ သွေးပြန်ထွက်လာပြီ ညက ငါကြောင့် ထင်တယ် တောင်းပန်ပါတယ် ''
လေးညို့ရှင်က မျက်လုံး ပြန်ဖွင့်လာ၍ သူ့ရင်ဘတ်ကိုငုပ်ကြည့်ကာ ပဟေဋိဆန်ဆန် ပြုံးလိုက်၍
"အဟက် ကောင်းတယ် ငါက ဒဏ်ရာ မြန်မြန် ကောင်းသွားမှာတောင် စိတ်ပူနေတာ အဟင့် ''
"ဟင် ဘာလို့လဲ ဒဏ်ရာကို ဘယ်သူ့မှ မလိုချင်ကြဘူးလေ မင်းကျမှ ပျောက်သွားမှာတောင် စိတ်ပူတယ် ဆိုတော့.. ''
"ဟားဟား မင်း မသိပါဘူးကွာ''
ပြုံးပြုံးကြီး ပြောနေသည့် လေးညို့ရှင်ရဲ့ စိတ်ကို
ကျွန်တော် ခန့်မှန်းလို့တောင်မရ။ လောကမှာ
သူတစ်ယောက်တည်း ပြောတာ ကြားဖူးတာ ဒဏ်ရာတွေ ကောင်းသွားမှာတောင် စိုးတယ်တဲ့ အံပါရဲ့ ။ ဒီလိုသာဆို လောကမှာ ဆေးရုံ ဆိုတာ ပေါ်လာတော့မှာ မဟုတ်။
လေးညို့ရှင်ကလေ တစ်ခါတလေ နားလည်လို့ မရလောက်အောင် ပဟေဋိပေါင်း များစွာဖြင့် ပြည့်နှက်နေသော လူတစ်ယောက်။
"အဟင့် မင်းကလေ တော်တော် နားလည်ရခက်တဲ့ လူပဲ သိလား မင်းအနားမှာ ဆက်နေရင် ငါလည်း ရူးတော့မယ် ''
"ဟားဟား ''
ကျွန်တော် ပြောလိုက်သော စကားတွေထဲမှာ ရယ်စရာ
တစ်ခုမှ မပါပဲ တဟားဟားနဲ့ အော်ရီနေသော လေးညို့ရှင်က အမြင်ကပ်ချင်စရာ ကောင်းလှသည်။ ကျွန်တော်လည်း ဆက်မပြောတော့ပဲ သူ့ရင်ဘတ်ပေါ်က သွေးစို့နေတဲ့ အနာကို ဆေးထည့်ပေးရန် ပြင်ဆင်နေတော့သည်။
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"မြတ်နိုးရာ မင်း ကျောင်းသွားမှာလား''
"အင်းပေါ့ စာမေးပွဲလည်း နီးနေပြီလေ ဆရာမကလည်း စာတွေ အကုန် ပြန်သင်ပေးနေတာ ဆိုတော့ စာမနောက်ကျချင်ဘူး ငါ သွားပြီးလို့ ပြန်လာရင် မင်းကို ပြန်သင်ပေးမယ်လေ ''
"အဟင့် ရတယ် ငါက မင်းလောက် မတုံးဘူး ''
ဂုဏ်ဆာသလို မော့မော့ကြွားကြွား ပြောနေသော
လေးညို့ရှင်က တကယ်ပဲလည်း အတန်းထဲက လူတွေထက် ပိုတော်ပိုတတ်နေတာကိုး။ ဘာလို့ စာတွေ ကြိုးစားနေသလဲလို့ သွားမေးရင် သူကလည်း တစ်ခွန်းတည်းပဲ
ပြန်ဖြေမှာ '' အဖေဆီက နည်းနည်းလောက်ဖြစ်ဖြစ်
ဂရုစိုက်ခံချင်လို့ '' တကယ်တော့ လေးညို့ရှင်နဲ့ အတူတူ နေပြီးတဲ့တစ်လျှောက်လုံး တစ်ခု သတိထားမိတာက
သူက အရမ်းဆိုးဝါးနေတဲ့ လူတစ်ယောက် မဟုတ်ဘူး
ဆိုတာ သိလာခဲ့သည်။ တချို့အချိန်တွေကတော့ မုန်းတီးဖို့ ကောင်းလိုက်အောင် အရွဲ့တိုက် နှုတ်ကြမ်းနေတဲ့
အချိန်တွေပေါ့။
"အေးပါ အာ့ဒါဆို ငါ သွားပြီးနော် မင်း တစ်ခုခု လိုရင်
အောက်ထပ်မှာ အမေ ရှိတယ် သိလား ''
"မလိုဘူး!''
ပြောသာ ပြောလိုက်ရတာ လေးညို့ရှင်ဆီက
ထင်မှတ်ထားပြီးသော အဖြေတစ်ခု ကြားလိုက်ရတော့လည်း ရင်းနှီးသွားတာပေါ့။ ကျွန်တော်လည်း ဘာမှ
ဆက်မပြောတော့ပဲ လွယ်အိတ်လေး လွယ်ကာ
ကျောင်းသို့ သွားရန် ပြင်လိုက်စဉ် လေးညို့ရှင်က
" ခဏလေး မင်း အခု ကျောင်းကို သွားရင် ဟိုနေ့က
လူ လာအုံးမှာလား ''
"ဟင် ဘယ်သူ့ကို ပြောတာလဲ အော် ကိုလွန်းဘွဲ့မောင်
ပြောတာလား ''
"သူ့နာမည်က လွန်းဘွဲ့မောင်လား ''
"အင်း ဟုတ်တယ် အာ့ဒီ အစ်ကိုကလေ အရမ်းခင်ဖို့
ကောင်းတာ ငါ့ကိုလည်း စကား အများကြီး ပြောပေးတယ် သိလား ဟို အားရင် မင်းနဲ့လည်း မိတ်ဆက်ပေးမယ်လေ''
"မလိုဘူး ဒီမှာ မြတ်နိုးရာ မင်းကို သူစိမ်းတစ်ယောက်က
ကောင်းပေးနေတာ သဘောရိုးလို့ မင်း ထင်လို့လား ''
လေးညို့ရှင် ကျွန်တော်ကို အတည်ပေါက်ကြီး ပြောနေတော့ လွယ်အိတ်လေးကို ကိုင်ကာ ဆက်နားထောင်နေလိုက်သည်။
"ဒီလူက မင်းအပေါ် ဘယ်လို အခွင့်အရေး ချောင်းနေသလဲ ဆိုတာရော မင်း သိလို့လား ''
"သိတယ် ''
"ဟင် ဘယ်လို မင်း သိတယ် သိရက်သားနဲ့ အဆက်အသွယ် ဆက်လုပ်နေသေးတယ်ပေါ့ ဟုတ်လား ''
"ငါလည်း လူအကဲအခတ် တော်ပါတယ် ကိုလွန်းဘွဲ့မောင် ငါ့အပေါ် မရိုးသားဘူး ဆိုတာလည်း သိတယ် ပြီးတော့
ငါလည်း သူ့ကို ရင်ခုန်တယ်''
"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူးလေ အာ့လို
မဟုတ်ဘူးလေ မင်းလည်း ယောကျာ်း ဟိုလူလည်း
ယောကျာ်းပဲလေ ဘာလို့ မင်းက ရင်ခုန်နေရတာလဲ ''
"လေးညို့ရှင် အချစ် ဆိုတာ ယောကျာ်း မိန်းမနဲ့ မဆိုင်ဘူး ရင်ခုန်ခြင်းက ပေါက်ဖွွားလာပြီး မေတ္တာနဲ့ နားလည်မှုကို အခြေခံလိုက်ရင် အချစ် ဆိုတာ ဖြစ်ပေါ်လာတတ်ပါတယ် နောက်ပြီး သံယောဇဉ်နဲ့ သစ္စာတရားပါ လက်ကိုင်ထားလိုက်ရင် အာ့ဒီအချစ်က တစ်သက်လုံး ခိုင်မြဲသွားမှာပါ
ဘယ်သူ့ခွဲခွဲ မကွဲတတ်တဲ့ အချစ်မျိုးလေ ''
ဒသာနတွေကလည်း ကဗျာဆန်နေပေမယ့် လေးညို့ရှင် ဆိုတဲ့ ကောင်လေး ရင်ထဲမှာတော့ မုန်တိုင်း ထန်နေတော့သည်။ ဘာလို့ဆို သူ ခံယူထားတဲ့ အချစ်က ရယူခြင်းတဲ့လေ....
" ဒါဆို မြတ်နိုးရာ မင်းက မင်းကိုယ်မင်း Gayလို့
ဝန်ခံလိုက်ပြီပေါ့လေ ဟုတ်လား ''
"အင်း ဟုတ်တယ် ငါက Gay ဖြစ်နေလို့ ငါ့ကို ရွံချင်ရင်လည်း ရတယ် မုန်းတာကတော့ မင်းက ငါ့ကို အစကတည်းက မုန်းနေတာမို့လို့ ငါ့အတွက် ဘာမှ မထူးသွားဘူး
အရာအားလုံးကို ငါ သတ္တိ မရှိပေမဲ့ အချစ်တစ်ခုအတွက်တော့ ငါ သတ္တိ ရှိချင်တယ် လေးညို့ရှင် ''
"မြတ်နိုးရာ မင်းက အရမ်းရွံဖို့ ကောင်းတယ် ငါ မင်းကို
မုန်းလိုက်တာ ''
လေးညို့ရှင် ပါးစပ်က ထွက်ကျလာသော စကားတွေကို ကျွန်တော် ဆက်ဆက် ကြားလိုက်ရပေမယ့် နှလုံးသားကတော့ အထူးတလည် မနာကျင်တော့။ အခန်းလေးထဲက
ထွက်လာလိုက်တော့ လေးညို့ရှင်က တိတ်တိတ်လေး
ရေရွတ်ပြန်လေသည်။ ဒါကတော့
" ငါ မင်းကို မုန်းချင်လိုက်တာ .....''
စကားလေးလည်း ဆုံးသွားရော ထူးထူးဆန်းဆန်း
မငိုတတ်တဲ့ လေးညို့ရှင်ရဲ့ ပါးပြင်ပေါ်မှာ ငွေရောင်အရည်တချို့ စီးဆင်းသွားလေသည်။ သူ့ရင်ထဲမှာလည်း အတ္တတချို့က ကိန်းအောင်းနေပြန်သေးသည်။ ငါက မင်းတို့လို Gay မဟုတ်ဘူးတဲ့ မသိစိတ်ကလည်း ကောင်သေးသေးလေးကို လိုအပ်နေပြန်သည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
" ကလေး ... ကလေး ကလေးလို့! "
"ဗျာ ! "
"ဘာတွေ ဒီလောက် တွေးနေတာတုန်း ကိုယ် ခေါ်နေတာ
ကြာပြီလေ ''
"အာ မဟုတ်ပါဘူး ဟို လေးညို့ရှင်အကြောင်း စဉ်းစားနေတာ သူတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာ အဆင်ပြေရဲ့လားလို့ ''
"အော် ကလေးက သူ့ကို အရမ်းဂရုစိုက်တာပဲနော် ''
"ဟင် အာ့လိုလဲ မဟုတ်ပါဘူးဗျာ ကျွန်တော်ကြောင့် သူ
ဒဏ်ရာ ရသွားတာဆိုတော့ တာဝန် မကင်းဘူးလို့ ထင်လို့ပါ ဒါနဲ့ ဒီလူကြီးက ကျွန်တော့်ကို ခေါ်တာ
ဘာပြောမလို့လဲ ''
"အော် ဟိုတနေ့က ပြသာနာတွေ ဖြစ်ပြီး ကလေး
ထွက်ပြေးသွားတာ အဆင်ပြေရဲ့လားလို့ ပြီးတော့ ကိုယ် လေးညို့ရှင် ပုံစံကို မကြိုက်ဘူး ကလေးကို စော်စော်ကားကား မုန်းမုန်းတီးတီး ဆက်ဆံနေတာ ပိုမကြိုက်ဘူး ''
"လေးညို့ရှင်ကို အပြစ် မယူပါနဲ့ ဒီလူကြီးရယ် လေးညို့ရှင်က ဒီလိုပဲ သူ့စိတ်က ဒေါသ အရမ်းထွက်သွားလို့ရှိရင်
ပတ်ဝန်းကျင်ကို မသိတော့ဘူး အခု ကျွန်တော်
အဆင်ပြေနေတာမို့ သူ့ကို အပြစ်မတင်ပါနဲ့တော့နော်''
"ဟာ မဟုတ်သေးပါဘူး သူ ဘယ်လောက်ပဲ ဒေါသထွက်ထွက်လေ လူတွေ အများကြီး အရှေ့မှာတော့ အရှက်မခွဲသင့်ဘူးမလား ''
လွန်းဘွဲ့မောင် ပြောတဲ့ စကားတွေက မှန်နေတာမို့ ဘာမှ
ပြန်မပြောတော့ပဲ ဆိတ်ဆိတ် နေလိုက်သည်။ ကျွန်တော် ဘာလို့ လေးညို့ရှင်နဲ့ ပတ်သက်လာရင် ကာကွယ်ပေးနေမိတာပါလိမ့်။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက်ရန်
ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။
အားလုံးကျေးဇူးတင်ပါတယ်ရှင်
👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑