ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.3K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၆၄

8.5K 1.7K 23
By Kay_Wine





{Zawgyi}

•အေဖကိုဆန႔္က်င္ေနတဲ့သားမ်ား•


ဟဲ့ခ်န္းမင္ ေဒါသကိုဖိႏွိပ္ရင္း ဟဲ့ယြဲ႕က်င္းကို တျဖည္းျဖည္းေအးစက္လာတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္လိုက္တယ္။ ထို႔ေနာက္ ႏႈတ္ခမ္းေတြေကာ့တက္ေနေအာင္ၿပဳံးလိုက္ကာ တံခါးကိုေဆာင့္ပိတ္ၿပီး ထြက္သြားတယ္။

ဒီလိုမတူမတန္သလိုလုပ္သြားတဲ့အျပဳအမူေၾကာင့္ ဟဲ့ယြဲ႕က်င္းအေတာ္ေဒါသထြက္သြားကာ စားပြဲေပၚက စာ႐ြက္စာတမ္းေတြကို ေကာက္ယူၿပီး တံခါးဘက္ကို ပစ္ေပါက္လိုက္တာေၾကာင့္ ၾကမ္းျပင္မွာ စာ႐ြက္ေတြ ျပန႔္က်ဲကုန္တယ္။

ခုနတုန္းက သူ႔သားမ်က္လုံးထဲက ေအးစက္ေနတဲ့အၾကည့္ေတြကို ျပန္ေတြးၾကည့္မိတိုင္း မသက္မသာျဖစ္ေစတယ္။ ဟဲ့ယြဲ႕က်င္းေဒါသထြက္ရတယ္ဆိုေပမယ့္ မထင္မွတ္ထားတဲ့ကိစၥကို လ်စ္လ်ဴမရႈထားႏိုင္ဘူး။ သူ(ဟဲ့ခ်န္းမင္)ကဟဲ့မိသားစုရဲ႕ အသိအမွတ္ျပဳခံထားရတဲ့သူျဖစ္တာနဲ႔အညီ ဉာဏ္လည္းေျပးသလို လုပ္ရဲကိုင္ရဲရွိၿပီး ေရွ႕ေလွ်ာက္ဆိုလည္း အရမ္းကိုစြမ္းေဆာင္ႏိုင္စြမ္းရွိတဲ့သူတစ္ေယာက္ျဖစ္လာမွာ ေသခ်ာတယ္။

ဒါေပမယ့္ ဟဲ့ခ်န္းမင္ကို အမွားလုပ္ခြင့္မရေအာင္ သူ႔မွာလည္း ေျဖရွင္းႏိုင္တဲ့အင္အားရွိတယ္။

သားအငယ္နဲ႔ ေျဖရွင္းလို႔အၿပီးမွာ ေနာက္တစ္ေယာက္က သူ႔ႏွာေခါင္းေအာက္မွာတင္ လွည့္စားသြားတဲ့ သားႀကီးဆီကို ဦးတည္ရမယ္။

သူ ဟဲ့မုရွန္းရဲ႕နံပါတ္ကို ေခၚဆိုလိုက္တယ္။

ဟဲ့ခ်န္းမင္အခန္းကိုျပန္ေရာက္တဲ့အခ်ိန္မွာ လြန္ခဲ့တဲ့နာရီဝက္တုန္းက စိတ္မသက္မသာျဖစ္ေနခဲ့တဲ့က်ီေလ်ာင္လည္း စိတ္ေအးသြားေတာ့တယ္။ သူထလာၿပီး ေမးတယ္ "မင္းအဆင္ေျပလား?"

ဟဲ့ခ်န္းမင္ ျပန္ေျဖတယ္ "ကိုယ္က ရပါတယ္"

တဖက္ေကာင္ေလးက စိတ္လႈပ္ရွားေနသလိုပုံေလးကို ျမင္ေတာ့ သူေနာက္ကေနဖက္ကာ မ်က္ႏွာေလးကို ငုံ႔နမ္းလိုက္ၿပီး ထပ္ေျပာတယ္ "အဲ့အေၾကာင္းမေတြးနဲ႔ေတာ့"

သူက်ီေလ်ာင့္ကို စိတ္မပူေနေစခ်င္ေတာ့ဘူး။ က်ီေလ်ာင္သူ႔အနားမွာရွိလို႔ကေတာ့ ဘယ္လိုျပႆနာကိုမဆို ေျဖရွင္းလိုက္လို႔ရတယ္။

"ဒါေပမယ့္..."

ဟဲ့ခ်န္းမင္ရဲ႕အမူအယာကို ၾကည့္ဖို႔ က်ီေလ်ာင္ေခါင္းလွည့္လိုက္တယ္။ သူစိတ္မခ်သလိုမ်ိဳး အေၾကာင္းမရွိ ထိတ္လန႔္ေနသလိုခံစားေနရတယ္။

"ဒါေပမယ့္ဆိုတာေတြ မရွိဘူး၊ ကိုယ့္ကို ယုံၾကည္ေပးပါ"

ေျပာၿပီးတာနဲ႔ ဟဲ့ခ်န္းမင္ က်ီေလ်ာင့္ပါးစပ္ကိုပိတ္ၿပီး ေနာက္ထပ္ေျပာလာမွာေတြကို မၾကားခ်င္သလို သူ႔ရဲ႕တက္ႂကြေနတဲ့လွ်ာက သြားစိထားတာကို ဟလိုက္တယ္။ ဒီေကာင္ေလးကို သူကာကြယ္ေပးမွာ။ ဒါေပမယ့္ဆိုတာေတြ မရွိဘူး။

သူ႔ေခါင္းကို ဆြဲလွည့္လိုက္တာေၾကာင့္ က်ီေလ်ာင္လန႔္သြားရတယ္။ သူ႔ေနာက္ကလူႀကီးက လွ်ာေတြထုံက်င္လာတဲ့အထိေတာင္ အတင္းအက်ပ္နမ္းရႈံ႕ေနတယ္။

သူမ်က္ရည္ေတြဝိုင္းလာတယ္။ တဖက္ေကာင္ေလးက သူ႔ကိုဆက္ၿပီးမေမးေစခ်င္ဘူးဆိုတာကို သူနားလည္တယ္။

သူမေမးေစခ်င္ဘူးဆိုရင္လည္း မေမးေတာ့ပါဘူး။

ဟဲ့ခ်န္းမင္ရဲ႕မ်က္ႏွာေပၚက လက္ဝါးရာကထင္းေနေသးတာကို က်ီေလ်ာင္ျမင္ေတာ့ ဆိုဖာဆီဆြဲေခၚလာတယ္။ ခုနတုန္းက အခန္းဝန္ေဆာင္မႈေပးတဲ့ဝန္ထမ္းကို ၾကက္ဥျပဳတ္ႏွစ္လုံးေတာင္းထားတာရွိတယ္။ သူျပန္လာတာကိုေစာင့္ရင္း ဓာတ္ဘူးထဲမွာ ေႏြးေႏြးေလးရွိေသးတယ္။

က်ီေလ်ာင္ ၾကက္ဥေတြသြားယူၿပီး အခြံေသခ်ာခြာၿပီး ေႏြးေနတဲ့ၾကက္ဥျဖဴျဖဴေလးေတြကို ဟဲ့ခ်န္းမင္မ်က္ႏွာမွာ လွိမ့္ေပးေနလိုက္တယ္။

ဟဲ့ခ်န္းမင္ ရင္ထဲေႏြးေထြးသြားရတယ္။ က်ီေလ်ာင္က သူ႔မ်က္ႏွာေပၚက ဒဏ္ရာကို မွတ္မွတ္ရရရွိၿပီး စိတ္ပူေပးေနတယ္။ ဟဲ့ယြဲ႕က်င္းက ခုေလးတင္သူနဲ႔စကားေတြ ဒီေလာက္အၾကာႀကီးေျပာခဲ့တာေတာင္ ဒါနဲ႔ပက္သက္ၿပီး တစ္ခ်က္ေလးေတာင္ မေမးခဲ့ဘူး။

"ေဘဘီ" သူ႔အသံက အနည္းငယ္အက္ရွေနၿပီး က်ီေလ်ာင့္ကိုအ႐ိုးမပါသလို ဖက္လိုက္တယ္။

ဒီလိုလူေကာင္အႀကီးႀကီးက ဖက္လိုက္တာေၾကာင့္ က်ီေလ်ာင္ဖ႐ိုဖရဲျဖစ္သြားတယ္။ လက္ထဲမွာ ၾကက္ဥကိုကိုင္ထားရင္း ဇေဝဇဝါနဲ႔ေမးလိုက္တယ္ "ဟမ္? ဘာျဖစ္တာလဲ?"

ျပန္ေျဖမွာကို အေတာ္ၾကာၾကာေစာင့္ေနတာေတာင္ ျပန္ေျဖသံမၾကားရေတာ့ ဒီေကာင္ေလးဒီတိုင္း အသားလာယူေနတာလို႔ေတြးၿပီး ဆူလိုက္တယ္ "လာဖက္မေနနဲ႔ ဒါကိုခဏေလာက္လွိမ့္ေနလိုက္ရင္ နီေနတာေတြ အျမန္ေလ်ာ့သြားလိမ့္မယ္"

က်ီေလ်ာင္မေနႏိုင္စြာ သူ႔မ်က္ႏွာေပၚမွာ ၾကက္ဥကိုလွိမ့္ေပးေနလိုက္တယ္။ ဘယ္သူသိမွာလဲ ဒီလူကတကယ္ကို ထိန္းထိန္းသိမ္းသိမ္းမေနႏိုင္ဘဲ အနားကိုတိုးကပ္ကာ သူ႔ကိုေတာက္ေလ်ာက္လိုက္စေနတာေၾကာင့္ သူနည္းနည္းေတာင္စိတ္တိုလာတယ္။

ၾကက္ဥေတြကလည္း ေအးစက္ခါနီးျဖစ္လာတာေၾကာင့္ က်ီေလ်ာင္စားပြဲေပၚပစ္တင္လိုက္တယ္။ သူ႔လက္ႏွစ္ဖက္ကို တဖက္ေကာင္ေလးပုခုံးေပၚတင္ကာ ဆိုဖာေပၚဒူးေထာက္ရင္း သူ႔ကိုစိုက္ၾကည့္လိုက္တယ္။

ဟဲ့ခ်န္းမင္ အသာေမာ့ၾကည့္ေတာ့ က်ီေလ်ာင့္ရဲ႕အံ့ဩစရာေကာင္းေလာက္ေအာင္ ႐ႊန္းစိုေတာက္ပေနတဲ့ မ်က္လုံးေလးေတြကို ေတြ႕လိုက္ရတယ္။ သူဒူးေထာက္ထားတဲ့ပုံစံက ေသာက္ရမ္းစိတ္အားထက္သန္တဲ့ပုံေပါက္တာေၾကာင့္ သူေတာင္ 'မာ'လာတယ္! ဟဲ့ခ်န္းမင္ လွ်ာကိုထုတ္ၿပီး အနမ္းခံခ်င္ေနသလို လက္ညႇိဳးထိုးျပလိုက္တယ္။

ဒီလိုေသြးေဆာင္ဖ်ားေယာင္းေနတဲ့ဟန္ပန္ေၾကာင့္ က်ီေလ်ာင္ဂယက္႐ိုက္သြားၿပီး ေခါင္းေတြထူပူလာတယ္။ သူ႔ကိုယ္ကိုကိုင္းကာ ထိုအမ်ိဳးသားေလးကို နမ္းလိုက္တယ္။

ဟဲ့ခ်န္းမင္ကလည္း သူ႔ရဲ႕အစပ်ိဳးလာမႈကို ေတာင့္မခံႏိုင္ဘဲ ခ်က္ခ်င္းဆိုသလို တုန႔္ျပန္ကာ ဒီေကာင္ေလးကို ဝါးၿမိဳပစ္ခ်င္ေနတယ္။ [T/N : ဟဲ့ေႁမြႀကီး]

ညေနခင္းက်ေတာ့ သူတို႔ညစာထြက္စားၿပီး သေဘၤာေပၚမွာ ေနာက္ထပ္တစ္ညကုန္ဆုံးလိုက္တယ္။ ေနာက္ေန႔ေရာက္ေတာ့ အိမ္ျပန္လာၾကၿပီး သူတို႔ေတြရဲ႕ အလုပ္သမားေန႔အားလက္ရက္ေလးၿပီးဆုံးသြားတယ္။

ရႈအိုက္ဝမ္နဲ႔ က်န္တဲ့သူေတြက ေနာက္ေတာ့မွ ေရာက္လာတယ္။ က်ီေလ်ာင္ သူတို႔ကိုတံခါးဖြင့္ေပးၿပီး ေတြးဆဆနဲ႔ မန္ေယာင္ေယာင္လက္ထဲက ခရီးေဆာင္အိတ္ကိုယူလိုက္ေတာ့ သူမရဲ႕ၿငီးတြားသံကိုၾကားလိုက္ရတယ္။ "အျပင္ထြက္လည္ရတာ အရမ္းပင္ပန္းလိုက္တာ!"

ဒါေပမယ့္ သူမအရမ္းလည္းေပ်ာ္တယ္! သူမ ပစၥည္းေတြအမ်ားႀကီးဝယ္လာၿပီး က်ီေလ်ာင့္အတြက္ လက္ေဆာင္ေတြေတာင္ ပါေသးတယ္!

ပထမဆုံး မန္ေယာင္ေယာင္ မီးဖိုေခ်ာင္ဘက္ကိုေျပးကာ ေရသြားေသာက္တယ္။ ထို႔ေနာက္ ရႈအိုက္ဝမ္ ေရာက္လာၿပီး ဧည့္ခန္းမွာ သြားနားေနဖို႔ သူမက စားစရာအျမန္ျပင္ေပးမယ္ျဖစ္ေၾကာင့္ ေျပာလာတယ္။

အရင္ကဆို မန္မိသားစုမွာ ခ်က္ျပဳတ္ဖို႔အဓိကတာဝန္ယူထားတဲ့ နာနီတစ္ေယာက္ရွိတယ္။ ရႈအိုက္ဝမ္ကို လက္ထပ္ၿပီးတဲ့ေနာက္မွာ သူတို႔ေတြ နာနီကိုထပ္ငွားစရာမလိုေတာ့ဘဲ သူမကသာ ခ်က္ျပဳတ္တဲ့တာဝန္ကို ယူေပးတယ္။ သူမက အေတာ္ေလးေရွး႐ိုးဆန္တာေၾကာင့္ ေယာက်ာ္းဆိုတာ အျပင္မွာအလုပ္ထြက္လုပ္ၿပီး မိန္းမက မီးဖိုေခ်ာင္မွာ ရွိေနသင့္တယ္လို႔ထင္တယ္။

"ဒီလိုလုပ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ အန္တီ၊ အေဖကို လာကူေပးဖို႔ေျပာလိုက္တယ္" မန္ေယာင္ေယာင္ သင့္ေတာ္သလိုေျပာလိုက္တယ္။

သူမ ရႈအိုက္ဝမ္ကို အေမလို႔မေခၚဘူးဆိုတာ က်ီေလ်ာင္ကလည္း မန္ယြမ္ကို အေဖလို႔မေခၚတာေၾကာင့္ျဖစ္တယ္။ သူတို႔ႏွစ္ေယာက္လုံး အရင္တုန္းကအတိုင္း တေလးတစားအသုံးအႏႈံးပဲသုံးဖို႔လုပ္ထားတယ္။

မန္ေယာင္ေယာင္ထြက္သြားၿပီးေနာက္ ခရီးေဆာင္အိတ္ေတြကို ေနရာတက်လုပ္ၿပီးသြားတဲ့ မန္ယြမ္ဝင္လာတယ္။ ရႈအိုက္ဝမ္ ေတာ္ေတာ္ေလး အလုပ္ရႈပ္ေနတာကိုျမင္ေတာ့ အလုပ္မွာလည္း သူမအရမ္းႀကိဳးစားေနရတာကို သူအနည္းငယ္မျမင္ရက္ဘူးျဖစ္လာတယ္။

"ကုမၸဏီအသစ္မွာ မလုပ္ဘူးဆိုရင္ေကာ? ကိုယ္ မင္းနဲ႔ က်ီေလ်ာင့္ကို ေထာက္ပံ့ေပးႏိုင္ပါတယ္"

ဆန္ေဆးေနရင္း ရႈအိုက္ဝမ္လက္ေတြ ရပ္သြားၿပီး ျပန္ေျဖတယ္ "ၾကည့္,ၾကည့္တာေပါ့ရွင္"

မေန႔တုန္းက သူတို႔ကုမၸဏီရဲ႕HRဌာနက သူတို႔ႏွစ္ေယာက္က ႐ုံးတြင္းမွာ ခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္လို႔ ႏွစ္ေယာက္လုံးကို အလုပ္ျဖဳတ္လိုက္တယ္ဆိုတဲ့အေၾကာင္း ဖုန္းဝင္လာတယ္။ တကယ္ဆို လုပ္ငန္းခြင္ထဲမွာ ခ်စ္ႀကိဳက္တာမ်ိဳးမလုပ္ရဘူးဆိုၿပီး ကုမၸဏီဘက္က အတိအလင္းေဖာ္ျပထားတာမရွိဘူး။ ေမးခြန္းနည္းနည္းေလာက္ေမးျမန္ၿပီးေနာက္ HRရဲ႕တာဝန္ရွိသူက ဒါကသူေဌးဘက္က ၫႊန္ၾကားလာတာျဖစ္ေၾကာင္းေျပာတယ္။ ေလ်ာ္ေၾကးလည္းေပးမွာျဖစ္လို႔ အားလပ္ရက္ၿပီးရင္ ျပန္လာစရာမလိုေတာ့ဘူးလို႔ေျပာတယ္။

ခဏေနေတာ့ မန္ယြမ္ရဲ႕email boxထဲကိုဟဲ့groupကေန အလုပ္ေခၚစာေရာက္လာတယ္။ ၿပီးေတာ့ အလုပ္ေခၚတာက လူႏွစ္ေယာက္စာဆိုေတာ့ သူနဲ႔ ရႈအိုက္ဝမ္ကိုဆိုလိုတာ။ ဒါေပမယ့္ အရမ္းထူးဆန္းေနတယ္ဆိုၿပီး ေနာက္ထပ္စစ္ေဆးၾကည့္လိုက္ေပမယ့္ emailက တကယ္ကို ဟဲ့groupက ပို႔ထားတာျဖစ္ေနတယ္။

မန္ယြမ္က သူ႔ရဲ႕အရင္ကုမၸဏီမွာ အဖြဲ႕ရဲ႕ေက်ာ႐ိုးမႀကီးျဖစ္တယ္။ လုပ္ငန္းခြင္မွာ လုပ္ကိုင္လာခဲ့တဲ့ႏွစ္ေတြအတြင္းရထားတဲ့ အေတြ႕အႀကဳံအရ ႐ုတ္တရက္ႀကီးအလုပ္ျဖဳတ္ခံလိုက္ရတယ္ဆိုတာ သူနဲ႔ ရႈအိုက္ဝမ္က သူတို႔ရဲ႕အရင္ကုမၸဏီေတာင္ အေလွ်ာ့ေပးရေလာက္တဲ့ တစ္စုံတစ္ေယာက္ကို ရန္စမိထားပုံရတယ္။ တဖက္က အရမ္းဩဇာရွိမွန္းသိသာတယ္။

ဟဲ့groupက အလုပ္ေခၚစာကို လက္ခံရရွိလိုက္တာက တခ်ိဳ႕ေသာအေၾကာင္းအရာေတြေၾကာင့္ ေထာင္ေခ်ာက္ျဖစ္ေနႏိုင္တယ္လို႔ ခံစားမိေနတယ္။

႐ုတ္တရက္ဆိုသလို မွတ္မထားတဲ့နံပါတ္တစ္ခုကေန ဖုန္းဝင္လာတယ္။

မန္ယြမ္အျပင္ထြက္ကာ ဖုန္းကိုင္လိုက္ေတာ့ တဖက္က ကိုယ့္ကိုယ္ကိုယ္မိတ္ဆက္လာတယ္။ "ဟိုင္း ကြၽန္ေတာ္က ဟဲ့မုရွန္းပါ... ဟဲ့groupရဲ႕ အေထြေထြမန္ေနဂ်ာပါ"

ဟဲ့မုရွန္းဆိုတဲ့နာမည္က ေတာ္ေတာ္ေက်ာ္ၾကားတာေၾကာင့္ သူၾကားဖူးေနေပမယ့္ အခုဒီလူက ဘာေၾကာင့္ဖုန္းေခၚလာတာလဲဆိုတာကို သူမသိဘူး။

"ဒီလိုရွိပါတယ္၊ မေန႔တုန္းကညေန ေလးနာရီခြဲတုန္းက ကြၽန္ေတာ္ကိုယ္တိုင္ HRကတာဝန္ရွိသူကို Mr.မန္ဆီကိုအလုပ္ေခၚစာပို႔ေပးဖို႔ ေျပာထားတာပါ၊ Mr.မန္စစ္ၾကည့္ၿပီးၿပီလား မသိဘူးခင္ဗ်?"

ဟဲ့မုရွန္း ဖုန္းကိုကိုင္ထားရင္း သူ႔ေဘးနားမွာ စိတ္ရွည္လက္ရွည္ေစာင့္ၾကည့္ေနတဲ့ ဟဲ့ခ်န္းမင္ကို ၾကည့္ရင္းဆက္ေျပာတယ္ "Mr.မန္ အမ်ားႀကီးေတြးစရာမလိုပါဘူး၊ ဟဲ့groupက ကုမၸဏီမွာလာပူးေပါင္းေပးဖို႔ ေျပာတယ္ဆိုတာ ကြၽန္ေတာ့္ရဲ႕ညီေၾကာင့္မဟုတ္ဘဲ ခင္ဗ်ားရဲ႕ဒီအသိုင္းအဝိုင္းထဲမွာ သိသိသာသာ ပေရာ္ဖက္ရွင္နယ္က်က်လုပ္ႏိုင္တာေတြကို ျမင္ရတာေၾကာင့္မို႔လို႔ပါ စိတ္ရင္းနဲ႔ဖိတ္ေခၚရတာပါ... တျခားေတာင္းဆိုစရာေတြရွိတယ္ဆိုလည္း ေျပာလို႔ရပါတယ္၊ ဟဲ့groupက ခင္ဗ်ားကို ဆိုးဆိုး႐ြား႐ြားဆက္ဆံမွာ မဟုတ္ပါဘူး"

ဒါကို မန္ယြမ္ၾကားေတာ့ ဘာေတြျဖစ္ေနတာလဲဆိုတာ ဝိုးတိုးဝါးတား နားလည္လာသလိုရွိၿပီး ေမးခြန္းထုတ္လိုက္တယ္ "ညီ?"

ဟဲ့မုရွန္း မ်က္ခုံးပင့္ကာ စကားလုံးသုံးလုံးပဲေျပာလိုက္တယ္ "ဟဲ့ခ်န္းမင္"

အဲ့ေတာ့မွာ မန္ယြမ္လည္း အားလုံးရွင္းလင္းသြားၿပီး ဟဲ့ခ်န္းမင္က ဟဲ့ယြဲ႕က်င္းရဲ႕သားျဖစ္ေနတယ္ဆိုတာေၾကာင့္ မသိမသာတုန္လႈပ္သြားရတယ္။ သူက်ီေလ်ာင့္အတြက္ စိုးရိမ္သြားရတယ္။ ဒီေကာင္ေလးက သူ႔ရဲ႕သားအရင္းမဟုတ္ေပမယ့္လည္း ရႈအိုက္ဝမ္က သူနဲ႔လက္ထပ္ၿပီးၿပီျဖစ္လို႔ တာဝန္၀တၱရားေတြက သူ႔ပခုံးေပၚက်လာၿပီ။

အၾကာႀကီးတိတ္ဆိတ္ေနၿပီးေတာ့မွ မန္ယြမ္ေျပာလိုက္တယ္ "ကြၽန္ေတာ္ စဥ္းစားလိုက္ပါအုံးမယ္"

သူကိစၥႀကီးတစ္ခုလုံးကို သိသြားၿပီ။ ဟဲ့ယြဲ႕က်င္းက သူနဲ႔ရႈအိုက္ဝမ္ကို အလုပ္ျဖဳတ္တာမွန္း သိသာေနၿပီကို။ ဒီလိုလုပ္ရတဲ့အေၾကာင္းအရင္းက ကေလးႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို ဟဲ့ယြဲ႕က်င္းသိသြားတာေၾကာင့္မွန္း ေသခ်ာတယ္။

အခု ဟဲ့မုရွန္းက သူ႔ကိုအလုပ္ေခၚတယ္ဆိုေတာ့ ဟဲ့ခ်န္းမင္ဘက္ကေနၿပီး ဟဲ့ယြဲ႕က်င္းကို ဆန႔္က်င္ေနခ်င္တဲ့ပုံပဲ။

သားေတြ အေဖကိုဆန႔္က်င္တာက အေၾကာင္းျပခ်က္တစ္ခုတည္းရွိတယ္ _ ပလႅင္ကို သိမ္းပိုက္ဖို႔။

မန္ယြမ္ဒါကိုေတြးၾကည့္႐ုံနဲ႔တင္ ေသာကျဖစ္ရတယ္။ ခ်မ္းသာၿပီး အင္အားႀကီးတဲ့မိသားစုေတြမွာေတာင္ အတြင္းလႈိက္စားတာေတြရွိေသးတယ္။ [T/N : တျခားတစ္ခုေျပာထားတာျဖစ္ေပမယ့္ သင့္ေတာ္တာေလး သုံးလိုက္ပါတယ္]


[Kay : ပြဲကေတာ့ လွၿပီ]


_______________________________________


{Unicode}

•အဖေကိုဆန့်ကျင်နေတဲ့သားများ•


ဟဲ့ချန်းမင် ဒေါသကိုဖိနှိပ်ရင်း ဟဲ့ယွဲ့ကျင်းကို တဖြည်းဖြည်းအေးစက်လာတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ ထို့နောက် နှုတ်ခမ်းတွေကော့တက်နေအောင်ပြုံးလိုက်ကာ တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားတယ်။

ဒီလိုမတူမတန်သလိုလုပ်သွားတဲ့အပြုအမူကြောင့် ဟဲ့ယွဲ့ကျင်းအတော်ဒေါသထွက်သွားကာ စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကောက်ယူပြီး တံခါးဘက်ကို ပစ်ပေါက်လိုက်တာကြောင့် ကြမ်းပြင်မှာ စာရွက်တွေ ပြန့်ကျဲကုန်တယ်။

ခုနတုန်းက သူ့သားမျက်လုံးထဲက အေးစက်နေတဲ့အကြည့်တွေကို ပြန်တွေးကြည့်မိတိုင်း မသက်မသာဖြစ်စေတယ်။ ဟဲ့ယွဲ့ကျင်းဒေါသထွက်ရတယ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ကိစ္စကို လျစ်လျူမရှုထားနိုင်ဘူး။ သူ(ဟဲ့ချန်းမင်)ကဟဲ့မိသားစုရဲ့ အသိအမှတ်ပြုခံထားရတဲ့သူဖြစ်တာနဲ့အညီ ဉာဏ်လည်းပြေးသလို လုပ်ရဲကိုင်ရဲရှိပြီး ရှေ့လျှောက်ဆိုလည်း အရမ်းကိုစွမ်းဆောင်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်လာမှာ သေချာတယ်။

ဒါပေမယ့် ဟဲ့ချန်းမင်ကို အမှားလုပ်ခွင့်မရအောင် သူ့မှာလည်း ဖြေရှင်းနိုင်တဲ့အင်အားရှိတယ်။

သားအငယ်နဲ့ ဖြေရှင်းလို့အပြီးမှာ နောက်တစ်ယောက်က သူ့နှာခေါင်းအောက်မှာတင် လှည့်စားသွားတဲ့ သားကြီးဆီကို ဦးတည်ရမယ်။

သူ ဟဲ့မုရှန်းရဲ့နံပါတ်ကို ခေါ်ဆိုလိုက်တယ်။

ဟဲ့ချန်းမင်အခန်းကိုပြန်ရောက်တဲ့အချိန်မှာ လွန်ခဲ့တဲ့နာရီဝက်တုန်းက စိတ်မသက်မသာဖြစ်နေခဲ့တဲ့ကျီလျောင်လည်း စိတ်အေးသွားတော့တယ်။ သူထလာပြီး မေးတယ် "မင်းအဆင်ပြေလား?"

ဟဲ့ချန်းမင် ပြန်ဖြေတယ် "ကိုယ်က ရပါတယ်"

တဖက်ကောင်လေးက စိတ်လှုပ်ရှားနေသလိုပုံလေးကို မြင်တော့ သူနောက်ကနေဖက်ကာ မျက်နှာလေးကို ငုံ့နမ်းလိုက်ပြီး ထပ်ပြောတယ် "အဲ့အကြောင်းမတွေးနဲ့တော့"

သူကျီလျောင့်ကို စိတ်မပူနေစေချင်တော့ဘူး။ ကျီလျောင်သူ့အနားမှာရှိလို့ကတော့ ဘယ်လိုပြဿနာကိုမဆို ဖြေရှင်းလိုက်လို့ရတယ်။

"ဒါပေမယ့်..."

ဟဲ့ချန်းမင်ရဲ့အမူအယာကို ကြည့်ဖို့ ကျီလျောင်ခေါင်းလှည့်လိုက်တယ်။ သူစိတ်မချသလိုမျိုး အကြောင်းမရှိ ထိတ်လန့်နေသလိုခံစားနေရတယ်။

"ဒါပေမယ့်ဆိုတာတွေ မရှိဘူး၊ ကိုယ့်ကို ယုံကြည်ပေးပါ"

ပြောပြီးတာနဲ့ ဟဲ့ချန်းမင် ကျီလျောင့်ပါးစပ်ကိုပိတ်ပြီး နောက်ထပ်ပြောလာမှာတွေကို မကြားချင်သလို သူ့ရဲ့တက်ကြွနေတဲ့လျှာက သွားစိထားတာကို ဟလိုက်တယ်။ ဒီကောင်လေးကို သူကာကွယ်ပေးမှာ။ ဒါပေမယ့်ဆိုတာတွေ မရှိဘူး။

သူ့ခေါင်းကို ဆွဲလှည့်လိုက်တာကြောင့် ကျီလျောင်လန့်သွားရတယ်။ သူ့နောက်ကလူကြီးက လျှာတွေထုံကျင်လာတဲ့အထိတောင် အတင်းအကျပ်နမ်းရှုံ့နေတယ်။

သူမျက်ရည်တွေဝိုင်းလာတယ်။ တဖက်ကောင်လေးက သူ့ကိုဆက်ပြီးမမေးစေချင်ဘူးဆိုတာကို သူနားလည်တယ်။

သူမမေးစေချင်ဘူးဆိုရင်လည်း မမေးတော့ပါဘူး။

ဟဲ့ချန်းမင်ရဲ့မျက်နှာပေါ်က လက်ဝါးရာကထင်းနေသေးတာကို ကျီလျောင်မြင်တော့ ဆိုဖာဆီဆွဲခေါ်လာတယ်။ ခုနတုန်းက အခန်းဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းကို ကြက်ဥပြုတ်နှစ်လုံးတောင်းထားတာရှိတယ်။ သူပြန်လာတာကိုစောင့်ရင်း ဓာတ်ဘူးထဲမှာ နွေးနွေးလေးရှိသေးတယ်။

ကျီလျောင် ကြက်ဥတွေသွားယူပြီး အခွံသေချာခွာပြီး နွေးနေတဲ့ကြက်ဥဖြူဖြူလေးတွေကို ဟဲ့ချန်းမင်မျက်နှာမှာ လှိမ့်ပေးနေလိုက်တယ်။

ဟဲ့ချန်းမင် ရင်ထဲနွေးထွေးသွားရတယ်။ ကျီလျောင်က သူ့မျက်နှာပေါ်က ဒဏ်ရာကို မှတ်မှတ်ရရရှိပြီး စိတ်ပူပေးနေတယ်။ ဟဲ့ယွဲ့ကျင်းက ခုလေးတင်သူနဲ့စကားတွေ ဒီလောက်အကြာကြီးပြောခဲ့တာတောင် ဒါနဲ့ပက်သက်ပြီး တစ်ချက်လေးတောင် မမေးခဲ့ဘူး။

"ဘေဘီ" သူ့အသံက အနည်းငယ်အက်ရှနေပြီး ကျီလျောင့်ကိုအရိုးမပါသလို ဖက်လိုက်တယ်။

ဒီလိုလူကောင်အကြီးကြီးက ဖက်လိုက်တာကြောင့် ကျီလျောင်ဖရိုဖရဲဖြစ်သွားတယ်။ လက်ထဲမှာ ကြက်ဥကိုကိုင်ထားရင်း ဇဝေဇဝါနဲ့မေးလိုက်တယ် "ဟမ်? ဘာဖြစ်တာလဲ?"

ပြန်ဖြေမှာကို အတော်ကြာကြာစောင့်နေတာတောင် ပြန်ဖြေသံမကြားရတော့ ဒီကောင်လေးဒီတိုင်း အသားလာယူနေတာလို့တွေးပြီး ဆူလိုက်တယ် "လာဖက်မနေနဲ့ ဒါကိုခဏလောက်လှိမ့်နေလိုက်ရင် နီနေတာတွေ အမြန်လျော့သွားလိမ့်မယ်"

ကျီလျောင်မနေနိုင်စွာ သူ့မျက်နှာပေါ်မှာ ကြက်ဥကိုလှိမ့်ပေးနေလိုက်တယ်။ ဘယ်သူသိမှာလဲ ဒီလူကတကယ်ကို ထိန်းထိန်းသိမ်းသိမ်းမနေနိုင်ဘဲ အနားကိုတိုးကပ်ကာ သူ့ကိုတောက်လျောက်လိုက်စနေတာကြောင့် သူနည်းနည်းတောင်စိတ်တိုလာတယ်။

ကြက်ဥတွေကလည်း အေးစက်ခါနီးဖြစ်လာတာကြောင့် ကျီလျောင်စားပွဲပေါ်ပစ်တင်လိုက်တယ်။ သူ့လက်နှစ်ဖက်ကို တဖက်ကောင်လေးပုခုံးပေါ်တင်ကာ ဆိုဖာပေါ်ဒူးထောက်ရင်း သူ့ကိုစိုက်ကြည့်လိုက်တယ်။

ဟဲ့ချန်းမင် အသာမော့ကြည့်တော့ ကျီလျောင့်ရဲ့အံ့ဩစရာကောင်းလောက်အောင် ရွှန်းစိုတောက်ပနေတဲ့ မျက်လုံးလေးတွေကို တွေ့လိုက်ရတယ်။ သူဒူးထောက်ထားတဲ့ပုံစံက သောက်ရမ်းစိတ်အားထက်သန်တဲ့ပုံပေါက်တာကြောင့် သူတောင် 'မာ'လာတယ်! ဟဲ့ချန်းမင် လျှာကိုထုတ်ပြီး အနမ်းခံချင်နေသလို လက်ညှိုးထိုးပြလိုက်တယ်။

ဒီလိုသွေးဆောင်ဖျားယောင်းနေတဲ့ဟန်ပန်ကြောင့် ကျီလျောင်ဂယက်ရိုက်သွားပြီး ခေါင်းတွေထူပူလာတယ်။ သူ့ကိုယ်ကိုကိုင်းကာ ထိုအမျိုးသားလေးကို နမ်းလိုက်တယ်။

ဟဲ့ချန်းမင်ကလည်း သူ့ရဲ့အစပျိုးလာမှုကို တောင့်မခံနိုင်ဘဲ ချက်ချင်းဆိုသလို တုန့်ပြန်ကာ ဒီကောင်လေးကို ဝါးမြိုပစ်ချင်နေတယ်။ [T/N : ဟဲ့မြွေကြီး]

ညနေခင်းကျတော့ သူတို့ညစာထွက်စားပြီး သင်္ဘောပေါ်မှာ နောက်ထပ်တစ်ညကုန်ဆုံးလိုက်တယ်။ နောက်နေ့ရောက်တော့ အိမ်ပြန်လာကြပြီး သူတို့တွေရဲ့ အလုပ်သမားနေ့အားလက်ရက်လေးပြီးဆုံးသွားတယ်။

ရှုအိုက်ဝမ်နဲ့ ကျန်တဲ့သူတွေက နောက်တော့မှ ရောက်လာတယ်။ ကျီလျောင် သူတို့ကိုတံခါးဖွင့်ပေးပြီး တွေးဆဆနဲ့ မန်ယောင်ယောင်လက်ထဲက ခရီးဆောင်အိတ်ကိုယူလိုက်တော့ သူမရဲ့ငြီးတွားသံကိုကြားလိုက်ရတယ်။ "အပြင်ထွက်လည်ရတာ အရမ်းပင်ပန်းလိုက်တာ!"

ဒါပေမယ့် သူမအရမ်းလည်းပျော်တယ်! သူမ ပစ္စည်းတွေအများကြီးဝယ်လာပြီး ကျီလျောင့်အတွက် လက်ဆောင်တွေတောင် ပါသေးတယ်!

ပထမဆုံး မန်ယောင်ယောင် မီးဖိုချောင်ဘက်ကိုပြေးကာ ရေသွားသောက်တယ်။ ထို့နောက် ရှုအိုက်ဝမ် ရောက်လာပြီး ဧည့်ခန်းမှာ သွားနားနေဖို့ သူမက စားစရာအမြန်ပြင်ပေးမယ်ဖြစ်ကြောင့် ပြောလာတယ်။

အရင်ကဆို မန်မိသားစုမှာ ချက်ပြုတ်ဖို့အဓိကတာဝန်ယူထားတဲ့ နာနီတစ်ယောက်ရှိတယ်။ ရှုအိုက်ဝမ်ကို လက်ထပ်ပြီးတဲ့နောက်မှာ သူတို့တွေ နာနီကိုထပ်ငှားစရာမလိုတော့ဘဲ သူမကသာ ချက်ပြုတ်တဲ့တာဝန်ကို ယူပေးတယ်။ သူမက အတော်လေးရှေးရိုးဆန်တာကြောင့် ယောကျာ်းဆိုတာ အပြင်မှာအလုပ်ထွက်လုပ်ပြီး မိန်းမက မီးဖိုချောင်မှာ ရှိနေသင့်တယ်လို့ထင်တယ်။

"ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်တီ၊ အဖေကို လာကူပေးဖို့ပြောလိုက်တယ်" မန်ယောင်ယောင် သင့်တော်သလိုပြောလိုက်တယ်။

သူမ ရှုအိုက်ဝမ်ကို အမေလို့မခေါ်ဘူးဆိုတာ ကျီလျောင်ကလည်း မန်ယွမ်ကို အဖေလို့မခေါ်တာကြောင့်ဖြစ်တယ်။ သူတို့နှစ်ယောက်လုံး အရင်တုန်းကအတိုင်း တလေးတစားအသုံးအနှုံးပဲသုံးဖို့လုပ်ထားတယ်။

မန်ယောင်ယောင်ထွက်သွားပြီးနောက် ခရီးဆောင်အိတ်တွေကို နေရာတကျလုပ်ပြီးသွားတဲ့ မန်ယွမ်ဝင်လာတယ်။ ရှုအိုက်ဝမ် တော်တော်လေး အလုပ်ရှုပ်နေတာကိုမြင်တော့ အလုပ်မှာလည်း သူမအရမ်းကြိုးစားနေရတာကို သူအနည်းငယ်မမြင်ရက်ဘူးဖြစ်လာတယ်။

"ကုမ္ပဏီအသစ်မှာ မလုပ်ဘူးဆိုရင်ကော? ကိုယ် မင်းနဲ့ ကျီလျောင့်ကို ထောက်ပံ့ပေးနိုင်ပါတယ်"

ဆန်ဆေးနေရင်း ရှုအိုက်ဝမ်လက်တွေ ရပ်သွားပြီး ပြန်ဖြေတယ် "ကြည့်,ကြည့်တာပေါ့ရှင်"

မနေ့တုန်းက သူတို့ကုမ္ပဏီရဲ့HRဌာနက သူတို့နှစ်ယောက်က ရုံးတွင်းမှာ ချစ်ကြိုက်ခဲ့ကြတာဖြစ်လို့ နှစ်ယောက်လုံးကို အလုပ်ဖြုတ်လိုက်တယ်ဆိုတဲ့အကြောင်း ဖုန်းဝင်လာတယ်။ တကယ်ဆို လုပ်ငန်းခွင်ထဲမှာ ချစ်ကြိုက်တာမျိုးမလုပ်ရဘူးဆိုပြီး ကုမ္ပဏီဘက်က အတိအလင်းဖော်ပြထားတာမရှိဘူး။ မေးခွန်းနည်းနည်းလောက်မေးမြန်ပြီးနောက် HRရဲ့တာဝန်ရှိသူက ဒါကသူဌေးဘက်က ညွှန်ကြားလာတာဖြစ်ကြောင်းပြောတယ်။ လျော်ကြေးလည်းပေးမှာဖြစ်လို့ အားလပ်ရက်ပြီးရင် ပြန်လာစရာမလိုတော့ဘူးလို့ပြောတယ်။

ခဏနေတော့ မန်ယွမ်ရဲ့email boxထဲကိုဟဲ့groupကနေ အလုပ်ခေါ်စာရောက်လာတယ်။ ပြီးတော့ အလုပ်ခေါ်တာက လူနှစ်ယောက်စာဆိုတော့ သူနဲ့ ရှုအိုက်ဝမ်ကိုဆိုလိုတာ။ ဒါပေမယ့် အရမ်းထူးဆန်းနေတယ်ဆိုပြီး နောက်ထပ်စစ်ဆေးကြည့်လိုက်ပေမယ့် emailက တကယ်ကို ဟဲ့groupက ပို့ထားတာဖြစ်နေတယ်။

မန်ယွမ်က သူ့ရဲ့အရင်ကုမ္ပဏီမှာ အဖွဲ့ရဲ့ကျောရိုးမကြီးဖြစ်တယ်။ လုပ်ငန်းခွင်မှာ လုပ်ကိုင်လာခဲ့တဲ့နှစ်တွေအတွင်းရထားတဲ့ အတွေ့အကြုံအရ ရုတ်တရက်ကြီးအလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုတာ သူနဲ့ ရှုအိုက်ဝမ်က သူတို့ရဲ့အရင်ကုမ္ပဏီတောင် အလျှော့ပေးရလောက်တဲ့ တစ်စုံတစ်ယောက်ကို ရန်စမိထားပုံရတယ်။ တဖက်က အရမ်းဩဇာရှိမှန်းသိသာတယ်။

ဟဲ့groupက အလုပ်ခေါ်စာကို လက်ခံရရှိလိုက်တာက တချို့သောအကြောင်းအရာတွေကြောင့် ထောင်ချောက်ဖြစ်နေနိုင်တယ်လို့ ခံစားမိနေတယ်။

ရုတ်တရက်ဆိုသလို မှတ်မထားတဲ့နံပါတ်တစ်ခုကနေ ဖုန်းဝင်လာတယ်။

မန်ယွမ်အပြင်ထွက်ကာ ဖုန်းကိုင်လိုက်တော့ တဖက်က ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လာတယ်။ "ဟိုင်း ကျွန်တော်က ဟဲ့မုရှန်းပါ... ဟဲ့groupရဲ့ အထွေထွေမန်နေဂျာပါ"

ဟဲ့မုရှန်းဆိုတဲ့နာမည်က တော်တော်ကျော်ကြားတာကြောင့် သူကြားဖူးနေပေမယ့် အခုဒီလူက ဘာကြောင့်ဖုန်းခေါ်လာတာလဲဆိုတာကို သူမသိဘူး။

"ဒီလိုရှိပါတယ်၊ မနေ့တုန်းကညနေ လေးနာရီခွဲတုန်းက ကျွန်တော်ကိုယ်တိုင် HRကတာဝန်ရှိသူကို Mr.မန်ဆီကိုအလုပ်ခေါ်စာပို့ပေးဖို့ ပြောထားတာပါ၊ Mr.မန်စစ်ကြည့်ပြီးပြီလား မသိဘူးခင်ဗျ?"

ဟဲ့မုရှန်း ဖုန်းကိုကိုင်ထားရင်း သူ့ဘေးနားမှာ စိတ်ရှည်လက်ရှည်စောင့်ကြည့်နေတဲ့ ဟဲ့ချန်းမင်ကို ကြည့်ရင်းဆက်ပြောတယ် "Mr.မန် အများကြီးတွေးစရာမလိုပါဘူး၊ ဟဲ့groupက ကုမ္ပဏီမှာလာပူးပေါင်းပေးဖို့ ပြောတယ်ဆိုတာ ကျွန်တော့်ရဲ့ညီကြောင့်မဟုတ်ဘဲ ခင်ဗျားရဲ့ဒီအသိုင်းအဝိုင်းထဲမှာ သိသိသာသာ ပရော်ဖက်ရှင်နယ်ကျကျလုပ်နိုင်တာတွေကို မြင်ရတာကြောင့်မို့လို့ပါ စိတ်ရင်းနဲ့ဖိတ်ခေါ်ရတာပါ... တခြားတောင်းဆိုစရာတွေရှိတယ်ဆိုလည်း ပြောလို့ရပါတယ်၊ ဟဲ့groupက ခင်ဗျားကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ပါဘူး"

ဒါကို မန်ယွမ်ကြားတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ဝိုးတိုးဝါးတား နားလည်လာသလိုရှိပြီး မေးခွန်းထုတ်လိုက်တယ် "ညီ?"

ဟဲ့မုရှန်း မျက်ခုံးပင့်ကာ စကားလုံးသုံးလုံးပဲပြောလိုက်တယ် "ဟဲ့ချန်းမင်"

အဲ့တော့မှာ မန်ယွမ်လည်း အားလုံးရှင်းလင်းသွားပြီး ဟဲ့ချန်းမင်က ဟဲ့ယွဲ့ကျင်းရဲ့သားဖြစ်နေတယ်ဆိုတာကြောင့် မသိမသာတုန်လှုပ်သွားရတယ်။ သူကျီလျောင့်အတွက် စိုးရိမ်သွားရတယ်။ ဒီကောင်လေးက သူ့ရဲ့သားအရင်းမဟုတ်ပေမယ့်လည်း ရှုအိုက်ဝမ်က သူနဲ့လက်ထပ်ပြီးပြီဖြစ်လို့ တာဝန်၀တ္တရားတွေက သူ့ပခုံးပေါ်ကျလာပြီ။

အကြာကြီးတိတ်ဆိတ်နေပြီးတော့မှ မန်ယွမ်ပြောလိုက်တယ် "ကျွန်တော် စဉ်းစားလိုက်ပါအုံးမယ်"

သူကိစ္စကြီးတစ်ခုလုံးကို သိသွားပြီ။ ဟဲ့ယွဲ့ကျင်းက သူနဲ့ရှုအိုက်ဝမ်ကို အလုပ်ဖြုတ်တာမှန်း သိသာနေပြီကို။ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းက ကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးကို ဟဲ့ယွဲ့ကျင်းသိသွားတာကြောင့်မှန်း သေချာတယ်။

အခု ဟဲ့မုရှန်းက သူ့ကိုအလုပ်ခေါ်တယ်ဆိုတော့ ဟဲ့ချန်းမင်ဘက်ကနေပြီး ဟဲ့ယွဲ့ကျင်းကို ဆန့်ကျင်နေချင်တဲ့ပုံပဲ။

သားတွေ အဖေကိုဆန့်ကျင်တာက အကြောင်းပြချက်တစ်ခုတည်းရှိတယ် _ ပလ္လင်ကို သိမ်းပိုက်ဖို့။

မန်ယွမ်ဒါကိုတွေးကြည့်ရုံနဲ့တင် သောကဖြစ်ရတယ်။ ချမ်းသာပြီး အင်အားကြီးတဲ့မိသားစုတွေမှာတောင် အတွင်းလှိုက်စားတာတွေရှိသေးတယ်။ [T/N : တခြားတစ်ခုပြောထားတာဖြစ်ပေမယ့် သင့်တော်တာလေး သုံးလိုက်ပါတယ်]

[Kay : ပွဲကတော့ လှပြီ]

_____

Thanks 😉





Continue Reading

You'll Also Like

205K 17.6K 36
HunHan ( Yaoi ) Sehun ကို ျပံဳးျပီးျကည့္တဲ့ Kris အျကည့္ နဲ ့ အျပံဳ းဟာ ကိုယ့္မ်က္စိေရွ ့မွာတင္ ကိုယ့္ရင္ေသြး ေလး ကိုယ့္ကေလး တစ္ေယာက္ ျကီးျပင္းလာ တာကိ...
136K 16.4K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...