I can only imagine

By Monepannmyau

102K 7.6K 311

I Can Only Imagine 💭ငါေၾကာင့္ မင္းကိုယ္မင္း သတ္ေသဖို႔အထိ နာက်င္ေစခဲ့မိရင္ ငါ ေတာင္းပန္ပါတယ္ မင္းနဲ႕ သူစိမ္းတ... More

I can only imagine 1
I can only imagine 3
I can only imagine 4
I can only imagine 5
I can only imagine 6
I can only imagine 7
I can only imagine 8
I can only imagine 9
I can only imagine 10
I can only imagine 11
Review Give Me
I can only imagine 12
I can only imagine 13
I can only imagine 14
I can only imagine 15
I can only imagine 16
I can only imagine 17
တစ္ခုခု ေျပာေပးသြားပါ
Please give me some help
I can only imagine 18
I can only imagine 19
I can only imagine 20
I can only imagine 21
I can only imagine 22
I can only imagine 23
Vote Me😫
I can only imagine 24
I can only imagine 25
I can only imagine 26
I can only imagine 27
I can only imagine 28
I can only imagine 29
I can only imagine 30
I can only imagine 31
ဒါဒါတို႔ေရ😘
I can only imagine 32
I can only imagine 33
I can only imagine 34
I can only imagine 35
I can only imagine 36
I can only imagine 37
I can only imagine 38
Add Pp Lar Dar Dar Yay?
I can only imagine 40
I can only imagine 39
I can only imagine 41
I can only imagine 42
I can only imagine 43
I can only imagine 44
I can only imagine 45
I can only imagine 46
I can only imagine 47
I can only imagine 48
🚨🚨🚨
I can only imagine 49
🚨🚨🚨🚨🚨
ရပ္ထားရတဲ့အေၾကာင္းအရင္း😫😭
I can only imagine 50 Z
I can only imagine 50 U

I can only imagine 2

3.7K 331 5
By Monepannmyau

I can only imagine
💛Part 2💛

🎼ကိုယ္ သိပ္ခ်စ္မွန္း သိရက္နဲ႔ မင္း မုန္းခဲ့ ဒါဘာေၾကာင့္လဲေတြးမရပါလား အားလုံးနဲ႔တိုက္ခိုက္ကာခ်စ္ခဲ့ရ
ေနာက္ဆံုးေတာ့ အသည္းကြဲဖို႔လား🎼

ထူးအိမ္သင္ ဆိုထာတဲ့ သီခ်င္းလိုပဲ ေမာင္ ငါ သိပ္ခ်စ္ခဲ့တယ္ သိပ္ခ်စ္တတ္တယ္ ဆိုတာ ေမာင္သိသိႀကီးနဲ႔အၿငိဳးတရားအမုန္းတရား ႀကီးတာ ဘယ္လိုစိတ္နဲ႔မ်ား ငါ့အေပၚ လုပ္ရက္တယ္ ဆိုတာ မေတြးတတ္ေတာ့ဘူး ေလာကမွာရိွသမ်ွလူေတြကို တိုက္ခိုက္ၿပီး ေမာင့္အနားေနဖို႔ ေတြးခဲ့ေပမဲ့ဖယ္ထုတ္ျပန္တယ္ ေအာ္ ေနာက္ဆံုးေတာ့လည္းအသည္းကြဲက်န္ခဲ့တဲ့သူကငါပါပဲေမာင္ရယ္.....

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"ေလးညိဳ႕႐ွင္ မင္း ငါ့အေမကို ေျပာတာ အရမ္း
လြန္တယ္လို႔ မထင္ဘူးလား ''

"ဘာ ငါက လြန္တယ္ ဟားဟား ျမတ္ႏိုးရာ ငါက မင္းတို႔ လုပ္ေနတဲ့ အကြက္ေတြကို မသိဘူးလို႔ မထင္နဲ႔ေနာ္
မင္းတို႔ ငါ့အေဖ ယူလိုက္ကတည္းက ေငြမက္လို႔ ဆိုတာ အသိအသာႀကီးပါ ''

"ေလးညိဳ႕႐ွင္ မင္း အရမ္း တရားလြန္သြားၿပီ မင္း အခု
ေစာ္ေစာ္ကားကား ေျပာေနတာ ငါ့အေမေနာ္ မင္းအေဖကို ငါ အခုလို မေကာင္းေျပာရင္ မင္း သည္းခံႏိုင္သလား ေျပာ ''

"အဟက္ မင္းကလား မင္းတို႔ သားအမိကလား ငါ့အေဖ
ေစာ္ကားမွာ? ငါ့အေဖက မင္းတို႔လို သိုက္တူးသမား
မဟုတ္ဘူးကြ ''

"ဘာ မင္း ခြမ္း 👊''

တစ္စတစ္စ ပိုမို ရင့္သီးလာတဲ့ ေလးညိဳ႕႐ွင္ စကားေတြေၾကာင့္ ျမတ္ႏိုးရာ သည္းမခံနိုင္ေတာ့ပဲ သူ႔လက္သီး ေသးေသးေလးက သူ႔၏ မ်က္ႏွာတည့္တည့္ဆီသို႔ ပစ္ဝင္လာသည္။

"အ့ မင္းကမ်ား ရာရာစစ ငါ့ကို ထိုးတယ္ ဟုတ္လား
အား မင္း ေသေပေတာ့ ခြမ္း👊 ''

ဖခင္ ျဖစ္သူ ဦးဂုဏ္႐ွင္ ကိုယ္တိုင္ေတာင္ လက္ဖ်ားနဲ႔
မထိဖူးတဲ့ မ်က္ႏွာကို ကြၽန္ေတာ္ အေ႐ွ႕က ေကာင္ေသးေသးေလးက ထိုးလိုက္တာေၾကာင့္ စိတ္က လံုးဝ ထိန္းလို႔မရပဲ ဆက္တိုက္ ဆက္တိုက္ဆိုသလို ထိုးႀကိတ္လိုက္မိသည္။ ျမတ္ႏိုးရာ မ်က္ႏွာေလး ဖူးေယာင္သြားေတာ့မွ
ေလထဲ ဝဲပ်ံလက္စ ရိွေနေသးေသာ လက္သီးကို ခ်လိုက္၍ သူ႔ေကာ္လံအက်ီစကို ဆြဲ၍

"မွတ္ထား ေလးညိဳ႕႐ွင္ကို ဘယ္သူမွ လာထိလို႔ မရဘူး
မင္း ျဖစ္ေနရင္ေတာင္မွ ငါ ေက်ာ္သြားေပးမွာ မဟုတ္လို႔ ငါ့ကို လာမထိနဲ႔ ''

ေကာ္လံစကို တြန္းပစ္လိုက္ေတာ့ ေကာင္ေသးေသးေလးက ေျမျပင္ေပၚ ဘုန္းခနဲ လဲက်သြားကာ သူ႔ကို အံျသသလို ေမာ့ၾကည့္႐ွာေလသည္။ ေလးညိဳ႕႐ွင္ သူ႔ကို ၾကည့္ေနေသာ ထိုေကာင္ေသးေသးေလး၏ အၾကည့္ေတြကို
မျမင္ခ်င္ေယာင္ေဆာင္ကာ လွည့္ထြက္သြားေတာ့သည္။

"ေလးညိဳ႕႐ွင္ မင္းက အရမ္းေၾကာက္ဖို႔ ေကာင္းတာပဲ ''

ျမတ္ႏိုးရာ သူ႔မ်က္ႏွာေပၚက ဒဏ္ရာေတြကို လက္ျဖင့္ တို႔ထိ၍ ေအးစက္စြာ ထြက္သြားသည့္ သူ႔ေနာက္ေက်ာကို ၾကည့္၍ တိုးတိုးေလး ေရရြတ္မိသည္။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

" သား ျမတ္ႏိုးရာ မ်က္ႏွာက ဘာျဖစ္တာလဲ သား ''

ၾကည့္လို႔ မေကာင္းေလာက္ေအာင္ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ပြထေနေသာ ျမတ္ႏိုးရာမ်က္ႏွာအား ညေနစာ ထမင္းစားပြဲဝိုင္းတြင္ မိခင္ ေဒၚတင္တင္ေမ ေမးလိုက္ေတာ့
ေလးညိဳ႕႐ွင္ မ်က္ခြံေလး လွန္ရံုမွ် ၾကည့္၍ ထမင္း
ေအးေဆး ျပန္စားေနေလသည္။ တစ္ခ်က္ ကံေကာင္းတာက ဦးဂုဏ္႐ွင္ ခရီးထြက္ေနလို႔ သိပ္ၿပီး ေျဖ႐ွင္းခ်က္
ေပးရမွာ မဟုတ္။

"ဟို သား ေက်ာင္း အေနာက္က ေရအိုင္ေလးမွာ ေခ်ာ္လဲလို႔ပါ''

"ေအာ္ သားရယ္ ၁၀တန္းပဲ ေရာက္ေနၿပီ အခုထိ ေခ်ာ္လဲတုန္းလား သတိထားမွေပါ့ကြယ္ အေမ ခဏေနရင္ ေဆးလာေပးမယ္ ေနာ္ သား ၿပီးေတာ့ ဒုန္း.... ''

ေလးညိဳ႕႐ွင္ သူ႔အေ႐ွ႕က ေရခြက္ကို ေသာက္ၿပီး ၾကမ္းတမ္းစြာ ခ်လိုက္တာေၾကာင့္ ခြက္က မကြဲသြားေပမဲ့ စကားေျပာေနေသာ ေဒၚတင္တင္ေမမွာ အင္မတန္မွ ႐ိုင္းစိုင္းလွတဲ့ ေလးညိဳ႕႐ွင္ လုပ္ရပ္ေၾကာင့္ ဆြံအ မင္သက္သြားရသည္။

"ခင္ဗ်ားတို႔ ရပ္ကြက္မွာေတာ့ ထမင္းစားရင္ ဘယ္လို
စားသလဲ ဆိုတာေတာ့ မသိေပမဲ့ ကြၽန္ေတာ္တို႔ လူကံုထံ အသိုင္းအဝိုင္းမွာေတာ့ ထမင္းစားေနရင္ စကား ေျပာလို႔ မရဘူး ခင္ဗ်ား ကြၽန္ေတာ္တို႔ အသိုင္းအဝိုင္းထဲကို
လာခ်င္တယ္ ဆိုရင္ ဒီလို အေျခခံ လမ္းစဥ္ေတြကိုေတာ့ သိထားသင့္တယ္မလား ''

"ေတာက္ မင္း ေလးညိဳ႕႐ွင္ ငါ့အေမကို ထပ္ေစာ္ကားျပန္ၿပီလား ''

ျမတ္ႏိုးရာ အေျပာေၾကာင့္ ေလးညိဳ႕႐ွင္ ႏႈတ္ခမ္းေလး မဲ့လိုက္ၿပီး သူ႔မ်က္ႏွာေပၚက ဒဏ္ရာေတြကို စိုက္ၾကည့္ကာ

" မင္း မ်က္ႏွာေပၚက ဒဏ္ရာေတြကုိသာ အရင္
ေပ်ာက္ေအာင္ ကုလိုက္စမ္းပါ အဟက္ ''

ေလွာင္သလို ေျပာင္သလို ခနဲ႔ကာ ထြက္သြားေသာ ေလးညိဳ႕႐ွင္ကို ကြၽန္ေတာ္ မုန္းလိုက္တာဗ်ာ...

ေလးညိဳ႕႐ွင္ကေတာ့ ကြၽန္ေတာ္တို႔သားအမိကို ခနဲ႔ကာ
ေလွာင္ေျပာင္ေျပာသြားၿပီး ထြက္သြားေပမဲ့ အေမကေတာ့ ကြၽန္ေတာ္ကို မယံုသကၤာခါ ၾကည့္လာေလသည္။
ကြၽန္ေတာ္ကို ဒီအိမ္ပိုင္႐ွင္ရဲ႕ သားက အႏိုင္က်င့္ပါတယ္လို႔ ဘယ္လို ဖြင့္ေျပာရမွာလဲ။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ေဒါက္ ေဒါက္

ဒီအခ်ိန္ႀကီး တံခါး လာေခါက္တာေၾကာင့္ ျမတ္ႏိုးရာ
စာၾကည့္ေနရာမွ ထရပ္၍ တံခါး ဖြင့္ေပးလိုက္ေတာ့
အျပင္မွာ မိန္႔မိန္႔ႀကီး ရပ္ေနေသာ ေလးညိဳ႕႐ွင္ကို
ျမင္လိုက္ရာ အံျသသက္သြားရသည္။

" ဘာလဲ မတ္တပ္ရပ္ ေသသြားၿပီလား ငါ့ကို မမွတ္မိေတာ့ဘူးလား ျမတ္ႏိုးရာ ''

ေလးညိဳ႕႐ွင္ဆီက စကားသံ ထြက္လာေတာ့မွ ဆြံအေနေသာ ကြၽန္ေတာ့္မွာ အသိဝင္လာၿပီး လႈပ္လႈပ္ရြရြ
ျဖစ္လာရသည္။ ေလးညိဳ႕႐ွင္က ဘယ္တုန္းကမွ
ကြၽန္ေတာ့္ဆီ သက္သက္ လာဖူးတယ္ ဆိုတာ ရိွမွ မရွိခဲ့တာ။ ကြၽန္ေတာ္ ထူးဆန္းတာ မထူးပါဘူးေလ။

" ေအာ္ ဘာ... ဘာကိစၥလဲ ''

ကြၽန္ေတာ္ ေမးလိုက္ေပမဲ့ ေလးညိဳ႕႐ွင္က ျပန္မေျဖပဲ
အခန္းထဲသို႔ တန္းတန္းမတ္မတ္ ဝင္သြားေတာ့ ကြၽန္ေတာ့္မွာ သူ႔အေနာက္က အျမန္ လိုက္ရေသးသည္။

" ေလးညိဳ႕႐ွင္ မင္း ငါ ေမးတာ အရင္ ေျဖေလ ဒီအိမ္က
မင္းအိမ္ ဆုိေပမဲ့ အခန္းကိုေတာ့ ဦး ေပးထားလို႔ ငါ
အသံုးျပဳေနတဲ့ အခန္း အိမ္႐ွင္ ဆိုေပမဲ့ စည္းေလးေတာ့ ရိွေပးပါကြာ''

"က်စ္ နားညီးလိုက္တာကြာ ငါ မင္းဆီကို ခဏေလး
အလည္လာတာပါ ဒီေလာက္ႀကီး ေျပာဖို႔ လိုလို႔လားကြာ ''

ေလးညိဳ႕႐ွင္ကေတာ့ သေဘာ႐ိုး လာတယ္ ဆိုေပမဲ့
ကြၽန္ေတာ့္မွာ အပူမေအးႏိုင္။ သူက ကြၽန္ေတာ္တို႔ကို
ၾကည့္မရတာ မုန္းေနတာ အသိအသာႀကီးေလ
ဘာကိစၥေၾကာင့္ အလည္လာတယ္ ဆိုတာ ကြၽန္ေတာ္
မေတြးတတ္ေတာ့။ ကြၽန္ေတာ္ပဲ သတိထားတာ မ်ားေနတာလား။

" မဟုတ္... မဟုတ္ပါဘူး မင္းကေရာ ဒီအခ်ိန္ထိ
မအိပ္ေသးဘူးလား ''

"မအိပ္ေသးဘူး မေန႔က သခ်ာၤဆရာမ အိမ္စာ
လုပ္ခိုင္းလိုက္တာ မၿပီးေသးလို႔ ''

"ေအာ္ အာ့ဆို ျမန္ျမန္ သြားလုပ္ေလ ငါ
စာၾကည့္ရအံုးမွာ ''

"အင္းပါ ''

ျမတ္ႏိုးရာ စာၾကည့္စားပြဲေလးက သန္႔႐ွင္းသန္႔ရပ္ေနသည္။ စာအုပ္ေတြလည္း ဘာသာရပ္အလိုက္ စီရီထားသည္။ ကြၽန္ေတာ္ ျမတ္ႏိုးရာ၏ သခ်ာၤစာအုပ္ကို မ်က္လုံးနဲ႔ မသိမသာ ႐ွာလိုက္ေတာ့ သူလည္း အခုမွ လက္စသပ္ၿပီးတယ္ ထင္ပါရဲ့။ ထိုစာအုပ္ေလးက သူတို႔အေ႐ွ႕မွာ တည့္တည့္ႀကီးကို ရိွေနေလသည္။ အခုမွ ကြၽန္ေတာ္ ရည္ရြယ္ခ်က္ ေအာင္ျမင္ေတာ့မည္။

" အား ျမတ္ႏိုးရာ မင္း အေနာက္မွာ ဘာအေကာင္ႀကီးလဲ''

ျမတ္ႏိုးရာက ႐ိုးသားလြန္းလို႔လား တံုးအလြန္းလို႔လားေတာ့မသိ။ ကြၽန္ေတာ္ ေျပာလိုက္တာနဲ႔ ခ်က္ခ်င္း
အေနာက္သို႔ လွည့္ၾကည့္၍ ျပဴးျပဴးေၾကာင္ေၾကာင္ေလး ဟို႐ွာသည္႐ွာ ျဖစ္ေန႐ွာသည္။ သူ အေနာက္သို႔
လွည့္ၾကည့္ေနတုန္း အေ႐ွ႕က ရိွေနေသာ စာအုပ္ကို
ဆတ္ခနဲ ဆြဲယူ၍ အကီ်ထဲ ထည့္ကာ ဟန္မပ်က္
ေနလိုက္သည္။

"ဟင္ ဘယ္မွာလဲ ေလးညိဳ႕႐ွင္ ဘာအေကာင္ႀကီးလဲ ''

"ဟင္ ေအာ္ မရွိေတာ့ဘူး ခုနကေတာ့ ဘာအေကာင္ႀကီးလဲ မသိဘူး ထြက္သြားၿပီ ထင္တယ္ မရွိေတာ့ဘူး ဟဲဟဲ ''

ရယ္စရာမရိွ ၾကံဖန္ ရယ္ေနရေသာ ကြၽန္ေတာ္အဖို႔
ဘယ္လိုမွ မဆင္ေျပ။ သူကလည္း ကြၽန္ေတာ္ကို
ျပဴးေၾကာင္ေၾကာင္ေလး ၾကည့္လာ႐ွာသည္။

"အဟမ္း ေနာက္က်ေနၿပီ ငါ ျပန္ေတာ့မယ္ ''

"ေအာ္ အင္း ''

ကြၽန္ေတာ့္အေ႐ွ႕ကေန ခပ္ဆတ္ဆတ္ ထြက္သြားေသာ
ေလးညိဳ႕႐ွင္ကို ထူးဆန္းေနသလို ခံစားရသည္။ ကြၽန္ေတာ္အေ႐ွ႕မွာ တစ္ခါမွ မရယ္မျပံဳးဖူးတဲ့ ေလးညိဳ႕႐ွင္က
ဒီတခါ ထူးထူးဆန္းဆန္း ရယ္ေနေလရဲ႕။ ဒါနဲ႔ စကားမစပ္ သူ ရယ္တာ အရမ္း ေခ်ာတာပဲ....

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

"ကဲ သားတို႔ သမီးတို႔ ဆရာမ မေန႔က လုပ္ခိုင္းထားတဲ့
အိမ္စာေတြ ၿပီးၾကၿပီးလား ''

"ၿပီးပါၿပီ ဆရာမ ''

သခ်ာၤဆရာမ ေဒၚခင္ေဆြဆိုသည့္ ဆရာမက ၾကမ္းတဲ့ ဆရာမထဲ ပါသည္။ သူမ သင္တဲ့ အခ်ိန္ဆို ေက်ာင္းသူေက်ာင္းသားမ်ား အားလုံး ထိတ္ထိတ္မလုပ္ရဲၾက။ မေန႔က
ၿပီးသြားၿပီ ျဖစ္တဲ့ သခ်ာၤအိမ္စာကို ဆရာမအား ထပ္ရန္
ျမတ္ႏိုးရာ လြယ္အိတ္ထဲ ႐ွာလိုက္ေတာ့ မရွိေတာ့ေခ်။

ကြၽန္ေတာ္ မေန႔ည၁၀နာရီေလာက္က မွတ္မွတ္ရရ
အိမ္စာၿပီးလို႔ စားပြဲေပၚ တင္ထားပါသည္။ အခု မရွိေတာ့ သခ်ာၤဆရာမ အျပစ္ေပးတာ ၾကမ္းလြန္းလို႔ ဒူးေတြပါ
မခိုင္ခ်င္ေတာ့။ ကြၽန္ေတာ္ စာအုပ္ကို ဘယ္မွာမ်ား မွားထားခဲ့ရတာပါလိမ့္။ အျခား ေက်ာင္းသူေက်ာင္းသားေတြက ထ၍ ဆရာမ စားပြဲေပၚ သြားထားေနေလသည္။

"ကဲ အားလုံး စာအုပ္ ထပ္ၿပီးၾကၿပီလား ''

"ဟုတ္ကဲ့ပါ ဆရာမ ''

"ဒါဆို မထပ္ရေသးတဲ့ သူရိွရင္ ကိုယ့္အသိနဲ႔ ကိုယ္
ထရပ္ၾက ဆရာမ ဘယ္လို အျပစ္ေပးသလဲ ဆိုတာ
သိၾကတယ္ေနာ္''

သခ်ာၤဆရာမ ၾကမ္းလြန္းလို႔ အခန္းထဲက ဆိုးတဲ့ ေက်ာင္းသားေတြေတာင္ သူမအခ်ိန္ဆို အိမ္စာေတြ လိုက္လုပ္ၾကသည္။ ကြၽန္ေတာ္ အခု ဘယ္လိုလုပ္ရမလဲ စိတ္႐ႈပ္လြန္းလို႔ ေခါင္းကို လက္ျဖင့္ ကုတ္ကာ အေ႐ွ႕၌ ထိုင္ေနေသာ
ေလးညိဳ႕႐ွင္အား အားကိုးတႀကီး ၾကည့္လိုက္ေတာ့ သူက လွည့္ၾကည့္၍ ေလွာင္ရီသလို ျပံဳးျပကာ သူ႔လက္ထဲက
ကြၽန္ေတာ့္စာအုပ္ေလးကို ျမင္လိုက္ေတာ့မွ ညက
ေလးညိဳ႕႐ွင္ ကြၽန္ေတာ့္အခန္းထဲကို အေၾကာင္းမရိွ
အေၾကာင္း႐ွာ၍ လာေသာ ရည္ရြယ္ခ်က္ကို အခုမွ
သိရေတာ့သည္။

"ဘယ္သူ စာအုပ္ မထပ္ေသးတာ က်န္ေသးလဲ''

"ကြၽန္... ကြၽန္ေတာ္ပါ ''

တစ္တန္းလုံး တိတ္ဆိတ္ေနခ်ိန္တြင္ ကြၽန္ေတာ္ တစ္ေယာက္တည္း မတ္တပ္ရပ္လိုက္ေတာ့ တစ္တန္းလုံးတြင္
ရိွေနေသာ ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ အၾကည့္က
ကြၽန္ေတာ့္ဆီကို တည့္တည့္ ေရာက္လာၾကသည္။
႐ွက္လိုက္တာဗ်ာ ထိုအထဲတြင္ ေလးညိဳ႕႐ွင္က အဆိုးဆံုး။ သူ ဒုကၡေပးလို႔ ကြၽန္ေတာ္ ဒုကၡေရာက္ရတာ အခုေလာက္ဆို ေပ်ာ္ေနေလာက္ေရာ့ေပါ့။

" မင္းက ေက်ာင္းသားသစ္ မဟုတ္ဘူးလား ''

"ဟုတ္ပါတယ္ ''

"ေက်ာင္းသားသစ္ဆိုရင္ အားလုံးထက္ ပိုႀကိဳးစားမွ
ျဖစ္မွာေပါ့ အခု ငါ ေပးတဲ့ အိမ္စာလည္း မလုပ္ဘူး ငါက ပ်င္းတဲ့ ေက်ာင္းသူေက်ာင္းသားေတြဆို မႀကိဳက္ဘူး ''

"ဟုတ္ ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္ ''

"ေကာင္းၿပီ ဒါေပမယ့္ အခုေတာ့ မင္းအျပစ္ကို မင္း
သိတယ္မလား ဒါဆို အေ႐ွ႕ကို ထြက္လာခဲ့''

ဆရာမက အားလုံးရဲ႕ အေ႐ွ႕ကို ေခၚထုတ္လိုက္တာေၾကာင့္ ကြၽန္ေတာ္ အေ႐ွ႕သို႔ ထြက္သြားကာ စတိတ္ခံုေပၚ
ရပ္ေနလိုက္သည္။ ဆရာမက အနီးရိွ ႀကိမ္လုံးကို ကိုင္၍

" ပုဆိုးကို ေျမႇာက္ထား ''

ဆရာမရဲ့ တစ္ခ်က္လြတ္ အမိန္႔စကားသံေၾကာင့္ လူက
တစ္ကိုယ္လုံး တုန္တက္သြားရသည္။ ေျခသလုံးေပၚေအာင္အထိ ပုဆိုးစကို မ.တင္လိုက္ေတာ့ ရႊမ္းခနဲ အသံျမည္ခ်က္နဲ႔အတူ အ႐ိုးထဲထိ စိမ့္ဝင္သြားေသာ နာက်င္မႈကို
ခံစားလိုက္ရသည္။ တစ္ခါမွ လူအေ႐ွ႕မွာ အခုလို
အ႐ွက္မကြဲဖူးတဲ့ ကြၽန္ေတာ္အဖို႔ ဤလုပ္ရပ္က အရမ္းကို အက်ည္းတန္ေစလွသည္။ ၃ခ်က္၄ခ်က္ မနားတမ္း
က်လာတဲ့ ႐ိုက္ခ်က္ေတြကို ႏႈတ္ခမ္းေလး ဖဲ့ကိုက္၍
အံႀကိတ္ထားရံုမွတစ္ပါး ကြၽန္ေတာ္မွာ ေရြးခ်ယ္စရာ မရွိ။ စတိတ္ခံုေပၚကေန ေလးညိဳ႕႐ွင္ကို လွမ္းၾကည့္ေလေတာ့ သူက ကြၽန္ေတာ္ကို သနားသဖြယ္ ၾကည့္ေနၿပီး
ကြၽန္ေတာ္နဲ႔ အၾကည့္ခ်င္း ဆံုလိုက္ေတာ့ ခုနက ၾကည့္ေနတဲ့ သနားတဲ့မ်က္လံုးေတြ မဟုတ္ေတာ့ပဲ ေက်နပ္အားရတဲ့ အေလွာင္အေျပာင္အၾကည့္ေတြနဲ႔ ျပန္ၾကည့္လာ
သည္။ ေအာ္ အေျပာင္းအလဲ ျမန္လွခ်ည္လား ေလးညိဳ႕႐ွင္ရယ္.....

💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜

"မင္း ဒါ တမင္လုပ္တာမလား ေလးညိဳ႕႐ွင္ ''

"ဟားဟား မင္းက တံုးတာကို ခံေပါ့ ''

"ဒီမွာ ေလးညိဳ႕႐ွင္ ငါက တံုးတာ မဟုတ္ဘူး မင္းကိုက
ကလိမ္ကက်စ္က်တာ မင္းသာ ငါ့စာအုပ္ကို ဝွက္မထားဘူး ဆိုရင္ ငါလည္း အခုလို အ႐ိုက္ခံရမွာ မဟုတ္ဘူး ''

ေက်ာင္းဆင္းခ်ိန္မို႔ ေျခသလုံးမွာ ကြၽန္ေတာ့္ေၾကာင့္
ဒဏ္ရာရထားေသာ ျမတ္ႏိုးရာကို တစ္ေယာက္တည္း
ေျခက်င္ မသြားခိုင္းရက္တာေၾကာင့္ ေထာ့နဲေထာ့နဲ
ျဖစ္ေနေသာ သူ႔အနား သြား၍ကားေပၚ တက္ရန္
ေျပာေတာ့ အခုလို ရန္စြာေနေလသည္။

"အဟက္ မင္းလည္း စဥ္းစားေလ ငါက မင္း အခန္းထဲကို ပ်င္းလို႔ အလည္လာတယ္မ်ား ထင္လို႔လား ''

"မင္းကို ငါ့စိတ္နဲ႔ ႏႈိင္းၿပီး သေဘာထားမိတာ ငါ မွားတာပဲ ဟုတ္တာေပါ့ မင္းလို လူမ်ိဳးက မင္းေၾကာင့္ လူတစ္ေယာက္ ဒုကၡေရာက္ေနတာေတာင္ အျပံဳးမပ်က္ မိန္႔မိန္႔ႀကီး
အခန္႔သား ၾကည့္ေနမဲ့ လူမ်ိဳးေလ''

"ေဟ့ ေဟ့ မင္း အာ့ဒါေတာ့ ေတာ္ေတာ္ႀကီး မ်ားသြားၿပီ
မင္းကို စာနာလို႔ ငါ့ကားမွာ လိုက္စီးလို႔ အခု ေခၚေနၿပီေလ ''

"မလိုက္ဘူး ငါ ဆိုတဲ့ လူကလည္း တစ္ခါဆိုရင္
တစ္သက္လုံး အမွတ္ရေနမဲ့ လူစားမ်ိဳးကြ မင္း ကားထဲမွာ ဘာလုပ္ထားမွန္း မသိလို႔ မလိုက္ေတာ့ဘူး အလကား
ေနာက္ထပ္ ဘာဒုကၡေတြ လာအံုးမယ္ မသိဘူး ဟြန္႔ ''

ကြၽန္ေတာ္ကို ပက္ပက္စက္စက္ ေျပာ၍ ေျခေတာက္ေလး ေထာ့နဲေထာ့နဲျဖင့္ လႈပ္တုတ္လႈပ္တုတ္ ထြက္သြားေသာ ထိုေကာင္ေသးေသးေလးကို အေနာက္ကေန ဆြဲကိုင္ခါရမ္းပစ္လိုက္ခ်င္ေတာ့သည္။ ေျခေတာက္မွာ ဒဏ္ရာနဲ႔မို႔ လူက လမ္းေကာင္းေကာင္းေတာင္ ေလွ်ာက္ႏိုင္မွာ
မဟုတ္။ ေစတနာနဲ႔ ေခၚတင္တာေတာင္ လူကို ရစရာ
မရွိေအာင္ ေျပာသြားသည့္ သူ႔ကို ေဒါသထြက္ရသည္။
ေစတနာနဲ႔ မတန္တဲ့ မင္းကို ဘယ္ေတာ့မွ ေစတနာ
မထားေတာ့ဘူး ျမတ္ႏိုးရာ....

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

ဆက္ရန္

ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။

အားလံုးေက်းဇူးတင္ပါတယ္ရွင္

👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑

I can only imagine
💛Part 2💛

🎼ကိုယ် သိပ်ချစ်မှန်း သိရက်နဲ့ မင်း မုန်းခဲ့ ဒါဘာကြောင့်လဲတွေးမရပါလား အားလုံးနဲ့တိုက်ခိုက်ကာချစ်ခဲ့ရ
နောက်ဆုံးတော့ အသည်းကွဲဖို့လား🎼

ထူးအိမ်သင် ဆိုထာတဲ့ သီချင်းလိုပဲ မောင် ငါ သိပ်ချစ်ခဲ့တယ် သိပ်ချစ်တတ်တယ် ဆိုတာ မောင်သိသိကြီးနဲ့အငြိုးတရားအမုန်းတရား ကြီးတာ ဘယ်လိုစိတ်နဲ့များ ငါ့အပေါ် လုပ်ရက်တယ် ဆိုတာ မတွေးတတ်တော့ဘူး လောကမှာရှိသမျှလူတွေကို တိုက်ခိုက်ပြီး မောင့်အနားနေဖို့ တွေးခဲ့ပေမဲ့ဖယ်ထုတ်ပြန်တယ် အော် နောက်ဆုံးတော့လည်းအသည်းကွဲကျန်ခဲ့တဲ့သူကငါပါပဲမောင်ရယ်.....

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"လေးညို့ရှင် မင်း ငါ့အမေကို ပြောတာ အရမ်း
လွန်တယ်လို့ မထင်ဘူးလား ''

"ဘာ ငါက လွန်တယ် ဟားဟား မြတ်နိုးရာ ငါက မင်းတို့ လုပ်နေတဲ့ အကွက်တွေကို မသိဘူးလို့ မထင်နဲ့နော်
မင်းတို့ ငါ့အဖေ ယူလိုက်ကတည်းက ငွေမက်လို့ ဆိုတာ အသိအသာကြီးပါ ''

"လေးညို့ရှင် မင်း အရမ်း တရားလွန်သွားပြီ မင်း အခု
စော်စော်ကားကား ပြောနေတာ ငါ့အမေနော် မင်းအဖေကို ငါ အခုလို မကောင်းပြောရင် မင်း သည်းခံနိုင်သလား ပြော ''

"အဟက် မင်းကလား မင်းတို့ သားအမိကလား ငါ့အဖေ
စော်ကားမှာ? ငါ့အဖေက မင်းတို့လို သိုက်တူးသမား
မဟုတ်ဘူးကွ ''

"ဘာ မင်း ခွမ်း 👊''

တစ်စတစ်စ ပိုမို ရင့်သီးလာတဲ့ လေးညို့ရှင် စကားတွေကြောင့် မြတ်နိုးရာ သည်းမခံနိုင်တော့ပဲ သူ့လက်သီး သေးသေးလေးက သူ့၏ မျက်နှာတည့်တည့်ဆီသို့ ပစ်ဝင်လာသည်။

"အ့ မင်းကများ ရာရာစစ ငါ့ကို ထိုးတယ် ဟုတ်လား
အား မင်း သေပေတော့ ခွမ်း👊 ''

ဖခင် ဖြစ်သူ ဦးဂုဏ်ရှင် ကိုယ်တိုင်တောင် လက်ဖျားနဲ့
မထိဖူးတဲ့ မျက်နှာကို ကျွန်တော် အရှေ့က ကောင်သေးသေးလေးက ထိုးလိုက်တာကြောင့် စိတ်က လုံးဝ ထိန်းလို့မရပဲ ဆက်တိုက် ဆက်တိုက်ဆိုသလို ထိုးကြိတ်လိုက်မိသည်။ မြတ်နိုးရာ မျက်နှာလေး ဖူးယောင်သွားတော့မှ
လေထဲ ဝဲပျံလက်စ ရှိနေသေးသော လက်သီးကို ချလိုက်၍ သူ့ကော်လံအကျီစကို ဆွဲ၍

"မှတ်ထား လေးညို့ရှင်ကို ဘယ်သူမှ လာထိလို့ မရဘူး
မင်း ဖြစ်နေရင်တောင်မှ ငါ ကျော်သွားပေးမှာ မဟုတ်လို့ ငါ့ကို လာမထိနဲ့ ''

ကော်လံစကို တွန်းပစ်လိုက်တော့ ကောင်သေးသေးလေးက မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားကာ သူ့ကို အံသြသလို မော့ကြည့်ရှာလေသည်။ လေးညို့ရှင် သူ့ကို ကြည့်နေသော ထိုကောင်သေးသေးလေး၏ အကြည့်တွေကို
မမြင်ချင်ယောင်ဆောင်ကာ လှည့်ထွက်သွားတော့သည်။

"လေးညို့ရှင် မင်းက အရမ်းကြောက်ဖို့ ကောင်းတာပဲ ''

မြတ်နိုးရာ သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို လက်ဖြင့် တို့ထိ၍ အေးစက်စွာ ထွက်သွားသည့် သူ့နောက်ကျောကို ကြည့်၍ တိုးတိုးလေး ရေရွတ်မိသည်။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

" သား မြတ်နိုးရာ မျက်နှာက ဘာဖြစ်တာလဲ သား ''

ကြည့်လို့ မကောင်းလောက်အောင် ဒဏ်ရာဒဏ်ချက်တွေနဲ့ ပွထနေသော မြတ်နိုးရာမျက်နှာအား ညနေစာ ထမင်းစားပွဲဝိုင်းတွင် မိခင် ဒေါ်တင်တင်မေ မေးလိုက်တော့
လေးညို့ရှင် မျက်ခွံလေး လှန်ရုံမျှ ကြည့်၍ ထမင်း
အေးဆေး ပြန်စားနေလေသည်။ တစ်ချက် ကံကောင်းတာက ဦးဂုဏ်ရှင် ခရီးထွက်နေလို့ သိပ်ပြီး ဖြေရှင်းချက်
ပေးရမှာ မဟုတ်။

"ဟို သား ကျောင်း အနောက်က ရေအိုင်လေးမှာ ချော်လဲလို့ပါ''

"အော် သားရယ် ၁၀တန်းပဲ ရောက်နေပြီ အခုထိ ချော်လဲတုန်းလား သတိထားမှပေါ့ကွယ် အမေ ခဏနေရင် ဆေးလာပေးမယ် နော် သား ပြီးတော့ ဒုန်း.... ''

လေးညို့ရှင် သူ့အရှေ့က ရေခွက်ကို သောက်ပြီး ကြမ်းတမ်းစွာ ချလိုက်တာကြောင့် ခွက်က မကွဲသွားပေမဲ့ စကားပြောနေသော ဒေါ်တင်တင်မေမှာ အင်မတန်မှ ရိုင်းစိုင်းလှတဲ့ လေးညို့ရှင် လုပ်ရပ်ကြောင့် ဆွံအ မင်သက်သွားရသည်။

"ခင်ဗျားတို့ ရပ်ကွက်မှာတော့ ထမင်းစားရင် ဘယ်လို
စားသလဲ ဆိုတာတော့ မသိပေမဲ့ ကျွန်တော်တို့ လူကုံထံ အသိုင်းအဝိုင်းမှာတော့ ထမင်းစားနေရင် စကား ပြောလို့ မရဘူး ခင်ဗျား ကျွန်တော်တို့ အသိုင်းအဝိုင်းထဲကို
လာချင်တယ် ဆိုရင် ဒီလို အခြေခံ လမ်းစဉ်တွေကိုတော့ သိထားသင့်တယ်မလား ''

"တောက် မင်း လေးညို့ရှင် ငါ့အမေကို ထပ်စော်ကားပြန်ပြီလား ''

မြတ်နိုးရာ အပြောကြောင့် လေးညို့ရှင် နှုတ်ခမ်းလေး မဲ့လိုက်ပြီး သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို စိုက်ကြည့်ကာ

" မင်း မျက်နှာပေါ်က ဒဏ်ရာတွေကိုသာ အရင်
ပျောက်အောင် ကုလိုက်စမ်းပါ အဟက် ''

လှောင်သလို ပြောင်သလို ခနဲ့ကာ ထွက်သွားသော လေးညို့ရှင်ကို ကျွန်တော် မုန်းလိုက်တာဗျာ...

လေးညို့ရှင်ကတော့ ကျွန်တော်တို့သားအမိကို ခနဲ့ကာ
လှောင်ပြောင်ပြောသွားပြီး ထွက်သွားပေမဲ့ အမေကတော့ ကျွန်တော်ကို မယုံသင်္ကာခါ ကြည့်လာလေသည်။
ကျွန်တော်ကို ဒီအိမ်ပိုင်ရှင်ရဲ့ သားက အနိုင်ကျင့်ပါတယ်လို့ ဘယ်လို ဖွင့်ပြောရမှာလဲ။

💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚

ဒေါက် ဒေါက်

ဒီအချိန်ကြီး တံခါး လာခေါက်တာကြောင့် မြတ်နိုးရာ
စာကြည့်နေရာမှ ထရပ်၍ တံခါး ဖွင့်ပေးလိုက်တော့
အပြင်မှာ မိန့်မိန့်ကြီး ရပ်နေသော လေးညို့ရှင်ကို
မြင်လိုက်ရာ အံသြသက်သွားရသည်။

" ဘာလဲ မတ်တပ်ရပ် သေသွားပြီလား ငါ့ကို မမှတ်မိတော့ဘူးလား မြတ်နိုးရာ ''

လေးညို့ရှင်ဆီက စကားသံ ထွက်လာတော့မှ ဆွံအနေသော ကျွန်တော့်မှာ အသိဝင်လာပြီး လှုပ်လှုပ်ရွရွ
ဖြစ်လာရသည်။ လေးညို့ရှင်က ဘယ်တုန်းကမှ
ကျွန်တော့်ဆီ သက်သက် လာဖူးတယ် ဆိုတာ ရှိမှ မရှိခဲ့တာ။ ကျွန်တော် ထူးဆန်းတာ မထူးပါဘူးလေ။

" အော် ဘာ... ဘာကိစ္စလဲ ''

ကျွန်တော် မေးလိုက်ပေမဲ့ လေးညို့ရှင်က ပြန်မဖြေပဲ
အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့ ကျွန်တော့်မှာ သူ့အနောက်က အမြန် လိုက်ရသေးသည်။

" လေးညို့ရှင် မင်း ငါ မေးတာ အရင် ဖြေလေ ဒီအိမ်က
မင်းအိမ် ဆိုပေမဲ့ အခန်းကိုတော့ ဦး ပေးထားလို့ ငါ
အသုံးပြုနေတဲ့ အခန်း အိမ်ရှင် ဆိုပေမဲ့ စည်းလေးတော့ ရှိပေးပါကွာ''

"ကျစ် နားညီးလိုက်တာကွာ ငါ မင်းဆီကို ခဏလေး
အလည်လာတာပါ ဒီလောက်ကြီး ပြောဖို့ လိုလို့လားကွာ ''

လေးညို့ရှင်ကတော့ သဘောရိုး လာတယ် ဆိုပေမဲ့
ကျွန်တော့်မှာ အပူမအေးနိုင်။ သူက ကျွန်တော်တို့ကို
ကြည့်မရတာ မုန်းနေတာ အသိအသာကြီးလေ
ဘာကိစ္စကြောင့် အလည်လာတယ် ဆိုတာ ကျွန်တော်
မတွေးတတ်တော့။ ကျွန်တော်ပဲ သတိထားတာ များနေတာလား။

" မဟုတ်... မဟုတ်ပါဘူး မင်းကရော ဒီအချိန်ထိ
မအိပ်သေးဘူးလား ''

"မအိပ်သေးဘူး မနေ့က သချာၤဆရာမ အိမ်စာ
လုပ်ခိုင်းလိုက်တာ မပြီးသေးလို့ ''

"အော် အာ့ဆို မြန်မြန် သွားလုပ်လေ ငါ
စာကြည့်ရအုံးမှာ ''

"အင်းပါ ''

မြတ်နိုးရာ စာကြည့်စားပွဲလေးက သန့်ရှင်းသန့်ရပ်နေသည်။ စာအုပ်တွေလည်း ဘာသာရပ်အလိုက် စီရီထားသည်။ ကျွန်တော် မြတ်နိုးရာ၏ သချာၤစာအုပ်ကို မျက်လုံးနဲ့ မသိမသာ ရှာလိုက်တော့ သူလည်း အခုမှ လက်စသပ်ပြီးတယ် ထင်ပါရဲ့။ ထိုစာအုပ်လေးက သူတို့အရှေ့မှာ တည့်တည့်ကြီးကို ရှိနေလေသည်။ အခုမှ ကျွန်တော် ရည်ရွယ်ချက် အောင်မြင်တော့မည်။

" အား မြတ်နိုးရာ မင်း အနောက်မှာ ဘာအကောင်ကြီးလဲ''

မြတ်နိုးရာက ရိုးသားလွန်းလို့လား တုံးအလွန်းလို့လားတော့မသိ။ ကျွန်တော် ပြောလိုက်တာနဲ့ ချက်ချင်း
အနောက်သို့ လှည့်ကြည့်၍ ပြူးပြူးကြောင်ကြောင်လေး ဟိုရှာသည်ရှာ ဖြစ်နေရှာသည်။ သူ အနောက်သို့
လှည့်ကြည့်နေတုန်း အရှေ့က ရှိနေသော စာအုပ်ကို
ဆတ်ခနဲ ဆွဲယူ၍ အကီျထဲ ထည့်ကာ ဟန်မပျက်
နေလိုက်သည်။

"ဟင် ဘယ်မှာလဲ လေးညို့ရှင် ဘာအကောင်ကြီးလဲ ''

"ဟင် အော် မရှိတော့ဘူး ခုနကတော့ ဘာအကောင်ကြီးလဲ မသိဘူး ထွက်သွားပြီ ထင်တယ် မရှိတော့ဘူး ဟဲဟဲ ''

ရယ်စရာမရှိ ကြံဖန် ရယ်နေရသော ကျွန်တော်အဖို့
ဘယ်လိုမှ မဆင်ပြေ။ သူကလည်း ကျွန်တော်ကို
ပြူးကြောင်ကြောင်လေး ကြည့်လာရှာသည်။

"အဟမ်း နောက်ကျနေပြီ ငါ ပြန်တော့မယ် ''

"အော် အင်း ''

ကျွန်တော့်အရှေ့ကနေ ခပ်ဆတ်ဆတ် ထွက်သွားသော
လေးညို့ရှင်ကို ထူးဆန်းနေသလို ခံစားရသည်။ ကျွန်တော်အရှေ့မှာ တစ်ခါမှ မရယ်မပြုံးဖူးတဲ့ လေးညို့ရှင်က
ဒီတခါ ထူးထူးဆန်းဆန်း ရယ်နေလေရဲ့။ ဒါနဲ့ စကားမစပ် သူ ရယ်တာ အရမ်း ချောတာပဲ....

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

"ကဲ သားတို့ သမီးတို့ ဆရာမ မနေ့က လုပ်ခိုင်းထားတဲ့
အိမ်စာတွေ ပြီးကြပြီးလား ''

"ပြီးပါပြီ ဆရာမ ''

သချာၤဆရာမ ဒေါ်ခင်ဆွေဆိုသည့် ဆရာမက ကြမ်းတဲ့ ဆရာမထဲ ပါသည်။ သူမ သင်တဲ့ အချိန်ဆို ကျောင်းသူကျောင်းသားများ အားလုံး ထိတ်ထိတ်မလုပ်ရဲကြ။ မနေ့က
ပြီးသွားပြီ ဖြစ်တဲ့ သချာၤအိမ်စာကို ဆရာမအား ထပ်ရန်
မြတ်နိုးရာ လွယ်အိတ်ထဲ ရှာလိုက်တော့ မရှိတော့ချေ။

ကျွန်တော် မနေ့ည၁၀နာရီလောက်က မှတ်မှတ်ရရ
အိမ်စာပြီးလို့ စားပွဲပေါ် တင်ထားပါသည်။ အခု မရှိတော့ သချာၤဆရာမ အပြစ်ပေးတာ ကြမ်းလွန်းလို့ ဒူးတွေပါ
မခိုင်ချင်တော့။ ကျွန်တော် စာအုပ်ကို ဘယ်မှာများ မှားထားခဲ့ရတာပါလိမ့်။ အခြား ကျောင်းသူကျောင်းသားတွေက ထ၍ ဆရာမ စားပွဲပေါ် သွားထားနေလေသည်။

"ကဲ အားလုံး စာအုပ် ထပ်ပြီးကြပြီလား ''

"ဟုတ်ကဲ့ပါ ဆရာမ ''

"ဒါဆို မထပ်ရသေးတဲ့ သူရှိရင် ကိုယ့်အသိနဲ့ ကိုယ်
ထရပ်ကြ ဆရာမ ဘယ်လို အပြစ်ပေးသလဲ ဆိုတာ
သိကြတယ်နော်''

သချာၤဆရာမ ကြမ်းလွန်းလို့ အခန်းထဲက ဆိုးတဲ့ ကျောင်းသားတွေတောင် သူမအချိန်ဆို အိမ်စာတွေ လိုက်လုပ်ကြသည်။ ကျွန်တော် အခု ဘယ်လိုလုပ်ရမလဲ စိတ်ရှုပ်လွန်းလို့ ခေါင်းကို လက်ဖြင့် ကုတ်ကာ အရှေ့၌ ထိုင်နေသော
လေးညို့ရှင်အား အားကိုးတကြီး ကြည့်လိုက်တော့ သူက လှည့်ကြည့်၍ လှောင်ရီသလို ပြုံးပြကာ သူ့လက်ထဲက
ကျွန်တော့်စာအုပ်လေးကို မြင်လိုက်တော့မှ ညက
လေးညို့ရှင် ကျွန်တော့်အခန်းထဲကို အကြောင်းမရှိ
အကြောင်းရှာ၍ လာသော ရည်ရွယ်ချက်ကို အခုမှ
သိရတော့သည်။

"ဘယ်သူ စာအုပ် မထပ်သေးတာ ကျန်သေးလဲ''

"ကျွန်... ကျွန်တော်ပါ ''

တစ်တန်းလုံး တိတ်ဆိတ်နေချိန်တွင် ကျွန်တော် တစ်ယောက်တည်း မတ်တပ်ရပ်လိုက်တော့ တစ်တန်းလုံးတွင်
ရှိနေသော ကျောင်းသူကျောင်းသားများရဲ့ အကြည့်က
ကျွန်တော့်ဆီကို တည့်တည့် ရောက်လာကြသည်။
ရှက်လိုက်တာဗျာ ထိုအထဲတွင် လေးညို့ရှင်က အဆိုးဆုံး။ သူ ဒုက္ခပေးလို့ ကျွန်တော် ဒုက္ခရောက်ရတာ အခုလောက်ဆို ပျော်နေလောက်ရော့ပေါ့။

" မင်းက ကျောင်းသားသစ် မဟုတ်ဘူးလား ''

"ဟုတ်ပါတယ် ''

"ကျောင်းသားသစ်ဆိုရင် အားလုံးထက် ပိုကြိုးစားမှ
ဖြစ်မှာပေါ့ အခု ငါ ပေးတဲ့ အိမ်စာလည်း မလုပ်ဘူး ငါက ပျင်းတဲ့ ကျောင်းသူကျောင်းသားတွေဆို မကြိုက်ဘူး ''

"ဟုတ် ကျွန်တော် ကြိုးစားပါ့မယ် ''

"ကောင်းပြီ ဒါပေမယ့် အခုတော့ မင်းအပြစ်ကို မင်း
သိတယ်မလား ဒါဆို အရှေ့ကို ထွက်လာခဲ့''

ဆရာမက အားလုံးရဲ့ အရှေ့ကို ခေါ်ထုတ်လိုက်တာကြောင့် ကျွန်တော် အရှေ့သို့ ထွက်သွားကာ စတိတ်ခုံပေါ်
ရပ်နေလိုက်သည်။ ဆရာမက အနီးရှိ ကြိမ်လုံးကို ကိုင်၍

" ပုဆိုးကို မြှောက်ထား ''

ဆရာမရဲ့ တစ်ချက်လွတ် အမိန့်စကားသံကြောင့် လူက
တစ်ကိုယ်လုံး တုန်တက်သွားရသည်။ ခြေသလုံးပေါ်အောင်အထိ ပုဆိုးစကို မ.တင်လိုက်တော့ ရွှမ်းခနဲ အသံမြည်ချက်နဲ့အတူ အရိုးထဲထိ စိမ့်ဝင်သွားသော နာကျင်မှုကို
ခံစားလိုက်ရသည်။ တစ်ခါမှ လူအရှေ့မှာ အခုလို
အရှက်မကွဲဖူးတဲ့ ကျွန်တော်အဖို့ ဤလုပ်ရပ်က အရမ်းကို အကျည်းတန်စေလှသည်။ ၃ချက်၄ချက် မနားတမ်း
ကျလာတဲ့ ရိုက်ချက်တွေကို နှုတ်ခမ်းလေး ဖဲ့ကိုက်၍
အံကြိတ်ထားရုံမှတစ်ပါး ကျွန်တော်မှာ ရွေးချယ်စရာ မရှိ။ စတိတ်ခုံပေါ်ကနေ လေးညို့ရှင်ကို လှမ်းကြည့်လေတော့ သူက ကျွန်တော်ကို သနားသဖွယ် ကြည့်နေပြီး
ကျွန်တော်နဲ့ အကြည့်ချင်း ဆုံလိုက်တော့ ခုနက ကြည့်နေတဲ့ သနားတဲ့မျက်လုံးတွေ မဟုတ်တော့ပဲ ကျေနပ်အားရတဲ့ အလှောင်အပြောင်အကြည့်တွေနဲ့ ပြန်ကြည့်လာ
သည်။ အော် အပြောင်းအလဲ မြန်လှချည်လား လေးညို့ရှင်ရယ်.....

💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜

"မင်း ဒါ တမင်လုပ်တာမလား လေးညို့ရှင် ''

"ဟားဟား မင်းက တုံးတာကို ခံပေါ့ ''

"ဒီမှာ လေးညို့ရှင် ငါက တုံးတာ မဟုတ်ဘူး မင်းကိုက
ကလိမ်ကကျစ်ကျတာ မင်းသာ ငါ့စာအုပ်ကို ဝှက်မထားဘူး ဆိုရင် ငါလည်း အခုလို အရိုက်ခံရမှာ မဟုတ်ဘူး ''

ကျောင်းဆင်းချိန်မို့ ခြေသလုံးမှာ ကျွန်တော့်ကြောင့်
ဒဏ်ရာရထားသော မြတ်နိုးရာကို တစ်ယောက်တည်း
ခြေကျင် မသွားခိုင်းရက်တာကြောင့် ထော့နဲထော့နဲ
ဖြစ်နေသော သူ့အနား သွား၍ကားပေါ် တက်ရန်
ပြောတော့ အခုလို ရန်စွာနေလေသည်။

"အဟက် မင်းလည်း စဉ်းစားလေ ငါက မင်း အခန်းထဲကို ပျင်းလို့ အလည်လာတယ်များ ထင်လို့လား ''

"မင်းကို ငါ့စိတ်နဲ့ နှိုင်းပြီး သဘောထားမိတာ ငါ မှားတာပဲ ဟုတ်တာပေါ့ မင်းလို လူမျိုးက မင်းကြောင့် လူတစ်ယောက် ဒုက္ခရောက်နေတာတောင် အပြုံးမပျက် မိန့်မိန့်ကြီး
အခန့်သား ကြည့်နေမဲ့ လူမျိုးလေ''

"ဟေ့ ဟေ့ မင်း အာ့ဒါတော့ တော်တော်ကြီး များသွားပြီ
မင်းကို စာနာလို့ ငါ့ကားမှာ လိုက်စီးလို့ အခု ခေါ်နေပြီလေ ''

"မလိုက်ဘူး ငါ ဆိုတဲ့ လူကလည်း တစ်ခါဆိုရင်
တစ်သက်လုံး အမှတ်ရနေမဲ့ လူစားမျိုးကွ မင်း ကားထဲမှာ ဘာလုပ်ထားမှန်း မသိလို့ မလိုက်တော့ဘူး အလကား
နောက်ထပ် ဘာဒုက္ခတွေ လာအုံးမယ် မသိဘူး ဟွန့် ''

ကျွန်တော်ကို ပက်ပက်စက်စက် ပြော၍ ခြေတောက်လေး ထော့နဲထော့နဲဖြင့် လှုပ်တုတ်လှုပ်တုတ် ထွက်သွားသော ထိုကောင်သေးသေးလေးကို အနောက်ကနေ ဆွဲကိုင်ခါရမ်းပစ်လိုက်ချင်တော့သည်။ ခြေတောက်မှာ ဒဏ်ရာနဲ့မို့ လူက လမ်းကောင်းကောင်းတောင် လျှောက်နိုင်မှာ
မဟုတ်။ စေတနာနဲ့ ခေါ်တင်တာတောင် လူကို ရစရာ
မရှိအောင် ပြောသွားသည့် သူ့ကို ဒေါသထွက်ရသည်။
စေတနာနဲ့ မတန်တဲ့ မင်းကို ဘယ်တော့မှ စေတနာ
မထားတော့ဘူး မြတ်နိုးရာ....

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

ဆက်ရန်

ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။

အားလုံးကျေးဇူးတင်ပါတယ်ရှင်

👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑

Continue Reading

You'll Also Like

1.1M 87K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
412K 27.4K 83
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
364K 36.3K 112
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
866K 9.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...