A Nameless Poem
By shookymay
12.8K 1.5K 571
Unicode ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဥ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရှိပါ့မလား။ ဒါမဲ့ မပြည့်စုံတဲ့ ကျ... More
part-1
part-2
part-3
part - 4
part - 6
part - 7
part - 8
part - 9
part - 10
part - 11
part - 12
part - 13
part - 14
part - 15
part - 16
part - 17
part - 18
part - 19
part - 20
part - 21
🚨 Not Update 🚨
part - 5
435 68 87
By shookymay
- unicode -
နေသာတဲ့မနက်ခင်းတစ်ခုမှာ ကျေးငှက်သာတကာတို့ရဲ့ တကျီကျီအော်မြည်နေသံတွေအပြင် ပတ်ဝန်းကျင်တစ်ခုလုံးက လည်း သစ်ပင်ပန်းမန်တွေနဲ့စိမ်းစိုနေသည်။
သစ်ပင်ပေါ်က စိမ်းရင့်ရင့် သစ်ရွက်လေးတွေကြား ကနေ ထိုးဖောက်ကာ နောက်ပြောက်အချို့ကလည်း သူထိုင်နေတဲ့ ဝှီးချဲပေါ်၌ ဟိုတစ်ပြောက် ဒီတစ်ပြောက်။
ထိုနောက် အရပ်ရှည်ရှည်နဲ့ အမျိုးသားတစ်ယောက် ကဘေးကနေပေါ်ထွက်လာပီး ဝှီးချဲပေါ်တင်ထားတဲ့လက်ကို ခပ်ဖွဖွ စုပ်ကိုင်လာသည်။
ထူးဆန်းသည်က ထိုလူ ထိုကဲ့သို့ လက်ကိုလာရောက်ကိုင်တွယ်တာကို မစိမ်းသက်နေသလို ကိုကိုယ်တိုင်ကလည်းအလိုက်အထောက် ပြန်လည် ဆုပ်ကိုင်ပေးလိုက်သည်တဲ့။
ထို့နောက် ထိုလူ သူ့ရဲ့အရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်ကာထိုင်လိုက်သည်။ ထိူလူရဲ့မျက်နှာသွင်ပြင်ကိုမမြင်ရ။ထိုလူရဲ့နောက်က နေရောင်ထိုးနေသည့်ကြောင့် အမြင်တွေကခပ်ဝါးဝါး။ဘယ်သူမှန်း သေချာမသိ။
ထိုလူရဲ့လက်ဖဝါးကြီးကြီးတွေနဲ့ သူ့ရဲ့ပါးကို အုပ်ကိုင်လာကာ လက်မလေးနဲ့ ပါးပြင်ကို ပွတ်သတ်ပေးနေသည်။
ထိုကဲ့သို့ အထိအတွေ့တွေက မစိမ်းသက်နေတဲ့အပြင် ကိုနဲ့ ရင်းနှီး​တဲ့ပတ်သတ်မှုမျိုးရှိပုံရတဲ့ ထိုသူစိမ်းအမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်မည်နည်း။
ဘာအကြောင်းကြောင့်များ နေရောင်ကထိုကဲ့သို့ မျက်စိစူးအောင်ထိုးနေခဲ့ရသလဲဆိုကာ မကျေမနပ်ဖြစ်မိပြန်သည်။
ထိုလူကဘယ်သူများလဲ ဟုတွေးနေရင်း မျက်လုံးအဖွင့်
" ဘုရား ! "
ယွန်းဂီတစ်ယောက် စာဖတ်ခန်းမှာထိုင်ကာ ညကအိမ်မက်အကြောင်းပြန်စဥ်းစားနေရင်း ရုတ်တရတ်မျက်လုံးဖွင့်ဖွင့်ခြင်း ဂျွန်းဂျောင်ကုရဲ့ မျက်နှာကြီး ပေါ်လာတာမို့ လန့်ဖြန့်ကာ ဘုရား တ လိုက်ခြင်းပင်။
"ဂျောင်ကုရယ် လန့်သွားတာပဲ ''
"ဟုတ်လား ဟီး တောင်းပန်ပါတယ် သခင်လေး။ကျွန်တော်က သခင်လေးအိပ်နေတာလား ဘာလားဆိုတာသေချာအောင် အနားတိုးကြည့်နေတာ''
ဂျောင်ကုက ယုန်သွားလေးနှစ်ချောင်းပေါ်ကာ ပြုံးရယ်ကာဆိုလာသည်။
"ဒါများ အော်ခေါ်လိုက်တာမဟုတ်ဘူး ကုကီးရာ''
ယွန်းဂီမှာ အငယ်ဆုံးလေးဖြစ်တဲ့ ဂျောင်ကုကိုတစ်ခါတစ်ရံ ကုကီးဟုချစ်စနိုးလေးခေါ်တတ်ပေသည်။
"ကျွန်တော်အော်ခေါ်သေးတယ် သခင်လေးကအဲ့အတိုင်းကြီးမျက်စိကြီးမှတ်နေပီး ဘာမှမတုံ့ပြန်တော့ အိပ်နေတယ်ထင်သွားတာ။''
"အောဟော လာပြန်ပီ ဒီသခင်လေး။သခင်လေးလို့ ခေါ်စရာမလိုဘူး အကိုလို့ပဲ ရင်းရင်းနှီးနှီးခေါ်လို့ပြောထားရဲ့သားနဲ့ ''
သခင်လေးဆိုတဲ့အခေါ်အဝေါ်က ယွန်းဂီအတွက် အနေရခက်စေသည်။မိသားစုလို ခင်တွယ်ရတဲ့သူတွေကိုတော့ ထိုကဲ့သို့မခေါ်စေချင်။
ဦးလေးအီကိုလည်း ပြောပေမဲ့လည်း ငယ်စဥ်ကတည်းက မိဘအိမ်က ဂုဏ်ပကာသနကိုရှေ့တန်းတင်သည့် အဖေ့ကြောင့် ဦးလေးအီက နှုတ်ကျိုးနေခဲ့ချင်းဖြစ်သည်။
"ဒါမဲ့ သခင်လေးလို့ခေါ်နေကြဆိုတော့ အကျင့်...''
ယွန်းဂီမျက်မှောင်ကျုံကာ မကျေနပ်သလိုလေး စ ကာ ကြည့်ပေးလိုက်တော့မှ
"ဟုတ်ပါပီ။ အကို လို့ပဲခေါ်ပါ့မယ် အကိုယွန်းဂီ ခင်ဗျ''
ဂျောင်ကုကီးက သတိဆွဲကာ အလေးပြုသလိုလိုနဲ့ ရုတ်တည်ကြီးနဲ့နောက်နေကာ ပြောနေသောကြောင့် ယွန်းဂီတစ်ယောက် အဟားဟား အော်ရယ်လေသည်။
တကယ် ဂျောင်ကုရယ် ထယ်ယောင်းရယ် ဂျီမင်းရယ်ကြောင့် သူ့မှာ ရုပ်တည်တည်နေလို့ရတယ်ကိုမရှိ။
တစ်ခါတစ်လေ အိမ်ကို သုံးယောက်သားစုံးပီးရောက်ချလာရင်တော့ သူတို့ရန်ပတ်ဖြစ်နေတာနဲ့တင် ကို့မှာ အူတွေပါနာ။
ကိုယ်ကိုတိုင်ကအရင်ကသာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပေမဲ့ သူတို့လေးတွေကြောင့် တစ်ခြားလူတစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုပင်။
ဒါကလည်း ကိုကိုယ်တိုင် ခုမှရှာတွေ့ခဲ့တဲ့ ကိုယ့်ရဲ့ပုံစံအသစ်ပဲဖြစ်မည်လား။
"ဒီ ညီအကိုနှစ်ယောက် ဘာတွေဒီလောက်တောင်ရယ်နေတာတုန်း''
အခန်းအပြင်ကနေတောင် ရယ်သံတွေကြားနေလို့ထင်ပါရဲ့ ဦးလေးအီက အခန်းထဲသို့ဝင်လာကာမေးလေသည်။ဂျောင်ကုကီးဆိုသည်မှာလည်း ဦးလေးအီကိုမြင်မှတစ်ခုခုသတိရသွားသလို သွားဖြီးကာဆိုလာသည်က
"အာ!  အကို့ ကိုမနက်စာစားဖို့ခေါ်ခိုင်းလိုက်တာကို ပြောဖို့မေ့နေတာ ဟီး ''
သွားနှစ်ချောင်ပေါ်ကာ ရယ်ပြနေတဲ့ဒီကလေး လူပျိုပေါက်ကြောင့် မင်ယွန်းဂီတစ်ယောက်မနိုင်တော့ပေ။တကယ်ပါ မနေ့က အိမ်ကို အလှည့်ကျလာအိပ်ကာ အိမ်ပြန်ရင်အလုပ်လုပ်ရမှာဆိုး၍ ယွန်းဂီရဲ့အိမ်မှာ မနက်ကတည်းကသောင်တင်နေခြင်းပင်။
"သွားခေါ်တဲ့လူရော အခေါ်ခံရတဲ့လူကောကရောက်မလာတော့ ဒီဦးလေးကိုယ်တိုင်ပဲလာခေါ်ရတော့တာပေါ့''
"လာပါပီ ဦးလေး။ဂျောင်ကုလည်းတစ်ခါတည်း စားသွားလေ။''
"ကျွန်တော်က စားပီးပီ။အကို ပဲကျန်တော့တာ''
ဂျောင်ကုကီးက အနောက်မှလာ၍ ဝှီးချဲကို ဖြေးညှင်းစွာ ဖြင့် ထမင်းစားခန်းသို့ တွန်းပေးသည်။ ဖြတ်သွားရင်း အခန်းထောင့်မှ စန္ဒရားပေါ်မှ အစိမ်းရောင် ပုဝါအသေးလေးကြောင့် ထယ်ယောင်းကျန်ခဲ့တာပဲ ဖြစ်လိမ့်မည်။ထယ်ယောင်းက အမြဲတမ်း လက်ကိုင်ပုဝါတစ်ခုမဟုတ်တစ်ခုတော့ အိပ်ကပ်ထဲထည့်ထားနေကျပင်။
ထယ်ယောင်းဆိုလို့ ဒီကောင်လေးကိုအခုတလော သိပ်မတွေ့ဖြစ်ပင်။ အရင်ရက်တွေက လာအိပ်တုန်းကဆိုရင် စိတ်နဲ့လူနဲ့မကပ်သလို တမှိုင်မှိုင်တတွေတွေနဲ့ရယ်။ အများရှေ့မှာသာ ဘာမှမဖြစ်သလို ပျုံးပျုံးရွှင်ရွှင်နေနေတာ တစ်ယောက်ထဲရှိနေချိန်ဆို တစ်ခြားတစ်ယောက်လိုပြောင်းသွားကာ တစ်ခုခုကိုစိုးရိမ်ပူပန်နေသလို။
ဘာဖြစ်နေမှန်းလဲမသိတော့ ကူညီလို့လည်းမရ။ဒီကောင်လေးအဆင်မှပြေရဲ့လား။ထယ်ယောင်းက ပျုံးပျုံးရွှင်ရွှင်လေးနဲ့ တက်တက်ကြွကြွရှိနေတဲ့ပုံလေးနဲ့ပဲ လိုက်ဖက်တာရယ်။
"အကိုယွန်းဂီရေ.....ဂျောင်ကုရေ...''
အိမ်ပေါက်ဝကနေ အသံလေး စူးစူးနဲ့ ဝင်လာတဲ့ ဂျီမင်းရယ်ပါ။ဂျီမင်းကတော့ အရင်ကတည်းက ကျွန်တော့် အကိုရယ်လို့ခေါ်တာမို့ အထူးအဆန်းတော့မဟုတ်ချေ။ပီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း အဲ့လို့ပဲ ခေါ်ခိုင်းထားတာလည်းပါသည်လေ။
"ဂျီမင်းနီး ရောက်လာတာပဲ။ပြောပါဦး ဘာကိစ္စများအထူးတလည်ရှိလို့ အိမ်ရှေ့ပေါက်ဝကတည်းခေါ်လာတာတုန်း ဂျီမင်းရဲ့ ''
ကျွန်တော့်လေသံအဆုံးမှာ အပစ်တင်သလို့ ဂျီမင်းကိုစနေတဲ့သူက ဂျောင်ကုရယ်ပင်။
"အင်းလေ။ အမြဲတမ်းအဲ့အတိုင်းပဲ။လူကမရောက်သေးအသံကအရင်။ပြောဘာကိစ္စလဲ''
"ဂျွန်းဂျောင်ကု မင်းနဲ့ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး။ငါ အကို့ဆီကိုလာတာ မင်းဘေးဘယ်နေ။''
တကယ်ပါ ကုကီးကလဲ ဂျီမင်းကိုအမြဲတမ်း စ သည်။ဟိုကလည်းပြန်ပြောနဲ့ အမြဲတမ်း ရန်ဖြစ်နေကြ သူတို့ကိုသူတို့ ကလေးတွေများထင်နေလားမသိ ကို့အသက်အရွယ်တွေတောင်ကိုမေ့နေကြတယ်ထင်ရဲ့။ပီးရင်လည်းပြန်မတည့်တာမဟုတ်ဘူး ဂျီမင်းနီးလေးကို သူကိုယ်တိုင်ပဲ ပြန်ချော့ပီး တပူးပူးတစ်တွဲတွဲ။ထယ်ယောင်းနဲ့တောင်ဒီနှစ်ယောက်က အဲ့လောက် တပူးပူးတတွဲတွဲမဖြစ်ဘူး။
ထယ်ယောင်းဆိုလို့ ခုလည်းဂျီမင်းလာတာ ထယ်ယောင်းတစ်ယောက်မပါလာပေ။အရင်တုန်းကဆို အိမ်မှာချောင်းပေါက်မတက်တွေ့တတ်ရတဲ့ ကောင်လေးက ခုတစ်လော သိပ်မတွေ့ရတော့ မြင်ကွင်းထဲတစ်ခုခုလိုနေသလို။
သံယောဇဥ်တွယ်သွားတော့အခက်သား။ခုတော့ သံယောဇဥ်ကြိုးလေးတစ်ကြိုးဖြစ်တဲ့ ထိုကောင်လေးကို စိုးရိမ်နေရပီလေ။ဒီကောင်လေးအကြောင်း နောက်မှမေးကြည့်ဦးမှ။
"ပြောပါဦး...ဂျီမင်း။ဘာကိစ္စများရှိလို့လဲ''
"ဒီမှာ အန်တီပေးခိုင်းလိုက်တဲ့ စပစ်ယို''
ဂျီမင်းလက်မှာကိုင်လာတဲ့ ပုလင်းလေးကို ရှေ့ထုတ်ကာပေးရင်းနဲ့ကျွန်တော့်အမေးကိုဖြေလာသည်။
"ပီးတောင် ဂျောင်ကု... အန်တီကမင်းကိုပါတစ်ခါတည်းခေါ်ခိုင်းလိုက်တယ်''
"ဟာ မပြန်​ချင်သေးပါဘူးဆို။အကိုယွန်းဂီအိမ်မှာနေလို့မဝသေးဘူး။''
ဂျောင်ကုမျက်နှာလေးညှိုးငယ်စွာနဲ့ဆိုလာသည်။အိမ်ပြန်ရောက်ရင် အန်တီဂျွန်း ခိုင်းတာတွေလုပ်ရတော့မည်ဖြစ်သောကြောင့် မျက်စိပျက် မျက်နှာပျက်ဖြစ်နေသည်မှာ ရယ်ချင်စရာပင်။
"လာစမ်းပါကွာ။အလုပ်ပီးရင် ရွာထိပ်သွားမယ်လေ။အဲ့မှာဆေးရုံအသစ်လာတည်မယ်ကြားတယ် ရွာရဲ့ပထမဦးဆုံးဆေးရုံဆိုတော့သွားစုံစမ်းမလို့ လိုက်ခဲ့ကွာ။ အကိုရော အဲ့ကိစ္စသိပီးပီလား။''
ဂျောင်ကုကိုပြောနေရင်း ကျွန်တော့ကိုကြည့်ကာမေးလာတာကြောင့် ခေါင်းခါကာဖြေမိသည်။တကယ်လည်း တစ်စွန်းတစ်စမှ မကြားသိမိပါ။
"ဒီလို အကိုရ။အရင်က ရွာထိပ်က တော်တော်ကြီးတဲ့တိုက်ကြီးရှိတယ်လေ။သူ့ပိုင်ရှင်ဖြစ်တဲ့ ဦးလေးက ဆုံးသွားသော ဆက်ခံဖို့ဆွေမျိုးကလဲမရှိတော့ အဲ့အိမ်နဲ့ခြံကိုအစိုးရကပိုင်သွားတယ်ပေါ့ဗျာ။''
"အင်း''
ကျွန်တော် ဂျီမင်းကို ဆက်ပြောရန်အနေဖြင့် စကားထောက်ပေးလိုက်ကာဆက်နားထောင်နေလိုက်သည်။
"အဲ့တာနဲ့ အခု အစိုးရက ဆေးရုံအသစ်ကိုအဲ့ဒီမှာတည်မလို့တဲ့။ကျွန်တော်လည်းပထမက အံ့သြသွားတာ။မြို့တွေမှာမတည်ပဲ ဘာလို့ဒီလိုရွာလေးမှာလာတည်ရတာလဲပေါ့။ဒါမဲ့လည်း အဲ့လိုလာတည်တဲ့အတွက် ကျွန်တော်တို့ရွာက လူတွေအတွက်တော့ တစ်ခုခုဖြစ်ရင် မြို့တက်စရာမလိုတော့တဲ့အတွက် ကောင်းတယ်လေ။''
ဂျီမင်းပြောတာလည်း မှန်သည်။များသောအားဖြင့် ဆေးရုံတွေကို မြို့တွေမှာပဲတည်ဆောက်တတ်ကြတာလေ။ဒီလိုလာတည်တော့လည်း ရွာကလူတွေနဲ့ ရွာနီးစပ်ကလူတွေအဖို့လည်းအဆင်ပြေမှာပဲမို့တစ်ခုကောင်းသည်။
"ကျွန်တော်ကြားတာကတော့ မြို့စားမင်း အရာရှိ မင်ဂျုံးယောင်း က ဒီရွာမှာလာဆောက်ဖို့ အကြံပေးခဲ့တာဆိုပဲ။ကျွန်တော်လည်းသေချာတော့မသိပါဘူး။''
ဂျီမင်းကတော့ စကားအရှည်ကြီးပြောရလို့မောသွားသည်ထင်ရဲ့ ရေတစ်ကြိုက်သောက်ကာ ဂျောင်ကုနဲ့ စကားများရင်း ကျွန်တော်နဲ့ ဦးလေးအီကိုနှုတ်ဆက်ရင်းထွက်သွားလေသည်။
ဂျီမင်းစကားက ကျွန်တော့်အတွေးတွေကိုပိုပီးယောက်ယက်ခတ်စေသည်။ကျွန်တော် နည်းတူ ထမင်းစားပွဲဘေးမှာရပ်နေတဲ့ ဦးလေးအီလည်း ထိုအတိုင်းပင် ကျွန်တော့်ကို လှမ်းကြည့်နေကာ ဦးလေးလည်းတစ်ခုခုကိုစဥ်းစားရခက်နေသလို။
မြို့စားမင်း မင်ဂျုံးယောင်း ဆိုတဲ့အမည်နာမက ကျွန်တော့်ကို ခုထိ လှုတ်ခတ်နိုင်တုန်းပင်။ အဘယ်ကြောင့် ဖခင်က သူတို့နေနေတဲ့ရွာလေးကို အကျိုးအမြတ်သိပ်မရှိမှာမဟုတ်မှန်းသိရက်နဲ့ ဆေးရုံဆောက်ဖို့တိုက်တွန်းရသနည်း။
အဖေက အမြဲတမ်းအကျိုးအမြတ်ပဲ ကြည့်တဲ့သူ​ဖြစ်တာကြောင့် သူအခုလိုစဥ်းစားရခက်ခြင်းပင်။ အမြဲတမ်းလည်း သူများထက်ဦးကာ ခြေလှမ်းလှမ်းထားတတ်သူမို့ ခုလို မြို့စားမင်းရာထူးအထိရောက်နေခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်များ အဖေက ဒီရွာလေးကိုရွေးချယ်ခဲ့ရသနည်း။ကျန်ရှိနေတဲ့ မျှော်လင့်ချက်လေးက ဘာရယ်မဟုတ် ဒီမှာဆေးရုံလာဖွင့်ရတာ ကျွန်တော်ရှိလို့များလားဆိုပီး တွေးမိသေးသည်။
တကယ်အမှတ်မရှိတဲ့ ကျွန်တော်ရယ်ပါ။သို့ပေမဲ့လည်း ကျွန်တော်ယုံကြည်ချင်မိသည် တစ်နေ့တော့ အဖေ ကျွန်တော့်ကိုသူ့သားတစ်ယောက်အဖြစ်မြင်လာမှာပါ။
အတိတ်မှာ ဖခင်တစ်ယောက်မပီသခဲ့တောင် ကျွန်တော်က အဆင်ပြေတာမို့  တစ်ခါလောက်လေးပဲ ပွေ့ဖက်ပေးဖို့မျှော်လင့်မိပါသည်။
ဒီမျှော်လင့်ချက်လေးကိုတော့ ပြည့်ဝဖို့အတွက် ညတိုင်းနီးပါးဆုတောင်းနေမိတာတော့ ကာယကံရှင်ကိုယ်တိုင်ကလွဲ၍ မည်သူမှသိမည်မဟုတ်ပေ။
မပြည့်စုံတဲ့ အပိုင်းအစလေးနဲ့ ဒီလူသားကို ပြည့်စုံသွားအောင်ဖြည့်ပေးနိုင်မည့် နောက်အပိုင်းအစလေးကိုအား ဘုရားသခင်ကသနားသောအားဖြင့်ဖန်ဆင်းပေးပါစေ။
_________________________________________
ပတ်ဝန်းကျင်က လေပြင်းတိုက်ခတ်သံတွေကြောင့် သစ်ပင်ရဲ့အကိုင်းအခတ်များက အိမ်ရဲ့ နံရံနဲ့ခြစ်ကာ ''တဂျီးဂျီး'' ထွက်ပေါ်နေသည်။
လမိုက်ညဖြစ်တာကြောင့်မို့ ပြတင်းပေါက်ကနေ ကြယ်အချို့ရဲ့အလင်းရောင်သာ ခပ်ပြပြထိုးဝင်နေသည်။
မြင်နေရတဲ့မြက်နှာကျက်အဖြူကလည်း ညအမှောင်ကြောင့် သေချာမမြင်ရပေ။ မျက်လုံးအစုံကသာမျက်နှာကျက်ကိုအကြည့်ပို့ထားပေမဲ့ အတွေးတွေကတော့ ဟိုရောက်ဒီရောက်နဲ့ပင်။
ဘာလို့များ အိပ်ပျော်ဖို့ခက်ခဲနေရသနည်း။အိပ်ယာအပြောင်းအလဲကြောင့်များလားဟုဖြည့်တွေးပေမဲ့ သခင်လေးအိမ်မှာအရင်ကအိပ်တုန်းကလည်းအဆင်ပြေနေတာမို့ ထိုအတွေးကကြောင်တောင်တောင်ရယ်ပင်။
အမှန်တော့ ဟိုတနေ့ကသူမနဲ့ မတွေ့လိုက်ရဖြစ်ပီး ပြန်လာတည်းက အတွေးပေါင်းစုံက ဝင်လာကာ ကြံဖန် တွေးပူနေခြင်းပင်။
ရှေ့ဆက် လျှောက်လှမ်းမဲ့ ခရီးမှာ သူမနဲ့အတူဆက်မလျှောက်နိုင်မှာ စိုးရိမ်နေမိသည်။
အတွေးတွေများရင်း ထယ်ယောင်းအိပ်ယာထဲ၌ ဟိုလှိမ့်လိုက်ဒီလှိမ့်လိုက်ပင်။နောက်ဆုံး ဆက်အိပ်မရတဲ့အဆုံး ရေထွက်သောက်ရန်ထွက်လာခဲ့သည်။
သခင်လေးအခန်းက ကျွန်တော့်အခန်းဘေးမှာရှိပီး ဦးလေးအီကတော့အပေါ်ထပ်ကအခန်းမှာအိပ်သည်လေ။ ကျွန်တော်လည်းသခင်လေးအခန်းကိုကျော်လာကာ ထမင်းစားခန်းထဲ၌ရေလိုက်ရှာကာ အခုလောလောဆယ်ပူနေတဲ့ရင်ထဲကအပူမီးကို အနည်းငယ်သက်သာလို့သက်သာငြား ငြှိမ်းသက်ရဦးမည်လေ။
ထမင်းစားခန်းထဲရေသောက်နေတုန်း ရုတ်တရတ် 'ဘုတ်'ခနဲမြည်သံနဲ့ ခပ်တိုးတိုး 'အား' ခနဲအော်သံက ရှေ့ဆင့်နောက်ဆင့်ပေါ်ထွက်လာသောကြောင့် လန့်သွားမိသည်။
ထိုနောက်အသံလာရာက သခင်လေးအခန်းဖြစ်တာကြောင့် သခင်လေးများ တစ်ခုခုဖြစ်တာလာဆိုပီးအပြေးအလွှားလာကာတံခါးဖွင့်ပီးဝင်မိတော့ ကုတင်ဘေးမှာ သခင်လေးကလက်နဲ့ထောက်ကာ မြေပြင်ပေါ်မှာ ပုံလျှက်သားလေး။
ထို့နောက် အပြင်ဘက်ကနေပြေးသွားသည့်ခြေသံများကိုကြားရ​တာကြောင့် လူကစိုးထိတ်သွားရသည်။
သခင်လေးကအရေးကြီးဆုံးမို့ သခင်လေးဘေးနားသို့အမြန်သွားကာ ခန္တာကိုယ်လေးအနည်းငယ်အမှီသဟဲပြုနိုင်ရန်ကူညီပီး ခြေထောက်အောက်များသို့ လက်တိုးလျှိုလိုက်ကာ ပွေ့ချီပီး ကုတင်ပေါ်သို့ အသာတင်ပေးလိုက်ပီး နံရံကိုမှီစေလိုက်သည်။ဘေးနားက ဝှီးချဲကနေရာရွှေ့နေပုံထောက်ရင် သခင်လေးထရန်ကြိုးစားရင်းလဲတာဖြစ်မည်။
"သခင်လေးအဆင်ပြေရဲ့လား။ထိခိုက်မိသွားသေးလား။''
သခင်လေးပုံစံက အနည်းငယ် စိုးထိတ်ကာ ခုမှ စိတ်အေးအောင်မနည်းကြိုးစားနေတာမို့ ဘေးမှတင်ထားတဲ့ရေကယားထဲက​နေ ရေခွက်ထဲသို့အနည်းငယ်ငှဲ့ပီး ပေးလိုက်ကာ သောက်စေလိုက်သည်။
"ထယ်ယောင်း....ကြားလိုက်တယ်မလား။ခုနကပြေးသွားတဲ့ခြေသံတွေ။''
အသံခပ်သြရှရှသံလေးက အဖျားခပ်ပီးတုန်ယင်နေသလို။မေးတာနဲ့ဖြေတာတစ်ခြားဖြစ်နေပုံကိုကြည့်ရရင် ခုထိ စိတ်နဲ့လူနဲ့ကပ်သေးပုံမပေါ်။
"ဘယ်လိုဖြစ်တာလဲသခင်လေး''
ပုခုံးလေးကိုကိုင်ကာ စိတ်အေးသွားစေရန် ခပ်ဖြေးဖြေးမေးမိတော့ သခင်လေးက
"ခုနက ကောင်းကောင်းအိပ်မပျော်လို့ ပြတင်းပေါက်ကိုကြည့်နေရင်း လူရိပ်တွေ့လိုက်တာကြောင့် လန့်ပီး ဦးလေးနဲ့မင်းကိုအသိပေးဖို့ ဝှီးချဲပေါ်တက်ရင်းဖြစ်သွားတာ ထယ်ယောင်း။''
"နောက်တစ်ခါ တစ်ခုခုဖြစ်ရင် အရင်လှမ်းအော်လိုက်ပါ သခင်လေးရယ်။ခုလိုကိုယ်တိုင်ထတော့ သခင်လေးထိခိုက်မိတာပေါ့။အကယ်၍ ကျွန်တော်လည်းမနိုးနေဘူးဆိုရင် အခုလိုအခြေအနေဆိုဘယ်လို​လုပ်မလဲ။''
တကယ် ကျွန်တော်သာမရှိရင် ခုလိုအခြေအနေမျိုးဆို သခင်လေးအတွက် ဘယ်လောင်တောင်ခက်ခဲလိုက်မလဲ။ဦလေးအီကလည်း ညနေကတည်းကနေမကောင်းတာကြောင့် ဆေးသောက်ကာ ဆေးအရှိန်ကြောင့်အစောကြီးအိပ်ကာ နိုးမည်မဟုတ်ပေ။
"ငါအမှားတွေပဲ လုပ်မိပြန်ပီလားဟင်။''
စိတ်အေးအောင် ချော့ပြောနေရင်းကနေ ခုလည်း ကိုယ့်ကိုကိုယ် အမှားလုပ်မိတယ်ထင်ပီး စိတ်အားငယ်နေပြန်သေးသည်။
သခင်လေးနဲ့ရင်းနှီးပီးကတည်းက သခင်လေးကအဲ့လိုအမြဲတမ်းနီးပါး စိတ်အားငယ်တတ်သောသူမှန်းသိခဲ့တာပင်။သူကိုယ်သူ မပြည့်စုံသလိုခံစားရပီး ကို့ကိုယ်ကိုအားငယ်နေတာလည်းပါမည်ထင်သည်။
ငိုက်ကျသွားတဲ့မျက်နှာ​လေးကြောင့် ထယ်ယောင်း ကုတင်ဘေးမှာဒူးတစ်ဖက်ထောက်ထိုင်နေရာကနေ ကုတင်ပေါ်သို့ တင်ပလွှဲပြောင်းထိုင်လိုက်ပီး လက်နှစ်ဖက်ဖြင့် ပုခုံးလေးကိုကိုင်ဆွဲကာ မျက်နှာလေးမော့ကြည့်လာအောင်လုပ်လိုက်သည်။
"သခင်လေး ကျွန်တော်ကိုကြည့်။ကျွန်တော်ပြောတာအဲ့သဘောမျိုးမဟုတ်ဘူး။သခင်လေးထိခိုက်သွားမှာစိုးရိမ်လို့ပြောတာမို့ လျှောက်တွေးမနေနဲ့ သခင်လေးရဲ့''
ကျွန်တော်ရဲ့ ပင်ကိုယ် လေးထောင့်အပြုံးလေးနဲ့ ပြောမိတော့ သခင်လေးကပါ ပြန်လည်ပြုံးလာသည်။တကယ်ပါ ကျွန်တော် သခင်လေးကိုစတွေ့ကတည်းက ပြုံးနေတာလေးပဲမြင်ချင်ခဲ့သည်လေ။
"ငါတို့မနက်ဖြန် နမ်ဂျွန်းကိုအကြောင်းကြားရအောင် ထယ်ယောင်း။''
သခင်လေးက သက်ပြင်းတစ်ချက်ချလိုက်ကာဆိုလာသည်။
ဘာကြောင့်များ ဒီအိမ်ကိုအဲ့လိုလူကပ်ရသလဲဆိုတာ ကျွန်တော်လည်းစဥ်းစားမတတ်ပေ။ဒါနဲ့ဆိုနှစ်ခါမြောက်ရှိပီမို့ ပေါ့နေလို့မရတော့။
"အင်း..သခင်လေး။ကျွန်တော်မနက်ဖြန်စီစဥ်လိုက်မယ်။''
"သခင်လေးအဆင်ပြေရဲ့လား ကျွန်တော် သခင်လေးအိပ်ပျော်တဲ့ထိစောင့်ပေးဖို့လိုသေးလား။''
"မလိုတော့ပါဘူးကွာ..။ခုနကအတွက်လည်းကျေးဇူးတင်ပါတယ် ​ထယ်ယောင်း။''
သခင်လေးက ကျွန်တော့်လက်ကို လက်ဖဝါးနဲ့အုပ်ကိုင်လာကာ ကျေးဇူးတင်စကားဆိုလာသည်။
"ရပါတယ် ။ကျေးဇူးတင်စကားဆိုဖို့မလိုပါဘူး သခင်လေးရယ်။''
သခင်လေးကခပ်အေးအေးပြုံးနေသည်။ပီးတော့မှ တစ်ခုကိုသတိရသွားဟန်နဲ့
"ထယ်ယောင်း...။မင်းအခုတစ်လောအဆင်ပြေရဲ့လား။''
ကျွန်တော့်ပုံစံက အရမ်းများသိသာသွားသလား။သခင်လေးကတောင် မေးလာနေပုံထောက်ရင် ဒီတစ်လော ကျွန်တော့အခြေအနေကအရမ်းများ ဆိုးရွားသွားသည်ထင်ပါရဲ့။
သခင်လေးဘေးနားက နေရာလွတ်မှာဝင်လှဲလိုက်ကာ မျက်နှာကျက်ကိုမျက်နှာမူထားလိုက်ပီး သပ်ပြင်းခပ်ဖွဖွချမိလိုက်သည်။ သခင်လေးကတော့ ကျွန်တော့်လှုပ်ရှားမှုအတိုင်းလိုက်ကြည့်နေလေရဲ့။
" အရုပ်လိုချင်တဲ့ ကလေးတစ်ယောက်က သူလိုချင်တဲ့အရုပ်လေးကိုမရရင် ဘာဖြစ်မလဲ သခင်လေး''
ယွန်းဂီကပါ ထယ်ယောင်းအတိုင်းမျက်နှာကျက်ကိုကြည့်နေရင်း
"ငိုမှာပေါ့။''
"သေချာတယ် အဲ့ကလေးငိုမှာ။ဒါပေမဲ့ အဲ့ကလေးကြီးလာရင်တော့ လောကမှာ သူ မပိုင်ဆိုင်နိုင်တဲ့အရာတွေအများကြီးရှိပါလားဆိုတာ ပိုသိလာလိမ့်မည်။ အဲ့အချိန်ကျရင်လည်း သူ့ငယ်စဥ်ကလေးဘဝကလိုငိုနိုင်တယ်။ကလေးဆိုတာ လိုချင်တုန်းတစ်ခနငိုပေမဲ့ တစ်ခြားပျော်စရာတွေ့ရင် မေ့ပျောက်သွားတတ်ရောလေ။အဲ့လိုပဲ အချိန်နဲ့အမျှ တစ်ခြားပျော်စရာတွေနဲ့ထပ်တွေ့ဦးမှာဖြစ်သလို အဲ့အရုပ်လေးလိုပဲသူလိုချင်တဲ့အရာကိုလည်းမေ့ပျောက်သွားမှာပါ။''
"ဘဝဆိုတာအဲ့လိုပဲလေ။ ကလေးအရွယ် လိုချင်တက်မက်မှုနဲ့ လူကြီးတစ်ယောက်ရဲ့ ပိုင်ဆိုင်လိုစိတ် က ဘာမှကွာခြားသွားတာမဟုတ်ဘူး။ ဒါမဲ့.... မြတ်နိုးတွယ်တာခြင်းကတော့ ကွာတယ်။မပိုင်ဆိုင်ရရင်တောင် မှ ကျေနပ်နေနိုင်တယ်လေ''
​ထယ်ယောင်း ယွန်းဂီရဲ့စကားကြောင့် အနည်းငယ် သူ့ပူပင်မှုတွေကသက်သွားသည်လေ။
ခုနကထိကြောင်နေစဲဖစ်တဲ့ မျက်လုံးများက မှေးစင်းလာသယောင်။
"ကျေးဇူးတင်ပါတယ် သခင်လေး။''
ကျွန်တော့်ရဲ့အိပ်ချက်လာတဲ့စိတ်က သခင်လေးရဲ့ လက်တွေက ဆံပင်များကိုပွတ်သတ်ပေးကာချော့သိတ်နေသလိုဖြစ်နေတာကြောင့်များလားမသိခဲ့ မျက်လုံးအစုံက မှေးစက်လာသည်။
"ဒီညတော့ ဒီမှာပဲအိပ်လိုက်တော့ပေါ့''
ယွန်းဂီ အနည်းငယ် ကွေးကွေးလေးနေနေတဲ့ ထယ်ယောင်းကိုယ်ကို သူ့ပေါ်မှ စောင်နဲ့လှမ်းခြုံပေးလိုက်သည်။
"ကောင်းသောညပါ ထယ်ယောင်း''
"ကောင်းသောညပါ အကို''
အိပ်ချင်မူးတူးနဲ့ထယ်ယောင်းရဲ့ 'အကို'ဟု ပြောင်းခေါ်သံကြောင့် မအိပ်ခင်ပြုံးလိုက်မိသေးသည်။
ထို့နောက် ယွန်းဂီလည်း မျက်လုံးများမှေးစက်လိုက်တော့သည်။
အသက်ရှုသံပုံမှန်လေးတွေနဲ့အိပ်ပျော်သွားသော ကောင်လေးနှစ်ယောက်ကတော့ အိမ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားပေတော့သည်။
ပြင်ပလေထုက လေပြေအေးလေးပြောင်းလဲကာ ဖြေးညှင်းစွာတိုက်ခတ်နေသည်မှာ ခုနက ခက်ထန်နေတာ သူမဟုတ်သည့်အတိုင်းပင်။
အိပ်ပျော်ဖို့ခက်ခဲတဲ့ ကောင်လေးနှစ်ယောက်ကလည်း ခုချိန်မှာ ဆောင်းခိုနေတဲ့ ဝက်ဝံလေးတွေပမာ အိပ်မောကျနေပီဖြစ်သည်။
ထိုကောင်လေးနှစ်ယောက်ကြားက သံယောဇဥ်ကြိုးလေးဟာလည်း ပိုပီး ခိုင်မြဲစပြု​လာတော့မည်ထင်ပါရဲ့။
_________________________________________
Thank
- zawgi -
" ဘုရား ! "
"ကျွန်တော်က စားပီးပီ။အကို ပဲကျန်တော့တာ''
"အင်း''
_________________________________________