part-2

700 85 33
                                    

- Unicode -

သာယာလှတဲ့ ရာသီဥတုကြောင့် စာဖတ်ချင်စိတ်ပေါ်လာ​သဖြင့် ဦးလေးအီကိုပြောကာ အိမ်ကြီး၏မြောက်ဘက်ရှိ မက်မွန်ပင်ကြီးအောက်သို့ စာဖတ်ရန်လိုက်ပို့စေခဲ့သည်။
ခြံထဲမှာအေးဆေးစာဖတ်ချင်တယ်ပြောထားတာမို့ ဦးလေးကတော့ အိမ်ထဲ တွင်လုပ်စရာရှိသောအလုပ်များ​လုပ်နေလေသည်။

တစ်ခါတစ်လေ အိမ်ထဲတွင်ပဲနေရသည်မှာ မွန်းကျပ်လွန်းလှ၍ အပြင်လေးတော့ထွက်ချင်မိသည်လေ။သို့ပေမဲ့ ကို့အခြေအနေကိုယ်အသိဆုံးဖြစ်တာမို့ ဦးလေးအီကိုလည်းဒုက္ခမပေးချင်။သူလဲအသက်အရွယ်အားဖြင့်ကြီးလှပီ။ဒါတောင်သူ့သားလောက်အရွယ်ကျွန်တော့်ကို ပြုစုစောင့်ရှောက်နေရသည်မှာ အားနာလွန်းလှသည်။ဦးလေးအီကိုလည်းနားစေချင်သည်။သို့သော်လည်း ကျွန်တော်တစ်ယောက်ထဲ နေထိုင်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။တွေးလက်စအတွေးတွေဖြတ်ကာ အပြင်ထွက်လာရတဲ့အကြောင်းအရင်းဖြစ်တဲ့စာဖတ်ခြင်းကိုပင် အာရုံစိုက်ထားလိုက်သည်။

အေးအေး​လူလူတစ်ယောက်ထဲ စာဖတ်နေရင်းမှ စာအုပ်ထဲတွင်ပါသည့်အကြောင်းအရာသည် မေတ္တာတရားအကြောင်းအား အမျိုးမျိုး ပုံဖော်ထားသောစာအုပ်ပင်ဖြစ်သည်။လူတစ်ယောက်ကတစ်ယောက်အပေါ်ချစ်ခင်တာကိုပင် ပုံစံအမျိုးမျိုးနဲ့ဖွဲ့နွဲ့ထားသည်ပင်။တစ်ခါတစ်လေ ပူလောင်ရပီး တစ်ခါတစ်လေ အေးချမ်းမှုကိုပေးတယ်တဲ့။ဖြစ်နိုင်ပါသည်အချစ်ဆိုတာ တစ်ခါတစ်လေပူလောင်ရသလိုတစ်ခါ​တလေ လည်းအေးချမ်းတဲ့အရိပ်အမြုံလေးပင်။

ချစ်ခြင်းမေတ္တာအကြောင်းပြောရရင် အမြဲတမ်းကျွန်တော့်ကပဲချစ်ပီး ကျွန်တော့်ကိုထားသွားခဲ့ကြတာလေ။ ဖေဖေဆိုရင်လည်း ကျွန်တော်ချစ်သလို ကျွန်တော့်ဘက်ကိုလှည့်ကြည့်ဖူးရဲ့လား။မေမေဆိုရင်လည်း ကျွန်တော့ကိုချစ်လှပါပီဆိုပီး ကျွန်တော့်ကို ဒီလူ့လောကကြီးကနေ တစ်ယောက်ထဲထားခဲ့တာပဲလေ။ပူလောင်လွန်းသည်။ကျွန်တော်ကတော့ ပူလောင်ခြင်းမရှိတဲ့အေးချမ်းခြင်းတွေနဲ့ပြည့်နေတဲ့ မေတ္တာတရားကိုပဲ ပေးချင်မိသည်။သက်ပျင်းဖွဖွချကာ စာအုပ်ပိတ်လိုက်တယ်။

A Nameless PoemWhere stories live. Discover now